အညံ့ခံခြင်း။ မူလအစကမ္ဘာ
Vol. 28 Ch. 413
"အဟွတ်..ဟွတ်"
တွင်းကြီးထဲတွင် ကောင်းကင်ပညာရှိဓားအရှင်သည် လဲလျောင်းနေခဲ့ပြီး ချောင်းဆိုးလျက် ပါးစပ်အပြည့်သွေးအန်လျက်ရှိသည်။ သူ၏ခန္ဓာကိုယ်သည် ချီမင်၏ဖရိုဖရဲမဟာပုဆိန်ကြောင့် ပြတ်ထွက်လုနီးပါးပေ။
တာအိုစွမ်းအားလှိုင်းများပျံ့နှံ့လာခဲ့ပြီး ရွှေရောင်များလင်းလက်လာခဲ့ကာ သူ၏ခါးပေါ်မှဒဏ်ရာကို ကာကွယ်ပေးသည်။ သို့ပါသော်လည်း သွေးများမှာ ဆက်လက်ထွက်နေသေးသည်။ ကောင်းကင်အရှင်သွေးက မြေဆီအနှစ်သာရကိုတောင် ပြောင်းလဲပစ်နိုင်သည်။
ကောင်းကင်ပညာရှိဓားအရှင်သည် ဒဏ်ရာပြင်းထန်ရသွားသည်။
သူ၏ခန္ဓာကိုယ်ပေါ်မှဒဏ်ရာများသာမဟုတ်ပေ။ အရေးကြီးသည်က သူ၏ခန္ဓာကိုယ်ထဲမှတာအိုစွမ်းအားများသည် အပြင်းအထန်ကုန်ခမ်းလာနေသည်။ သူ၏ရင်ဘက်ပေါ်မှ ဓားတာအိုသစ်သီးသည် ခုနတိုက်ပွဲတွင် ပျက်စီးသွားခဲ့သည်။
သူ၏ခန္ဓာ၊ဝိညာဉ်၊စစ်မှန်ဝိညာဉ်နှင့်တာအိုသစ်သီးတို့မှာ အပြင်းအထန်ထိခိုက်သွားသည်။ထို့ကြောင့်သာ သူက ထိုသို့ဖြစ်လာခဲ့ခြင်းဖြစ်သည်။
သူက တွင်းနက်ကြီးထဲတွင် လဲကျနေခဲ့ပြီး ပြန်လည်မထနိုင်တော့ပေ။
အတော်လေးသနားဖို့ကောင်းသည်။
ကောင်းကင်ပညာရှိဓားအရှင်က ခေါင်းမော့ကာ သူ၏ခန္ဓာကိုယ်ကို အတင်းအကြပ်ထောက်ကန်လိုက်သည်။ သူက ချီမင်ကိုကြည့်ကာ ထပ်မံပြောလာသည်။"မင်းက မဟာတာအိုကိုကျင့်ကြံတာလား။ မင်းက ကောင်းကင်နှင့်မြေကြီးမဟာာတာအိုကို နားလည်ထားခဲ့တာလား။ မင်း လေဟာနယ်စကြဝဠာပင်လယ်ထဲက မိုးမြေမဟာအန္တနတာအိုကို နားလည်ထားခဲ့တာလား။"
"ခင်ဗျား ဘာပြောချင်နေတာလဲ။" ချီမင်က ဒဏ်ရာအပြင်းအထန်ရထားသည့် ကောင်းကင်ပညာရှိ ဓားအရှင်ကို မျက်မှောင်ကြုံကာကြည့်သည်။"ကျုပ်အတွက် ခင်ဗျားရဲ့တာအိုသစ်သီးကို ဖျက်ဆီးဖို့ဆိုတာ ပုဆိန်တစ်ချက်ခုတ်စာပဲ ရှိတယ်။ ခင်ဗျားရဲ့ဝိညာဉ်နဲ့ခန္ဓာကို ချုပ်ငြိမ်းသွားအောင်လုပ်နိုင်တယ်။"
"ဟားဟား..."ကောင်းကင်ပညာရှိဓားအရှင်က ရုတ်တရက် ကျယ်လောင်စွာရယ်မောလိုက်သည်။ သူက အတင်းအကြပ်ရယ်လိုက်သည့်အတွက် ဒဏ်ရာများကိုထိခိုက်သွားစေသည်။ သူ သွေးထပ်အန်လိုက်ရသည်။
"ငါမထင်ထားခဲ့ဘူး။ တကယ့်ကိုမထင်ထားခဲ့ဘူး။"
ကောင်းကင်ပညာရှိဓားအရှင်သည် ပြန်လည်သက်သာသွားပြီးမှဆက်ပြောသည်။"ငါ မဟာတာအိုကျင့်ကြံတဲ့ စစ်မှန်တဲ့ဖြစ်တည်မှုနဲ့ တကယ့်ကိုကြုံနေရတာပဲ။"
"ငါမင်းကိုရှုံးတာ မအံ့ဩတော့ပါဘူး။"
“…”
ချီမင်ကတိတ်ဆိတ်သွားသည်။
ကောင်းကင်ပညာရှိဓားအရှင်ကခေါင်းမော့ကာ ချီမင်ကိုကြည့်နေခဲ့သည်။ သူက အသံနက်နက်ဖြင့် ပြောသည်။"ငါ မင်းကိုအရှုံးပေးပါတယ်။မင်းရဲ့နောက်လိုက်လုပ်ပေးမယ်။ ဒီနေ့ကစပြီး ငါမင်းရဲ့အမိန့်တွေကိုနာခံပါ့မယ်။"
ချီမင်၏မျက်လုံးများက အနည်းငယ်လင်းလက်သွားသည်။သူက အနည်းငယ်စိတ်ဝင်စားသွားသည်။ သူက ကောင်းကင်ပညာရှိဓားအရှင်သည် တိုက်ရိုက်ကြီးအရှုံးပေးလာမည် ဟုမထင်ထားခဲ့ပေ။ "ကျွန်တော် ခင်ဗျားကိုဘယ်လိုယုံရမလဲ။"
ထိုအခိုက် ကောင်းကင်ပညာရှိဓားအရှင်ကအံကြိတ်ကာ သူ၏အခြေခံနည်းစနစ်ကိုလည်ပတ်လိုက် သည်။ သူ၏ရင်ဘက်ပေါ်မှဓားတာအိုသစ်သီးကနေ ရွှေရောင်ဓားလေးတစ်လက်ကွဲထွက်လာခဲ့ပြီး ချီမင်ရှေ့တည့်တည့်သို့ပျံသန်းလာသည်။
"အဟွတ် ဟွတ်"
ကောင်းကင်ပညာရှိဓားအရှင်ကသွေးထပ်အန်လိုက်ပြန်သည်။ ထိုအရာလုပ်ပြီးနောက်မှာ သူကပို၍အားနည်းလာသည်။ သူက ထပ်မထိန်းနိုင်တော့ပေ။ အားနည်းနေသည့်အသံထွက် ပေါ်လာသည်။"ဒါက ငါ့ဓားတာအိုသစ်သီးရဲ့ဇာစ်မြစ်မူလပဲ။"
"မင်းလုပ်ရမှာက ဓားတာအိုသစ်သီးရဲ့ဇာစ်မြစ်ကို ထိန်းချုပ်လိုက်ရင် မင်းငါ့ရဲ့အသက်ကိုထိန်းချုပ်နိုင်တယ်။ မင်း ကြိုက်တဲ့အချိန်ဖျက်ဆီးလို့ရတယ်။"
"အချိန်ကျလာရင်..."
"ငါရဲ့ဓားတာအိုသစ်သီးက ချက်ချင်းပဲပျက်စီးသွားလိမ့်မယ်။ တာအိုသစ်သီးရဲ့တန်ပြန်သက်ရောက်မှုနဲ့ ဆို ငါသေချာပေါက် ပြာကျသေဆုံးသွားလိမ့်မယ်။"
"မင်းငါကို အခုယုံပြီလား။" ကောင်းကင်ပညာရှိဓားအရှင်ကဆိုသည်။
ချီမင်က သူ၏ဘယ်ဖက်လက်ဖြင့် လှမ်းကိုင်လိုက်ကာ ကျင့်ကြံခြင်းနည်းစနစ်ကိုလည်ပတ်လိုက်သည်။ တာအိုစွမ်းအားများတဟုန်ထိုးတိုးမြှင့်လာပြီး ရွှေရောင်ဓားလေးပေါ်သို့ဖုံးအုပ်သွားတော့သည်။ ချက်ချင်းပဲ သူက နားလည်သဘောပေါက်သွားတော့သည်။
ချီမင်၏စိတ်ထဲသို့သက်ဆိုင်ရာအချက်အလက်များဝင်ရောက်လာခဲ့သည်။
ကောင်းကင်ပညာရှိဓားအရှင်၏သေခြင်းရှင်ခြင်းက ချီမင်၏လက်ထဲတွင်ဖြစ်သည်။
ကောင်းကင်ပညာရှိဓားအရှင်ပြောသည်က အမှန်တရားဖြစ်သည်။
"စိတ်ဝင်စားဖို့ကောင်းတယ်။"
ချီမင်က ဘယ်ဖက်လက်ကိုတင်းတင်းကြပ်ကြပ်စုပ်လိုက်သည်။သူ၏လက်ထဲမှရွှေရောင်ဓားသည် ပျောက်ကွယ်သွားတော့သည်။ ၎င်းက သူ၏ခန္ဓာကိုယ်ထဲသို့ဝင်သွားတော့ပြီး ကမ္ဘာဦးတာအိုသစ်သီးထဲတွင် ဖိနှိပ်ထားလိုက်သည်။
ချီမင်သာဆန္ဒရှိနေသရွေ့ သူက ကောင်းကင်ပညာရှိဓားအရှင်၏ဓားတာအိုသစ်သီးဇာစ်မြစ်ကို အချိန်မရွေးဖျက်ဆီးနိုင်သည်။ ထိုသို့သာဖြစ်လျှင် သူက ကျိန်းသေပေါက်ဖျက်ဆီးခံရမှာဖြစ်သည်။
ချီမင်၏လက်ထဲမှဖရိုဖရဲမဟာပုဆိန်သည် အလင်းတန်းစီးကြောင်းအဖြစ်ပြောင်းလဲကာ သူ၏ခန္ဓာကိုယ်ထဲသို့ဝင်ရောက်သွားတော့သည်။ သူက ခွန်အားကိုကန့်သတ်လိုက်သည်။
ကမ္ဘာဦးခရမ်းရောင်အလင်းများပျောက်ကွယ်သွားတော့သည်။
ကမ္ဘာထဲမှဖိအားများပျောက်ကွယ်သွားတော့သည်။
“သွား!”
ချီမင်က ညာဘက်လက်ကိုဝေ့ယမ်းလိုက်သည်။ သူသည် ဖရိုဖရဲချီစွမ်းအင်ကို လက်ခံရရှိပြီး သူ၏ကျင့်စဉ်ဖြင့် သန့်စင်လိုက်ရာ တာအိုအက္ခရာများ ပါဝင်သော စွမ်းအင်သန့်စင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်ပညာရှိဓားအရှင်ထံသို့ အဟုန်ဖြင့် တိုးဝင်သွားသည်။
"ကျေးဇူးတင်ပါတယ်။ သခင်"
ကောင်းကင်ပညာရှိဓားအရှင်၏မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြစ်တည်လာသည်။ သူက အခြေခံနည်းစနစ်ကိုလည်ပတ်လိုက်သည်။ ရွှေရောင်အလင်းနှင့်ဓားအလင်းတို့မှာ သူ၏တစ်ကိုယ်လုံးပေါ်တွင် ရေနဂါးတို့ပမာ ဝန်းရံလာသည်။
သူက ချီမင်ပေးသည့်စွမ်းအင်များကိုလျင်မြန်စွာသန့်စင်လိုက်သည်။
သိပ်မကြာခင်မှာပဲ ကောင်းကင်ပညာရှိဓားအရှင်သည် ၎င်းတို့အားလုံးကိုသန့်စင်ပြီးသွားခဲ့ပြီး သူ၏ဒဏ်ရာများမှာ ပျောက်ကင်းသွားတော့သည်။ အနည်းဆုံးတော့ သူ့ဒဏ်ရာများက အတော်လေးသက်သာသွားခဲ့သည်။သူ၏ခါးပေါ်မှကြောက်မက်ဖွယ်ရာဒဏ်ရာကြီးမှာ ပြန်လည်သက်သွားခဲ့သည်။
ဝိညာဉ်၊စစ်မှန်ဝိညာဉ်၊အသိစိတ်နှင့်တာအိုသစ်သီးအပေါ်မှ ဒဏ်ရာများကို ကုသရန် တံခါးပိတ်ကျင့်ကြံရန်လိုအပ်နေပါသေး၏။ ၎င်းက အချိန်တိုလေးအတွင်းမှာ ကုသလို့ရသည့်အရာမဟုတ်ပေ။
ချီမင်ကခေါင်းညိတ်ကာ သာမန်မျှသာပြောသည်။"မင်းခုနကပြောပုံအရဆို မင်းက မဟာတာအိုကျင့်ကြံတဲ့သူတွေကို သိတာလား။ မင်းကိုကြည့်ရတာ ငါမဟာတာအိုကိုကျင့်ကြံသူဆိုတာသိသွားတော့ အရမ်းထိတ်လန့်သွားတယ်ထင်တယ်။"
"ငါ မင်းကိုအညံ့ခံမယ်လိုတော့ မထင်ထားခဲ့ဘူး။"
"ဒါမှမဟုတ် မင်းသေမှာကြောက်သွားလို့လား။ မင်းအသက်ရှင်ရတာကြာလာလေလေ မင်းမသေချင်တော့လေဖြစ်လာတာလား။ အဲ့ဒါကြောင့် ငါသတ်တာခံလိုက်ရမှာကြောက်သွားတာလား။ အသက်ရှင်ချင်လို့ အညံ့ခံလိုက်တာလား။"
"ဒါက..."ကောင်းကင်ပညာရှိဓားအရှင်က ချီမင်ကိုထပ်မံဦးညွှတ်လိုက်သည်။"သခင် ကျွန်တော့်ရဲ့နာမည်အရင်းက လီထျန်းရှန်းပါ။ ကျွန်တော် သခင်အရှေ့မှာ ကိုယ့်ကိုယ်ကိုဘယ်လိုများ ကောင်းကင်ပညာရှိဓားအရှင်လို့ခေါ်ရဲတော့ပါ့မလဲ။"
"မဟာတာအိုကိုကျင့်ကြံတယ်ဆိုတာကတော့..."
လီထျန်းရှန်းက အသက်ပြင်းပြင်းရှုလိုက်၏။ သူ၏အကြည့်ကလေးနက်နေလျက် အမူအရာက အင်မတန်လေးစားနေခဲ့သည်။"ကျွန်တော် သိပါတယ်။"
"လေဟာနယ်စကြဝဠာတစ်ခုလုံးထဲမှာ စုစုပေါင်းအထက်ကမ္ဘာကိုးခုနဲ့ မရေမတွက်နိုင်တဲ့အဆင့်နိမ့်ကမ္ဘာတွေရှိတယ်။"
"မရေမတွက်နိုင်တဲ့မျိုးနွယ်တွေရှိတယ်။"
"ကျင့်ကြံခြင်းအဆင့်အရဆိုရင်..."
"ကျင့်ကြံခြင်းအဆင့်တွေကို ကျင့်ကြံသူ၊ဥပဒေသကျင့်ကြံသူ၊စည်းမျဉ်းကျင့်ကြံသူ၊ ကောင်းကင်တာအိုကျင့်ကြံသူနဲ့ အထက်ကမ္ဘာကိုးကမ္ဘာရဲ့ ဒဏ္ဍာရီလာဖြစ်တည်မှုတွေဖြစ်တဲ့ မဟာတာအိုကျင့်ကြံသူတွေဆိုပြီးခွဲခြားထားတယ်။"
"သာမန်အားဖြင့်ကောင်းကင်တာအိုကျင့်ကြံသူတွေကပဲ အရှင်နယ်ပယ်ကိုတက်လှမ်းနိုင်တဲ့အခွင့်အရေးရှိတာ။ သူတို့သာဆက်ပြီးကျင့်ကြံရင် ထာဝရအထွတ်အထိပ်အရှင်နယ်ပယ်အဆင့်ကိုးထိ အများဆုံးရောက်နိုင်တယ်။"
"ဒါပေမဲ့ အထက်ကမ္ဘာကိုးကမ္ဘာရဲ့အထက်မှာ နောက်ထပ်ကမ္ဘာတစ်ကမ္ဘာကျန်သေးတယ်။ အဲ့ဒီကမ္ဘာမှာ တာအိုနဲ့အရာအားလုံးဇာစ်မြစ်ရဲ့အရင်းအမြစ်တွေရှိတယ်။"
"ဒဏ္ဍာရီတွေအရတော့ မရေမတွက်နိုင်တဲ့ခေတ်ကာလတွေပြီးသွားခဲ့ပြီးနောက်မှာ အထွတ်အထိပ်အရှင်တွေ မွေးဖွားလာခဲ့တယ်။ အချို့ကသေသွားခဲ့တယ်။အချို့ကတော့ အခုထိတိုင်အသက်ရှင်ခဲ့သေးတယ်။ သူတို့က အဲ့ဒီကမ္ဘာကို မူလအစကမ္ဘာလို့ခေါ်တယ်။"
"အဲ့ကမ္ဘာထဲက အရာအားလုံးက မူလအစကမ္ဘာကနေထွက်ပေါ်လာခဲ့တယ်။"
"မဟာတာအိုကိုကျင့်ကြံတဲ့သူတွေပဲ ထာဝရအထွတ်အထိပ်အရှင်နယ်ပယ်ကိုကျော်ဖြတ်ပြီး မသိနိုင်တဲ့နယ်ပယ်ထဲကိုဝင်ရောက်နိုင်တယ်။ပြီးတော့ မူလအစကမ္ဘာကိုဝင်ရောက်နိုင်တယ်။"
"ဒါက..."ချီမင်က လီထျန်းရှန်း၏စကားကိုကြားတော့ သူအနည်းငယ်အံ့ဩသွားတော့သည်။ သူက အထက်ကမ္ဘာကိုးကမ္ဘာ၏လျှို့ဝှက်ချက်များကိုသိသွားခဲ့သည်။"အထက်ကမ္ဘာကိုးကမ္ဘာရဲ့အထက်မှာ မူလအစကမ္ဘာလိုမျိုးကမ္ဘာရှိသေးတာလား။"
"အရာရာတိုင်းရဲ့အရင်းအမြစ်အခြေခံလား။ မဟာတာအိုကျင့်ကြံတဲ့သူတွေပဲ မူလအစကမ္ဘာကို ခြေရာခံနိုင်တဲ့ဖြစ်နိုင်ချေရှိတယ်။" ချီမင်က တီးတိုးရေရွတ်လိုက်သည်။
"ဟုတ်ကဲ့ပါ သခင်။" လီထျန်းရှန်းကခေါင်းညိတ်ကာဆိုသည်။"ကျွန်တော်ရှေးဟောင်းစာအုပ်တွေနဲ့ကောင်းကင်တာအိုစာအုပ်တွေကိုဖတ်ခဲ့ဖူးပါတယ်။ အဲ့ဒီစာအုပ်တွေမှာလည်း သက်ဆိုင်ရာမှတ်တမ်းတွေရှိတယ်။"
"မရေမတွက်နိုင်တဲ့နှစ်တွေတစ်လျှောက်မှာ မဟာတာအိုကျင့်ကြံသူတွေပေါ်လာခဲ့တယ်။ဒါပေမဲ့ သူတို့တွေအားလုံးက ဘယ်လိုပဲဖြစ်ဖြစ် ထာဝရအထွတ်အထိပ်အရှင်နယ်ပယ်ကိုခြေချနိုင်ခဲ့တယ်။ အတော်များများကတော့ မဟာတာအိုနောက်ကိုလိုက်ရင်းလမ်းတစ်ဝက်မှာသေသွားခဲ့တယ်။"
"တကယ်တော့ မူလအစကမ္ဘာကိုခြေရာခံနိုင်တာက လူကိုးယောက်ပဲရှိခဲ့တယ်။"
"မဟာတာအိုကျင့်ကြံတဲ့ အဲ့ဒီအထွတ်အထိပ်ဖြစ်တည်မှုကိုးယောက်လုံးက လေဟာနယ်စကြဝဠာတစ်ခုလုံးကိုလွှမ်းမိုးနိုင်တဲ့အသန်မာဆုံးဖြစ်တည်မှုတွေပဲ။ သူတို့တွေက အထက်ကမ္ဘာကိုးကမ္ဘာရဲ့သခင်တွေပဲ။"
"ပထမအထက်ကမ္ဘာအင်မော်တယ်ကမ္ဘာရဲ့အရှင်။ ဒုတိယအထက်ကမ္ဘာဗုဒ္ဓကမ္ဘာရဲ့အရှင်။ တတိယအထက်ကမ္ဘာနတ်ဆိုးကမ္ဘာရဲ့အရှင်။ စတုတ္ထကမ္ဘာမိစ္ဆာကမ္ဘာရဲ့အရှင်..."
"အဲ့ဒီဖြစ်တည်မှုတွေရဲ့ကျင့်ကြံခြင်းအဆင့်နယ်ပယ်တွေက ကျွန်တော်တို့ရောက်နိုင်တဲ့အဆင့်တွေမဟုတ်ပါဘူး။ သူတို့တွေအားလုံးက ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်အဆင့်ကိုးထက်ကျော်လွန်ပြီး နယ်ပယ်အသစ်တစ်ခုထက်ကျော်လွန်သွားနိုင်တဲ့သူတွေပဲ။"
"သေချာတာကတော့ ဒါတွေက ကျွန်တော်ရဲ့ခန်းမှန်ချက်တွေပါပဲ။"
"မင်းရဲ့ခန့်မှန်းချက်ဖြစ်ဖြစ် အမှန်တရားအဖြစ်ဖြစ်..."ချီမင်ကဆိုသည်။"အစတည်းက အထက်ကမ္ဘာကိုးကမ္ဘာရဲ့အရှင်တွေက မင်းပြောသလောက်ဆို အခြေခံအားဖြင့်တော့ ငါနဲ့တော့မဆိုင်ပါဘူး။ အများကြီးတွေးထားစရာမလိုဘူး။"
"သခင်ပြောတာမှန်ပါတယ်။" လီထျန်းရှန်းကဆိုသည်။"ကျွန်တော် သခင်မဟာတာအိုကိုကျင့်ကြံမှန်းသိပါတယ်။ ပြီးတော့ သခင်က ကောင်းကင်အရှင်နယ်ပယ်ကိုချိုးဖြတ်တာခုနလေးတင်ပါ။"
"မဟာတာအိုရဲ့ကာကွယ်ပေးမှုအောက်မှာ ကျွန်တော်ကတော့ သခင့်ရဲ့ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် ကျိန်းသေပေါက် အနာဂတ်မှာ ထာဝရအထွတ်အထိပ်အရှင်ဖြစ်လာမှာလို့ယုံကြည်ပါတယ်။ အချိန်အတိုင်းအတာတစ်ခုပဲလိုပါတယ်။"
"အဲ့ဒါကြောင့် ကျွန်တော်သခင့်နောက်လိုက်ဖို့ဆန္ဒရှိပါတယ်။"
ချီမင်က နောက်ဆုံးမှာ ထိုကိစ္စ၏အကြောင်းအရင်းကိုနားလည်သွားတော့သည်။
တစ်ခြားတစ်ဖက်မှာတော့ ကောင်းကင်ဉာဏ်အလင်းလောက၏အထက်ကမ္ဘာအင်မော်တယ်ဘုရင်များ သို့မဟုတ် ကောင်းကင်ပညာရှိလောက၏အထက်ကမ္ဘာအင်မော်တယ်ဘုရင်များဖြစ်စေ သူတို့က ချီမင်နှင့်လီထျန်းရှန်း၏စကားဝိုင်းကိုမကြားနိုင်ပေ။
သူတို့ကမကြားနိုင်ပေမဲ့လည်း ကောင်းကင်ပညာရှိဓားအရှင်၏အမူအရာကိုတော့မြင်နိုင်သည်။
ပထမဆုံး သူတို့က ချီမင်သည်ကောင်းကင်ပညာရှိဓားအရှင်အားကယ်တင်လိုက်ခြင်းကိုမြင်ခဲ့ရသည်။ သူက ရုပ်ပိုင်းဆိုင်ရာဒဏ်ရာများသက်သာသွားပြီးနောက်မှာ ချက်ချင်းပဲ ချီမင်ကိုဒူးထောက်ကာ ဦးညွှတ်အရိုအသေပြုလာခဲ့သည်။
ထိုသည်ကနေကြည့်လျှင် ကောင်းကင်ပညာရှိဓားအရှင်သည် ချီမင်ထံ၌အညံ့ခံလိုက်ပြီး နောက်လိုက်ဖြစ်လာကြောင်း ခန့်မှန်းကြည့်နိုင်သည်။ ထိုမြင်ကွင်းက သက်ရှိများကိုထိတ်လန့်သွားစေသည်။
"ဒါ....ဒါက.."
"အတော်လေးလန့်ဖို့ကောင်းတယ်။"
"ကောင်းကင်ပညာရှိဓားအရှင်က တကယ်ကြီးချီမင်ကိုအညံ့ခံပြီး သူ့ရဲ့နောက်လိုက်ဖြစ်လာတယ်။"
"ငါပဲ စိတ်ခြောက်ခြားနေတာလား။"
"ငါ ဒါကိုမယုံနိုင်ဘူး။မယုံနိုင်သေးဘူး။"
“…”
ကောင်းကင်ပညာရှိလောက၏အင်မော်တယ်ဘုရင်များက တစ်ပြိုင်တည်းအော်လိုက်ကြသည်။
"ဆရာ။"
ကောင်းကင်ပညာရှိအရှင်ကပါးစပ်ဟလိုက်သည်။သို့ပေမဲ့ သူကလုံးဝကိုတိတ်ဆိတ်သွားတော့သည်။"ဘယ်လိုဖြစ်ကုန်တာလဲ။"
"ဘာပဲဖြစ်ဖြစ် ဆရာကအရှုံးပေးလိုက်ပြီဆိုတော့ သူ့အသက်ကအန္တရာယ်မရှိတော့ဘူး။ ကောင်းကင်ပညာရှိလောက ကဘယ်လိုကပ်ဘေးဒုက္ခကိုမှမခံစားရတော့ဘူး။ ဒါကဖုံးကွယ်ထားတဲ့ကောင်းချီတစ်ခုလို့တောင်ပြောလို့ရတယ်။" ကောင်းကင်ပညာရှိအရှင်ကသက်ပြင်းချလိုက်သည်။
"အရှင်ကောင်းကင်ဧကရာဇ်က အရမ်းသန်မာတယ်။"
"သူက ကောင်းကင်ပညာရှိဓားအရှင်ကိုအနိုင်ယူလိုက်တဲ့အပြင် သူ့ရဲ့နောက်လိုက်ဖြစ်ချင်လာအောင်ပါ လုပ်နိုင်တယ်။"
"ဒီကိစ္စက ငါ့ရဲ့နားလည်ထားမှုတွေကိုချိုးဖြတ်လိုက်တာပဲ။"
"ကောင်းကင်ပညာရှိဓားအရှင်က ဥပဒေသကောင်းကင်အရှင်တစ်ပါးပဲ။ အရှင်ကောင်းကင်ဧကရာဇ်ကပဲ ဥပဒေသကောင်းကင်အရှင်ကို အညံ့ခံလာအောင်လုပ်နိုင်တယ်။"
"အရှင်ကောင်းကင်ဧကရာဇ်က တကယ့်ကိုပြိုင်ဘက်ကင်းပဲ။ သူ့လိုလူမျိုးထပ်မရှိတော့ဘူး။"
တစ်ချိန်တည်းမှာ ကောင်းကင်ဉာဏ်အလင်း၏အင်မော်တယ်ဘုရင်များနှင့်အင်မော်တယ်အရာရှိတို့မှာ အင်မတန်ပျော်ရွှင်သွားတော့သည်။ သူတို့ကတက်ကြွစွာဆွေးနွေးနေကြသည်။သူတို့က ချီမင်ကိုပို၍တောင်ရိုသေလာကြသည်။