← Chapters

အရမ်းအားနည်းလွန်းတယ် ...

Vol. 48 Ch. 569

အရမ်းအားနည်းလွန်းတယ် ...

Vol. 48 Ch. 569

ရီချောင်ချန်၏ ဦးခေါင်းကြီးလေထဲ ပျံတက်လာကာ မျက်ဝန်းများအတွင်း၌ အံ့သြ ရှုပ်ထွေးမှုများ ပြည့်နှက်နေတော့သည်။

“ ဗွက် ... ။ ”

ဤမျှ လွယ်လွယ် သူ သေရလိမ့်မည်ဟု မမျှော်လင့်ထားချေ။ ဦးခေါင်းနှင့် ခန္ဓာကိုယ်ကြီး ရေကန်ထဲသို့ ကျသွားကာ သွေးနီရောင် လှိုင်းဂယက်များ ပြန့်ကားလာ၏။

ရီရွယ်ရှင်း မျက်နှာ ဖြူဖျော့သွားကာ သူမမြင်နေရသမျှကို မယုံနိုင်လောက်အောင် ဖြစ်သွားသည်။

ခွင်းဝူတောင် ရီမျိုးနွယ်ဝင်တစ်ဦးအနေဖြင့် သူမသည် အခြားသူများထက် သာလွန်နေသည် ဟူသော အယူအဆမှာ အရိုးထိတိုင် နစ်ဝင်နေ၏။

အထူးသဖြင့် ဤတိုက်ကြီးတွင် သူမတို့အတွက် အလေးအနက်ထားနေစရာ ပြိုင်ဘက် မရှိချေ။

“ ဒီကောင်လေး ... တကယ် အစွမ်းထက်တာပဲ သူ ... ငါ့အကူအညီကို လက်မခံချင်ခဲ့တာ အံ့သြစရာ မရှိတော့ပါဘူး။ ”

ရီယွင်လန်မှ အလွန်စိတ်လှုပ်ရှားသွားပြီး ခံစားချက်များစွာ ဖြစ်ပေါ်လာ၏။ ဤမတိုင်မီ စုရီ၏ ငြင်းပယ်မှုကြောင့် သူ အလွန် ဝမ်းနည်းခဲ့ရသည်။

“ ဟမ့် ... သေပြီလား။ ”

တစ်စုံတစ်ယောက်သည် မယုံကြည် နိုင်စွာဖြင့်အော်သည်။ ဤအခိုက်တွင် လူတိုင်း ထိတ်လန့်ကုန်၏။

ဝိညာဉ်ပြောင်းလဲခြင်းအဆင့်မှ တစ်စုံတစ်ယောက်သည် ဤမျှသေရန် လွယ်ကူနေသည်လော။

စုရီက ရီရွယ်ရှင်းထံ လှည့်ကြည့်၏။ ရီရွယ်ရှင်းခမျာ ထိတ်လန့်သွားပြီး ချက်ချင်း တံဆိပ်ထုတ်ယူကာ ချိုးဖြတ်တော့သည်။

“ ခရစ် ... ။ ”

တံဆိပ်ကျိုးပဲ့သံနှင့်အတူ ရွှေရောင် မိုးစက်များက သူမရုပ်သွင်ကို ဖုံးလွှမ်းလျက် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွား၏။

“ ဟမ့် ... ရွှေရောင် လွတ်မြောက်ခြင်း အဆောင်က မှော်ဆန်ပေမယ့် ဆေးအိုးကိုးပါး ဝင်္ကပါအောက်မှာ ဘယ်လိုများ လွတ်မြောက်နိုင်မှာလဲ။ ”

စုရီက လှောင်ပြောင်လေသည်။ ထို့နောက်တွင် မြို့တော်ကို ဖုံးအုပ်ထားသော ဝင်္ကပါအသက်ဝင်လာကာ လေဟာနယ် လှိုင်းများ ဖြစ်ပေါ်လာ၏။

“ အား ... ။ ”

များမကြာမီ နာကျင်စွာ အော်ဟစ်သံများနှင့်အတူ သွေးများရေကန်ပေါ် ပြုတ်ကျသွားသည်။

ရီရွယ်ရှင်းတစ်ယောက် ပြန်၍ ထွက်ပေါ်လာခြင်း မရှိတော့ဘဲ လေဟာနယ် အတွင်း တိုက်ရိုက်ကြေမွှသွားချေပြီ။

ရောက်ရှိနေသူများ အားလုံးသည် အချိန်အတော်ကြာသည့်တိုင် အသက်မဲ့ကုန် တော့သည်။ တိုက်ပွဲသည် အစမှ အဆုံးတိုင် မိနစ်အနည်းငယ်မျှသာ ကြာ၏။

ရီဖုန်းဟဲနှင့် ရီရွယ်ရှင်းတို့သည်ပင် ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်၌ ထိပ်တန်း အဆင့် ပုဂ္ဂိုလ်များဖြစ်၏။

ပုံမှန်အခြေအနေအရ ဝိညာဉ်ပြောင်းလဲခြင်း အလယ်အလတ်အဆင့် ရီချောင်ချန်သည် စုရီကို တားဆီးနိုင်သင့်သည်။

ဤတိုက်ပွဲအရ စုရီမည်မျှ အစွမ်းထက်ကြောင်း အပြည့်အဝသဘောပေါက် လာကြ၏။

“ တာအိုစုရဲ့ ခွန်အားက ဘယ်လောက်တောင် အစွမ်းထက်နေပြီလဲလို့ တွေးမိပါတယ်။ ”

ဝမ်လျူဘေးတွင် ဧကရာဇ်ရှ ပေါ်လာပြီး ညည်းညူလိုက်သည်။ ဤတိုက်ပွဲကို သက်သေ ခံခွင့်ရသည်မှာ ကောင်းချီးပေပင်။

ထိုစဉ် စုရီမှ ရှန်စွေ့ယွင်ထံ ကြည့်၏။ ရှန်စွေ့ယွင်တစ်ယောက် ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းလာပြီး နိုးထလာသည်။

လူတိုင်းသည်လည်း ရှန်စွေ့ယွင်ထံ ကြည့်လိုက်ကြသည်။ ဤလူငယ်သည် စုရီကို ဆက်၍စိန်ခေါ်ဝံ့ခြင်း ရှိ၊မရှိ သိလို၏။

ယနေ့စိန်ခေါ်ပွဲသည် ရှန်စွေ့ယွင်မှ စတင်ခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် သူသည်သာ ဆုတ်ခွာသော် ဂုဏ်သတင်းအပေါ် ကြီးစွာ ထိုးနှက်ခံရမည်မှာ သေချာသည်။

တစ်ဖက်တွင်လည်း စိန်ခေါ်ခဲ့သော် အသတ်ခံရနိုင်ချေများ၏။ သို့သော် ဤအခိုက် စုရီသည် ရုတ်တရက် စိတ်ပြောင်းသွားပုံရပြီး၊

“ မင်း ... ခေါင်းငုံ့ပြီး ရှုံးနိမ့်တာကို ဝန်ခံနိုင်သရွေ့ မင်းကိုထွက်သွားခွင့်ပေးမယ်။ ”

-ဟု ပြောကြားလိုက်၏။

ရှန်စုန့်ယွင်တစ်ယောက် ရှုပ်ထွေးလာသည်။

“ အရှုံးမပေးနဲ့ ... ။ ”

ရုတ်တရက်ဆိုသလို အေးစက်လွန်းသော အသံတစ်သံထွက်ပေါ်လာပြီး၊

“ မင်းရဲ့ယုံကြည်ချက်ကို ဖျက်ဆီးဖို့ ကြိုးစားနေတာ မင်းခေါင်းငုံ့ပြီးတာနဲ့ ပြန်ထဖို့ အရမ်းခက်လိမ့်မယ်။ ”

-ဟု ထပ်မံ ပြောကြားသည်။

ရှန်စွေ့ယွင်တစ်ယောက် အေးစက်သော ချွေးများဖြင့် အသိဝင်လာခဲ့၏။ ဤအချိန်တွင် ခေါင်းငုံ့ခဲ့သော် ကြောက်ရွံ့ကြောင်း ဝန်ခံခြင်း ဖြစ်ပေမည်။

ထိုသို့ပြုလုပ်ခြင်းသည် သူ့စိတ်ထဲ ဖျောက်ဖျက်၍မရသော အရိပ်တစ်ခု ချန်ထားခဲ့ မည်မှာ သေချာသည်။

နောင်တွင် စုရီကို အနိုင်ယူနိုင်စွမ်း ရှိမှသာလျှင် ထိုအရိပ်အပေါ် သဘာဝအတိုင်း ဖယ်ရှားပစ်နိုင်မည်ဖြစ်၏။

ထိုအဆင့်ကို မအောင်မြင်သော် အသက်ရှင်နေသရွေ့ အရိပ်သည်နှလုံးသားကို တဖြည်းဖြည်း တိုက်စားပေလိမ့်မည်။

တာအိုလမ်းစဉ်ကို ရှာဖွေသောအခါ၌ အန္တရာယ်အရှိဆုံးအရာသည် စိတ်ခံစားချက် ဖြစ်သည်။

ထိုအချိန်တွင် အခြားသူများက စကားလုံးများဖြင့် လူကိုသတ်နိုင်စွမ်းရှိကြောင်း နားလည်လာခဲ့၏။

“ ဒီနေ့တိုက်ပွဲကို တစ်လကြာ ရွှေ့ဆိုင်းဖို့ သဘောတူထားသရွေ့ ငါ့ယွင်ရင်ဓားတောင်က မင်းနဲ့ တော်ဝင်မိသားစုအပေါ် ရန်သူအဖြစ် မဆက်ဆံတော့ဘူးလို့ ကတိပေးတယ်။ ”

အသံမှာ ထပ်မံ ထွက်ပေါ်လာ၏။ ကောင်းကင်နှင့် မြေကြီးကြားတွင် ထိုအသံရှင် မည်သည့်အရပ်၌ ရှိနေကြောင်း မသိနိုင်ချေ။ ယွင်ရင်ဓားတောင်တပည့် ချူးယွင်ကို တစ်ချိန်က စုရီသတ်ခဲ့ဖူး၏။

“ ဒီလိုအခြေအနေတွေကို ညှိနှုင်းဝံ့တဲ့ ယွင်ရင်ဓားတောင် ... မင်းတို့က မင်းကိုယ်မင်း ဘယ်သူလို့ထင်နေတာလဲ ... ကောင်းပြီ မေ့လိုက်ပါ ... ဒါကို ငါတကယ် သဘောတူနိုင်တယ်။ ”

ထို့နောက် စုရီက ရှန်စွေ့ယွင်ထံပြန်ကြည့်လိုက်ကာ၊

“ ငါ မင်းကို တစ်လအချိန်ပေးမယ် ... အဲဒီအချိန်မှာ မင်းအခုထက် ပိုသန်မာလာဖို့ မျှော်လင့်ပါတယ်။ ”

-ဟု ပြောကြားလျက် လက်နှစ်ဖက် နောက်ပို့ကာ လှည့်ထွက်သွား၏။

“ ဟမ့် ... စုရီ ... မင်းငါ့ဓားတောင်ကို မကြောက်တာ ... ဘာလို့ ငါနဲ့ မတိုက်တာလဲ ငါရှန်စွေ့ယွင် သေရမယ်ဆိုရင်တောင် ဘယ်တော့မှ ထွက်မပြေးဘူး။ ”

ရှန့်စွေ့ယွင်မှ အံကြိတ်ကာ ပြောကြားလိုက်သည်။ စုရီမှ လှည့်မကြည့်ဘဲ၊

“ သနားစရာပဲ ... အစတည်းက မင်းရဲ့စိန်ခေါ်မှုကို ငါစိတ်မဝင်စားဘူး ... အကြောင်းပြချက်က ရိုးရှင်းပါတယ် မင်းက အရမ်းအားနည်းလွန်းတယ် ...

... အခု ငါမင်းကို တစ်လအချိန်ပေးမယ် တစ်လအတွင်းမှာ ... မင်းအားနည်းနေသေးရင် ငါသတ်မယ်။ ”

-ဟု တုန့်ပြန်ဖြေကြားလိုက်သည်။

ထို့နောက် စုရီပုံရိပ်သည် အဝေးသို့ တရွေ့ရွေ့ထွက်ခွာ ပျောက်ကွယ်သွားတော့၏။

“ အရမ်း အားနည်းလွန်းတယ်လား ... ။ ”

ရှန်စွေ့ယွင်ခမျာ ကြောင်တက်တက်ဖြင့် ထိုနေရာတွင် ရပ်နေခဲ့၏။ ကြယ်ပွင့်စာရင်းတွင် ပထမအဆင့် ပါရမီရှင်အနေဖြင့် ထိုမှတ်ချက်မျိုး ပထမဆုံးအကြိမ် ကြားရခြင်းဖြစ်သည်။

“ ဧကရာဇ်ရှ ယခုအချိန်ကစပြီး ... ယွင်ရင်ဓားတောင်တန်းက ကတိကို ဖြည့်ဆည်း ပေးမယ် ... မဟာရှ တော်ဝင်မိသားစုနဲ့ ငါတို့ဓားတောင် ရန်သူတွေမဟုတ်တော့ဘူး။ ”

ကျယ်လောင်သော အသံနက်ကြီးက ထပ်မံထွက်ပေါ်လာပြန်သည်။

“ စွေ့ယွင် ထွက်သွားဖို့ အချိန်တန်ပြီ၊ အခုကစပြီး ခုနစ်ရက်နေရင် တောက်ပတဲ့အချိန် ရောက်လာတော့မယ် ယွင်ရင်ဓားတောင်မှာ ငါမင်းအတွက် တစ်သက်မှာ ...

... တစ်ကြိမ်သာရမဲ့ အခွင့်အရေးမျိုး ပေးနိုင်တယ် ပြီးရင် မင်းတစ်လအတွင်း စုရီနဲ့ ယှဉ်ပြိုင်ဖို့ကြိုးစားပါ။ ”

တစ်ဖက်တွင် ရှန်စွေ့ယွင်အမူအရာမှာ မသေချာတော့ချေ။ ခဏအကြာ၌ အသက် ပြင်းပြင်းရှူလျက်၊

“ အဲဒီနေ့တိုက်ပွဲမှာ ... ငါသေသွားခဲ့ရင်တောင် ဒီကိစ္စကို ဓားတောင်က လုံးဝ ဝင်မစွက်ဖက်ရဘူး။ ”

-ဟု ပြောကြားလိုက်၏။

ဤသို့ ပြတ်သားစွာ ပြောပြီးနောက် ကြယ်ပွင့်စာရင်းတွင် ပထမအဆင့်ရရှိထားသော လူငယ်လေးသည် လေထဲပျံသန်းပျောက်ကွယ် သွားတော့သည်။

***

မိုးပြာခြံဝင်း။

နေရောင်ခြည်သည် ထင်းရှူးပင်နှင့် ဝါးရုံပင်များအပေါ်ဖြတ်ကာ မြေပြင်ပေါ်သို့ ထွန်းလင်းလာစေသည်။

လေပြည်များ တိုက်ခတ်နေပြီး မြက်ပင်များနှင့် မြေဆီလွှာများမှ လတ်ဆတ် သင်းပျံ့သော ရနံ့များထုံမွှန်းနေသည်။

ကြိမ်ကုလားထိုင်ပေါ်တွင် ပျင်းရိစွာ လဲလျောင်းနေသော ‌ကျောက်စိမ်းရောင်၀တ် လူငယ်ကို တစ်ချက်ကြည့်ကာ၊

“ ငါခဏလောက် ပြန်သွားရမယ်။ ”

-ဟု ရီယွင်လန်မှ ပြောကြားလိုက်၏။

စုရီမှ အံ့အားသင့်သွားပြီး၊

“ ခွင်းဝူတောင်ကို ပြန်မလို့လား။”

ရီယွင်လန်မှ ခေါင်းခါလျက်၊

“ မဟုတ်ဘူး မိုးပြာတိုက်ကြီးကို ရောက်လာတဲ့ ရီမိသားစုဝင်တွေ ရှိသေးတယ် သူ ပါမပါ ငါအတည်ပြုဖို့ သွားရမယ်။ ”

-ဟု ပြန်ဖြေ၏။

“ ဘယ်သူလဲ ... ။ ”

“ လူသတ်သမား ... ။ ”

ထိုအမည်ကို ပြောကြားသောအခါ ရီယွင်လန်၏ အမူအရာသည် ထူးထူးခြားခြား လေးနက်လာလေသည်။

“ သူက အစွမ်းထက်လား။ ”

“ ထက်တယ် ... သူ့နာမည်ကို ရီရှောင်လို့ခေါ်တယ် လူသတ်ရတာကို စွဲလမ်း နေတဲ့ အရူးတစ်ယောက်ပဲ ...

... ကျင့်ကြံမှုအရ ဝိညာဉ်ပြောင်းလဲခြင်း အလယ်အလတ်အဆင့် ... မျိုးနွယ်စုမှာ ဝါစဉ် နိမ့်ပေမယ့် သူ့အဆင့်အတန်းက အလွန်မြင့်မားတယ် ...

... သူ့ရှေ့မှာ သတ္တမမြောက် အကြီးအကဲရီချောင်ချန်ကတောင် ခေါင်းငုံ့ပြီး လေးလေးစားစား ဆက်ဆံရလိမ့်မယ် ...

... ငါမလာခင် မျိုးနွယ်စုက သူ့ကို ကံကြမ္မာ ရရှိစေဖို့ မိုးပြာတိုက်ကြီးရဲ့ ရွှေခေတ်ကို ကြိုဆိုဖို့ စေလွှတ်မယ်ကြားခဲ့တယ် ... ကြည့်ရတာ သူ ဒီကိုရောက်နေပြီထင်တယ်။ ”

“ ဘာလို့ ဒီလိုထင်တာလဲ။ ”

“ ရီရှောင်က ... ရီမိသားစုရဲ့ အကိုင်အခက်ကနေလာတာ သူ့မိဘတွေက ငယ်ငယ်တည်းက ဆုံးပါးခဲ့ရပြီး ချောင်ချန်ရဲ့ စောင့်ရှောက်မှုနဲ့ ကြီးပြင်းလာတာ။ ”

ရီယွင်လန်စကားကြောင့် စုရီမှ မျက်ခုံးပင့်ကြည့်လိုက်၏။

“ ဒါဆို ... ဒီနေ့ ငါသတ်လိုက်တဲ့ ရီချောင်ချန်အတွက် လက်စားချေဖို့လာမှာကို မင်းစိုးရိမ်နေတာလား။ ”

ထိုမေးခွန်းသည် ရီယွင်လန်အမူအရာကို ရှုပ်ထွေးသွားစေပြီးနောက် ခေါင်းညိတ်ပြကာ၊

“ ရီရှောင်အပေါ် ငါ့ရဲ့နားလည်မှုအရ ... သူမင်းကိုလက်စားချေဖို့ သေချာပေါက် လာပါ လိမ့်မယ်။ ”

“ ငါ ... သူ့အတွက် ပြိုင်ဘက် မဖြစ်နိုင်ဘူးလို့ထင်လား။ ”

ရီယွင်လန်မှ အချိန်အကြာကြီး နှုတ်ဆိတ်သွားကာ အဆုံးတွင် သက်ပြင်းချ လိုက်ပြီး၊

“ ငါ ချဲ့ကားပြောနေတယ်လို့ ... မင်း ထင်ကောင်းထင်နိုင်ပေမယ့် ဒီနေ့တိုက်ပွဲမှာ ပြသခဲ့တဲ့ မင်းရဲ့ခွန်အားကိုကြည့်ပြီး မင်းဟာ သူ့ပြိုင်ဘက် ဖြစ်မလာမှာ ငါကြောက်တယ်။ ”

-ဟု လေးကန်စွာ မှတ်ချက်ပေး၏။

စုရီက ပြုံးပြီး စကားမဆိုတော့ချေ။ ယနေ့တွင် ရီချောင်ချန်ကိုသတ်ရန်အတွက် ဓားအသုံးပြုခဲ့၏။ သို့သော် ခွန်အားကို အသုံးပြုထားခြင်း မရှိချေ။

“ လွန်ခဲ့တဲ့ဆယ်နှစ်က ဝိညာဉ် ပြောင်းလဲခြင်းအဆင့်ကို ရီ‌ရှောင်ရောက်ခဲ့တယ် အဲဒီတုန်းက ကြောက်မက်ဖွယ် ဝိညာဉ် စက်ဝန်းကို ဖန်တီးနိုင်ခဲ့တယ် ...

... အဲဒါက အနက်ရောင် ကမ္ဘာတစ်ခုပဲ အတွင်းမှာ လူသေတွေ၊ သွေးပင်လယ်တွေနဲ့ အရိုးတောအုပ်တွေ ရှိတယ် ...

... အဲဒီအချိန်ကစလို့ ရီရှောင်ဟာ မယုံကြည်နိုင်ဖွယ် ကောင်းလောက်အောင် အစွမ်းထက်လာတယ် လက်ရှိအချိန်မှာ ...

... သူက ဝိညာဉ်တာအိုနယ်ပယ်ရဲ့ ပြီးပြည့်စုံမှုကို ရောက်ရှိသွားခဲ့ပြီ ရွှေခေတ်မှာ ဧကရာဇ်အခွင့်အရေး ရှာချင်နေတာပဲ။ ”

ရီယွင်လန်၏ ရှင်းပြစကားများကို နားထောင်ကာ စုရီမှမေးစေ့ထံပွတ်သပ်လျက်၊

“ ရီချောင်က မင်းပြောတဲ့အတိုင်း တကယ် အစွမ်းထက်တယ်ဆိုရင် သူငါ့ကိုလက်စားချေဖို့ လာပါစေလို့ မျှော်လင့်ပါတယ် ဒီရက်အတွင်း ...

... မိုးပြာခြံဝင်းမှာ ငါနေမယ်ဆိုတာ သူ့ကိုပြောလိုက်ပါ ဒါနဲ့ ရီရှောင်က ငါ့အမေကို ရန်ငြိုးထားလား။ ”

“ သေချာပေါက်ပဲ ... အဲဒီလူကြီးတွေက မင်းအမေကို အမွေဆက်ခံမရအောင် လုပ်ရတဲ့ အကြောင်းရင်းက ဒီရီချောင်ကို ပေးချင်လို့ပဲ ...

... ဒါပေမယ့် မျိုးနွယ်စုစည်းမျဉ်းအရ ငါနဲ့မင်းအမေလို ပင်မမိသားစုတွေ ရှိနေသေးရင် သူ့အရည်အချင်း ဘယ်လောက်ပဲ ရှိနေပါစေ ဒီကံကြမ္မာကို အမွေဆက်ခံဖို့ အခွင့်အရေးမရှိဘူး။ ”

စုရီမှ သဘောပေါက်သွားသည်။ အဆုံးတွင် ဘိုးဘေးအခွင့်အရေးကို အမွေဆက်ခံမည့်သူနှင့် ပတ်သက်၍ စုမျိုးနွယ်စုအတွင်း ပြင်းစွာ သဘောထားကွဲလွဲမှုများ ရှိနေပုံရ၏။

“ ဒီလိုဆိုရင် မင်းလည်း အန္တရာယ်ရှိမှာ မဟုတ်ဘူးလား။ ”

“ မှန်တယ် ... ငါသာ ခွင်းဝူတောင်မှာဆိုရင် သူတို့က သဘာဝအတိုင်း မလုပ်ဆောင်ဝံ့ကြဘူး နောက်ဆုံးတော့ ရီမိသားစုရဲ့ စည်းမျဉ်းတွေနဲ့ ...

... အဲဒီ့မှာဆိုရင် ဧကရာဇ်အဆင့် အကြီးအကဲတွေရှိတယ် တိုက်ရိုက်မိသားစုဝင် တစ်ယောက်ကို သတ်တာမျိုး သေချာပေါက် လက်မခံဘူး။ ”

ရီယွင်လန်မှ ရဲဝံ့စွာ ပြန်ဖြေ၏။

“ ဒါပေမယ့် အခုက မိုးပြာတိုက်ကြီးပဲ ... မင်းရီမိသားစုရဲ့ ဧကရာဇ်တွေ ဘယ်လောက်ပဲ တန်ခိုးကြီးနေပါစေ အာကာသအတားအဆီးကို ဖြတ်ကျော်ပြီး ဒီကမ္ဘာကိုရောက်လာဖို့ ...

... မဖြစ်နိုင်ဘူး ဒါကြောင့် ရီရှောင်က ငါ့ကိုသတ်ဖို့သာမကဘူး မင်းကိုသုတ်သင်ဖို့ အတွက်လည်း ကြိုးစားနိုင်မယ်မဟုတ်လား။ ”

စုရီစကားကြောင့် ရီယွင်လန်ခမျာ ချက်ချင်းပင် တိတ်ဆိတ်သွားသည်။ ဤသည်မှာ သူ စိုးရိမ်နေသော အချင်းအရာပေပင်။ စုရီမှ ထိုအမူအရာကြောင့် ခေါင်းရမ်းလိုက်၏။

“ မေ့လိုက်ပါ ... မင်းမိသားစုထဲက ဘယ်သူနဲ့မှ ထပ်မတွေ့ဖို့ ငါအကြံပေးတယ် ဒီရီရှောင်က မင်းကို မသတ်ဘူးလို့ အာမခံချက် မရှိဘူး ... ဒီလိုအခြေအနေမျိုးမှာ မင်းသတိထားရမယ်။ ”

***

All Chapters