အလိုအလျောက်ကျင့်ကြံခြင်းစနစ်ကိုထပ်မံအဆင့်မြှင့်တင်ခြင်း
Vol. 28 Ch. 414
"မင်းကအညံ့ခံလိုက်ပြီဆိုတော့ ဒီနေ့ကစပြီး ကောင်းကင်ပညာရှိမဟာမိတ်က ကောင်းကင်ဉာဏ်အလင်းဧကရာဇ်မင်းဆက်နဲ့ ပူးပေါင်းရမယ်။ ကောင်းကင်ဉာဏ်အလင်းလောကနဲ့ ကောင်းကင်ပညာရှိလောက၊က ကောင်းကင်ဉာဏ်အလင်းဧကရာဇ်မင်းဆက်ရဲ့ နယ်နိမိတ်ထဲမှာပါလာလိမ့်မယ်။"
လီထျန်းရှန်းကခေါင်းညိတ်သည်။"ဟုတ်ကဲ့။"
သူကဆက်၍ပြောသည်။"တစ်ခုရှိသေးတယ်။ ကောင်းကင်ဉာဏ်အလင်းလောကနဲ့ကောင်းကင်ပညာရှိလောကတို့က လက်ရှိမှာပေါင်းစပ်နေတဲ့အခြေအနေကိုရောက်နေတယ်။ ပထမအထက်ကမ္ဘာမှာဆို ဒီကိစ္စကသေးသေးလေးတော့မဟုတ်ဘူး။ ပေါင်းစပ်မှုသာအောင်မြင်သွားခဲ့ရင် တာအိုမူလအစမိုင်းက ကျိန်းသေပေါက်ပေါ်လာလိမ့်မယ်။ ပြီးတော့ ဖရိုဖရဲနတ်ဆိုးဘုရားတွေပါ မွေးလာလိမ့်မယ်။"
ချီမင်က မျက်ခုံးပင့်ကာဆိုသည်။"ဒီလိုကိစ္စမျိုးရှိတာလား။"
"ဟုတ်ကဲ့” လီထျန်းရှန်းကခေါင်းညိတ်သည်။
"ကောင်းပြီ။ငါ့ကို ပထမအထက်ကမ္ဘာနဲ့ပတ်သက်တဲ့အရာအားလုံးပြောပြ။" ချီမင်က ညွှန်ကြားလိုက်သည်။
"ဟုတ်ကဲ့” လီထျန်းရှန်းက ဦးညွှတ်ကာဆက်၍ပြောသည်။"ပထမအထက်ကမ္ဘာမှာ လောကပေါင်း(၃၀၀၀)ရှိတယ်။ ဒါပေမဲ့ တကယ်တော့ လောက(၃၀၀၀)ဆိုတာ ပုံသေမဟုတ်ဘူး။"
"ပြီးတော့.."
"ပထမအထက်ကမ္ဘာမှာ စုစုပေါင်းဂိုဏ်းကြီးငါးဂိုဏ်း ရှိတယ်။ သူတို့က ဒေသငါးခုမှာပြန့်ကျဲနေတယ်။"
"ငါ့ကိုအသေးစိတ်ပြော။" ချီမင်က ဆိုသည်။
လီထျန်းရှန်းကခေါင်းညိတ်သည်။"ပထမဆုံးအနေနဲ့ ဂိုဏ်းအဖွဲ့အစည်းကြီးငါးခုထဲမှာ ပထမအဆင့်ကတော့ ပထမအထက်ကမ္ဘာ အင်မော်တယ်ကမ္ဘာအရှင်ဖန်တီးခဲ့တဲ့ ထာဝရအင်မော်တယ်ဌာနချုပ်ပဲ။ အဲ့ဂိုဏ်းရဲ့အစွယ်အပွားတွေက ပထမအထက်ကမ္ဘာတစ်ခုလုံးနီးပါးမှာရှိတယ်။တခြားအထက်ကမ္ဘာရှစ်ကမ္ဘာမှာတောင် သူတို့ရဲ့ခြေရာလက်ရာတွေရှိတယ်။"
"ပြီးတော့..."
"ထာဝရအင်မော်တယ်ဌာနချုပ်ရဲ့ဗဟိုဌာနချုပ်က ပထမအထက်ကမ္ဘာရဲ့လောကသုံးထောင်ထဲကတစ်ခုဖြစ်တဲ့ အင်မော်တယ်ကမ္ဘာလောကထဲမှာပဲ။ အင်မော်တယ်ကမ္ဘာလောကက လောကသုံးထောင်ထဲမှာ အကျယ်ပြန့်ဆုံးလောကပဲ။ အတော်လေးကျယ်တယ်။ကောင်းကင်ဉာဏ်အလင်းလောကဒါမှမဟုတ် ကောင်းကင်ပညာရှိလောကဖြစ်ဖြစ် နည်းနည်းလေးတောင်ယှဉ်နိုင်မှာမဟုတ်ဘူး။ ကောင်းကင်ဉာဏ်အလင်းလောကနဲ့ကောင်းကင်ပညာရှိလောကပေါင်းစပ်လိုက်ရင်တောင် အင်မော်တယ်ကမ္ဘာလောကရဲ့ရေခဲတောင်ထပ်ဖျားလောက်လေးနဲ့ယှဉ်ရင်လိုနေသေးတယ်။"
ချီမင်က ခေါင်းအသာညိတ်လိုက်သည်။"တခြားဂိုဏ်းအဖွဲ့အစည်းလေးခုကရော။"
"ဒုတိယအဆင့်ကတော့ ပထမအထက်ကမ္ဘာရဲ့ဖရိုဖရဲနတ်ဆိုးဘုရားအရှင်တွေထဲက အသန်မာဆုံးအရှင်ဖန်တီးခဲ့တဲ့နတ်ဆိုးဘုရားကျောင်းပဲ။ နတ်ဆိုးဘုရားကျောင်းထဲကသူတွေအားလုံးက ဖရိုဖရဲနတ်ဆိုးဘုရားတွေပဲ။ "နတ်ဆိုးဘုရားကျောင်းရဲ့ဌာနချုပ်က လောကသုံးထောင်ထဲမှာမဟုတ်ပေမဲ့ ဘုရားကျောင်းတစ်ခုကတော့ ပထမအထက်ကမ္ဘာရဲ့ဖရိုဖရဲအနက်ကြီးထဲမှာရှိတယ်။"
"တတိယအဆင့်ကတော့ ထာဝရအသက်ဧကရာဇ်မင်းဆက်ပဲ။ ထာဝရအသက်ဧကရာဇ်မင်းဆက်ရဲ့အရှင်က ထာဝရအထွတ်အထိပ်အရှင်နယ်ပယ်နဝမအဆင့်မှာရှိတဲ့ထိပ်သီးဖြစ်တည်မှုပဲ။ သူ့ရဲ့ဌာနချုပ်က ထာဝရအသက်လောကထဲမှာရှိတယ်။"
"အဆင့်လေးကတော့ အင်မော်တယ်တာအိုကောင်းကင်နန်းတော်ပဲ။ အင်မော်တယ်တာအိုကောင်းကင်နန်းတော်ရဲ့အရှင်ကလည်း စွမ်းအားကြီးထာဝရအထွတ်အထိပ် အရှင်နယ်ပယ်နဝမအဆင့်ပဲ။ သူ့ရဲ့အခြေခံက အင်မော်တယ်တာအိုလောကထဲမှာပဲ။"
"အဆင့်ငါးကတော့ ကောင်းကင်အရှင်မဟာမိတ်ပဲ။ အဲ့ဒါကိုတော့ ကောင်းကင်အရှင်အများကြီးနဲ့ ဖွဲ့စည်းထားတယ်။ သူက ဂိုဏ်းကြီးငါးခုထဲမှာ အားအနည်းဆုံးဖြစ်ပေမဲ့ သူ့မှာ ထာဝရအထွတ်အထိပ်အရှင်တစ်ပါးစောင့်ကြပ်ပေးမှုရထားတယ်။ ဌာနချုပ်က ကောင်းကင်အရှင်လောကထဲမှာပဲ။"
လီထျန်းရှန်းကချီမင်ကိုသူသိသည့်အရာအားလုံးကိုအသေးစိတ်ကျကျပြောခဲ့သည်။
"ဒါပေမဲ့ အဲ့ငါးဂိုဏ်းရဲ့ကြားထဲကဆက်ဆံရေးကရော။"
"ကျွန်တော်သေချာမသိပါဘူး။" လီထျန်းရှန်းကပြန်ပြောသည်။"ဒါပေမဲ့ ငါတော့ကောင်းတယ်လို့မတွေးမိဘူး။ နောက်ဆုံးမှာတော့ ဂိုဏ်းကြီးငါးဂိုဏ်းက ခေတ်တွေအများကြီးရှင်သန်ခဲ့တာ။အခုလည်း သူတို့ကြားမှာ ပြဿနာတွေအများကြီးရှိတယ်။"
"ပြီးတော့.."
"ကျွန်တော်ဥပဒေသကောင်းကင်အရှင်ဖြစ်လာတော့ ကောင်းကင်အရှင်မဟာမိတ်ထဲဝင်ခဲ့ပြီး အခုအဖွဲ့ဝင်တစ်ယောက်ဖြစ်လာပါပြီ။"
ချီမင်က ခေါင်းအသာညိတ်လိုက်သည်။
အချိန်ကုန်ဆုံးသွားသည်။
လီထျန်းရှန်းသည် ချီမင်၏မေးခွန်းများကိုတစ်ခုပြီးတစ်ခုဖြေဆိုနေခဲ့သည်။ သူက ပထမအထက်ကမ္ဘာနှင့်ပတ်သက်သော သူမြင်ဖူးကြားဖူးသမျှအရာများစွာကိုပြောကြားခဲ့သည်။
နောက်ပိုင်းအချိန်တွေမှာ ချီမင်သည် သူလုပ်ရမည့်ကိစ္စရပ်များကိုဂရုတစိုက်စဉ်းစားခဲ့သည်။
ပထမဆုံး ကောင်းကင်ဉာဏ်အလင်းလောကသည် မူလက ပြည်နယ်ကိုးလောက ဖြစ်သည်။၎င်းကတာအိုခြောက်ပါးကောင်းကင်အရှင်၏တာအိုနယ်ပယ်လည်းဖြစ်သည်။ ဆန်းကြယ်ကိုးပါးကောင်းကင်အရှင်ကတောင် ၎င်းပေါ်တွင် ထောက်လှမ်းနေခဲ့သည်။ သူတို့အားလုံးက သူ့ဆရာကိုကြောက်ပေမဲ့သူကတော့ ပြန်လာလက်စားချေမှာကို သတိမထားဘဲမနေနိုင်ပေ။
အရေးကြီးဆုံကတော့ သူ့ခွန်အားကိုတိုးမြှင့်ရန်ဖြစ်သည်။
ချီမင်က သူ့ဆရာ၏ညွှန်ကြားချက်ကို သေချာပေါက်မမေ့ပေ။ ကမ္ဘာဦးကောင်းကင်အရှင်က ချီမင်ကိုဥပဒေသကောင်းကင်အရှင်အဆင့်တက်ပြီးရင် ကမ္ဘာဦးကောင်းကင်ထံသို့လာလို့ရသည်ဟု ပြောခဲ့သည်။ ထိုအချိန်ကျရင် သူက ကမ္ဘာဦးကောင်းကင်အရှင်၏တပည့်တစ်ဦး တရားဝင်ဖြစ်လာပေလိမ့်မည်။
သူက လီထျန်းရှန်းထံမှ အထက်ကမ္ဘာတွင် တာအိုကောင်းကင်တည်ထောင်နိုင်သောသူများအကြောင်း သိခဲ့ရသည်။ထိုသူတို့က စည်းမျဉ်းးကောင်းကင်အရှင်ဥပဒေသအဆင့်သို့ ရောက်နေသူများ ဖြစ်သည်။
စည်းမျဉ်းကောင်းကင်အရှင်အဆင့်သည် တာအိုသစ်သီးအဆင့်ကိုးမှ ပြီးပြည့်စုံခြင်းအဆင့်သို့ ကူးပြောင်းပြီးနောက်မှာ ရောက်ရှိလာသည့်တာအိုကောင်းကင်အဆင့်ဖြစ်သည်။ ၎င်းက မမြင်နိုင်သည့်ကောင်းကင်တာအိုထံသို့အပ်နှင်းနိုင်မည်ဖြစ်သည်။
"ဆရာက စည်းမျဉ်းကောင်းကင်အရှင်တစ်ပါးဖြစ်နေမှန်းမထင်ထားခဲ့ဘူး။"
ချီမင်က တွေးတောနေခဲ့၏။"ဒါပေမဲ့ ကမ္ဘာဦးကောင်းကင်ဆီသွားဖို့က အလျင်မလိုပါဘူး။ ငါ ကိုယ်ပိုင်အင်မော်တယ်ရတနာတွေကို အရင်သန့်စင်ရမယ်။ပြီးရင် ကိုယ်ပိုင်အံ့ဖွယ်စွမ်းအားနည်းစနစ်တွေကို ဖန်တီးရမယ်။ အလိုအလျောက်ကျင့်ကြံခြင်းစနစ်က အရှင်နယ်ပယ်ကိုတက်သွားတော့ ထပ်ပြီးအသေးစားမြှင့်တင်မှုလေးဖြစ်လာလိမ့်မယ်။"
"လီထျန်းရှန်း" ချီမင်ကညွှန်ကြားလိုက်သည်။"မင်း ကောင်းကင်ဉာဏ်အလင်းလောကနဲ့ ကောင်းကင်ပညာရှိလောကပေါင်းစည်းမှုကို ကိုင်တွယ်လိုက်။ ပြဿနာတွေမဖြစ်အောင်ရှောင်။"
"တစ်ယောက်ယောက်သာဆန့်ကျင်ရဲရင် သတ်ပစ်လိုက်။"
လီထျန်းရှန်းကဦးညွှတ်လိုက်သည်။"ကျွန်တော်နာခံပါမယ်။ သခင် မစိုးရိမ်ပါနဲ့။ ကျွန်တော်က အညံ့ခံပြီးသားပါ။ ကောင်းကင်ပညာရှိမဟာမိတ်က သေချာပေါက်ကောင်းကင်ဉာဏ်အလင်းဧကရာဇ်မင်းဆက်နဲ့ ပူးပေါင်းပါလိမ့်မယ်။ မနာခံရဲတဲ့အင်မော်တယ်တွေမရှိပါဘူး။"
"ကောင်းပြီ။" ချီမင်သည် ပေါ့ပါးစွာပြော၏။
သုံးရက်ကြာပြီးနောက်မှာ ချီမင်သည် သူ၏ကျင့်ကြံခြင်းအဆင့်ကိုတည်ငြိမ်အောင်လုပ်ပြီးသွားခဲ့သည်။ သူက ဥပဒေသကောင်းကင်အရှင်တာအိုစွမ်းအားများကိုအပြည့်အဝနားလည်သွားခဲ့သည်။
တစ်ချိန်တည်းမှာ ချီမင်က ကိုယ်ပိုင်အင်မော်တယ်ရတနာများကိုစတင်သန့်စင်တော့သည်။
သေချာသည်ကတော့ ချီမင်သည်ဖရိုဖရဲမဟာတာအိုကျမ်း:တာအိုသစ်သီးအခန်းကို နားလည်ဆင်ခြင်နေခဲ့ပြီး တဖြည်းဖြည်းနှင့်နက်ရှိုင်းသည့်အဓိပ္ပာယ်ကိုနားလည်လာခဲ့သည်။
"ငါ ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက်ထည့်မယ်။ ကိုယ်ပိုင်အင်မော်တယ်ရတနာတွေကိုသန့်စင်မယ်။"
တင်း!
"လက်ခံသူက ဥပဒေသကောင်းကင်အရှင်တစ်ပါးဖြစ်လာတာကိုစစ်ဆေးမိပါတယ်။ သင် အင်မော်တယ်သလင်းကျောက်သုံးပြီး ကိုယ်ပိုင်အင်မော်တယ်ရတနာများကိုသန့်စင်၍မရတော့ပါ။"
အသိပေးချက်တစ်ခုပေါ်လာသည်။
"ဒါက..."ချီမင်ကမျက်မှောင်ကြုံ့သွားသည်။"ဒါဆို အင်မော်တယ်သလင်းကျောက်တွေက အသုံးမဝင်တော့ဘူးလား။"
"ငါ ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက်ထည့်ပြီး ဖရိုဖရဲမဟာတာအိုကျမ်း:တာအိုသစ်သီးခန်းကိုကျင့်ကြံမယ်။" ချီမင်က ဆက်ပြောသည်။
တင်း!
"လက်ခံသူက ဥပဒေသကောင်းကင်အရှင်တစ်ပါးဖြစ်လာကြောင်း စစ်ဆေးမိပါတယ်။ အင်မော်တယ်သလင်းကျောက်သုံးပြီး ဖရိုဖရဲမဟာတာအိုကျမ်း:တာအိုသစ်သီးခန်းကို ကျင့်ကြံ၍မရတော့ပါ။"
အသိပေးချက်တစ်ခုပေါ်လာသည်။
"ထင်ထားတဲ့အတိုင်းပဲ။"
ချီမင်သည် အသက်ပြင်းပြင်းရှုလိုက်၏။
တင်း!
"ဂုဏ်ပြုပါတယ်။လက်ခံသူ။ သင် ကောင်းကင်နှင့်မြေကြီးမဟာတာအိုကိုနားလည်ဆင်ခြင်ခဲ့ပါတယ်။ သင် မဟာတာအိုသစ်သီးကိုစုပ်ယူခဲ့ပြီး ကမ္ဘာဦးတာအိုသစ်သီးကိုသိပ်သည်းနိုင်ခဲ့ပါတယ်။ သင်ကောင်းကင်အရှင်နယ်ပယ်ကိုအောင်မြင်စွာခြေချနိုင်ခဲ့ပြီး ဥပဒေသကောင်းကင်အရှင်ပထမအဆင့် ဖြစ်လာပါတယ်။"
"အထူးမြေအောက်စခန်း:တာအိုသစ်သီးဆန်းကြယ်မှုက ပိတ်သွားပါပြီ။ ဆက်၍အသက်သွင်းလို့ မရတော့ပါ။"
…
တင်း!
"လက်ခံသူက ဥပဒေသကောင်းကင်အရှင်တစ်ပါးဖြစ်လာသောကြောင့် မဟာတာအိုခန္ဓာပိုင်ဆိုင်သွားခဲ့ပါပြီ။ သင့်ကိုအရည်အချင်းက ကန့်သတ်မထားနိုင်တော့ပါ။ မဟာတာအိုခန္ဓာရဲ့အရည်အချင်းက အကန့်အသတ်ထိရောက်ရှိသွားခဲ့ပြီး ဆက်၍မတိုးတက်နိုင်တော့ပါ။"
…
တင်း!
"လက်ခံသူက ဥပဒေသကောင်းကင်အရှင်တစ်ပါးဖြစ်လာပါပြီ။ အလိုအလျောက်ကျင့်ကြံခြင်းစနစ်ကိုထပ်မံ၍အဆင့်မြှင့်တင်ပါပြီ။ အဆင့်မြှင့်တင်နေစဉ်အတွင်းမှာ အလိုအလျောက်ကျင့်ကြံခြင်းစနစ်ကိုအသုံးပြုနိုင်ပါတယ်။"
"ကြာချိန်:ဆယ်နှစ်။"
နောက်ထပ် အသိပေးချက်တစ်ခုပေါ်လာသည်။
ချီမင်က တွက်ချက်ခြင်းစနစ်ကိုအသုံးပြုရန်ကြိုးစားလိုက်သည်။
ထိုစနစ်ကလည်း အင်မော်တယ်သလင်းကျောက်များဖြင့်အသုံးပြ၍မရတော့ပေ။
ချီမင်ကခေါင်းခါကာ တွေးတောပြီးပြောလာသည်။"အရှင်နယ်ပယ်ကိုတက်သွားပြီးတော့ အရင်ကနဲ့လုံးဝကိုကွာခြားသွားပြီပဲ။ အလိုအလျောက်ကျင့်ကြံခြင်းစနစ်ကလည်း လိုက်ပြီးပြောင်းလဲသွားတော့မယ်။"
"ငါ အလိုအလျောက်ကျင့်ကြံခြင်းစနစ်အဆင့်မြှင့်တင်မှုပြီးအောင်စောင့်ရဦးမယ်။"
အထူးမြေအောက်စခန်း:တာအိုသစ်သီးဆန်းကြယ်မှုက ပိတ်သွားပြီးနောက်မှာ ဂိမ်းမြေအောက်စခန်းနောက်တစ်ခုနှင့် ပတ်သက်သောအသိပေးချက်များတက်မလာသည့်အတွက် ချီမင်က အံ့ဩသွားရတော့၏။
ထိုပြောင်းလဲမှုအကြီးစားက ချီမင်၏မျှော်လင့်ချက်ထက်ကျော်လွန်သွားခဲ့ပြီဖြစ်သည်။
အချိန်ကုန်ဆုံးသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာ ဆယ်နှစ်ကုန်သွားသည်။
ချီမင်၏ညွှန်ကြားချက်အောက်တွင် လီထျန်းရှန်းသည် ကောင်းကင်ဉာဏ်အလင်းလောကနှင့် ကောင်းကင်ပညာရှိလောကကိုပေါင်းစည်းရန်ဆယ်နှစ်ကြာကုန်သွားခဲ့၏။ ထိုဖြစ်စဉ်တွင်းအတွင် ကိစ္စတချို့ရှိခဲ့ပေမဲ့ အကုန်လုံးကအသေးစားလေးဖြစ်ကာ အရေးမကြီးပေ။
လီထျန်းရှန်း၏ခန့်မှန်းမှုအရ ကောင်းကင်ဉာဏ်အလင်းလောကနှင့်ကောင်းကင်ပညာရှိလောကတို့က နှစ်(၁၀၀၀၀၀၀)အတွင်းမှာ လုံးဝပေါင်းစပ်သွားမည်ဖြစ်သည်။
သာမန်သေမျိုးများအတွက်တော့ မရေမတွက်နိုင်သောမင်းဆက်များပြောင်းလဲသွားခဲ့မှာဖြစ်သည်။ သာမန်အင်မော်တယ်များအတွက်တော့ ၎င်းက အချိန်တိုးလေးမဟုတ်ပေ။ သို့ပါသော်လည်း ဥပဒေသကောင်းကင်အရှင်များအတွက်တော့ နှစ်သန်းတစ်ရာသို့မဟုတ် ခေတ်ကာလတို့မှာ ကြုံတွေ့နေကြဖြစ်သည်။
နှစ်(၁၀၀၀၀၀၀)ဆိုသည်က တကယ့်တော့ခဏတာဖြစ်သည်။
သာမန်တံခါးပိတ်ကျင့်ကြံလိုက်ရင်တောင် နှစ်(၁၀၀၀၀၀၀)ကြာသည်။
တင်း!
"အလိုအလျောက်ကျင့်ကြံခြင်းစနစ်အဆင့်မြှင့်တင်မှုပြီးဆုံးသွားပါပြီ။ သင် တာအိုနယ်ပယ်ဂိမ်းမြေအောက်စခန်းကိုအသက်သွင်းနိုင်ပါပြီ။ သင် အရှင်နယ်ပယ်အလိုအလျောက်ကျင့်ကြံခြင်းပုံစံကိုအသက်သွင်းနိုင်ပါပြီ။ သင် အရှင်နယ်ပယ်တွက်ချက်ခြင်းပုံစံကိုအသက်သွင်းနိုင်ပါပြီ။"
အသိပေးချက်တစ်ခုပေါ်လာသည်။
ချီမင်က အပျော်လွန်သွားသည်။
"ငါ တာအိုနယ်ပယ်ဂိမ်းမြေအောက်စခန်းကိုဘယ်လိုအသက်သွင်းရမှာလဲ။" ချီမင်က မေးလိုက်သည်။
တင်း!
"သင် အဆင့်နိမ့်တာအိုမူလအစ(၁၀၀၀၀၀၀)ထည့်သွင်းပြီး ကောင်းကင်တာအိုနယ်ပယ်ဂိမ်းမြေအောက်စခန်းပထမအဆင့်ကိုဖွင့်လှစ်နိုင်ပါတယ်။"
အသိပေးချက်တစ်ခုပေါ်လာသည်။
"တာအိုမူလအစ" ချီမင် ကခဏလောက်တွေးမိသွားသည်။ "ဒါက ငါထင်ထားတဲ့အတိုင်းပဲ။ တာအိုမူလအစတွေသုံးဖို့လိုတာပဲ။ ဒါပေမဲ့ အလိုအလျောက်ကျင့်ကြံခြင်းစနစ်အဆင့်မြှင့်တင်တာမပြီးခင်တုန်းက အဲ့ဒီစနစ်တွေက အသက်မဝင်လာဘူး။ အဲ့ဒါကြောင့် ငါတာအိုမူလအစထည့်ရင်တောင် အသုံးမဝင်ဖြစ်ခဲ့တာပဲ။"
"တာအိုမူလအစအတွက်တော့..."
အတွေးတစ်ချက်ဖြင့် ချီမင်က သူ၏ပစ္စည်းစာရင်းကိုဖွင့်လိုက်သည်။ သူ့တွင်ရှိသောတာအိုမူလအစများမှာ အဆင့်နိမ့်တာအိုမူလအစ(၁၃၀၀၀၀)၊ အလယ်အလတ်အဆင့်တာအိုမူလအစ(၁၀၀၀၀၀၀)နှင့်အဆင့်မြင့်တာအိုမူလအစ(၁၀၀၀)ထက်တောင်နည်းနေပြီဖြစ်သည်။
ပိုပြီးအရေးကြီးသည်က။
ထိုတာအိုမူလအစများက ချီမင် လီထျန်းရှန်းထံမှရခဲ့သည်များဖြစ်သည်။ သူပိုင်ဆိုင်ထားသည့် တာအိုမူလအစများက ဘယ်လောက်တန်ဖိုးကြီးလဲမြင်နိုင်သည်။
အရင်ချီမင် အထူးမြေအောက်စခန်း:တာအိုသစ်သီးဆန်းကြယ်မှုကိုအကြိမ်ရေ(၁၂၉၆၀၀)ရှင်းတုန်းက သူ အဆင့်နိမ့်ချီမင်သန်းတစ်ရာရခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသည့်ကြွယ်ဝမှုကြီးပေ၊။
ထိုချမ်းသာမှုများကို ချီမင်က အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ကိုဖွင့်ရာ၌သုံးပြီး ဥပဒေသကောင်းကင်အရှင်ပထမအဆင့်သို့တက်ခဲ့တာဖြစ်သည်။
"ငါ အရှင်နယ်ပယ်အလိုအလျောက်ကျင့်ကြံခြင်းစနစ်နဲ့တွက်ချက်ခြင်းစနစ်ကို ဘယ်လိုသုံးရမလဲ။" ချီမင်က မေးလိုက်သည်။
တင်း!
"အဆင့်နိမ့်တာအိုမူလအစတစ်ခုတိုင်းက အလိုအလျောက်တစ်ရက်ကြာကျင့်ကြံလို့ရပါတယ်။ အဆင့်နိမ့်တာအိုမူလအစများထပ်ထည့်ခြင်းက အဆမြှင့်တင်ပေးနိုင်ပါတယ်။"
…
တင်း!
"အဆင့်နိမ့်တာအိုမူလအစတိုင်းက အလိုအလျောက်တွက်ချက်ခြင်းစနစ်ကို တစ်ရက်ကြာသုံးနိုင်ပါတယ်။ အဆင့်နိမ့်တာအိုမူလအစများထပ်ထည့်ခြင်းက အဆမြှင့်တင်ပေးနိုင်ပါတယ်။"
…
ချီမင်ကတွေးကာဆိုသည်။"အခုစပြီး အင်မော်တယ်သလင်းကျောက်တွေက အသုံးမဝင်တော့ဘူး။ အဲ့ဒါတွေက ငါ့ကိုမကူညီပေးနိုင်တော့ဘူး။ ငါ တာအိုမူလအစတွေပိုရဖို့လိုတယ်။"
"လီထျန်းရှန်းပြောသလိုဆို တာအိုမူလအစတွေက အရမ်းရှားတယ်။ အခြေခံအားဖြင့်တာအိုမူလအစမိုင်းကရတယ်။ဒါမှမဟုတ် ဥပဒေသကောင်းကင်အရှင်ပထမအဆင့်က သူတွေဆီကရနိုင်တယ်။ သူက ဖရိုဖရဲချီကို အဆင့်နိမ့်တာအိုမူလအစတစ်ခုဖြစ်တည်လာတဲ့အထိ တစ်နှစ်ပတ်လုံးနေ့ရောညပါသန့်စင်ရတယ်။"
"အဲ့ဒါကြောင့် အဆင့်နိမ့်တာအိုမူလအစတစ်ခုကိုတိုက်ရိုက်စုပ်ယူတာက ဥပဒေသကောင်းကင်အရှင်ပထမအဆင့်တစ်နှစ်တာကျင့်ကြံတာနဲ့ညီမျှတယ်။"
"ပထမဆုံး တာအိုမူလအစမိုင်းဆိုတာက ကံကြမ္မာကပေးတဲ့အခြေအနေအမျိုးမျိုးအောက်မှာ အထက်ကမ္ဘာကနေမွေးဖွားလာတာ။ တာအိုမူလအစမိုင်းတိုင်းက မိုင်းတူးပြီးရင်တော့ပျောက်သွားတယ်။"
"ဥပဒေသကောင်းကင်ရှင်တွေက အဆင့်နိမ့်တာအိုမူလအစတွေကိုဆက်တိုက်သိပ်သည်းမယ်ဆိုရင် အချိန်အတော်ကြာတယ်။ အခြေခံအားဖြင့်တော့ အဆင်နိမ့်တာအိုမူလအစကို အဆက်မပြတ်သန့်စင်ဖို့ဆိုတာမဖြစ်နိုင်ဘူး။"
"တာအိုမူလအစက ရှားပေမဲ့ ငါ ဥပဒေသကောင်းကင်အရှင်နယ်ပယ်ကိုမတက်ခင်တုန်းက အထူးမြေအောက်စခန်း:တာအိုသစ်သီးဆန်းကြယ်မှုကိုရှင်းတုန်းကရနေသေးတယ်။"
"ငါအခု ဥပဒေသကောင်းကင်အရှင်တစ်ပါးဖြစ်လာပြီဆိုတော့ အရှင်နယ်ပယ် ဂိမ်းမြေအောက်စခန်းတွေကိုဖွင့်နိုင်မှာပဲ။ ငါ အဲ့ဒီကနေတာအိုမူလအစတွေ အများကြီးရမယ်လို့ယုံရမှာပဲ။"
"ငါ အဆင့်နိမ့်တာအိုမူလအစ(၁၀၀၀၁)ထည့်မယ်။ ဖရိုဖရဲမဟာတာအိုကျမ်း:တာအိုသစ်သီးအခန်းကို ကျင့်ကြံမယ်။"
တင်း!
"ဖြည့်သွင်းခြင်းအောင်မြင်ပါတယ်။"
"ဖရိုဖရဲမဟာတာအိုကျမ်း:တာအိုသစ်သီးခန်းကို အဆ(၁၀၀၀၀)မြှင့်တင်မှုအောက်တွင် ကျင့်ကြံနေပါတယ်..."
အသိပေးချက်တစ်ခုပေါ်လာသည်။
တစ်ချိန်တည်းမှာ ချီမင်က ဖရိုဖရဲမဟာတာအိုကျမ်း:တာအိုသစ်သီးအခန်းက သူဘာသာသူလည်ပတ်လာတာကိုဝေဝေဝါးဝါးခံစားမိလိုက်သည်။ ထိုအခိုက်တွင် သူက ကျင့်ကြံနေသည်ကိုခံစားလိုက်ရသည်။
"ငါက အဆ(၁၀၀၀၀)အောက်မှာကျင့်ကြံနေတာဆိုပေမဲ့ ခံစားရတာမဆိုးပါဘူး။ နောက်ဆုံးမှာတော့ ငါက ဥပဒေသကောင်းကင်အရှင်တစ်ပါးဖြစ်နေပြီပဲ။"
ချီမင်ကတွေးတောနေသည်။
"အဆင့်နိမ့်တာအိုမူလအစ(၃၀၀၀၃)ကိုဆက်ထည့်မယ်။ကိုယ်ပိုင်အင်မော်တယ်ရတနာတွေကိုသန့်စင်မယ်။"
တင်း!
"ဖရိုဖရဲမဟာတာအိုဓားကြာပွင့်ကို အဆ(၁၀၀၀၀)မြှင့်တင်မှုအောက်တွင် သန့်စင်နေပါတယ်။"
…
တင်း!
"ဖရိုဖရဲကမ္ဘာဖျက်ဓားကို အဆ(၁၀၀၀၀)မြှင့်တင်မှုအောက်တွင် သန့်စင်နေပါတယ်။"
…
တင်း!
"ဖရိုဖရဲပုကျုံးတောင်ကို အဆ(၁၀၀၀၀)မြှင့်တင်မှုအောက်တွင် သန့်စင်နေပါတယ်။"
…
အသိပေးချက်သုံးခုပေါ်လာခဲ့သည်။
ချီမင်၏နောက်ထပ်တာဝန်ကတော့ ကိုယ်ပိုင်အင်မော်တယ်ရတနာတွေကို ကိုယ်ပိုင်တာအိုရတနာတွေအဖြစ် မြန်နိုင်သမျှမြန်မြန်သန့်စင်ဖို့ဖြစ်သည်။ အနည်းဆုံးတော့ သူတို့က ဥပဒေသတာအိုရတနာအဆင့်တစ်သို့ရောက်ရမည်ဖြစ်သည်။
ထို့ပြင် ချီမင်က ဖရိုဖရဲမဟာတာအိုကျမ်း:တာအိုသစ်သီးအခန်းကိုကျင့်ကြံသည်။ ထိုကျင့်ကြံခြင်းနည်းစနစ်အပြင် သူကလည်း ကောင်းကင်နှင့်မြေကြီးမဟာတာအိုကိုဆက်၍ နားလည်ဆင်ခြင်ပြီး သူ၏ကိုယ်ပိုင်အံ့ဖွယ်စွမ်းအားနည်းစနစ်ကိုဖန်တီးခဲ့သည်။
သူက ပို၍သန်မာသောအံ့ဖွယ်စွမ်းအားနည်းစနစ်များကိုဖန်တီးချင်ရင် သက်ဆိုင်ရာတွက်ချက်မှုများကိုတော့ ပြုလုပ်ရမည်ဖြစ်သည်။
"ငါ အဆင့်နိမ့်တာအိုမူလအစ(၃၀၀၀၃)ထည့်မယ်။ ဖရိုဖရဲမဟာတာအိုကျမ်း:တာအိုသစ်သီးအခန်းကို ကျင့်ကြံမယ်။ ငါ ကောင်းကင်သံသရာကြယ်တာရာအစီအရင်နဲ့မဟာတာအိုအံ့ဖွယ်စွမ်းအားကို တွက်ချက်မယ်။"
တင်း!
"ဖရိုဖရဲမဟာတာအိုကျမ်း:တာအိုသစ်သီးအခန်းကို အဆ(၁၀၀၀၀)မြှင့်တင်မှုအောက်တွင် တွက်ချက်နေပါတယ်။"
…
တင်း!
"ကောင်းကင်သံသရာကြယ်တာရာအစီအရင်ကိုအဆ(၁၀၀၀၀)မြှင့်တင်မှုအောက်တွင် တွက်ချက်နေပါတယ်။"
…
တင်း!
"မဟာတာအိုအံ့ဖွယ်စွမ်းအားကို အဆ(၁၀၀၀၀)မြှင့်တင်မှုအောက်တွင် ကျင့်ကြံနေပါတယ်။"
…
အသိပေးချက်သုံးခုကျော်ပေါ်လာခဲ့သည်။
ချီမင်က ထိုအသိပေးချက်များကိုပိတ်လိုက်သည်။
တစ်ချိန်တည်းမှာ သူကဆိုသည်။"ငါ အဆင့်နိမ့်တာအိုမူလအစ(၁၀၀၀၀၀၀)ထည့်ပြီး အရှင်နယ်ပယ်ဂိမ်းမြေအောက်စခန်းကိုအသက်သွင်းမယ်။"
အဆင့်နိမ့်တာအိုမူလအစ(၁၀၀၀၀၀)ကို အလိုအလျောက်ကျင့်ကြံခြင်းစနစ်မှစုပ်ယူသွားတော့သည်။ မဖော်ပြနိုင်သည့်အားအင်တစ်ခုအောက်တွင် ၎င်းက ကျယ်ပြန့်သည့်စွမ်းအားတစ်ခုအဖြစ်ပြောင်းလဲသွားကာ လေဟာနယ်စကြဝဠာပင်လယ်ထဲမှကမ္ဘာအစစ်တစ်ခုကိုဖွင့်လှစ်ခဲ့သည်။
စွမ်းအားကလည်ပတ်လာပြီး အထွတ်အထိပ်မဟာတာအိုထွက်ပေါ်လာသည်။ တည်ထောင်လိုက်သည့်ကမ္ဘာသည် လုံးဝကို ပြီးပြည့်စုံသွားခဲ့သည်။ ထို့ပြင် မယှဉ်သာလောက်အောင်ကြောက်မက်ဖွယ်ကောင်းသည့်အချိန်ချိန်းကြိုးများအောက်တွင် ခဏလေးအတွင်းမှာပဲ မရေမတွက်နိုင်သောနှစ်များကုန်ဆုံးသွားခဲ့သည်။
ထိုအင်အားက နားလည်ရခက်နက်နဲပြီး စကားလုံးများဖြင့်ဖော်ပြရခက်ခဲပေသည်။ ၎င်းက ပုံရိပ်အားလုံးကိုဖိနှိပ်လာခဲ့သည်။
တင်း!
"ဖြည့်သွင်းခြင်းအောင်မြင်ပါတယ်။"
"ကောင်းကင်အရှင်ပထမအဆင့်ဂိမ်းမြေအောက်စခန်း:ကောင်းကင်အရှင်ကမ္ဘာကိုအောင်မြင်စွာအသက်သွင်းနိုင်ခဲ့ပါတယ်။"
"သင် ဝင်ရောက်နိုင်ပါပြီ။"
အသိပေးချက်တစ်ခုပေါ်လာသည်။