← Chapters

မိုးကောင်းကင်သုံးခု။ နောက်ထပ်ဖရိုဖရဲနတ်ဆိုးဘုရားလား

Vol. 28 Ch. 418

မိုးကောင်းကင်သုံးခု။ နောက်ထပ်ဖရိုဖရဲနတ်ဆိုးဘုရားလား

Vol. 28 Ch. 418

"ကောင်းကင်...ကောင်းကင်ကြီးပြိုကျလာနေပြီ..."

"အိုးမဟုတ်ဘူး!”

"တစ်ခုခုဖြစ်တော့မယ်။"

"တိုက်ခိုက်မှုရှိတယ်။"

"အဲ့ဒါက..."

ထိုကဲ့သို့ထိတ်လန့်ဖွယ်ရာမြင်ကွင်းဖြစ်ပျက်လာခဲ့သောကြောင့် ကမ္ဘာဦးလောကထဲရှိမရေမတွက်နိုင်သောသက်ရှိအပေါင်းကိုထိတ်လန့်သွားစေသည်။ အထက်ကမ္ဘာအင်မော်တယ်ဘုရင်များကခေါင်းမော့ကာ ကောင်းကင်ကိုကြည့်နေကြသည်။

"မင်းက သေချင်နေတာပဲ။"

ချီမင်၏အကြည့်က အေးစက်ပြီး ထူထဲသည့်သတ်ဖြတ်လိုစိတ်များဖြင့်ပြည့်နှက်နေ၏။ သူက ခေါင်းသုံးလုံးနတ်ဆိုးဘုရား၏နောက်၌ရပ်နေကာ ညာဘက်လက်ကိုယမ်းလိုက်သောကြောင့် ကိုယ်ပိုင်တာအိုရတနာသုံးခုပေါ်လာတော့၏။

“ဟားဟား..."

"တကယ်ကြီးလောကနှစ်ခုကပေါင်းစပ်ပြီး အဆင့်နိမ့်တာအိုမူလအစမိုင်းတွင်းတစ်တွင်းကို မွေးဖွားပေးလိုက်တာပဲ။ မဆိုးဘူး၊မဆိုးဘူး။ ဒါက ကောင်းကင်ကနေလာတဲ့အခွင့်အရေးတစ်ခုပဲ။ ဒီအဆင့်နိမ့်တာအိုမူလအစမိုင်းတွင်းက ငါပိုင်တဲ့အရာပဲ။"

"ဟုတ်တယ်..."

အပေါက်ဖြစ်နေသည့်ကောင်းကင်မှ အလင်းစီးကြောင်းသုံးကြောင်းထွက်လာ၏။ အင်မတန်မြန်ဆန်ပြီး မြင့်မားသော အရှိန်အဝါများရှိ၏။ သူတို့ထဲကတစ်ဦးချင်းစီတိုင်းက ဥပဒေသကောင်းကင်အရှင်များ ဖြစ်သည်။

သူတို့က အဆင့်နိမ့်တာအိုမူလအစမိုင်းတွင်းဆီ တိုက်ရိုက်ပြေးဝင်သွား၏။

ထိုဥပဒေသကောင်းကင်အရှင်သုံးပါးသည် တုံ့ဆိုင်းမနေတော့ဘဲ ကမ္ဘာဦးလောကတွင်ရှိသော အဆင့်နိမ့်တာအိုမူလအစမိုင်းတွင်းအတွက်တိုက်ခိုက်တော့သည်။သူတို့သည် ကောင်းကင်ယံမှထိုးဖောက်ပျံသန်းလာကြ၏။

ဘယ်လောက်တောင် ရဲတင်းလွန်းလဲဆိုတာသိသာပါ၏။

"သေစမ်း" ချီမင်ကအေးစက်စွာဆို၏။"သူတို့ကိုသတ်။"

"ဟုတ်ကဲ့!” လီထျန်းရှန်းက ပြန်ဖြေသည်။

"ဟုတ်ကဲ့!” ယန်ရွှီက ပြန်ဖြေသည်။

ခေါင်းသုံးလုံးနတ်ဆိုးဘုရားသည် ဟိန်းဟောက်လိုက်၏။ မီတာတစ်ရာရှိသည့်ကိုယ်ထည်ကြီးက ကြီးမားလာပြီး မူလအအရွယ်အစားသို့ပြန်ရောက်သွားတော့၏။ ၎င်းက အလင်းတိုင်ကြီးသုံးတိုင်အဖြစ်ပြောင်းလဲသွားပြီး ရုတ်တရက်ပေါ်လာသည့် ဥပဒေသကောင်းကင်အရှင်သုံးပါးကိုတိုက်ခိုက်လိုက်သည်။

တိုက်ပွဲက ပြင်းထန်သွား၏။

ယန်ရွှီ၊လီထျန်းရှန်းနှင့်ခေါင်းသုံးလုံးနတ်ဆိုးဘုရားတို့က တစ်ချိန်တည်းတိုက်ခိုက်လိုက်ကြပြီး ရုတ်တရက်ပေါ်လာသော ဥပဒေသကောင်းကင်အရှင်သုံးပါးကို ပိတ်ဆို့လိုက်သည်။ ကောင်းကင်၌ပြင်းထန်သောတိုက်ပွဲတစ်ပွဲဖြစ်တည်လာသည်။

မနှိုင်းယှဉ်လောက်သည့်စွမ်းအားကြီးတိုက်ပွဲ၏နောက်ဆက်တွဲအဟုန်က ပျံ့နှံ့သွားသောကြောင့် ပေါက်ကွဲသံမျိုးစုံထွက်ပေါ်လာခဲ့သည်။နေရာလွတ်ကအက်ကွဲသွားသောကြောင့် ကမ္ဘာဦးလောကသည် တုန်ယင်လာရ၏။

ဥပဒေသကောင်းကင်အရှင်တို့ကြားမှတိုက်ပွဲက အတော်လေးကြောက်မက်ဖွယ်ကောင်းပါ၏။ ၎င်းက သာမန်သူတို့ခံနိုင်ရည်ရှိသည့်အရာမျိုးမဟုတ်ပေ။ ကောင်းကင်ဉာဏ်အလင်းလောကနှင့်ကောင်းကင်ပညာရှိလောကသည်သာ လက်ရှိကမ္ဘာဦးလောကအဖြစ်ပေါင်းစည်းမသွားခဲ့လျှင် ၎င်းက ဥပဒေသကောင်းကင်အရှင်ခြောက်ပါး၏တိုက်ပွဲကို သေချာပေါက်မခုခံနိုင်လောက်ပေ။ ထိုအင်အားက ၎င်းကို ပြိုလဲပျက်စီးကျသွားစေဖို့လုံလောက်ပါ၏။

“ဟားဟား..."

"ငါတို့မိုးကောင်းကင်ညီအစ်ကိုသုံးယောက်တိုက်ခိုက်ရဲပြီဆိုတည်းက အနိုင်ရမယ်လို့ယုံကြည်ချက်ရှိလို့ပဲ။ ဥပဒေသကောင်းကင်အရှင်ပထမအဆင့်ဖရိုဖရဲနတ်ဆိုးဘုရား၊ ဥပဒေသကောင်းကင်အရှင်ဒုတိယအဆင့် ဓားတာအိုကောင်းကင်အရှင်နဲ့ ဥပဒေသကောင်းကင်အရှင် စတုတ္ထဆအဆင့် ကောင်းကင်အရှင်အမှောင်ထု။"

"ဥပဒေသကောင်းကင်အရှင်စတုတ္ထအဆင့်ကလွဲရင် ကျန်တဲ့နှစ်ယောက်ကိုစိုးရိမ်နေစရာမလိုဘူး။ ဒီအဆင့်နိမ့်တာအိုမူလအစမိုင်းတွင်းက ငါတို့ဟာပဲ။ ဘယ်သူမှငါတို့ကိုမတားဆီးနိုင်ဘူး။"

ဥပဒေသကောင်းကင်အရှင်သုံးပါက ထိုအခိုက်၌အော်ဟစ်လိုက်၏။

"မင်းလား။" လီထျန်းရှန်းကခေါင်းမော့ကာ အနည်းငယ်ထိတ်လန့်သည့်အမူအရာဖြင့်ကြည့်လိုက်၏။ သိသာပါ၏။ သူသည် ထိုမိုးကောင်းကင်ညီအစ်ကိုသုံးဦးအားသိလေ၏။"ခင်ဗျားတို့က မိုးကောင်းကင်သုံးခုညီအစ်ကိုတွေပဲ။ ခင်ဗျားတို့ရဲ့တာအိုနယ်ပယ်က ကောင်းကင်အရှင်မဟာမိတ်ရဲ့အဖွဲ့ဝင်မိုးကောင်းကင်သုံးခုလောကမှာမလား။။"

"ကျုပ်မှတ်မိတာသာမှန်ရင်မိုးကောင်းကင်သုံးခုညီအစ်ကိုတွေက ကောင်းကင်အရှင်နတ်ဘုရားကောင်းကင်၊ကောင်းကင်အရှင်အင်မော်တယ်ကောင်းကင်နဲ့ကောင်းကင်အရှင်နတ်ဆိုးကောင်းကင်တို့ပဲ။ သူတို့က အတူတကွလုပ်ဆောင်ကြတာ။ တာအိုသစ်သီးတွေကို ပေါင်းစပ်နိုင်ကြတယ်။ အကုန်လုံးက ဥပဒေသကောင်းကင်အရှင်တတိယအဆင့်ပဲ။ အဲ့ဒီလိုပူးပေါင်းထားတဲ့အခြေအနေအောက်မှာသူတို့က ဥပဒေသကောင်းကင်အရှင်စတုတ္ထအဆင့်ကိုတောင် ခုခံဖို့လုံလောက်တယ်။"

“ဟားဟား..."

မိုးကောင်းကင်သုံးခုညီအစ်ကိုတွေထဲကအကြီးဆုံးအစ်ကို ကောင်းကင်အရှင်နတ်ဘုရားကေင်းကင်က ကျယ်လောင်စွာရယ်မောလိုက်၏။ သူ၏မုတ်ဆိတ်နှင့်ဆံပင်တို့မှာ နတ်ဘုရားကောင်းကင်တာအိုသစ်သီး၏ခမ်းနားသည့်အရှိန်အဝါစွမ်းအားတို့ကြောင့် တလွင့်လွင့်ဖြစ်နေသည်။" မင်းတို့က ငါတို့နာမည်ကိုသိမယ်လို့မထင်ထားခဲ့ဘူး။ ဒီလိုဆိုမှတော့ ငါတို့အချိန်တွေဖြုန်းမနေနဲ့တော့။မြန်မြန်ဆန်ဆန်လစ်တော့။"

"ထွက်သွားကြစမ်း။" ကောင်းကင်အရှင်နတ်ဆိုးကောင်းကင်က အော်ဟစ်လိုက်၏။

"..."ကောင်းကင်အရှင်အင်မော်တယ်ကောင်းကင်သည် တိတ်ဆိတ်နေ၏။

ကောင်းကင်ပြင်၌တိုက်ပွဲဖြစ်နေသည်။

ယန်ရွှီက အဓိကတိုက်ခိုက်ရေးအင်အားဖြစ်ကာ ခေါင်းသုံးလုံးနတ်ဆိုးဘုရားနှင့်လီထျန်းရှန်းတို့က ဘေးမှကူညီပေးနေသည်။ အပေါ်ယံမှာတော့ သုံးယောက်သုံးယောက်တိုက်ပွဲဖြစ်ပေမဲ့ အဓိကအားဖြင့်တော့ သူတို့ဘက်တွင် ယန်ရွှီအပေါ်မူတည်နေခြင်းဖြစ်သည်။

ကံကောင်းသည်ကတော့ ယန်ရွှီသည် ဥပဒေသကောင်းကင်အရှင်စတုတ္ထအဆင့်ဖြစ်ပြီး သူက မိုးကောင်းကင်သုံးခုညီအစ်ကိုများ၏ဝိုင်းတိုက်ခိုက်မှုကိုတားဆီးနိုင်၏။

ချီမင်ကတော့ ဝင်မတိုက်ခိုက်ခဲ့ပေ။

ထိုအခိုက် ချီမင်သည် ကမ္ဘာဦးလောကအပြင်ဖရိုဖရဲ၌ပေါ်လာသော စွမ်းအားကြီးဖရိုဖရဲနတ်ဆိုးဘုရားတစ်ပါး၏အရှိန်အဝါကိုခံစားမိသွားခဲ့သည်။ သိသာသည်ကတော့ ဖရိုဖရဲနတ်ဆိုးဘုရားသည် ခေါင်းသုံးလုံးနတ်ဆိုးဘုရား၏မွေးဖွားလာခြင်းကိုခံစားမိပြီး ပြေးလာခဲ့ခြင်းဖြစ်၏။

“အဲ့ဒါကဒီမှာပဲ။" ချီမင်၏အကြည့်က အေးစက်သွားသည်။

"ဟားဟား..."ကောင်းကင်အရှင်နတ်ဘုရားကောင်းကင်သည်ကျယ်လောင်စွာရယ်မောလိုက်၏။"ဖရိုဖရဲနတ်ဆိုးဘုရားက ဒီမှာပဲ။ ဒီလိုအရှိန်အဝါအရဆိုသေချာပေါက် တစ်ဖက်က နတ်ဆိုးဘုရားကျောင်းရဲ့အဖွဲ့ဝင်တစ်ယောက်ပဲ။ သူက အသစ်မွေးလာတဲ့ခေါင်းသုံးလုံးနတ်ဆိုးဘုရားကို လာကြိုဆိုတာထင်တယ်။"

"မင်းတို့က ခေါင်းသုံးလုံးနတ်ဆိုးဘုရားကိုကျွန်ပြုရဲတယ်ပေါ့။ ဒါက နတ်ဆိုးဘုရားကျောင်းကိုတိုက်ရိုက်စော်ကားလိုက်တာပဲ။ ဖရိုဖရဲနတ်ဆိုးဘုရားတွေလာရင် ဒီကိစ္စကိုသေချာပေါက်အလွတ်ပေးမှာမဟုတ်ဘူး။"

"ဘယ်လိုလဲ။ မင်းသာ ငါတို့ကိုအဆင့်နိမ့်တာအိုမူလအစမိုင်းတွင်းပေးရင် ငါတို့ အဲ့ဒီနတ်ဆိုးဘုရားကိုအနိုင်ယူနိုင်အောင်လုပ်ပေးမယ်။"

"မဟုတ်လို့ရှိရင်တော့လည်း..."

"ငါတို့ အဲ့ဒီနတ်ဆိုးဘုရားကိုသတ်ဖို့ ကူညီပေးမယ်။"

"မဟာတာအိုခန္ဓာ။"

ချီမင်၏အကြည့်ကအေးစက်နေပြီး သတ်ဖြတ်လိုစိတ်များဖြင့်ပြည့်နေ၏။"တာအိုပေါင်းစည်းခြင်း။"

၎င်းက အာရုံခံမိသွားတော့၏။

ချီမင်၏အရှိန်အဝါက မြင့်တက်သွားသည်။ သူ၏ရင်ဘက်ပေါ်မှ ကမ္ဘာဦးတာအိုသစ်သီးသည် ထူထဲသည့်ကမ္ဘာဦးခရမ်းရောင်အလင်းတို့တောက်ပလာခဲ့ပြီးသူ့တစ်ကိုယ်လုံးကိုဖုံးအုပ်သွားတော့သည်။ မရေမတွက်နိုင်သောမဟာတာအိုစစ်မှန်အဆောင်တို့သည် ချပ်ဝတ်တစ်ခုသဖွယ်ပြောင်းလဲကာ သူ့ကိုကာကွယ်ပေးလိုက်သည့်အလားပင်။

သူက ရှေ့တစ်လှမ်းတိုးကာ ညာဘက်လက်ကိုမြှောက်လိုက်သည်။ ကိုယ်ပိုင်တာအိုရတနာသုံးလက်က ပျံထွက်လာပြီး အတူတကွစုစည်းသွားကာ ဖရိုဖရဲမဟာပုဆိန်တစ်လက်အဖြစ်ပြောင်းလဲသွားတော့၏။

"သေစမ်း"

ချက်ချင်းပဲ ချီမင်သည် ကောင်းကင်အရှင်နတ်ဘုရားကောင်းကင်၏ရှေ့သို့ရောက်သွားတော့၏။ သူ၏သတ်ဖြတ်လိုစိတ်များက ဓားသွားတစ်ခုသဖွယ် အကောင်အထည်ဖြစ်တည်သွားတော့၏။ သူက ညာဘက်လက်တွင်ပုဆိန်ကိုဆွဲကိုင်းရင်း ခုတ်ချလိုက်သည်။

"ကောင်းကင်ခွဲခြမ်းခြင်း"

"အစ်ကိုကြီး။ သတိထား။"

ကောင်းကင်အရှင်နတ်ဆိုးကောင်းကင်နှင့်အင်မော်တယ်ကောင်းကင်တို့က ထိတ်လန့်တကြားအော်လိုက်သည်။

“!!!”

ကောင်းကင်အရှင်နတ်ဘုရားကောင်းကင်၏မျက်လုံးများသည် ပြူးကျယ်သွားတော့၏။ သူ၏အကြည့်သည် ဖရိုဖရဲမဟာပုဆိန်ဖြင့်ပြည့်နှက်သွားတော့၏။ သေခြင်းတရားကနီးကပ်လာသည့်အလား သူက ကျန်တာဘာမှမမြင်နိုင်တော့ပေ။

"ဒါက။"

ထိုအရေးကြီးသည့်အခိုက်တွင်။

ကောင်းကင်အရှင်နတ်ဘုရားကောင်းကင်သည် ထိပ်တန်းအဆင့်လူလုပ်ကောင်းကင်တာအိုရတနာတစ်ခုကို ထုတ်ယူလိုက်၏။ သူက သတိမထားဘဲမနေနိုင်တော့ပေ။၎င်းက နက်ပြာရောင်လိပ်ဒိုင်းကာတစ်ခုဖြစ်ပြီး အနက်ရောင်လိပ်တစ်ကောင်ပုံစံဖြင့် ထွက်ပေါ်လာကာ သူ့ရှေ့မှကာကွယ်ပေးလိုက်သည်။

ဘန်း။

ချီမင်၏ပုဆိန်စွမ်းအားသည် အတော်လေးကြီးမားသည်။ ပုဆိန်အလင်းက ပျံ့နှံ့သွားပြီး အနက်ရောင်လိပ်ကို ပြိုကွဲသွားစေကာ လိပ်ဒိုင်းကာတစ်ခုလုံးကိုနှစ်ခြမ်းကွဲသွားစေသည်။

သွေးများဖြာထွက်လာသည်။

ထိုပုဆိန်၏နောက်ဆက်တွဲခုန်ချက်သည် ကောင်းကင်အရှင်နတ်ဘုရားကောင်းကင်၏ရင်ဘက်ကို ဟက်တက်ကွဲသွားစေပြီး ဖြတ်တောက်လုနီးပါးပင်။

"အား။"

ကောင်းကင်အရှင်နတ်ဘုရားကောင်းကင်သည် ထိတ်လန့်တကြားအော်ဟစ်ကာ လျင်မြန်စွာဖြင့်ပြန်ဆုတ်သွားတော့၏။ ကောင်းကင်အရှင်နတ်ဆိုးကောင်းကင်နှင့် ကောင်းကင်အရှင်အင်မော်တယ်ကောင်းကင်တို့သည် ပြေးတက်လာပြီး ကာကွယ်ပေးလိုက်သည်။

"အစ်ကိုကြီး ဘယ်လိုလဲ။" ကောင်းကင်အရှင်အင်မော်တယ်ကောင်းကင်သည် မေးမြန်းလိုက်၏။

"အစ်ကိုကြီး အဆင်ပြေရဲ့လား။" ကောင်းကင်အရှင်နတ်ဆိုးကောင်းကင်သည်လည်း မေးလိုက်၏။

"အဆင်...အဆင်ပြေပါတယ်..."

ကောင်းကင်အရှင်နတ်ဘုရားကောင်းကင်၏မျက်နှာက အနည်းငယ်ဖျော့တော့သွားသည်။ သူသည် ကောင်းကင်အရှင်တာအိုဆေးလုံးကိုထုတ်ပြီး စားသုံးလိုက်၏။သူက အံ့ဖွယ်စွမ်းအားကိုလှည့်ပတ်ပြီး ရင်ဘက်ပေါ်မှဒဏ်ရာကို လျင်မြန်စွာဖြင့် ကုသလိုက်၏။

"သခင်"

ယန်ရွှီ၊လီထျန်းရှန်းနှင့်ခေါင်းသုံးလုံးနတ်ဆိုးဘုရားတို့က ပျံသန်းလာပြီး ချီမင်၏ဘေးတွင်ရပ်လိုက်သည်။ လီထျန်းရှန်းကဆိုသည်။ "ကျွန်တော်မိုးကောင်းကင်သုံးခုညီအစ်ကိုတွေကို မဖိနှိပ်နိုင်ခဲ့ဘူး။ သခင် ဝင်တိုက်ဖို့ကလွဲပြီးရွေးစရာမရှိတော့ဘူး။"

"ပြောမနေနဲ့တော့။" ချီမင်ကခေါင်းမော့ကာ ကောင်းကင်သို့ကြည့်လိုက်၏။ သူက အသံနက်နက်ဖြင့်ဆိုသည်။"မင်း မိုးကောင်းကင်သုံးခုညီအစ်ကိုတွေကိုသိတာလား။"

လီထျန်းရှန်းကခေါင်းညိတ်သည်။"ကျွန်တော် မိုးကောင်းကင်သုံးခုညီအစ်ကိုတွေအကြောင်း တချို့တလေတော့သိပါတယ်။ ပထမအထက်ကမ္ဘာကို အဖွဲ့အစည်းကြီးငါးခုကြောင့် ဒေသငါးခုဆိုပြီးခွဲထားတယ်။ ကောင်းကင်အရှင်မဟာမိတ်ဒေသမှာရှိတဲ့ ကျွန်တော် မိုးကောင်းကင်သုံးခုညီအစ်ကိုတွေအကြောင်း နည်းနည်းသိပါတယ်။"

"သူတို့က မိုးကောင်းကင်သုံးခုအစီအရင်ကိုတပ်ဆင်ပြီး တာအိုသစ်သီးတွေကိုပေါင်းစပ်တိုက်ခိုက်နိုင်ပါတယ်။အဲ့အစီအရင်က တာအိုသစ်သီးအဆင့်လေးနဲ့ယှဉ်နိုင်တဲ့အင်အားကိုထုတ်လွှတ်ပေးနိုင်တယ်။"

"ယန်ရွှီ" ချီမင်ကမေးသည်။"မင်းဘယ်လောက်ယုံကြည်ချက်ရှိလဲ။"

ယန်ရွှီက ခဏလောက်တွေးတောကာ ပွင့်လင်းစွာပြောသည်။ "မိုးကောင်းကင်သုံးခုညီအစ်ကိုတွေရဲ့နည်းလမ်းကမဆိုးပေမဲ့ သူတို့က တာအိုသစ်သီးအဆင့်သုံးမှာပဲရှိပါသေးတယ်။ ကျွန်တော် သူတို့ကိုလွယ်လွယ်သတ်လို့မရပေမဲ့ ရင်ဆိုင်နိုင်ပါတယ်။"

"ပိုပြီးအရေးကြီးတာက။"

"ဖရိုဖရဲနတ်ဆိုးဘုရားက ရောက်လာတော့မယ်။ ဒါကမှ ပြဿနာကြီးပါ။"

ထိုအခိုက် ဖရိုဖရဲနတ်ဆိုးဘုရားဆင်းသက်လာပြီး ကမ္ဘာဦးလောကထဲသို့ လျင်မြန်စွာပြေးဝင်လာသည်။ မယှဉ်သာလောက်အောင်ကြီးမားသည့်လက်တံတစ်ခုက ကောင်းကင်အပေါက်ထဲသို့ ကြီးမားသည့် ရေဘဝဲတစ်ကောင်သဖွယ်ဝင်ရောက်လာတော့၏။

"ဖရိုဖရဲနတ်ဆိုးဘုရားက မြန်မြန်ရောက်လာတာပဲ။" ကောင်းကင်အရှင်အင်မော်တယ်ကောင်းကင်က အံ့ဩစွာပြော၏။

ရုတ်တရက် ဖရိုဖရဲနတ်ဆိုးဘုရားထံမှ ဒေါသတကြီးအော်သံတစ်ချက်ထွက်လာသည်။

"မင်းတကယ်ကြီး ဖရိုဖရဲနတ်ဆိုးဘုရားတစ်ကောင်ကိုကျွန်ပြုရဲတယ်ပေါ့။"

ထိုဖရိုဖရဲနတ်ဆိုးဘုရားက ခေါင်းသုံးလုံးနတ်ဆိုးဘုရား၏အခြေအနေကို ခံစားမိသွားတာသိသာပါ၏။ ၎င်းက အတော်လေးဒေါသထွက်သွားပြီးအော်ဟစ်ကြိမ်းမောင်းလိုက်၏။ ကမ္ဘာဦးလောကတစ်ခုလုံးသည်ပြင်းထန်စွာတုန်ခါသွားရ၏။"မင်းတို့အားလုံးသေဖို့ထိုက်တန်တယ်။"

"ခုတ်ပိုင်း"

ချီမင်၏အကြည့်က အေးစက်သွားသည်။ သူက လက်မြှောက်ကာ ပုဆိန်ကိုထပ်မံခုန်ချလိုက်သည်။ ကမ္ဘာဦးပုဆိန်အလင်းက အရာအားလုံကိုဖြတ်တောက်သွားတော့၏။ ၎င်းတွင် မဖော်ပြနိုင်လောက်သည့်စွမ်းအားပါဝင်ပြီး ဝင်ရောက်လာသည့်လက်တံကိုတိုက်ရိုက်ပဲဖြတ်ချလိုက်သည်။

ဖရိုဖရဲနတ်ဆိုးဘုရားက ထပ်မံဟိန်းဟောက်လိုက်၏။

"ဟားဟား..."ကောင်းကင်အရှင်နတ်ဘုရားကောင်းကင်သည်ကျယ်လောင်စွာရယ်မောကာ အော်ဟစ်လိုက်၏။"ဒီဖရိုဖရဲနတ်ဆိုးဘုရားကတော့ အနည်းဆုံး ဥပဒေသကောင်းကင်အရှင်စတုတ္ထအဆင့်ရှိတယ်။ မင်းက ငါ့ကိုဒဏ်ရာရအောင်လုပ်ရဲတယ်ပေါ့။ မင်းသေဖို့ဆိုတာသေချာသွားပြီ။"

"ယန်ရွှီ" ချီမင်က ကောင်းကင်အရှင်နတ်ဘုရားကောင်းကင်ကိုလျစ်လျူရှူကာ အမိန့်ပေးလိုက်သည်။"ငါမင်းကို တာဝန်တစ်ခုပေးမယ်။ ကမ္ဘာဦးလောကကနေ ချက်ချင်းထွက်ခွာသွားပြီး ပထမအထက်ကမ္ဘာရဲ့ဖရိုဖရဲထဲကိုဝင်။ အဲ့ဒီဖရိုဖရဲနတ်ဆိုးဘုရားကိုငါ့အတွက်တားထားပေ။ မင်း သူ့ကိုကမ္ဘာဦးလောကထဲဝင်မရအောင်လုပ်။"

"အဲ့အတောအတွင်း ငါလီထျန်းရှန်း၊ခေါင်းသုံးလုံးနတ်ဆိုးဘုရားတို့နဲ့ပေါင်းပြီး မိုးကောင်းကင်သုံးခုညီအစ်ကိုတွေကိုအစွမ်းကုန်သတ်မယ်။ ငါသူတို့ကိုသတ်ပြီးရင် မင်းကိုလာကူညီမယ်။"

ယန်ရွှီကပြန်ဖြေ၏။"ဟုတ်ကဲ့။"

ချီမင်သည် ခေါင်းညိတ်လိုက်၏။"သွားတော့။"

ယန်ရွှီက အနက်ရောင်အလင်းစီးကြောင်းအဖြစ်ပြောင်းလဲကာ ကောင်းကင်အပေါက်ထဲသို့တိုးဝင်ပျောက်ကွယ်သွားတော့သည်။ သူက ကမ္ဘာဦးလောကမှထွက်ခွာကာ ပထမအထက်ကမ္ဘာ၏ဖရိုဖရဲထဲသို့ဝင်သွားတော့၏။

"အဆုံးမဲ့အမှောင်ထု။"

နောက်တခဏမှာ ယန်ရွှီ၏အသံက ထွက်ပေါ်လာတော့သည်။ ဖရိုဖရဲနတ်ဆိုးဘုရား၏ဒေါသတကြီးအော်သံအောက်မှာပဲ ယန်ရွှီသည် ဖရိုဖရဲနတ်ဆိုးဘုရားကိုတားဆီးလိုက်သည်။ကြောက်မက်ဖွယ်ကောင်းသည့်တိုက်ပွဲတစ်ပွဲဖြစ်ပေါ်လာခဲ့သည်။

"မင်း တကယ်ကြီး ဥပဒေသကောင်းကင်အရှင်စတုတ္ထအဆင့်တစ်ယောက်တည်းနဲ့ အဲ့ဒီဖရိုဖရဲနတ်ဆိုးဘုရားကိုသွားတာခိုင်းတာပဲ။" ကောင်းကင်အရှင်အင်မော်တယ်ကောင်းကင်သည် တုံ့ပြန်လိုက်၏။

"ဟားဟား..."ကောင်းကင်အရှင်နတ်ဆိုးကောင်းကင်က ကျယ်လောင်စွာရယ်မောလိုက်သည်။"မင်းက ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ။"

"ငါတို့မိုးကောင်းကင်သုံးခုညီအစ်ကိုတွေအားလုံးက ဥပဒေသကောင်းကင်အရှင်တတိယအဆင့်ပဲ။ ငါတို့သာပူးပေါင်းပြီး မိုးကောင်းကင်သုံးခုအစီအရင်ကိုဖွဲ့စည်းလိုက်ရင် ဥပဒေသကောင်းကင်အရှင်စတုတ္ထအဆင့်ကိုခုခံဖို့လုံလောက်တယ်။"

ကောင်းကင်အရှင်နတ်ဘုရားကောင်းကင်က အသက်ပြင်းပြင်းရှုလိုက်၏။ သူ၏ကိုယ်ပေါ်မှဒဏ်ရာများကအခြေခံအားဖြင့်ကောင်းသွားပြီဖြစ်သည်။သူက အသံနက်နက်ဖြင်ပြောသည်။"မင်းထင်တာက ဥပဒေသကောင်းကင်အရှင်ဒုတိယအဆင့်တစ်ယောက်နဲ့ ပထမအဆင့်နှစ်ယောက်လောက်က ငါတို့ရဲ့ပြိုင်ဘက်ဖြစ်နိုင်တယ်လို့များလား။ ကိုယ့်ကိုယ်ကိုအထင်ကြီးလွန်းသွားပြီ။"

"ဒီလိုဆိုမှတော့ မင်းမြန်မြန်သေလို့ရပြီ။"

All Chapters