← Chapters

ဒုတိယအဆင့် မိုးကြိုးအဆောင်၊ 'ရွှေစားကူ'တပ် လှုပ်ရှားပြီ။

Vol. 6 Ch. 83

ဒုတိယအဆင့် မိုးကြိုးအဆောင်၊ 'ရွှေစားကူ'တပ် လှုပ်ရှားပြီ။

Vol. 6 Ch. 83

"ဒီလိုကိုး.."

ထိုစကားကို ကြားသောအခါ ရှုထျန်းဇယ် ချက်ချင်း သဘောပေါက်သွားသည်။ ‘ညီအစ်ကိုတွေက မီယွင်မြို့ရဲ့ စပါးကျီကို မီးရှို့ပြီးတော့.. မြို့အနှံမငြိမ်မသက်ဖြစ်အောင် ကျင့်ကြံသူတွေကို တိတ်တဆိတ် သတ်ဖြတ်နေကြတာ အံ့ဩစရာမဟုတ်တော့ဘူး.. သူတို့က အင်မော်တယ်ရှားဂိုဏ်း ကျင့်ကြံသူတွေရဲ့ အာရုံကိုလွှဲပြီးတော့..ငါတို့ရဲ့ရည်ရွယ်ချက်ကို မခန့်မှန်းနိုင်အောင်လုပ်ပြီး အစီအရင်ကို ချိုးဖြတ်နိုင်မဲ့အခွင့်အရေးကို ဖန်တီးနေကြတာပဲ..’

သူ၏ညီအစ်ကိုများသည် သူတို့၏ခြေရာလက်ရာများကျန်ရစ်စေနိုင်သော၊ မြို့အနှံ့ ပရမ်းပတာအခြေအနေများ ဖန်တီးရန် အဘယ်ကြောင့် ဇွတ်တရွတ်လုပ်နေကြသည်ကို သူ ချက်ချင်းပင် နားလည်သွားသည်။

ဤအရာအားလုံး၏ ရည်ရွယ်ချက်မှာ မီယွင်မြို့၏ ဒုတိယအဆင့် အစီအရင်အား ဖျက်ဆီးရန်ပင် ဖြစ်၏။

ဤအစီအရင်ကို ဖျက်ဆီးပြီးသည်နှင့် မီယွင်မြို့တစ်မြို့လုံးသည် လက်ခုပ်ထဲကရေသဖွယ် ဖြစ်သွားပေလိမ့်မည်။

"အမှန်ပဲ.."

သက်လတ်ပိုင်းကျင့်ကြံသူက ခေါင်းညိတ်သည်။ "ကံမကောင်းတာကတော့ အင်မော်တယ်ရှားဂိုဏ်း ကျင့်ကြံသူတွေ ငါတို့ရဲ့အကြံအစည်ကို ကြိုမြင်သွားပုံပဲ... သူတို့ရဲ့အင်အားစုတွေ ကွဲထွက်သွားအောင် ကြိုးစားတဲ့အနေနဲ့.. အကြိမ်ကြိမ် ငါတို့မီးရှို့ခဲ့တာတောင် သူတို့က အစီအရင်ဗဟိုချက်တွေကို ကာကွယ်ရာမှာပဲ အာရုံစိုက်ထားတုန်းပဲ..”

"အင်မော်တယ်ရှားဂိုဏ်းမှာ တကယ် အရည်အချင်းရှိတဲ့သူတွေ ရှိတာတော့ အမှန်ပဲ.. ဒါပေမဲ့ ဒီညကျရင်တော့ သူတို့ရဲ့အုပ်ချုပ်မှု အဆုံးသတ်ပြီ.. ငါက တစ်ကိုယ်တော်ကျင့်ကြံသူတစ်စုကို ဦးဆောင်ပြီးတော့ မီယွင်မြို့ရဲ့ မြို့သခင်အိမ်တော်ကို တိုက်ခိုက်ပြီး သူတို့ရဲ့အာရုံကို ဆွဲဆောင်မယ်.."

"အဲ့ဒီအချိန်မှာ မင်းတို့က တခြားအစီအရင်ဗဟိုချက်တွေကို တိုက်ခိုက်ဖို့ အခွင့်အရေးကို အမိအရယူကြ.. အစီအရင်ဗဟိုချက်တစ်ခုကိုသာ ဖျက်ဆီးနိုင်ခဲ့ရင် ဒုတိယအဆင့် အစီအရင်က လုံးဝပြိုကျသွားမှာပဲ... အဲ့ဒီအခါကျရင် ငါတို့ တစ္ဆေမိစ္ဆာဂိုဏ်းရဲ့ အခြေတည်အဆင့် ကျင့်ကြံသူတွေ ဝင်လာပြီးတော့ အဆုံးသတ်လိုက်ရုံပဲ..”

သူသည် လက်သီးကိုဆုပ်လိုက်ရာ သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော သွေးဆာနေသည့်အငွေ့အသက်များ ထွက်ပေါ်လာသည်။

"ဒါပေမဲ့ စီနီယာအစ်ကိုကြီး.. မြို့သခင်အိမ်တော်ကို အခြေတည်အဆင့်ကျင့်ကြံသူနှစ်ဦး စောင့်ကြပ်နေတာလေ.. တစ်ယောက်က လုမိသားစုရဲ့ ဘိုးဘေး.. နောက်တစ်ယောက်က အင်မော်တယ်ရှားဂိုဏ်းရဲ့ ဂိုဏ်းသခင်ငယ် လန်ယွဲ့ရှီပဲ.. နှစ်ယောက်လုံးက အခြေတည်အဆင့်နှောင်းပိုင်း ကျင့်ကြံသူတွေ... သူတို့အစွမ်းက ပေါ့သေးသေးမဟုတ်ဘူးနော်.."

ရှုထျန်းဇယ် အတော်ပင် အံ့အားသင့်သွားသည်။ သူ၏စီနီယာအစ်ကိုကြီးက မြို့သခင်အိမ်တော်ကို တိုက်ခိုက်ရာတွင် ဦးဆောင်ရဲလိမ့်မည်ဟု သူထင်မထားချေ။ ၎င်းမှာ ကိုယ့်ကိုယ်ကို သတ်သေရန် ကြိုးစားနေသကဲ့သို့ ဖြစ်နေသည်။

မည်သို့ပင်ဖြစ်စေ၊ အခြေတည်အဆင့်ရှိ ကျင့်ကြံသူတစ်ဦး ဒေါသူပုန်ထပါက ချီသန့်စင်ခြင်းကျင့်ကြံသူများမှာ သေလမ်းသို့မြန်းရမည်သာ ဖြစ်၏။

"ဟားဟား.. ဘာကြောက်စရာရှိလို့လဲ..."

သက်လတ်ပိုင်းကျင့်ကြံသူက ရယ်မောလိုက်သည်။ "လုမိသားစုဘိုးဘေးက အခြေတည်အဆင့်နှောင်းပိုင်း ကျင့်ကြံသူတစ်ဦးဆိုပေမဲ့ သူက အခု အသက်နှစ်ရာကျော်နေပြီ.. သက်တမ်းကုန်ခါနီးပြီ... ပြီးတော့ သူက အရင်က အပြင်းအထန်ဒဏ်ရာရဖူးတယ်တဲ့... အင်မော်တယ်ရှားဂိုဏ်းရဲ့ ဂိုဏ်းသခင်ငယ် လန်ယွဲ့ရှီအတွက်တော့ ပိုလို့တောင် မပြောပလောက်ဘူး.. အရင်က ငါတို့တစ္ဆေမိစ္ဆာဂိုဏ်းက အခြေတည်အဆင့်အကြီးအကဲ ဒါဇင်ကျော်လောက်ရဲ့ ဝိုင်းတိုက်တာကို ခံထားရပြီးတော့ အဆိပ်တောင် အခတ်ခံထားရတာ.. သူက ဆေးလုံးတွေကို အားကိုးပြီးပဲ တောင့်ခံနေတာ.. သူ့ကိုယ်သူ ကာကွယ်ဖို့တောင် အနိုင်နိုင်ဖြစ်နေအုံးမယ်..”

"အေးပေါ့ကွာ.. ဒီလိုဆိုရင်တောင် သူတို့က အခြေတည်အဆင့်ကျင့်ကြံသူတွေဖြစ်နေသေးတော့ ဘယ်လျှော့တွက်လို့ ရမလဲ... ကံကောင်းစွာနဲ့ မီယွင်မြို့ကိုမဝင်ခင် ဂိုဏ်းချုပ်က ငါ့ကို 'ဒုတိယအဆင့် မိုးကြိုးအဆောင်' သုံးခု ပေးခဲ့တာပဲ..”

"ငါသာ အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦးနဲ့ တိုးရင် ဒီဒုတိယအဆင့် မိုးကြိုးအဆောင်သုံးခုကို ပစ်ချလိုက်ရုံပဲ.. အခြေတည်အဆင့်ကျင့်ကြံသူဆိုရင်တောင် လွယ်မှာမဟုတ်ဘူးဆိုတာ ငါလောင်းရဲတယ်... ကံကောင်းရင် တစ်ချက်တည်းနဲ့တောင် သူတို့ အပြင်းအထန် ဒဏ်ရာရသွားနိုင်တယ်...”

သူ၏ဝှက်ဖဲအား ဝင့်ကြွားစွာ ထုတ်ဖော်ပြောလိုက်သည်။

"ဒုတိယအဆင့် မိုးကြိုးအဆောင်..”

ရှုထျန်းဇယ်သည် ချက်ချင်းပင် တုန်လှုပ်သွားသည်။ သူသည် ဤဒုတိယအဆင့် အဆောင်များ၏ ရှားပါးမှုကို သိထားသည်။ အဆောင်တစ်ခုကပင် အလယ်အလတ်ဝိညာဉ်ကျောက်တုံး ရာပေါင်းများစွာ အသာလေးကုန်ကျနိုင်ပြီး၊ ငွေပေးတိုင်း ဝယ်ရနိုင်မည့်အရာမျိုး မဟုတ်ပေ။

သာမန်ဒုတိယအဆင့် အဆောင်ပညာရှင်တစ်ဦးဆိုလျှင်ပင် ဒုတိယအဆင့်အဆောင်တစ်ခုကို ဖန်တီးရန် အပြင်းအထန် မနားမနေ ကြိုးစားရပေသည်။

ထို့ကြောင့် ဤသို့သောအဆောင်၏တန်ဖိုးအား တွက်ဆကြည့်နိုင်ပေ၏။

သို့သော် ဒုတိယအဆင့် အဆောင်တစ်ခုသည် အမှန်တကယ်တွင် ပေးရသောဈေးနှင့် ထိုက်တန်ချေသည်။

ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် ဒုတိယအဆင့်အဆောင်တစ်ခုကို အသုံးပြု၍၊ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးအား အပြင်းအထန်ထိခိုက်ပျက်စီးစေနိုင်သည့် အစွမ်းထက်တိုက်ခိုက်မှုတစ်ခုကို ပြုလုပ်နိုင်သည်။

ဤသည်မှာ ချီသန့်စင်ခြင်းကျင့်ကြံသူများက အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်နိုင်သည့် အထူးနည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။

ထင်ရှားသည်မှာ မီယွင်မြို့၏ အခြေတည်အဆင့်ကျင့်ကြံသူနှစ်ဦးကို ကိုင်တွယ်ရန် တစ္ဆေမိစ္ဆာဂိုဏ်းသည် မည်သည်ကိုမှ မနှမြောခဲ့ပေ။

သူ၏စီနီယာအစ်ကိုသည် ဤသို့သော အန္တရာယ်များသည့်တာဝန်ကို အဘယ်ကြောင့် ထမ်းဆောင်ရန် ဆန္ဒရှိသည်အား သူနားလည်သွားသည်။ လက်ထဲတွင် ဝှက်ဖဲအချို့ မရှိဘဲ မည်သူက သေမင်းနှင့်မျက်နှာချင်းဆိုင်ရမည့်ကိစ္စအား လုပ်ရဲပါမည်နည်း။

"ဒါနဲ့.. မင်း အမျိုးသမီးချီကျင့်ကြံသူတချို့ကို မျက်စိကျလို့ တိတ်တဆိတ် လှုပ်ရှားဖို့ ကြံနေတယ်ဆို....”

သက်လတ်ပိုင်းကျင့်ကြံသူက ရှုထျန်းဇယ်ကို ခပ်ပြုံးပြုံးဖြင့် မေးလိုက်သည်။

"ဟုတ်ပါတယ်..."

ရှုထျန်းဇယ်က ခေါင်းညိတ်လိုက်ကာ "ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းနည်းစနစ်က ချီသန့်စင်ခြင်းနှောင်းပိုင်းအဆင့် အမျိုးသမီးကျင့်ကြံသူတချို့ရဲ့ စွမ်းအင်တွေကို လိုတယ်... သူတို့ကို နီးနီးနားနားမှာ လာတွေ့ရတော့ ကြံလိုက်တော့တာပါ... ခင်ဗျား ဒါကို သိလိမ့်မယ်လို့ ထင်မထားဘူး...”

"ကောင်းတယ်.. ဒါကမှ ငါတို့တစ္ဆေမိစ္ဆာဂိုဏ်းကျင့်ကြံသူတွေရဲ့ စိတ်ဓာတ်ပဲ... ကြိုက်တဲ့မိန်းမကိုတွေ့ရင် ဖမ်းဆီးလိုက်... လိုချင်တဲ့ရတနာကိုတွေ့ရင် လုယူလိုက်ပေါ့..."

"လောကမှာ ရှိသမျှ ရတနာတွေ အားလုံးကို အားကြီးသူတွေကပဲ ပိုင်ဆိုင်သင့်တယ်..."

"အားနည်းတဲ့သူတွေကတော့ ငါတို့ ခြေဖဝါးအောက်မှာ တွားသွားပြီးတော့ ငိုနေကြပေါ့ကွာ..."

"မီယွင်မြို့ကို သိမ်းပြီးသွားရင် ငါတို့ညီအစ်ကိုတွေ မင်းကို ကူပြီးတော့ မင်းရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ပေးမယ်...”

သက်လတ်ပိုင်းကျင့်ကြံသူသည် သတ်ဖြတ်လိုသောအငွေ့အသက်များ ထုတ်လွှတ်နေကာ၊ သူ၏မျက်လုံးများမှာ သွေးဆာမှုဖြင့် ပြည့်နှက်နေသည်။

သူ၏အမြင်တွင် ဤသည်မှာ သူ၏နောက်လိုက်များအတွက် ဆုလာဘ်ဖြစ်ပြီး၊ ၎င်းက သူတို့၏သစ္စာစောင့်သိမှုကို ရရှိနိုင်မည့် နည်းလမ်းလည်း ဖြစ်ပေသည်။

"ကျေးဇူးပါပဲ စီနီယာအစ်ကိုကြီး... ကျွန်တော့်ညီအစ်ကိုတွေရဲ့ အကူအညီနဲ့ဆိုရင် ဒီတစ်ခေါက် သေချာပေါက် အောင်မြင်မှာပဲ....”

ရှုထျန်းဇယ်သည် ချက်ချင်းပင် ဝမ်းသာသွားသည်။

သူ၏မူလအစီအစဉ်မှာ အနည်းငယ် အန္တရာယ်များပေသည်။ မည်သို့ပင်ဖြစ်စေ၊ သူသည် ချီသန့်စင်ခြင်းအဆင့်(၉)ကျင့်ကြံသူတစ်ဦးမျှသာဖြစ်ပြီး၊ ချီသန့်စင်ခြင်းနှောင်းပိုင်းအဆင့် အမျိုးသမီးသုံးဦးကို ကိုင်တွယ်ရန်ကြိုးစားခြင်းမှာ စွန့်စားရာကျသည်။

သို့သော် တစ္ဆေမိစ္ဆာဂိုဏ်း ညီအစ်ကိုများ၏ အကူအညီဖြင့်ဆိုလျှင် သေချာပေါက် အောင်မြင်ပေမည်။

ဝှမ်….။

ဤတစ္ဆေမိစ္ဆာဂိုဏ်းကျင့်ကြံသူများ ထပ်မံဆွေးနွေးရန် ပြင်လိုက်ချိန်တွင်၊ မမြင်နိုင်သော ဝိညာဉ်စွမ်းအားလှိုင်း တစ်ခုက မည်သည့်ခြေရာလက်ရာမျှမပေါ်ဘဲ ရုတ်တရက် လွှမ်းခြုံသွားသည်။

ဤသည်မှာ 'အိပ်မက်ဝိညာဉ်ကူ’၏အစွမ်းဖြစ်သည့် အိပ်မက်ကျူးကျော်ခြင်း ဖြစ်သည်။

ထိုအခိုက်တွင် ကျိုးစွေ့သည် ချက်ချင်းပင် သူ၏တိုက်ခိုက်မှုကို စတင်လိုက်သည်။

တစ်ခဏချင်းမှာပင် ဤနေရာတွင် အတိုက်ခိုက်ခံရမည်ဟု ကြိုတင်ထင်မထားသော တစ္ဆေမိစ္ဆာဂိုဏ်းမှ မိစ္ဆာကျင့်ကြံသူများသည် တိုက်ခိုက်ခံလိုက်သည်ကိုပင် မသိလိုက်ဘဲ၊ အငိုက်မိကာ သစ်သားရုပ်များသဖွယ် တောင့်တင်းသွားပြီး အိပ်မက်ကမ္ဘာထဲသို့ ဆွဲခေါ်ခံလိုက်ရတော့သည်။

"ချီးတဲ့မှ... ငါတို့ အတိုက်ခံရပြီ...”

သက်လတ်ပိုင်းကျင့်ကြံသူသည် ခဏတာကြက်သေသေသွားသော်လည်း၊ သူ၏မှော်ပစ္စည်းတစ်ခုသည် ထိုအခိုက်အတန့်တွင် အသက်ဝင်လာပြီး၊ တောက်ပသော ဝိညာဉ်အတားအဆီးတစ်ခုကို ဖွဲ့စည်းပေးလိုက်ရာ ချက်ချင်း သတိပြန်ဝင်လာသည်။

တိုက်ခိုက်လိုက်သူအား မသိရသဖြင့် တုန်လှုပ်သွားကာ ဒေါသထွက်နေသည်။

သို့သော် ဤသို့သော ဝိညာဉ်အပေါ် ပစ်မှတ်ထားသော တိုက်ခိုက်မှုသည် ကြောက်မက်ဖွယ်ကောင်းပြီး လုံးဝပင် တိတ်တဆိတ်ဖြစ်ကာ မည်သို့မှအာရုံမခံနိုင်သည်မှာ သံသယဖြစ်စရာမလိုချေ။

သူသာ ဝိညာဉ်တိုက်ခိုက်မှုများကို ကာကွယ်နိုင်စွမ်းရှိသော ထိပ်တန်းအဆင့်မှော်လက်နက်ဖြစ်သည့် စိတ်ဝိညာဉ် ကျောက်စိမ်းလည်ဆွဲအား ဝတ်ဆင်မထားခဲ့ပါက သူသည် ထိုအခိုက်တွင် တိုက်ခိုက်မှု၏ သားကောင်ဖြစ်သွားနိုင်ပေသည်။

ထိုသို့ဖြစ်လင့်ကစား သူသည် ခေါင်းကို ပြင်းထန်စွာ ထုနှက်ခံလိုက်ရသကဲ့သို့ အတော်ပင် မူးဝေနေသေးသည်။

မျက်လုံးများထဲတွင် ကြယ်များပင် လည်နေချေသည်။

ရွှစ်…ရွှစ်….ရွှစ်…။

နောက်တစ်စက္ကန့်တွင် ရွှေရောင်အလင်းတန်းများစွာသည် ရွှေရောင်ဓားများသဖွယ် လေထဲတွင် ထွက်ပေါ်လာသည်။

၎င်းတို့မှာ 'ရွှေစားကူ' များဖြစ်ပြီး အကောင်ငါးဆယ်ခန့်က ဤနေရာတွင် ထွက်ပေါ်လာသည်။

ကျိုးစွေ့သည် ဤတစ္ဆေမိစ္ဆာဂိုဏ်းကျင့်ကြံသူများကို အပြီးတိုင် ချေမှုန်းနိုင်ရန် အစွမ်းကုန်ထုတ်လိုက်သည်။ မည်သည်ကိုမျှ ထိမ်ချန်ထားခြင်း မရှိချေ။

‘ရွှေစားကူ’များသည် ပုံရိပ်ယောင်အလင်းများ ထွက်သည်အထိ အတောင်ပံများကို အလွန်လျင်မြန်စွာ ခတ်လိုက်ကြပြီး လျှပ်စီးတန်းများသဖွယ် တစ္ဆေမိစ္ဆာဂိုဏ်းကျင့်ကြံသူများထံသို့ တိုးဝင်သွားတော့သည်။

"ဟမ့်.. သေချင်နေတာပဲ..”

သက်လတ်ပိုင်းကျင့်ကြံသူက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူသည် တိုက်ပွဲများစွားကို ဖြတ်သန်းခဲ့ဖူးသော တိုက်ခိုက်ရေးအတွေ့အကြုံကြွယ်ဝသည့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

ဤသို့သော သေရေးရှင်ရေး အခြေအနေမှာပင် တန်ပြန်တိုက်ခိုက်နိုင်သေးသည်။

လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီး ပထမအဆင့် ထိပ်တန်းအဆောင် ဒါဇင်ပေါင်းများစွာအား အလကားရသကဲ့သို့ ပစ်ထုတ်လိုက်သည်။

၎င်းမှာ ဒါဇင်နှင့်ချီသော တိုက်ကွက်များစွာက တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားသည့်အလား ဖြစ်ရာ၊ မည်မျှပြင်းထန်မည်အား စိတ်ကူး၍ပင် ကြည့်နိုင်ပေသည်။

အုန်း….။

အဆောင်များသည် 'ရွှေစားကူ' များနှင့် ထိတွေ့သည်နှင့် ချက်ချင်းပေါက်ကွဲသွားပြီး တစ်အုန်းအုန်း မြည်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။

မီးခိုးလုံးကြီးများ ထွက်ပေါ်လာပြီး အပျက်အစီးများစွာ နေရာအနှံ့လွင့်စင်ထွက်သွားတော့၏။

All Chapters