← Chapters

" ပါရမီရှင် "

Vol. 13 Ch. 181

" ပါရမီရှင် "

Vol. 13 Ch. 181

အချို့လူများရဲ့ စိတ်ထဲကနေ "ဒီလူက ပြေးနေတာမဟုတ်ပဲ ..ထွက်ပြေးနေတယ်" ဟုပင် တွေးနေကြသည်။

ပညာရှင်များက ချန်းဟူ အလျင်စလို မပြေးခဲ့ဘဲ မြန်မြန်ဆန်ဆန် တုံ့ပြန်ခဲ့တာကို ပြောနိုင်ကြသည်။

"ငါ့မျက်လုံးတွေ မဝေသွားပါဘူး...တော်တော်မြန်မြန် ပြေးတာပဲ.."

ပတ်ပတ်လည်တွင် အာမေဍိတ်သံများ ထွက်ပေါ်လာခဲ့သည်။ ချန်းဟူရဲ့ အရှိန်က တကယ်ကို မြန်လွန်းလှပြီး နာမည်ကျော် အပြေးသမားပင် ထိုမျှ မြန်သော အရှိန်ကို ရနိုင်မည်မဟုတ်ပေ။

"ဒါ အရမ်းမြန်လွန်းတယ် .."

လူအများ တုံ့ပြန်နိုင်ခြင်းမရှိမီ ချန်းဟူက ပန်းဝင်သွားပြီး ကြောင်နေသော လူအုပ်ကြီးကို အချိန်အတော်ကြာအောင် ပြန်လည်မထူထောင်နိုင်အောင် ထားခဲ့သည်။

ရန်ကျားကျီ တစ်ဖန် စိတ်လှုပ်ရှားသွားပြီး ဒါ တကယ်မဟုတ်မှန်ဘူး ဆိုပြီး အိပ်မက်တစ်ခုလို သူ ခံစား နေရသည်။ ခုနက ချန်းဟူမှာ မီတာ ၁၀၀ ကို ၉.၅၀ စက္ကန့်ဖြင့် ပြေးခဲ့ပြီး ကမ္ဘာ့စံချိန်ကို အလွယ်တကူ ချိုးဖြတ်ခဲ့သည်။

သူ၏ မီတာ ၂၀၀ စွမ်းဆောင်ရည်ကလည်း အံ့အားသင့်ဖွယ်ကောင်းလှသည်။

"၁၈.၉၉ စက္ကန့်..."

သူက ကမ္ဘာ့စံချိန်ကို ထပ်မံချိုးပြီး ၁၉ စက္ကန့်အတွင်း ပြေးနိုင်ခဲ့သည်။ လက်ရှိ အမျိုးသား မီတာ ၂၀၀ ကမ္ဘာ့စံချိန်က ၁၉.၁၉ စက္ကန့် ဖြစ်သည်။ ချန်းဟူ၏ ပြေးနှုန်းက ကမ္ဘာ့စံချိန်ထက် ၀.၂ စက္ကန့် ပိုမြန်သည်။

" ဘုရားရေ ပါရမီရှင်ပဲ... "

မူလက ဆူညံနေသော မြင်ကွင်းက ရုတ်တရက် တိတ်ဆိတ်သွား၏။

စက္ကန့်အနည်းငယ် တိတ်ဆိတ်ပြီးနောက် အားပေးမှုများနှင့် အံ့ဩမှုများ မြင်ကွင်းတွင် ပေါ်ပေါက်လာကာ ဆူညံသံများ ပြန်လည်ရောက် လာခဲ့သည်။ လူအများအပြားက စိတ်လှုပ်ရှားကာ ခုန်ပေါက်နေကြ၏။

"ဒီတစ်ယောက်က ၁၉ စက္ကန့်အောက် ပြေးနိုင်တာ မယုံနိုင်စရာပဲ..."

"ငါ့မျက်စိနဲ့ ကိုယ်တိုင်မမြင်ရရင်...ငါလည်း...ယုံမှာမဟုတ်ဘူး...."

ရန်ကျားကျီ အသက်ပြင်းပြင်းရှူသွင်းပြီးနောက် ချန်းဟူကို မီတာ ၄၀၀ စမ်းသပ်မှု ပြုလုပ်ရန် စီစဉ်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း အတူတူပင်ဖြစ်ပြီး ကမ္ဘာ့စံချိန်ကို အလွယ်တကူ ချိုးဖျက်ခဲ့သည်။

ဤသည်မှာ ချန်းဟူ၏ မီတာ ၄၀၀ စွမ်းဆောင်ချက်ဖြစ်ပြီး လက်ရှိကမ္ဘာ့စံချိန်မှာ ၄၃.၀၃ စက္ကန့် ဖြစ်သည်။

နံနက်ခင်းတစ်ခုတည်းတွင် ချန်းဟူက မီတာ ၁၀၀၊ ၂၀၀၊ ၄၀၀ အပြင် အကွာအဝေးခုန်၊ သံလုံးပစ်၊ လှံပစ် စသည့် ပြိုင်ပွဲအချို့ကို စမ်းသပ်ခဲ့သည်။

ခြွင်းချက်မရှိ လက်ရှိ ကမ္ဘာ့စံချိန်အားလုံးကို ကျော်လွန်သွားခဲ့သည်။

ရန်ကျားကျီ ဝမ်းသာအားရ အံ့ဩနေသော်လည်း သူ၏စိတ်မှာ ရှင်းလင်းနေပြီး အားကစားဗျူရိုတစ်ခုလုံးကို နှုတ်ပိတ်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။

မည်သူမျှ ယနေ့ဖြစ်ပျက်ခဲ့တာကို ထုတ်ဖော်ပြောဆိုခြင်း မပြုရ မဟုတ်ပါက ပြင်းထန်စွာ အပြစ်ပေးခံရမည် ဖြစ်သည်။

လျူယောင်နဲ့ ချန်းဟူတို့ကို ယဉ်ကျေးစွာ ပို့ဆောင်ပြီးနောက် ရန်ကျားကျီက မြို့တော်သို့ သွားပြီး ဖုန်းနဲ့မဟုတ်ဘဲ ကျူကျင်းမင်ကို အခြေအနေကို ကိုယ်တိုင်ပြောပြရမည်ဖြစ်ကြောင်း သိလိုက်သည်။

ထိုနေ့အတွက် လေယာဉ်လက်မှတ်ကို ကြိုတင်မှာယူကာ ညနေပိုင်းတွင် မြို့တော်သို့ သူ ရောက်လာခဲ့သည်။

နောက်တစ်နေ့ မနက်စောစောတွင် ရန်ကျားကျီ သူ့သူငယ်ချင်းကောင်း ကျူကျင်းမင်နှင့် တွေ့ဆုံခဲ့သည်။

ကျူကျင်းမင်း အနည်းငယ် အံ့အားသင့်သွားကာ မေးလိုက်သည်။

"လောက်ရန်... ဘာလို့ ကိုယ်တိုင်လာတာလဲ...အခြေအနေကို ဖုန်းနဲ့ ပြောပြရုံနဲ့ရပြီကို...မင်းကိုယ်တိုင်လာဖို့ မလိုပါဘူး..ကွာ..."

ရန်ကျားကျီ သူယူဆောင်လာသော စမ်းသပ်မှု့အစီရင်ခံစာကို ပေးလိုက်ပြီး ပြောလိုက်သည်။

"လူအိုကျူ...ဒီစမ်းသပ်မှု့အစီရင်ခံစာကို အရင်ကြည့်ပါဦး..."

"အိုး...."

ကျူကျင်းမင်း သံသယဖြင့် ယူလိုက်ပြီး စိတ်ထဲတွင်

"ချန်းဟူ၏ ပြေးခုန်ပစ်ပြိုင်ပွဲများတွင် စွမ်းဆောင်ရည် တကယ်ကောင်းပြီး ရလဒ်တွေများကောင်းလို့လား " လို့ တွေးလိုက်သည်။

သူ စာရွက်ကို စတင်ဖတ်ရှုလိုက်သည်။

ချက်ချင်း သူ၏မျက်နှာတွင် အံ့အားသင့်သော အမူအရာ ပေါ်လာပြီး မယုံနိုင်စွာဖြင့် မေးလိုက်သည်။

"မဖြစ်နိုင်တာ... ဒါက ချန်းဟူရဲ့ စမ်းသပ်မှုရလဒ်တွေလား...လောက်ရန်…သူက ..ပြိုင်ပွဲတိုင်း ကမ္ဘာ့စံချိန်ကို ချိုးခဲ့တာလား..."

"အေး...ငါလည်း မယုံဘူး...ဒါပေမဲ့ အချက်အလက်တွေက တကယ်ပါပဲ....ငါတို့ အားကစားဗျူရိုက အကောင်းဆုံး စမ်းသပ်ကိရိယာတွေနဲ့ အတွေ့အကြုံအရှိဆုံး နည်းပြတွေရဲ့ ရလဒ်တွေကို အသုံးပြုထားတာ.... ဒီအချက်အလက်တွေရဲ့ ....စစ်မှန်မှု့ကို ငါ ...အာမခံနိုင်ပါတယ်.....”

ဘုရားသခင်ထံ ပြန်ရောက်ရန် အချိန်အကြာကြီး ယူခဲ့ရသည်။

သူ့စိတ်ထဲတွင် ထိန်းမနိုင်သိမ်းမရ အံ့ဩမှု့များ ဖြစ်ပေါ်နေသည်။ ချန်းဟူက အလေးမတွင် မပါဝင်သော်လည်း ပြေးခုန်ပစ်ပြိုင်ပွဲများတွင်လည်း ကောင်းမွန်သောရလဒ်များ ရရှိရန် မျှော်လင့်ထားခဲ့သည်။

သူ အစီရင်ခံစာကို ထပ်ခါတလဲလဲ ကြည့်ပြီးနောက် လက်ဝှေ့ယမ်းလိုက်သည်။

"သွားကြစို့... လောက်ကျန်းကို သွားရှာကြမယ်...သူ့ကို အံ့အားသင့်စေပြီး နေ့လယ်စာ ကျွေးဖို့ ပြောကြစို့...."

နှစ်ယောက်သား အလေးမစင်တာမှ ထွက်ခွာပြီး အမျိုးသားပြေးခုန်ပစ်စင်တာသို့ ဦးတည်သွားကြသည်။

လေ့ကျင့်ရေးကွင်းတွင် အချို့သော အားကစားသမားများ လေ့ကျင့်နေကြသည်။

ပြေးခုန်ပစ်နည်းပြချုုပ် ကျန်းရှန်းက နည်းပြဝတ်စုံနှင့် မျက်မှန်အမည်းကြီး တပ်ဆင်ထားပြီး လူတိုင်းရဲ့ လေ့ကျင့်မှု့များကို ကြည့်နေသည်။

အကယ်၍ မျက်မှန်အမည်းကြီးကို ဖောက်ထွင်းမြင်နိုင်လျှင် ကျန်းရှန်း၏ စိတ်ခံစားချက်ကို သူ့မျက်လုံးများမှ ခံစားနိုင်ပေလိမ့်မည် ။ဆိုလိုသည်မှာ အလွန်ဖိစီးမှုများနေခြင်းပင်။

IAAF စိန်အဆင့် ပြိုင်ပွဲကို လာမည့်လတွင် RB ၌ ကျင်းပမည်ဖြစ်သည်။ ကျန်းရှန်းက မည်သည့်အားကစားသမားများကို ပြိုင်ပွဲသို့ စေလွှတ်ရမည်ကို အကဲဖြတ်နေဆဲဖြစ်သည်။

အလွန်ထူးချွန်သော အားကစားသမားများ မရှိသဖြင့် ကောင်းမွန်သောရလဒ်များအတွက် မျှော်လင့်ချက်များစွာ ထားရဲခြင်းမရှိပေ။

အဝေးမှ ကျူကျင်းမင်းက ကျယ်လောင်စွာ အော်လိုက်သည်။

ကျန်းရှန်း လမ်းလျှောက်လာပြီး သူ့မျက်မှန်အမည်းကြီးကို ချွတ်လိုက်သည်။

သူ့မျက်နှာအမူအရာက ယခင်ကထက် များစွာ ကောင်းမွန်လာပြီး စိတ်အားထက်သန်စွာဖြင့် မေးလိုက်သည်။

"လောက်ကျူ....အချိန်ရလို့ ငါ့ဆီလာတာလား..."

ကျူကျင်းမင်က ပထမဦးစွာ ရန်ကျားကျီကို မိတ်ဆက်ပေးပြီးနောက်

"သွားကြစို့…မင်းရုံးခန်းကို သွားကြမယ်..ဒီတစ်ခါ မင်းဧည့်ခံရမယ်" ဟု အကြံပြုလိုက်သည်။

ကျန်းရှန်း အနည်းငယ် သိချင်စိတ်ပြင်းပြသွားသည်။

"မင်းအတွက်ဆိုရင် ဒါက ကြီးမားတဲ့ကိစ္စပဲ…မင်းရယ်မောရင်း အိပ်ပျော်သွားတာကိုပဲ စောင့်တော့… ဒီတစ်ခါ …ငါ့ကို ကောင်းကောင်းကျေးဇူးတင်ရမယ်.."

ရုံးခန်းထဲသို့ ဝင်ပြီးနောက် ကျူကျင်းမင်သည် ကျယ်လောင်စွာ ပြောလိုက်သည်။

"လောက်ကျန်း…မင်းရဲ့ အကောင်းဆုံးလက်ဖက်ရည်ကို ထုတ်ပြီး ချက်ပါဦး… ဒီတစ်ခါ ကပ်စေးနဲလို့မရဘူး… အကောင်းဆုံး လက်ဖက်ရည်ဖြစ်ရမယ်..မဟုတ်ရင် ငါမပြောဘူး…"

ကျန်းရှန်း ပို၍ သိချင်စိတ်ပြင်းပြလာပြီး

"ဘာဖြစ်တာလဲ…လျှို့ဝှက်မထားနဲ့" ဟု မေးလိုက်သည်။

ကျူကျင်းမင်၏ မျက်နှာအမူအရာလေးနက်လာပြီး ပြောလိုက်သည်။

"ငါတို့က အားကစားမှာ ပါရမီရှင်တစ်ဦးကို ရှာတွေ့ခဲ့တယ်… မူလက သူ့ကို ငါတို့ အလေးမအဖွဲ့ထဲ ခေါ်ယူဖို့ ရည်ရွယ်ခဲ့တာ… ဒါပေမဲ့ သူက ပြေးခုန်ပစ်မှာ ပိုပြီး အားကစားဆန်တယ်….ငါက လောက်ရန်ကို သူ့အပေါ် စမ်းသပ်မှုများစွာ လုပ်ခိုင်းခဲ့တယ်… ဒါက သူ့ရဲ့ စမ်းသပ်မှုအစီရင်ခံစာ…"

အစီရင်ခံစာကို ရရှိပြီးနောက် ကျန်းရှန်း ကြည့်ရှုလိုက်သည်။

“ ဘာလဲဟ…”

"ပြိုင်ပွဲတိုင်းမှာ ကမ္ဘာ့စံချိန်ကို ချိုးနိုင်တဲ့ ဒီလိုလူမျိုး တကယ်ရှိတာလား…"

"ဟုတ်တယ်... ငါကိုယ်တိုင် စမ်းသပ်မှု့ကို မစီစဉ်ခဲ့ရင် ငါ လည်း …ယုံမှာ…မဟုတ်ဘူး…ဒါ.... အိပ်မက်တစ်ခုလိုပါပဲ.."

"ဒါရိုက်တာရန်...ဒီကိစ္စကို လုံးဝဟာသလုပ်လို့မရဘူး... ဒီစမ်းသပ်မှု အချက်အလက်တွေက တကယ်မှန်ကန်ပြီး ယုံကြည်စိတ်ချရရဲ့လား..."

ကျန်းရှန် မယုံကြည်နိုင်စွာ ထပ် မေးလိုက်သည်။

“ လုံးဝ…စစ်မှန်ပါတယ်….ငါအာမခံတယ်… “

ရုတ်တရက် ကျန်းရှန်း အားရပါးရ ရယ်မောလိုက်သည်။ ရယ်မောပြီးနောက် သူ၏မျက်လုံးများမှာ စိုစွတ်လာသည်။

သူတို့ နိုင်ငံမှ ကစားသမားက ပြေးခုန်ပစ်တွင် ပါဝင်ခဲ့ပြီး နိုင်ငံတကာအပြေးပြိုင်ပွဲ၌ ရွှေတံဆိပ်ဆွတ်ခူးရန် အိပ်မက်မက်ခဲ့သည်။

ယခု သူ၏အိပ်မက်က အမှန်တကယ်ဖြစ်လာနိုင်တော့မည်။

အပြေးပြိုင်ပွဲသာမက အခြားပြိုင်ပွဲများတွင်ပါ ရွှေတံဆိပ်များ ဆွတ်ခူးနိုင်ပြီး ကမ္ဘာ့စံချိန်များကို ချိုးဖျက်နိုင်တော့မည်။

သူ့ရဲ့စိုစွတ်သော မျက်လုံးများကို သုတ်လိုက်ပြီး ကျန်းရှန်း စမ်းသပ်မှု့ အစီရင်ခံစာကို ကိုင်ကာ ထရပ်ပြီး ပြောလိုက်သည်။

"မင်းတို့နှစ်ယောက် ဒီမှာထိုင်နေကြဦး... ငါ ဒီကိစ္စကို အထွေထွေအုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်ထံ သတင်းပို့လိုက်အုံးမယ်..."

ပြောပြီးနောက် သူ ထွက်ခွာသွားတော့သည်။

မျှော်လင့်ထားသည့်အတိုင်းပင်။

ချန်းဟူ မကြာမီ အကြောင်းကြားစာကို လက်ခံရရှိကာ ပြေးခုန်ပစ်အဖွဲ့သို့ သတင်းပို့ရန် ပြင်ဆင်တော့သည်။ မထွက်ခွာမီ သူ လျူယောင်ထံသို့ လာရောက်နှုတ်ဆက်ခဲ့သည်။

"သူဋး.. ကျွန်တော် မြို့တော်ကို သွားတော့မယ်..."

လျူယောင် အလွန်ပျော်ရွှင်နေပြီး သူ့ပခုံးကို ညင်သာစွာ ပုတ်ကာ ပြောလိုက်သည်။

"ပြေးခုန်ပစ်အဖွဲ့ထဲ ရောက်ပြီးနောက် ကောင်းကောင်း လေ့ကျင့်ပါ..ရွှေတံဆိပ်အချို့ ယူခဲ့ပါ... ငါ့ကို မရှက်စေနဲ့..."

ချန်းဟူ သူ့. ရင်ဘတ်ကို ပုတ်ကာ အာမခံ ပြောလိုက်၏။

"စိတ်မပူပါနဲ့ သူဋေး...သူဋေးအတွက် ဂုဏ်ယူစေရမှာပါ.. သူဋေးရဲ့ ယာဉ်မောင်းက ရွှေတံဆိပ်ဆွတ်ခူးနိုင်ပြီး ကမ္ဘာ့စံချိန်ကို ချိုးနိုင်တယ်ဆိုတာကို ကျွန်တော့်ရလဒ်တွေနဲ့ လူတိုင်းကို ပြမယ်..."

စကားအနည်းငယ် ပြောဆိုပြီးနောက် ချန်းဟူ နူတ်ဆက်လိုက်သည်။

"သူဋေး ကျွန်တော် ပြေးခုန်ပစ်အဖွဲ့ကို ခဏသွားတော့မယ်...တစ်နှစ်လောက်တော့ ကြာမှာပဲ... သူဋေးမှာ ယာဉ်မောင်းနဲ့ ကိုယ်ရံတော် မရှိလို့မရဘူး... ကျွန်တော့်မှာ ရဲဘော်ဟောင်းနှစ်ယောက် ရှိတယ်...သူတို့အားလုံး ကောင်းကြပါတယ် ..."

လျူယောင် ချက်ခြင်း ပြန်ဖြေလိုက်သည်။

"သူတို့ကို အကြောင်းကြားလိုက်ပါလား...လာပြီး သတင်းပို့ဖို့...လစဉ်လစာ ၅၀၀၀၀ ယွမ်အောက် မလျော့စေရဘူး..အမျိုးမျိုးသော ဆုကြေးတွေလည်း မလျော့စေရဘူးလို့...."

ချန်းဟူရဲ့လက်ရှိလစဉ်လစာ ၁၀၀၀၀၀ ဖြစ်ပြီး ချန်းဟူ ရဲ့ မျက်နှာကို လျူယောင် ထောက်ထား၍ ရောက်ခါစ သူ့ရဲဘော်ဟောင်းနှစ်ဦးကို ၅၀၀၀၀ နဲ့ ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

" ကျေးဇူးတင်ပါတယ် သူဋေး....ကျေးဇူးတင်ပါတယ်.."

သူ့ရဲဘော်ဟောင်းနှစ်ဦးကိုယ်စား လျူယောင်ကို ချန်းဟူ ကျေးဇူးတင်လိုက်သည်။

All Chapters