← Chapters

ကိုယ်ပိုင်တာအိုရတနာ

Vol. 28 Ch. 410

ကိုယ်ပိုင်တာအိုရတနာ

Vol. 28 Ch. 410

ချီမင်နှင့်ကောင်းကင်ပညာရှိဓားအရှင်က တစ်ယောက်ကိုတစ်ယောက်ကြည့်နေသည်။ ချီမင်၏ထွက်ပေါ်လာသောအရှိန်အဝါက စကြဝဠာကြီးတစ်ခုအလား နက်နဲလှကာ ကြယ်တာရာကောင်းကင်ကြီးအလား နက်ရှိုင်းလှသည်။ ၎င်းက အဆုံးမဲ့မြင့်တက်လာသည်။

တစ်ချိန်တည်းမှာ ကောင်းကင်ပညာရှိဓားအရှင်၏အရှိန်အဝါက ဖြတ်တောက်၍မရနိုင်သောဓားတစ်လက်အလား ထက်မြိလှသည်။ ၎င်းကဓားတာအို၏အကန့်အသတ်ထိရောက်နေခဲ့သည်။ ဖန်ဓားသွားက နေ၊လနှင့်ကြယ်တို့ကိုဖြတ်တောက်သွားကာ ထွက်ပေါ်လာသည့်ဓားအလင်းက အထွတ်အထိပ်ဓားချီအဖြစ်ပြောင်းလဲသွားသည်။

ကောင်းကင်ပညာရှိဓားအရှင်၏အငွေ့အသက်က အင်မတန်ထက်မြလွန်းသည်။

အတော်လေးလွှမ်းမိုးနိုင်စွမ်းပြင်းထန်လှသည်။

မမြင်နိုင်သည့်အရှိန်အဝါများက ထိပ်တိုက်တွေ့သွားခဲ့ပြီး လှိုင်းဂယက်များပျံ့နှံ့သွားသောကြောင့် ပတ်ဝန်းကျင်တွင် နေရာလွတ်က ရေဂယက်လေးများသဖွယ်တုန်ခါပျံ့နှံ့သွားစေသည်။

"ဒါက..."

“အရမ်းအားကောင်းတယ်။”

"တစ်ဖက်က အရှင်ကောင်းကင်ဧကရာဇ်နဲ့ထိပ်တိုက်ရင်ဆိုင်ချင်နေတာပဲ။"

"တစ်ဖက်က ဘယ်သူလဲဟ။ သူ့ရဲ့နောက်ခံကဘာများလဲ။"

ပတ်ဝန်းကျင်တွင် အင်မော်တယ်သားရဲများက မအံ့ဩဘဲမနေနိုင်ပေ။

“ဟားဟား..."

ချီမင်က ကောင်းကင်ပညာရှိဓားအရှင်၏စကားကိုကြားတော့ သူက ကျယ်လောင်စွာ ရယ်မောလိုက်သည်။သူ၏အကြည့်က အနည်းငယ်အေးစက်သွားသည်။"ခင်ဗျားကများ ကျုပ်ရဲ့တာအိုသစ်သီးကိုဖြတ်တောက်ချင်တာလား။ ရယ်ချင်အောင် ပြောနေတယ်။"

"ကောင်းကင်ဉာဏ်အလင်းအင်မော်တယ်ဧကရာဇ် မင်းက လွန်ခဲ့တဲ့နှစ်တစ်သန်းလောက်က ခေတ်ကာလကပ်ဘေးဒုက္ခကို ကဖြတ်ကျော်ခဲ့ပြီး တာအိုသက်သေပြခြင်းသစ်သီးကိုရခဲ့တာပဲ။ မင်း အရှင်နယ်ပယ်ကိုမတက်ခင် တာအိုသက်သေပြခြင်းသစ်သီးကို နှစ်တစ်သန်းကျော်ကြာ အချိန်ပေးစုပ်ယူရင်း မင်းရဲ့တာအိုသစ်သီးကိုသိပ်သည်းရင်း ဥပဒေသကောင်းကင်အရှင်တစ်ပါး ဖြစ်လာတာ။"

ကောင်းကင်ပညာရှိဓားအရှင်က မထူးမခြားနားဆိုသည်။"ငါက တာအိုသစ်သီးကို လွန်ခဲ့တဲ့ခေတ်ကာလဆယ်ခေတ်တည်းက သိပ်သည်းပြီး ဥပဒေသကောင်းကင်အရှင်တစ်ပါး ဖြစ်လာတာ။"

"ခေတ်ကာလဆယ်ခေတ်လုံး ငါပထမအထက်ကမ္ဘာမှာလှည့်လည်သွားလာနေခဲ့ပြီး ဖရိုဖရဲထဲမှာတိုက်ခိုက်ခဲ့တယ်။အထက်ကမ္ဘာကောင်းကင်တာအိုကိုနားလည်ခဲ့တယ်။ အခု ငါတာအိုသစ်သီးအဆင့်နှစ်ရောက်နေပြီ။အဆင့်သုံးကိုတက်တော့မယ်။ ငါ ဥပဒေသကောင်းကင်အရှင်ဒုတိယအဆင့်ရဲ့အကန့်အသတ်ကိုရောက်နေပြီ။"

"မင်းကတော့ အခုမှဥပဒေသကောင်းကင်အရှင်ပထမအဆင့်ပဲရှိသေးတယ်။"

"ငါမင်းရဲ့တာအိုသစ်သီးကို အမှိုက်တစ်စလိုဖျက်ဆီးပစ်လို့ရတယ်။"

ဓားသံတစ်ချက်ထွက်ပေါ်လာပြီး ကောင်းကင်ပညာရှိဓားအရှင်က သူ၏ပါးစပ်ကိုဖွင့်ကာ သွေးအန်ထုတ်လိုက်သည်။ သူ၏ပါးစပ်ထဲမှရွှေရောင်ဓားတစ်လက်ထွက်လာပြီး ရွှေနဂါးခေါင်းဓားတစ်လက်အဖြစ်ပြောင်းသွားတော့သည်။

၎င်းက ကောင်းကင်ပညာရှိဓားအရှင်သန့်စင်ထားသောကိုယ်ပိုင်တာအိုရတနာဖြစ်သည်။

ကောင်းကင်ပညာရှိဓားအရှင်က ချီမင်၏နာမည်ရင်းကိုပြောလိုက်သည်။"ချီမင် မင်းအတွက်အချိန်သိပ်မကျန်တော့ဘူး။ မင်းကိုယ်တိုင်ရွေးချယ်။ မင်း ဒီကနေထွက်သွားပြီး ဆက်ရှင်သန်မလား ဒါမှမဟုတ် ကျန်နေပြီး သေသွားချင်လား။"

"မင်းကိုယ်တိုင်ရွေးချယ်လိုက်။"

မြင်ကွင်းက ငြိမ်သက်သွားခဲ့သည်။

ကောင်းကင်ပညာရှိဓားအရှင်၏အသံမှာ ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်လာခဲ့ပြီး လူတိုင်း၏နားထဲသို့ ဝင်လာခဲ့သောကြောင့် ကောင်းကင်ဉာဏ်အလင်းဧကရာဇ်မင်းဆက်မှ လူသူအပေါင်းတို့ကို စိတ်ရှုပ်သွားစေခဲ့သည်။

"အရမ်းမောက်မာတာပဲ။"

"မင်းကများ ကောင်းကင်ဧကရာဇ်ကို မလေးမစားလုပ်ရဲတယ်ပေါ့။"

"မင်းက သေချင်နေတာပဲ။"

ကောင်းကင်ဉာဏ်အလင်းဧကရာဇ်မင်းဆက်၏နန်းတော်ထဲဝယ်ရှိသော အထက်ကမ္ဘာအင်မော်တယ်ဘုရင်များသည် အလောတကြီးပြေးထွက်လာခဲ့သည်။ သူတို့က ရွှေချပ်ကာဝတ်နတ်ဘုရားများ၊ကောင်းကင်ဗိုလ်ချုပ်များဖြင့် ကောင်းကင်နန်းတော်စစ်တပ်ကိုဖွဲ့စည်းထားသည်။

"နင်းစုန်မြစ်ဝါကောင်းကင်တက်လှမ်းခြင်းအစီအရင်။"

ကောင်းကင်နန်းတော်စစ်တပ်က ဗုဒ္ဓကမ္ဘာ၊ဖုန်းယုနှင့်ကျန်သောသူများ၏ဦးဆောင်မှုအောက်တွင် ကောင်းကင်နှင့်မြေကြီးအစီအရင်အားဖွဲ့စည်းလိုက်သောကြောင့် ကောင်းကင်ပညာရှိဓားအရှင်ကို ဖုံးအုပ်သွားတော့၏။

"ဒါက..."

"နင်းစုန်မြစ်ဝါကောင်းကင်တက်လှမ်းခြင်းအစီအရင်။"

“ကောင်းတယ်၊”

“…”

အင်မော်တယ်များက အော်လိုက်သည်။

ကောင်းကင်ပညာရှိဓားအရှင်ကတည်ငြိမ်နေသည်။သူ၏အသံသည် အနည်းငယ်အံ့ဩသွားသည်။ "ဒီအစီအရင်က မဆိုးဘူး။ မိုးမြေတာအိုစာလုံးတွေပါနေတယ်။တကယ့်ကိုအားကောင်းတယ်။"

"စိတ်မကောင်းစရာက ဒီအစီအရင်က ငါ့အပေါ်မသက်ရောက်ဘူး။"

နင်းစုန်မြစ်ဝါကောင်းကင်တက်လှမ်းခြင်းအစီအရင်က ထွက်ပေါ်လာခဲ့သည်။ များပြားသည့်ဝါနက်ရောင်ချီတို့မှာ တဟုန်ထိုးထွက်လာခဲ့ပြီး ဝါနက်ရောင်စစ်မှန်နဂါးကိုးကောင်အဖြစ် ပြောင်းလဲသွားသည်။ ထိုအကောင်များက သူတို့ရဲ့အတောင်များကိုဖြန့်လျက် လက်သည်းများကိုထုတ်ကာ ဟိန်းဟောက်လိုက်သည်။

အစီအရင်က အပြည့်အဝအသက်ဝင်လာခဲ့သည်။

တစ်ချိန်တည်းမှာ အစီအရင်ထဲတွင် လေးအေးတစ်သုတ်တိုက်ခိုက်လာခဲ့သည်။ အနက်ရောင်မြူခိုးများ ပျံ့နှံ့လာကာ နေနှင့်လတောင်ပြောင်းပြန်လှန်သွားခဲ့သည်။ မှောင်မိုက်သွားခဲ့သည်မှာ သဲလွန်စတောင် မပြခဲ့ပေ။ ကြောက်မက်ဖွယ်အရှိန်အဝါမှာ ကောင်းကင်ထိတိုင်မြင့်တက်လာခဲ့ပြီး မိုးမြေ၌ အမှောင်ဖုံး သွားခဲ့သည်။ တစ်စုံတစ်ယောက်၏ဝိညာဉ်ကိုပင် ပျက်သုဉ်းသွားစေနိုင်သည်။ နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံခဲ့သည်ဖြစ်စေ အသုံးမဝင်တော့ပေ။ ဝိညာဉ်နှင့်သက်စောင့်စွမ်းအင် တို့ကိုဆုံးရှုံးသွားစေ နိုင်သည်။ကပ်ဘေးမှလွတ်မြောက်ဖို့အင်မတန်ခက်ခဲသည်။

အစီအရင်ထဲသို့ ဘယ်သူပဲဝင်လာဝင်လာ ခေါင်းထိပ်မှပန်းသုံးပွင့်မှာ ဖြတ်တောက်ခံရပြီး ရင်ညွှန့်မှချီငါးပါးမှာ ဖျက်ဆီးခံရမည်ဖြစ်သည်။ အင်မော်တယ်နတ်ဘုရားများ၏အုတ်မြစ်သည် ဖျက်ဆီးခံလိုက်ရသည်။ ချက်ချင်းပဲ သူက စွမ်းအားကြီး၍မြင့်မြတ်သော အင်မော်တယ်နတ်ဘုရားမှ သေမျိုးလူသားအဖြစ်လျော့ချခံလိုက်ရသည်။

"တိုက်ခိုက်မယ်"

ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓနှင့်ဖုန်းယုတို့က အော်လိုက်သည်။ နင်းစုန်မြစ်ဝါကောင်းကင်တက်လှမ်းခြင်းအစီအရင်က အကန့်အသတ်ထိလည်ပတ်လာသည်။ စွမ်အင်အားလုံးပေါင်းစပ်သွားခဲ့ပြီး လက်သည်းကိုးခုအနက်ရောင်နဂါးအဖြစ်ပြောင်းလဲသွားကာ ကောင်းကင်ပညာရှိဓားအရှင်ကိုခုန်အုပ်လိုက်သည်။

"ကောင်းကင်ပညာရှိဓားတာအိုပထမအကွက်"

ကောင်းကင်ပညာရှိဓားအရှင်က ဒုတိယအဆင့် ဥပဒေသကောင်းကင်အရှင်ဖြစ်သည်။ သူ၏တာအိုသစ်သီးသည်ဒုတိယအဆင့်ဖြစ်ပြီး ကိုယ်ပိုင်တာအိုနည်းစနစ်ကိုကျင့်ကြံခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ သူ၏ညာလက်က ဓားရိုကိုကိုင်လျက် ခုတ်ချလိုက်သည်။

ဓားချက်ထွက်ပေါ်လာသည်နှင့် မဖော်ပြနိုင်လောက်သည့် ရွှေရောင်ဓားချီသည် ကောင်းကင်မှသက်ဆင်းလာခဲ့သည်။ကောင်းကင်နှင့်မြေပြင်ကိုခွဲခြမ်းတော့မည့်အလားအချိန်နှင့်နေရာလွတ်မှာ ပျက်စီးတော့မည့်အလားပင်။

ထိုရိုက်ချက်က အတော်လေးစွမ်းအားကြီးသည်။

ဘန်း။

လက်သည်းကိုးခုဝါနက်ရောင်စစ်မှန်နဂါးက ထိုဓားချက်ကြောင့်ဖျက်ဆီးခံလိုက်ရတော့သည်။ ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓနှင့်ဖုန်းယုတို့ဖွဲ့စည်းထားသည့် နင်းစုန်မြစ်ဝါကောင်းကင်တက်လှမ်းခြင်း အစီအရင်ကတောင် ထိုကောင်းကင်ပညာရှိဓားအရှင်၏ဓားချက်ကို မခုခံနိုင်ပေ။

အသံကျယ်ကြီးထွက်လာသည်။

လက်သည်းကိုးခုဝါနက်ရောင်စစ်မှန်နဂါးက ဖျက်ဆီးခံလိုက်ရတော့သည်။ နင်းစုန်မြစ်ဝါကောင်းကင်တက်လှမ်းခြင်းအစီအရင်မှာ ပျက်စီးသွားတော့သည်။

ကြောက်မက်ဖွယ်ရာအော်သံများထွက်လာသည်။

ကောင်းကင်နန်းတော်၏စစ်သည်တို့မှာ သွေးအန်ထွက်သွားခဲ့ပြီး လွင့်ထွက်သွားတော့သည်။ သူတို့အများစုက ဒဏ်ရာ ရရှိသွားခဲ့ပြီး ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓနှင့်ဖုန်းယုမှာ အပြင်းအထန်ဒဏ်ရာရသွားတော့သည်။

"ဒါ....ဒါက.."

"တစ်ချက်တည်းပဲ။ တကယ့်ကို တစ်ချက်တည်းပဲ။"

"နင်းစုန်မြစ်ဝါကောင်းကင်တက်လှမ်းခြင်းအစီအရင်က တစ်ဖက်ရဲ့ဓားချက်ကို မခံနိုင်ဘူး။"

"ဟူး..."

"အရမ်း အားကောင်းတယ်။"

"ဥပဒေသကောင်းကင်အရှင်တစ်ပါးရဲ့စွမ်းအားလား။ ကြိတ်ချေချလိုက်တဲ့အတိုင်းပဲ။"

"အရှင်ကောင်းကင်ဧကရာဇ်ကခုနလေးတင်မှ တာအိုသစ်သီးရပြီး ကောင်းကင်အရှင်နယ်ပယ်ဝင်ရောက်လာတာ။"

"အရှင်ကောင်းကင်ဧကရာဇ်က ဥပဒေသကောင်းကင်အရှင်ပထမအဆင့်ပဲ။တစ်ဖက်ကတော့ ဒုတိယအဆင့်ဥပဒေသကောင်းကင်အရှင်ဟ။ အရှင်မင်းကြီးထက် တစ်ဆင့်ပိုမြင့်တယ်။"

"အရှင်မင်းကြီးနိုင်ပါ့မလား။"

“…”

ကောင်းကင်ဉာဏ်အလင်းဧကရာဇ်မင်းဆက်၏အင်မော်တယ်အရာရှိများက ချက်ချင်းပဲ ဆွေးနွေးကြတော့သည်။ သူတို့၏မျက်နှာများက ကြောက်လန့်မှုများဖြင့်ပြည့်နှက်နေသည်။သူတို့က ပို၍ထိတ်လန့်တုန်လှုပ်လာသည်။ အကြောက်တရားက ပျံ့နှံ့လာသည်။

ကောင်းကင်ပညာရှိဓားအရှင်က တိုက်ခိုက်လိုက်သည်။ သူက ဓားကိုခုတ်ချကာ နင်းစုန်မြစ်ဝါကောင်းကင်တက်လှမ်းခြင်းအစီအရင်အား တိုက်ခိုက်လိုက်သည်။ သူက ကြောက်မက်ဖွယ်အင်အားကိုထုတ်ပြလိုက်တော့ အင်မော်တယများအားထိတ်လန့်သွားစေသည်။

ခေတ်ကာလကပ်ဘေးဒုက္ခတွင် ချင်ဖေးယွမ်တို့က များစွာသော တိုက်ပွဲအတွင်းတွင် နင်းစုန်မြစ်ဝါကောင်းကင်တက်လှမ်းခြင်းအစီအရင်ကို အကြိမ်ပေါင်းများစွာ တပ်ဆင်ကာ တိုက်ခိုက်စေခဲ့သည်။ သူတို့က အခြေအနေကိုပြောင်းပြန်လှန်နိုင်ခဲ့သောကြောင့် ကျော်ကြားလာခဲ့သည်။ အထက်ကမ္ဘာအင်မော်တယ်ဘုရင်များက နင်းစုန်မြစ်ဝါကောင်းကင်တက်လှမ်းခြင်းအစီအရင်မည်မျှ စွမ်းအားကြီးသည်ကို သိကြသည်။

သို့ပေမဲ့ အခုကျတော့...

ထိုစွမ်းအားကြီးလှပါသောနင်းစုန်မြစ်ဝါကောင်းကင်တက်လှမ်းခြင်းအစီအရင်သည် ကောင်းကင်ပညာရှိဓားအရှင်၏ဓားတစ်ချက်ကြောင့် ကျိုးပျက်သွားတော့သည်။ ထိုသူ၏အင်အားက အတော်လေးကြောက်မက်ဖွယ်ကောင်းသောကြောင့် အားလုံး၏မျှော်လင့်ချက်ထက် ကျော်လွန်သွားခဲ့သည်။

ကောင်းကင်ပညာရှိဓားအရှင်က ထီမထင်ဟန်ဖြင့်ပြောကာ မထူးမခြားနားဆိုသည်။"ဒါက မင်းတို့ရဲ့နည်းစနစ်လား။ ဒီလောက်ပဲဆိုရင်တော့ ငါအရမ်းစိတ်ပျက်သွားပြီ။"

"စိုးရိမ်စရာမလိုပါဘူး။" ချီမင်က ပြန်ဖြေသည်။"ကျုပ်ကတော့ ဘယ်လိုများစိတ်ပျက်အောင်လုပ်ရက် ပါ့မလဲ။"

သူက တိုက်ခိုက်လိုက်သည်။ သူ၏ညာဘက်လက်ကိုဝေ့ယမ်းလိုက်တော့ ကိုယ်ပိုင်အင်မော်တယ်ရတနာသုံးလက်က ချီမင်၏ခန္ဓာကိုယ်ထဲမှထွက်လာခဲ့သည်။ ဖရိုဖရဲမဟာတာအိုဓားကြာပွင့်၊ဖရိုဖရဲကမ္ဘာဖျက်ဓားနှင့် ဖရိုဖရဲပုကျုံးတောင်တို့ဖြစ်ကြသည်။

ချီမင်က ဥပဒေသကောင်းကင်အရှင်သို့တက်ထားရုံသာဖြစ်ပြီး သူ၏ကိုယ်ပိုင်အင်မော်တယ်ရတနာများ ကို မသန့်စင်ခဲ့ရသေးပေ။ ထို့ကြောင့် ကိုယ်ပိုင်အင်မော်တယ်ရတနာသုံးလက်က အထက်ကမ္ဘာအင်မော်တယ်ဘုရင်အဆင့် သို့ ချိုးဖြတ်ထားရုံသာဖြစ်သည်။

သူက အဆင့်ချိုးဖြတ်သွားတော့ ကိုယ်ပိုင်အင်မော်တယ်ရတနာသုံးလက်သည်လည်း တာအိုစွမ်းအားနှင့်ကမ္ဘာဦးတာအိုသစ်သီးကို စုပ်ယူခဲ့သည်။ ၎င်းတို့က ကိုယ်ပိုင်အင်မော်တယ်တာအိုရတနများအဖြစ် မပြောင်းလဲသေးသော်ငြား စွမ်းအားက များစွာတိုးတက်ခဲ့ရသည်။

ချီမင်သည် မဟာတာအိုကိုကျင့်ကြံသည်။ ကိုယ်ပိုင်အင်မော်တယ်ရတနာများက ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စွမ်းအားကိုစုပ်ယူထားခဲ့သည်။ သူတို့က လုံးဝအသွင်မပြောင်းရသေးပေမဲ့ ကောင်းကင်ပညာရှိဓားအရှင်၏ကိုယ်ပိုင်တာအိုရတနာထက် အားမနည်းပေ။

"မင်းက အဆင့်ချိုးဖြတ်ထားရုံပဲ။"

ကောင်းကင်ပညာရှိဓားအရှင်က ချီမင်ဆင့်ခေါ်လိုက်သည့်ကိုယ်ပိုင်အင်မော်တယ်ရတနာများကို မြင်တော့ ကြောင်အသွားခဲ့သည်။ ထို့နောက်မှာ သူက ပို၍တောင်မထီမဲ့မြင်ပြုံးလာခဲ့ပြီး လှောင်ပြောင်လိုက်သည်။"ရယ်ဖို့ကောင်းတယ်။ မင်းရဲ့ကိုယ်ပိုင်အင်မော်တယ်ရတနာတွေက သန့်စင်မှုတောင်မလုပ်ရသေးဘူး။ အခုမှအထက်ကမ္ဘာအင်မော်တယ်ဘုရင်ထိပ်တန်း အဆင့်ပဲရှိသေးတယ်။"

"ရယ်ချင်အောင် ပြောနေတယ်။"

"ငါက မင်းကိုအရမ်းမြင့်မြင့်တွေးထားခဲ့တာ။"

ကောင်းကင်ပညာရှိဓားအရှင်လက်မြောက်လိုက်သည်။ သူ၏ခန္ဓာကိုယ်ပေါ်မှအလင်းတန်းများ ထွက်လာခဲ့ပြီး အလင်းတိုင်းက ဓားတစ်လက်အဖြစ်စုဖွဲ့သွားခဲ့သည်။

ဓားတိုင်းက မတူညီသည့်ဝိသေသလက္ခဏာများပိုင်ဆိုင်ထားခဲ့သည်။

စုစုပေါင်းကိုးလက်ရှိသည်။ ဓားတိုင်းက လူလုပ်ကောင်းကင်တာအိုရတနာအဆင့်ဖြစ်ကာ ကောင်းကင်ပညာရှိဓားအရှင်သန့်စင်ထားခြင်းဖြစ်သည်။ ၎င်းတို့တွင် ကြောက်မက်ဖွယ်ရာစွမ်းအားများပိုင်ဆိုင်ထားသည်။

ကောင်းကင်ပညာရှိဓားအရှင်က အပေါ်ယံမှာတော့အင်မတန်မောက်မာဟန်ရှိသည်။သူက ကိုယ်ပိုင်ခွန်အားကိုအင်မတန်ယုံကြည်ချက်ရှိဟန်တူသည်။သူက ချီမင်ကိုလုံးဝအထင်မကြီးကာ မထီမဲ့မြင်ပြုထားသည်။

သို့ပေမဲ့ တကယ်တော့ ကောင်းကင်ပညာရှိဓားအရှင်စတင်တိုက်ခိုက်တည်းက သူ၏ကိုယ်ပိုင်တာအိုရတနာများကို ဆင့်ခေါ်ကာ တိုက်ခိုက်ခဲ့သည်။

ခြင်္သေ့တစ်ကောင်က ယုန်တစ်ကောင်ဖမ်းရာ၌အစွမ်းကုန်မဖမ်းပေ။

"ငါ့လက်ထဲကဓားကငါ့ရဲ့ကိုယ်ပိုင်တာအိုရတနာပဲ။ ကောင်းကင်ပညာရှိတာအိုဓားလို့ခေါ်တယ်။ ခေတ်ဆယ့်နှစ်ခေတ်ကြာ သန့်စင်ခဲ့တယ်။ အခု လူလုပ်ကောင်းကင်တာအိုရတနာအဆင့်ရဲ့ အကန့်အသတ်ထိရောက်နေပြီ။"

ကောင်းကင်ပညာရှိဓားအရှင်က တစ်လုံးချင်းစီပြောလိုက်သည်။"တာအိုဓားကိုးလက်နဲ့ဆို ငါ့ရဲ့အင်အားကုန်ထုတ်သုံးရင် မွေးရာပါကောင်းကင်တာအိုရတနာတစ်ခုနဲ့ယှဉ်နိုင်တယ်။"

"မင်း ဘယ်လိုတားဆီးမလဲ။"

ကလန်!

ဓားအော်သံတစ်ချက်က ကောင်းကင်ဉာဏ်အလင်းလောကနှင့်ကောင်းကင်ပညာရှိလောကတစ်ခွင်၌ ပဲ့တင်ထပ်သွားခဲ့သည်။ ကောင်းကင်ပညာရှိအရှင်နှင့်အခြားသောအထက်ကမ္ဘာအင်မော်တယ်ဘုရင်များ သည် ကောင်းကင်ဉာဏ်အလင်းလောကထဲမှပြေးထွက်လာခဲ့သည်။

သူတို့က ကောင်းကင်ပညာရှိဓားအရှင်ကိုကြည့်လိုက်သည်။

"ကောင်းကင်ပညာရှိဓားတာအိုဒုတိယအကွက်။"

ကောင်းကင်ပညာဓားအရှင်၏အကြည့်က သတ်ဖြတ်လိုစိတ်များဖြင့်အေးစက်နေခဲ့သည်။ သူက လက်ထဲမှကောင်းကင်ပညာရှိဓားတာအိုကိုဖြည်းညှင်းစွာမြှောက်ကာ ခုတ်ချလိုက်သည်။"ဖျက်ဆီးခြင်းဓားကြာပန်း။"

ကလန်! ကလန်! ကလန်!

မတူညီသည့်ဓားအသံများထွက်လာခဲ့သည်။

မရေမတွက်နိုင်သောဓားချီများပေါက်ကွဲထွက်လာသည်။ ခမ်းနားသည့်ရွှေရောင်အလင်းများ တောက်ပ လာသည်။ ဓားအားလုံးကထပ်မံစုစည်းလာခဲ့ပြီး နှစ်ဆယ့်လေးလွှာဖျက်ဆီးခြင်းဓားကြာပန်းများက စုစည်းသွားခဲ့သည်။

နောက်ဆုံးမှာတော့ ကောင်းကင်ပညာရှိဓားအရှင်ကခုတ်ချလိုက်တော့ လုံးဝကိုဖျက်ဆီးခြင်းဓားကြာပန်းကြီးအဖြစ်ပြောင်းလဲသွားခဲ့သည်။ ၎င်းတွင် အဆုံးမဲ့ဖျက်ဆီးခြင်းစွမ်းအားနှင့်ဓားတာအိုစွမ်းအားများပါဝင်သည်။

"သွားတော့" ချီမင်က ညာလက်မြှောက်လိုက်သည်။သူ၏ခန္ဓာကိုယ်ထဲမှ ဓမ္မစွမ်းအားများလျှံထွက်လာခဲ့ပြီး ဖရိုဖရဲမဟာတာအိုဓားကြာပွင့်ထဲသို့လောင်းထည့်လိုက်ကာ ၎င်း၏စွမ်းအားကိုအသက်သွင်းလိုက်သည်။ ဓားကြာပန်းကလေထုကိုထိုးခွဲသွားလျက် ဖြေးညှင်းစွာလည်ပတ်လာခဲ့သောကြောင့် မရေမတွက်နိုင်သောဖရိုဖရဲဓားချီများပွင့်လန်းလာခဲ့သည်။

အနီးကပ်ကြည့်လိုက်ရင် ဖရိုဖရဲမဟာတာအိုဓားကြာပွင့်တွင်ပွင့်ဖတ်(၃၆)ဖတ်ရှိကာ နှစ်ဆယ့်လေးလွှာရှိသော ကောင်းကင်ပညာရှိဓားအရှင်၏ဖျက်ဆီးခြင်းဓားကြာပန်းများအဖြစ် ပြောင်းလဲသွားခဲ့တော့သည်။

All Chapters