ဝိညာဉ်ချည်ကြိုး ...
Vol. 48 Ch. 570
စုရီစကားကြောင့် ရီယွင်လန်မှ ခဏမျှတိတ်ဆိတ်သွား၏။ ထို့နောက် အသက် ပြင်းပြင်းရှူကာ၊
“ စုရီ ... မင်းငါ့အတွက် စိတ်ပူနေစရာ မလိုပါဘူး ... ငါရီရှောင်ကို မယှဉ်နိုင်ပေမယ့်လဲ သူ့ဆီကနေ လွတ်မြောက်ဖို့ သေချာတယ် ...
... ပြီးတော့ ရီရှောင်ဟာ ရွှေခေတ် မရောက်ခင် ရူးသွပ်စွာပြုမူမှာ မဟုတ်ဘူး သူက လူသတ်သမားဆိုပေမယ့် ဦးနှောက်မဲ့တဲ့ လူတော့မဟုတ်ဘူး။ ”
-ဟု ပြောကြားလိုက်သည်။
“ မင်းတကယ်သွားဖို့ စိတ်ပိုင်းဖြတ်ထားတာလား ... ။ ”
စုရီမှ မျက်ခုံးပင့်ကြည့်၏။
“ ဟုတ်တယ် ... သူနဲ့အတူ ကျွမ်းကျင်သူဘယ်နှစ်ယောက် ခေါ်လာလဲ ဆိုတာ ငါသွားကြည့်ရမယ်။ ”
ဤတစ်ကြိမ်တွင် စုရီက သူ့ကို မဆွဲဆောင်တော့ဘဲ ခေါင်းညိတ် ပြလိုက်သည်။ ရီယွင်လန်မှ ချက်ချင်းထွက်ခွာသွား၏။
“ တာအိုစု... အဲဒီလူက မင်းဦးလေးလား။ ”
ဧကရာဇ်ရှနှင့် ဝမ်လျူသည် ဘေးတွင် စောင့်ဆိုင်းနေပြီး အနည်းငယ် စူးစမ်းလိုက်၏။ စုရီမှ ခေါင်းညိတ်ပြပြီး ရီမိသားစုအကြောင်း အတိုချုံးရှင်းပြသည်။
“ ဒီအတွက် စိတ်မပူပါနဲ့ ... ဒီရန်ပွဲက မင်းရဲ့မဟာရှ တော်ဝင်မိသားစုကို ထိခိုက်စေမှာ မဟုတ်ဘူး။ ”
ဧကရာဇ်ရှမှ ပြုံးပြီး၊
“ ငါရှယွင်ကျင်းဟာ ဒုက္ခကို ကြောက်တတ်တဲ့လူတစ်ယောက် မဟုတ်ပါဘူး တာအိုစု စိတ်မပူပါနဲ့ ... ။ ”
-ဟု တုန့်ပြန်၏။
စုရီမှ ထိုအကြောင်းအရာကို ထပ်မံ မဆွေးနွေးတော့ဘဲ၊
“ သုံးရက်အတွင်း ... ဆေးအိုးကိုးပါး ဝင်္ကပါကို ငါပြုပြင်နိုင်မှာပါ ရွှေခေတ်ရောက်တဲ့ အခါ လုံလောက်လိမ့်မယ်။ ”
ထိုဝင်္ကပါသည် ဝိညာဉ် ပြောင်းလဲခြင်းအဆင့် ကျွမ်းကျင်သူများ၏ အသက်ကို ခြိမ်းခြောက်နိုင်မည်။
ရန်သူသည် မြို့ထဲသို့ဝင်ဝံ့သော် သားကောင်ဖြစ်သွားနိုင်၏။ ဧကရာဇ်ရှခမျာ အသက်ပြင်းပြင်းရှူလျက် ဦးညွှတ်ကာ၊
“ ကျေးဇူးအများကြီး တင်ပါတယ် ... တာအိုစု နောင်မှာ ဘယ်လိုဘေးဒုက္ခပဲကြုံပါစေ မဟာရှတော်ဝင်မိသားစုက မင်းနဲ့အတူ အတူတကွ ရှေ့ဆက်မှာပါ။ ”
-ဟု ကတိပေး၏။
စုရီက ထိုအချင်းအရာများကို ဂရုမစိုက်တော့ဘဲ လက်ဝှေ့ယမ်းပြပြီး၊
“ ကောင်းပြီ ... ခုနစ်ရက်အတွင်း ရွှေခေတ်ရောက်လာတော့မယ် စောစောစီးစီး ပြင်ဆင်ထားသင့်တယ် ငါမင်းကိုခဏပဲ ကာကွယ်ပေးနိုင်တယ် မင်းကိုယ်တိုင် သန်မာလာဖို့က အရေးကြီးတယ်။ ”
-ဟု သတိပေး၏။ ဧကရာဇ်ရှမှ ခေါင်းညိတ်လိုက်လေသည်။ များမကြာခင် နှုတ်ဆက်ပြီးနောက် ဝမ်လျူနှင့်အတူ ပြန်၍ထွက်သွားတော့၏။
စုရီသည် ကြိမ်ကုလားထိုင်ပေါ်တွင် လှဲလျောင်းနေလျက်ဖြင့် အတွေးနက်သွားကာ ကျန်ရစ်ခဲ့သည်။
ထိုနေ့မှာပင် ရွေရေကန်ပေါ်ရှိ တိုက်ပွဲသတင်းများ ပျံ့နှံ့သွားပြီး ကမ္ဘာတစ်ဝှမ်း ရုတ်ရုတ်သဲသဲ ဖြစ်လာသည်။
ရှန်စွေ့ယွင်သည် စုရီနှင့်တိုက်ပွဲ မဖြစ်ခဲ့သော်လည်း များစွာအားနည်းသည်ကို လူတိုင်းသိရှိကုန်၏။
တစ်ချိန်တည်းမှာပင် ခွင်းဝူတောင် ရီမိသားစုသည် မိုးပြာတိုက်ကြီး၏ ဒေသခံ အင်အားစုများစွာ၏အာရုံကို ဆွဲဆောင်ခဲ့သည်။
နောက်ထပ် ခုနစ်ရက်ကြာသောအခါတွင် တောက်ပသောခေတ်သို့ ရောက်ရှိမည် ဖြစ်၏။ ဤအချိန်တွင် ရီမျိုးနွယ်စုကဲ့သို့ အင်အားစုများ ဝင်ရောက်လာခြင်းသည် အန္တရာယ် အငွေ့အသက်ကို ရှူရှိုက်မိစေသည်။
“ တောက်ပတဲ့ ခေတ်ကြီး ရောက်လာတဲ့အခါ ရီမျိုးနွယ်လိုအင်အားစုတွေ ဘယ်လောက်များများ ထွက်လာနိုင်မလဲ။ ”
“ ကမ္ဘာကြီးဟာ ပြီးပြည့်စုံတဲ့ အပြောင်းအလဲကို ကြုံတွေ့ရတော့မယ် ဘယ်သူ နောက်ဆုံးအောင်နိုင်မလဲ မသိဘူး။ ”
မိုးပြာတိုက်ကြီး၏ ဒေသခံ အင်အားစုများသည် ပိုမိုတင်းကျပ်လာကာ နှိမ့်ချစွာနေရန် ဆုံးဖြတ်လိုက်ကြ၏။
နောက်နှစ်ရက်အကြာတွင် ဆေးအိုးကိုးပါးဝင်္ကာပါကို စုရီမှ အပြီးသတ် ပြုပြင်နိုင်ခဲ့သည်။
ဝင်္ကပါစွမ်းအားသည် အထွတ်အထိပ် မဟုတ်သော်လည်း ဝိညာဉ်တာအိုနယ်ပယ်ရှိ လူအများအပေါ် ခြိမ်းခြောက်ရန် လုံလောက် နေသေး၏။
ထိုညနေတွင် စုရီတစ်ယောက် အနားယူနေစဉ် မျက်မမြင်အဘိုးကြီး ရောက်ရှိ လာသည်။
“ မင်းဒဏ်ရာရလာလား။ ”
မျက်မမြင်အဘိုးအိုကို မြင်လိုက်သောအခါတွင် စုရီမှအနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
တစ်ဖက်လူ၏ ရောင်ဝါသည် ဖရိုဖရဲဖြစ်နေကြောင်း သတိပြုမိ၏။ မျက်မမြင် အဘိုးအိုက သူ့ခေါင်းကို အမြန်ခါယမ်းကာ၊
“ မင်းရဲ့ စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ် ဆရာစု ... အဲဒါက အသေးစားဒဏ်ရာပါ မစိုးရိမ်ရဘူး။ ”
-ဟု တုန့်ပြန်သည်။
စုရီမှ ရုတ်တရက် မတ်တပ်ထရပ်ပြီး မျက်မမြင်အဘိုးအိုကို အပေါ်အောက်ကြည့်ကာ နောက်ဆုံးတွင် လည်ပင်းဘေးရှိ အမာရွတ်ထံ အကြည့်ရပ်သွား၏။
“ ဒီဒဏ်ရာက မန်ပိုနန်းတော်က လူတွေရဲ့ လက်ချက်လား။ ”
မျက်မမြင်အဘိုးအိုက ရှက်ရွံ့စွာဖြင့်၊
“ ဒါက မတော်တဆ ခြစ်မိသွားတာပါ။ ”
-ဟု ပြန်ဖြေ၏။
“ သာမန်အနာတစ်ခုသာဆိုရင် မင်းပျောက်သွားတာ ကြာနေပြီ ဒါပေမယ့် ဒါက သာမန်ဒဏ်ရာ မဟုတ်ပါဘူး ငြိမ်ငြိမ်နေ။ ”
မျက်မမြင်အဘိုးကြီးတစ်ယောက် အံ့အားသင့်သွားစဉ် စုရီက ဒဏ်ရာကိုညှစ်ကာ တစ်စုံတစ်ရာကို ဆွဲထုတ်လိုက်၏။
မျက်မမြင်အဘိုးအို၏ လည်ပင်းရှိ အမာရွတ်သည် ဖောင်းကားလျက် အဆုံးတွင် ရုတ်ခြည်းအက်ကွဲကာ တုန်ယင်သွားသည်။
ထိုအခိုက် စုရီ၏ လက်ချောင်းများက ထူးဆန်းသော မီးခိုးရောင် ပိုးချည်ကြိုးမျှင်ကို ဖြည်းညှင်းစွာ ဆွဲထုတ်နေချေပြီ။
၎င်းသည် တစ်ပေခန့်ရှည်လျားပြီး ကြည်လင်ပြတ်သားကာ ဆန်းကြယ်သော ရောင်ဝါတစ်ခု ထွက်ပေါ်နေ၏။
မျက်မမြင်အဘိုးအိုမှ တုန်လှုပ်သွားပြီး၊
“ ဒါ ... ။ ”
“ မှန်တယ် ... ဒါဟာ ဝိညာဉ်ချည်ပိုးကြိုးလို့ခေါ်တဲ့ မန်ပိုဘုံကျောင်းရဲ့ ရတနာတစ်မျိုးပဲ ...
... အလွန်ဆိုးရွားလွန်းပြီး သတိ မထားမိခင်မှာ မင်းဝိညာဉ်ထဲ တိတ်တဆိတ် ဝင်ရောက်လာလိမ့်မယ် ...
... အချိန်အတော်ကြာရင် မင်းရဲ့ ဝိညာဉ်အပေါ် ရုပ်သေးရုပ်တစ်ခုလို ထိန်းချုပ် သွားလိမ့်မယ်။ ”
မျက်မမြင်အဘိုးအိုခမျာ အေးစက်သောချွေးများဖြင့် အသက်ရှူကြပ် သွားတော့သည်။ မီးခိုးရောင် ပိုးချည်ကြိုးကို စိုက်ကြည့်လျက်၊
“ ငါထွက်ပြေးတုန်းက မလိုက်လာတာ အံ့သြစရာ မဟုတ်ပါဘူး ... သူငါ့ကို ခြေရာခံဖို့ တစ်ခုခု လုပ်ထားခဲ့တာပဲ ... ။ ”
“ မင်း ... ဒီမှာ ခဏစောင့်နေ။ ”
စကားပြောနေစဉ် စုရီကမှာကြားကာ အလင်းတန်းတစ်ခုလို ပျောက်ကွယ်သွား တော့၏။
ရွှေရေကန်ဘေးရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် အနက်ဝတ် မိန်းကလေးတစ်ဦး ထိုင်နေသည်။
အနက်ရောင်ဆံပင်များ ရေတံခွန်ကဲ့သို့ ဖြာကျနေပြီး မျက်ခုံးမွှေးများကွေးညွတ်လျက် ပန်းချီကားတစ်ချပ်ကဲ့သို့ လှပသော မျက်ဝန်းများပိုင်ဆိုင်ထား၏။
“ ဒါဆို ... သူက စုရီဆိုတဲ့ လူငယ်အနား ရောက်သွားတာလား ... ။ ”
“ မှန်ပါတယ် ... ။ ”
သူမနှင့် မျက်နှာချင်းဆိုင်တွင် လူငယ်တစ်ယောက် ထိုင်နေပြီး သူမမျက်နှာကို မက်မောစွာ စိုက်ကြည့်ကာ ပြန်ဖြေသည်။
“ ကျေးဇူးတင်ပါတယ် အခု သွားလို့ရပြီ။ ”
အနက်ဝတ် ကောင်မလေးက အနည်းငယ်ပြုံးကာ ပြောသည်။ လူငယ်သည် နာခံမှုရှိစွာဖြင့် ခေါင်းညိတ်ပြပြီး မတ်တပ် ထရပ်ကာ ထွက်သွားတော့၏။
“ ဟမ့် ... ။ ”
စားသောက်ဆိုင်မှ အဝေးမရောက်ခင် ရုတ်တရက် လန့်နိုးလာဟန်ဖြင့် ဝန်းကျင်ကို လှည်ပတ်ကြည့်သည်။
“ ငါဘာလို့ ဒီကိုရောက်နေတာလဲ။ ”
သူ့စိတ်ထဲ အနက်ရောင် ဝတ်စုံဝတ် ကောင်မလေးနှင့် ပတ်သတ်သောမှတ်ဉာဏ်များ လုံးဝပျောက်ကွယ်သွား၏။
“ ဒီတစ္ဆေမီးပုံး ကျောက်ခေါင်းတလား အဆက်အနွယ်က စုရီရဲ့ဘေးမှာ ဘယ်လိုလုပ် ပေါ်လာနိုင်တာလဲ ... စုရီရဲ့မူလက မရဏ ကမ္ဘာနဲ့ ဆက်စပ်နေနိုင်တာများလား။ ”
စားသောက်ဆိုင်အတွင်း အနက်ရောင် ဝတ်ထားသော မိန်းကလေးသည် အတွေးထဲ နစ်မျောနေ၏။
ရုတ်တရက် သူမသည် တစ်ခုခုကို ခံစားမိသွားကာ မျက်နှာအနည်းငယ်ပြောင်းပြီး၊
“ ဒီလူက ငါ့ရဲ့လျှို့ဝှက်ရတနာဖြစ်တဲ့ ဝိညာဉ်ချည်ကြိုးကို မြင်နိုင်တာလား။ ”
-ဟု ညည်းတွားလိုက်သည်။
ထို့နောက် အနက်ဝတ် မိန်းကလေးက မတ်တပ်ရပ်လိုက်ပြီး မိုးရေများအဖြစ် ပြောင်းလဲ ပျောက်ကွယ်သွားခဲ့သည်။
ဤမျှကြီးမားသော စားသောက်ဆိုင်တွင် စားသောက်နေသူများ၊ ဆိုင်ရှင် သို့မဟုတ် စားပွဲထိုးများသည်ပင် သူမ ရောက်ရှိခဲ့မှန်း မှတ်မိခြင်း မရှိတော့ချေ။
မိန်းကလေးက စားသောက်ဆိုင်မှ ထွက်လာပြီးနောက် မြို့ပြင်သို့ တည့်တည့် ထွက်လာခဲ့သည်။
ထို့နောက် မြို့တံခါးမှ လှမ်းထွက်လိုက်ကာ မြို့တော်သို့ လည်ပြန်လှည့်ကြည့်ပြီး၊
“ အဲဒီ မျက်မမြင်အဘိုးကြီးက လူကောင်းမဟုတ်ဘူး ... ဒါဆိုစုရီဆိုတဲ့လူလည်း လူကောင်း မဟုတ်တာသေချာတယ် နောင်မှာ ငါပြန်လာပြီး နင့်ရဲ့မှတ်ဉာဏ်တွေကို ပြန်သိမ်းရမယ်။ ”
-ဟု ရေရွတ်ကာ လှည့်ထွက်လိုက်၏။
သို့သော် ရုတ်တရက် သူမ၏ နှလုံးသားတစ်ခုလုံး အနည်းငယ် အေးစက်လာ သဖြင့် ဦးတည်ရာတစ်ရပ်ထံ မော့ကြည့် လိုက်တော့သည်။
***