← Chapters

ရေကန်ပေါ်မှ တိုက်ပွဲ ...

Vol. 48 Ch. 566

ရေကန်ပေါ်မှ တိုက်ပွဲ ...

Vol. 48 Ch. 566

ဤမတိုင်မီ ရီချောင်ချန်၊ ရီရွယ်ရှင်းနှင့် ရီဖုန်းဟဲတို့သည် စုရီမှထွက်ပြေးသွားမည်ကို စိုးရိမ်နေခဲ့ကြသည်။

သို့သော် တစ်ဖက်လူသည် ထိုသို့သော ဆန္ဒမရှိကြောင်း မြင်လိုက်ရသဖြင့် အနည်းငယ် စိတ်သက်သာရာရသွားသည်။

“ အဟက် ... ဒီကောင်တွေက တကယ် ရယ်စရာကောင်းတယ် ... စုရီနဲ့ ရှန့်စွေ့ယွင်တို့ရဲ့ ရန်ပွဲကို စောင့်မျှော်နေကြတယ် ငါတို့သာ ...

... စုရီကိုသတ်လိုက်ရင် သူတို့ရဲ့ မျက်နှာပေါ်မှာ ဘယ်လောက် စိတ်လှုပ်ရှားစရာ ဖြစ်ပေါ်လာမလဲ တွေးမိပါတယ်။ ”

တစ်ဆက်တည်းမှာပင် ပတ်ဝန်းကျင်မှ ဆွေးနွေးသံများကြောင့် ရီရွယ်ရှင်းတစ်ယောက် လှောင်ပြုံးဖြင့် မှတ်ချက်ပေး၏။ ရီချောင်ချန်က သူ့လေသံကို လျော့ချလျက်၊

“ မင်းနဲ့ ဖုန်းဟဲသွားပြီး ... စုရီနဲ့ရင်ဆိုင်ပါ ငါရီယွင်လန်ကို ထိန်းထားမယ်။ ”

-ဟု ပြောကြားလိုက်သည်။

ထိုအချိန်တွင် ရေကန်အလယ်ဗဟိုရှိ သန္တာကျောက်တန်းပေါ်မှနေ၍ ရှန်စွေ့ယွင်က စုရီကိုလှမ်းကြည့်၏။

“ ကောင်းလိုက်တာ ... စုရီ လာ ... ငါမင်းကိုစောင့်နေတယ်။ ”

အဆုံးတွင် စိတ်လှုပ်ရှားစွာဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ အသံသည် မိုးခြိမ်းသံကဲ့သို့ ရေကန်တဝိုက် ပဲ့တင်ထပ် နေတော့သည်။

အဖြူရောင် အ၀တ်အစားများဖြင့် သန့်ရှင်းသော အမူအရာသည် ချက်ခြင်းပင် လူတိုင်း၏ အာရုံစိုက်မှုကို ရရှိလာခဲ့၏။ စုရီက သူ့ထံ တစ်ချက်ကြည့်ပြီး၊

“ လူတစ်ယောက် သေဖို့ဆိုတာ ဒီလောက်မလွယ်ပါဘူး ... မင်းအဲဒီမှာ စောင့်နေ၊ ငါသူတို့ကို အရင်ပို့လိုက်မယ် ... ပြီးရင် မင်းကိုလိုက်ပို့မယ်။ ”

-ဟု တုန့်ပြန်လိုက်သည်။

( ဒီကောင် ဘာကိုဆိုလိုချင်တာလဲ။)

ရှန်စွေ့ယွင်တစ်ယောက် အနည်းငယ် စိတ်ရှုပ်သွား၏။ ထိုအချိန်တွင် စုရီမှရေကန်ကို ညွှန်ပြလျက်၊

“ ဒီနေရာကို ... လှပတဲ့ရှုခင်းတွေနဲ့ ဖုန်းရွှေကကောင်းချီးပေးတယ် မင်းတို့ကိုဒီမှာ သင်္ဂြိုဟ်ပေးရတာ ဂုဏ်ယူစရာပါပဲ။ ”

-ဟု ရီမိသားစုထံ လှည့်ကြည့်ပြီး ပြောကြားလိုက်လေသည်။

ဤစကားများသည် ရီမိသားစုကို အုံ့မှိုင်းသွားစေ၏။ ဘေးမှ စောင့်ကြည့်နေသော လူအုပ်ကြီးသည်လည်း သို့မှသာ သည်စုရီသည် လူစိမ်းများဖြင့် တိုက်ခိုက်ရန်လာရောက်ခြင်း ဖြစ်ကြောင်း နားလည်လိုက်သည်။

“ ဒီသုံးယောက်က ဘယ်သူတွေလဲ။ ”

“ ငါဘယ်သိမလဲ ... မင်းသိချင်ရင် သွားမေးကြည့်ပါလား ... ဒါပေမယ့် အားလုံးက အရမ်းအစွမ်းထက်မဲ့ပုံရတယ် ... စုရီအပေါ် ရင်ဆိုင်ဝံ့တာ သာမန်လူတစ်ယောက် မဖြစ်နိုင်တာတော့ သေချာတယ်။ ”

“ ဟား ဟား ဟား ... ကောင်းလိုက်တာ စုရီက ရှန်စွေ့ယွင်ကို အလေးအနက်မထားဘူး မဟုတ်ရင် ရှန်စွေ့ယွင်ကို ဘာလို့ဒီအချိန်မှာ လျစ်လျူရှုထားရမှာလဲ။ ”

အိုးတစ်လုံး ပေါက်ကွဲနေသလိုမျိုး နေရာတိုင်းတွင် ရုတ်ရုတ်သဲသဲ ဆူညံလာသည်။ ရှန်စွေ့ယွင်မှ မျက်နှာပျက်သွား၏။

“ စုရီ၊ ငါသူတို့ကို တာဝန်ယူလိုက်မယ်။ ”

ဤအချိန်တွင် ရီယွင်လန်သည် ပြတ်သားသော အကြည့်ဖြင့် စုရီမျက်နှာကို လှမ်းကြည့်လိုက်လေသည်။

“ စောင့်ကြည့်နေပါ ... ငါက ဒီလူတွေနဲ့ တကယ်မယှဉ်နိုင်ရင် လှုပ်ရှားဖို့ အခွင့်အရေး မင်းမှာရှိပါသေးတယ်။ ”

စုရီမှ ပြုံးပြီး ငြင်းဆန်သည်။ ထိုစကားများကြောင့် ရီယွင်လန်သည် ခဏမျှ တုံ့ဆိုင်းသွား၏။ တစ်ဖက်တွင် ရီချောင်ချန်က လှောင်ပြုံးဖြင့်၊

“ ဒီကောင်လေးကို ဘယ်သူသတ်မှာလဲ။ ”

-ဟု မေးမြန်းလိုက်သည်။

“ ငါလုပ်ပါရစေ ... ။ ”

ရီဖုန်းဟဲက လေထဲ ခြေတစ်လှမ်း လှမ်းတက်ပြီး ရေကန်အထက် ပေါ်လာခဲ့သည်။ ထို့နောက် သူက အေးစက်စွာငုံ့ကြည့်ပြီး၊

“ စုရီ ... သေဖို့ ... ဒီကိုလာ ... ။ ”

-ဟု ဖိတ်ခေါ်လိုက်၏။

စကားလုံးတိုင်းကို ကောင်းကင်နှင့် မြေကြီးကြား ပဲ့တင်ထပ်သွားစေသည်။ တစ်ချိန် တည်းမှာပင် ရီချောင်ချန်နှင့် ရီရွယ်ရှင်းလည်း ရီယွင်လန်အနား တိုးရပ်လိုက်ကြ၏။

“ ရီယွင်လန် ... မင်းကို ရူးသွပ်စွာ မလုပ်ဆောင်ဖို့ ငါအကြံပေးချင်တယ် မဟုတ်ရင် သစ္စာဖောက်အဖြစ် သတ်မှတ်မယ် ... ။ ”

ရီရွယ်ရှင်းမှ အေးစက်စွာ သတိပေးသည်။ လက်ရှိရီမိသားစုတွင် ရီယွင်လန်အတွက် နေရာ မရှိတော့ချေ။

စကားဝိုင်းကို နားထောင်နေသူများက ယခုမှပင် နားလည်လာ၏။ စုရီမှ လူစိမ်းများကို သတ်ရန်ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာခြင်း ပေပင်။

ရှန်စွေ့ယွင်ကိုမူ ရန်သူအဖြစ် သတ်မှတ်ထားခြင်းမရှိဘဲ လျစ်လျူရှုထားသည်။ ရှန်စွေယွင်တစ်ယောက် အမူအရာ ရုတ်တရက် မှိုင်းညို့သွား၏။

စုရီစကားများသည် သူ့ဂုဏ်သိက္ခာကို နှိုးဆွသလိုခံစားလိုက်ရကာ အဆုံးမဲ့ဒေါသများ ပြည့်နှက်သွားလေသည်။

ထို့နောက် တုံ့ဆိုင်းမနေတော့ဘဲ လေထဲလှမ်းတက်က ရီဖုန်းဟဲကိုကြည့်လျက်၊

“ တာအိုမိတ်ဆွေ ... စုရီကို မင်းသတ်ချင်နေရင်တောင် ငါ့ကို စောင့်ပါ။ ”

-ဟု ပြောကြားလိုက်သည်။

စကားလုံးတိုင်းသည် စူးရှလျက် လူသတ်လိုသောရောင်ဝါသည် ကောင်းကင်ရှိ တိမ်တိုက်များကို ပြိုကွဲသွားစေ၏။ လူအများ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။

မူလက ထင်ထားသည့် ဤပွဲသည် မမျှော်လင့်ထားသော အပြောင်းအလဲများ ရုတ်တရက် ဖြစ်လာပြီဖြစ်၏။

ထိုအပြောင်းအလဲသည် စိတ်ကူးထားသည်ထက် ပို၍ စိတ်လှုပ်ရှားဖွယ် ကောင်းလေသည်။

“ ကောင်းလေ ... မင်းဘေးမှာ ရပ်နေပြီး ကျားတွေရဲ့တိုက်ပွဲကို အရင်ကြည့်သင့်တယ်။ ”

ရီဖုန်းဟဲမှ မထီမဲ့မြင်အမူအရာဖြင့် ချက်ချင်းပြန်ဖြေသည်။ ရှန့်စွေ့ယွင်တစ်ယောက် အလွန်စိတ်ဆိုးသွားကာ မျက်နှာတစ်ခုလုံး မည်းမှောင်သွားတော့၏။

ထိုစုရီသည် သူ့ဂုဏ်သိက္ခာအပေါ် နင်းချေရုံသာမက ယခုမည်သည့်အရပ်မှလာမှန်း မသိသော ဤလူသည်ပင် သူ့အပေါ် လှောင်ပြောင်နေသည်။

စုရီက ရွှေရေကန်ပေါ်သို့ လှမ်းတက်ကာ၊

“ သူပြောတာမှန်တယ် ... မသေခင်မှာ အသက်ရှူချိန် နည်းနည်းလောက် ပိုရတယ်လို့ သဘောထားပြီး ဘေးကနေကြည့်ပါ။ ”

“ မင်း ... ။ ”

ဤတစ်ကြိမ်တွင် ရှန့်စွေ့ယွင်ခမျာ စကားလုံးများ ပျောက်ဆုံးသွားသည်။ ကြယ်ပွင့် စာရင်းပထမအဆင့်တွင်ရှိသည့် သူသည် ဤသို့ ကဲ့ရဲ့ရှုတ်ချခြင်းကို မည်သို့ခံဝံ့မည်နည်း။

ဒေါသထွက်လွန်းသဖြင့် ရင်ဘတ်ကြီး ပေါက်ကွဲမတတ် ခံစားလိုက်ရပြီး မျက်ဝန်းများ မှေးစင်းသွား၏။

ထို့နောက် တစ်စုံတစ်ရာကို ချက်ချင်း သတိရလာကာ သူ့ကိုယ်သူ ထိန်းချုပ်လျက် စုရီနှင့် ရီဖုန်းရှင်းထံ စိုက်ကြည့်လိုက်ပြီး တိတ်ဆိတ်သွားတော့သည်။

တစ်ဖက်တွင် ရီဖုန်းဟဲ၏ ရောင်ဝါများ ရုတ်တရက် ပွင့်ထွက်လာပြီး ဖြေဖဝါးအောက်ရှိ ရေမျက်နှာပြင် ချက်ချင်းလှုပ်ခါသွား၏။

“ ဒီလောက် ကြောက်စရာကောင်းတဲ့ ရောင်ဝါမျိုး ... လူဘယ်နှစ်ယောက် ထုတ်ဖော် နိုင်မှာလဲ ... ကျင့်ကြံမှုအရ ...

... ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်မှာ ဖြစ်ပေမယ့် ရောင်ဝါအရ ဝိညာဉ်ပေါင်းစည်းခြင်း အဆင့်ထက် ... ဒီလူက အဆပေါင်းများစွာ သန်မာနေတယ်။ ”

အဝေးမှကြည့်နေသော ဝမ်လျူသည်ပင် အေးစက်သော ခံစားချက်များ ဝင်ရောက်လာပြီး ညည်းတွားရေရွတ်တော့သည်။

သူအပါအဝင် လူတိုင်းသည် ရီဖုန်းဟဲနှင့်အဖွဲ့အပေါ် အသိအမှတ်မပြုခဲ့ချေ။ ယခုမူ တစ်ဖက်လူသည် ရောင်ဝါဖြင့်ပင် အာရုံစိုက်မှု ရရှိသွားချေပြီ။

( ဒါဆို အချင်းချင်း တိုက်ကြပါစေ စုရီအသတ်ခံရရင် ပြဿနာကို ငါတစ်ခါတည်း ဖြေရှင်းပြီးဖြစ်မယ် ဒါမှမဟုတ် ...

... အဲဒီလူအသတ်ခံရရင် စုရီကို သူ့အဖော်တွေက သေချာပေါက်လက်စားချေမှာ အရေးအကြီးဆုံးက ဒီစုရီဘယ်လောက် သန်မာလဲဆိုတာ ငါကြည့်ခွင့်ရမယ်။ )

ရှန်စွေ့ယွင်မှ အရှက်တရားကို မျိုသိပ်လိုက်ပြီး တိုက်ပွဲဧရိယာမှ တိတ်တဆိတ် ဆုတ်ခွာသွားခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် စောင့်ကြည့်နေသူများအားလုံးသည် သူ့ကို မည်သူမျှ စိတ်မဝင်စားခဲ့ကြချေ။ ရေကန်အထက်ရှိ စုရီနှင့် လူစိမ်းထံသာ အာရုံစိုက်ထားကြသည်။

“ မင်းတို့နှစ်ယောက်ရော တစ်ခါတည်းမလာဘူးလား ... ။ ”

စုရီက ရီယွင်လန်အနားတွင်ရပ်နေသော စုမိသားစုဝင်နှစ်ယောက်ထံ လှမ်းကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ မေး၏။

“ ဟမ့် ... ငါတစ်ယောက်တည်းနဲ့ မင်းကိုသတ်ဖို့ လုံလောက်ပါတယ်။ ”

ရီဖုန်းဟဲက တုန့်ပြန်လျက် ဓားကို ချက်ချင်းဆွဲထုတ်ကာ ခုတ်ပိုင်းချလိုက်တော့၏။ ဓားကိုယ်ထည်တွင် အနက်ရောင်မီးလျှံများ တောက်လောင်လျက် ထက်ရှလွန်းသော ဓားအလင်းတစ်လက် ပြေးထွက်သွားချေပြီ။

“ ကြယ်မီးတောက်ဓား။ ”

***

All Chapters