← Chapters

ခွင်းဝူတောင်မှ နတ်သစ်ပင်

Vol. 48 Ch. 568

ခွင်းဝူတောင်မှ နတ်သစ်ပင်

Vol. 48 Ch. 568

စုရီထံမှ ပစ်မှတ်ထားခံရသော ရီရွယ်ရှင်းခမျာ ခုခံရန်မဆိုနှင့် ထွက်ပြေးရန်ပင် သူမတွင် ခွန်အား မရှိတော့ချေ။

“ ထွက်သွား ဒီကောင်လေးကို ငါထိန်းထားပေးမယ်။ ”

ရုတ်တရက် အော်ဟစ်သံနှင့်အတူ ရီချောင်ချန်က ရေကန်အထက် စုရီပြေးလမ်း၌ ချက်ချင်းပေါ်လာ၏။

သူ့လက်များ တဖျပ်ဖျပ်ခတ်နေပြီး လက်ချောင်းများကို လက်သည်းကဲ့သို့ လှမ်းကုပ် လိုက်လေသည်။

“ ခရစ် ... ။ ”

လက်သည်းသွားရာ လမ်းတလျှောက် လေဟာနယ် အက်ကွဲလျက် ရေမျက်နှာပြင်၌ ဆယ်ပေခန့် မြင့်မားသောလှိုင်းလုံးများ ဖြစ်ပေါ်လာ၏။

“ ဝိညာဉ်ပြောင်းလဲခြင်းအဆင့် ... ။ ”

ရေကန်တဝိုက် ရပ်ကြည့်နေသော လူအများသည်ပင် သေခြင်းတရားကို ရုတ်ချည်း ခံစားလိုက်ရလေသည်။

ဤသည်မှာ ဝိညာဉ်တာအိုနယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ ကြောက်မက်ဖွယ်ရာ စွမ်းအားအပြည့်ပေပင်။ မိုးပြာတိုက်ကြီး၌ အထွတ်အထိပ် တည်ရှိမှုမျိုးဖြစ်၏။

စုရီက ထိုလက်သည်းကုပ်ချက်ထံ လက်သီးဖြင့် တုန့်ပြန်သည်။ လက်သီးအတွင်း ဓားရည်ရွယ်ချက် ပါရှိသောကြောင့် လက်သည်း ပုံရိပ်ကြီးမှာ ချက်ချင်း ပြတ်ကျသွား၏။

“ ဝုန်း ... ။ ”

ရေကန်ကို ပိတ်ဆို့ဝန်းရံထားသည့် တားမြစ်ဝင်္ကပါသည် ချက်ချင်းအသက်ဝင်ကာ စွမ်းအင်အကြွင်းအကျန်များကို လျင်မြန်စွာ စုပ်ယူသွားတော့သည်။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

ရလာဒ်အဖြေင့် စုရီနှင့် ရီချောင်ချန်သည် လေထုအလယ် ခြေလှမ်းအနည်းငယ် ပြန်ဆုတ် လိုက်ရတော့၏။

လူတိုင်း ဦးရေပြားများ ကျိန်းစပ်လျက် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ အသက်ရှူရန်ပင် မေ့လျော့ကုန်၏။

“ သွား ... ။ ”

ရီချောင်ချန်မှ စုရီကို အသက်ရှူချိန် မပေးချေ။ လက်ဝှေ့ယမ်းလျက် တံဆိပ်များကို ဖန်တီးတော့၏။ ထောင်ပေါင်းများစွာသော ရွှေသက်တံများ ထွက်ပေါ်လာပြီး လှောင်အိမ် တစ်ခုအဖြစ် စုရီပေါ် ပြိုကျသွားသည်။

“ ဟမ့် ... ။ ”

ဤသည်မှာ ရီမိသားစု၏ အမြင့်မြတ်ဆုံးသော အမွေဖြစ်သည်။ ရွှေရောင် လှောင်အိမ်တစ်ခု တည်ဆောက်ရန် တာအို၏ လျှို့ဝှက်ဆန်းကြယ်သော အမှန်တရားကို အသုံးပြုထားခြင်းဖြစ်၏။

ယင်းသည် ဧကရာဇ်အဆင့် လှောင်အိမ်ဖြစ်လာကာ ပိတ်လှောင်ခံရသော မည်သူမဆို ကောင်းကင်နှင့် မြေကြီးကြား တာအိုအမှန်တရားဖြင့် အဆက်အသွယ် ဖြတ်တောက်ခြင်း ခံရပေလိမ့်မည်။

ဆိုလိုသည်မှာ ပိတ်လှောင်ခံရသူသည် ကမ္ဘာမြေကြီးမှ နှင်ထုတ်ခံရသော အပြစ်သား တစ်ဦးကဲ့သို့ စိတ်ပျက်အားငယ်စေ၏။

“ သတိထား ... ။ ”

ရီယွင်လန်တစ်ယောက် မျက်နှာ ပြောင်းလဲသွားသည်။ ရီမိသားစုဝင် တစ်ဦး အနေဖြင့် ဤနည်းစနစ် မည်မျှ ထိတ်လန့်ဖွယ် ကောင်းသည်ကို သဘာဝကျကျသိထား၏။

“ ရွှပ် ... ။ ”

သို့သော် စုရီမှ လှောင်ပြုံးဖြင့် လက်နှစ်ချောင်းကိုဓားအသွင် လေထဲအကြိမ်ရေ အနည်းငယ် ခုတ်ပိုင်းချလိုက်သည်။

လေဟာနယ်အတွင် ထက်ရှသော ဓားအလင်းများသည် နဂါးငွေ့တန်းတစ်ခုလို ဆင်းသက်လာ၏။

တစ်ဆက်တည်းမှာပင် ကြယ်မြစ်ကြီးတစ်စင်း ကောင်းကင်၌ ပေါ်လာ တော့သည်။

ဓားရည်ရွယ်ချက်ကို အပြည့်အဝ ထုတ်ဖော်လိုက်သည်နှင့် တပြိုင်နက် လွှမ်းမိုးပြီး မရပ်တန့်နိုင်သော တာအိုများပြည့်လျှံလာကာ လှောင်အိမ်ကို ချိုးဖြတ်တော့၏။

ရွှေလှောင်အိမ်သည် ရုတ်တရက် ဆိုးရွားသော သက်ရောက်မှုကို ခံစားလိုက်ရပြီး မျက်နှာပြင်ကွဲအက်လျက် အလင်းမှုန်အဖြစ် ကြွေကျသွားလေသည်။

စုရီဓားသည် ကြယ်တာရာများ ကောင်းကင်မှ ကြွေကျလာကာ ကမ္ဘာကြီးကို ဖျက်ဆီးနေသလို ခံစားလိုက်ရ၏။

“ ဒါ ... ။ ”

ထို့ကြောင့် ရီမိသားစု၏ မြင့်မြတ်သော အမွေသည် ဝိညာဉ်ထင်ရှားခြင်းအဆင့်မှ စုရီ ရှေ့တွင် အားနည်းနေချေပြီ။

ရီချောင်ချန်ခမျာ မျက်နှာပြောင်းသွား၏။ ဝိညာဉ်ထင်ရှားခြင်းအဆင့်မှ တစ်စုံတစ်ယောက် အနေဖြင့် ဤမျှအစွမ်းထက်နေခဲ့သည်မှာ ယုံနိုင်စရာမရှိချေ။

“ သတ် ... ။ ”

ထိုစဉ် စုရီသည် အလင်းတန်းကဲ့သို့ ရွေ့လျားကာ လက်ဖဝါးစောင်းဖြင့် ခုတ်ပိုင်းပစ် လိုက်သည်။

ထက်ရှလွန်းသော ဓားရောင်ဝါသည် ကောင်းကင်ကိုဖျက်ဆီးလိုသည့် ဓားတစ်လက် နှင့်မခြားချေ။

ထိုမြင်ကွင်းကြောင့် ရီချောင်ချန်ခမျာ ပေါ့ဆမနေဝံ့ဘဲ ခွန်အားရှိသမျှကိုအသုံးပြုကာ တုန့်ပြန်ချေဖျက်လိုက်ရ၏။

များမကြာခင် ရေကန်အထက် လေထုထဲတွင် လူရိပ်နှစ်ရိပ် အပြန်အလှန် တိုက်ခိုက်နေတော့သည်။

နှစ်ဦးသား သတ်ဖြတ်လိုသော ရောင်ဝါများသိပ်သည်းလာသဖြင့် ကောင်းကင် တခွင် မည်းမှောင်လာ၏။

တစ်ယောက်သည် ကျောက်စိမ်းဝတ်လုံ တဖျပ်ဖျပ်ခတ်နေပြီး မာနကြီးသော ရောင်ဝါဖြင့် လှုပ်ရှားနေသည်။

ကျန်တစ်ယောက်သည် ဝိညာဉ် အသွင်ပြောင်းခြင်းရောင်ဝါကို ထုတ်ဖော်လျက် ရက်စက်ကြမ်းကြုတ်စွာ လှုပ်ရှား၏။

“ ဒီလူကို ငါနဲ့တိုက်ဖို့ စိန်ခေါ်နေတာ ... ဘယ်လောက်တောင် မဆင်မခြင် နိုင်လိုက်လဲ။)

လေထုအလယ်တိုက်ပွဲထံ မော့ကြည့်ကာ ရှန့်စွေယွင်တစ်ယောက် ညည်းညူလိုက်သည်။ ဤမတိုင်မီ စုရအပေါ် အနိုင်ယူနိုင်မည်ဟု ယုံကြည်ထားသမျှ လွင့်ပါးလာချေပြီ။

“ ဒီမိုးပြာတိုက်ကြီးဟာ ... ရွှေခေတ်ကိုတောင် မရောက်သေးဘဲနဲ့ ... သူ့လို မယုံနိုင်ဖွယ် ဘီလူးတစ်ကောင်ကို ဘယ်လိုများ မွေးဖွားပေးလာတာလဲ။ ”

ရီရွယ်ရှင်းတစ်ယောက် မျက်နှာ ဖြူဖျော့သွားကာ မြင်နေသမျှကို မယုံနိုင်စရာ ဖြစ်လာခဲ့သည်။

“ အသက်ဝင် ... ။ ”

ရုတ်တရက် တိုက်ပွဲဝင်နေသော ရီချောင်ချန်မှ ကျယ်လောင်စွာအော်လိုက်သည်။ အချိန်အတော်ကြာသည့်တိုင် တိုက်ခိုက်မှုများ မအောင်မြင်သဖြင့် စိတ်ရှည်သည်းနိုင်ခံမှု ဆုံးရှုံးသွားခဲ့၏။

“ ဝူး ... ။ ”

အစိမ်းရောင် တာအိုတံဆိပ်တစ်ခု ကောင်းကင်တွင် ပေါ်လာပြီး လျှပ်စီးလက်ကာ အလင်းတန်းများ ဖြာကျလာသည်။

တာအိုတံဆိပ်၏ မျက်နှာပြင်တွင် ကောင်းကင်နှင့်မြေကြီးကို ထောက်တိုင်ကဲ့သို့ ထိစပ်နေသော သစ်ပင်ကြီးတစ်ပင်ရှိ၏။

ရီမိသားစုမှ အုတ်မြစ်ပြုထားသည့် ခွင်းဝူတောင်ထိပ်ရှိ ကောင်းကင်ထိတိုင်အောင် မြင့်မားသော မြင့်မြတ်သည့် သစ်ပင်ပေပင်။

တစ်နှစ်ပတ်လုံး တိမ်များနှင့် မြူခိုးများ ဝန်းရံလျက် ကောင်းကင်နှင့်မြေကြီး အနှစ်သာရ အပေါ် စုပ်ယူပြီး တာအိုနိယာမများ လွှမ်းခြုံထားသည်။

ခွင်းဝူ နတ်သစ်ပင်ဟု ခေါ်၏။ ရီချောင်ချန်းအသုံးပြုသော တာအိုတံဆိပ်သည် ထိုနတ်သစ်ပင် အနှစ်သာရမှ သန့်စင်ထားသည်။

နှစ်ပေါင်း ရှစ်ရာနီးပါး သန့်စင်ကာ အံ့အားသင့်ဖွယ်ရာ အဖျက်စွမ်းအားများပါသော လျှပ်စီးတာအိုကို စုစည်းထားနိုင်၏။

“ ဂျိန်း ... ။ ”

တာအိုတံဆိပ်သည် လေထုအလယ် အသက်ဝင်ကာ ကောင်းကင်ကြီး နက်ပြာရောင် ပြောင်းလျက် မိုးခြိမ်းသံများမြည်ဟည်းလာ၏။

ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါသည် မျက်မှောက်ရှိ လူတိုင်းအပေါ် လွှမ်းခြုံလာချေပြီ။

“ ဝါးမြို ... ။ ”

“ ဟမ့် ... ။ ”

ရီချောင်ချန်မှ အမိန့်ပေး၏။ စုရီက ကောင်းကင်မိစ္ဆာဓားကို ဆွဲကာ ခုတ်ပိုင်းချလိုက် တော့သည်။

“ မကောင်းတော့ဘူး ... ။ ”

ကောင်းကင်ရှိ မိုးခြိမ်းသံများ ချက်ချင်း ရပ်သွားပြီး တာအိုတံဆိပ်မှာ ပေါက်ကွဲလျက် အလင်းမိုးများ ရွာကျလာချေပြီ။

ခွင်းဝူတောင်ရှိ နတ်သစ်ပင်ပုံရိပ်မှာ အက်ကွဲကြောင်းများပေါ်လာကာ ပင့်ကူမျှင်များ ကဲ့သို့ အပိုင်းပိုင်းပျက်ပြယ်သွားခဲ့သည်။

“ အဟွတ် ... အဟွတ် ... ။ ”

ရီချောင်ချန်တစ်ယောက် နာကျင်စွာ ညည်းတွားလျက် နှုတ်ခမ်းထောင့်မှ သွေးများ စီးကျကာ သွေးချောင်းဆိုးလာ၏။

ဤအခိုက်တွင် စုရီပုံရိပ်သည် သူ့ခေါင်းအထက်၌ ပေါ်လာပြီး ကောင်းကင်မိစ္ဆာ ဓားဖြင့် ခုတ်ပိုင်းလာတော့သည်။ ဓားအလင်း တစ်လက်တောက်ပသွား၏။

“ ရွှပ် ... ။ ”

***

All Chapters