သုံးယောက်တစ်ယောက်တိုက်ခိုက်ခြင်း။မိုးကောင်းကင်သုံးခုအစီအရင်
Vol. 28 Ch. 419
ချီမင်က သူ၏အကြည့်ကိုပြန်ခွာကာ ကမ္ဘာဦးလောကအပြင်ဘက်မှ ယန်ရွှီနှင့်ဖရိုဖရဲနတ်ဆိုးဘုရားတို့၏တိုက်ပွဲကိုအာရုံစိုက်မနေတော့ပေ။ ထိုအစား သူက မိုးကောင်းကင်သုံးခုကောင်းကင်အရှင်များပေါ်သို့အာရုံစိုက်လိုက်၏။
ထို့ပြင် မိုးကောင်းကင်ညီအစ်ကိုများက သဘာဝအတိုင်းကမ္ဘာဦးလောကတွင်တိုက်ခိုက်ဖို့ယုံကြည်ချက်ရှိသည်။ သူတို့ကလည်း သူတို့ခွန်အားကိုအတော်လေးယုံကြည်ချက်ရှိ၏။ တစ်ချိန်တည်းမှာ သူတို့က နတ်ဆိုးဘုရားကျောင်း၏ဖရိုဖရဲနတ်ဆိုးဘုရားအကြောင်းကိုသိလာတာကြာပြီဖြစ်သည်။
"အရိုင်းအစိုင်းတွေ" လီထျန်းရှန်းကဒေါသထွက်သွား၏။ ဓားမြည်သံတစ်ချက်ထွက်လာသည်။ သူ၏ပါးစပ်ကို ဟကာ ထွေးထုတ်လိုက်သည်။ သူ၏ကိုယ်ပိုင်တာအိုရတနာ ကောင်းကင်ပညာရှိတာအိုဓားက လေထုကိုထိုးခွဲကာ ရွှေရောင်အလင်းများတောက်ပလျက် ဓားချီများထွက်ပေါ်လာခဲ့သည်။
"ကောင်းကင်ပညာရှိဓားတာအိုဒုတိယအကွက်။ ဖျက်ဆီးခြင်းဓားကြာပန်း။"
လီထျန်းရှန်းသည် ခုတ်ချလိုက်၏။ ဓားချီများသည်စီးဆင်းလာပြီး အတူတကွစုဝေးသွားကာ ခမ်းနားသည့်ဖျက်ဆီးခြင်းဓားကြာပန်းများအဖြစ်စုဖွဲ့သွားပြီး ကောင်းကင်အရှင်နတ်ဘုရားကောင်းကင်ကို ခုတ်ချလိုက်သည်။
"ကလေးကစားသလောက်ပဲ။" ကောင်းကင်အရှင်နတ်ဘုရားကောင်းကင်ကအေးစက်စွာ နှာခေါင်းရှုပ်ကာ ညာဘက်လက်ကိုဝေ့ယမ်းလိုက်၏။ သူ၏ကိုယ်ပိုင်တာအိုရတနာနတ်ဘုရားကောင်းကင်တာအိုစေဆီတစ်ဆူပေါ်လာတော့သည်။ ကိုးထပ်မြင့်သည့်စေတီတစ်ဆူပေါ်လာပြီး ဖျက်ဆီးခြင်းဓားကြာပန်းကိုဖျက်ဆီးလိုက်၏။
ဘန်း။
ကျယ်လောင်သည့်အသံကြီးထွက်ပေါ်လာသည်။
လီထျန်းရှန်းကသွေးအန်လိုက်ရသည်။ဖျက်ဆီးခြင်းဓားကြာပန်းက ပျက်စီးသွားတော့၏။ ပေါက်ကွဲမှု၏နောက်ဆက်တွဲက ပျံ့နှံ့လာခဲ့ပြီးသူ၏ခန္ဓာကိုလျင်မြန်စွာဖြင့် ရိုက်ခတ်လာသောကြောင့်သူက ထပ်ခါတလဲလဲ နောက်ဆုတ်လိုက်ရပြီး ဒဏ်ရာရသွားတော့၏။
“အရမ်းအားကောင်းတယ်။”
လီထျန်းရှန်း၏အမူအရာသည်လေးနက်သွား၏။"သခင်။ သခင်ဂရုစိုက်ဖို့လိုတယ်။"
ခေါင်းသုံးလုံးနတ်ဆိုးဘုရားက ဒေါသတကြီးဟိန်းဟောက်လိုက်သည်။ မယှဉ်သာလောက်အောင်ကြီးမားသည့်ခေါင်းကြီးသုံးခေါင်းက ကောင်းကင်ကိုကြည့်ကာ အော်ဟစ်လိုက်သည်။ ၎င်းက အလင်းတိုင်ကြီးသုံးတိုင်ကိုဟိန်းဟောက်ကာ ထုတ်လွှတ်လိုက်သည်။ ၎င်းတို့က အတူတကွစုစည်းသွားခဲ့ပြီး စိမ်းနက်ရောင်အလင်းတန်းအဖြစ်ဖွဲ့စည်းသွားကာ ကောင်းကင်အရှင်နတ်ဆိုးကောင်းကင်ကိုတိုက်ခိုက်လိုက်၏။
"မင်းကခေါင်းသုံးလုံးနတ်ဆိုးဘုရားအသစ်ပဲ။ မင်းသာ နောက်ထပ်ခေတ်နှစ်ခေတ်သုံးခေတ်ကြာလောက် ကျင့်ကြံပြီးရင်ငါ့ကိုတောင်ယှဉ်တိုက်ခိုက်နိုင်လောက်တယ်။"
ကောင်းကင်အရှင်နတ်ဆိုးကောင်းကင်သည် အေးစက်စွာဖြင့် မထီမဲ့မြင်ပြုလျက်ဆိုသည်။"ဒါပေမဲ့ အခုတော့ ငါ့ပြိုင်ဘက်မဖြစ်နိုင်သေးဘူး။"
"ကိုယ်ပိုင်တာအိုရတနာ။"
ကောင်းကင်အရှင်နတ်ဆိုးကောင်းကင်က လက်ဝေ့ယမ်းလိုက်သည်။"နတ်ဆိုးမိုးကောင်းကင်ဝါးမျိုခြင်းဒယ်စောက်။"
ကောင်းကင်အရှင်နတ်ဆိုးကောင်းကင်၏ခေါင်းထက်တွင် မည်းနက်သည့်သုံးချောင်းထောက်ဒယ်စောက် တစ်ခုပေါ်လာ၏။ ၎င်းတွင် အလွန်အမင်းပြင်းထန်သည့်ကောင်းကင်ကိုပင် ဝါးမျိုနိုင်သည့်စွမ်းအားများကိန်းအောင်းနေသည်။ တာအိုစာလုံးများပျံ့နှံ့လာပြီး နေရာလွတ်ကလှုပ်ခါသွားရ၏။
“သွား!”
နတ်ဆိုးမိုးကောင်းကင်ဝါးမျိုခြင်းဒယ်စောက်သည် ခေါင်းသုံးလုံးနတ်ဆိုးဘုရားကို ပစ်မှတ်ထားလိုက်၏။ ဝဲဂယက်တစ်ခုပေါ်လာတော့၏။ အပြင်ကနေကြည့်လျှင် တွင်းနက်ကြီးတစ်ပေါက်နှင့်အလားသဏ္ဍာန်တူပေမဲ့ ၎င်းက တွင်းနက်သဘာဝထက်ကျော်လွန်သွားခဲ့ပြီဖြစ်သည်။
ဆွတ်ရှ်စ်
၎င်းက ခေါင်းသုံးလုံးနတ်ဆိုးဘုရား၏စွမ်းအင်အလင်းတန်းကိုတိုက်ရိုက်ဝါးမျိုသွားတော့သည်။
ခေါင်းသုံးလုံးနတ်ဆိုးဘုရားသည် ဟိန်းဟောက်လိုက်၏။
“ဟားဟား..."
ကောင်းကင်အရှင်နတ်ဆိုးကောင်းကင်သည် ကျယ်လောင်စွာရယ်မောလိုက်လေ၏။ "ဥပဒေသကောင်းကင်အရှင်စတုတ္ထအဆင့်သာရှိနေရင် ငါတို့မင်းတို့ကိုရှုံးကောင်းရှုံးနိုင်တယ်။"
"ဒါပေမဲ့ အခုတော့..."
"မင်းက ဖရိုဖရဲနတ်ဆိုးဘုရားကို ပိတ်ဆို့ဖို့ ကောင်းကင်အရှင်အမှောင်ထုကိုလွှတ်လိုက်တယ်။ မင်းတို့သုံးယောက်လုံး ငါတို့ကိုတားနိုင်တော့မှာမဟုတ်ဘူး။"
"သေစမ်း"
ကောင်းကင်အရှင်အင်မော်တယ်ကောင်းကင်သည် အသက်ပြင်းပြင်းရှုကာ သူ၏တာအိုနည်းစနစ်များကိုလည်ပတ်လိုက်သည်။ သူက ချီမင်ကိုပစ်မှတ်ထားပြီး ရဲရင့်စွာတိုက်ခိုက်လိုက်သည်။ သူက လက်ချိတ်စည်းများကို ဖွဲ့စည်းလိုက်သည်။ သူ၏ညာဘက်လက်ထဲတွင် အင်မော်တယ်ကောင်းကင်ပါ့ကွားကြေးမုံတစ်ချပ် ပေါ်လာတော့သည်။
အင်မော်တယ်ကောင်းကင်ပါ့ကွားကြေးမုံသည် ကောင်းကင်အရှင်အင်မော်တယ်ကောင်းကင်၏ ကိုယ်ပိုင်တာအိုရတနာဖြစ်သည်။
"ဖရိုဖရဲက ထိုက်ချီအဖြစ်ဆင့်ကဲ။ ယင်ယန်အရပ်လေးမျက်နှာသင်္ကေတလေးခု၊ အင်မော်တယ်ကောင်းကင်ပါ့ကွားကြေးမုံ၊မိုးမြေချုပ်နှောင်ကောင်းကင်တာအို။"
ကောင်းကင်အရှင်အင်မော်တယ်ကောင်းကင်က သူ၏နည်းစနစ်ကိုလည်ပတ်ပြီး သက်ဆိုင်ရာအံ့ဖွယ်စွမ်းအားတို့ကိုသုံး၍ မွေးရာပါပါ့ကွားကြေးမုံ၏စွမ်းအားကိုထုတ်လွှတ်လိုက်သည်။ ကြီးမားသည့်ချိန်းကြိုးများက ကြေးမုံပြင်ထဲမှလျင်မြန်စွာဖြင့်ပြေးထွက်လာသည်။
စုစုပေါင်းချိန်းကြိုးပေါင်း(၁၀၈)ချောင်းရှိသည်။
တစ်ချောင်းစီတိုင်းက နဂါးတစ်ကောင်အလားအသက်ဝင်လှသည်။ သူတို့၏အရှိန်ကအတော်လေးမြန်လှသည်။၎င်းက ချီမင်တို့ကို ပစ်မှတ်ထားကာ တိုက်ခိုက်လာသည်။
"အစ်ကိုကြီး အစ်ကိုလတ် ဆက်မတိုက်ခိုက်ကြနဲ့တော့။"
ကောင်းကင်အရှင်အင်မော်တယ်ကောင်းကင်သည်ကျယ်လောင်စွာပြော၏။"ကျွန်တော်တို့ရဲ့ပန်းတိုင်က အစတည်းက ဒီအဆင့်နိမ့်တာအိုမူလအစမိုင်းတွင်းပဲ။ အခု ကျွန်တော် သုံးယောက်လုံးကို အင်မော်တယ်ကောင်းကင်ပါ့ကွားကြေးမုံသုံးပြီး ချုပ်နှောင်ထားလိုက်မယ်။ အစ်ကိုတို့သွားပြီး အဆင့်နိမ့်တာအိုမူလအစမိုင်းတွင်းကိုလုယူခဲ့။ ကျွန်တော်တို့အောင်မြင်သွားပြီးရင် ချက်ချင်းထွက်ခွာကြမယ်။"
ကောင်းကင်အရှင်နတ်ဘုရားကောင်းကင်သည် ခေါင်းညိတ်၏။
"ပြဿနာမရှိဘူး။" ကောင်းကင်အရှင်နတ်ဆိုးကောင်းကင်သည် ပြန်ဖြေလိုက်၏။
"ခုတ်ပိုင်း"
ချီမင်ကအော်ဟစ်ကာ လက်နှစ်ဖက်လုံးဖြင့် ဖရိုဖရဲမဟာပုဆိန်ကိုတင်းကြပ်စွာကိုင်ထားလိုက်၏။ သူက အသက်ပြင်းပြင်းရှုကာ သူ၏ခွန်အားကိုလည်ပတ်လိုက်သည်။ တာအိုစွမ်းအားများကိုအထဲသို့ထိုးထည့်လိုက်သည်။ ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စွမ်းအားက သိပ်သည်းသွားတော့သည်။
ကမ္ဘာဦးခရမ်းရောင်အလင်းများ လင်းလက်သွား၏။
ချီမင်သည် နောက်ထပ်ပုဆိန်တစ်ချက်ခုတ်လိုက်ပြန်သည်။ မျက်စိကျိန်းဖွယ်ပုဆိန်အလင်းတန်းများတောက်ပလာသည်။ ၎င်းက ပြိုင်ဘက်ကင်းစွမ်းအားကိုသယ်ဆောင်ထားခဲ့ပြီး သာမန်သဘောတရားတို့ကိုဖိနှိပ်ပစ်လိုက်သည်။
ကမ္ဘာကြီးက ချီမင်၏ပုဆိန်ကြောင့်နှစ်ခြမ်းကွဲထွက်တော့မည့်အလားပင်။
ခရက်! ခရက်!
ဖရိုဖရဲပုဆိန်အလင်းဖြတ်သန်းသွားသည်နှင့် အရာအားလုံးက ပြတ်တောက်သွားတော့၏။ စုစုပေါင်းချိန်းကြိုး(၁၀၈)ကြိုးလုံးကို ချီမင်၏ပုဆိန်ကဖြတ်တောက်သွားသည်။
"ဘာ။" ကောင်းကင်အရှင်အင်မော်တယ်ကောင်းကင်သည် ထိတ်လန့်သွားတော့၏။
ဘန်း။
…
ပုဆိန်၏နောက်ဆက်တွဲသည် အင်မော်တယ်ကောင်းကင်ပါ့ကွားကြေးမုံကိုရိုက်ခတ်သွားတော့သည်။ ကြေးမုံက ပြင်းထန်စွာလှုပ်ခါသွားပြီးပေါက်ကွဲထွက်သွားသည်။ ကြောက်မက်ဖွယ်စွမ်းအားက ကောင်းကင်အရှင်အင်မော်တယ်ကောင်းကင်ကိုလွင့်စင်ထွက်သွားစေသည်။
"အား။"
ကောင်းကင်အရှင်အင်မော်တယ်ကောင်းကင်က ထိတ်လန့်တကြားအော်ဟစ်ကာ သွေးအန်လိုက်ရသည်။ ချီမင်၏ပုဆိန်စွမ်းအားကိုခံစားကြည့်ပြီးနောက်မှာ သူ့အမူအရာကလုံးဝကို ပြောင်းလဲသွားတော့သည်။ သူက လုံးဝကိုထိတ်လန့်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်ကိုတည်ငြိမ်အောင်အတတ်နိုင်ဆုံး ကြိုးစားပြီးနောက်မှာ သူကအော်လိုက်သည်။"အစ်ကိုကြီး၊အစ်ကိုလတ် ရန်သူကတော့ ပြဿနာများပြီ။ ပူးပေါင်းကြစို့။မိုးကောင်းကင်သုံးခုအစီအရင်ကိုတည်ဆောက်ကြမယ်။"
"ဘာ။"
"ဒါက.."
"အစီအရင်။"
တုံ့ဆိုင်းမနေတော့ဘဲ မိုးကောင်းကင်ညီအစ်ကိုသုံးဦးက သူတို့၏ကိုယ်ပိုင်တာအိုရတနာများကိုအသက်သွင်းလိုက်ပြီး စွမ်းအားကုန်ထုတ်ဖော်လိုက်သည်။ သူတို့က လက်ချိတ်စည်းများဖွဲ့စည်းလိုက်သည်။
ချက်ချင်းပဲ သူတို့၏တာအိုသစ်သီးများပေါ်လာခဲ့ပြီး မရေမတွက်နိုင်သောတာအိုစာလုံးများက ချိန်းကြိုးအဖြစ်ပြောင်းလဲကာ တာအိုသစ်သီးများနှင့်ချိတ်ဆက်သွားတော့၏။
ကမ္ဘာဦးလောကတစ်ခွင်ပြင်းထန်စွာတုန်လှုပ်သွားခဲ့သည်။
"သခင်" လီထျန်းရှန်း၏အမူအရာက ပြင်းထန်စွာပြောင်းလဲသွားသည်။"သတိထား။"
ခေါင်းသုံးလုံးနတ်ဆိုးဘုရားသည် ဟိန်းဟောက်လိုက်၏။
မိုးကောင်းကင်သုံးခုညီအစ်ကိုတို့က မိုးကောင်းကင်သုံးခုအစီအရင်ကိုတည်ဆောက်ခဲ့တာ ကြာပြီဖြစ်သည်။ အစီအရင်တစ်ခုလုံးသည် သုံးဖက်မြင် တြိဂံတစ်ခုအလားပင်။ သူတို့က မတူညီသည့်ထောင့်သုံးထောင့်တွင်ရပ်နေကြသည်။
ချီမင်က အလယ်တွင်ပိတ်မိသွားတော့သည်။
ကောင်းကင်အရှင်အင်မော်တယ်ကောင်းကင်သည် သက်ပြင်းလေးကြီးချလိုက်သည်။ သူ၏အကြည့်ကအေးစက်နေသည်။သူက ချီမင်ကိုစိုက်ကြည့်လိုက်၏။ "မိုးကောင်းကင်သုံးခုအစီအရင်က ပြည့်စုံသွားပြီ။ မင်းမလွတ်မြောက်နိုင်တော့ဘူး။"
"သေစမ်း"
ကောင်းကင်အရှင်နတ်ဆိုးကောင်းကင်က အော်ဟစ်လိုက်၏။"သူ့ကိုသတ်ကြ။"
"ငါတို့က အစကတော့ အဆင့်နိမ့်တာအိုမူလအစမိုင်းတွင်းကိုယူပြီးရင် ချက်ချင်းထွက်သွားမလို့ပဲ။ဒါပေမဲ့ မင်းကခုခံလာတော့လည်း။ မင်းငါတို့မိုးကောင်းကင်သုံးခုညီအစ်ကိုတွေကို မစော်ကားနိုင်ဘူး။"
ကောင်းကင်အရှင်နတ်ဘုရားကောင်းကင်ကအော်လိုက်သည်။"ဒီနေ့ ဒီနေရာမှာပဲ မင်းရဲ့တာအိုသစ်သီးကိုဖြတ်တောက်ပြီးသေခိုင်းမယ်။"
ကောင်းကင်သုံးခုညီအစ်ကိုများက ပူးပေါင်းကာ ချီမင်ကိုတိုက်ခိုက်လိုက်သည်။ သူတို့က မိုးကောင်းကင်သုံးခုအစီအရင်၏စွမ်းအားကိုသုံးကာ ဖိအားတစ်မျိုးဖန်တီးပြီး ချီမင်၏အင်အားတစ်ချို့ကို ကန့်သတ်လိုက်၏။
တစ်ချိန်တည်းမှာ နတ်ဘုရားကောင်းကင်တာအိုစေတီ၊ နတ်ဆိုးမိုးကောင်းကင်ဝါးမျိုခြင်းဒယ်စောက်၊ အင်မော်တယ်ကောင်းကင်ပါ့ကွားကြေးမုံနှင့်ကိုယ်ပိုင်တာအိုရတနာသုံးလက်က စကားလုံးများအဖြစ်ပေါ်လာခဲ့ပြီး ချီမင်ကိုမတူညီသည့်အရပ်မျက်နှာများမှတိုက်ခိုက်လိုက်သည်။
"အချိန်ကိုက်ပဲ။"
ချီမင်သည် အသက်ပြင်းပြင်းရှုလိုက်၏။ သူ၏အကြည့်များက တိုက်ခိုက်လိုစိတ်များဖြင့်လောင်မြိုက်နေလေသည်။ သူက ဘယ်ဖက်လက်ကိုမြှောက်လိုက်သည်။ "ကမ္မကြာပန်းသန္ဓေသား၊အသင်္ချေနည်းစနစ်များတစ်ခုသို့ ပြန်သွားခြင်း၊အကန့်အသတ်မဲ့အသက်ကျမ်း။"
ထိုအခိုက် ချီမင်၏ဘယ်လက်ဝါးထဲ၌ အထွတ်အထိပ်အလင်းစီးကြောင်းသုံးခုထွက်ပေါ်လာသည်။ ပထမဆုံး ကမ္မကြာပန်းသန္ဓေသားသည် အဆုံးမဲ့ဗုဒ္ဓတိုင်းပြည်များကိုသယ်ဆောင်လျက် ကမ္မ၏ဆန်းကြယ်မှုများကိန်းဝပ်နေခဲ့သည်။
နောက်ထပ်တောက်ပသည့်အလင်းတန်းချိတ်စည်းတွင် မရေမတွက်နိုင်သောအံ့ဖွယ်စွမ်းအားများ၏ဆန်းကြယ်မှုများ သယ်ဆောင်ထားခဲ့သည်။ အသင်္ချေနည်းစနစ်များတစ်ခုသို့ ပြန်သွားခြင်းသည် မတူညီသည့်နည်းစနစ်များမှတစ်ဆင့်တူညီသည့် ပန်းတိုင်အဖြစ်ပြောင်းလဲ၍ အလင်းများထွန်းတောက်ပလာရခြင်းဖြစ်၏။
ဗုဒ္ဓကျမ်းစာမျိုးစုံပေါ်ပေါက်လာခဲ့သည်။ ၎င်းက ကြီးမားသည့်စကြာအဆောင်ချိတ်စည်း တစ်ခုဖြစ်သည်။ အလင်းစီးကြောင်းသုံးကြောင်းသည် ကောင်းကင်သို့ပြေးတက်သွားခဲ့ပြီး အလင်းမျက်နှာပြင်တစ်ခုအဖြစ်စုဖွဲ့ကာ မိုးကောင်းကင်သုံးခုအစီအရင်ကိုဖိနှိပ်လိုက်သည်။
"ကောင်းကင်ခွဲခြမ်းခြင်း"
ချီမင်သည် အသက်ပြင်းပြင်းရှုလိုက်၏။ သူက မဟာတာအိုခန္ဓာနှင်တာအိုပေါင်းစည်းခြင်းတို့၏စွမ်းအားကို သုံးလိုက်သည်။ သူသည် နောက်ထပ်ပုဆိန်တစ်ချက်ခုတ်ချလိုက်၏။ ဖရိုဖရဲပုဆိန်အလင်းကတောက်ပသွားပြီး ကိုယ်ပိုင်တာအိုရတနာသုံးခုကလည်း လွင့်ထွက်သွားတော့၏။
"ထပ်ပြီးတော့လား။"
မိုးကောင်းကင်သုံးခုညီအစ်ကိုတို့၏မျက်ဝန်းများက ကျဉ်းမြောင်းသွားကြသည်။ သူတို့က ချီမင်၏စွမ်းအားကိုအာရုံခံမိကြပေမဲ့ ကောင်းကင်နှင့်မြေကြီးမဟာတာအို၏အရှိန်အဝါကိုတော့ မခံစားမိသေးပေ။
ချီမင်ကျင့်ကြံနေခဲ့သည်မှာ နှစ်(၁၀၀၀၀၀)ကျော်ကြာသွားခဲ့သည်။ထို့နောက်မှာ သူ၏အင်အားက အခြေခိုင်သွားခဲ့သည်။ ၎င်းက သူအဆင့်ချိုးဖြတ်ခါစလိုမဟုတ်တော့ပေ။ သူ၏အရှိန်အဝါထိန်းချုပ်နိုင်စွမ်းက အတော်လေးကောင်းမွန်လာခဲ့သည်။
လီထျန်းရှန်းသည် ယခင်တုန်းက ချီမင်၏ကိုယ်ပေါ်မှမိုးမြေမဟာတာအိုအရှိန်အဝါကို ခံစားမိခဲ့ရသည်အကြောင်းအရင်းက သူအဆင့်ချိုးဖြတ်ခါစဖြစ်ပြီး ကိုယ့်ကိုယ်ကို အပြည့်အဝမထိန်းချုပ်နိုင်သေးပေ။ ထို့ကြောင့်လည်း သူ၏အရှိန်အဝါတစ်ပိုင်းအစသည် ထွက်လာခဲ့ခြင်းဖြစ်၏။
ထိုအချိန်တုန်းက ချီမင်သည် အင်အားကုန်သုံးခဲ့သည့်အပြင် သူ၏နည်းစနစ်အားလုံးကိုသုံးခဲ့သည်။ အခုမှာတော့ သူက အင်အားကုန်တောင်မသုံးရသေးချေ။
ပြင်းထန်တဲ့တိုက်ပွဲတစ်ခုဖြစ်သွားခဲ့သည်။
ချီမင်က ထပ်ခါတလဲအော်ဟစ်လိုက်၏။ သူက မိုးကောင်းကင်သုံးခုအစီအရင်ထဲ၌ပိတ်မိနေပေမဲ့ အားလျော့သွားသည့်လက္ခဏာမပြပေ။ ထိုအစား သူက ပို၍ပြင်းထန်စွာတိုက်ခိုက်လာသည်။
ချီမင်သည် မိုးကောင်းကင်သုံးခု၏တိုက်ခိုက်မှုအားလုံးကို ပုဆိန်အလင်းဖြင့် ခုတ်ချလိုက်သည်။ သူက အင်မတန်ပြင်းထန်သည့်အင်အားကို ထုတ်ဖော်ပြသလိုက်သောကြောင့် မိုးကောင်းကင်သုံးခုညီအစ်ကိုတို့အား ထိတ်လန့်သွားစေခဲ့၏။
မိုးကောင်းကင်သုံးခုညီအစ်ကိုတို့ပူးပေါင်းပြီး သူတို့၏တာအိုသစ်သီးများသုံးကာ မိုးကောင်းကင်သုံးခုအစီအရင်ကိုတပ်ဆင်ထားခဲ့သည်။ ရန်သူကိုချုပ်နှောင်ပြီးနောက်မှာ အစီအရင်၏စွမ်းအားက ရန်သူကိုဖိနှိပ်နိုင်ပြီး ၎င်း၏စွမ်းအားကိုတော့မြှင့်တင်နိုင်သည်။
မိုးကောင်းကင်သုံးခုညီအစ်ကိုများက ဥပဒေသကောင်းကင်အရှင်စတုတ္ထအဆင့်ကိုတိုက်ခိုက်ဖို့ လုံလောက်သည်။
ချီမင်သည် ကောင်းကင်နှင့်မြေကြီးမဟာတာအိုကိုနားလည်ခဲ့ပြီး ကမ္ဘာဦးတာအိုသစ်သီးကိုသိပ်သည်းခဲ့၏။ သူက အထွတ်အထိပ်အံ့ဖွယ်စွမ်းအားသုံးကာ မိုးကောင်းကင်သုံးခုအစီအရင်ကိုဆန့်ကျင်နိုင်မှုနှင့်အတူ အစီအရင်၏ဖိနှိပ်မှုကို ခုခံနိုင်၍ သူ၏အင်အားကိုမဖိနှိပ်နိုင်တော့ပေ။
"ဘယ်လို..ဘယ်လိုဖြစ်နိုင်မှာလဲ။"
အခုထက်ထိတိုင် ကောင်းကင်အရှင်နတ်ဘုရားကောင်းကင်၏အမူအရာသည် မို၍လေးနက်တည်ကြည်လာခဲ့ပြီး အတွေးနက်သွားတော့၏။"ငါတို့ညီအစ်ကိုတွေက ဥပဒေသကောင်းကင်အရှင်တတိယအဆင့်ပဲ။တစ်ဖက်က ဥပဒေသကောင်းကင်အရှင်ပထမအဆင့်ပဲရှိတယ်။ ဘာလို မိုးကောင်းကင်သုံးခုအစီအရင်အောက်မှာ အဲ့လောက်ကြာကြာနေနိုင်တာလဲ။ သူက ပြင်းပြင်းထန်ထန်တောင်တိုက်ခိုက်နိုင်သေးတယ်။ တကယ့်ကိုမယုံနိုင်စရာပဲ။"
"ကမ္ဘာဦးလောကရဲ့ကောင်းကင်ဧကရာဇ်က အရမ်းသန်မာတယ်။ ငါ့ရဲ့မျှော်လင့်ချက်ထက်ကျော်သွားပြီ။ သူက သေချာပေါက် ဥပဒေသကောင်းကင်အရှင်ပထမအဆင့်မဟုတ်ဘူး။ သေချာပေါက် ကျင့်ကြံခြင်းအဆင့်ဖုံးကွယ်ထားတာဖြစ်ရမယ်။"
ကောင်းကင်အရှင်နတ်ဆိုးကောင်းကင်ကအော်လိုက်၏။"အစ်ကိုကြီး ညီလေး ကျွန်တော်ထပ်မထိန်းထားနိုင်တော့ဘူး။ နောက်ဆုံးအကွက်ကိုသုံးတော့။ မဟုတ်ရင် ကောင်းကင်ဧကရာဇ်က ကျွန်တော်တို့ရဲ့မိုးကောင်းကင်သုံးခုအစီအရင်ကိုချိုးဖောက်သွားပါလိမ့်မယ်။"
ကောင်းကင်အရှင်အင်မော်တယ်ကောင်းကင်က တွေးတောကာ ခေါင်းညိတ်၍ဆိုသည်။"အဲ့ဒီအကွက်က... ကျွန်တော်တို့ တစ်ဖက်ကိုစော်ကားပြီးသွားပြီ။အဲ့ဒါကြောင့် အနာဂတ်မှာပြဿနာတွေချန်ထားခဲ့လို့မရဘူး။ တာအိုသစ်သီးထိခိုက်သွားရရင်တောင် ကျွန်တော်တို့သူ့ကိုသတ်ရမယ်။"