← Chapters

သွေးနီနတ်ဆိုး၏ ‌ဒေါသ

Vol. 40 Ch. 555

သွေးနီနတ်ဆိုး၏ ‌ဒေါသ

Vol. 40 Ch. 555

ယဲ့ဝူရှန်း တောရိုင်းကောင်ကြီးလို ရူးသွပ်သွားသည်ကို ကြည့်ရင်း သရဲငါးကောင်ဂိုဏ်းချုပ်သည် ကြောက်ရွံ့မှုဖြင့် တုန်ယင်သွားကာ ဆက်လက် ခေါင်းမာစွာ မခုခံရဲတော့ပေ။

ယဲ့ဝူရှန်းသည် လူသတ်ပွဲကို စိတ်ပါလက်ပါ ပြုလုပ်နေပြီး မူလက ခုခံမှုကို အကြောင်းပြချက်အဖြစ် အသုံးပြုကာ စိတ်ထွက်ပေါက်အဖြစ် ဆက်လက်သတ်ဖြတ်လိုသော်လည်း အကြီးအကဲ တစ်ဦးက အချိန်နည်းနေပြီဖြစ်ကြောင်း သတိပေးလာသဖြင့် ဖြည်းဖြည်းချင်း သတိပြန်ဝင်လာပြီး စိတ်ခံစားချက်များအား ပြန်လည်ထိန်းညှိနိုင်ခဲ့သည်။

“ဟမ့်~”

ယဲ့ဝူရှန်းသည် သက်ပြင်းတစ်ချက် ဟင်းခနဲချလိုက်ပြီးမှ သူ့ခြေရင်းရှိ အလောင်းတောင်များ၊ သွေးပင်လယ်များကို လျစ်လျူရှုကာ မလှုပ်မယှက်ဝံ့စွာ တုန်ယင်နေသော နတ်ဆိုးလမ်းစဥ် ကျင့်ကြံသူများအား အေးစက်စက် နှာတစ်ချက်မှုတ်လျက် ဆိုသည်။

“ကျေးဇူးမသိတတ်တဲ့ လူယုတ်မာတစ်စု၊ မင်းတို့ခုခံလို့ ဒီလိုလုပ်ရတာပဲ!”

“ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ကျွန်တော်တို့ အမှားပါ” သရဲငါးကောင်ဂိုဏ်းချုပ်သည် ချွေးအေးများကို သပ်ချလိုက်ပြီး ချော့မော့သော အပြုံးဖြင့် ပြောသည်။

“ဒါတွေယူထား။ ဒီနေ့ကစပြီး မင်းတို့ အားလုံး ငါတို့အရိုးနတ်ဆိုးဂိုဏ်းရဲ့ နဖူးစည်းတွေကို ပြောင်းလဲတပ်ဆင်ရမယ်။ အမိန့်ကို မလိုက်နာတဲ့သူ သေရမယ်!”

ယဲ့ဝူရှန်း လက်တစ်ဖက်မြှောက်လိုက်သော အရိုးနတ်ဆိုးဂိုဏ်း၏ သင်္ကေတ အနက်ရောင်နဖူးစည်းများ ပျံထွက်လာသည်။

နဖူးစည်းများကို လက်ခံရရှိသော နတ်ဆိုးလမ်းစဥ် အင်အားစုခေါင်းဆောင်များသည်လည်း ငြင်းဖို့ရာမရဲဘဲ အလျင်အမြန် သဘောတူလိုက်ကြသည်။

“သွားကြစို့၊ ကျန်တဲ့နတ်ဆိုးဂိုဏ်းတွေဆီကို!”

“ငါတို့ ဆယ်ရက်အတွင်း နတ်ဆိုးလမ်းစဥ်တစ်ခုလုံးကို စုစည်းရမယ်!”

ယဲ့ဝူရှန်းသည်လည်း တစ်နေရာတည်းတွင် ကြာကြာနေရန် အချိန်မရှိသဖြင့် တပ်ဖွဲ့ကိုဦးဆောင်ကာ တစ်နေရာသို့ ဆက်လက်ချီတက်ခဲ့သည်။

ခပ်သုတ်သုတ်ရောက်၊ လူသတ်ပြီး ခပ်သုတ်သုတ်ပြန်ထွက်သွားသည်သာ။

လျှပ်စီးတစ်ချက်လက်လိုက်သည်ကပင် သူ့ထက်မြန်ဦးမည်။

ဆုတ်ခွာစပြုနေသော အရိုးနတ်ဆိုးဂိုဏ်း စစ်တပ်ကို ကြည့်ရင်း သရဲငါးကောင်ဂိုဏ်းချုပ်သည် ခေါင်းကိုငုံ့ကာ လက်ထဲရှိ အနက်ရောင်နဖူးစည်းကို ကြည့်လိုက်သည်၊ သူ၏ နှုတ်ခမ်းများပေါ်တွင်တော့ ခါးသက်သက်အပြုံးတစ်ခု တပ်ဆင်လျက်။

“ဂိုဏ်းချုပ်၊ ကျွန်တော်တို့ တကယ်ပဲ နာခံရမှာလား…” လူယုံတစ်ဦးက အခက်တွေ့နေဟန်ဖြင့် မေးလာသည်။

“ထားလိုက်ပါတော့။ အာခံဖို့ကလည်း မလွယ်ကူဘူးလေ။ မင်း အဲဒီ အဘိုးကြီးယဲ့ဝူရှန်း ရူးသွပ်သွားတာကို မမြင်ဘူးလား?”

သရဲငါးကောင်ဂိုဏ်းချုပ်သည် အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည်။ “အခု၊ သူ့ရဲ့ တစ်ခုတည်းသော အကြီးဆုံး အတားအဆီးက မီးလျှံနတ်ဆိုးဂိုဏ်းပဲ”

“ဂိုဏ်းချုပ်၊ မီးလျှံနတ်ဆိုးဂိုဏ်းသာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရင် သွေးနီဂိုဏ်းချုပ်က လုံးဝ လျစ်လျူရှုမှာမဟုတ်ဘူး။ ကျွန်တော်ထင်တယ် သွေးနီဂိုဏ်းချုပ်ရဲ့ ခွန်အားနဲ့ဆိုရင် အဘိုးကြီးယဲ့ဝူရှန်းလောက်တော့ လုံးဝ အနိုင်ယူနိုင်တယ်!” လူယုံက ခိုင်မာစွာ ပြောသည်။

လူတိုင်း ခေါင်းညိတ်ကြသည်။ သူတို့၏ စိတ်ထဲတွင် ဟုန်ချန်ယဲ့သည်သာ နတ်ဆိုးလမ်းစဥ်၏ အသိအမှတ်ပြု တရားဝင်ခေါင်းဆောင်ဖြစ်သည်။

“မင်းမကြားလိုက်ဘူးလား? ဒီ တိုက်ပွဲရဲ့ သော့ချက်က သူတို့နှစ်ယောက်နဲ့ ဆိုင်မနေဘူး။ ယဲ့ဝူရှန်းလို အချောင်သမားတောင် အသက်ကိုစွန့်စားဖို့ အတင်းအကျပ် ခြိမ်းခြောက်ဖိနှိပ်ခံထားရတာ။ အဲ့ဒီ အရိုးနတ်ဆိုးဂိုဏ်းချုပ်က ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်မလဲ။ သူက အကြီးအကဲယဲ့နဲ့ တန်းတူ တည်ရှိမှုတောင် ဖြစ်နိုင်တယ်”

သရဲငါးကောင်ဂိုဏ်းချုပ်က ခပ်တိုးတိုးပြောသည်။

“ဟိုက်"

လူတိုင်း ကြက်သီးဖြန်းဖြန်းထလျက် သက်ပြင်းရှိုက်မိသွားသည်။

နတ်ဆိုးလမ်းစဥ် ကျင့်ကြံသူများ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး နောင်လာမည့် ကြောက်မက်ဖွယ် အကျိုးဆက်များကို သဘောပေါက်သွားကြသည်။

ထိုလျှို့ဝှက်ဆန်းကြယ်သော အရိုးနတ်ဆိုးဂိုဏ်းချုပ်သည်လည်း သေချာပေါက် မသေမျိုးဘုရင်ပင် ဖြစ်ရမည်။

နေ့ရက်များ တစ်ရက်ပြီး တစ်ရက် ကုန်လွန်သွားသည်။

ယဲ့ဝူရှန်း၏ ရူးသွပ်သော သိမ်းပိုက်မှုများကြောင့် အရိုးနတ်ဆိုးဂိုဏ်း၏ နာမည်ဖြင့် နတ်ဆိုးလမ်းစဥ်ရှိ အဓိကအင်အားစုများနှင့် အင်အားစုငယ်လေးများပါမကျန် အကုန်လက်နက်ချ လက်အောက်ခံခဲ့ကြရ၏။ စစ်ပွဲအရှိန်သည် အံ့သြဖွယ် လျင်မြန်ပြီး အလယ်ပိုင်းဒေသရှိ ပြည်သူပြည်သားများကြား အရေးပေါ်ဆွေးနွေးမှု ခေါင်းစဥ်တစ်ခု ဖြစ်လာလေတော့သည်။

ဆောင်းဦးလေက ရွက်ကြွေများကို ရှင်းလင်းသကဲ့သို့ ယဲ့ဝူရှန်းသွားလေရာတွင် အတားအဆီးမှန်သမျှ ခုတ်ဖြတ်ရှင်းလင်းခံရသည်။

သို့သော် မီးလျှံနတ်ဆိုးဂိုဏ်းကို တိုက်ခိုက်ရာတွင်မူ သူတို့သည် မကြုံစဖူး ခေါင်းမာသော ခုခံမှုနှင့် ရင်ဆိုင်ရလေတော့၏။

ကောလာဟလများအရ မီးလျှံနတ်ဆိုးဂိုဏ်း၏ ဒုဂိုဏ်းချုပ် ကွေ့ကျန်းချုုံသည် အကြီးအကဲလေးဦး၏ အကူအညီဖြင့် ယဲ့ဝူရှန်းနှင့် နောက်ဆုံးရင်ဆိုင်သော တိုက်ပွဲတွင် သရေကျခဲ့လေသည်။

နတ်ဆိုးလမ်းစဥ် ကျင့်ကြံသူများစွာသည် ဤအခြေအနေပြောင်းလဲမှုကြောင့် လွန်စွာအားတက်မိကြရ၏။

ထိုတစ်ခဏအတွင်း ကွေ့ကျန်းချုုံ၏နာမည်သည် အလယ်ပိုင်းဒေသ တစ်လျှောက်လုံး ကျော်ကြားလွှမ်းမိုးသွားခဲ့သည်။

သို့ပေသည့် မကြာသေးမီက တိုက်ပွဲကို လျှို့ဝှက်စွာ အနီးကပ်စောင့်ကြည့်ခဲ့သော အတွင်းလူများက ကွေ့ကျန်းချုုံနှင့် သူ၏အဖွဲ့သည် တကယ်တမ်း အသက်ကို စွန့်စားပြီး တောင့်ခံနေကြခြင်းဖြစ်ကြောင်း ဖော်ထုတ်ခဲ့သည်။ ကံကောင်းထောက်မစွာ နောက်ဆုံးအချိန်တွင် သူတို့သည် အမျိုးအမည်မသိနိုင်သော မှော်ရတနာတစ်ခုကို အသုံးပြု၍ ခိုင်မာသော အစီအရင်ကို ဖွဲ့စည်းခဲ့ပြီး ယဲ့ဝူရှန်းနှင့် အရိုးနတ်ဆိုးဂိုဏ်း စစ်တပ်ကို အပြင်တွင် ပိတ်ဆို့ထားနိုင်ခဲ့သည်။

၎င်းက သူတို့ကို အချိန်နည်းနည်းပိုရစေနိုင်သော်လည်း ကြာကြာခံမည်မဟုတ်ဟု ခန့်မှန်းရသည်။ အစီအရင်ပျက်သည်နှင့် ကွေ့ကျန်းချုုံတို့ခံတပ်လည်း ပျက်စီးမည်သာ။

ဤသတင်း ထွက်ပေါ်လာသည်နှင့် အလယ်ပိုင်းဒေသတစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။

“ထူးဆန်းတယ်၊ ဒီလိုအချိန်မှာ သွေးနီဂိုဏ်းချုပ်က ဘာလို့ မပေါ်လာသေးတာလဲ? သူ တစ်ခုခုကို စိုးရိမ်နေလို့လား?” တစ်ယောက်က စူးစမ်းလိုစွာမေးသည်။

“သွေးနီဂိုဏ်းချုပ် ကြောက်နေတာများ ဖြစ်နိုင်မလား? မဟုတ်ရင် ဘာလို့ ဒီလောက် နှေးကွေးနေရတာလဲ?” နောက်တစ်ဦးက ထင်မြင်ချက်ပေးသည်။

သို့သော် ထိုစကားများက စိတ်အားထက်သက်သော ဟုန်ချန်ယဲ့ပရိတ်သတ်တစ်ဦးထံမှ ချေဖျက်ပယ်ချခံလိုက်။ “အဓိပ္ပာယ်မရှိတာတွေ! သွေးနီဂိုဏ်းချုပ်က ယဲ့ဝူရှန်းလိုအဘိုးကြီးကို ဘယ်လို ကြောက်နိုင်မှာလဲ? ဖြစ်နိုင်တာက သူလမ်းမှာ ရောက်နေလောက်ပြီ!”

“ဟဲဟဲ၊ ယုံပါတယ်ကွာ”

“မင်းလေသံကဘာလဲ? အထိုးခံချင်တာလား!”

“ခွပ်! ခွပ်!”

လက်ဖက်ရည်ဆိုင်အတွင်း တဒင်္ဂမျှ ရှုပ်ထွေးသွားခဲ့သည်။

အမှန်တော့ နေရာများစွာတွင် ဤသို့ရန်ဖြစ်ထိုးကြိတ်နေကြသည် ဖြစ်ပြီး လူတိုင်းမှာ ဒေါသဖြင့် လည်ပင်းကြောများထောင်သည်အထိ ငြင်းခုံလို့မဆုံးနိုင်ကြသေး။

ရွှယ်ထျန်း သူတော်စင်နယ်မြေ။

လေတဖြူးဖြူး ပတ်ဝန်းကျင်တွင် သူတို့အဖွဲ့ ဖဲကစားနေကြသည်။

“ဆောရီး၊ ငါ ထပ် နိုင်ပြန်ပြီ!” ယဲ့ကျွင်းလင်က အကူအညီမဲ့စွာ ပြောသည်။

စန်းလန်ကျွင်းက ခါးသီးစွာပြုံးသည်။ “အကြီးအကဲယဲ့၊ ခင်ဗျားကံက အကောင်းလွန်နေတာမဟုတ်လား? ဆော့တိုင်းနိုင်နေတာပဲ"

“ဟုတ်ပါ့ဗျာ" ကောင်းပုလီလည်း ခေါင်းကိုအသာခါသည်။

ဒီလိုဖဲဝိုင်းမျိုးတွင် ခွေးတောင်မှ လက်မှိုင်ချခေါင်းခါရလိမ့်မည်။

ကျန်းထျန်းမင်လည်း အလွန် စိတ်ဓာတ်ကျနေသော်ငြား အားတင်းထားသော အပြုံးဖြင့် ဆက်ပြီး ပြောသည်။ “ဒါက အကြီးအကဲယဲ့မှာ အဆုံးမဲ့ကံတရား ရှိတယ်ဆိုတာ ဖော်ပြနေတာပဲ"

ဖဲဝိုင်းတွင် လူလေးဦးရှိပြီး ယဲ့ကျွင်းလင်မှလွဲ ကျန်သုံးဦးမှာ ရှုံ့မဲ့နေကြလေပြီ။

ယဲ့ကျွင်းလင်အတွက်တော့ ပွဲတိုင်းနိုင်နေခြင်းသည်လည်း ပုံမှန်သာဖြစ်သည်။

ရုတ်တရက်။

ကောင်းကင်နှင့်မြေကြီး အကြားတွင် ဥပဒေစည်းမျဥ်းတစ်ခု ပြောင်းလဲသွားခဲ့သည်။

မသေမျိုးဘုရင် အဆင့်ရှိသော သတ္တဝါအားလုံး ခံစားနိုင်မည့် ပြောင်းလဲမှု။

“ဟင်?”

ယဲ့ကျွင်းလင်သည် မျက်ခုံးပင့်သည်၊ “ခုနက ဘာလဲ…”

ကောင်းပုလီက တအံ့တသြပြောသည်။ “ဒါက ကောင်းကင်ဥပဒေရဲ့ ကမ္ဘာကိုဖိနှိပ်ထားတဲ့ ကန့်သတ်ချက် လျော့သွားပြီလို့ ဆိုလိုတာပဲ။ အရင်က ခွင်းလွင်ကမ္ဘာမှာ မသေမျိုးဘုရင်အဆင့်ကအမြင့်ဆုံး၊ ဒါပေမယ့် အခု မသေမျိုးဧကရာဇ် နယ်ပယ်ကို ရောက်ရှိဖို့ ဖြစ်နိုင်သွားပြီ!”

“အော်၊ ငါ နားလည်ပြီ” ယဲ့ကျွင်းလင်သည် နားလည်သွားသည်။

မည်သို့ပင်ဆိုစေ သူ့အတွက် အဆင့်မြှင့်တင်မှုများသည် ကြိုးစားကျင့်ကြံရန်မလိုအပ်ဘဲ ရန်သွားဖြစ်ရုံနှင့် ရနိုင်သောကြောင့် သိပ်မထူးဆန်း။

“ဒီလိုဆိုရင် ငါလည်း နောက်မှ မသေမျိုးဧကရာဇ်အဆင့်ကို ထပ်တက်ရဦးမယ်”

ကောင်းပုလီသည် မေးစေ့ကို ပွတ်သပ်လိုက်ပြီး ရုတ်တရက် အလေးအနက်ဆိုသည်။ “ဒါဆို အဲ့ဒီလူတွေအားလုံး ထွက်ပေါ်လာကြတော့မှာပဲ"

ဥပဒေကန့်သတ်ချက်က မသေမျိုးဧကရာဇ်ဆင့်အထိ လျော့ပေါ့ပေးလိုက်ခြင်း၏ အဓိပ္ပာယ်ကား ခွင်းလွင်ကမ္ဘာ၏ ပတ်ဝန်းကျင်သည်လည်း များစွာ တိုးတက်လာလိမ့်မည်ဟု ဆိုလိုသည်။

သူတို့လည်း ထွက်လာချိန်တန်ပြီ။

သူတို့ ဆက်ပြီး အိပ်နေရင် အခွင့်အရေးများကို အခြားသူများက ဖမ်းဆုပ်သွားလိမ့်မည်။

ထို့ကြောင့် သူတို့သည် နောက်ကွယ်တွင် ပုန်းနေသည် ဖြစ်စေ၊ သို့မဟုတ် ဂူအောင်းအိပ်စက်နေရာမှ ပြန်လည် ရှင်သန်လာသည် ဖြစ်စေ ဤကဲ့သို့ အချိန်ကိုက်တွင် ခုန်ထွက်လာပြီး တရားဝင်ပြန်လည်ပေါ်ထွက်လာဖို့ ရွေးချယ်ကြလိမ့်မည်။

“ကျင့်ကြံရေးကမ္ဘာဟာ ကြီးမားတဲ့ အရှုပ်အထွေးထဲကို ကျရောက်တော့မယ် ထင်ပါရဲ့" စန်းလန်ကျွင်းသည် အခြေအနေမကောင်းတော့ကြောင်း ခံစားမိဟန်တူပြီး အလေးအနက်ဆိုသည်။

“ကျင့်ကြံရေးကမ္ဘာ ရှုပ်ထွေးလား မထွေးလားကို အကြီးအကဲယဲ့က ဆုံးဖြတ်ပါလိမ့်မယ်"

မြှောက်ပင့်ချိုမြိန်သော အသံတစ်ခု ထွက်ပေါ်လာသည်။

အသံပိုင်ရှင်မှာ ရက်အနည်းငယ်က ကောင်းကင်ထောင်မှ လွတ်မြောက်လာသော လျိုချင်းမင်ဖြစ်ပြီး သစ်သီး၊ လက်ဖက်ရည်နှင့် မုန့်များကို ယူဆောင်လာကာ အပြုံးချိုချိုဖြင့် လျှောက်လှမ်းလာသည်။

နားလည်မှု လွဲမှားခြင်းကို ရှင်းလင်းပြီးစီးခဲ့သောကြောင့် သူသည် ကျန်းထျန်းမင်ထံမှ ရာထူး များစွာ မြှင့်တင်ခံခဲ့ရပြီး မှော်ရတနာများစွာကိုလည်း ပေးအပ်ချီးမြှင့်ခံခဲ့ရသည်။

ကြွယ်ဝသော ဆုလာဘ်များနှင့် ပြန်လည်ကုသမှုကို လက်ခံရရှိသော လျိုချင်းမင်သည် ကောင်းကင် ထောင်ထဲတွင် သူ၏ ယခင်က ခန္ဓာကိုယ်ပိုင်း ယိုယွင်းပျက်စီးမှုများနှင့် စိတ်ဓာတ်ကျဆင်းမှုကို ရှင်းလင်းသန့်စင်ပစ်လိုက်ပြီး နောက်ပြီး အရင်လိုပြန်လည်တက်ကြွကာ ကိုယ်ရောင်ကိုယ်ဝါများပင် ထွန်းလင်းလာသည်။ ခြေလှမ်းတိုင်းတွင် နွေဦးပန်းပွင့်လေးများ ပွင့်လန်းသကဲ့သို့ ပေါ့ပါးလွတ်လပ်လျက်။

"မြှောက်တယ်ကွာ" ယဲ့ကျွင်းလင်က ဝင်ဟန့်သည်။

ကျန်းထျန်းမင်က ထိုစကားကို အသည်းအသန်ဆက်သည်၊ “အကြီးအကဲယဲ့၊ ဒါက လုံးဝ ချဲ့ကားမြှောက်ပင့်တာ မဟုတ်ရပါဘူး။ အကြီးအကဲမှာ ကျင့်ကြံရေးကမ္ဘာကို ဦးဆောင်ဖို့ ခွန်အားအပြည့်အဝရှိတယ်ဆိုတာ ကျွန်တော်တို့အားလုံး သိပါတယ်!”

“ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်” လျိုချင်းမင်ကလည်း ပုတ်သင်ညိုတစ်ကောင်လို တဆတ်ဆတ်ခေါင်းညိတ်သည်။

“တကယ်တော့ ငါလည်း ပြိုင်ဘက်အနည်းငယ် ပေါ်ထွက်လာဖို့ စိတ်ရင်းနဲ့ မျှော်လင့်တယ်၊ ဒါမှ ဘဝက စိန်ခေါ်မှု ရှိလာမှာ။ မရှုံးနိမ့်တာ အရမ်းကြာလာတော့လည်း ဘဝက အထီးကျန်ဆန်တယ်…” ယဲ့ကျွင်းလင်က စိတ်ရင်းမှန်ဖြင့် ပြောသည်။

စိတ်ရင်းမှန်ဖြင့်ပြောနေခြင်း ဟုတ်ပါသည်။ သူ့ထက်အဆင့်ပိုမြင့်တဲ့သူတွေရှိမှ သူလည်းအဆင့်တက်လာမှာမဟုတ်လား?

မဟုတ်ရင် သူ့ဘာသူ တရားထိုင်ကျင့်ကြံရမှာလား?

မဖြစ်နိုင်ဘူး!

ငါ ယဲ့ကျွင်းလင်ကို သတ်မယ်လို့ခြိမ်းခြောက်တောင် ကျင့်ကြံမှာ မဟုတ်ဘူး!

ဤစကားကို ကြားသောအခါ။

လူတိုင်းသည် တစ်ဦးကိုတစ်ဦး လှည့်ကြည့်လိုက်ကြသည်။

‌ပြောသူက တစ်ခြားတစ်ယောက်သာဆိုလျှင် သူတို့ဝိုင်းရိုက်နေပြီးလောက်ပြီ သို့သော် အကြီးအကဲယဲ့ဖြစ်နေတော့ ကျိုးကြောင်းဆီလျော်သလို ခံစားရ၏။

ဝုန်း!

ဤအချိန်တွင် ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုသည် ဝေးလံသော တစ်နေရာမှ ရောက်ရှိလာခဲ့ပြီး အရှိန်အဝါပိုင်ရှင်များ ဒေါသအမျက် ချောင်းချောင်းထွက်နေကြောင်း ခံစားမိနိုင်သည်။

“ဟင်? ရှောင်ဟုန် သီးသန့်ကျင့်ကြံရာက ထွက်လာပြီလား?" ယဲ့ကျွင်းလင် မျက်ခုံးပင့်လိုက်သည်။

ဤအချိန်တွင် ဟုန်ချန်ယဲ့၏ ကျင့်ကြံဆင့်သည် မသေမျိုးအရှင်သခင်အဆင့်တွင် ရှိနေပြီး အရင်ကထက် များစွာပိုအားကောင်းလာသည် အမှန်ပင်။

အောင်မြင်စွာ အဆင့်ချိုးဖျက်နိုင်ခဲ့သော်လည်း ပျော်ရွှင်မှုကို မခံစားရဘဲ ဒေါသသာထွက်နေသည်။ အဖြစ်အပျက်တစ်ခုခုက သွေးနီနတ်ဆိုး၏ဒေါသကို ဆွလိုက်မိပုံပင်။

All Chapters