← Chapters

ပေါင်းစပ်မှုပြီးဆုံးခြင်း။တာအိုမူလအစမိုင်းတွင်း။ဖရိုဖရဲနတ်ဆိုးဘုရား

Vol. 28 Ch. 416

ပေါင်းစပ်မှုပြီးဆုံးခြင်း။တာအိုမူလအစမိုင်းတွင်း။ဖရိုဖရဲနတ်ဆိုးဘုရား

Vol. 28 Ch. 416

ချီမင်က သူ၏ပထမတာအိုသားရဲနေရာလွတ်မှယန်ရွှီကိုဆင့်ခေါ်လိုက်သည်။ အနက်ရောင်အလင်းတစ်ချက် လက်သွားပြီး သူ့ရှေ့တွင် ယန်ရွှီပေါ်လာသည်။

ယန်ရွှီက ဦးညွှတ်လိုက်သည်။

ချီမင်သည် ခေါင်းအသာညိတ်ကာ ယန်ရွှီကိုအကြိမ်အနည်းငယ်ကြည့်လိုက်၏။ ယန်ရွှီ၏အင်အားအငွေ့အသက်သည် လွန်ခဲ့သောနှစ်(၁၀၀၀၀၀၀)တုန်းကထက် ပို၍သန်မာလာသည်မှာသိသာသည်။ သူက တာအိုသစ်သီးအဆင့်လေးသို့ရောက်ရှိသွားခဲ့ပြီး ဥပဒေသကောင်းကင်အရှင်စတုတ္ထအဆင့်သို့ ခြေချနိုင်ခဲ့ပြီဖြစ်သည်။

"နှစ်(၁၀၀၀၀၀၀)အတွင်းမှာ မင်း အဆင့်တစ်ဆင့်တိုးလာပြီပဲ။" ချီမင်ကဆိုသည်။"တကယ့်ကိုမဆိုးဘူး။"

"ဒါတွေအားလုံးက သခင့်ရဲ့ကျေးဇူးပါ။" ယန်ရွှီ၏အသံကအင်မတန်လေးစားမှုများဖြင့်ပြည့်နှက်နေသည်။

"ကောင်းပြီ။” ချီမင်သည် လက်ဝေ့ယမ်းလိုက်၏။ "ဆက်ပြီး ကျင့်ကြံ။"

"ဟုတ်ကဲ့” ယန်ရွှီကဆိုသည်။

နောက်ထပ်အလင်းတစ်ချက်လက်သွားသည်။

ယန်ရွှီက ပျောက်ကွယ်သွားပြီး ပထမတာအိုသားရဲနေရာလွတ်ထဲသို့ဝင်သွားတော့သည်။ သူက တစ်နေ့ကိုအဆင့်နိမ့်တာအိုမူလအစ(၄၀၀၀၁)သုံးပြီး အဆ(၄၀၀၀၀)မြှင့်တင်မှုအောက်တွင် ကျင့်ကြံနေခဲ့ခြင်းဖြစ်သည်။

မျက်စိတမှိတ်အတွင်းမှာ တစ်လကြာသွားသည်။

တင်း!

"ဂုဏ်ပြုပါတယ်။လက်ခံသူ။ ဖရိုဖရဲမဟာတာအိုဓားကြာပွင့်ကို အဆ(၄၀၀၀၀)မြှင့်တင်မှုအောက်တွင် နှစ်(၁၀၀၀၀၀)ကျော်ကြာသန့်စင်ခဲ့ပါတယ်။ အဖိုးတန်ကုန်ကြမ်းပစ္စည်းများနှင့်ပေါင်းစပ်ခဲ့ပါတယ်။ ဖရိုဖရဲတာအိုသစ်သီးနှင့်ကောင်းကင်နှင့်မြေကြီးမဟာတာအိုစာလုံးများထွင်းထုပေးခဲ့ပါတယ်။ သန့်စင်မှုအောင်မြင်သွားပါပြီ။ ကိုယ်ပိုင်အင်မော်တယ်ရတနာမှကိုယ်ပိုင်တာအိုရတနာအဖြစ် တိုးတက်သွားပါပြီ။ လက်ရှိတွင်ဥပဒေသတာအိုရတနာအဆင့်တစ်ဖြစ်ပါတယ်"

…

တင်း!

"ဂုဏ်ပြုပါတယ်။လက်ခံသူ။ ဖရိုဖရဲကမ္ဘာဖျက်ဓားကို အဆ(၄၀၀၀၀)မြှင့်တင်မှုအောက်တွင် နှစ်(၁၀၀၀၀၀)ကျော်ကြာသန့်စင်ခဲ့ပါတယ်။ အဖိုးတန်ကုန်ကြမ်းပစ္စည်းများနှင့်ပေါင်းစပ်ခဲ့ပါတယ်။ ဖရိုဖရဲတာအိုသစ်သီးနှင့်ကောင်းကင်နှင့်မြေကြီးမဟာတာအိုစာလုံးများထွင်းထုပေးခဲ့ပါတယ်။ ကိုယ်ပိုင်အင်မော်တယ်ရတနာမှကိုယ်ပိုင်တာအိုရတနာအဖြစ်တိုးတက်သွားပါပြီ။ လက်ရှိတွင် ဥပဒေသတာအိုရတနာအဆင့်တစ်ဖြစ်ပါတယ်။"

…

တင်း!

"ဂုဏ်ပြုပါတယ်။လက်ခံသူ။ ဖရိုဖရဲပုကျုံးတောင် အဆ(၄၀၀၀၀)မြှင့်တင်မှုအောက်တွင် နှစ်(၁၀၀၀၀၀)ကျော်ကြာသန့်စင်ခဲ့ပါတယ်။ အဖိုးတန်ကုန်ကြမ်းပစ္စည်းများနှင့်ပေါင်းစပ်ခဲ့ပါတယ်။ ဖရိုဖရဲတာအိုသစ်သီးနှင့်ကောင်းကင်နှင့်မြေကြီးမဟာတာအိုစာလုံးများထွင်းထုပေးခဲ့ပါတယ်။ ကိုယ်ပိုင်အင်မော်တယ်ရတနာမှကိုယ်ပိုင်တာအိုရတနာအဖြစ်တိုးတက်သွားပါပြီ။ လက်ရှိတွင် ဥပဒေသတာအိုရတနာအဆင့်တတစ်ဖြစ်ပါတယ်။"

…

အသိပေးချက်သုံးခုပေါ်လာခဲ့သည်။

ချီမင်က အပျော်လွန်သွားသည်။

အတွေးတစ်ချက်ဖြင့် သူသန့်စင်ထားသည့်ကိုယ်ပိုင်တာအိုရတနာသုံးလက်ကိုဆင့်ခေါ်လိုက်သည်။ ၎င်းတို့ကိုကမ္ဘာဦးခရမ်းရောင်အလင်းများဝိုင်းရံနေပြီး ဖရိုဖရဲအလင်းမြူခိုးတို့မှာ လျှို့ဝှက်ဆန်းကြယ်စွာဝေ့ဝဲနေသည်။ မဟာတာအိုစစ်မှန်ရည်ရွယ်ချက်စာလုံးတို့ လည်ပတ်လာသည်။

ကိုယ်ပိုင်အင်မော်တယ်ရတနာသုံးခုကိုသန့်စင်ပြီးနောက်မှာ ၎င်းတို့၏စွမ်းအားက အဆပေါင်းများစွာတိုးတက်လာခဲ့သည်။

ချီမင်၏ကိုယ်ပိုင်တာအိုရတနာသုံးခုသည် စိတ်ဝိညာဉ်ရေးရာတွင်အကြီးစားအောင်မြင်မှုအဆင့်သို့ ရောက်နေပြီဖြစ်သည်။ သူသာဆန္ဒရှိနေသရွေ့ ထိုလက်နက်များကို ပစ္စည်းစိတ်ဝိညာဉ်များအချိန်မရွေးမွေးဖွားလို့ရအောင်ပြုလုပ်နိုင်သည်။

ချီမင်က ကိုယ်ပိုင်တာအိုရတနာများကို ပစ္စည်းစိတ်ဝိညာဉ်မွေးဖွားမလာစေချင်ပေ။

မလိုအပ်ပေ။

၎င်းတို့တွင် လုံလောက်အောင်ပြီးပြည့်စုံသည့်စိတ်ဝိညာဉ်သဘာဝရှိနေပြီဖြစ်သည်။

ပစ္စည်းစိတ်ဝိညာဉ်ဖြင့်ဆို ကျွမ်းကျင်ဖို့ခက်ခဲသွားပြီဖြစ်သည်။

ကိုယ်ပိုင်အင်မော်တယ်ရတနာသုံးလက်က ချီမင်အနားတွင်ကခုန်နေသည်။ မဖော်ပြနိုင်လောက်အောင် လျင်မြန်သည်။ တစ်ခုချင်းစီတိုင်းက မယှဉ်သာလောက်သည့်စွမ်းအားတို့ကို သယ်ဆောင်ထားသည်။

"ကောင်းတယ်၊ကောင်းတယ်၊ကောင်းတယ်" ချီမင်က ထပ်ခါတလဲလဲချီးကျူလိုက်ကာ ပြုံးနေတာမရပ်နိုင်တော့ပေ။

ကိုယ်ပိုင်တာအိုရတနာများကိုအပြည့်အဝသန့်စင်ပြီးနောက်မှာ ချီမင်သည် လီထျန်းရှန်းကဲ့သို့ဥပဒေသကောင်းကင်အရှင်အဆင့်တစ်ဦးနှင့်ထပ်မံကြုံတွေ့ရလျှင် အလွယ်တကူဖိနှိပ်သတ်ဖြတ်နိုင်သွားသည်။

သုံးရက်ကြာပြီးနောက်မှာ ချီမင်သည် ကိုယ်ပိုင်တာအိုရတနာသုံးလက်ကို အပြည့်အဝနားလည်သွားတော့၏။

တင်း!

"ဂုဏ်ပြုပါတယ်။လက်ခံသူ။ ဖရိုဖရဲမဟာတာအိုကျမ်းကို အဆ(၄၀၀၀၀)မြှင့်တင်မှုအောက်တွင် နှစ်(၁၀၀၀၀၀)ကျော်ကြာသန့်စင်ခဲ့ပါတယ်။ အံ့ဖွယ်စွမ်းအားမျိုးစုံနှင့်ပေါင်းစပ်နိုင်ခဲ့ပြီး ဖရိုဖရဲအံ့ဖွယ်စွမ်းအားကို တွက်ချက်ခဲ့ပါတယ်။ တာအိုသစ်သီးအခန်း၏စစ်မှန်ရည်ရွယ်ချက်များကို အောင်မြင်စွာနားလည်နိုင်ခဲ့ပြီး ပို၍သန်မာသော မဟာတာအိုအံ့ဖွယ်စွမ်းအား:ကမ္ဘာဦးတာအိုအလင်း ကိုဖန်တီးနိုင်ခဲ့ပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

"ပိုပြီးသန်မာတဲ့မဟာတာအိုအံ့ဖွယ်စွမ်းအား။"

ချီမင်သည် အပျော်လွန်သွား၏။"မဟာတာအိုအံ့ဖွယ်စွမ်းအား:ကမ္ဘာဦးတာအိုအလင်းကိုလက်ခံမယ်။"

သူက ဆန်းကြယ်သည့်အခြေအနေထဲသို့ဝင်ရောက်သွားတော့သည်။ ကမ္ဘာဦးတာအိုသစ်သီးသည် ထူထပ်သည့်ခရမ်းရောင်အလင်းများတောက်ပလာသည်။ ၎င်းက ထိန်လင်းစွာတောက်ပနေပြီး အရှိန်အဝါကတောက်ပလာသည်။ သူ၏စိတ်ထဲသို့နားလည်မှုမျိုးစုံ တိုးဝင်လာခဲ့သည်။

ချီမင်က မဟာတာအိုအံ့ဖွယ်စွမ်းအား:ကမ္ဘာဦးတာအိုအလင်း၏နက်နဲမှုများကို တဖြည်းဖြည်း မှတ်သားနေခဲ့သည်။ ချီမင်၏စိတ်ထဲသို့ မရေမတွက်နိုင်သော မဟာတာအိုစစ်မှန်အမှတ်အသားများ တိုးဝင်လာသည်။အရေအတွက်အားဖြင့် ထရီလီယန်လောက်ရှိသည်။

တစ်နှစ်အကြာတွင်။

ချီမင်က မဟာတာအိုအံ့ဖွယ်စွမ်းအား:ကမ္ဘာဦးတာအိုအလင်းကို အပြည့်အဝမှတ်မိသွားတော့၏။

ထိုမှတ်ဉာဏ်များက ဉာဏ်အလင်းများပြည့်နှက်နေခဲ့သည်။ တစ်နှစ်ကြာပြီးနောက်မှာ သူက အပြည့်အဝမှတ်မိသွားပြီဖြစ်သည်။သို့ပေမဲ့ နားမလည်သေးသလို မကျွမ်းကျင်နိုင်သေးချေ။

ချီမင်ကအသက်ပြင်းပြင်းရှုလိုက်သည်။သူက တွေးတောကာဆိုသည်။ "ကမ္ဘာဦးတာအိုအလင်းမဟာတာအိုအံ့ဖွယ်စွမ်းအားက တကယ့်ကိုကြောက်ဖို့ကောင်းတယ်။ နားမလည်နိုင်လောက်တဲ့အဆင့်ကိုရောက်နေပြီ။”

တာအိုပေါင်းစည်းခြင်းနှင့် ကောင်းကင်နှင့်မြေကြီးမဟာတာအိုကပ်ဘေး၊ ဖျက်ဆီးခြင်းအလင်း တို့၏စောင့်ကြပ်ပေးမှုအောက်တွင် ၎င်းက ကမ္ဘာဦးတာအိုသစ်သီးမှတစ်ဆင့် သက်ရှိအားလုံးကို ပျက်သုဉ်းသွားစေနိုင်သည့် ကမ္ဘာဦးတာအိုအလင်းအဖြစ်ပြောင်းလဲသွားသည်။

"နောက်ဆုံးအဆင့်ထိကျင့်ကြံပြီးရင် အထက်ကမ္ဘာကောင်းကင်တာအိုကတောင် ကမ္ဘာဦးတာအိုအလင်းကြောင့်ဖျက်ဆီးခံရနိုင်တယ်။"

"အတော်လေး ထိတ်လန့်ဖို့ကောင်းတယ်။"

"ငါ အဆင့်နိမ့်တာအိုမူလအစ(၁၀၀၀၁)ထည့်ပြီး မဟာတာအိုအံ့ဖွယ်စွမ်းအား:ကမ္ဘာဦးတာအိုအလင်းကို ကျင့်ကြံမယ်။"

တင်း!

"မဟာတာအိုအံ့ဖွယ်စွမ်းအား:ကမ္ဘာဦးတာအိုအလင်းကို အဆ(၁၀၀၀၀၀)မြှင့်တင်မှုအောက်တွင် ကျင့်ကြံနေပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

သုံးရက်ကြာပြီးနောက်မှာ လီထျန်းရှန်းသည် ကောင်းကင်အရှင်မဟာမိတ်၏ဌာနချုပ်မှ ပြန်ရောက်လာသည်။ သူက ချီမင်ပေးထားသည့်ရတနာအားလုံးကိုရောင်းချခဲ့ပြီး အဆင့်နိမ့်တာအိုမူလအစများကို အတော်များများရခဲ့သည်။

ထို့ပြင် သူက အဆင့်နိမ့်တာအိုမူလအစသန်း(၁၀၀)သုံးပြီး ဖရိုဖရဲအချုပ်အနှောင်ဟုခေါ်သည့် ကောင်းကင်တာအိုရတနာတစ်ခုကိုဝယ်ယူခဲ့သည်။ ထိုအရာက ဖရိုဖရဲနတ်ဆိုးဘုရားကိုထိန်းချုပ်နှိမ်နင်းနိုင်သည့် စွမ်းအားပိုင်ဆိုင်ထားသည့်ရတနာတစ်ခုဖြစ်သည်။

လီထျန်းရှန်းကရောက်လာပြီးချီမင်ကိုတင်ပြလိုက်၏။"သခင် ကျွန်တော့်ကိုပေးတဲ့တာဝန်ကိုပြီးသွားခဲ့ပါပြီ။ ဒါက ကျွန်တော်ဝယ်လာခဲ့တဲ့ အဆင့်နိမ့်လူလုပ်ကောင်းကင်တာအိုရတနာဖြစ်တဲ့ဖရိုဖရဲအချုပ်အနှောင်ပါ။ ကျေးဇူးပြုပြီးတစ်ချက်ကြည့်ပေးပါ။"

သူ့ရှေ့တွင် အဖြူရောင်အလင်းများလင်းလက်လာသည်။

လီထျန်းရှန်းသည် သူ့လက်ထဲမှဖရိုဖရဲအချုပ်အနှောင်ကိုထုတ်လိုက်ကာပေး၏။ အပေါ်ယံမှာတော့ ငွေရောင်ချိန်းကြိုးတစ်ချောင်းဖြစ်ပေမဲ့ ၎င်းတွင် ကောင်းကင်တာအိုစာလုံးများစွာဖြင့်ထွင်းထုထားပြီး အတော်လေးနက်နဲသည်။

ချီမင်က ခေါင်းညိတ်ကာ ဖရိုဖရဲအချုပ်အနှောင်ကိုထုတ်လိုက်သည်။ သူကဂရုတစိုက်ကြည့်ကာ အထဲတွင်ပါဝင်သောစွမ်းအားကိုအာရုံခံလိုက်၏။ သူက စိတ်ကျေနပ်စွာခေါင်းညိတ်သည်။

"မဆိုးဘူး။"

လီထျန်းရှန်းကဆိုသည်။"နှစ်(၁၀၀၀၀၀၀)ကြာပြီးတော့ ကောင်းကင်ဉာဏ်အလင်းလောကနဲ့ကောင်းကင်ပညာရှိလောကတို့က ပေါင်းစပ်သွားခဲ့ပြီ။ အပြည့်အဝပေါင်းစပ်ပြီးသွားရင်တော့ တာအိုမူလအစမိုင်းတွင်းတစ်တွင်းက ဖရိုဖရဲနတ်ဆိုးဘုရားတစ်ပါးနဲ့အတူမွေးဖွားလာလိမ့်မယ်။"

"သေချာပေါက်ကတော့ ကောင်းကင်ဉာဏ်အလင်းလောကနဲ့ကောင်းကင်ပညာရှိလောကနှစ်ခုက အရမ်းမကြီးပါဘူး။ ပေါင်းစပ်တာအောင်မြင်ပြီးသွားရင်တောင် ပေါ်ပေါက်လာမဲ့တာအိုမူလအစမိုင်းတွင်းကလည်း အများဆုံးအဆင့်နိမ့်အဆင့်ပဲဖြစ်ပါလိမ့်မယ်။ မွေးလာတဲ့ဖရိုဖရဲနတ်ဆိုးဘုရားကလည်း အရမ်းသန်မာမှာမဟုတ်ဘူး။ သေချာပေါက် ဥပဒေသကောင်းကင်အရှင်တတိယအဆင့်ထက်မကျော်ပါဘူး။"

"အဆင့်နိမ့်လူလုပ်ကောင်းကင်တာအိုရတနာဖရိုဖရဲအချုပ်အနှောင်က အဲ့ဒီ့မွေးလာတဲ့ဖရိုဖရဲနတ်ဆိုးဘုရားကိုထိန်းချုပ်နိုင်ပါတယ်။"

"ဖရိုဖရဲနတ်ဆိုးဘုရားတစ်ပါးမွေးလာရင် သူနဲ့တူတဲ့အခြားဖရိုဖရဲနတ်ဆိုးဘုရားတွေကို ဆွဲဆောင်နိုင်တယ်။နတ်ဆိုးဘုရားကျောင်းရဲ့ဖရိုဖရဲနတ်ဆိုးဘုရားတွေကိုပါ ဆွဲဆောင်နိုင်တယ်။"

"တာအိုမူလအစမိုင်းတွင်းကထုတ်လွှတ်တဲ့အရှိန်အဝါကို တခြားကောင်းကင်အရှင်တွေကလည်း အာရုံခံနိုင်ကြတယ်။လုယူဖို့လာကြလိမ့်မယ်။"

ချီမင်က ခေါင်းအသာညိတ်လိုက်သည်။ "ကိုယ့်ကိုယ်ကိုယ်ပြင်ဆင်ထား။"

လီထျန်းရှန်းကခေါင်းညိတ်ကာ လေးနက်စွာပြော၏။"နောက်ဆုံးမှာတော့ အဆင့်နိမ့်တာအိုမူလအစမိုင်းတွင်း တစ်တွင်းပဲလေ။ တခြားဥပဒေသကောင်းကင်အရှင်တွေ လာလုရင်တောင် သူတို့ကအရမ်းသန်မာမှာမဟုတ်ပါဘူး။"

အချိန်ကုန်ဆုံးသွားသည်။

နှစ်တစ်ဝက်ကြာပြီးနောက်။

ယနေ့မှာတော့ ကောင်းကင်ဉာဏ်အလင်းလောကနှင့်ကောင်းကင်ပညာရှိလောကတို့ လှုပ်ခါသွားတော့၏။ မိုးမြေကလှုပ်ခါခဲ့ပြီး များစွာသောလှုပ်ခါမှုများပေါ်ပေါက်လာသည်။ လောကနှစ်ဖက်က လုံးဝကိုပေါင်းစပ်သွားခဲ့ပြီး ကမ္ဘာကိုပင်ကိုင်လှုပ်နိုင်သည့်ထူးခြားဖြစ်စဉ်များ ပေါ်လာခဲ့သည်။

အရောင်စုံအလင်းတို့တောက်ပလာသည်။

တစ်ချိန်တည်းမှာ အထက်ကမ္ဘာကောင်းကင်တာအိုစာလုံးများသည်လည်း ပျက်စီးသွားကာ တစ်ခုတည်းအဖြစ်ပေါင်းစပ်သွားခဲ့သည်။ ကောင်းကင်ဉာဏ်အလင်းလောကနှင့်ကောင်းကင်ပညာရှိလောကတို့မှသက်ရှိတို့သည် များစွာအကျိုးရှိခဲ့သည်။

လီထျန်းရှန်းကအသက်ကိုပြင်းပြင်းရှုကာအော်ဟစ်လိုက်၏။"လောကနှစ်ခုပေါင်းစပ်တာအောင်မြင်သွားပြီ။ တာအိုမူလအစမိုင်းကလည်း သိပ်မကြာခင်မှာပေါ်လာလိမ့်မယ်။ တာအိုမူလအစမိုင်းမှာ စိတ်ဝိညာဉ်ရှိတယ်။ သခင် ချက်ချင်းထိန်းချုပ်ဖို့လိုပါတယ်။ မဟုတ်ရင် လွတ်မြောက်သွားပါလိမ့်မယ်။"

ချီမင်က ခေါင်းညိတ်လိုက်သည်။

ထိုအခိုက်တွင် သူကကောင်းကင်အရှင်အမှောင်ထုကိုနားလည်သွားတော့၏။

"ငါဒါကိုမင်းတို့နဲ့ထားခဲ့မယ်။"

"ဟုတ်ကဲ့” ကောင်းကင်အရှင်အမှောင်ထုက ချီမင့်နောက်တွင် တလေးတစားရပ်လိုက်သည်။

နောက်တခဏတွင် အသံကျယ်ကြီးတစ်သံထွက်ပေါ်လာသည်။

ကောင်းကင်ယံ၌ ကိုးရောင်ခြယ်အလင်းတို့ထွန်းတောက်လာခဲ့၏။ မယှဉ်သာလောက်အောင် ခမ်းနားတောက်ပလာခဲ့၏။ ကောင်းကင်ယံ၌အသက်ဝင်နေသည့်နဂါးတစ်ကောင်အလား မိုးကုပ်စက်ဝိုင်းထက်၌ဖြတ်ကျော်သွားတော့သည်။

၎င်းက ဖြတ်ကျော်သွားခြင်းဖြစ်သည်။

ထိုကိုးရောင်ခြယ်နဂါးတစ်ကောင်လုံးသည် အမှန်တကယ်တော့ မိုင်းတွင်းတစ်တွင်းဖြစ်သည်။ ၎င်းက တာအိုမူလအစသလင်းကျောက်အရွယ်အစားမျိုးစုံဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ အတော်လေး များပြားကာ အရောင်စုံခမ်းနားတောက်ပသည့် ကောင်းကင်နှင့်မြေကြီးတာအိုစာလုံးများ သယ်ဆောင်ထားခဲ့သည်။

"ပေါ်လာပြီ။ အဲ့ဒီဟာပေါ်လာပြီ။" လီထျန်းရှန်းကအော်လိုက်သည်။"သခင်။ မြန်မြန်။ အဲ့ဒီအကောင်က တာအိုမူလအစမိုင်းတွင်းပဲ။"

"မင်းတို့ တိုက်ခိုက်လို့ရပြီ။" တုံ့ဆိုင်းမနေတော့ဘဲ ချီမင်က အလေးအနက်ဆိုသည်။

"အမှောင်ထုခေါင်းဆောင်း။"

ချီမင်သတိပေးစရာမလိုပါဘဲ တာအိုမူလအစမိုင်းတွင်းပေါ်လာသည့်အခိုက် ကောင်းကင်အရှင်အမှောင်ထုကခေါင်းမော့လိုက်၏။ သူကညာဘက်လက်ကိုဝေ့ယမ်းလိုက်တော့ အနက်ရောင်အလင်းမျက်နှာပြင်တစ်ခုထွက်ပေါ်လာသည်။ ၎င်းက ကြည်လင်နေသည့်ကောင်းကင်ကြီးနှင့်အလားသဏ္ဍာန်တူကာ အရာအားလုံးကိုခုခံနိုင်သည်။ ပိန်းပိန်းပေါက်နက်မှောင်နေသည့်အဝတ်နှင့်တူကာ တာအိုမူလအစမိုင်းတွင်း၏အလင်းကိုခုခံပေးသည်။

နဂါးအစစ်တစ်ကောင်းပြန်လည်ရှင်သန်လာခဲ့သည့်အလား တာအိုမူလအစမိုင်းတွင်းက လှုပ်ခါသွားတော့သည်။ ၎င်းက လွတ်မြောက်ချင်ပေမဲ့ ကောင်းကင်အရှင်အမှောင်ထု၏အမှောင်ထုခေါင်းဆောင်းကပိတ်ဆို့ထားသည်။ လွတ်မြောက်ချင်ပေမဲ့ လုံးဝကန့်သတ်ခံထားရသည်။

"အောင်မြင်သွားပြီ။" လီထျန်းရှန်းကပျော်ရွှင်စွာအော်လိုက်သည်။

တစ်ချိန်တည်းမျာ လီထျန်းရှန်းကလည်း ယန်ရွှီ၏ကိုယ်ပေါ်မှစွမ်းအားကြီးအရှိန်အဝါကိုခံစားမိသည်။ သူက မျက်နှာပေါ်မှာထုတ်မပြပေမဲ့ နှလုံးသားထဲတွင်တော့ အင်မတန်ထိတ်လန့်သွားတာဖြစ်သည်။

"ဥပဒေသကောင်းကင်အရှင်စတုတ္ထအဆင့်။"

လီထျန်းရှန်းကထိတ်လန့်သွား၏။"ဘာလို့သခင့်မှာ ဥပဒေသကောင်းကင်အရှင်စတုတ္ထအဆင့် နောက်လိုက်ရှိနေတာလဲ။ ဒါက...ဒါကလုံးဝကိုမယုံနိုင်စရာပဲ။"

ချက်ချင်းဆိုသလိုပဲ ချီမင်တို့က ကြောက်မက်ဖွယ်ဟိန်းဟောက်သံကိုကြားလိုက်ရ၏။ တာအိုမူလအစမိုင်းတွင်းပေါ်လာပြီး သိပ်မကြာခင်မှာပဲ ကောင်းကင်၌ဖရိုဖရဲနတ်ဆိုးဘုရား တစ်ပါးမွေးဖွားလာသည်။

မူလက...

ဖရိုဖရဲနတ်ဆိုးဘုရားမွေးလာပြီးတော့ သူကအိပ်နေသေးသည်။ သို့ပါသော်လည်း တာအိုမူလအစမိုင်းတွင်းကို ကောင်းကင်အရှင်အမှောင်ထုကဖမ်းယူခြင်းက သူ့ကိုလုံးဝနိုးထလာစေသည်။

ဖရိုဖရဲနတ်ဆိုးဘုရားက မိုးမြေကိုတုန်လှုပ်သွားစေမည့်အသံကြီးဖြင့်ဟိန်းဟောက်လိုက်သည်။ အရပ်မျက်နှာအနှံ့ပဲ့တင်ထပ်နေခဲ့ကာ ကမ္ဘာလောကကိုပင်လှုပ်ခတ်သွားသောကြောင့် နေရာလွတ်ကအက်ကွဲသွားခဲ့ပြီး မရေမတွက်နိုင်သော အက်ကွဲကြောင်းများပေါ်လာသည်။

လီထျန်းရှန်းကဆိုသည်။"ဒါက ဖရိုဖရဲနတ်ဆိုးဘုရားရဲ့နိုးထလာခြင်းပဲ။"

"အမှောင်ချိန်းကြိုး ပျက်စီးခြင်းရှစ်ပါးအကျဉ်းထောင်။"

ကောင်းကင်အရှင်အမှောင်ထုက ထပ်မံတိုက်ခိုက်လိုက်သည်။ သူက လက်မြှောက်လိုက်သည်။လေဟာနယ်ထဲ၌ မယှဉ်သာလောက်အောင်ကြီးမားသည့် ချိန်းကြိုးကြီးပေါ်လာသည်။ ပိန်းပိန်းပိတ်အောင်နက်မှောင်ပြီး ဖရိုဖရဲနတ်ဆိုးဘုရားထံသို့ ပျံ့နှံ့လာသည်။

All Chapters