← Chapters

စုရီမှ ဧည့်ဝတ်ပြုခြင်း ...

Vol. 48 Ch. 565

စုရီမှ ဧည့်ဝတ်ပြုခြင်း ...

Vol. 48 Ch. 565

သို့တိုင် စုရီတစ်ယောက် မတုန်မလှုပ်ဖြင့်၊

“ မင်းရဲ့ ရီမိသားစုက လူဘယ်နှစ်ယောက်လာတာလဲ အသန်မာဆုံးက ဘယ်အဆင့်လဲ။ ”

-ဟု ပြန်၍ မေးမြန်းလိုက်သည်။ ထိုမေးခွန်းကြောင့် ရီယွင်လန်မှ ခေါင်းကုပ်ပြီး၊

“ ငါမသိဘူး ... ။ ”

-ဟု ပြန်ဖြေ၏။

“ ဒါဆို ရီမိသားစုထဲက ... တစ်ယောက်ယောက် ပေါ်လာတာကို မင်း ဘယ်လိုသိတာလဲ။ ”

စုရီမှ ထပ်မေးသည်။

“ ဒီမှာကြည့် ... ။ ”

ရီယွင်လန်က သူ့ဘယ်လက်ကို မြှောက်လိုက်ပြီး လက်ကောက်ဝတ်ရှိ သစ်ရွက် တံဆိပ်ထံ ဖော်ထုတ်ပြလိုက်သည်။ သစ်ရွက်ပေါ်ရှိ အပြာရောင် သွေးကြောမျှင်များ တောက်ပနေချေပြီ။

“ မိုင်တစ်ရာအတွင်း ... ခွင်းဝူတောင် ရီမျိုးနွယ်ဝင်တစ်ယောက်ယောက် ပေါ်လာတိုင်း ဒီသင်္ကေတမှာ လင်းလာလိမ့်မယ် ဆိုလိုတာက သူတို့ ငါတို့နဲ့မဝေးတော့ဘူး။ ”

ရီယွင်လန်၏ မျက်ခုံးများကြားတွင် စိုးရိမ်မှုတစ်ခု ဖြစ်ပေါ်လာသည်။ စုရီမှ ခဏမျှ စဉ်းစားပြီး၊

“ ကောင်းပြီ ... သူတို့ကို ငါ့ဆီ တကယ်လာဝံ့တယ်ဆိုရင် ... ငါသတ်တဲ့အခါ မင်းတားမှာလား။ ”

“ စိတ်မပူပါနဲ့ ငါ့အသက်ပေးရမယ် ဆိုရင်တောင် မင်းကိုငါ ကာကွယ်ပေးနေမှာပါ။ ”

ရီယွင်လန်မှ ပြတ်သားစွာ ပြောကြားလိုက်သည်။

“ ဒါမေးခွန်းရဲ့ အဖြေမဟုတ်ဘူး။ ”

စုရီမှ တည်ငြိမ်စွာ ပြောကြားလိုက်၏။ ရီယွင်လန်တစ်ယောက် စိတ်မသက်မသာဖြင့်၊

“ မတားဘူး ... ။”

-ဟု ပြန်လည် ဖြေကြားသည်။

“ ဒါဆို အဆင်ပြေတယ် သူတို့သေတာကို ဘေးကနေ စောင့်ကြည့်နေပါ။ ”

စုရီမှ ခေါင်းညိတ်ကာ ပြောကြားလိုက်၏။ ရီယွင်လန်က စကားပြောရန် ပြင်ခဲ့သော်လည်း အဆုံး၌ အသံထွက်မလာတော့ချေ။

ငြင်းခုန်နေခြင်းထက် မည်သည့် အဖိုးအခကိုမဆို ပေးဆောင်ကာ စုရီအပေါ် ကယ်တင်ရန် စိတ်ပိုင်းဖြတ်လိုက်၏။

“ မေ့လိုက်ပါ ... ဒါနဲ့ ရီမိသားစုအမွေကို ငါ့အမေ မရှိတော့တဲ့ အချိန်မှာ ... ဘာလို့ မင်းက မယူခဲ့တာလဲ။ ”

စုရီမှ ရုတ်တရက် မေးခွန်းထုတ်လာသဖြင့် ရီယွင်လန်အကြည့်များ ရှုပ်ထွေးသွားပြီးနောက်၊

“ ငါတို့ ရီမျိုးနွယ်စုတစ်ခုလုံးမှာ ... မင်းအမေနဲ့ငါသာ အမွေဆက်ခံဖို့ အရည်အချင်း ပြည့်မီကြတယ် ...

... ဒါပေမယ့် နောက်ဆုံးတော့ အမွေက လူတစ်ယောက်ပဲ ရယူနိုင်တာမို့ ငါစွန့်လွှတ်ပြီး မင်းအမေအတွက် ထားခဲ့တယ် ... ဘယ်သူ ထင်မှာလဲ အဲဒီလူယုတ်မာတွေကြောင့် ယုဖေးအသက် ပေးရလိမ့်မယ်လို့။ ”

အဆုံးတွင် ရီယွင်လန်မှ သက်ပြင်းချကာ ဝမ်းနည်းသွားပြီး စကားမပြောနိုင်တော့ချေ။ စုရီမှ သူ့ထံတစ်ချက်ပြန်ကြည့်၏။

ဧကရာဇ်အမွေသည် အရိုင်းပြည်နယ် ကိုးပါး၌ပင် သွေးဆောင်ခံရသည်။ ၎င်းအပေါ် စွန့်လွှတ်ပြီး သူ့ညီမအတွက် ပေးအပ်ခြင်းသည် အစ်ကိုတစ်ယောက်အနေဖြင့် ရီယွင်လန်ကို မည်မျှချစ်ကြောင်း ပြသနေ၏။

“ ငါသာစောစော ပြန်ရောက်ခဲ့ရင် အဲဒီလူကြီးတွေက မင်းအမေကို ဒီလိုကြံစည် ဖြစ်မှာ မဟုတ်ဘူး ... သဘာဝအတိုင်း နောက်ဆက်တွဲ ကံဆိုးမိုးမှောင်ကျတဲ့ ...

... အဖြစ်အပျက်တွေလည်း ဆက်တိုက်ဖြစ်လာမှာ မဟုတ်ဘူး အခုမင်းက မင်းအမေရဲ့ တစ်ဦးတည်းသော မျိုးဆက်ပဲ မင်းအမေ ဆုံးပါးသွားရင်တောင် ဒီအမွေကို မင်းရစေရမယ်။ ”

ဤတစ်ကြိမ်တွင် စုရီမှ တုန့်ပြန်ခြင်း မပြုတော့ချေ။ ငြင်းလျှင်ပင် အသုံးမဝင်မှန်း သူ သိသည်။ ထိုစဉ် ခြံအပြင်ဘက်မှ ခြေသံများ ရုတ်တရက် ထွက်ပေါ်လာ၏။

“ ကျွီ ... ။ ”

ထို့နောက် ခြံဝင်းတံခါးကို တွန်းဖွင့်လျက် လူသုံးယောက် လှမ်းဝင်လာ၏။ ဦးဆောင်သူမှာ အဘိုးအိုတစ်ဦးဖြစ်ပြီးဘေးမှ အမျိုးသားနှင့် အမျိုးသမီးတစ်ဦး လိုက်ပါလာသည်။

အဖိုးအိုက ရီယွင်လန်ကို မြင်ချိန်၌၊

“ ဟမ့် ... ယွင်လန်၊ မင်းလည်း ဒီမှာရှိနေတာပဲ။ ”

-ဟု ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်သည်။

၎င်းအသွင်သည် ခရမ်းရောင် အဝတ်အစားဖြင့် ငွေရောင်ဆံပင်ကို သပ်ရပ်စွာ ဖြီးသင်ထား၏။

“ သတ္တမအကြီးအကဲ ... ။ ”

အဖိုးအိုကို မြင်ချိန်၌ ရီယွင်လန်မှ မျက်ဝန်းများမှေးစင်းသွားကာ စုရီကိုလှည့်ကြည့် လိုက်ကာ၊

“ စုရီ ... သူက သတ္တမအကြီးအကဲ ရီချောင်ချန်ပဲ ... ကျင့်ကြံမှုအရ အလယ်အလတ် ဝိညာဉ်ပြောင်းလဲခြင်းအဆင့် ရောက်ရှိနေပြီ ...

... ပထမတန်းစား မဟာတာအို ဝိညာဉ်စက်ဝန်းကိုတောင် စုစည်းထားနိုင်တယ် ဒါပေမယ့် စိတ်မပူပါနဲ့ ... သူနဲ့ရင်ဆိုင်ဖို့ ငါ့မှာ ကိုယ်ပိုင်နည်းလမ်းတွေ ရှိတယ်။ ”

-ဟု မိတ်ဆက်ပေးလိုက်သည်။

“ သတ္တမအကြီးအကဲ ဒီလူငယ်က စုရီဖြစ်ရမယ် သူ့ရုပ်သွင်က ... အစ်မယုဖေးနဲ့ ဆင်တူနေတယ်။ ”

ရီချောင်ချန်အနားရှိ အမျိုးသမီးက ကြိမ်ကုလားထိုင်ပေါ်တွင် ထိုင်နေသည့်စုရီထံ လက်ညှိုးထိုးပြလိုက်သည်။

သူမဘေးရှိ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး အနက်ဝတ် အမျိုးသားသည် သတ်ဖြတ်လိုသည့် ရောင်ဝါကို ထုတ်ဖော်လိုက်၏။

ထို့နောက် သုံးယောက်သား ပတ်ဝန်းကျင်တွင် မည်သူမျှမရှိသကဲ့သို့ စုရီထံ မှတ်ချက်ပေးကာ လျှောက်လှမ်းလာကြသည်။

အမျိုးသမီးအမည်မှာ ရီရွယ်ရှင်းဖြစ်ပြီး အနက်ဝတ်အမျိုးသားသည် ရီဖုန်းဟဲဖြစ်ချေ၏။ နှစ်ဦးစလုံးသည် ဝိညာဉ်ပေါင်းစည်းခြင်း အဆင့် နှောင်းပိုင်းတွင်ဖြစ်ပြီး ရီမိသားစု၏ သင်းထောက်များဖြစ်သည်။

ရီယုဖေး၊ ရီယွင်လန်တို့နှင့် မျိုးဆက်တူချေ၏။ သို့သော် ရီယွင်လန်နှင့် ရီယုဖေးတို့သည် ပင်မမိသားစုမှ ဖြစ်ကာ ဤနှစ်ဦးသည် အခွဲမိသားစုဝင်များပေပင်။

သတ္တမအကြီးအကဲ ရီချောင်ချန်ဟူသည်လည်း အလားတူဖြစ်သည်။ စုရီမှ ရီယွင်လန်ထံ မော့ကြည့်ကာ၊

“ သူတို့က ရန်သူတွေလား ... ။ ”

-ဟု မေးမြန်းလိုက်၏။ ရီယွင်လန်မှ ခေါင်းညိတ်ပြလိုက်သည်။ ထို့ကြောင့် စုရီက ကြိမ်ကုလားထိုင်မှ ချက်ချင်းထရပ်လိုက်ပြီး၊

“ ဒါဆို သွားရအောင် ... ။ ”

-ဟုပြောကြားလိုက်သည်။

သူ့အပြုအမူကြောင့် လူတိုင်းအံ့အားသင့်ကုန်၏။

“ မင်းဘာကိုဆိုလိုတာလဲ ကောင်လေး။ ”

သတ္တမအကြီးအကဲ ရီချောင်ချန်မှ မျက်မှောင်ကြုတ်လျက် ပြန်၍မေးလိုက်သည်။

“ ငါမင်းတို့ကို လိုက်ပို့ပေးမလို့ ... ငါနေနေတဲ့ဒီခြံဝင်းထဲမှာ သွေးတွေနဲ့ စွန်းထင်း မနေစေချင်ဘူး။ ”

ဤတစ်ကြိမ်၌ ရီချောင်ချန်နှင့် သူ့အဖော်နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်လိုက်၏။

သူတို့သည် အခုမှ ရောက်ရှိလာကြပြီး တစ်ဖက်လူနှင့် စကားများပင် မပြောရသေးချေ။ သို့တိုင် စုရီသည် သူတို့ကို တိုက်ရိုက်သတ်ရန် ကြံစည်နေချေ၏။

“ သွားရအောင်၊ ဒီကလေးကို မလွတ်စေနဲ့။ ”

သတ္တမအကြီးအကဲမှ အေးစက်စွာ ဟစ်အော်လိုက်ပြီး ရီရွယ်ရှင်းနှင့် ရီဖုန်းဟဲတို့ကို အချက်ပြကာ လှည့်ထွက်လာခဲ့သည်။

“ လိုက်ကြည့်ရအောင်။ ”

ဝမ်ရှင်းကျောက်က အသက်ပြင်းပြင်းရှူလျက် ချင်းယာနှင့် သူမ၏ ဆရာသခင် အင်မော်တယ်ကျင်းဟန်ကို ခေါ်ဆောင်လာခဲ့သည်။

ဧပြီလ ရောက်ရှိနေပြီဖြစ်ရာ ကောင်းကင်တခွင် အလင်းများတောက်ပလျက် လေထုသည် ပူပြင်းခြောက်သွေ့နေ၏။

ရွှေရေကန်သည် လှိုင်းလုံးများဖြင့် ပြည့်နှက်နေကာ ကမ်းစပ်တွင် စိမ်းစိုနေသော မိုးမခပင်ကြီးများ ပေါက်ရောက်နေသည်။

“ ကြည့်စမ်း ... အဲဒါ ကြယ်အဆင့်မှာ နံပါတ်တစ်နေရာရထားတဲ့ ပြိုင်ဘက်ကင်း ပါရမီရှင် ရှန့်စွေယွင်မဟုတ်လား ... ။ ”

“ ဟုတ်တယ် ... ကြည့်ရတာ အရမ်းငယ်သေးတယ် ... ။ ”

“ သူ ဘာလုပ်နေတာလဲ ... တစ်ယောက်ယောက်ကို စိန်ခေါ်ပြီး စောင့်နေတာလား။ ”

“ မှန်တယ် ... ဒီမနက်ပဲ သူ စုရီကို စိန်ခေါ်လိုက်တယ် ကြားတယ်။ ”

“ ဟမ့် ... စုရီလာဝံ့မယ်လို့ မင်ထင်လား ... ။ ”

လူအချို့သည် ဆွေးနွေးမှုများ မြင့်တက်လာကာ ရေကန်အလယ်ဗဟိုဆီသို့ မျှော်ကြည့်လာကြသည်။

ရေကန်အလယ်တွင် အရွယ်အစား မီတာသုံးဆယ်ခန့်ရှိသော သန္တာကျောက်တန်း တစ်ခု ရှိနေသည်။

ထိုသန္တာကျောက်တန်းပေါ်တွင် အရပ်ရှည်ပြီးချောမောလှပသော ရုပ်သွင်တစ်ခု ရပ်နေ၏။ အဖြူရောင်ဝတ်ရုံကို ၀တ်ဆင်လျက် ဆံပင်ရှည်ရှည်များ ဖြန့်ချထားကာ နဂါးနှင့် ကျားကဲ့သို့ ကြီးစိုးကာရပ်နေသည်။

သူ့နောက်ကျောကို လက်နှစ်ဖက်ပို့ပြီး ငြိမ်သက်နေပုံရသော်လည်း မျက်မှောင်ကြုတ် ထားတော့၏။

ဤအရပ်တွင် သူစောင့်နေသည်မှာ ကြာပြီဖြစ်သည်။ တစ်ဖက်လူသည် မလာဝံ့ဟု မယုံကြည်ချေ။

“ ဟမ့် ... ။ ”

များမကြာခင် ကျောက်စိမ်းရောင် ဝတ်လုံနှင့် ချောမောသော လူငယ်တစ်ယောက် ရေကန်ဆီသို့ လျှောက်လှမ်းလာနေသည်။

သူ့ဘေးတွင် အမျိုးသားတစ်ဦး၊ ဝမ်လျူနှင့် အမျိုးသမီးသုံးယောက် လိုက်ပါလာ၏။ လူစိမ်း သုံးယောက်သည်လည်း မဝေးသောအရပ်မှ လိုက်ပါလာကြသည်။

“ နောက်ဆုံးတော့ စုရီလာပြီ ... ။ ”

“ ဒါဆို ငါတို့ပွဲကောင်းတစ်ပွဲ ကြည့်ရပြီ ကြယ်အဆင့်မှာ ဘယ်သူ ပထမနေရာရနိုင်မလဲ မကြာခင်သိရတော့မှာပါ။ ”

ရောက်ရှိနေသော လူအုပ်ကြီးသည် ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် မျှော်ကြည့်လိုက်ကြ တော့၏။

သို့သော် ထိုဆွေးနွေးမှုများကို ကြားပြီးနောက် စုရီမှ ခေါင်းယမ်းလိုက်သည်။ ဤလူများသည် ရှန်စွေ့ယွင်နှင့် သူ့တိုက်ပွဲကို စောင့်မျှော်နေပုံပေပင်။

တစ်ဖက်တွင် ရီမျိုးနွယ်သည် စုရီ၏ ကျော်ကြားလှသော ဂုဏ်သတင်းစကားကြောင့် မျက်ခုံးပင့်လိုက်ကြ၏။

“ ဒီစုရီမှာ ဒီလောက်မြင့်မားတဲ့ ဂုဏ်သိက္ခာမျိုးရှိတယ်ဆိုတာ ငါမသိလိုက်ဘူး။ ”

ရီရွယ်ရှင်းက အေးစက်စွာ မှတ်ချက်ပေး၏။ သတ္တမအကြီးအကဲ ရီချောင်ချန်မှ သူ့ဝန်းကျင်ရှိ လူအများ၏ တစ်ယောက် သက်ပြင်းချကာ၊

“ ငါတို့ခွင်းဝူတောင်မှာဆိုရင် ... စုရီလို တစ်စုံတစ်ယောက်က ထိပ်တန်းပါရမီရှင်အဖြစ် သူ့အမေလို တောက်ပနေလိမ့်မယ်။ ”

-ဟု ညည်းတွားလိုက်တော့သည်။

ရီယုဖေးအမည် ကြားသောအခါတွင် ရီရွယ်ရှင်း၏ မျက်ခုံးများကြားတွင် မှိုင်းညို့သည့် အကြည့်တစ်ခု ပေါ်လာသည်။ တစ်ဖက်တွင် ရီဖုန်းဟဲ အမူအရာသည်လည်း ချက်ချင်း တင်းမာလာကာ၊

“ ဒါပေမယ့် ရီယုဖေးက သေသွားခဲ့ပြီ ... ငါတို့ရဲ့ဒီခရီးက သူ့သားကို သူ့ဆီပို့ပေးဖို့ဆိုတာ မမေ့ပါနဲ့ ... ။ ”

-ဟု သတိပေးလိုက်တော့၏။

***

All Chapters