← Chapters

မီးဖိုသဖွယ် ဆူပွက်တောက်လောင်သောသွေး၊ နဂါးဆင်၏ရုပ်ခန္ဓာ။

Vol. 6 Ch. 90

မီးဖိုသဖွယ် ဆူပွက်တောက်လောင်သောသွေး၊ နဂါးဆင်၏ရုပ်ခန္ဓာ။

Vol. 6 Ch. 90

"ငါရိက္ခာအများကြီး သိုလှောင်ထားမိတာ ကံကောင်းတာပဲ...”

ကျိုးစွေ့ အနည်းငယ် စိတ်သက်သာရာရသွားသည်။

သူသည် ယောင်သားရဲအသား၊ စိတ်ဝိညာဉ်ဆန်၊ ဟင်းသီးဟင်းရွက် စသည်တို့အပါအဝင် ဆယ်နှစ်စာထက်မနည်းသော အစားအစာများကို သိုလှောင်ထားခဲ့သည်။

သူ၏အစာစားချင်စိတ်မှာ အဆများစွာ တိုးလာလျှင်ပင် အနည်းဆုံး လေးနှစ်၊ ငါးနှစ်ခန့် တောင့်ခံထားနိုင်သည်။

အကယ်၍ ဆေးလုံးများကို ထည့်တွက်ပါက၊ သူသည် ပို၍ပင် ကြာရှည်ခံနိုင်ပေလိမ့်မည်။

ထို့ကြောင့် သူ၏အိမ်ရှိ အစားအစာထောက်ပံ့မှု လျင်မြန်စွာ ကုန်ဆုံးသွားပြီး ဗိုက်ဟောင်းလောင်း ဖြစ်ရမည်အား စိုးရိမ်စရာမလိုပေ။

"ယောက်ျား.. ရှင် ဒီလောက်ညဉ့်နက်ကြီး မီးဖိုချောင်ထဲ ထမင်းလာစားနေတာလား..”

ထိုအချိန်တွင် ကျိပင်းယွီ၊ ရှားကျင်းယန်နှင့် မုဇီယန်တို့အားလုံးသည် မီးဖိုချောင်မှ ဆူညံသံကို ကြားရ၍ အိပ်ခန်းထဲမှ ထွက်လာကြသည်။ သူတို့သည် ကျိုးစွေ့ကို စူးစမ်းစွာ ကြည့်လိုက်ကြသည်။

ကျိုးစွေ့သည် ယခင်က ညသန်းခေါင်ယံတွင် အိပ်ယာမှထပြီး အစာစားလေ့မရှိပေ။

ဤသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။

သို့သော် ကျိုးစွေ့ကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် သူတို့ရှေ့မှ ယောက်ျားသည် ရုတ်တရက် ပြောင်းလဲသွားပြီး ပို၍ သန်မာလာသကဲ့သို့ ခံစားလိုက်ရသည်။

သူ၏ခန္ဓာကိုယ်ထဲရှိ အသက်စွမ်းအင်သည် မီးဖိုတစ်ခုကဲ့သို့ လောင်ကျွမ်းနေပြီး မယုံနိုင်လောက်အောင် အားအင်ပြည့်ဝနေသည်။

ကျိုးစွေ့၏ခန္ဓာကိုယ်ထဲတွင် ကြမ်းတမ်းသော သားရဲတစ်ကောင် နေထိုင်နေသကဲ့သို့ ဖြစ်နေသည်။

သို့သော် သူတို့သည် မည်သည့်ကြောက်ရွံ့မှုကိုမျှ မခံစားရပေ။ ထိုအစား သူတို့သည် လုံခြုံမှုကို ခံစားလိုက်ရသည်။

"ဟားဟား.. ငါ့ရဲ့ကျင့်ကြံမှုမှာ အဆင့်တက်သွားလို့ ရုတ်တရက် ဗိုက်ဆာလာတာနဲ့ မီးဖိုချောင်ကို လာခဲ့တာ...” ဟု ကျိုးစွေ့က ရယ်မောလိုက်သည်။

"ကျင့်ကြံမှုမှာ အဆင့်တက်တာလား.. အယ်... ခန္ဓာကိုယ်သန့်စင်ခြင်းမှာလား..."

ကျိပင်းယွီ၏ မျက်လုံးများ ချက်ချင်းပင် တောက်ပသွားသည်။ သူမသည် အနားသို့ တိုးကပ်ပြီး ကျိုးစွေ့၏ ခန္ဓာကိုယ်ကို စမ်းသပ်စစ်ဆေးလိုက်သည်။

သူမ၏ယောက်ျား၏ ခန္ဓာကိုယ်သည် ယခင်ကထက် အဆပေါင်းများစွာ ပိုမိုသန်မာလာသည်ကို သူမ ချက်ချင်းပင် အာရုံခံမိလိုက်သည်။

ကြွက်သားတစ်လက်မတိုင်းတွင် ပေါက်ကွဲထွက်နိုင်သော စွမ်းအားများ ရုန်းထနေပုံရ၏။

ထို့အပြင်၊ ခန္ဓာကိုယ်မှာ မယုံနိုင်လောက်အောင် အချိုးအစားကျနေပြီး၊ အဆုံးစွန်သောအလှတရား၏ ရင်သပ်ရှုမောဖွယ် ဖြစ်နေသည်။

"ဟုတ်တယ်..."

ကျိုးစွေ့က ခေါင်းညိတ်လိုက်ပြီး မည်သည့်အရာကိုမျှ ဖုံးကွယ်ရန် အစီအစဉ်မရှိပေ။ သူသည် သူ၏ခန္ဓာကိုယ်ရှိ အပြောင်းအလဲအားလုံးကို ခန္ဓာကိုယ်သန့်စင်ခြင်းပညာကြောင့်ဟုသာ ခေါင်းစဉ်တပ်လိုက်သည်။

"ငါ့ယောက်ျားက ခန္ဓာကိုယ်သန့်စင်ခြင်း ပညာရပ်ကို အောင်မြင်အောင်ကျင့်ကြံနိုင်ခဲ့တာ တကယ်ကို အံ့ဩစရာပဲ..."

မုဇီယန်၏ လှပသောမျက်လုံးများက မှိတ်တုတ်မှိတ်တုတ်ဖြင့် တောက်ပနေသည်။

သူမသည် ကျိုးစွေ့၏ကိုယ်သင်းနံ့ကို ရှူရှိုက်လိုက်ပြီး ချက်ချင်းပင် သူမ၏နှလုံးခုန်သံများ မြန်လာကာ၊ ကျိုးစွေ့သည် ယခုအခါ ပို၍ပင် ဆွဲဆောင်မှုရှိလာသကဲ့သို့ ခံစားနေရသည်။

"ရုပ်ခန္ဓာသန့်စင်ခြင်းပညာရပ်က တကယ်ပဲ အဲ့ဒီလောက် အံ့ဩစရာကောင်းလို့လား.. ဒါက ဟန်ပြသက်သက်နေမှာပါ...”

ရှားကျင်းယန်သည် သူမ၏လှပသော မျက်လုံးများကို ပုတ်ခတ်ရင်း ကျိုးစွေ့ကို စူးစမ်းစွာ ကြည့်လိုက်သည်။

"ဟမ့်..ဟန်ပြသက်သက်... အခု အခြေအနေတွေ ပြောင်းလဲသွားပြီကွ...”

ကျိုးစွေ့သည် လက်သီးဆုပ်လိုက်ပြီး၊ သူ၏မျက်လုံးများတွင် စိတ်လှုပ်ရှားမှုအရိပ်အယောင်တစ်ခု ထွက်ပေါ်နေသည်။

သူ၏အတွင်း၌ နဂါးဆင်ကူ၏ စွမ်းအားများ လှိုင်းထနေသည်ကို ခံစားနေရပြီး၊ နဂါးဆင်သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသကဲ့သို့ ဖြစ်နေသည်။ သူ၏ခန္ဓာကိုယ်အတွင်းမှ ရုန်းကြွနေမှုအား ဖိနှိပ်ရန်ခက်ခဲနေပြီး ၎င်းကို ထုတ်လွှတ်ရပေမည်။

၎င်းမှာ နဂါးတစ်ကောင်၏ ပင်ကိုအသိစိတ်ဖြစ်ပြီး ချုပ်တည်းရန် လုံးဝမဖြစ်နိုင်သလောက်ပင် ဖြစ်သည်။

[ T.N - အဟမ်း.. နဂါးတွေက မေထုံအမှုမှာ အလွန်အကျွံကို ခုန်မင်ကြတယ်လို့ အဆိုရှိပါတယ်ဗျ ]

ထိုစကားကို ကြားသောအခါ ကျိပင်းယွီနှင့် အခြားသူများ မျက်နှာနီမြန်းသွားပြီး၊ သူတို့ရှေ့မှ ယောက်ျားကို စိတ်အနှောင့်အယှက်ဖြစ်စွာ ကြည့်လိုက်ကြသည်။ သူတို့သည် ဤယောက်ျား၏စိတ်ထဲတွင် မည်သည့်အရာရှိသည်ကို အတိအကျ သိရှိကြသည်။

တစ်ခဏအကြာတွင်။

အိပ်ခန်းသည် နွေဦး၏အလင်းရောင်ဖြင့် ထွန်းလင်းနေတော့သည်။

ညသုံးနာရီထိုးမှသာ အခန်းသည် တိတ်ဆိတ်သွားသည်။

၎င်းမှာ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။

နဂါးဆင်ကူ၏စွမ်းအားမှ သန့်စင်မှုသည် ကျိုးစွေ့၏ ရုပ်ခန္ဓာအရည်အသွေးနှင့် ခံနိုင်ရည်ကို သိသိသာသာ တိုးတက်စေသည်။

ယခင်ကနှင့် နှိုင်းယှဉ်လျှင် သူသည် အဆပေါင်းများစွာ ပိုမိုအားကောင်းလာသည်။

...

ထိုအချိန်တွင် မီယွင်မြို့အပြင်ဘက်ရှိ စခန်းတစ်ခု၌။

ဤနေရာသည် တစ္ဆေမိစ္ဆာဂိုဏ်း၏ အခြေတည်အဆင့်ကျင့်ကြံသူများ၏ အဓိကစခန်းဖြစ်ပြီး၊ မီယွင်မြို့၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ရန် တာဝန်ရှိသည်။

မိစ္ဆာကျင့်ကြံသူများစွာ ဤနေရာတွင် တပ်စွဲထားကြသည်။

သူတို့သည် မီယွင်မြို့၏အစီအရင်ကို တစ်နေ့သုံးကြိမ်အချိန်မှန်မှန်ဖြင့် နံနက်၊ နေ့လယ်နှင့် ညနေတို့တွင် စက်သေနတ်ပစ်သည့်သဖွယ်တိုက်ခိုက်ပြီး၊ မီယွင်မြို့ရှိ ဝိညာဉ်ကျောက်တုံးများ၏ စွမ်းအင်ကို အဆက်မပြတ်လျော့ကျစေသည်။

"ရှုထျန်းဇယ်နဲ့ တခြားသူတွေရဲ့ သက်စောင့်အမှတ်အသားတွေ မရှိတော့ဘူး.. သူတို့ မီယွင်မြို့ထဲမှာ သေသွားပြီ...”

အနက်ရောင်ဝတ်ရုံဖြင့် မိစ္ဆာကျင့်ကြံသူတစ်ဦးက ပြောလိုက်သည်။

ရှုထျန်းဇယ်နှင့် အခြားသူများ သေဆုံးသည်နှင့်တစ်ပြိုင်နက် ဂိုဏ်းတွင် သိမ်းဆည်းထားသော သူတို့၏သက်စောင့်အမှတ်အသားများလည်း လုံးဝ ကွဲကြေသွားသည်။

ထို့ကြောင့် တစ်ချိန်တည်းမှာပင် ရှုထျန်းဇယ်နှင့် အခြားသူများ သေဆုံးသွားပြီဖြစ်ကြောင်းကိုလည်း သူနားလည်လိုက်သည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ငါတို့ သူတို့ကို အင်မော်တယ်ရှားဂိုဏ်းက မတွေ့အောင် ပုန်းနေဖို့ ပြောထားတာမဟုတ်ဘူးလား... သူတို့ဘယ်လို အသတ်ခံလိုက်ရတာလဲ..."

ခေါင်းတုံးဖြင့် အခြေတည်အဆင့် မိစ္ဆာကျင့်ကြံသူတစ်ဦးက မျက်မှောင်ကြုတ်လိုက်သည်။

"ချီးတဲ့မှ.. ဂိုဏ်းချုပ်ကတောင် သူတို့ကို ဒုတိယအဆင့် ထိပ်တန်း မိုးကြိုးတံဆိပ်အဆောင်သုံးခု ပေးခဲ့သေးတယ်...အဲ့တာတောင် ဒီအတိုင်းသေသွားကြတယ်တဲ့လား...ဘယ်လောက်တောင် အသုံးမကျလိုက်လဲ..."

သူသည် လူသတ်သမားမှာ အင်မော်တယ်ရှားဂိုဏ်းမှ ကျင့်ကြံသူတစ်ဦးဖြစ်သည်မှာ သေချာသည်ဟု ယူဆသည်။

မည်သို့ပင်ဖြစ်စေ၊ ရှုထျန်းဇယ်နှင့်အခြားသူများအားလုံးမှာ ချီသန့်စင်ခြင်းအဆင့်(၉)ရှိကျင့်ကြံသူများဖြစ်ကြပြီး၊ တစ်ဦးချင်းစီတွင် လှည့်ကွက်များစွာ ရှိကြသည်။

အင်မော်တယ်ရှားဂိုဏ်း ကျင့်ကြံသူများသာ မဟုတ်ခဲ့ပါက သူတို့ အသတ်ခံရမည်မဟုတ်ပေ။

တစ်ကိုယ်တော်ကျင့်ကြံသူများက သူတို့၏တစ္ဆေမိစ္ဆာဂိုဏ်းတပည့်များကို သတ်ဖြတ်ရန်မှာမူ၊ ၎င်းမှာ အဓိပ္ပါယ်မရှိသလို၊ လုံးဝပင် မဖြစ်နိုင်ပေ။

ယခုအခါ သူသည် ဒေါသထွက်လွန်းသဖြင့် တစ်ပိုင်းသေလုနီးနီးပင် ဖြစ်နေချေသည်။

ရှုထျန်းဇယ်နှင့်အခြားသူများ၏ သေဆုံးမှုက တစ္ဆေမိစ္ဆာဂိုဏ်း၏အစီအစဉ်ကို ပျက်ပြားစေခဲ့သည်။ သူတို့သာ အတွင်းပိုင်းပဋိပက္ခများအား မဖန်တီးပေးနိုင်ပါက၊ မီယွင်မြို့၏ ကြီးမားသောအစီအရင်ကို ချိုးဖျက်ရန် ရုန်းကန်ရပေလိမ့်မည်။

သူတို့သည် အင်မော်တယ်ရှားဂိုဏ်းကျင့်ကြံသူများ မီယွင်မြို့တွင် ပုန်းအောင်းနေသည်ကို မည်သို့မျှမတတ်နိုင်ဘဲ ဒေါသထွက်စွာ ထိုင်သာကြည့်နေနိုင်သည်။

သို့သော် ယခုအခါ ရှုထျန်းဇယ်နှင့်အခြားသူများ သေဆုံးသွားပြီဖြစ်သောကြောင့်၊ သူသည် ၎င်းနှင့်ပတ်သက်၍ မည်သည့်အရာမျှ မလုပ်နိုင်တော့ပေ။

သူသည် ဤတပည့်များကို နောက်တစ်ကြိမ်သတ်ဖြတ်ရန်အတွက် အသက်ပြန်ရှင်လာအောင် သေချာပေါက် မလုပ်နိုင်ပေ။

"အင်မော်တယ်ရှားဂိုဏ်းတပည့်တွေ သူတို့ကို အစောကြီးကတည်းက ရိပ်မိထားလို့ တိတ်တဆိတ် အလစ်ဖမ်းတိုက်တာပဲ ဖြစ်ရမယ်... အဲဒါကြောင့်မလို့ ဒုတိယအဆင့်အဆောင်ကိုတောင် သုံးချိန်မရလိုက်ဘဲ အသတ်ခံလိုက်ရတာနေမယ်...”

"ဒီကိစ္စက လန်ယွဲ့ရှီ လှုပ်ရှားခဲ့တာတောင် ဖြစ်နိုင်တယ်...”

အနက်ရောင်ဝတ်ရုံဖြင့် မိစ္ဆာကျင့်ကြံသူ၏မျက်လုံးများ တောက်ပလာသည်။ "ငါတို့ အဲ့ဒီ အင်မော်တယ်ရှားဂိုဏ်း ဂိုဏ်းသခင်ငယ် လန်ယွဲ့ရှီကို လျှော့တွက်မိခဲ့ကြပုံပဲ... ငါတို့က ဒါကို အပိုင်သေချာတယ်လို့ ထင်ခဲ့ပေမဲ့ သူတို့က ထောက်လှမ်းနိုင်သွားတယ်.. ငါတို့ လုမိသားစုထဲက သူလျှိုရဲ့ စကားတွေကို အလွယ်တကူ ယုံလို့မဖြစ်တော့ဘူး.. မဟုတ်ရင် ငါတို့ သေချာပေါက် ထောင်ချောက်ထဲကို ရောက်ရလိမ့်မယ်...”

သူသည် ထိုအင်မော်တယ်ရှားဂိုဏ်း ဂိုဏ်းသခင်ငယ်လန်ယွဲ့ရှီ၏ ဂုဏ်သတင်းမှာ အလကားဟုမထင်ပေ။ သူမသည် ကောလာဟလများတွင် ဖော်ပြထားသည်ထက်ပင် ပို၍ လိမ္မာပါးနပ်ပြီး သတိကြီးတတ်သည်။

ဤသို့သော အကျပ်အတည်းတွင်ပင် သူမသည် မီယွင်မြို့တွင် ပုန်းအောင်းနေသော မိစ္ဆာကျင့်ကြံသူများကို ရှာဖွေတွေ့ရှိနိုင်သေးသည်။

ထို့အပြင် သူတို့တစ္ဆေမိစ္ဆာဂိုဏ်းရဲ့ အစီအစဉ်ကို ဖျက်ဆီးခဲ့သည်။ ၎င်းးအား ကိုင်တွယ်ဖြေရှင်းရသည့် ခက်ခဲမှုမှာ သူထင်ထားသည်ထက် ကျော်လွန်နေပေသည်။

"စီနီယာအစ်ကိုကြီး.. အခု ငါတို့ ဘာလုပ်သင့်လဲ.. အစီအရင်ကို ဖျက်ဆီးဖို့ အတွင်းမှာ တစ္ဆေမိစ္ဆာဂိုဏ်း တပည့်တွေမရှိဘဲနဲ့ ငါတို့ချည်းပဲဆိုရင်.. ဒီဒုတိယအဆင့်အစီအရင်ကို ချိုးဖျက်ဖို့က... ဟူး...”

ခေါင်းတုံးဖြင့် မိစ္ဆာကျင့်ကြံသူမှာ အတော်ပင် စိတ်ပျက်နေသည်။

"လောစရာမလိုပါဘူး...”

အနက်ရောင်ဝတ်ရုံဖြင့် မိစ္ဆာကျင့်ကြံသူက လက်ဝေ့ယမ်းလိုက်သည်။ "အခုချိန်မှာ အင်မော်တယ်ရှားဂိုဏ်းက အဲ့ဒီရွှေအမြုတေလိပ်အိုကြီးနှစ်ကောင်က ထွက်မလာရဲဘူး... ငါတို့မှာ အချိန်ရှိသေးတယ်... ငါတို့ အတွင်းကနေ မဖျက်ဆီးနိုင်ရင် အရှေ့ကနေဘဲ တိုက်တာပေါ့...”

"ဒုတိယအဆင့် အစီအရင်တစ်ခုကို ထိန်းသိမ်းထားဖို့ နေ့စဉ် ဝိညာဉ်ကျောက်တုံး လိုအပ်ချက်က နည်းတာမဟုတ်ဘူး... ဒီမီယွင်မြို့က အချိန်အကြာကြီး တောင့်ခံထားနိုင်လိမ့်မယ်လို့တော့ ငါမယုံဘူး.. ဝိညာဉ်ကျောက်တုံးတွေ ကုန်သွားတာနဲ့ အစီအရင်က သူ့အလိုလို ပျက်ဆီးသွားလိမ့်မယ်....”

သူသည် အတော်ပင် တည်ငြိမ်နေသည်။

ဒုတိယအဆင့် အစီအရင်တစ်ခုကို ချိုးဖျက်နိုင်ရန်၊ နှစ်ပေါင်းများစွာ အချိန်ကုန်ခြင်းမှာ သာမန်သာဖြစ်သည်။

ဥပမာအားဖြင့် အချို့ကျင့်ကြံသူများ၏ ဂူပျက်များတွင် အတွင်းရှိ ရတနာများကို ရယူရန်၊ အစီအရင်ကို ဆယ်နှစ်ကျော်ကြာ အဆက်မပြတ် ဖျက်ဆီးခဲ့ကြရ၏။ ယခုတွင်လည်း ထိုအတိုင်းသာဖြစ်သည်။

"စီနီယာအစ်ကိုကြီးက တကယ်ကို စိတ်ရှည်တာပဲ.. ဒီလိုဆိုရင်တော့ ငါတို့ စောင့်ရုံပဲ ရှိတော့တာပေါ့..."

"တောက်.. အင်မော်တယ်ရှားဂိုဏ်းကျင့်ကြံသူတွေ.. အစီအရင် ကျိုးပေါက်သွားတာနဲ့ အတွင်းမှာ ဘယ်သူမှ အသက်ရှင် မကျန်စေရဘူး...”

"အထူးသဖြင့် ငါတို့တစ္ဆေမိစ္ဆာဂိုဏ်း တပည့်တွေကို သတ်ခဲ့တဲ့သူ.. မင်း သေချာပေါက် သေရမယ်...”

ခေါင်းတုံးဖြင့် မိစ္ဆာကျင့်ကြံသူ၏ မျက်လုံးများတွင် အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။ သူ၏အမူအရာမှာ လုံးဝကို ရက်စက်ကြမ်းကြုတ်နေသည်။

အခြား တစ္ဆေမိစ္ဆာဂိုဏ်းကျင့်ကြံသူများလည်း တစ်ပြိုင်နက် ခေါင်းညိတ်လိုက်ကြသည်။

All Chapters