← Chapters

ပထမဆုံးတာအိုသားရဲ:ကောင်းကင်အရှင်အမှောင်ထု

Vol. 28 Ch. 415

ပထမဆုံးတာအိုသားရဲ:ကောင်းကင်အရှင်အမှောင်ထု

Vol. 28 Ch. 415

ချီမင်က ကောင်းကင်အရှင်ကမ္ဘာထဲသို့ဝင်ရန်အလျင်မလိုပေ။ ထိုအစား သူရှေ့မှဂိမ်းမြင်ကွင်းကိုကြည့်ကာ ဂရုတစိုက်လေ့လာနေလိုက်သည်။

သိပ်မကြာခင်မှာပဲ ကောင်းကင်အရှင်ကမ္ဘာနှင့်ပတ်သက်သောအခြေခံအချက်အလက်များသည် ချီမင်၏စိတ်ထဲသို့တိုးဝင်လာခဲ့သောကြောင့် အချိန်တိုလေးအတွင်းမှာ နားလည်သွားတော့သည်။

တကယ်တော့။

အခုနောက်ပိုင်းမှာ ချီမင်သည် ဂိမ်းမြေအောက်စခန်းတိုင်းက ကမ္ဘာအစစ်တစ်ခုဖြစ်တယ်ဆိုတာသိလာခဲ့သည်။ ထို့ပြင် ထိုကမ္ဘာများက အလိုအလျောက်ကျင့်ကြံခြင်းစနစ်မှ အင်မော်တယ်သလင်းကျောက်နှင့်တာအိုမူလအစတို့ကိုသုံးကာ တည်ထောင်ထားသောကမ္ဘာများဖြစ်သည်။

"ကောင်းကင်အရှင်ကမ္ဘာ" ချီမင် ကခဏလောက်တွေးမိသွားသည်။

၎င်းက ပြီးပြည့်စုံသည့်ကမ္ဘာဖြစ်သည်။ အလိုအလျောက်ကျင့်ကြံခြင်းစနစ်၏ခမ်းနားသည့် စွမ်းအားအောက်တွင် လေဟာနယ်စကြဝဠာပင်လယ်ထဲတွင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာပြောင်းလဲမှုများဖြစ်ပေါ်စေခဲ့သည်။ ဂိမ်းမြေအောက်စခန်းမှမွေးဖွားလာခဲ့သည်ကမ္ဘာက အခုဆိုခေတ်ပေါင်း(၁၀၀၀၀)ခေတ်ကုန်လွန်သွားခဲ့ပြီဖြစ်သည်။

ခေတ်တစ်ထောင်တိုင်းမှာ ကောင်းကင်အရှင်တစ်ပါးမွေးဖွားသည်။ သူက ကောင်းကင်အရှင်ကမ္ဘာကို ထိန်းချုပ်ပြီး အမိုက်အမှောင်ဖရိုဖရဲတို့ကိုဖိနှိပ်လျက် ကောင်းကင်အရှင်ကမ္ဘာ၏ကယ်တင်ရှင် ဖြစ်လာရမည် ဖြစ်သည်။

အခု ကောင်းကင်အရှင်ကမ္ဘာသည် အမှောင်ထုထဲသို့ထပ်မံကျဆင်းသွားခဲ့ပြီး ဖရိုဖရဲဖြစ်နေပြီဖြစ်သည်။ ကမ္ဘာကြီးကကျယ်ပြောလှသည်။ နတ်ဆိုးများက ပြန်လည်ရှင်သန်လာပြီး ကမ္ဘာကြီးကိုဖရိုဖရဲ ဖြစ်စေသည်။ ချီမင်က ကောင်းကင်အရှင်ကမ္ဘာ၏ကယ်တင်အရှင်ဖြစ် ကူးပြောင်းသွားခဲ့ပြီး နတ်ဆိုးကိုသတ်၊အမှောင်ထုနှင့်ဖရိုဖရဲတို့ကိုဖိနှိပ်ရမည်ဖြစ်သည်။

"ဝင်မယ်။"

အတွေးတစ်ချက်ဖြင့်ချီမင်၏အဓိကခန္ဓာကိုယ်မှ အသိစိတ်တစ်စိတ်တစ်ပိုင်းကခွဲထွက်လာခဲ့သည်။ အလိုအလျောက်ကျင့်ကြံခြင်းစနစ်မှတစ်ဆင့် သူက အဆုံးမဲ့အကွာအဝေးကိုဖြတ်ကျော် လေဟာနယ်အတားအဆီးများကိုဖြတ်သန်းလျက် ကောင်းကင်အရှင်ကမ္ဘာထဲသို့ဝင်သွားတော့သည်။

ကောင်းကင်အရှင်ကမ္ဘာတွင် ချီမင်က ကောင်းကင်အရှင်ကမ္ဘာ၏ကယ်တင်ရှင်အဖြစ် ဆင်းသက်လာသည်။ ကောင်းကင်အရှင်ကမ္ဘာ၏ဂိမ်းဇာတ်ကောင်သည် ချောမောသည့်လူငယ်လေးတစ်ဦးနှင့်တူသည်။

ထိုဂိမ်းဇာတ်ကောင်သည် ချီမင်ကိုယ်တိုင်နှင့်တူညီသောခွန်အားမျိုးရှိသည်။

ချီမင်ပြောင်းလဲထားသည့်ဂိမ်းဇာတ်ကောင်သည် ကောင်းကင်အရှင်ကမ္ဘာကိုကယ်တင်ရန်စတင်အလောတကြီးဆောင်ရွက်တော့သည်။

ပထမအဆင့်ကတော့ သူ၏အင်အားကိုပြသကာ ကောင်းကင်အရှင်ကမ္ဘာထဲမှအဖွဲ့အစည်းများနှင့် စတင်ပူးပေါင်းခြင်းဖြစ်ပါသည်။

ဒုတိယအဆင့်ကတော့ ဖရိုဖရဲအမှောင်ထုတိမ်တိုက်ဖြစ်ပေါ်လာသည့်အကြောင်းအရင်းကို စတင်ရှာဖွေဖော်ထုတ်သည်။အပြီးတိုင် အဆုံးသတ်နိုင်ရန်အတွက် ကြိုးကိုင်သူကို ရှာဖွေသည်။

ချီမင်ပြောင်းလဲထားသည့်ဂိမ်းဇာတ်ကောင်သည် ဂိုဏ်းအဖွဲ့အစည်းများအားလုံးကိုဦးဆောင်ပြီး အမှောင်ထုကိုတိုက်ရိုက်ဖိနှိပ်ခဲ့သည်။မယှဉ်သာလောက်အောင်ပြင်းထန်သည့်တိုက်ပွဲများဖြစ်ပေါ်လာခဲ့သည်။

ချီမင်က ဂိမ်းမျက်နှာပြင်ကိုပိတ်ကာ ကောင်းကင်အရှင်ကမ္ဘာ၏အခြေအနေကို အာရုံမစိုက်တော့ပေ။ ထိုအစား သူက မဟာတာအိုအံ့ဖွယ်စွမ်းအား နားလည်ဆင်ခြင်မှုနှင့် သူ၏ကိုယ်ပိုင်အင်မော်တယ်ရတနာများကို သန့်စင်ရာ၌ အဓိကအာရုံစိုက်ထားသည်။

အခြားတစ်ဖက်တွင်တော့ အထက်ကမ္ဘာကိုးကမ္ဘာ၌ မယှဉ်သာလောက်အောင် ခမ်းနားကြီးကျယ်သည့်ဖြစ်တည်မှုများတစ်ယောက်ပြီးတစ်ယောက် ပြန်လည်ရှင်သန်လာခဲ့သည်။ ထိုဖြစ်တည်မှုများကိုစကားလုံးနှင့်ဖော်ပြရန်ခက်ခဲပြီး ပိရမစ်၏ထိပ်၌ရပ်တည်နေသူများဖြစ်သည်။ သူတို့အကုန်လုံးက ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များဖြစ်သည်။

"ဘာလဲ။"

"ဘယ်ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်က လှုပ်ရှားလာတာလဲ။ သူကတကယ်တော့ လေဟာနယ်စကြဝဠာပင်လယ်ထဲမှာ ကမ္ဘာအသစ်တစ်ခုတည်ဆောက်လိုက်တာလား။ သူ ဘာလုပ်ချင်နေတာလဲ။"

"ဘယ်သူလဲ။"

“…”

ထာဝရအထွတ်အထိပ်အရှင်များက ထိတ်လန့်သွားသည်။ သူတို့၏အကြည့်များက အဆုံးမဲ့အချိန်နှင့်နေရာလွတ်ကိုဖြတ်သန်းကာ ကောင်းကင်အရှင်ကမ္ဘာအပေါ်သို့ကျရောက်လာခဲ့သည်။

ကောင်းကင်အရှင်ကမ္ဘာထံမှ မယှဉ်သာလောက်အောင်ကြောက်မက်ဖွယ်ကောင်းသည့်စွမ်းအားတစ်ခု ထွက်လာပြီး ထိုထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များ၏အကြည့်ကိုတိုက်ရိုက်တားဆီးကာ စုံစမ်း၍မရအောင်တားဆီးလိုက်သည်။

နောက်တခဏမှာ ကောင်းကင်အရှင်ကမ္ဘာတစ်ခုလုံးက နေရာရွှေပြောင်းခံလိုက်ရသည့်အလားပင်။ တစ်ကမ္ဘာလုံးက ချက်ချင်းပျောက်ကွယ်သွားကာ အရှိန်အဝါအားလုံးကိုခုခံပိတ်ဆို့လျက် အပြည့်အဝပုန်းကွယ်သွားတော့သည်။

ချီမင်ဥပဒေသကောင်းကင်အရှင်အဆင့်ဖြစ်မလာခင်တုန်က အလိုအလျောက်ကျင့်ကြံခြင်းစနစ် ဖန်တီးထားသည့် အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းများက အားမနည်းပေမဲ့ ၎င်းက ထာဝရအထွတ်အထိပ်အရှင်တို့၏အာရုံကိုမဆွဲဆောင်နိုင်သေးပေ။

အခု ချီမင်သည် ဥပဒေသကောင်းကင်အရှင်တစ်ပါးဖြစ်လာပြီဖြစ်၏။ အလိုအလျောက်ကျင့်ကြံခြင်း စနစ်ကဖန်တီးထားသည့် ကောင်းကင်အရှင်နယ်ပယ် ဂိမ်းမြေအောက်စခန်းသည် ကောင်းကင်တာအို၏အနှစ်သာရနှင့် မဟာတာအို၏စွမ်းအားတို့ကိုထိတွေ့မိနေပြီဖြစ်သည်။ ထိုအရာက ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များ၏အာရုံကိုဆွဲဆောင်နိုင်ခဲ့ပြီဖြစ်သည်။

"ပျောက်သွားပြီ။"

"စိတ်ဝင်စားဖို့ကောင်းတယ်။"

“…”

ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များက ရေရွတ်နေကြသည်။ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များက ဆက်၍ခြေရာခံချင်သည်။သို့ပေမဲ့ ခြေရာလက်ရာ အားလုံးက လုံးဝပျောက်ကွယ်သွားပြီဖြစ်ကာ ခြေရာကောက်လို့မရတော့ပေ။

သူတို့က အကူအညီမဲ့စွာဖြင့် အရှုံးပေးရုံသာတတ်နိုင်သည်။

ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များအတွက်တော့ သူတို့က ကောင်းကင်တာအို၏အဆုံးသတ်သို့ ရောက်နေပြီဖြစ်ပြီး လျှို့ဝှက်ချက်အစစ်မှန်များနှင့် ထိတွေ့မိနေပြီဖြစ်သည်။ ကိစ္စရပ်အများစုက သူတို့၏အာရုံကိုမဆွဲဆောင်နိုင်တော့ပေ။

ကောင်းကင်နှင့်မြေကြီးမဟာတာအိုနှင့်မဆက်နွယ်နေသ၍ မဆွဲဆောင်နိုင်ပေ။

ဒီတစ်ကြိမ်တော့ လေဟာနယ်စကြဝဠာပင်လယ်ထဲ၌ ကောင်းကင်အရှင်ကမ္ဘာပေါ်ပေါက်လာခြင်းက သဘာဝအတိုင်း မိုးမြေမဟာတာအိုနှင့်ဆက်နွယ်နေသည်။ မဟုတ်လို့ရှိရင် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များက ကြည့်လာမည်မဟုတ်ပေ။

ချီမင်မဟာတာအိုခန္ဓာကို ပိုင်ဆိုင်ပြီးနောက်မှာ သူ့ကိုအရည်အချင်းများဖြင့် ကန့်သတ်မထားနိုင်တော့ ပေ။ ပိုပြီးအရေးကြီးသည်က ချီမင်၏အရည်အချင်းက မဟာတာအိုခန္ဓာကိုယ်အဆင့်သို့ ရောက်လာပြီးနောက်မှာ လေဟာနယ်စကြဝဠာပင်လယ်၏အကန့်အသတ်ထိရောက်နေပြီဖြစ်၏။

သာမန်အားဖြင့် သူ၏အရည်အချင်းက အထက်ကမ္ဘာအကန့်အသတ်ထိရောက်ပြီးနောက်မှာ အသင်္ချေကမ္ဘာများနယ်ပယ်သို့ရောက်နိုင်သည်။ အသင်္ချေကမ္ဘာများနယ်ပယ်အထက်တွင်တော့ သူက ကောင်းကင်တာအိုခန္ဓာအဆင့်သို့ရောက်ရှိနိုင်သည်။ ထိုအထက်တွင်တော့ ချီမင်၏လက်ရှိမဟာတာအိုခန္ဓာအဆင့်ဖြစ်သည်။

၎င်းက အကန့်အသတ်အစစ်ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ထိုအဆင့်မှထပ်မံမတိုးတက်နိုင်တော့ပေ။

ချီမင်သည် တစ်ဝက်ကြိုးစားကျင့်ကြံရုံနဲ့ အကျိုးနှစ်ဆရနိုင်သည်။ သူက အင်မတန်သိသာထင်ရှားသည့်ပြောင်းလဲမှုတစ်ခုကိုခံစားလိုက်ရသည်။ ဖရိုဖရဲမဟာတာအိုကျမ်း:တာအိုသစ်သီးအခန်းကိုနားလည်ဆင်ခြင်ပြီးနောက်မှာ သူ၏စိတ်ထဲသို့နားလည်မှုပေါင်းများစွာ ဝင်ရောက်လာခဲ့သည်။

အတော်လေးထူးဆန်းသည်။

ထိုအခြေအနေအောက်တွင် အလိုအလျောက်ကျင့်ကြံခြင်းစနစ်၏ကူညီပေးမှုမရှိဘဲနှင့်တောင် ချီမင်ကသူ၏ကိုယ်ပိုင်ကျင့်ကြံခြင်းနည်းစနစ်များကိုမှီခိုကာ မဟာတာအိုအံ့ဖွယ်စွမ်းအားကို တဖြည်းဖြည်းနားလည်နေခဲ့သည်။

ချီမင်၏ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပေါ်နားလည်မှုများကလည်း တဖြည်းဖြည်းတိုးတက် လာသည်။

အချိန်ကုန်ဆုံးသွားသည်။

တစ်နှစ်တင်းတင်းကြာသွားခဲ့သည်။

တင်း!

"ဂုဏ်ပြုပါတယ်။လက်ခံသူ။ သင် ကောင်းကင်အရှင်ကမ္ဘာတွင် တစ်နှစ်ကြာအလိုအလျောက် ကျင့်ကြံခဲ့ပါတယ်။သင် ဥပဒေသကောင်းကင်အရှင်ပထမအဆင့် ဂိမ်းမြေအောက်စခန်း:ကောင်းကင်အရှင်ကမ္ဘာကိုအောင်မြင်စွာရှင်းလင်းနိုင်ခဲ့ပါတယ်။ သင် ကောင်းကင်အရှင်အမှောင်ထုနှင့် အဆင့်နိမ့်တာအိုမူလအစသန်း(၁၀၀)ရရှိခဲ့ပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

"ကောင်းကင်အရှင်အမှောင်ထု။"

ချီမင်၏မျက်နှာပေါ်တွင်အပြုံးတစ်ခုဖြစ်တည်လာသည်"အဆင့်နိမ့်တာအိုမူလအစသန်း(၁၀၀)ရှိတယ်။"

"ကောင်းတယ်၊ကောင်းတယ်၊ကောင်းတယ်။" ချီမင်က ခေါင်းအသာညိတ်လိုက်သည်။

သူက ဒီတစ်ခေါက်ရလိုက်သည့်အကျိုးအမြတ်များအတွက် အင်မတန်ကျေနပ်သွားသည်။

ချီမင်က ကောင်းကင်အရှင်နဘ်ပယ်ဂိမ်းမြေအောက်စခန်းကိုဖြေရှင်းဖို့ အနည်းဆုံးအချိန်တစ်နှစ်လိုသည်။ အနာဂတ်တွင် အချိန်ပိုလိုအပ်လာလောက်သည်။

ထိုလိုအပ်ချက်ကပြောင်းလဲသွားမှာဖြစ်သည်။

တာအိုသားရဲ:ကောင်းကင်အရှင်အမှောင်ထု။

နာမည်အရင်း:ယန်ရွှီ။

အဆင့်:ဥပဒေသကောင်းကင်အရှင်တတိယအဆင့်။

တာအိုသစ်သီး:အမှောင်ထုတာအိုသစ်သီး။

ဖော်ပြချက်:ဥပဒေသကောင်းကင်အရှင်ပထမအဆင့်ဂိမ်းမြေအောက်စခန်း:ကောင်းကင်အရှင်ကမ္ဘာထံမှရရှိသော သာမန်တာအိုသားရဲတစ်ကောင်ဖြစ်သည်။ ဥပဒေသကောင်းကင်အရှင်တတိယအဆင့် ဖြစ်သည်။ အမှောင်ထုတာအိုသစ်သီးအဖြစ်သိပ်သည်းထားပြီး အနာဂတ်တွင် ဥပဒေသကောင်းကင်အရှင်နဝမအဆင့်ထိ ကြီးထွားနိုင်သည်။

ကောင်းကင်အရှင်အမှောင်ထုသည် ကောင်းကင်အရှင်ကမ္ဘာတွင် ဥပဒေသကောင်းကင်အရှင်ပထမအဆင့်အဖြစ် မွေးဖွားလာခဲ့တာဖြစ်သည်။ သူက ကောင်းကင်အရှင်ကမ္ဘာတွင်ခေတ်ပေါင်း(၉၀၀၀)နီးပါးရှင်သန်ခဲ့ပြီးနောက် လွတ်မြောက်ချင်လာခဲ့တာဖြစ်သည်။

ချီမင်သည် သက်ဆိုင်ရာသတင်းအချက်အလက်များကို စစ်ဆေးလိုက်၏။

"မဆိုးဘူး"

ချီမင်က စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်သည်။ "ငါ့ရဲ့ပထမဆုံးတာအိုသားရဲကိုဒီလောက်မြန်မြန်ရလာမယ်မထင်ထားခဲ့ဘူး။ ဥပဒေသကောင်းကင်အရှင်တတိယအဆင့်တောင်ရောက်နေပြီ။ ငါ့ထက် နှစ်ဆင့်တောင်မြင့်တယ်။ အနာဂတ်မှာ ဥပဒေသကောင်းကင်အရှင်နဝမအဆင့်ထိ ဆက်ပြီးကြီးထွားနိုင်သေးတယ်။"

"မဆိုးဘူး။"

ချီမင်၏နှုတ်ခမ်းထောင့်ကကွေးတက်သွားသည်။

“ထွက်လာခဲ့။”

ချီမင်က သူ၏ပစ္စည်းစာရင်းကိုဖွင့်လိုက်သည်။ အထဲတွင် ပစ္စည်းများစွာရှိသည်။ သူဂိမ်းမြေအောက်စခန်းထဲမှရလာသည့် ရတနာပစ္စည်းများနှင့်ကုန်ကြမ်းပစ္စည်းများရှိသည်။ ထိုအရာများကိုသုံးပြီး ကိုယ်ပိုင်အင်မော်တယ်ရတနာများကိုသန့်စင်လို့ရသည်။

နက်မှောင်မည်းနက်သည့်အလင်းများပေါ်လာသည်။

၎င်းသည် လောကကြီးတစ်ခုလုံး၏ အလင်းရောင်မှန်သမျှကို ဝါးမျိုကာ ထာဝရအမှောင်ထုအတွင်းသို့ ကျဆင်းသွားသည့်အလားပင်။

ချီမင်၏ရှေ့တွင် ရှည်လျားပိန်ပါးသည့်ပုံရိပ်တစ်ခုပေါ်လာသည်။ သူ၏အမူအရာနှင့်လေသံက အင််မတန်လေးစားမှုများဖြင့်ပြည့်နှက်နေသည်။"ကောင်းကင်အရှင်အမှောင်ထုယန်ရွှီက သခင့်ကိုနှုတ်ဆက်ပါတယ်။"

ချီမင်က သတိပြန်ဝင်လာသည်။ သူ၏အကြည့်က ကောင်းကင်အရှင်အမှောင်ထုယန်ရွှီပေါ်သို့ ကျရောက်လာသည်။ သူက အနက်ရောင်ကိုဝတ်ဆင်ထားသည်။ သူက အသက်ရှင်သန်လာတာကြာပြီ ဖြစ်သည့်အတွက် အချိန်ကာလလောကဓံတရားများနှင့်ပြည့်နှက်နေသည်။"မဆိုးဘူး။"

အတွေးတစ်ချက်ဖြင့် ယန်ရွှီက အမှောင်တာအိုသစ်သီးထံမှ ဇာစ်မြစ်တစ်စိတ်တစ်ပိုင်းကိုခွဲထုတ်ကာ ချီမင်သန့်စင်လို့ရအောင်ပေးလိုက်သည်။

ယန်ရွှီနှင့်ပတ်သက်သည့်အရာမှန်သမျှက ချီမင်၏ထိန်းချုပ်မှုအောက်သို့ရောက်သွားပြီဖြစ်သည်။

တင်း!

"ဂုဏ်ပြုပါတယ်။လက်ခံသူ။ သင် ပထမဆုံးတာအိုသာရဲ:ကောင်းကင်အရှင်အမှောင်ထုကိုရရှိခဲ့ပါတယ်။ သင် ပထမတာအိုသားရဲနေရာလွတ်ကို တရားဝင်ရရှိခဲ့ပါတယ်။ သင် တာအိုသားရဲကိုအလိုအလျောက်ကျင့်ကြံရန်အတွက် အဆင့်နိမ့်တာအိုမူလအစကိုသုံးနိုင်ပါတယ်။ အဆင့်နိမ့်တာအိုမူလအစဆယ်တုံးတိုင်းက (၁၀၀)ရာခိုင်နှုန်း အမြန်နှုန်းအဆင့်မြှင့်တင်ပေးနိုင်ပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

"ယန်ရွှီ" ချီမင်ဆိုသည်။"ဒီနေ့ကစပြီး မင်းက ငါ့ရဲ့ပထမဆုံးတာအိုသားရဲပဲ။"

ယန်ရွှီကခေါင်းညိတ်လိုက်သည်။

"ပထမတာအိုသားရဲနေရာလွတ်ကိုသွားပြီးတော့ ကျင့်ကြံတော့။" ချီမင်ကပြောပြီးတာနဲ့လက်ဝေ့ယမ်းလိုက်သည်။

"ဟုတ်ကဲ့!”

ယန်ရွှီက ဦးညွှတ်လိုက်ပြီး အနက်ရောင်အလင်းစီးကြောင်းအဖြစ်ပြောင်းလဲသွားတော့သည်။ သူက လေထုထဲတွင်ပျောက်ကွယ်သွားခဲ့ပြီး အလိုအလျောက်ကျင့်ကြံခြင်းစနစ်၏သားရဲနေရာလွတ်ထဲသို့ ဝင်သွားတော့သည်။

"အဆင့်နိမ့်တာအိုမူလအစ(၁၀၀၀၁)ထည့်မယ်။ တာအိုသားရဲ:ကောင်းကင်အရှင်အမှောင်ထုကို အလိုအလျောက်ကျင့်ကြံမယ်။"

တင်း!

"ဖြည့်သွင်းခြင်းအောင်မြင်ပါတယ်။"

"ပထမတာအိုသားရဲ:ကောင်းကင်အရှင်အမှောင်ထုကို အဆ(၁၀၀၀၀)မြှင့်တင်မှုအောက်တွင် ကျင့်ကြံနေပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

ချီမင်ကစတင်တွေးတောသည်။"လက်ရှိတော့ ငါကောင်းကင်အရှင်ကမ္ဘာကိုရှင်းလင်းတိုင်း အနည်းဆုံးအဆင့်နိမ့်တာအိုမူလအစသန်း(၁၀၀)ရတယ်။"

"တစ်နှစ်မှာ (၃၆၅)ရက်ရှိတယ်။"

"ပျမ်းမျှအားဖြင့်တော့ ငါတစ်ရက်မှာ အဆင့်နိမ့်တာအိုမူလအစ(၂၅၀၀၀၀)ထက်တောင်ပိုသုံးနိုင်တယ်။"

"ငါ ဖရိုဖရဲမဟာတာအိုကျမ်း:တာအိုသစ်သီးအခန်းကိုကျင့်ကြံတာရယ် အံ့ဖွယ်စွမ်းအားတွက်ချက်တာရယ်ကိုယ်ပိုင်အင်မော်တယ်ရတနာတွေကိုသန့်စင်တာရယ်နဲ့ အဆ(၁၀၀၀၀၀၀)မြှင့်တင်မှုအောက်မှာ တာအိုသားရဲကောင်းကင်အရှင်အမှောင်ထုကိုကျင့်ကြံတာနဲ့ဆိုရင် တစ်ရက်မှာအဆင့်နိမ့်တာအိုမူလအစ(၆၀၀၀၀၆)သုံးရလိမ့်မယ်။"

"အခု ငါဒီတိုးမြှင့်နှုန်းကို ညှိလို့ရသေးတယ်။ အကုန်လုံးကို တစ်ရက်မှာ အဆ(၄၀၀၀၀)မြှင့်တင်မှုနဲ့ ကျင့်ကြံလို့ရတယ်။ ဒီလိုဆို တာအိုမူလအစကလုံလောက်တဲ့အပြင် အရေးပေါ်သုံးဖို့ ကျန်ဦးမယ်။"

ချီမင်က ဆုံးဖြတ်ချက်ချလိုက်သည်။

အချိန်ကုန်ဆုံးသွားသည်။

နှစ်(၁၀၀၀၀၀)တိတိကုန်ဆုံးသွားခဲ့သည်။

ထိုနှစ်(၁၀၀၀၀၀)အတွင်းမှာ ချီမင်သည် ကောင်းကင်အရှင်ကမ္ဘာဂိမ်းမြေအောက်စခန်းကို အကြိမ်(၁၀၀၀၀၀၀)ရှင်းလင်းခဲ့ပြီး အဆင့်နိမ့်တာအိုမူလအစများစွာနှင့် အဖိုးတန်အရင်းအမြစ်များစွာ ရရှိခဲ့သည်။

ချီမင်က လီထျန်းရှန်းကိုကောင်းကင်ပညာရှိမဟာမိတ်၏ဌာနချုပ်သို့အကြိမ်ရေအချို့စေလွှတ်ကာ ကုန်ကြမ်းပစ္စည်းများကိုရောင်းချခိုင်းပြီး သူလိုအပ်သည့်အရာများနှင့် လဲလှယ်ခဲ့သည်။

ဥပမာအနေဖြင့်။

ချီမင်က သူ၏ကိုယ်ပိုင်အင်မော်တယ်ရတနာများကိုသန့်စင်ဖို့ အင်မတန်အဖိုးတန်သည့်ရတနာများလိုအပ်သည်။

ယနေ့မှာတော့။

တင်း!

"ဂုဏ်ပြုပါတယ်။လက်ခံသူ။ သင့်ပထမဆုံးတာအိုသားရဲ:ကောင်းကင်အရှင်အမှောင်ထုသည် အဆ(၄၀၀၀၀)မြှင့်တင်မှုအောက်တွင် နှစ်(၁၀၀၀၀၀၀)ကြာကြီးထွားခဲ့ပါတယ်။ အမှောင်တာအိုသစ်သီးသည် အဆင့်လေးသို့ရောက်ရှိသွားခဲ့ပြီး ဥပဒေသကောင်းကင်အရှင်စတုတ္ထအဆင့်သို့ရောက်ရှိသွားပါပြီ။"

အသိပေးချက်တစ်ခုပေါ်လာသည်။

All Chapters