← Chapters

မိုးကောင်းကင်သုံးခုတာအိုအလင်း။ကမ္ဘာဦးတာအိုအလင်း

Vol. 28 Ch. 420

မိုးကောင်းကင်သုံးခုတာအိုအလင်း။ကမ္ဘာဦးတာအိုအလင်း

Vol. 28 Ch. 420

အစတည်းက မိုးကောင်းကင်သုံးခုညီအစ်ကိုတို့က ချီမင်တို့ကိုတိုက်ခိုက်ရန်မတွေးထားခဲ့ပေ။ သူတို့က အဆင့်နိမ့်တာအိုမူလအစမိုင်းတွင်းကိုလုယူရန်အခွင့်အရေးရှာချင်ရုံသာဖြစ်သည်။

သို့ပါသော်လည်း တိုက်ပွဲကတဖြည်းဖြည်းမြင့်တက်လာခဲ့ပြီး မသိလိုက်စွာဖြင့် ချီမင်နှင့်မိုးကောင်းကင်သုံးခုညီအစ်ကိုတို့မှာ သေမျိုးရန်သူများသဖွယ်ဖြစ်လာကြသည်။

"သေစမ်း"

ကောင်းကင်အရှင်နတ်ဘုရားကောင်းကင်၊ကောင်းကင်အရှင်နတ်ဆိုးကောင်းကင်နှင့်ကောင်းကင်အရှင်အင်မော်တယ်ကောင်းကင်တို့က တညီတညွှတ်တည်းအော်လိုက်၏။ သူတို့၏အကြည့်များက စူးရှနေခဲ့ပြီး တစ်ပြိုင်နက်တိုက်ခိုက်လိုက်သည်။ မိုးကောင်းကင်သုံးခုအစီအရင်ထဲတွင် တာအိုစွမ်းအားများစုဝေးလာခဲ့သောကြောင့် ကောင်းကင်ကိုပင်ဖုံးအုပ်သွားစေမည့် ကြီးမားသည့်လက်ဝါးကြီးတစ်ဖက်ပေါ်လာသည်။

"မဟာတာအိုလက်။"

ချီမင်ကမကြောက်ရွံ့သွားပေ။ သူကဘယ်ဖက်လက်ကိုမြှောက်ကာ လက်ဝါးတစ်ဖက်ကိုထုတ်ဖော်လိုက်၏။ သူ့ရင်ဘက်ပေါ်တွင် ကမ္ဘာဦးတာအိုသစ်သီးသည် ခမ်းနားသည့်အလင်းများထုတ်လွှတ်နေခဲ့၏။ တာအိုစွမ်းအားများမြင့်တက်လာခဲ့သည်။ ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စွမ်းအားက တိုးထွက်လာခဲ့သည်။

…

ကြီးမားသည့်မဟာတာအိုလက်ချိတ်စည်းက သိပ်သည်းလာခဲ့၏။

ချီမင်၏လက်ဝါးက မိုးကောင်းကင်သုံးခုညီအစ်ကိုများ၏ပူးပေါင်းတိုက်ကွက်ကို ပိတ်ဆို့လိုက်သောကြောင့် ကြောက်မက်ဖွယ်ကောင်းသောပေါက်ကွဲမှုကြီးထွက်ပေါ်လာ၏။ ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းများပျံ့နှံ့လာခဲ့သောကြောင့် မိုးကောင်းကင်သုံးခုအစီအရင်တစ်ခုလုံးသည် ပြင်းထန်စွာတုန်ခါသွားခဲ့၏။

မဟာတာအိုစစ်မှန်အဆောင်မျိုးစုံသည် ချီမင်၏ခန္ဓာကိုယ်အနားတွင်ကခုန်နေခဲ့ပြီး စုဝေးလာခဲ့သည်။ သူက ချပ်ဝတ်တစ်ခုကိုဝတ်ဆင်ထားသည့်အလားပင်။၎င်းက ပေါက်ကွဲမှု၏နောက်ဆက်တွဲအားလုံးကို ခုခံပေးလိုက်၏။

အခုထက်ထိတော့ ချီမင်က သူ၏မဟာတာအိုအရှိန်အဝါကိုမထုတ်ဖော်မိသေးပေ။သူတို့က အကြိမ်ကြိမ်တိုက်ခိုက်ခဲ့သောကြောင့် မိုးကောင်းကင်သုံးခုညီအစ်ကိုတို့က ထူးဆန်းမှုကိုခံစားရဆဲဖြစ်၏။ သူတို့ကချီမင်ထံမှကြောက်မက်ဖွယ်ဖိအားကိုခံစားမိ၏။

မိုးကောင်းကင်သုံးခုညီအစ်ကိုတို့က မဟာတာအိုကျင့်ကြံခြင်းဆိုသည်ကိုတော့ မခန့်မှန်းရဲသေးပေ။ သူတို့က ချီမင်သည်ကျင့်ကြံခြင်းအဆင့်ကိုဖုံးကွယ်ထားပြီး အားနည်ချင်ဟန်ဆောင်နေသည်ဟုသာ ခံစားရခြင်းဖြစ်သည်။

ဒုတိယအတွေးကတော့ ကောင်းကင်အရှင်အမှောင်ထုသည် ဥပဒေသကောင်းကင်အရှင်စတုတ္ထအဆင့်ဖြစ်ပြီး ကောင်းကင်ဧကရာဇ်က ထိုသူကိုတောင် ထိန်းချုပ်ထားနိုင်သည်။ သူ၏ကျင့်ကြံခြင်းအဆင့်က သေချာပေါက်ကို ကောင်းကင်အရှင်အမှောင်ထုအောက်မနိမ့်လောက်ပေဟုပင်။

မိုးကောင်းကင်သုံးခုညီအစ်ကိုက ချီမင်၏ကျင့်ကြံခြင်းအဆင့်သည် တာအိုသစ်သီးအဆင့်လေးသို့မဟုတ်အဆင့်ငါး ကျိန်းသေဖြစ်ရမည်ဟု ခံစားရသည်။

"နတ်ဘုရားကောင်းကင်တာအိုသစ်သီး၊နတ်ဆိုးကောင်းကင်တာအိုသစ်သီး၊အင်မော်တယ်ကောင်းကင်တာအိုသစ်သီး။"

ထိုအခိုက် ကောင်းကင်အရှင်ညီအစ်ကိုသုံးယောက်ကအင်အားကုန်တိုက်ခိုက်ရန်ပြင်ဆင်ကာ သူတို့၏တာအိုသစ်သီးအသီးသီးကိုထုတ်ဖော်လိုက်၏။

မိုးကောင်းကင်သုံးခုအစီအရင်၏အကူအညီနှင့်အတူ တာအိုသစ်သီးသုံးလုံးက ဖြေးညှင်းစွာ ချည်းကပ်လာသည်။ အချိန်တိုလေးအတွင်းမှာ ၎င်းတို့က စုဝေးကာပေါင်းစပ်သွားတော့သည်။

ချက်ချင်းပဲ သုံးရောင်ခြယ်က ဖြတ်ခနဲတောက်ပလာကာ အရှိန်အဝါက လျင်မြန်စွာဖြင့်မြင့်တက်သွားတော့သည်။ ၎င်းက တာအိုသစ်သီးအဆင့်သုံးသို့ချိုးဖြတ်သွားကာ တာအိုသစ်သီးအဆင့်လေးသို့ရောက်လုနီးပါးပင်။

၎င်း၏စွမ်းအားက မြင့်တက်လာခဲ့သည်။

"လာစမ်းပါ။"

မိုးကောင်းကင်သုံးခုညီအစ်ကိုတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ဆုံးဖြတ်ချက်ချပြီး တစ်ပြိုင်တည်းအော်လိုက်သည်။"အထက်ကမ္ဘာကောင်းကင်တာအို၊တာအိုသစ်သီးပေါင်းစပ်ခြင်း၊မိုးကောင်းကင်သုံးခုအစီအရင်၊ကောင်းကင်နှင့်မြေကြီးဖျက်ဆီးခြင်း၊မိုးကောင်းကင်သုံးခုတာအိုအလင်း။ ဖျက်ဆီး။"

ချက်ချင်းပဲ ၎င်းက ကြောက်မက်ဖွယ်ကောင်းသည့်သုံးရောင်ခြယ်အလင်းတန်းဖြစ် ပြောင်းလဲသွားသည်။ ၎င်းက မိုးကောင်းကင်သုံးခုကောင်းကင်အရှင်ညီအစ်ကိုတို့၏တာအိုသစ်သီးများ ပေါင်းစပ်ထားခြင်းဖြစ်သည်။

၎င်းတွင် ထိုသူတို့အားလုံး၏စွမ်းအားအားလုံးပါဝင်သည်။

ထိုအခိုက် အတူတကွပေါင်းစပ်သွားတော့သည်။

မိုးကောင်းကင်သုံးခုအစီအရင်၏အကူအညီနှင့် ၎င်းက ထပ်မံမြင့်တက်လာပြီး ကြောက်မက်ဖွယ်ကောင်းသည့်စွမ်းအားအဆင့်တစ်ဆင့်သို့ရောက်သွားတော့၏။ ၎င်းက ဥပဒေသကောင်းကင်အရှင်စတုတ္ထအဆင့်တစ်ပါးခုခံဖို့လုံလောက်သွားတော့သည်။

ထိုအကွက်ကို မိုးကောင်းကင်သုံးခုညီအစ်ကိုတို့၏အသန်မာဆုံးတိုက်ကွဲဟုဆိုနိုင်သည်။

ချီမင်သည် ဖိအားအတော်လေးခံစားလိုက်ရ၏။ မိုးကောင်းကင်သုံးခုညီအစ်ကိုတို့၏ရိုက်ချက်က အတော်လေးစွမ်းအားကြီး၏။

သို့ပါသော်လည်း သူက အတော်လေးတည်ငြိမ်နေ၏။

"မဟာတာအိုအံ့ဖွယ်စွမ်းအား။"

အတွေးတစ်ချက်ဖြင့် ချီမင်သည် လက်ချိတ်စည်းများကိုဖွဲ့စည်းလိုက်သည်။ ကမ္ဘာဦးတာအိုသစ်သီးက သူ၏ခန္ဓာကိုယ်မှထွက်လာခဲ့ပြီး တာအိုသစ်သီး၏စွမ်းအားကိုလှုံ့ဆော်လိုက်သည်။

"ကမ္ဘာဦးတာအိုအလင်း။"

ချီမင်သည် မဟာတာအိုအံ့ဖွယ်စွမ်းအားကိုသုံးလိုက်သည်။ ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စွမ်းအားက ထွက်ပေါ်လာခဲ့ပြီး မရေမတွက်နိုင်သောမဟာတာအိုစစ်မှန်အဆောင်အဖြစ်ပြောင်းလဲသွားခဲ့ကာ ကမ္ဘာဦးတာအိုသစ်သီးအဖြစ်ပြောင်းသွားတော့သည်။

သူက နည်းစနစ်ကိုလည်ပတ်လိုက်တော့ ကမ္ဘာဦးတာအိုသစ်သီးထဲသို့ သူ၏တာအိုစွမ်းအားများတိုးဝင်သွားတော့သည်။

ထိုအခိုက် ကမ္ဘာဦးတာအိုသစ်သီးကလှုပ်ခါသွားတော့သည်။

ပြိုင်ဘက်ကင်းစွမ်းအားတစ်မျိုးထွက်ပေါ်လာ၏။

စွမ်းအားများထုတ်လွှတ်နေသရွေ့ ၎င်းက ကမ္ဘာကြီးထဲမှအရာအားလုံးကိုဖျက်ဆီးပစ်နိုင်သည်။ ၎င်းက အတော်လေးကြောက်မက်ဖွယ်ကောင်း၏။ ၎င်းက သန့်စင်သောတာအိုဖျက်ဆီးခြင်းနည်းစနစ် ဖြစ်သည်။

"သေစမ်း" ချီမင်က ကောင်းကင်ကိုမော့၍ ဟိန်းဟောက်လိုက်ကာရင်ဘက်ကော့လိုက်၏။ သူ၏ရင်ဘက်ပေါ်တွင် ကမ္ဘာဦးတာအိုသစ်သီးပေါ်လာတော့၏။ ထို့နောက် ကမ္ဘာဦးတာအိုအလင်းသည် သန့်စင်သည့်ခရမ်းရင့်ရောင်အလင်းဖြစ်၏။ ကမ္ဘာဦးတာအိုသစ်သီး၏ရင်းမြစ်အဖြစ်အသုံးပြုပြီးနောက် ၎င်းက ခရမ်းရင့်ရောင်အလင်းတန်းအဖြစ်ပြောင်းလဲကာ ပစ်မှတ်ကို လျင်မြန်စွာ ထိုးဖောက်သွားတော့သည်။

ကမ္ဘာဦးတာအိုအလင်းဖြတ်သန်းသွားသည့် နေရာလွတ်များက ဖျက်ဆီးခံလိုက်ရသည်။၎င်းက အရာအားလုံးကိုဖျက်ဆီးသွားတော့၏။ ၎င်းက ကောင်းကင်နှင့်မြေကြီးကိုဖြတ်တောက်သွားခဲ့ပြီး ကောင်းကင်မှဆင်းသက်လာခဲ့သောမိုးကောင်းကင်သုံးခုတာအိုအလင်းကိုထိခတ်သွားတော့သည်။

အလင်းနှစ်ခုက ထိတိုက်သွားတော့၏။

ချက်ချင်းပဲ ပေါက်ကွဲသံမျိုးစုံထွက်ပေါ်လာခဲ့သည်။

ကမ္ဘာဦးတာအိုအလင်း၏စွမ်းအားက ပို၍သန်မာသည်။၎င်းတွင် ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စွမ်းအားများပါဝင်သည်။ မိုးကောင်းကင်သုံးခုတာအိုအလင်းကလည်း အတော်လေးသန်မာပေမဲ့ ၎င်းက အထက်ကမ္ဘာကောင်းကင်တာအို၏စွမ်းအားဖြင့်သာ ပေါင်းစပ်ထားခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်းမှာ ချီမင်၏ကမ္ဘာဦးတာအိုအလင်းက တဖြည်းဖြည်းအရေးသာလာခဲ့၏။

"မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး! လုံးဝမဖြစ်နိုင်ဘူး။" ကောင်းကင်အရှင်နတ်ဘုရားကောင်းကင်၏မျက်လုံးက ပြူးကျယ်သွားခဲ့သည်။သူ့မျက်နှာသည် အကြောက်တရားများဖြင့်ပြည့်နှက်နေခဲ့၏။

"ဘယ်လို..ဘယ်လိုဖြစ်နိုင်မှာလဲ။" ကောင်းကင်အရှင်နတ်ဆိုးကောင်းကင်က ထိတ်လန့်သွားတော့သည်။

"ဒီ..ဒီအရှိန်အဝါ၊ဖိအားနဲ့စွမ်းအားက..."ကောင်းကင်အရှင်အင်မော်တယ်ကောင်းကင်၏ခန္ဓာကိုယ်ကလှုပ်ခါသွားတော့၏။

ထိုအခိုက် ချီမင်သည် အင်အားကုန်ထုတ်ကာ မဟာတာအိုအံ့ဖွယ်စွမ်းအား:ကမ္ဘာဦးတာအိုအလင်းကို သုံးလိုက်သည်။ သူ၏မဟာတာအိုအရှိန်အဝါကို မဖုံးကွယ်နိုင်တော့ပေ။

ကောင်းကင်အရှင်အင်မော်တယ်ကောင်းကင်တို့က ချီမင်၏ခန္ဓာကိုယ်ပေါ်မှမိုးမြေမဟာတာအိုအရှိန်အဝါကို ခံစားမိသည်။ ၎င်းက သူတို့ကို အတော်လေးထိတ်လန့်သွားစေပြီး မယုံနိုင်စရာကောင်းသလိုခံစားလိုက်ရသည်။

"ကောင်းကင်..ကောင်းကင်နဲ့မြေကြီးမဟာတာအို..."

ကောင်းကင်အရှင်နတ်ဘုရားကောင်းကင်က မအံ့ဩဘဲမနေနိုင်တော့ပေ။"ဒါ မိုးမြေမဟာတာအိုရဲ့အရှိန်အဝါပဲ။ ကျွန်တော်...ကျွန်တော် သူကမဟာတာအိုကိုတကယ်ကျင့်ကြံထားတယ်လို့မထင်ထားခဲ့ဘူး။"

“!!!”

ကောင်းကင်အရှင်နတ်ဆိုးကောင်းကင်နှင့်အင်မော်တယ်ကောင်းကင်တို့၏မျက်ဝန်းများက ကျဉ်းမြောင်းသွားတော့သည်။

အသံကျယ်ကြီးထွက်လာသည်။

ချီမင်၏ကမ္ဘာဦးတာအိုအလင်းသည် မိုးကောင်းကင်သုံးခုတာအိုအလင်းကို အပြည့်အဝအနိုင်ယူ သွားတော့သည်။ အလင်းကပြိုကွဲပျက်စီးသွားတော့၏။ ကမ္ဘာဦးတာအိုအလင်း၏နောက်ဆက်တွဲအရှိန် သည် မိုးကောင်းကင်ညီအစ်ကိုတို့၏တာအိုသစ်သီးကို ရိုက်ခတ်သွားတော့၏။

ပေါက်ကွဲသံထွက်လာသည်။

မိုးကောင်းကင်သုံးခုညီအစ်ကိုတို့က အော်ဟစ်လိုက်ရကာ သွေးအန်ထွက်သွားတော့၏။ သူတို့၏မျက်နှာများက စက္ကူအလားဖျော့တော့သွားတော့၏။ မိုးကောင်းကင်သုံးခုတာအိုအလင်းကပျက်စီးသွားတော့ပြီး သူတို့၏တာအိုသစ်သီးများက ပျက်စီးသွား၏။ သူတို့ဒဏ်ရာများက အသေးစားလေးမဟုတ်ပေ။သူတို့က နောက်သို့ အထပ်ထပ်ဆုတ်လိုက်ရတော့၏။

ချက်ချင်းဆိုသလိုပင် မိုးကောင်းကင်သုံးခုအစီအရင်သည် ပျောက်ကွယ်သွားတော့၏။ အလင်းတန်းက မရေမတွက်နိုင်သောအလင်းစက်များအဖြစ် ပျောက်ကွယ်သွားတော့၏။ မိုးကောင်းကင်သုံးခုညီအစ်ကိုတို့က ပေါ်လာတော့သည်။

တာအိုသစ်သီးသုံးလုံးက သူတို့ခန္ဓာကိုယ်ထဲသိုပြန်ဝင်သွားတော့၏။

"အဟွတ်..ဟွတ်"

မိုးကောင်းကင်သုံးခုညီအစ်ကိုတို့က သွေးချောင်းဆိုးလိုက်ရ၏။ ကောင်းကင်အရှင်တို့ကသွေးအန်ထွက်သွားတော့၏။သူတို့က ချီမင်ကိုလေးစားစွာဖြင့်ကြည့်လိုက်၏။

"ခင်ဗျားတို့ရှုံးပြီ။"

ချီမင်၏လက်ထဲမှ ဖရိုဖရဲမဟာပုဆိန်သည် အလင်းစီးကြောင်းသုံးခုအဖြစ်ကွဲသွားကာ သူ့အနားတွင်ကခုန်လာ၏။ သူ၏ရင်ဘက်ပေါ်မှကမ္ဘာဦးတာအိုသစ်သီးကတောက်ပလာခဲ့သည်။၎င်းက ပို၍ပို၍တောက်ပလာခဲ့၏။

"ကမ္ဘာဦးတာအိုအလင်း။"

ချက်ချင်းဆိုသလိုပင် ချီမင်က ညာဘက်လက်ကိုမြှောက်လိုက်၏။ သူ့လက်ဖဝါးထဲတွင်ကမ္ဘာဦးတာအိုအလင်းတို့စုဝေးလာ၏။ ခရမ်းရင့်ရောင်အလင်းတို့မှာ ဝဲဂယက်တစ်ခုအလားပင်။

"ကျွန်တော်တို့ အညံ့ခံပါ့မယ်။"

ဒုန်း။

ကောင်းကင်အရှင်နတ်ဘုရားကောင်းကင်၊နတ်ဆိုးကောင်းကင်နှင့်အင်မော်တယ်ကောင်းကင်တို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ သူတို့၏ဒဏ်ရာများကိုခုခံလျက် ချီမင်၏ရှေ့တွင်ဒူးထောက်လိုက်သည်။

လီထျန်းရှန်းက စိတ်သက်သာရာရစွာသက်ပြင်းချ၏။ သူ့အကြည့်က လေးစားမှုများဖြင့် ပြည့်နှက်နေ၏။သူက ချီမင်ကိုသက်ပြင်းချကာကြည့်လိုက်သည်။ "သခင်ဆိုတဲ့အတိုင်းပဲ။ ကောင်းကင်နှင့်မြေကြီးမဟာတာအိုကိုကျင့်ကြံတဲ့သူက သုံးယောက်တစ်ယောက်တိုက်ခိုက်နိုင်တယ်။ သူက ဥပဒေသကောင်းကင်အရှင်ပထမအဆင့်ဆိုပေမဲ့ ဥပဒေသကောင်းကင်အရှင်တတိယအဆင့်သုံးယောက်ကို အနိုင်ယူနိုင်တယ်။သူတို့ကို အညံ့ခံသွားအောင်လုပ်နိုင်သေးတယ်။"

မိုးကောင်းကင်သုံးခုညီအစ်ကိုတွေအတွက်တော့ သူတို့၏ တာအိုသစ်သီးများဒဏ်ရာရသွားတည်းက ရှုံးနိမ့်သွားခဲ့ပြီဖြစ်သည်။ ဆက်၍သာတိုက်ခိုက်လို့ရှိရင် သေသွားနိုင်သည်။ သေချာသည်ကတော့ သူတို့ထွက်ပြေးဖို့နည်းလမ်းကို စဉ်းစားနိုင်သေးသည်။

မိုးကောင်းကင်သုံးခုညီအစ်ကိုတို့က ချီမင်သည် မဟာတာအိုကျင့်ကြံသူမှန်းသိသွားတော့ သူတို့၏စိတ်ကူးများက ပြောင်းလဲသွားခဲ့၏။ သူတို့က ထွက်မပြေးတော့ပေ။ ထိုအစား သူတို့က ချီမင်ကိုအညံ့ခံကာ သူ၏နောက်လိုက်ဖြစ်လာချင်သွားသည်။

ထိုသည်ကနေကြည့်လျှင် မဟာတာအိုကျင့်ကြံသူ၏ဆွဲဆောင်နိုင်မှုကိုသိသာထင်ရှားစွာမြင်နိုင်၏။

ရိုးသားစွာပြောရရင်တော့ ချီမင်က အနည်းငယ်အံ့ဩသွားတော့သည်။ သူက မဟာတာအိုကျင့်ကြံသူကျင့်ကြံပြီး ကောင်းကင်နှင့်မြေကြီးမဟာတာအိုကို ကျင့်ကြံဆင်ခြင်သောကြောင့် ထိုဥပဒေသကောင်းကင်အရှင်များတစ်ယောက်ပြီးတစ်ယောက် အညံ့ခံလာစေနိုင်မည်ဟု တကယ့်ကိုမထင်ထားခဲ့ပေ။ မမျှော်လင့်ထားပေ။

မဟုတ်ရင်တော့...

ချီမင်သည် မဟာတာအိုကျင့်ကြံသူများ၏ဆွဲဆောင်နိုင်မှုနှင့်အလားအလာကိုနားလည်သွားသည်။

အထက်ကိုးကမ္ဘာတွင် မရေမတွက်နိုင်သော နှစ်များကုန်ဆုံးပြီးနောက်မှာ မဟာတာအိုကျင့်ကြံသူများစွာပေါ်ထွန်းခဲ့သည်။ သူတို့အကုန်လုံးက ကောင်းကင်နှင့်မြေကြီးမဟာတာအိုကိုကာကွယ်ပေးနိုင်ပြီးအခြေခံအားဖြင့် သေရန်အတော်လေးခက်ခဲ၏။ အသက်အန္တရာယ်ခြိမ်းခြောက်ခံရရင်တောင် သူတို့က အသက်ရှင်ဖို့ အခွင့်အရေးရှိ၏။

ထိုအခြေအနေအောက်တွင် သူ့ရှေ့မှ မိုးကောင်းကင်သုံးခုညီအစ်ကိုတို့က လီထျန်းရှန်းယခင်အညံ့ခံခဲ့တုန်းကလိုပင် ချီမင်မဟာတာအိုကိုကျင့်ကြံခဲ့ကြောင်းသိပြီးနောက် စိတ်လိုလက်ရအညံ့ခံခဲ့ခြင်းဖြစ်၏။

တစ်နည်းပြောရရင်။

သူတို့က ချီမင်၏အလားအလာကိုအလောင်းအစားထပ်ခဲ့ခြင်းဖြစ်သည်။

ချီမင်၏အမူအရာက မပြောင်းလဲပေ။ သူက မိုးကောင်းကင်သုံးခုညီအစ်ကိုတို့ကို သတ်ရန်မပြင်ဆင်ထားပေ။ သူခဏတွေးပြီးနောက်မှ ပွင့်လင်းစွာပြော၏။"ဒီလိုဆိုရင် မင်းတို့ရဲ့တာအိုသစ်သီးဇာစ်မြစ်တစ်စကိုလက်လွဲပေး။ ဒါဆို ငါမင်းတို့ကိုလက်ခံပေးမယ်။"

"ဒါက..."

"တာအိုမူလအစအပိုင်းအစတစ်စလား။"

“…”

မိုးကောင်းကင်သုံးခုညီအစ်ကိုတို့က ကြောင်သွားတော့၏။ သူတို့ကတစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခဏတွေးလိုက်၏။ သူတို့ကအသက်ပြင်းပြင်းရှုကာ တစ်ပြိုင်တည်းပြော၏။"ဟုတ်ကဲ့ပါ။သခင်။"

နောက်တခဏမှာ မိုးကောင်းကင်သုံးခုညီအစ်ကိုတို့က တာအိုသစ်သီဇာစ်မြစ်မှတစ်စကိုဆွဲထုတ်ကာ ချီမင်ထံသို့လွှဲပေးလိုက်သောကြောင့် ထိုသူတို့ကို ထိန်းချုပ်လို့ရသွားတော့၏။

တာအိုသစ်သီးဇာစ်မြစ်တစ်စကကွဲထွက်လာခဲ့သည်။မိုးကောင်းကင်သုံးခုညီအစ်ကိုတို့က ချီမင်ကြောင့်ခုနလေးတင်ဒဏ်ရာရထားခဲ့သည်။တာအိုသစ်သီးပေါ်မှ ထိခိုက်ထားမှုက မသေးပေ။ ၎င်းက ပြန်လည်ကုသဖို့အချိန်အတော်ကြာလိုအပ်၏။

"ကောင်းကင်အရှင်နတ်ဘုရားကောင်းကင်ရှီရှောင်။"

"ကောင်းကင်အရှင်နတ်ဆိုးကောင်းကင် ရှီဖေး။"

"ကောင်းကင်အရှင်အင်မော်တယ်ကောင်းကင် ရှီထင်းယွမ်။"

"ဂါဝရပြုပါတယ်သခင်။"

မိုးကောင်းကင်သုံးခုညီအစ်ကိုတို့က သူတို့၏နာမည်အရင်းကိုတင်ပြလိုက်သည်။သူတို့က ချီမင်၏ရှေ့တွင်ဒူးထောက်ကာ အရိုအသေပြုလိုက်၏။

ချီမင်သည်ခေါင်းညိတ်ကာ ညွှန်ကြားလိုက်၏။"မင်းတို့ရဲ့တာအိုသစ်သီးပေါ်က ဒဏ်ရာကိုထိန်းချုပ်လိုက်တော့။ ကမ္ဘာဦးလောကအပြင်ဘက်မှာရှိတဲ့ဖရိုဖရဲနတ်ဆိုးဘုရားကိုလိုက်ပြီး သတ်ဖို့ကူပေး။"

ကောင်းကင်အရှင်နတ်ဘုရားကောင်းကင်သည် ခေါင်းညိတ်၏။

"ဟုတ်ကဲ့” ကောင်းကင်အရှင်နတ်ဆိုးကောင်းကင်သည် ပြန်ဖြေလိုက်၏။

"ဒါက..."အင်မော်တယ်ကောင်းကင်က စဉ်းစားကာပြောသည်။"သခင် ကမ္ဘာဦးလောကအပြင်ဘက်မှာရှိတဲ့ဖရိုဖရဲနတ်ဆိုးဘုရားက နတ်ဆိုးဘုရားကျောင်းကပါ။ ကျွန်တော်တို့သူ့ကိုသတ်ချင်ရင် သေချာပေါက် နတ်ဆိုးဘုရားကျောင်းကိုစော်ကားမိမှာပါ။ အဲ့ဒါက အတော်လေးပြဿနာများပါလိမ့်မယ်။"

All Chapters