← Chapters

မဟာတာအိုခန္ဓာကိုယ်

Vol. 28 Ch. 411

မဟာတာအိုခန္ဓာကိုယ်

Vol. 28 Ch. 411

ဖရိုဖရဲဓားချီနှင့်ဖျက်ဆီးခြင်းဓားချီကတိုက်သွားခဲ့သောကြောင့် မရေမတွက်နိုင်သော ပေါက်ကွဲမှုများထွက်လာခဲ့သည်။ ပေါက်ကွဲမှုတိုင်းက ဟင်းလင်းပြင်တွင်အက်ကွဲကြောင်းများပေါ်လာခဲ့သည်။

မရေမတွက်နိုင်သော ဟင်းလင်းပြင်အက်ကွဲကြောင်းများသည် ပင့်ကူအိမ်တစ်ခုသဖွယ်ပျံ့နှံ့လာသည်။ ကြောက်မက်ဖွယ်ကောင်းသည့်စွမ်းအင်အတက်အကျများထွက်ပေါ်လာခဲ့သည်။

…

ကောင်းကင်နှင့်မြေပြင်ကိုပင် ပြိုကွဲလှုပ်ခါသွားစေနိုင်စည့် ဖျက်ဆီးမှုများဖြစ်ပေါ်လာသည်။

အချင်းဝက်ဆယ်သန်းအတွင်းတွင် မြေပြင်က ချီမင်နှင့်ကောင်းကင်ပညာရှိဓားအရှင်ကြောင့် ထိခိုက်ပျက်စီးသွားခဲ့သည်။

"ဟူး..."

"လန့်ဖို့ကောင်းတယ်။"

"ဥပဒေသကောင်းကင်အရှင်ဆိုတဲ့အတိုင်းပဲ။ အစောပိုင်းတိုက်ခိုက်မှုလေးတွေတောင် ဒီလောက်ထိ ရုတ်ရုတ်သဲသဲဖြစ်စေတယ်။ ငါတို့အစွမ်းကုန်တိုက်ခိုက်လောက်မှ ကောင်းကင်ဉာဏ်အလင်းလောကတစ်ခုလုံး သက်ရောက်မှာ။"

"ဟုတ်တယ်။ ဟုတ်တယ်။"

"ထိခိုက်အောင်လုပ်ဖို့က ထင်သလောက်မလွယ်ဘူး။..."

တိုက်ပွဲမြေပြင်အနားတွင် အင်မော်တယ်များက ထပ်ခါတလဲလဲဆွေးနွေးနေကြသည်။

"သေလိုက်တော့။" ကောင်းကင်ပညာရှိဓားအရှင်က အော်လိုက်သည်။

ဖျက်ဆီးခြင်းဓားကြာပန်း၏စွမ်းအားက မြင့်တက်လာပြီး ချီမင်၏သုံးဆယ့်ခြောက်လွှာဖရိုဖရဲဓားကြာပန်းကိုဖိနှိပ်လိုက်သည်။ ဓားချီက အဆက်မပြတ်အက်ကွဲလာခဲ့ပြီး ဖျက်ဆီးခြင်းဓားကြာပန်းက အရေးသာလာခဲ့သည်။

"ထင်သလောက်မလွယ်ဘူး။"

အတွေးတစ်ချက်ဖြင့်ချီမင်သည် သူ၏ကျင့်ကြံခြင်းနည်းစနစ်ကိုလည်ပတ်ကာ ချီမင်ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စွမ်းအားကိုစုစည်းလိုက်သည်။ သူက ညွှန်ပြလိုက်သည်။"မဟာတာအိုလက်ချောင်း။"

ဘန်း။

ချက်ချင်းပဲလေဟာနယ်ထဲတွင်။

ကမ္ဘာဦးခရမ်းရောင်အလင်းများတောက်ပလာကာ လေဟာနယ်ထဲတွင် လက်ချောင်းတစ်ချောင်းပေါ်လာခဲ့သည်။ ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စွမ်းအားကို သယ်ဆောင်ထားလျက် ကောင်းကင်ပညာရှိဓားအရှင်ကိုဖိနှိပ်လိုက်သည်။

"ကောင်းကင်ပညာရှိမဟာလက်ချိတ်စည်း။" ကောင်းကင်ပညာရှိဓားအရှင်က အေးစက်စွာ နှာခေါင်းရှုပ်လိုက်သည်။ သူက ဘယ်ဖက်လက်ကိုမြှောက်ကာ သူ့လက်ဝါးကို ထုတ်ဖော်လိုက်သည်။ ရွှေရောင်အလင်းများလျင်မြန်စွာစုစည်းလာခဲ့ပြီး တာအိုစစ်မှန်အဆောင်များပါဝင်သော ကြီးမားသည့်ရွှေရောင်လက်ဝါးကြီးအဖြစ်ပြောင်းလဲသွားခဲ့သည်။

ချီမင်၏မဟာတာအိုလက်ချောင်းနှင့်ကောင်းကင်ပညာရှိဓားအရှင်၏မဟာလက်ချိတ်စည်းတို့မှာ ထိတိုက်သွားတော့သည်။ စွမ်းအင်မှာဆက်တိုက်ပေါက်ကွဲထွက်လာခဲ့သောကြောင့် မရေမတွက်နိုင်သောလှိုင်းဂယက်လေးများပေါ်လာခဲ့သည်။

အရှေ့ပိုင်းအံ့ဖွယ်အောင်ခြင်းပြည်နယ်တစ်ပြည်နယ်လုံးမှာ တိုက်ပွဲ၏နောက်ဆက်တွဲကြောင့် တုန်ယင်သွားခဲ့သည်။ သက်ရောက်နေသည့်ဧရိယာမှာ လျင်မြန်စွာဖြင့် ကျယ်ပြန့်လာခဲ့သည်။

တိုက်ပွဲ၏နောက်ဆက်တွဲကြောင့် သက်ရောက်ခံရသည်မှာ ကောင်းကင်ဉာဏ်အလင်းလောကတစ်ခုတည်းသာ မဟုတ်တော့ပေ။

ချီမင်က အထက်ကမ္ဘာအင်မော်တယ်ဘုရင်အဆင့်ကိုမရောက်ခင် သူက ကမ္ဘာဦးပြည်နယ်ကို ခွဲခြမ်းမိခဲ့သည်။ အခု ချီမင်က ဥပဒေသကောင်းကင်အရှင်တစ်ပါးဖြစ်လာခဲ့ပြီဖြစ်သည်။ သူကကောင်းကင်ဉာဏ်အလင်းလောကတစ်ခုလုံးကိုတောင် ဖျက်ဆီးပစ်နိုင်သည်။

ဘန်း။

ပေါက်ကွဲမှုတစ်ခုထွက်ပေါ်လာသည်။

မဟာတာအိုလက်ချောင်းနှင့်ကောင်းကင်ပညာရှိမဟာလက်ချိတ်စည်းတို့မှာ တစ်ပြိုင်တည်းပျက်စီးသွားခဲ့သည်။

နောက်ထပ် ပေါက်ကွဲသံတစ်ချက်ကြားလိုက်ရသည်။

ဖျက်ဆီးခြာင်းဓားကြာပန်းများသည် အက်ကွဲသွားခဲ့ပြီး ပေါက်ကွဲထွက်သွားတော့သည်။ ချီမင်၏ဖရိုဖရဲမဟာတာအိုဓားကြာပန်းများကလည်းလွင့်ထွက်သွားကာ အနည်းငယ်ပျက်စီးသွားသည်။

ချီမင်၏နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။သို့ပေမဲ့ သူက အနည်းငယ်သာဒဏ်ရာရခဲ့သည်။

ချီမင်၏ဖရိုဖရဲမဟာတာအိုဓားကြာပွင့်သည် ကိုယ်ပိုင်အင်မော်တယ်ရတနာအဆင့်သာ ရှိသေး၍ဖြစ်သည်။ ကံကောင်းသည်ကတော့ ချီမင်တွင်ကိုယ်ပိုင်အင်မော်တယ်ရတနာသုံးလက်ရှိပြီး ဖရိုဖရဲမဟာတာအိုဓားကြာပွင့်သာ အနည်းငယ်ထိခိုက်သွားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ချီမင်၏တန်ပြန်သက်ရောက်မှုကို ပြင်းထန်စွာမခံစားရပေ။ သူ၏ပါးစပ်မှသွေးအချို့သာစီးကျလာခဲ့သည်။

"မဟာတာအိုလက်။"

ချီမင်၏ခန္ဓာကိုယ်ထဲမှတာအိုစွမ်းအားများလည်ပတ်လာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာ တန်ပြန်သက်ရောက်မှုကြောင့်ဖြစ်ပေါ်လာသောဒဏ်ရာများသည် ပြန်လည်သက်သွားခဲ့သည်။ ထို့ကြောင့် သူ့လက်ဝါးကထပ်မံကျရောက်လာခဲ့သည်။ မမြင်နိုင်သည့်မိုးမြေမဟာတာအို၏စွမ်းအား သည် လျင်မြန်စွာဖြင့်စုစည်းလာခဲ့သည်။

ကမ္ဘာဦးခရမ်းရောင်အလင်းများသိပ်သည်းလာခဲ့သည်။ လေထုထဲတွင် ကြီးမားသည့်လက်ဝါးကြီးတစ်ဖက် ဖြစ်တည်လာခဲ့သည်။ လက်ဝါးပေါ်မှ လက္ခဏာများနှင့်အမွေးအမျှင်များကိုရှင်းလင်းစွာမြင်နေရသည်မှာ လက်ဝါးအစစ်အလားပင်။

"တိုက်ခိုက်မယ်"

ချီမင်၏လက်ဝါးက ကောင်းကင်ပညာရှိဓားအရှင်ပေါ်သို့ကျရောက်လာသည်။

"အချိန်ကိုက်ပဲ။"

ကောင်းကင်ပညာရှိဓားအရှင်သည်ခေါင်းမော့ကာ တောက်လောင်နေသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ သူ၏တိုက်ခိုက်လိုစိတ်များက မသိလိုက်စွာဖြင့် လောင်ကျွမ်းလာခဲ့သည်။ သူက ကောင်းကင်ပညာရှိတာအိုဓားကို ညာဘက်လက်တွင်ကိုင်ထားသည်။ သူ့ဘေးနားတွင် တခြားသောဓားကိုးလက်ပေါ်လာခဲ့သည်။

"ကောင်းကင်ပညာရှိဓားတာအိုတတိယအကွက်။ ကောင်းကင်ဓားစုစည်းခြင်း။"

ကောင်းကင်ပညာရှိဓားအရှင်က အော်လိုက်သည်။ သူ့ကိုယ်က ဓားတစ်လက်အဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ့ကိုယ်နားမှ ဓားကိုးလက်သည် ကောင်းကင်ပညာရှိတာအိုဓားနှင့် ပေါင်းစပ်သွားခဲ့သည်။

ကောင်းကင်ပညာရှိဓားအရှင်၏တစ်ကိုယ်လုံးက ရွှေရောင်ဓားအလင်းအဖြစ်ပြောင်းလဲသွားခဲ့သည်။ ဓားအလင်းဖြတ်သွားသည့်နေရာတိုင်းတွင် အရာရာတိုင်းကို ဖြတ်ပိုင်းသွားခဲ့သည်။

ထိုအခိုက်တွင် ကောင်းကင်ပညာရှိဓားအရှင်၏ရွှေရောင်ဓားအလင်းက ချီမင်၏မဟာတာအိုလက်ကို နှစ်ခြမ်းကွဲထွက်သွားစေတော့သည်။ ထို့ပြင် တိုက်ပွဲနောက်ဆက်တွဲက ကောင်းကင်၌ပျံ့သွားခဲ့သည်။

ကောင်းကင်တစ်ခုလုံးနှစ်ခြမ်းကွဲထွက်သွားခဲ့သည်။

ကောင်းကင်၌ မယှဉ်သာလောက်အောင်ကြောက်မက်ဖွယ်ကောင်းသော အမှတ်အသားကြီးပေါ် လာခဲ့သည်။ ထိုဖြတ်ရာက ကောင်းကင်ဉာဏ်အလင်းလောက၏အတာအဆီးကို ဖြတ်တောက်သွားခဲ့ခြင်းဖြစ်ပြီး လောကထဲသို့ ဖရိုဖရဲချီများစိမ့်ဝင်လာခဲ့စေသည်။

ဘန်း။

ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ်၊ကံကြမ္မာမြွေလက်ပတ်နှင့်အခြားသောကောင်းကင်တာအို ရတနာတို့များသည် ချီမင်ထံသို့ပြန်ရောက်လာသည်။ သူက ထိုကောင်းကင်တာအိုရတနာများ၏ စွမ်းအားကို စုစည်းလိုက်ကာ ခုခံလိုက်သည်။

ကောင်းကင်တာအိုရတနာများကအားမနည်းပေမဲ့ ကောင်းကင်ပညာရှိဓားအရှင်၏ဓားကို မပိတ်ဆို့ပေးနိုင်ပေ။ ၎င်းတို့အားလုံး လွင့်ထွက်သွားခဲ့သည်။ ချီမင်၏ဖရိုဖရဲပုကျုံးတောင်က သူ့ကိုကာကွယ်ပေးလိုက်သည်။

သူက ထိုဓားချီကြောင့်လွင့်ထွက်သွားသည်။

ထိုသည်ကနေကြည့်လျှင် ကောင်းကင်ပညာရှိဓားအရှင်၏ဓားက မည်မျှကြောက်မက်ဖွယ်ကောင်းသည် ကိုတွေ့မြင်နိုင်သည်။ ချီမင်သာ ဥပဒေသကောင်းကင်အရှင်ပထမအဆင့်သို့မချိုးဖြတ်နိုင်ခဲ့လျှင် သူက ထိုဓားချက်ကိုလုံးဝခုခံနိုင်မည်မဟုတ်ပေ။ သူက သေရင်သေ ဒါမှမဟုတ် ဒဏ်ရာအပြင်းအထန်ရသွားပါလိမ့်မည်။

ကောင်းကင်၌ ရွှေရောင်အလင်းများ ပျောက်ကွယ်သွားခဲ့သည်။ကောင်းကင်ပညာရှိဓားအရှင်က သူ၏ပုံစံအမှန်သို့ ပြန်ပြောင်းသွားခဲ့သည်။ ဓားကိုးလက်က သူ့အနားတွင် ကခုန်နေသည်။ သူက ကောင်းကင်ပညာရှိတာအိုဓားကို ကိုင်လျက် ချီမင်ကိုငုံ့ကြည့်နေခဲ့သည်။

"မဆိုးဘူး။" ကောင်းကင်ပညာရှိဓားအရှင်၏မျက်နှာပေါ်တွင် အံ့အားသင့်နေသော အမူအရာတစ်ခု ပေါ်လာသည်။"ငါ့ရဲ့တတိယမြောက်ဓားချက်ကို တားဆီးနိုင်မယ်လို့မထင်ထားဘူး။ သာမန်ဥပဒေသ ကောင်းကင်အရှင်ပထမအဆင့်သာဆိုရင် မသေရင်တောင် ဒဏ်ရာအပြင်းအထန်ရသွားလိမ့်မယ်။ ခုခံဖို့ဆိုတာဝေးစွပဲ။"

"ကြည့်ရတာ ငါမင်းရဲ့ခွန်အားကိုနားလည်မှုလွဲနေခဲ့တာပဲ။"

"မင်းက ငါ့အင်အားကုန်သုံးတာနဲ့ထိုက်တန်တယ်။"

ထိုအခိုက်တွင် ကောင်းကင်ပညာရှိဓားအရှင်က သူရခဲ့သည့်တာအိုသစ်သီး၏စွမ်းအားနှင့် ကျင့်ကြံခြင်းအခြေခံတို့ကိုစုစည်းလည်ပတ်လိုက်သည်။ မမြင်နိုင်သည့်အထက်ကမ္ဘာကောင်းကင်တာအို သည် ပျံ့နှံ့လာသည်။

ကောင်းကင်ပညာရှိဓားအရှင်၏အရှိန်အဝါက ဆက်တိုက်မြင့်တက်လာသည်။

အတော်လေးကြောက်မက်ဖွယ်ကောင်းပါ၏။

ချီမင်က အသက်ပြင်းပြင်းရှုကာ လွင့်ထွက်သွားသောကောင်းကင်တာအိုရတနာများကို ကြည့်လိုက်သည်။ သူက သူ့လက်ထဲမှဖရိုဖရဲပုကျုံးတောင်ကိုကြည့်လိုက်သည်။ ၎င်းပေါ်တွင်ဓားဒဏ်ရာတစ်ခုပေါ်နေသည်။

"ငါ ဥပဒေသကောင်းကင်အရှင်ရဲ့အင်အားကိုနားလည်မှုလွဲနေခဲ့တာပဲ။"

ချီမင်ကအသံနိမ့်နိမ့်ဖြင့်ဆိုသည်။"အစက ငါ့ရဲ့အင်အားနဲ့ဆို ဥပဒေသကောင်းကင်အရှင်အဆင့် ကိုမတက်ရင်တောင် ပထမနဲ့ဒုတိယအဆင့် ဥပဒေသကောင်းကင်အရှင်တွေကို ခုခံနိုင်မယ်ထင်ခဲ့တာ။ အခုကြည့်ရတာ မဟုတ်တော့ဘူး။"

"ဥပဒေသကောင်းကင်အရှင်ရဲ့အင်အားက ငါထင်ထားတာထက်သာလွန်တယ်။ ငါဥပဒေသကောင်းကင်အရှင်အဆင့်ကိုမတက်ခင်တုန်းက ငါပထမအဆင့်ဥပဒေသကောင်းကင်အရှင်ကိုခုခံနိုင်လောက်တယ်။ဒါပေမဲ့ ဒုတိယအဆင့်ဥပဒေသကောင်းကင်အရှင်တွေကိုတော့ ကျိန်းသေပေါက်မခုခံနိုင်ဘူး။"

"ကောင်းကင်ပညာရှိဓားအရှင်က ဥပဒေသကောင်းကင်အရှင်ဒုတိယအဆင့်ဆိုပေမဲ့ အရမ်းစွမ်းအားကြီးတယ်။"

ချီမင်က ဥပဒေသကောင်းကင်အရှင်ပထမအဆင့်ကိုတက်ခါစသာဖြစ်ပြီး သူ၏ကျင့်ကြံခြင်းအဆင့်သစ်၏စွမ်းအားတို့ကိုအပြည့်အဝနားလည်မဆင်ခြင်ရသေး၍လည်းဖြစ်သည်။

ထို့ပြင် ချီမင်က သူ၏ကိုယ်ပိုင်အင်မော်တယ်ရတနာတို့ကို ကိုယ်ပိုင်တာအိုရတနာအဖြစ် မသန့်စင်ရသေးပေ။

သူက ဥပဒေသကောင်းကင်အရှင်အဆင့်နည်းစနစ်များကိုနားမလည်ရသေးပေ။

ချီမင်က အခုချိန်တွင် ထိုအဆင့်စွမ်းအားကို အနည်းငယ်သာအသုံးပြုနိုင်သေးသည်။

"ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ်က လူလုပ်ကောင်းကင်တာအိုရတနာဆိုပေမဲ့ အဆင့်နိမ့်မဟုတ်ဘူး။သူတို့ကငါသန့်စင်ထားတဲ့ ကောင်းကင်တာအိုရတနာတွေပဲ။ဒါပေမဲ့ ငါ့ကို သိပ်မကူညီနိုင်တော့ဘူး။"

ချီမင်က မျက်မှောင်ကြုံ့သည်။

ဥပဒေသကောင်းကင်အရှင်အဆင့်ကိုရောက်တော့ သူတို့က အခြေခံအားဖြင့် ကိုယ်ပိုင်တာအိုရတနာများကိုသန့်စင်ကြသည်။ ကိုယ်ပိုင်တာအိုရတနာများက အကောင်းဆုံးအဖော်မွန်များ ဖြစ်သည်။

ချီမင်အတိတ်တုန်းကရခဲ့သည့်ကောင်းကင်တာအိုရတနာများသည် သူ၏လက်ရှိကျင့်ကြံခြင်းအဆင့်တွင်များစွာအသုံးမဝင်တော့ပေ။ ၎င်းတို့က သူ့ကိုများစွာအထောက်အကူမဖြစ်စေတော့ပေ။

ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ်ဖြစ်စေ ကံကြမ္မာမြွေလက်ပတ်ဖြစ်စေ ၎င်းတို့က ချီမင်ကိုယ်တိုင်သန့်စင်ဖန်တီးထားသည့် ကောင်းကင်တာအိုရတနာများမဟုတ်ပေ။

ထိုကောင်းကင်တာအိုရတနာများက ချီမင်နှင့်အပြည့်အဝမပေါင်းစပ်ရသေးပေ။ထို့ကြောင့် ၎င်းတို့၏အင်အားအစစ်ကိုမထုတ်ဖော်နိုင်ပေ။

"ထားလိုက်တော့။" ချီမင်ကတွေးကာဆိုသည်။"ငါမှာ အခုသုံးနိုင်တဲ့တာအိုရတနာများများစားစားမရှိဘူး။ အခုတော့ ဒါနဲ့ပဲ သုံးလိုက်ဦးမယ်။ တိုက်ပွဲပြီးရင်တော့ကိုယ်ပိုင်အင်မော်တယ်ရတနာတွေကို ငါနဲ့အသင်တော်ဆုံးဖြစ်မဲ့ ကောင်းကင်တာအိုရတနာတွေအဖြစ် မြန်နိုင်မျှမြန်မြန်သန့်စင်ရမယ်။ ငါ ဒီနေ့တိုက်ပွဲလိုမျိုး နောက်မဆုတ်နိုင်ဘူး။"

သာမန်အားဖြင့်တာအိုကျင့်ကြံသူတစ်ဦးက ဥပဒေသကောင်းကင်အရှင်အဆင့်သို့တက်ပြီးနောက်မှာ သူတို့က ကောင်းကင်တာအိုရတနာများကိုစတင်သန့်စင်နိုင်မည်ဖြစ်သည်။ အခြေခံအားဖြင့် သူတို့က ကိုယ်ပိုင်အင်မော်တယ်ရတနာများကို ကိုယ်ပိုင်တာအိုရတနာကို ဦးစွာသန့်စင်သည်။

သာမန်အားဖြင့် ကောင်းကင်တာအိုရတနာကို အထောက်အပံ့အနေဖြင့်သာသုံးသည်။ ၎င်းတို့က ကိုယ်ပိုင်တာအိုရတနာများကိုထုတ်သုံးရာ၌ အထောက်အကူပြုသည်။

ထို့ပြင် ကျင့်ကြံခြင်းအဆင့်ကွာခြားချက်အရ ကိုယ်ပိုင်တာအိုရတနာကို ဥပဒေသတာအိုရတနာဟုခေါ်သည်။ ၎င်းကို ပထမအဆင့်မှနဝမအဆင့်ဟူ၍ခွဲခြားထားသည်။ ပထမအဆင့်က အနိမ့်ဆုံးဖြစ်ကာ နဝမအဆင့်က အမြင့်ဆုံးဖြစ်သည်။

ကောင်းကင်ပညာရှိဓားအရှင်က ကိုယ်ပိုင်တာအိုရတနာကိုသန့်စင်ထားသည်။ ကောင်းကင်ပညာရှိဓားတာအိုသည် စတုတ္ထအဆင့်တာအိုရတနာဖြစ်သည်။ သူက ဒုတိယအဆင့်ဥပဒေသအရှင်ဆိုပေမဲ့ သူ၏ကိုယ်ပိုင်တာအိုရတနာကတော့ စတုတ္ထအဆင့်ဖြစ်သည်။ ၎င်းက သိပ်မဆိုးပေ။

ကောင်းကင်ပညာရှိဓားအရှင်၏ဓားတာအိုသစ်သီးက ဖြည်းညှင်းစွာဖြင့်ပေါ်လာခဲ့သည်။ သူ၏ရင်ဘက်ပေါ်တွင် ရွှေရောင်ဓားပုံစံအလင်းလုံးလေးပေါ်လာခဲ့သည်။

ရွှေရောင်အလင်းများပျံ့နှံ့လာခဲ့ပြီး ကောင်းကင်ပညာရှိဓားအရှင်၏တစ်ကိုယ်လုံးကိုဖုံးအုပ်သွားခဲ့သည်။

တစ်ချိန်တည်းမှာ အထက်ကမ္ဘာကောင်းကင်တာအိုသည် ကောင်းကင်ပညာရှိဓားအရှင်၏ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ပျံ့နှံ့သွားတော့သည်။ သူက အထက်ကမ္ဘာကောင်းကင်တာအို၏စွမ်းအားကို စတင်အသုံးပြုတော့သည်။ သူ၏အရှိန်အဝါက ကြောက်မက်ဖွယ်ကောင်းသည့်အဆင့်သို့ရောက်သွားတော့သည်။

"ကောင်းကင်ပညာရှိဓားတာအိုစတုတ္ထအကွက်။ ကောင်းကင်ဓားတာအို။"

ကောင်းကင်ပညာရှိဓားအရှင်၏မျက်လုံးများပွင့်လာသည်။ သူ့မျက်လုံးသူငယ်အိမ်များသည် ရွှေရောင်လျှပ်စီးနှင့်တူသော ဓားများအဖြစ်သို့ ပြောင်းလဲသွားပြီး ရွှေရောင်ဓားချီနှစ်ခုသည် လေထုကိုခွင်းလျက် ချီမင်ထံသို့ တိုးဝင်သွားသည်။

ဘန်း။

ချီမင်၏ဘေးမှဖရိုဖရဲကမ္ဘာဖျက်ဓားသည်ပျံတက်သွားခဲ့ပြီး ရွှေရောင်ဓားချီနှစ်စကို ဖြတ်ချလိုက်သည်။

ထိုအခိုက်တွင် ကောင်းကင်ပညာရှိဓားအရှင်၏အရှိန်အဝါသည် ကြောက်မက်ဖွယ်ကောင်းသည့်အဆင့်သို့ ရောက်သွားတော့သည်။ ၎င်းက ယခင်ကထက်များစွာသန်မာသည်။ သူ့တစ်ကိုယ်လုံးတွင် ရွှေရောင်အလင်းများတောက်ပလာခဲ့သည်။သူက ရွှေရောင်ချပ်ဝတ်တစ်ခုဝတ်ဆင်ထားသည့်အလားပင်။

သူ၏ဓားကိုးလက်က အသက်ဝင်နေသည့်ဓားနဂါးကိုးကောင်းအဖြစ်ပြောင်းလဲသွားခဲ့ပြီး သူ့ကိုယ်ပေါ်တွင် ဝန်းရံနေသည်။ ကောင်းကင်ပညာရှိဓားအရှင်က ညာဘက်လက်ကိုဝေ့ယမ်းလိုက်သည်။

ဓားကိုးလက်က အသက်ဝင်နေသည့်ဓားနဂါးများအလား သူ့ဘေးမှ ပျံထွက်လာပြီး လေထုကိုလျင်မြန်စွာဖြင့်ထိုးဖောက်သွားသည်။ ဓားအလင်းတန်းများသည် ဟင်းလင်းပြင်ကို ထိုးခွင်း၍ သေရှင်သံသရာကို ခုတ်ပိုင်းဖြတ်တောက်ကာ ချီမင်ကို တိုက်ခိုက်လိုက်သည်။

"မဟာတာအိုခန္ဓာ။"

ချီမင်က အသက်ပြင်းပြင်းရှုကာ ကမ္ဘာဦးဖရိုဖရဲတာအိုသစ်သီးကိုအသက်သွင်းလိုက်သည်။ သူ၏တစ်ကိုယ်လုံးတွင် ကမ္ဘာဦးခရမ်းရောင်အလင်းများတောက်ပလာပြီး ဖရိုဖရဲချီများဖုံးအုပ်သွားတော့သည်။

သူကလည်း ကမ္ဘာဦးခရမ်းရောင်ချပ်ဝတ်ကိုဝင်ဆင်လိုက်သည့်အလားပင်။ သူ့အရှိန်အဝါက အဆက်မပြတ်မြင့်တက်လာပြီး ပို၍သန်မာလာသည်။

All Chapters