← Chapters

ရွှေခေတ်လာပြီ ...

Vol. 48 Ch. 576

ရွှေခေတ်လာပြီ ...

Vol. 48 Ch. 576

“ မိုးပြာအရင်းအမြစ် ပြိုကျလာပြီး ... ငါတို့စောင့်မျှော်နေတဲ့ခေတ် နောက်ဆုံးတော့ ရောက်လာပြီ ... ။ ”

“ ဟားဟားဟား ... ရွှေခေတ်လာပြီ ... ငါတို့အတွက် အခွင့်အရေးတွေ ရောက်လာပြီ မြန်မြန် အသင့်ပြင်ထား ... ။ ”

အမှောင်တားမြစ်စွမ်းအားကြောင့် မိုးပြာတိုက်ကြီးတွင် မဟာတာအိုများပါးလျကာ ဝိညာဉ်စွမ်းအင်များ နည်းပါးခဲ့၏။ ထို့ကြောင့် ဧကရာဇ်များ မရှိတော့သည်မှာ အနှစ် သုံးသောင်းတိုင်နေချေပြီ။

ယနေ့တွင်မူ ဧကရာဇ်များကို ပြန်လည်မြင်တွေ့ရနိုင်သည့် အခွင့်အရေးများ ရရှိတော့မည်ဖြစ်၏။

“ ဝင်္ကပါ မြန်မြန်ဖွင့်ပါ ... ။ ”

ဤအခိုက်အတန့်တွင် မိုးပြာတိုက်ကြီးရှိ မရေမတွက်နိုင်သော အင်အားကြီးဂိုဏ်းများက စတင်လှုပ်ရှားကုန်သည်။

ရှေးဟောင်း အင်အားစု (၇)ခု၊ ခွင်းဝူတောင်ရီမျိုးနွယ်၊ ခရမ်းရောင် လမြေခွေး၊ မန်ပိုနန်းတော်၊ ဓားခန်းမ အစရှိသည့် အင်အားစုများမှာ သက်ဝင်လာ၏။

မျက်မမြင်အဘိုးကြီး၊ ဧကရာဇ်ရှနှင့် အခြားသူများအားလုံးသည် စိတ်လှုပ်ရှားစွာ ကောင်းကင်ကို မော့ကြည့်၏။

“ ဧကရာဇ်ရှ ... မင်းမြို့တော်ထဲမှာ ကပ်ဘေးကိုခံယူမယ့်သူတွေ ရှိလာလိမ့်မယ် ဝင်္ကပါကို အသက်သွင်းထားပါ ... ။ ”

“ နားလည်ပါပြီ တာအိုစု ... ။ ”

“ သွားရအောင် ... ။”

စုရီမှ ကုလားထိုင်မှ ထရပ်ပြီး လေထဲ ပေတစ်ထောင်ကျော် ခုန်တက်သွားတော့သည်။ သူ့နောက်တွင် မျက်မမြင်အဘိုးကြီး၊ဝမ်လျူ၊ ဝမ်ရှင်းကျောက်၊ ချင်းယာနှင့် အင်မော်တယ် ဟန်ယန် လိုက်ပါလာ၏။

“ မဟာတာအို အရင်းအမြစ် စွမ်းအား ကျဆင်းလာတဲ့အခါ မင်းတို့တွေ ရိုးရိုးရှင်းရှင်းပဲ စုဆောင်းပါ ... လောဘမကြီးနဲ့ ... ။ ”

စုရီမှ မှာကြားပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။ လူတိုင်း ခေါင်းညိတ်၏။ တစ်ဆက်တည်းမှာပင် ချင်းဝမ်ကို ခေါ်ထုတ်ကာ၊

“ မင်းလည်း အတူတူပဲ။ ”

-ဟု ညွှန်ကြား၏။

ချင်းယွမ်မှ နာခံစွာ ခေါင်းညိတ်သည်။ သူမသည် ကြက်သွေးရောင်၀တ်စုံ အောက်တွင် မို့မောက်ဖွင့်ထွားသော ကောက်ကြောင်းများ ပြသနေ၏။

အသားအရေသည် နှင်းကဲ့သို့ ဖြူစင်ကာ ကြည်စုစည်းခြင်းနယ်ပယ် နှောင်းပိုင်းရောက်ရှိ နေပြီ ဖြစ်သည်။ ဝမ်ရှင်း‌ကျောက်နှင့် အတူတူပေပင်။

မျက်မမြင်အဘိုးအို၊ ဧကရာဇ်ရှနှင့် အခြားသူများသည် ချင်းဝမ်ကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်ရာ အံ့အားသင့်သွားသည်။

“ ဘယ်လောက်တောင် သန့်စင်လိုက်တဲ့ ဝိညာဉ်ခန္ဓာမျိုးလဲ ... ။ ”

မျက်မမြင်အဘိုးအိုက ချီးကျူးသည်။ တစ္ဆေကျင့်ကြံသူများအတွက် မရဏကမ္ဘာကြီး၌ ဝိညာဉ်ကျင့်ကြံခြင်း နည်းစနစ်မရှားပါးချေ။

ထို့ကြောင့် ချင်းဝမ်၏ စိတ်ဝိညာဉ် ဖွဲ့စည်းထားခြင်းသည် မည်မျှ သန့်စင်နေမှန်း မြင်နိုင်ချေသည်။

“ ဝှစ် ... ။ ”

ထိုအချိန်တွင် စုရီက သူ့လက်ကို ဝှေ့ယမ်းပစ်၏။ ရွှမ်နင်ကို တံဆိပ်ခတ်ထားသည့် နတ်ဆိုးသန္ဓေသားနှင့် ရီရွှမ်ကို ချိတ်ပိတ်ပေး ထားသော ဧကရာဇ်မူလ ထွက်ပေါ်လာသည်။

“ ရွှမ်နင် ... အဆင်ပြေလား။ ”

“ ဆရာ ... တပည့်ရဲ့ တာအိုခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ကို ပြန်လည် ပုံဖော်နိုင်နေပါပြီ အခု ရှန်ရှင်းအဆင့် ရောက်နေပြီ ... ။ ”

“ မဆိုးဘူး ... ။ ”

စုရီမှ ခေါင်းညိတ်လိုက်သည်။ ရွှမ်နင်ကို သူပြန်လည်တွေ့ရှိစဉ် အကြွင်းအကျန်ဝိညာဉ် မျှသာ ဖြစ်၏။

“ မင်း ... ။ ”

စုရီမှ ရီရွှမ်ကို ကြည့်သည်။ ဧကရာဇ်မူလသည် အနည်းငယ်တုန်ခါသွားပြီး စိတ်လှုပ်ရှားစွာဖြင့်၊

“ ယောက်ဖ ငါ့ခန္ဓာကိုယ်ထဲမှာ ကျန်ခဲ့တဲ့ စွမ်းအားတွေကို အပြီးအပိုင် ပြန်လည်သန့်စင်ဖို့ အချိန်သိပ်မကြာတော့ပါဘူး ... ငါ့ရဲ့ကျင့်ကြံမှု အထွတ်အထိပ်ကို ပြန်မရနိုင်ပေမယ့် ... ။ ”

“ လုံလောက်ပြီ ... ။ ”

စုရီမှ ချက်ချင်း စကားဖြတ်ချလိုက်သည်။ မဟုတ်သော် ရီရွှမ်အကြောင်း ကောင်းစွာသိ၏။

“ မင်းတို့ အသင့်ပြင်ထား ... ။ ”

“ ဟုတ်ကဲ့ ဆရာ ... ။ ”

“ ကောင်းပြီ ယောက်ဖ ... ။ ”

ထိုမြင်ကွင်းက ဧကရာဇ်ရှနှင့် တခြားသူများကို အံ့အားသင့်စေခဲ့၏။ ချင်းဝမ် ပေါ်လာသောအခါ တာအိုသခင်ဟု ခေါ်ဆိုပြီး ရွှမ်နင်သည် ဆရာဟုခေါ်၏။

နောက်ဆုံးတွင် ယောက်ဖ ခေါ်ဆိုသူ တစ်ဦးပင်ရှိလာပြီ ဖြစ်လေသည်။ ဧကရာဇ်ရှနှင့် မျက်မမြင်အဖိုးကြီးသည် ချက်ချင်းပင် ဝမ်ရှင်းကျောက်ထံကြည့်ကာ၊

“ မိန်းကလေးရှင်းကျောက် တာအိုစုက ဘယ်တုန်းက လက်ထပ်ခဲ့တာလဲ ... ။ ”

“ မိန်းကလေးရှင်းကျောက် ဆရာစုက ဘယ်တုန်းက တပည့်တစ်ယောက် ရထားတာလဲ။ ”

-ဟု အသီးသီး မေးမြန်းလိုက်ကြသည်။

“ မသိဘူး ... ။ ”

တပြိုင်နက်တည်း ထွက်လာသော မေးခွန်းများကို ဝမ်ရှင်းကျောက်မှတစ်ခွန်းတည်း ပြန်ဖြေ၏။ ဤလူနှစ်သည် သူမထံ မေးမြန်းလာ သည့်နောက် သူမသည် မည်သူ့ကို ပြန်၍ မေးရမည်နည်း။

“ ဂျိန်း ... ။ ”

ရုတ်တရက် မိုးခြိမ်းသံများ ပဲ့တင်ထပ်လာသည်။ လူတိုင်း၏ နှလုံးသားများ တုန်လှုပ်သွား၏။

ကောင်းကင် အက်ကွဲကြောင်းထံမှ တုနှိုင်းမဲ့တာအိုအလင်းများ ဆည်တစ်ခုကနေ ပေါက်ကျလာသကဲ့ သွန်ကျလာသည်။ ဤသည်မှာ အလင်းမိုးများဖြစ်၏။

“ ဝင်္ကပါကို ဖွင့် ... ။ ”

အဝေးမှကြည့်သော် ရေခဲပွင့်များ ကြွေကျလာသကဲ့သို့ တောက်ပလွန်းချေပြီ။ နတ်ဆိုးဟွမ်မျိုးနွယ်၏ ဘိုးဘေးနယ်မြေမှ အဘိုးကြီးက ဝင်္ကပါကို ဖွင့်လိုက်၏။

အလင်းဖျော့ဖျော့ အလွှာတစ်ခု ကောင်းကင်ပေါ် ချက်ချင်းပြေးတက်လာချေပြီ။ အလားတူ အလင်းလွှာများ ကောင်းကင်ပေါ် တက်လာသည့် မြင်ကွင်းများ နေရာအနှံ့အပြား ဖြစ်ပေါ်လာ၏။

“ ဝိညာဉ်စုစည်းခြင်း မီးအိမ်။”

အမှောင်အင်မော်တယ်တောင်တန်းတွင် ရွယ်ယီသည် သွေးစွန်းနေသော ကြေးမီးအိမ်ကို လေထဲပစ်တင်ကာ အနက်ရောင်ရေဝဲအဖြစ် တာအိုကို စုစည်းရန်ပြင်ဆင်နေသည်။

ခွင်းဝူတောင် ရီမျိုးနွယ်၏ ရီရှောင်သည်လည်း ဆိတ်ညံသောတောင်တန်း တစ်နေရာ၌ လက်ထဲက ဆေးကြိုအိုးကို ဖြည်းညှင်းစွာ ဖွင့်နေသည်။

“ ကောင်းကင်ဝါးမျိုခြင်းဆေးအိုး။ ”

အိုးအတွင်းမှ အနက်ရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ အဆုံး၌ တွင်းနက်ကြီးအလား အလင်းမိုးများကို ဝါးမြိုတော့သည်။

ဥက္ကာခဲတွင်းနက်ကြီးအတွင်း အမှောင်တားမြစ်စွမ်းအားများ ပျက်ပြယ်ကာ လူရိပ်တစ်ရိပ် ကောင်းကင်ပေါ် ခုန်တက်လာ၏။

အနက်ရောင်ဆံပင်များ ရှုပ်ပွလျက် ရွှေရောင်တာအိုဝတ်ရုံကို ၀တ်ဆင်ထားကာ စုတ်ပြတ်သတ်နေသော အသွင်ဖြစ်သည်။

“ နှစ်ပေါင်းသောင်းချီ ကြာပြီးတဲ့နောက် ငါရှင်းကျိ စောင့်မျှော်နေတဲ့နေ့ ရောက်လာပြီ ဟား ဟား ဟား ... ။ ”

သူ့အသံသည် အေးစက်နေတော့၏။ ကောင်းကင်ပေါ်မော့ကြည့်လျက် ထူးဆန်းသော ရောင်ဝါများ တောက်ပလာခဲ့သည်။

စုရီသာလျှင် မိုးပြာခြံဝင်းအထက် ကောင်းကင်၌ လက်နှစ်ဖက်နောက်ပို့လျက် အလင်းမိုးများကို စိုက်ကြည့်နေသည်။

သို့တိုင် ရွာကျလာသမျှသော အလင်းမိုးများသည် သွေးရနံ့ရသော ငါးမန်းများ အလား သူ့ထဲသို့ အရပ်ရပ်မှ ပြေးဝင်လာချေပြီ။

ထိုမြင်ကွင်းက မျက်မမြင်အဘိုးအို၊ ဧကရာဇ်ရှနှင့် အခြားသောလူများကို နားမလည် ဖြစ်လာစေ၏။

“ ဒါ … ။ ”

လူတိုင်း အံ့သြကုန်သည်။ စုရီမှ မလှုပ်မယှက်ဖြင့် အလင်းမိုးများကို ခံယူကာ ကျန်လူများထံ ကြည့်၏။

“ မင်းတို့ဘာလုပ်နေတာလဲ ... စတော့ ။ ”

ဘက်ပေါင်းစုံမှ အလင်းမိုးရေစက်များ ဝင်ရောက်နေစဉ် မျက်မမြင်အဘိုးအိုနှင့် အခြား လူများမှာ အစွမ်းကုန်စုပ်ယူရန် ကြိုးစားတော့သည်။

ဤသည်မှာ မဟာတာအို ကျက်သရေနှင့် ပြည့်စုံနေသော မိုးပြာတိုက်ကြီး၏ မူလစွမ်းအား ဖြစ်ချေ၏။

မည်သည့်အဆင့် ကျင့်ကြံသူများမဆို အိပ်မက်တစ်ခု အမှန်တကယ် ဖြစ်လာခြင်း ပေပင်။

မျက်မမြင်အဘိုးအိုနှင့် အခြားသူများကို အံ့အားသင့်စေသည့်အရာမှာ ထိုအလင်းမိုးများ အားလုံးသည် မလှုပ်ရှားဘဲ ရပ်ကြည့်နေသော စုရီထံ အရူးအမူးဝင်နေခြင်းဖြစ်သည်။

သူ့တစ်ကိုယ်လုံး အလင်းမိုးရေများ သိုင်းခြုံလျက် မီးရှူးမီးပန်းများကဲ့သို့ တောက်ပ နေတော့၏။

ထို့ကြောင့် စုရီရပ်နေသည့် လေဟာနယ်သည် တာအိုကျက်သရေများဖြင့် ပြည့်လျှံနေသည်။

ထိုကဲ့သို့ မယုံကြည်နိုင်လောက်အောင် မြင်ကွင်းသည် ဆေးအိုးကိုးပါးမြို့ရှိ လူအများ အပြား၏ အာရုံကို ဆွဲဆောင်ခဲ့၏။

သို့သော် မည်သူမျှ ရှေ့တိုးဝံ့ခြင်းမရှိချေ။ လူတစ်ယောက်၏ ဂုဏ်သတင်းသည် သစ်ပင် အရိပ်လိုပေပင်။

မည်သူသည် အသက်ရှင်ရသည်ကို ငြီးငွေ့ကာ စုရီ၏ကံကြမ္မာအပေါ် လုယူဝံ့ သနည်း။ အချိန်ကြာလာသည်နှင့်အမျှ မြို့တော်သည် အခြားသောဒေသများထက် အလင်းမိုးများ ပို၍သိပ်သည်းလာသည်။

မိုးရေစက်များသည် ၎င်းထိမှန်ရာ မြေပြင်ပေါ်၌ ချက်ချင်း ပျော်ဝင်ပျောက်ကွယ် ကုန်တော့၏။

မြို့တွင်းရှိ ကျင့်ကြံသူများသည်လည်း သွယ်ဝိုက်သောနည်းလမ်းဖြင့် သဘာဝအတိုင်း အကျိုးရှိလာကြသည်။

ကြီးစွာသော အလင်းမိုးရေစက်များသည် စုရီခန္ဓာကိုယ်ထဲသို့ ဝင်လာကာ မိုးပြာမျိုးစေ့၌ ပေါင်းစပ်သွား၏။

လက်ရှိတွင် သူသည် ဝိညာဉ်ထင်ရှားခြင်း ပြီးပြည့်စုံမှုသို့ ရောက်ရှိပြီး ဖြတ်ကျော်တော့မည် ဖြစ်သည်။

ကောင်းကင်နှင့်မြေကြီးသည် ကမောက်ကမဖြစ်နေပြီး တာအိုအလင်းမိုးသည် ရေတံခွန်ကဲ့သို့ မြေကြီးပေါ်သို့သွန်ချနေ၏။

စုရီနှင့် သူ့အဖွဲ့သာမက မိုးပြာတိုက်ကြီး တစ်ခုလုံးရှိ သတ္တဝါတိုင်းသည်လည်း အလင်းမိုး များဖြင့် သန့်စင်ရန် ကြိုးစားနေကြသည်။

သို့သော် ဆေးအိုးကိုးပါးမြို့တော် အထက်ကောင်းကင်တွင် ရွာသွန်းမှုများသည် အခြားသောဒေသများထက် သာလွန်သည်ကို မည်သူမဆို မြင်နိုင်ချေ၏။

***

All Chapters