ခင်ဗျားရှုံးပြီ
Vol. 28 Ch. 412
ချီမင် ဥပဒေသကောင်းကင်အရှင်အဆင့်တက်သွားပြီးသည့်နောက်မှာ သူက ကမ္ဘာဦးတာအိုသစ်သီးကိုသိပ်သည်းခဲ့သည်။ သူ၏ခန္ဓာ၊ဝိညာဉ်၊စစ်မှန်ဝိညာဉ်နှင့်အသိစိတ်တို့မှာ အပြည့်အဝပြောင်းလဲသန့်စင်သွားသည်။
သူ၏ကျင့်ကြံခြင်းအဆင့်က အထက်ကမ္ဘာအင်မော်တယ်ဘုရင်အဆင့်မှာတုန်းက သူသည် အတုအယောင်မဟာတာအိုခန္ဓာသာ ပိုင်ဆိုင်လို့ထားခဲ့ပါ၏။ အခု သူ၏ခန္ဓာကိုယ်သည် မဟာတာအိုစစ်မှန်ခန္ဓာအဖြစ်သို့ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ အရည်အသွေးပိုင်းဆိုင်ရာပြောင်းလဲမှုတစ်ခုဖြစ်လာခဲ့သည်။
ချီမင်သည် မဟာတာအိုခန္ဓာကိုယ်၏စွမ်းအားကိုထုတ်သုံးကြည့်ပြီးနောက်မှာ သူ့တစ်ကိုယ်လုံးတွင် မယှဉ်သာလောက်သည့် မဟာတာအိုစွမ်းအားများဖြင့်ပြည့်နှက်နေသည်ကိုခံစားခဲ့ရသည်။ မယှဉ်သာလောက်အောင်ခမ်းနားသည်။
"ဟားဟား..."ချီမင်က ကျယ်လောင်စွာရယ်မောလိုက်သည်။ သူ၏အရှိန်အဝါသည် ပြင်းထန်လွန်းသောကြောင့် နေရာလွတ်ကပြိုကွဲယိုယွင်းသွားရတော့သည်။ ၎င်းက သူ၏အငွေ့အသက်ကိုမခုခံနိုင်ပေ။
သူ၏ရယ်သံက လေလှိုင်းများအသွင်ဖြင့် အရပ်မျက်နှာအနှံ့ပျံ့နှံ့သွားသောကြောင့် ပျက်စီးယိုယွင်းမှုများဖြစ်ပေါ်လာခဲ့သည်။ အတော်လေးကြောက်မက်ဖွယ်ကောင်းပါ၏။
"သေစမ်း"
ကလန်! ကလန်! ကလန်!
ကောင်းကင်ပညာရှိဓားအရှင်၏အကြည့်က အေးစက်လို့သွားပါတော့၏။ ဓားအလင်းတန်းများမှာ အဆုံးမဲ့ကြယ်တာရာမြစ်တစ်စင်းအလားပင်။ ခမ်းနားထည်ဝါသည့်ရွှေရောင်အလင်းများတောက်ပလာ ခဲ့သည်။ စစ်မှန်သည့်နဂါးတစ်ကောင်အလား ချီမင်ကိုခုန်အုပ်လာခဲ့သည်။
"လာစမ်းပါ။" ချီမင်က ကျယ်လောင်စွာအော်လိုက်သည်။
လက်တစ်ချက်အဝေ့မှာ ကိုယ်ပိုင်အင်မော်တယ်ရတနာသုံးလက်က တစ်ပြိုင်တည်းပေါ်ပေါက် လာတော့သည်။ ဖရိုဖရဲမြူခိုးများပျံ့နှံ့လာခဲ့ပြီး သိပ်သည်းသည့်ကမ္ဘာဦးခရမ်းရောင်အလင်းများ တောက်ပလာခဲ့သည်။
"ဖရိုဖရဲမဟာပုဆိန်။"
ကိုယ်ပိုင်အင်မော်တယ်ရတနာများမှာပေါင်းစပ်သွားခဲ့ပြီး ဖရိုဖရဲမဟာပုဆိန်ကြီးအဖြစ် ပြောင်းလဲသွားတော့သည်။ ချီမင်သည် ဖရိုဖရဲမဟာပုဆိန်ကိုကိုင်ဆောင်လျက် မဟာတာအိုခန္ဓာ၏မြှင့်တင်ပေးမှုအောက်တွင် ခမ်းနားသည့်တာအိုစွမ်းအားများမှာ သိပ်သည်းပျံ့နှံ့လာခဲ့သည်။
"သေစမ်း"
ဘန်း။
ချီမင်က သူ့လက်ထဲမှပုဆိန်ကိုခုတ်ချလိုက်သည်။ ကောင်းကင်ဉာဏ်အလင်းလောက၏ကောင်းကင် တစ်ခုလုံးသည် နှစ်ခြမ်းကွဲကာ ပွင့်ထွက်တော့မည့်အသွင်ပင်။ ကောင်းကင်ပညာရှိဓားအရှင်ကို ခုတ်ပိုင်းချသွားခဲ့သည်။ ကောင်းကင်နှင့်မြေပြင်ပါ နှစ်ခြမ်းကွဲထွက်တော့မည့် မြင်ကွင်းများ ပေါ်လာခဲ့သည်။
ချက်ချင်းပဲ ပေါက်ကွဲသံမျိုးစုံထွက်ပေါ်လာခဲ့သည်။
ချီမင်၏ပုဆိန်စွမ်းအားသည် အင်မတန်ကိုကြီးမားလေသည်။ ဖော်ပြဖို့ပင် မစွမ်းသာပေ။ ကောင်းကင်ဉာဏ်အလင်းလောကမှာ နှစ်ခြမ်းကွဲထွက်လုနီးပါးပင်။ ၎င်းမှာ ပြိုင်ဘက်ကင်းစွမ်းအားပေ။
ကောင်းကင်ပညာရှိဓားအရှင်၏ဓားအလင်းမှာ ထိုပုဆိန်ကြောင့်ပျက်စီးသွားခဲ့သည်။ ရွှေရောင်အလင်းစက်လေးများသည် ကောင်းကင်ယံ၌ပြည့်နှက်သွားခဲ့ပြီးနောက်မှာ ပျောက်ကွယ်သွားတော့သည်။ ခုခံဖို့ရာမဖြစ်နိုင်သလောက်ပင်။
ဖျော့။
"အား"
ကောင်းကင်ပညာရှိဓားအရှင်သည် ကြောက်လန့်တကြားအော်ဟစ်ကာ သွေးအန်လိုက်ရသည်။ ချီမင်၏ပုဆိန်ကြောင့် လွင့်ထွက်သွားသောကြောင့် နေရာလွတ်မှာပြိုကွဲသွားတော့သည်။
"ဒါ....ဒါက.."
"ဒါဘယ်လိုဖြစ်နိုင်မှာလဲ။"
“…”
တိုက်ပွဲမြေပြင်ပေါ်တွင် အထက်ကမ္ဘာအင်မော်တယ်ဘုရင်များမှာ ထိုမြင်ကွင်းကိုတွေ့ပြီး ထိတ်လန့်သွားခဲ့ကြ သည်။ သူတို့က ချီမင်ကြောင့် ကောင်းကင်ပညာရှိဓားအရှင်ဒဏ်ရာရသွားခြင်းကို မယုံကြည်နိုင်ခဲ့ကြပေ။
အစတည်းက သူ့ဘက်က အနည်းငယ်အရေးနိမ့်နေခဲ့တာဖြစ်သည်။ ချီမင်အဆင့်ချိုးဖြတ်ပြီးနောက်မှာ သူသည် တိုးတက်သွားသောကျင့်ကြံခြင်းအဆင့်များကို ကောင်းစွာမကျွမ်းကျင်သေးပေ။
အခု ချီမင်နှင့်ကောင်းကင်ပညာရှိဓားအရှင်တို့မှာ အကြိမ်ကြိမ်တိုက်ခိုက်ရင်း မဟာတာအိုခန္ဓာ၏စွမ်းအားသည် ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး သူ၏အင်အားကိုလည်း ဖြေးညှင်းစွာနားလည်သဘောပေါက်နေခဲ့သည်။ ကမ္ဘာဦးတာအိုသစ်သီး၏စွမ်းအားကြောင့် သူ၏အင်အားသည် ကြီးမားစွာတိုးတက်သွားခဲ့သည်။
သူသည် ကောင်းကင်ပညာရှိဓားအရှင်ကိုဖိနှိပ်လာခဲ့သည်။
ကောင်းကင်ပညာရှိဓားအရှင်က အစောပိုင်းတွင်ယုံကြည်ချက်များပြည့်နှက်နေခဲ့သည်။ သူသည် အင်မတန်ယုံကြည်ချက်ရှိကာ ချီမင်ကိုဖိနှိပ်နိုင်မည်ဟုသာ ယုံကြည်ထားခဲ့တာဖြစ်သည်။ သူက ဥပဒေသကောင်းကင်အရှင်ပထမအဆင့်ချီမင်သည် သူပြိုင်ဘက်ဟုမခံစားခဲ့ရပေ။
သို့ပေမဲ့ အခုကျတော့..
ကောင်းကင်ပညာရှိဓားအရှင်သည် ချီမင်ထံမှတန်ပြန်တိုက်ခိုက်ခံခဲ့ရသည်။ ထို့အပြင် သူကဒဏ်ရာရသွားခဲ့သောကြောင့် သွေးအန်လိုက်ရကာ အရေးနိမ့်သွားခဲ့သည်။
"ဆရာ...ဆရာ"
ကောင်းကင်ပညာရှိအရှင်က ထိုအရာကိုမြင်တော့ တံတွေးမျိုချမိလိုက်သည်။ သူက အနည်းငယ်ကြောက်ရွံ့သွားတော့သည်။ သို့ပါသော်လည်း သူက အသက်ပြင်းပြင်းရှုကာ စိတ်တည်ငြိမ်အောင်ထိန်းလိုက်သည်။ သူက ခဏလောက်တွေးကာဆိုသည်။"အဆင်ပြေတယ်။ အခုလေးတင် ဆရာက သတိမထားလိုက်လို့ ချီမင်က အခွင့်အရေးတစ်ခုရသွားတာ။"
"ဘာပဲဖြစ်ဖြစ် ဆရာက ဥပဒေသကောင်းကင်အရှင်ဒုတိယအဆင့်ပဲ။သူက တာအိုသစ်သီးတတိယအဆင့်ကိုရောက်တော့မှာ။ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က ချီမင်ယှဉ်နိုင်တာမျိုးမဟုတ်ဘူး။ ချီမင်က ဆရာရဲ့ပြိုင်ဘက်မဟုတ်နိုင်ဘူး။ ချီမင်က ကျိန်းသေပေါက်ရှုံးမှာပဲ။" ကောင်းကင်ပညာရှိအရှင်က တည်ကြည်စွာပြောသည်။
"ဟုတ်တယ်။"
"ကောင်းကင်ပညာရှိဓားအရှင် မရှုံးနိုင်ဘူး။"
"အခု ချီမင်လွတ်သွားတာက ကံကောင်းလို့ပဲ။ အဲ့ဒါကြောင့် ကောင်းကင်ပညာရှိဓားအရှင်ဒဏ်ရာရသွားရတာ။ မဟုတ်ရင် ချီမင်က ဆရာ့ကိုလုံးဝဒဏ်ရာရအောင်လုပ်နိုင်မှာမဟုတ်ဘူး။"
"ဟုတ်တယ်။"
ကောင်းကင်ပညာရှိလောက၏အထက်ကမ္ဘာအင်မော်တယ်ဘုရင်များသည် ထိတ်လန့်ရာမှ ပြန်လည်တည်ငြိမ်လာခဲ့သည်။ သူတို့က အခြေအနေကိုဂရုတစိုက်လေ့လာဆင်ခြင်ပြီးနောက်မှာ အတော်လေးရှုပ်ထွေးသွားခဲ့သည်။
ခုနက ချီမင်အခွင့်အရေးရသွားသည်မှာ ကောင်းကင်ပညာရှိဓားအရှင်ပေါ့ဆမိ၍ပင်။ သို့ပါသော်လည်း အခြေခံအားဖြင့်တော့ သူက ချီမင်ကိုအနိုင်ယူနိုင်မှာဖြစ်သည်။
"အရှင်ကောင်းကင်ဧကရာဇ်ဘက်က သာနေပါသေးတယ်။"
"ကောင်းကင်ပညာရှိဓားအရှင်က အရှင်မင်းကြီးကြောင့် ထိခိုက်သွားတယ်။"
"ကောင်းတယ်။"
"အရှင်ကောင်းကင်ဧကရာဇ်က အခြေအနေကိုပြောင်းပြန်လှန်နိုင်ပါတယ်။"
"ကောင်းတယ်။ကောင်းတယ်။"
“…”
တစ်ချိန်တည်းမှာ ကောင်းကင်ဉာဏ်အလင်းလောက၏အထက်ကမ္ဘာအင်မော်တယ်ဘုရင်များနှင့် ကောင်းကင်ဉာဏ်အလင်းဧကရာဇ်မင်းဆက်၏အင်မော်တယ်အရာရှိတို့မှာလည်း ချီမင်ကြောင့် ကောင်းကင်ပညာရှိဓားအရှင်ဒဏ်ရာရသည်ကို တွေ့သွားသောကြောင့် ချက်ချင်းကိုစိတ်လှုပ်ရှားသွားခဲ့သည်။
"ဒါက ဘာလဲ။" ကောင်းကင်ပညာရှိဓားအရှင်၏အသံက အင်မတန်ထိတ်လန့်နေသည်။ ခုနကတိုက်ပွဲတွင် သူက ချီမင်၏ပုဆိန်တွင် ပါဝင်သောအဆုံးမဲ့စွမ်းအားများကိုခံစားမိသွားခဲသည်။
သူလွင့်ထွက်သွားပြီးနောက်မှာ သူ့ခန္ဓာကိုယ်ကို ပြန်လည်တည့်မတ်တည်ငြိမ်သွားစေရန် အကောင်းဆုံးကြိုးစားခဲ့သည်။ သူက ကျင့်ကြံခြင်းနည်းစနစ်များကိုလည်ပတ်ပြီးနောက်မှာ သူ၏တာအိုစွမ်းအားများမှာ တဟုန်ထိုးမြင့်တက်လာခဲ့ပြီး ဒဏ်ရာများကိုလျင်မြန်စွာဖြင့် ကုစားပေးသွားသည်။
သို့ပါသော်လည်း သူ၏အမူအရာမှာ မယုံကြည်နိုင်မှုနှင့်အတူ အနည်းငယ်ကြောက်လန့်နေခဲ့သည်။ သူက ချီမင်ကိုစိုက်ကြည့်နေကာ မတည်ငြိမ်နိုင်တော့ပေ။
"ခုနလေးတင်.."
ကောင်းကင်ပညာရှိဓားအရှင်က အသက်ပြင်းပြင်းရှုလိုက်သည်။ သူက ပထမဆုံးတည်ငြိမ်အောင်ကြိုးစားညှိယူပေမဲ့ ထိုထိတ်လန့်မှုမှ ပြန်လည်မငြိမ်သက်နိုင်ပေ။
ခုနကအစောပိုင်းတိုက်ခိုက်မှုတွင် ကောင်းကင်ပညာရှိဓားအရှင်သည် ချီမင်ထံမှ ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စွမ်းအားကိုခံစားမိခဲ့သည်။
ကောင်းကင်ပညာရှိဓားအရှင်သည် နောက်ဆုံးတော့ တုံ့ပြန်နိုင်သွားသည်။ ချီမင်က သူနှင့်ကွဲပြားပေသည်။ ချီမင်သည် မဟာတာအိုကိုကျင့်ကြံထားသူဖြစ်သည်။သူက ကောင်းကင်တာအိုကိုကျင့်ကြံထားခြင်းမဟုတ်ပေ။
"မင်း...မင်းက မိုးမြေမဟာတာအိုကိုနားလည်ထားတာလား။" ကောင်းကင်ပညာရှိဓားအရှင်က အသံနိမ့်နိမ့်ဖြင့်မေးသည်။
၎င်းက မှန်းဆချက်တစ်ခုသာဖြစ်သည်။ သူက လုံးဝမသေချာပေ။
ကောင်းကင်ပညာရှိဓားအရှင်သည် ကောင်းကင်အရှင်နယ်ပယ်ဖြစ်သည်။ သူက လျို့ဝှက်ချက်ကြီးများနှင့် သဘာဝအတိုင်းထိတွေ့နိုင်စွမ်းရှိပြီး ကောင်းကင်တာအိုအထက်မှ မဟာတာအိုကျင့်ကြံသူများအကြောင်း သိထားခဲ့သည်။
တစ်ချိန်တည်းမှာ ကောင်းကင်ပညာရှိဓားအရှင်သည် ချီမင်၏ကိုယ်ပေါ်မှ မဟာတာအိုအငွေ့အသက်ကိုအာရုံခံမိခဲ့သည်။
၎င်းက ကြောက်မက်ဖွယ်ရာဖိအားများနှင့်ပြည့်နှက်နေခဲ့သောကြောင့် ကောင်းကင်ပညာရှိဓားအရှင်ကို အနည်းငယ်အသက်ရှုကျပ်သလိုခံစားရစေသည်။
"ပြောနေလည်း ဘာမှအသုံးမဝင်ဘူး။" ချီမင်က သာမန်မျှသာပြောသည်။"လာစမ်းပါ။"
"မဟာတာအိုအံ့ဖွယ်စွမ်းအား။ တာအိုပေါင်းစည်းခြင်း။"
ချီမင်က အော်ဟစ်လိုက်တော့ အံ့ဖွယ်စွမ်းအားကပေါက်ကွဲထွက်လာခဲ့သည်။ သူက မိုးမြေကို မဟာတာအိုနှင့်ပေါင်းစပ်ခဲ့ဟန်ရှိသည်။ သူက ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စွမ်းအားကို ဆုပ်ကိုင်ခဲ့ပြီး ကမ္ဘာဦးခရမ်းရောင်မြူနှင်းတို့မှာ ပျံ့နှံ့လာခဲ့သည်။
အရမ်းစွမ်းအားကြီးပါ၏။
သူက အတော်လေးစွမ်းအားကြီးသည်။
ချီမင်၏အငွေ့အသက်ကကြောက်မက်ဖွယ်ကောင်းနေသောကြောင့် ထွက်ပေါ်လာသည့်ဖိအားမှာ ကောင်းကင်ပညာရှိဓားအရှင်အား အသက်ရှုရန်ပင်နာကျင်လာစေခဲ့သည်။
"သေစမ်း"
ချီမင်က ကောင်းကင်ပညာရှိဓားအရှင်ကိုတိုက်ခိုက်လိုက်သည်။ သူက ကမ္ဘာဦးပုဆိန်အလင်းကို ခုတ်ချလိုက်သည်။
"ကောင်းကင်ပညာရှိဓားတာအို။"
ကလန်! ကလန်! ကလန်!
မရေမတွက်နိုင်သောဓားမြည်သံများထွက်လာခဲ့သည်။
ကောင်းကင်ပညာရှိဓားအရှင်သည် အံ့ကြိတ်ကာ ခုခံရုံသာတတ်နိုင်သည်။ သူက မရေမတွက်နိုင်သောရွှေရောင်ဓားချီများကိုထုတ်လွှတ်ကာ အတူတကွစုစည်းလိုက်သောကြောင့် လက်သည်းကိုးခုဓားနဂါးကိုကောင်အဖြစ်ပြောင်းလဲသွားခဲ့ပြီး ၎င်းတို့၏အတောင်များကိုဖြန့်လျက် ခုန်အုပ်လိုက်သည်။
ချီမင်၏ကမ္ဘာဦးပုဆိန်အလင်းက အရာအားလုံးကိုဖိနှိပ်လိုက်သည်။ ဓားချီက ပြိုကွဲပေါက်ကွဲသွား တော့သည်။ လက်သည်းကိုခုးဓားနဂါးကိုးကောင်လုံး ပေါက်ကွဲကာ ပျက်စီးသွားတော့သည်။
တိုက်ပွဲက ပိုပြီးပြင်းထန်လာသည်။
ထိုအခိုက်တွင် ချီမင်က ကောင်းကင်ပညာရှိဓားအရှင်ကိုဖိနှိပ်သူဖြစ်လာသည်။ ချီမင်က ကောင်းကင်နှင့်မြေကြီးကိုပင်ခွဲခြမ်းနိုင်သောစွမ်းအားများပါသည့် ကမ္ဘာဦးပုဆိန်အလင်းကို ထုတ်လွှတ်လိုက်သည်။ ၎င်းက ကောင်းကင်ဉာဏ်အလင်းလောကတစ်ခုလုံးကို ပျက်စီးသွားစေဖို့လုံလောက်သည်။
ကောင်းကင်ဉာဏ်အလင်းလောကတစ်ခုတည်းသာမဟုတ်ပေ။ ကောင်းကင်ပညာရှိလောကတွင်ပါ မရေမတွက်နိုင်သောအက်ကွဲကြောင်းများပေါ်လာသည်။
ချီမင်နှင့်ကောင်းကင်ပညာရှိဓားအရှင်၏တိုက်ပွဲနောက်ဆက်တွဲက များစွာသောထိခိုက်ပျက်စီးမှုများကို ဖြစ်ပေါ်လာစေသည်။
ကောင်းကင်ပညာရှိဓားအရှင်က အော်လိုက်သည်။ သူကသွေးထပ်မံအန်လိုက်ကာ လွင့်ထွက်သွားတော့သည်။ သူ၏ရင်ဘက်ပေါ်တွင် အရိုးထိတိုင်နက်ရှိုင်းသော သွေးထွက်နေသည့်ဒဏ်ရာကြီးပေါ်လာသည်။
ကောင်းကင်အရှင်သွေးက ကမ္ဘာကြီးကိုပျက်စီးစေပြီး ထူးခြားဖြစ်စဉ်မျိုးစုံအဖြစ်ပြောင်းလဲသွားသည်။ ကောင်းကင်အရှင်သွေးတစ်စက်က ရေကန်အဖြစ်ပြောင်းလဲသွားနိုင်သလို အထက်ကမ္ဘာ၏သက်ရှိတစ်မျိုးအနေဖြင့်လည်း ပြောင်းလဲနိုင်သည်။
အချိန်ကုန်ဆုံးသွားသည်။
ချီမင်က သူ၏အင်အားကိုလုံးဝထုတ်လွှတ်လာနိုင်ချိန်မှာ ကောင်းကင်ပညာရှိဓားအရှင်သည် ချီမင်၏ပြိုင်ဘက်မဟုတ်တော့ပေ။ သူက တစ်ဖက်သတ်ဖိနှိပ်ခံလာရသည်။
ကောင်းကင်ပညာရှိဓားအရှင်၏ဒဏ်ရာများက ပိုပိုဆိုးလာသည်။
"ဒါဘယ်လိုဖြစ်နိုင်မှာလဲ။"
"ဒါ....ဒါက.."
"မဖြစ်နိုင်ဘူး။ လုံးဝမဖြစ်နိုင်ဘူး။"
"ကောင်းကင်ပညာရှိဓားအရှင်က တကယ်ကြီးချီမင်ရဲ့ပြိုင်ဘက်မဟုတ်ဘူး။"
“…”
ကောင်းကင်ပညာရှိလောက၏အထက်ကမ္ဘာအင်မော်တယ်ဘုရင်များက ထိုအရာကိုမယုံကြည်နိုင်ဘဲ ကြောက်လန့်တကြားအော်လိုက်သည်။
"ဆရာ။"
ကောင်းကင်ပညာရှိအရှင် ပါးစပ်ကြီးဟသွားကာ လုံးဝကိုထိတ်လန့်သွားတော့သည်။ သူက စွမ်းအားမဲ့မှုကိုခံစားလိုက်ရပြီး အင်မတန်ကြောက်ရွံ့သွားသည်။ သူက ချီမင်၏ခွန်အားကိုလေးစားသွားခဲ့သည်။"သူ တကယ်ကြီး.."
"ဆရာက ဥပဒေသကောင်းကင်အရှင်ဒုတိယအဆင့်မှာ။ချီမင်က အခုမှ ဥပဒေသကောင်းကင်အရှင် အဆင့်ကို ချိုးဖြတ်ထားတာ။ သူက ဥပဒေသကောင်းကင်အရှင်ပထမအဆင့်ပဲ ရှိသေးတယ်။ သူက ကိုယ်ပိုင်အင်မော်တယ်ရတနာတွေကိုလည်း အပြည့်အဝတောင်မသန့်စင်ရသေးဘူး။"
"ဆရာ...ဆရာကချီမင်ကိုမရှုံးနိုင်ပါဘူး။..."
"ဒါဘယ်လိုဖြစ်နိုင်မှာလဲ။"
ထိတ်လန့်ဖွယ်အော်သံများထွက်ပေါ်လာ၏။
ကောင်းကင်ပညာရှိဓားအရှင်က သွေးအန်လိုက်သည်။ သူ၏ခန္ဓာကိုယ်မှာ ချီမင်ကြောင့်နှစ်ပိုင်းပြတ်လုနီးပါးပင်။ သူက ကောင်းကင်ပေါ်မှပြုတ်ကျလာကာ အရှေ့ပိုင်းအံ့ဖွယ်အောင်ခြင်းပြည်နယ်၏မြေပြင်အက်ကွဲကြောင်းထဲသို့ကျသွားတော့သည်။
ကြောက်မက်ဖွယ်ကောင်းသည့်စွမ်းအားတစ်ခုထွက်ပေါ်လာသည်။
ထိုစွမ်းအားက အရှေ့ပိုင်းအံ့ဖွယ်အောင်ခြင်းပြည်နယ်တစ်ခုလုံးကို လှုပ်ခါသွားစေသည်။ ကောင်းကင်ပညာရှိဓားအရှင်၏ခန္ဓာကိုယ်ကြောင့် ပြည်နယ်မှာ ပျက်စီးသွားလုနီးနီးပင်။
ကံကောင်းချင်တော့ အရှေ့ပိုင်းအံ့ဖွယ်အောင်ခြင်းပြည်နယ်ကို လက်သည်းကိုးခုဘိုးဘေးနဂါးနှင့် ကိုးရောင်ခြယ်ဖီးနစ်က ကာကွယ်ပေးထားခဲ့သည်။ ကံကြမ္မာသားရဲနှစ်ကောင်ပေါ်လာပြီး အရှေ့ပိုင်းအံ့ဖွယ်အောင်ခြင်းပြည်နယ်ကို ကာကွယ်ပေးလိုက်သည်။ သို့မှသာ အရှေ့ပိုင်းအံ့ဖွယ်အောင်ခြင်းပြည်နယ်သည် ကမ္ဘာဦးပြည်နယ်ကဲ့သိုဖြစ်ရပ်မျိုးထပ်မဖြစ်လာခဲ့ပေ။
"သူနိုင်သွားပြီ။ သူနိုင်သွားပြီ။"
"အရှင်ကောင်းကင်ဧကရာဇ်နိုင်သွားပြီ။"
“ဟားဟား..."
"ငါသိတယ်။ငါသိနေခဲ့တယ်..."
"အရှင်ပဲသေချာပေါက်နိုင်မှာပေါ့။"
"ကောင်းတယ်ဟေ့။"
ကောင်းကင်ဉာဏ်အလင်းလောက၏အထက်ကမ္ဘာအင်မော်တယ်ဘုရင်များနှင့်အင်မော်တယ်အရာရှိများသည် စိတ်လှုပ်ရှားသွားတော့၏။ သူတို့က ဂုဏ်ယူသွားကြသည်။
"ကောင်းကင်ပညာရှိဓားအရှင်"
ချီမင်၏တစ်ကိုယ်လုံးပေါ်တွင် ကမ္ဘာဦးခရမ်းရောင်အလင်းမှာ သံချပ်ကာတစ်ခုသဖွယ် ဖုံးအုပ်နေခဲ့သည်။ သူက ညာဘက်လက်ဖြင့် ဖရိုဖရဲမဟာပုဆိန်ကိုတင်းကြပ်စွာကိုင်ထားသည်။ ၎င်းက သာမန်ဖရိုဖရဲနတ်ဆိုးဘုရားတစ်ကောင်၏အရှိန်အဝါထက်ပို၍သန်မာသည်။
သူက လေဟာနယ်ထဲတွင်ရပ်နေလျက် အောက်မှတွင်းကြီးကိုကြည့်နေသည်။ ဖုန်မှုန့်များ ပျောက်ကွယ်သွားပြီးနောက်မှာ တွင်းနက်ကြီးထဲ၌ လှဲနေခဲ့သော ဒဏ်ရာအပြင်းအထန်ရရှိထားသည့် ကောင်းကင်ပညာရှိဓားအရှင်ကိုတွေ့လိုက်ရသည်။
"ခင်ဗျားရှုံးပြီ။" ချီမင်က သာမန်အတိုင်းသာ ပြောလိုက်သည်။