← Chapters

ညီမရှားကို ဘယ်အချိန်ကျမှ မယားငယ်အဖြစ် သိမ်းပိုက်မှာလဲ။

Vol. 6 Ch. 78

ညီမရှားကို ဘယ်အချိန်ကျမှ မယားငယ်အဖြစ် သိမ်းပိုက်မှာလဲ။

Vol. 6 Ch. 78

နောက်တစ်နေ့ နံနက်ခင်း။

"ဘာဖြစ်သွားတာလဲ... ဘာလို့ ဘာလှုပ်ရှားမှုမှ မရှိရတာလဲ.."

ရှုထျန်းဇယ်သည် ကျိုးစွေ့၏ ခြံဝင်းကို အဆက်မပြတ် စောင့်ကြည့်နေခဲ့သော်လည်း၊ တစ်ညလုံး ကုန်ဆုံးသွားသည့်တိုင် ဘေးအိမ်တွင် မည်သည့်လှုပ်ရှားမှုမျှ မရှိခဲ့သလို မည်သည့်အရိပ်အယောင်မျှပင် မတွေ့ရပေ။

သာမန်နေ့ရက်များအလား၊ သူသည် ကျိုးစွေ့နှင့်သူ၏ဇနီးမယားများ နံနက်ခင်းလေ့ကျင့်ခန်းလုပ်ခြင်း၊ အဝတ်လျှော်ခြင်း၊ ထမင်းဟင်းချက်ခြင်းတို့ကိုပင် မြင်တွေ့နေရသည်။

ပြဿနာမှာ သူသည် ယန်တောင်တန်းကျားငါးကောင်အား ဘေးအိမ်မှ ကျင့်ကြံသူတွင် ဝိညာဉ်ကျောက်တုံးအမြောက်အမြား ပိုင်ဆိုင်ထားသည်မှာ သေချာကြောင်း တမင်တကာ အရိပ်အမြွက်ပြောခဲ့ခြင်း ဖြစ်၏။

ကျားငါးကောင်၏ စရိုက်အရ သူတို့သည် ထိုသွေးဆောင်မှုကို လျစ်လျူရှုနိုင်မည်မဟုတ်ဘဲ၊ လုယက်သတ်ဖြတ်ရန် သေချာပေါက် လှုပ်ရှားကြပေလိမ့်မည်။

သို့သော် ဤနံနက်ခင်းအထိ သူသည် ကျားငါးကောင်၏ မည်သည့်လှုပ်ရှားမှု အရိပ်အယောင်ကိုမျှ မမြင်တွေ့ခဲ့ရသဖြင့် လုံးဝပင် နားမလည်နိုင်ဖြစ်နေသည်။

"ယန်တောင်တန်းကျားငါးကောင်က ငါ့ရဲ့ဆိုလိုရင်းကို နားမလည်လို့ မလှုပ်ရှားခဲ့တာများလား...”

"ဒါမှမဟုတ် သူတို့လှုပ်ရှားခဲ့ပေမဲ့ အဲ့ဒီအမျိုးသမီးကျင့်ကြံသူတွေက တိတ်တဆိတ် သတ်ဖြတ်လိုက်တာများလား....”

ရှုထျန်းဇယ် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ဒုတိယခန့်မှန်းချက်မှာ အတော်လေးပင် အဓိပ္ပါယ်မရှိသောကြောင့်၊ ပထမခန့်မှန်းချက်ဘက်ကိုသာ ပိုမိုအလေးပေးလိုက်သည်။

မည်သို့ပင်ဖြစ်စေ၊ ယန်တောင်တန်းကျားငါးကောင်သည် ချီသန့်စင်ခြင်းနှောင်းပိုင်းအဆင့်ရှိ ကျင့်ကြံသူများဖြစ်ကြသည်။ သူကိုယ်တိုင်ပင် သူတို့အား အနည်းငယ် ရှိန်ပေသည်။

သူတို့အား တိတ်တဆိတ် သတ်ဖြတ်ရန်ဆိုသည်မှာ မဖြစ်နိုင်သော အရူးအိပ်မက်သာ ဖြစ်၏။

ထိုနူးညံ့သိမ်မွေ့သော အမျိုးသမီးကျင့်ကြံသူများတွင် ထိုသို့သော စွမ်းရည်ရှိမည်ဟု သူ မယုံကြည်ပေ။

"ဟမ့်... ဒီကောင်လေး ဒီလိုဘေးဒုက္ခကနေ လွတ်မြောက်လောက်အောင်ထိ ကံကောင်းလိမ့်မယ်လို့ ငါမထင်မိဘူး..."

"အဲ့ဒီ ချီးထုပ်ယန်တောင်တန်းကျားငါးကောင်က သောက်သုံးမကျတဲ့ကောင်တွေပဲ.. သူတို့ကိုယ်သူတို့ ကျော်ကြားတဲ့လုယက်သူတွေလို့ လက်ခမောင်းခတ်နေပေမဲ့.. အမျိုးသမီးကျင့်ကြံသူ နည်းနည်းလေးကိုတောင် လက်ဖျားနဲ့ မတို့ရဲဘူး... ဘယ်လိုလုယက်သူတွေလဲဟ..."

“ချီးကို ကျားငါးကောင်ပါ့လား... ယန်တောင်တန်းကြွက်ငါးကောင်လို့ပဲ ပြောရမယ်.... ကြောက်တတ်လိုက်ကြတာကလည်း ကြွက်အတိုင်းပဲ..”

"ထားလိုက်တော့.. အခုက ငါ့ကိုယ်ငါ ဖော်ထုတ်ရမယ့်အချိန် မဟုတ်သေးဘူး... အရေးကြီးဆုံးက ဂိုဏ်းရဲ့တာဝန်ကို ပြီးမြောက်ဖို့ပဲ... ဒီကောင်လေးကို လောလောဆယ်တော့ ချမ်းသာပေးထားလိုက်အုံးမယ်... မီယွင်မြို့ကို သိမ်းပိုက်ပြီးတဲ့အခါကျရင်တော့ သေပြီသာမှတ်..."

ရှုထျန်းဇယ်၏ မျက်လုံးများတွင် အေးစက်စက်အလင်းတစ်ချက် လက်သွားသည်။

ဤအစီအစဉ် ကျရှုံးသွားသည့်အတွက် မကျေနပ်သော်လည်း ထိုအရာက သူ့အား အလွန်အမင်း စိတ်အနှောင့်အယှက်မဖြစ်စေခဲ့ပေ။

မည်သို့ပင်ဖြစ်စေ၊ ၎င်းမှာ သာမန်လှုပ်ရှားမှုတစ်ခုသာ ဖြစ်၏။ အောင်မြင်သည်၊ မအောင်မြင်သည်က များစွာ အရေးမပါလှချေ။

...

နေ့လည်ခင်းတွင်။

ကျိုးစွေ့၊ ကျိပင်းယွီ၊ မုဇီယန်နှင့် ရှားကျင်းယန်တို့ နေ့လည်စာ စားနေကြသည်။ စားပွဲပေါ်တွင် ဟင်းလျာအမျိုးမျိုးဖြင့် ပြည့်နှက်နေပြီး၊ စားချင်စဖွယ်ရနံ့များ ထွက်ပေါ်နေသည်။ ၎င်းမှာ အတော်လေးပင် တခမ်းတနားနိုင်ပေသည်။

ဟင်းတစ်ခွက်တိုင်းသည် အနည်းဆုံး အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ဆယ်တုံးခန့် တန်ဖိုးရှိ၏။

"ယောက်ျား.. ကျွန်မတို့ရဲ့ နေထိုင်မှုပုံစံက အရမ်းကို ဇိမ်ကျလွန်းတယ်... အပြင်မှာ ဆန်နဲ့အသားဈေးတွေ မိုးထိုးအောင် တက်နေတယ်လို့ ကြားတယ်... ဒီတစ်နပ်စာကိုသာ အပြင်မှာရောင်းရင် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်ရာလောက် ရလိမ့်မယ်လို့ ကျွန်မထင်တယ်..."

မုဇီယန်က ရေရွတ်လိုက်သည်။

သူမ စုံစမ်းသိရှိရသလောက် လက်ရှိတွင် မီယွင်မြို့၌ စိတ်ဝိညာဉ်ဆန်၊ အသားနှင့် ဟင်းသီးဟင်းရွက်များအားလုံးကို ခွဲတမ်းဖြင့်သာ ရောင်းချတော့သည်။ မှောင်ခိုဈေးကွက်တွင် ယခင်ကထက် ဆယ်ဆနီးပါး ပိုမိုမြင့်မားသည်အား တွေ့ရှိခဲ့ရသည်။

အခြားကျင့်ကြံသူများသာ ဤကဲ့သို့ ဇိမ်ကျကျ စားသောက်နေနိုင်သည်အား မြင်တွေ့ပါက မနာလိုစိတ်ဖြင့် သေချာပေါက် ရူးသွပ်သွားနိုင်ပေသည်။

"ဒါက ကြိုတင်ပြင်ဆင်ထားခြင်းရဲ့ အကျိုးကျေးဇူးပဲ... ငါတို့သာ အစားအစာတွေကို စောစောစီးစီး သိုလှောင်မထားခဲ့ရင် ဒီလိုဇိမ်ကျတဲ့ အစားအစာတွေကို တတ်နိုင်မှာမဟုတ်ဘူး...”

ကျိုးစွေ့က ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။

"ယောက်ျား.. ကျွန်မတို့ ဒီရက်ပိုင်းအတွင်းမှာ ပိုပြီးသတိထားတာ အကောင်းဆုံးဖြစ်လိမ့်မယ်... ဒီရက်ပိုင်းအတွင်း မီယွင်မြို့မှာ လုယက်သူတွေ အတော်များများ ပေါ်လာတယ်လို့ ကြားတယ်..."

ကျိပင်းယွီ၏ မျက်နှာမှာ လေးနက်နေ၏။

"သူတို့က ညဘက်မှာ ရာဇဝတ်မှုတွေကို မကြာခဏ ကျူးလွန်ကြတယ်.. အိမ်တွေကို ဖောက်ထွင်းပြီး လုယက်ကြတယ်တဲ့.. ကျွန်မတို့လမ်းမှာတောင် လုယက်မှုအတော်များများ ဖြစ်ခဲ့တယ်... တချို့ဆို အသက်ပါဆုံးရှုံးခဲ့ရတယ်..."

“ကျင့်ကြံသူလျို.. ကျင့်ကြံသူစွန်းနဲ့ ကျင့်ကြံသူကျောက်တို့ရဲ့ မိသားစုတွေဆိုရင် လုယက်ခံရပြီး တစ်အိမ်လုံးတောင် အသတ်ခံလိုက်ရတယ်တဲ့.. သူတို့ပိုင်ဆိုင်သမျှအကုန်လည်း ပါသွားတယ်...”

မီယွင်မြို့သည် ယခုအခါ လုံခြုံမှုမရှိတော့ဘဲ ယခင်ကထက်ပင် ပို၍အန္တရာယ်များလာကြောင်း သူမက ရှင်းပြလိုက်သည်။

ကျိုးစွေ့ ပြုံးလိုက်သည်။ မှန်ပေသည်၊ မည်သို့လုံခြုံမည်နည်း။ မနေ့ညကပင် ယန်တောင်တန်းကျားငါးကောင် သူ့အိမ်ဆီသို့ ကျူးကျော်ရန်ကြိုးစားခဲ့သည် မဟုတ်လော။

သူသာ ၎င်းတို့အား အချိန်မီ မထောက်လှမ်းမိခဲ့ပါက၊ နောက်ဆုံးရသတင်းများထဲက သားကောင်များမှာ သူတို့ပင် ဖြစ်သွားနိုင်ပေသည်။

ကံကောင်းစွာဖြင့် သူ၏ကျင့်ကြံမှု တိုးတက်လာခဲ့ပြီး သူသည် ထိုလုယက်သူအုပ်စုကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းကာ သူတို့၏ လုံခြုံရေးကို အာမခံနိုင်ခဲ့သည်။

သို့သော် သူသည် သူ၏ဇနီးနှင့်မယားငယ်များ မလိုအပ်ဘဲ အစိုးရိမ်လွန်မည်အား မလိုလားသောကြောင့်၊ ထိုအကြောင်းအရာအား အရေးတယူ ပြောမနေတော့ရန် ဆုံးဖြတ်လိုက်သည်။

“ဘာရယ်.. သူတို့က အရမ်းရက်စက်လိုက်တာ… အိမ်တွေကို ပေါ်တင်တောင် လုယက်ရဲနေပြီလား..”

မုဇီယန် တုန်လှုပ်သွားသည်။

"ခဏလေး.. ဒီလောက်ကြီးတဲ့ အဖြစ်မျိုးတွေ ဖြစ်သွားတာတောင် ဘယ်သူမှ အင်မော်တယ်ရှားဂိုဏ်းကို သတင်းမပို့ခဲ့ဘူးလား... အဲ့ဒီလုယက်သူတွေကို အင်မော်တယ်ရှားဂိုဏ်းရဲ့ ကင်းလှည့်သမားတွေ ရှာတွေ့ပြီလား..."

အင်မော်တယ်ရှားဂိုဏ်း၏ အုပ်ချုပ်မှုအောက်ရှိ မီယွင်မြို့တွင် ဤသို့သော ကြီးမားသည့် ရာဇဝတ်မှု ဖြစ်ပွားနိုင်သည်ကို သူမ မယုံကြည်နိုင်ပေ။

သူမသည် မီယွင်မြို့တွင် သုံးနှစ်ကြာ နေထိုင်ခဲ့ပြီး၊ ဤသို့သော အဖြစ်အပျက်မျိုးကို မကြားဖူးပေ။

"အဟတ်... အင်မော်တယ်ရှားဂိုဏ်းက အခုချိန်မှာ ဒီလိုကိစ္စတွေကို ဖြေရှင်းဖို့အချိန်မရှိဘူး... သူတို့က ငါတို့ဘဝတွေကိုလည်း ဂရုစိုက်မှာမဟုတ်ဘူး...”

ကျိပင်းယွီက ခေါင်းယမ်းလိုက်ပြီး "ဘယ်လိုပဲဖြစ်ဖြစ် တစ္ဆေမိစ္ဆာဂိုဏ်းရဲ့ နေ့စဥ်တိုက်ခိုက်မှုတွေကို ခုခံနေရတာနဲ့တင် သူတို့အတွက် ခေါင်းကိုက်စရာဖြစ်နေပြီ... ဒီလုယက်မှု၊ လူသတ်မှုတွေကို ဖြေရှင်းဖို့ဆိုတာ ဝေးရော.."

ယခင်က အင်မော်တယ်ရှားဂိုဏ်း ကင်းလှည့်သမားများထံမှ တရားမျှတမှုကို ရှာဖွေခဲ့သော ကျင့်ကြံသူများ ရှိခဲ့သည်။

သို့သော် အချည်းနှီးသာ ဖြစ်ခဲ့လေ၏။ သူတို့ရရှိခဲ့သည်မှာ သူတို့၏ တိုင်ကြားချက်ကို လက်ခံကြောင်း အသိအမှတ်ပြုခြင်းမျှသာဖြစ်ပြီး တရားခံများကို ရှာဖွေရန် ရည်ရွယ်ချက်မရှိခဲ့ပေ။

ထိုအစား သူတို့သည် ထိုအဖြစ်အပျက်များအား အားပေးအားမြှောက်ပင် ပြုချင်ကြပုံရပြီး၊ အေးတိအေးစက်ဖြင့် လျစ်လျူရှုထားလေသည်။

အချိန်ကြာလာသည်နှင့်အမျှ မည်သူမျှ ဤအဖြစ်အပျက်များကို တိုင်ကြားရန် စိတ်မဝင်စားတော့ဘဲ မိမိတို့၏ကံကြမ္မာကိုသာ အားကိုးကြရတော့သည်။

"ဒါက အလုပ်ရှုပ်နေလို့ဆိုတာထက် ပိုနက်နဲတယ်... တစ်ကိုယ်တော်ကျင့်ကြံသူအရေအတွက်ကို လျှော့ချတာက အင်မော်တယ်ရှားဂိုဏ်းကျင့်ကြံသူတွေ လိုချင်နေတဲ့အရာတောင် ဖြစ်နိုင်တယ်..."

ကျိုးစွေ့က လေးနက်သောအသံဖြင့် ပြောလိုက်သည်။

"ရှင် ဘာကိုဆိုလိုတာလဲ..."

ကျိပင်းယွီနှင့် အခြားသူများမှာ အနည်းငယ် စိတ်ရှုပ်ထွေးသွားကြသည်။

“ငါပြောတဲ့အတိုင်းပဲလေ…”

ကျိုးစွေ့က လေးနက်စွာဖြင့် "ဒီစစ်ပွဲက ဘယ်လောက်ကြာမယ်ဆိုတာ ဘယ်သူမှမသိဘူး... နောက်ထပ် သုံးနှစ်၊ ငါးနှစ်လောက် ဖြစ်နိုင်တယ်... ဒါပေမဲ့ မြို့ထဲက စားနပ်ရိက္ခာတွေက နည်းလာနေပြီ..."

“ဒါပေမဲ့ မြို့ထဲမှာ တစ်ကိုယ်တော်ကျင့်ကြံသူတွေ အများကြီးရှိတယ်.. လူဦးရေများတာက နေ့စဥ်အစားအစာ ကုန်ဆုံးမှုများတယ်လို့ ဆိုလိုတာပဲ... သူတို့သာ ဒီအခွင့်အရေးကိုယူပြီး တစ်ကိုယ်တော်ကျင့်ကြံသူတချို့ကို ဖယ်ရှားနိုင်ခဲ့ရင် စားနပ်ရိက္ခာအတွက် ဖိအားက အများကြီး သက်သာသွားနိုင်တယ်လေ..."

သူသည် အမြဲတစေ အဆိုးဆုံးအခြေအနေအား ကြိုတင်သုံးသပ်လေ့ ရှိသည်။

ဤသည်မှာ အင်မော်တယ်ရှားဂိုဏ်း ကျင့်ကြံသူများ၏ တကယ့်ရည်ရွယ်ချက် မဟုတ်လျှင်တောင်မှ၊ သူတို့၏လုပ်ရပ်များက ဤသုံးသပ်မှုအား ဦးတည်စေ၏။

ဤအချက်နှင့်ပတ်သက်၍ သံသယဖြစ်ဖွယ်မရှိပေ။

"ဒီလိုဆိုရင်တော့ အပြင်ကကျင့်ကြံသူတွေ ငါတို့ခြံဝင်းထဲကို ဖောက်ထွင်းဝင်ရောက်ပြီး လုယက်တာကို တားဆီးဖို့.. ငါ့ရဲ့အစီအရင်ကန့်သတ်ချက်တွေရဲ့ အစွမ်းကို မြှင့်တင်ဖို့ လိုအပ်တယ်..."

ရှားကျင်းယန်သည် ချက်ချင်းပင် စိုးရိမ်ပူပန်သွားသည်။

သူမသည် ဂနာမငြိမ်ဖြစ်လာပြီး ရန်သူများ သူတို့အိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခြင်းမှ ကာကွယ်ရန် အစီအရင်တွင် မည်သည့်အားနည်းချက်များ ရှိမရှိ စတင်စစ်ဆေးတော့သည်။

ထိုသို့သာဖြစ်ခဲ့ပါက သူတို့သည် ကြီးမားသော အန္တရာယ်နှင့် ကြုံတွေ့ရပေလိမ့်မည်။

"ကျင့်ကြံသူရှား.. ခင်ဗျားက တကယ့်ကို တာဝန်သိတာပဲ..."

ဤသည်ကို မြင်သောအခါ ကျိုးစွေ့ သက်ပြင်းချလိုက်သည်။

ဤသို့သော တာဝန်သိတတ်သည့် အစီအရင်ပညာရှင်တစ်ဦး ရှိသောကြောင့်သာ သူတို့သည် ညတိုင်း အေးချမ်းစွာ အိပ်စက်နိုင်ခြင်းဖြစ်သည်။

အကယ်၍ အစီအရင်နှင့်ပတ်သက်၍ ပြဿနာတစ်ခုခု ရှိခဲ့ပါက သူတို့သည် လုံးဝ အိပ်ပျော်နိုင်မည်မဟုတ်ပေ။

လုယက်သူများက အိပ်ခန်းများထဲသို့ ခိုးဝင်ပြီး သူတို့၏အသက်ကို နှုတ်ယူသွားမည်အား သူတို့ စိုးရိမ်နေကြပေလိမ့်မည်။

"ကျင့်ကြံသူရှားတဲ့လား..."

ထိုစကားကို ကြားသောအခါ ကျိပင်းယွီက ကျိုးစွေ့အား ရယ်ချင်ပက်ကျိ အမူအရာဖြင့် ကြည့်လိုက်လေသည်။

"ယောက်ျား.. ရှင်နဲ့ ညီမရှားက ဒီလောက်ရင်းနှီးနေကြတာကို... ဘာလို့ ကျင့်ကြံသူရှားလို့ ခေါ်နေသေးတာလဲ... ညီမရှားကို ဘယ်တော့မှ မယားငယ်အဖြစ် သိမ်းပိုက်မှာလဲ..."

သူမ၏ လှပသောမျက်လုံးများတွင် ထူးဆန်းသော အလင်းရောင်တစ်ခု တောက်ပနေသည်။

“အာ…”

ကျိုးစွေ့ မျက်တောင်ခတ်လိုက်သည်။ သူသည် အရူးမဟုတ်သဖြင့် ဇနီးဖြစ်သူ၏ စကားများနောက်မှ အဓိပ္ပါယ်အား ကောင်းစွာနားလည်ပေသည်။

ထင်ရှားသည်မှာ ရှားကျင်းယန်နှင့် သူ၏ ရင်းနှီးသောဆက်ဆံရေးကို ဤပညာရှိကာ လိမ္မာပါးနပ်သော အမျိုးသမီးက အချိန်အတော်ကြာကပင် ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်၏။

သို့သော် ဤသည်မှာ မျှော်လင့်ထားသည့်အတိုင်းသာ ဖြစ်သည်။

သူတို့အားလုံးသည် အချိန်အတော်ကြာ တစ်အိမ်တည်းအောက်တွင် နေထိုင်ခဲ့ကြပြီး မိုးလင်းမှမိုးချုပ် အတူတကွ ကုန်ဆုံးခဲ့ကြသည်။ မည်သို့ မတွေ့ရှိဘဲ နေနိုင်မည်နည်း။

နေ့ဘက်တွင်ပင် သူတို့၏ လုပ်ဆောင်ချက်များမှာ ရဲတင်းပြီး ချုပ်တည်းမှုမရှိပေ။

ကျိပင်းယွီက ဤကိစ္စကို ရှင်းရှင်းလင်းလင်း မပြုလုပ်ဘဲ မျက်စိမှိတ်ထားပေးခြင်းသည်၊ ဤအခြေအနေအား ကျေနပ်လက်ခံ၍သာ ဖြစ်၏။

ယခုတွင်မူ သူမသည် နောက်ထပ် မသိချင်ယောင်ဆောင်နေရန် ဆန္ဒမရှိတော့ပုံပေါ်လေသည်။

All Chapters