← Chapters

ခွန်အား ၃၀၀၀ကီလိုဂရမ်ကျော်လွန်ခြင်း၊ သက်တမ်းကန့်သတ်ချက်ကို ချိုးဖျက်ခြင်း။

Vol. 6 Ch. 89

ခွန်အား ၃၀၀၀ကီလိုဂရမ်ကျော်လွန်ခြင်း၊ သက်တမ်းကန့်သတ်ချက်ကို ချိုးဖျက်ခြင်း။

Vol. 6 Ch. 89

“ဘာရယ်…”

ကျိုးစွေ့သည် နဂါးဆင်ကူထံမှ လျှို့ဝှက်ဆန်းကြယ်သော သွေးစွမ်းအင်စီးကြောင်းတစ်ခု သူ့ထံသို့ စီးဝင်လာသည်ကို ခံစားလိုက်ရသောအခါ ချက်ချင်းပင် အံ့အားသင့်သွားသည်။ ၎င်းမှာ နဂါးဆင်၏ သွေးမျိုးဆက်မှ ဆင်းသက်လာပုံရပြီး စိတ်ကူးပင်မယဉ်နိုင်လောက်သော စွမ်းအားကို ပိုင်ဆိုင်ထားသည်။

ဤလျှို့ဝှက်ဆန်းကြယ်သောစွမ်းအား သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသောအခါ သူ၏သွေး၊ ကြွက်သားများ၊ သွေးကြောများ၊ အရိုးများနှင့် အရေပြားအားလုံး ကောင်းကင်နှင့်မြေပြင်ကို တုန်လှုပ်စေနိုင်သည့် အပြောင်းအလဲများကို ကြုံတွေ့ခဲ့ရသည်ကို သူတွေ့ရှိခဲ့သည်။

သူ၏ခန္ဓာကိုယ်သည် ရူးသွပ်ဖွယ်နှုန်းဖြင့် သိသိသာသာ အားကောင်းလာနေသည်။

မူလက သူ၏ကျင့်ကြံမှုသည် ချီသန့်စင်ခြင်းအဆင့်(၇)သို့ တက်လှမ်းခဲ့ပြီးနောက်၊ အစစ်အမှန်ချီ၏ စွမ်းအားကိုအားကိုးခြင်းဖြင့် သူ၏ရုပ်ခန္ဓာကြံ့ခိုင်မှုသည် သာမန်လူသားများထက် အဆများစွာ ရှိနိုင်သည်။

သို့သော် ဤသည်မှာ ခန္ဓာကိုယ်သန့်စင်ခြင်းပညာရပ်များကို ကျင့်ကြံခဲ့သူများနှင့် ဘယ်တုန်းကမျှ မနှိုင်းယှဉ်နိုင်ပေ။

အကြောင်းမှာ ထိုကျင့်ကြံသူများသည် မှော်လက်နက်များကို လက်ဗလာဖြင့် ချေမွနိုင်ပြီး၊ ကျင့်စဉ်ပညာရပ်များကို သူတို့၏ရုပ်ခန္ဓာသပ်သပ်ဖြင့် ခုခံနိုင်သောကြောင့်၊ သူတို့သည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်ကြသည်။

သာမန်ကျင့်ကြံသူတစ်ဦး၏ ခန္ဓာကိုယ်အရည်အသွေးမှာ အားနည်းချက်တစ်ခုဖြစ်ပြီး၊ ရုပ်ခန္ဓာကျင့်ကျင့်ကြံသူများထက် နိမ့်ကျပေသည်။

ခက်သည်မှာ၊ ရုပ်ခန္ဓာကျင့်ကြံသူတစ်ဦး ဖြစ်လာရန်အတွက် သယံဇာတများစွာ၊ ခန္ဓာကိုယ်သန့်စင်ခြင်း ပါရမီနှင့် ခိုင်မာသောစိတ်ဓာတ်တို့ကို လိုအပ်ခြင်းပင်ဖြစ်သည်။

သို့သော် ယခုအခါ အခြေအနေများ ပြောင်းလဲသွားပြီဖြစ်သည်။

နဂါးဆင်ကူ၏ စွမ်းအားအကူအညီကြောင့် ကျိုးစွေ့သည် မည်သည့်ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်ကိုမျှ ကျင့်ကြံရန်မလိုအပ်ကြောင်း တွေ့ရှိခဲ့သည်။ ဤလျှို့ဝှက်ဆန်းကြယ်သော သွေးစွမ်းအင်ကို သူ၏ခန္ဓာကိုယ်အတွင်း လည်ပတ်စေရုံမျှဖြင့် လုံလောက်ပေသည်။

သူ၏ရုပ်ခန္ဓာကြံ့ခိုင်မှုသည် အဆများစွာ တိုးတက်လာသည်။

ဤသည်မှာ ကျင့်ကြံခြင်းလောကရှိ မည်သည့်ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်ထက်မဆို သာလွန်သည်။

ထင်ရှားသည်မှာ နဂါးဆင်ကူသည် ပိုင်ရှင်၏ခန္ဓာကိုယ်ကို သန့်စင်ရုံသာမက၊ ပိုင်ရှင်၏ရုပ်ခန္ဓာကို နဂါးဆင်၏ခန္ဓာကိုယ်အဖြစ်သို့ တိုက်ရိုက် ပြောင်းလဲပေးပြီး နဂါးဆင်၏စွမ်းအားကို အသုံးပြုနိုင်စေသည်။

"အံ့ဩစရာပဲ... ဒါက ဒဏ္ဍာရီလာ 'ကူပိုးကောင်'အမျိုးအစားပေါ့...”

"သွေးစွမ်းအင်တစ်မျှင်တည်းနဲ့ ခန္ဓာကိုယ်ကို ဒီလောက်အထိ ပြောင်းလဲပေးနိုင်တယ်...”

ကျိုးစွေ့ အံ့ဩသွားသည်။

သူ၏လက်ရှိ ခန္ဓာကိုယ်ပြောင်းလဲမှုမှာ လုံးဝအံ့ဩဖွယ်ကောင်းသည်ဟု သူခံစားလိုက်ရသည်။ သာမန်လက်သီးတစ်ချက်သည် ယခုအခါ ကီလိုဂရမ် ၃,၀၀၀ အားနှင့် ညီမျှနိုင်သည်။

မွေးရာပါ နတ်ဘုရားကဲ့သို့သော ခွန်အားရှိသည့် ခန္ဓာကိုယ်ကျင့်ကြံသူများပင်လျှင် သူ၏လက်ရှိအခြေအနေနှင့် မယှဉ်နိုင်ပေ။

ယခင်ကနှင့် နှိုင်းယှဉ်လျှင် သူ၏ခွန်အားနှင့်အမြန်နှုန်းနှစ်ခုစလုံး သိသိသာသာ တိုးတက်လာခဲ့သည်။

ထို့အပြင် ၎င်းသည် ယခုမအစပင်ရှိသေးသည်။

"နေဦး.. ငါ့ရဲ့ခွန်အားနဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှု တိုးတက်လာရုံတင်မကဘဲ ငါ့ရဲ့သက်တမ်းလည်း တိုးလာပုံပဲ..”

.

ကျိုးစွေ့က သူ၏အချက်အလက်ပြမျက်နှာပြင်ကို ကြည့်လိုက်သည်။

သူ၏ယခင် သက်တမ်းကန့်သတ်ချက်မှာ နှစ် ၁၅၀ ဖြစ်ပြီး၊ ဤကန့်သတ်ချက်ကို ချိုးဖျက်ရန် အဖိုးတန်သက်တမ်းတိုးဆေးလုံးများကို စားသုံးရန် လိုအပ်သည်အား တွေ့ရှိခဲ့သည်။

သို့မဟုတ်ပါက၊ သူသည် သူ၏ကျင့်ကြံမှုကို ချိုးဖျက်တက်ရောက်ပြီး သက်တမ်းကိုတိုးရန် အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်လာရန် လိုအပ်ပေမည်။

သို့သော် ယခုတွင်မူ သူ၏ခန္ဓာကိုယ်က လျှို့ဝှက်ဆန်းကြယ်သော သွေးစွမ်းအင်များစွာကို စုပ်ယူပြီးနောက် သူ၏သက်တမ်းကန့်သတ်ချက်မှာ ကျိုးပျက်သွားပြီး နှစ် ၁၆၀ သို့ တိုးမြှင့်သွားသည်။

မူလနှင့် နှိုင်းယှဉ်လျှင် ဤသည်မှာ ဆယ်နှစ် တိုးလာခြင်းဖြစ်သည်။

ဤတိုးတက်မှုမှာ အတော်ပင် အံ့ဩဖွယ်ကောင်းပြီး မည်သည့်သာမန် သက်တမ်းတိုးဆေးလုံးထက်မဆို ပိုကောင်းပေသည်။

"ဒါပေမဲ့ ‘နဂါးဆင်ကူ’က ပိန်ချုံးသွားသလိုပဲ...”

မူလက ကျိုးစွေ့သည် ဒုတိယမြောက် လျှို့ဝှက်ဆန်းကြယ်သော သွေးစွမ်းအင်စီးကြောင်းတစ်ခုကို စုပ်ယူလိုသော်လည်း၊ ‘နဂါးဆင်ကူ’က သွေးစွမ်းအင်များစွာကို ထုတ်လွှတ်ပြီးနောက် ၎င်းမှာ ပိန်ချုံးလာကာ အချိန်အတန်ကြာအထိ ဒုတိယမြောက်လျှို့ဝှက်ဆန်းကြယ်သော သွေးစွမ်းအင်မျှင်တစ်မျှင်ကို ထုတ်လွှတ်နိုင်ခြင်းမရှိကြောင်း သူ လျင်မြန်စွာ တွေ့ရှိခဲ့သည်။

ထင်ရှားသည်မှာ မွေးဖွားခါစ နဂါးဆင်ကူသည် အချိန်တိုအတွင်း တစ်ကြိမ်သာ အကူအညီပေးနိုင်ပေသည်။

"ဒုတိယမြောက် သွေးစွမ်းအင်စီးကြောင်းတစ်ခုကို ပျိုးထောင်ဖို့ တစ်လလောက် အချိန်ယူရလိမ့်မယ်..." ဟု ကျိုးစွေ့က နဂါးဆင်ကူထံမှ ဤသတင်းစကားကို ရရှိသောအခါ တွေးလိုက်သည်။

ထင်ရှားသည်မှာ ဤလျှို့ဝှက်ဆန်းကြယ်သော သွေးစွမ်းအင်သည် အကန့်အသတ်မဲ့မဟုတ်ပေ။ ၎င်းကို တစ်လတစ်ကြိမ်သာ ပံ့ပိုးပေးနိုင်သည်။

သို့သော် သူသည် ဤသည်မှာ လုံလောက်သည်ထက် ပိုသည်ဟု ခံစားမိသည်။

တစ်လတစ်ကြိမ်၊ တစ်နှစ်တွင် သူ၏ခန္ဓာကိုယ်ကြံ့ခိုင်မှုကို မြှင့်တင်ရန် အခွင့်အရေး တစ်ဆယ့်နှစ်ကြိမ် ရှိသည်။

ဆယ်နှစ်ဆိုလျှင် အကြိမ် ၁၂၀ ရှိပေလိမ့်မည်။

နှစ်ပေါင်းများစွာ ကြာပြီးနောက် ပြုလုပ်ခဲ့သော အပြောင်းအလဲများမှာ အတော်ပင် အံ့ဩဖွယ်ကောင်းပေလိမ့်မည်။

သူအသက်ရှည်လေ သူ၏ခန္ဓာကိုယ် ပြောင်းလဲမှုမှာ အဆုံးမရှိ ရှည်လျားလေဖြစ်သည်။

အဆုံးတွင် သူသည် အမှန်တကယ်တွင် နဂါးဆင်တစ်ကောင်၏ခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲပြီး စိတ်ကူးမယဉ်နိုင်လောက်သော စွမ်းအားကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ပေလိမ့်မည်။

ထို့အပြင် ဤတဖြည်းဖြည်း ပြောင်းလဲမှုသည် သူ့အတွက် အကျိုးရှိသည်။

အကြောင်းမှာ အပြောင်းအလဲမှာ အလွန်ပြင်းထန်ပါက၊ သူ၏သာမန်ခန္ဓာကိုယ်က ၎င်းကို မခံနိုင်သောကြောင့် ဖြစ်သည်။

သူသည် ပေါက်ကွဲထွက်ကာ သေဆုံးသွားနိုင်ပေသည်။

သို့သော် သူသာ တစ်လတစ်ကြိမ် ဆင့်ကဲပြောင်းလဲပါက၊ ၎င်းမှာ အကောင်းဆုံးရွေးချယ်မှုဖြစ်ပြီး ခန္ဓာကိုယ်ကို ဆင့်ကဲပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်အောင် အချိန်ပေးနိုင်ပေသည်။

"ငါ ဗိုက်အရမ်းဆာတာပဲ..."

ထိုအခိုက်တွင် ကျိုးစွေ့သည် သူ၏အစာအိမ်မှာ မယုံနိုင်လောက်အောင် ဆာလောင်နေပြီး ဗုံတစ်လုံးကဲ့သို့ မြည်ဟည်းနေကာ၊ သုံးရက်သုံးည အစာမစားရသေးသကဲ့သို့ ခံစားရပြီး သူ၏ခန္ဓာကိုယ်မှာ ဗလာဖြစ်နေသော လှိုင်းများကို ခံစားလိုက်ရသည်။

ထိုအခိုက်အတန့်တွင် သူသည် နဂါးဆင်ကူနှင့် တစ်သားတည်းပေါင်းစည်းသွားလေသည်။

နဂါးဆင်ကူ ဆာလောင်လာသောအခါ သူသည်လည်း ထိုနည်းတူ ခံစားရပေလိမ့်မည်။

ဤဆာလောင်မှုက သူ့ကို မေ့လဲကျလုနီးပါး ဖြစ်စေသည်။

ကျိုးစွေ့သည် မနည်းအားတင်းလိုက်ပြီး ကျင့်ကြံရေးအခန်းထဲမှ ထွက်ကာ မီးဖိုချောင်သို့ လာခဲ့သည်။

ကံကောင်းစွာဖြင့် မနေ့ညက ညစာမှ အစားအစာများစွာ ကျန်ရှိနေသေးပြီး၊ အခြေခံအားဖြင့် ရေခဲတိုက်ထဲတွင် သိုလှောင်ထားကာ အားလုံးမှာ ချက်ပြုတ်ပြီးသားဖြစ်သည်။

အနည်းငယ် ပြန်နွှေးရန်သာ လိုအပ်ပြီး သူ ချက်ချင်းပင် စားသုံးနိုင်သည်။

မီးမွှေးကာ စတင်ချက်ပြုတ်လိုက်‌တော့သည်။

အေးခဲထားသော ယောင်သားရဲအသားတုံးများကို လျင်မြန်စွာ ချက်ပြုတ်လိုက်ရာ၊ ရေခဲများ အရည်ပျော်ပြီး မွှေးကြိုင်နေသော ယောင်သားရဲအသားများ ပေါ်ထွက်လာသည်။ ၎င်းမှာ အလွန်ပင် စားချင်စဖွယ်ကောင်းလှသည်။

ကျိုးစွေ့သည် သူ၏ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းက စိတ်လှုပ်ရှားစွာ အော်ဟစ်နေပြီး၊ ဤစွမ်းအင်မြင့်မားသော အစားအစာကို အမြန်ဆုံး စားသုံးလိုသည်ဟု ခံစားလိုက်ရသည်။

တွန့်ဆုတ်မနေဘဲ ကျိုးစွေ့သည် ၎င်းကို ကိုက်လိုက်ပြီး ဝံပုလွေတစ်ကောင်ကဲ့သို့ အသားကို လျင်မြန်စွာ မျိုချလိုက်သည်။

ထိုအခိုက်အတန့်တွင် သူ၏အစာအိမ်သည် မီးဖိုတစ်ခုကဲ့သို့ ဖြစ်နေပြီး နဂါးဆင်ကူ၏ စွမ်းအားဖြင့် လွှမ်းခြုံလာသည်။

၎င်းဝင်ရောက်သည်နှင့်တစ်ပြိုင်နက် အသားသည် ချက်ချင်း အစာကြေသွားပြီး၊ စွမ်းအင်အဖြစ်သို့ ပြောင်းလဲကာ သူ၏ခန္ဓာကိုယ်ဆဲလ်များထဲသို့ စီးဝင်သွားပြီး ကြီးမားသော စွမ်းအင်ကို ပံ့ပိုးပေးသည်။

မူလက အားနည်းနေခဲ့သော နဂါးဆင်ကူသည် ထိုအခိုက်တွင် အနည်းငယ် သက်ဝင်လှုပ်ရှားလာပုံရပြီး ပြည့်ဖြိုးလာသကဲ့သို့ ဖြစ်နေသည်။

သူသည် တစ်နာရီလုံးလုံး စားသုံးခဲ့သည်။

သူသည် သားရဲအသား ကီလိုဂရမ် ၃၀၀ ကို စားသုံးခဲ့ပြီး ဤနေရာတွင် သိုလှောင်ထားသော၊ အေးခဲထားသည့် ယောင်သားရဲအသားအားလုံးနီးပါးကို အပြောင်ရှင်းခဲ့သည်။

ထိုအခါမှသာ သူ၏ဆာလောင်မှုကို ယာယီဖြေရှင်းနိုင်ခဲ့သည်။

"ငါ့ရဲ့အစာစားချင်စိတ်က ဘာလို့ ဒီလောက်ကြီးလာရတာလဲ...”

ကျိုးစွေ့ အံ့ဩသွားသည်။

အကြောင်းမှာ သူ၏ယခင် အစာစားချင်စိတ်သည် သာမန်ကျင့်ကြံသူများနှင့် တူညီပြီး၊ သာမန်နေ့များတွင် သားရဲအသား နှစ်ကီလိုဂရမ်၊ သုံးကီလိုဂရမ်သာ စားသုံးနိုင်သောကြောင့် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ၊ သားရဲအသားသည် သာမန်အသားကဲ့သို့မဟုတ်ဘဲ၊ ၎င်းတွင် ကြီးမားသော စွမ်းအင်များ ပါဝင်သည်။

သားရဲအသားတစ်ကီလိုဂရမ်သည် သာမန်ဝက်သား တစ်ရာကီလိုဂရမ်နှင့် ညီမျှသည်။

သာမန်ကျင့်ကြံသူများသည် သားရဲအသား တစ်ကီလိုဂရမ်၊ နှစ်ကီလိုဂရမ် စားသုံးခြင်းဖြင့် သူတို့၏နေ့စဥ်လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်သည်။

သို့သော် ယခုအခါ သူသည် သားရဲအသား နှစ်ရာ၊ သုံးရာကီလိုဂရမ်ကို စားသုံးခဲ့သည်။

ဤသည်မှာ မိမိကိုယ်အလေးချိန်ထက် အဆများစွာ စားသုံးခြင်းနှင့် တူညီသည်။

ဤပမာဏသည် ကျင့်ကြံသူတစ်ဦး၏ အစာအိမ်အား အလွန်အကျွံစားသုံးခြင်းကြောင့် ပေါက်ကွဲထွက်သွားစေနိုင်သည်မှာ သံသယဖြစ်ဖွယ်မလိုချေ။

သို့သော် ကျိုးစွေ့သည် မည်သို့မျှမခံစားရပေ။ အကြောင်းမှာ နဂါးဆင်ကူဖြင့် ပြောင်းလဲထားသော သူ၏ခန္ဓာကိုယ်တွင် အစာအိမ်ထဲသို့ ရောက်ရှိလာသမျှအား အံ့ဩဖွယ်ကောင်းလောက်အောင် ချေဖျက်နိုင်စွမ်းရှိသောကြောင့် ဖြစ်သည်။

ဤအသားများ အစာအိမ်ထဲသို့ ဝင်ရောက်သောအခါ ၎င်းတို့သည် လျင်မြန်စွာ အစာကြေပြီး စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားသည်။

ထို့ကြောင့် သားရဲအသား သုံးရာကီလိုဂရမ် စားသုံးပြီးနောက်တွင်ပင် သိုလှောင်အိတ်တစ်လုံးကဲ့သို့ သူ၏အစာအိမ်တွင် မည်သည့်ပြောင်းလဲမှုမျှမရှိဘဲ ဖြစ်နေသည်။

"ဒါက နဂါးဆင်ကူရဲ့ ဘေးထွက်ဆိုးကျိုးများလား.. ဒါက ငါ့ရဲ့အစာစားချင်စိတ်ကို အရမ်းကြီးလာစေတာပဲ...”

ကျိုးစွေ့ အံ့အားသင့်သွားသည်။

အမှန်တွင်၊ နဂါးဆင်ကူ၏ စွမ်းအားသည် လေထဲမှ သူ့အလိုလိုပေါ်လာခြင်းမဟုတ်ဘဲ၊ အပြင်လောကမှ စွမ်းအင်ကို စုပ်ယူရန် လိုအပ်သည်။

ထိုအသားများ၊ ဆေးလုံးများနှင့် စိတ်ဝိညာဉ်ဆေးပင်များသည် နဂါးဆင်ကူ၏ ကုန်ခမ်းသွားသော စွမ်းအင်ကို ပြန်လည်ဖြည့်တင်းရန် သင့်တော်သည်။

အထူးသဖြင့် ထိုအဆင့်မြင့် သားရဲအသားများသည် နဂါးဆင်ကူ၏ စွမ်းအင်ကို ပြန်လည်ဖြည့်တင်းရန် အကောင်းဆုံးပင် ဖြစ်၏။

[ T.N - ခန္ဓာကိုယ်သန့်စင်တာ၊ ရုပ်ခန္ဓာသန့်စင်တာက အတူတူပါပဲ။ စာမထောက်အောင် အလျင်းသင့်သလို သုံးစွဲသွားပါရစေခင်ဗျာ။ ]

All Chapters