← Chapters

" ဘဝဆိုတာ ဒီလိုမျိုး ဇာတ်လမ်းတွေနဲ့ ပြည့်နှက်နေတာပဲ "

Vol. 13 Ch. 182

" ဘဝဆိုတာ ဒီလိုမျိုး ဇာတ်လမ်းတွေနဲ့ ပြည့်နှက်နေတာပဲ "

Vol. 13 Ch. 182

လေဆိပ်သို့ ချန်းဟူ သွားနေသည်။ လေယာဉ်ကနံနက် ၁၀:၁၅ တွင် ထွက်ခွာမည်ဖြစ်သည်။

ဒါက လျူယောင် အထူးမှာကြားပြီး စီစဉ်ပေးထားတဲ့ ကားကြီးတစ်စီးဖြစ်ပြီး ယာဉ်မောင်းမှာ ကတုံးဆံပင်ညှပ်ထားသော လူငယ်တစ်ဦး ဖြစ်သည်။

Global က ခန့်အပ်ထားသော လုံခြုံရေးအစောင့်များနှင့် ယာဉ်မောင်းများကအခြေခံအားဖြင့် စစ်မှုထမ်းဟောင်းများ ဖြစ်ကြသည်။

ချန်းဟူ မိုဘိုင်းဖုန်းကို ကိုင်ကာ သူ့ ရဲဘော်ဟောင်း ဟီချန်းထံသို့ ဖုန်းခေါ်ဆိုလိုက်သည်။

" ဟေး..ဟီချန်း ...မင်း... အခု... ဘယ်လိုနေလဲ.."

ဟီချန်း၏အသံက ဖုန်းထဲမှ ထွက်ပေါ်လာခဲ့သည်။

"ဒီလိုပဲ...အစားအသောက်တော့ မငတ်ဘူး... ဒါပေမဲ့ ချမ်းသာမှာတော့ မဟုတ်ဘူးကွာ...ငါ မင်းကို အားကျတယ်...တစ်လကို ၁၀၀၀၀၀ ရပြီး ငါက ၅၀၀၀ အောက်ပဲ ရတယ်...."

ချန်းဟူ ပျော်ရွှင်စွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။

"ရဲဘော်ဟောင်း... ငါတို့က အထူးတပ်ဖွဲ့တွေကနေ အနားယူထားသူတွေပဲ...တစ်လကို လေးငါးထောင်ရတာ တကယ်ကို နည်းလွန်းတယ်...ငါ့မှာ တစ်လကို ၅၀၀၀၀ ရတဲ့ အလုပ်တစ်ခုရှိတယ်...မင်း လုပ်ချင်လား..."

"ဘာ...မင်းတကယ်ပြောတာလား..."

"လုပ်မှာပေါ့ကွ... "

"ဒီလိုကောင်းတာမျိုး ရှိတယ်လား.. ငါလုပ်မှာပေါ့သေချာပေါက် လုပ်မှာ....ငါ ချက်ချင်း အလုပ်ထွက်လိုက်မယ်..."

သူက အခု ကြယ်ပွင့်အဆင့် ဟိုတယ်တစ်ခုတွင် လုံခြုံရေးအစောင့်အဖြစ် လုပ်ကိုင်နေပြီး တစ်လကို ၄၀၀၀ မှ ၅၀၀၀ ယွမ်သာ ရသည်။

သူ လစာနည်းတယ်လို့ ခံစားရသည်။ တစ်လကို ၅၀၀၀၀ ယွမ်ရတာကို ကြားသောအခါ ဟီချန်း အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။

"ဒါဆို အမြန်ဆုံး လာပြီး သတင်းပို့ပါ... ဟွာဟိုင်းမြို့က Global ကုမ္ပဏီမှာ...ငါ့ ...သူဋေးအတွက် ယာဉ်မောင်း ဒါမှမဟုတ် ကိုယ်ရံတော်အဖြစ် လုပ်ရမယ်..."

ချန်းဟူ ပြန်ပြောလိုက်သည်။

"ကောင်းပြီ...ငါ... ချက်ချင်းလာခဲ့မယ်..."

ဟီချန်း ဖုန်းချပြီးနောက် ချန်းဟူ အခြားရဲဘော်ဟောင်းကျိန့်ကန်းကို ဖုန်းခေါ်ဆိုလိုက်သည်။

ကျိန့်ကန်း၏ အခြေအနေ က ပို၍ဆိုးသည်။

သူက ရပ်ကွက်တစ်ခုတွင် လုံခြုံရေးအစောင့်အဖြစ်သာ လုပ်ကိုင်နေရသည်။ လုံခြုံရေးအစောင့် ခေါင်းဆောင်အဖြစ်ပင် တစ်လကို သုံးလေးထောင်သာ ရသည်။

ထို့အပြင် သူတွင် ဝန်ထုပ်ဝန်ပိုးများစွာ ရှိ၏။

လွန်ခဲ့သောနှစ်နှစ်က. ကျိန့်ကန်း လက်ထပ်ခဲ့သည်။ လွန်ခဲ့သောလအနည်းငယ်တွင် သူ့ဇနီးသည်က သူ့အတွက် သားတစ်ဦးကို မွေးဖွားပေးခဲ့တာကြောင့် သူ၏အသုံးစရိတ်များ ပိုတိုးလာခဲ့သည်။

ကလေးအနှီး၊ နို့မှုန့် စသည်တို့မှာ တစ်လကို တစ်ထောင်ကျော် ကုန်ကျသည်။ သုံးဦးရှိသော မိသားစု၏ ဘဝက အလွန်ခက်ခဲလှသည်။

ယနေ့ ကျိန့်ကန်းက အနားယူနေပြီး အိမ်တွင် သန့်ရှင်းရေးလုပ်နေသည်။

သူ့ဇနီးသည်က လသားအရွယ်ကလေးကို နို့တိုက်နေစဉ် မေးလိုက်သည်။

"ယောကျ်ား... ငါတို့မှာ ယွမ် ၅၀၀ ကျော်ပဲ ကျန်တော့တယ်... ရှင့်လစာ ဘယ်တော့ ရမှာလဲ..."

ကျိန့်ကန်း ညင်သာစွာ သက်ပြင်းချလိုက်ပြီး ပြန်ဖြေလိုက်သည်။

"မကြာခင် ရတော့မှာပါ...နောက်ထပ် တစ်ပတ်ပဲ လိုတော့တယ်...."

"အချစ်...ကျွန်မ အပြင်ထွက်ပြီး အလုပ်တစ်ခု ရှာကြည့်ရမလား..."

"မင်း အလုပ်သွားရှာရင် ငါတို့သားလေးကို ဘယ်သူ စောင့်ရှောက်ပေးမှာလဲ.. ဒီလိုလုပ်....ငါ့ရဲ့ အငြိမ်းစားလစာထဲကနေ အချို့ယူပြီး ခနသုံးလိုက်ပါ..." လို့ ကျိန့်ကန်း ပြောလိုက်သည်။

"အချစ်... အဲဒီပိုက်ဆံကို သုံးလို့မရဘူးလေ... အိမ်ဝယ်ဖို့အတွက် စုမယ်လို့ ငါတို့ သဘောတူထားတာ..."

"ဒါဆို ငါတို့ ဘာလုပ်သင့်လဲ...."

သူက သန်မာတဲ့ ယောက်ျားတစ်ဦး ဖြစ်ပြီး ယခင်က စစ်သားဘုရင်တစ်ဦးဖြစ်သော်လည်း ဘဝက ထိုအခြေအနေသို့ ရောက်အောင် တွန်းပို့ခဲ့သည်။သူ တကယ်ကို အသုံးမကျဘူးလို့ ကျိန့်ကန်း ခံစားခဲ့ရသည်။

ထိုအချိန် ဖုန်းဝင်လာ၍ ကျိန့်ကန်း ကိုင်လိုက်ရာ ချန်းဟူ၏အသံက ထွက်ပေါ်လာသည်။

" ဟေး ..ရဲဘော်ဟောင်း...မင်းအခုဘာတွေလုပ်နေလဲ.. "

ကျိန့်ကန်း သက်ပြင်းချလိုက်ပြီး ပြန်ဖြေလိုက်သည်။

"အိုး.ငါ့ ဘဝက...အခု.. ခက်ခဲတယ်...ငါ ရပ်ကွက်ထဲမှာ လုံခြုံရေးအစောင့်အဖြစ် လုပ်နေတုန်းပဲ...တစ်လကို သုံးလေးထောင်ပဲ ရတယ်..."

"ဒီလိုပါကွာ...ငါတို့ရဲ့...သူဋေးက... ကိုယ်ရံတော်နဲ့ ယာဉ်မောင်းတွေ လိုလို့...ငါက မင်းနဲ့ လောက်ဟယ်ကို အကြံပြုခဲ့တယ်... မင်းလာချင်လား... လစာက တစ်လကို ယွမ် ၅၀၀၀၀ .ရမယ်.. ဆုကြေးအချို့နဲ့ အခြားအရာတွေ အပါအဝင် တစ်နှစ်တာ ဝင်ငွေက တစ်သန်းလောက်တော့ ပြဿနာမရှိနိုင်ဘူး"

ချန်းဟူ ရှင်းပြလိုက်သည်။

" ဘာ ..."

ကျိန့်ကန်း သူ မှားယွင်းစွာ ကြားမိတာလို့ ထင်ပြီး အသံကျယ်ကျယ်ဖြင့် ထပ်မေးလိုက်သည်။

" မင်းတကယ်ပြောနေတာလား...ငါ့ကို..မညာပါဘူးနော်.."

"ဟုတ်တယ်... တစ်လကို ၅၀၀၀၀... မင်း ကောင်းကောင်းလုပ်နိုင်ရင် ပိုပြီးထည့်ပေးနိုင်တယ်... အနာဂတ်မှာ တစ်လကို ၈၀၀၀၀ ဒါမှမဟုတ် ၁၀၀၀၀၀ လည်းဖြစ်နိုင်တယ်..."

ကျိန့်ကန်း ချက်ချင်းပဲ ဝမ်းသာအားရဖြစ်သွားသည်။

"ငါ လုပ်ချင်တယ်... လုပ်ချင်ပါတယ်...ငါ.. ဘယ်အချိန်မဆို ....လာနိုင်ပါတယ်..."

" အင်း...စောနိုင်သမျှ စောလေကောင်းလေပဲ...မင်း လာရောက်သတင်းပို့တာနဲ့ ယွမ် ၃၀၀၀၀ နေရာချထားစရိတ် ရလိမ့်မယ်..."

"ကောင်းပြီ....ငါ ချက်ချင်းလာခဲ့မယ်"

ဖုန်းပြောပြီးနောက် ကျိန့်ကန်း သူ့ဇနီးကို ဝမ်းသာအားရ ပြောလိုက်သည်။

"အချစ်...ငါတို့ ချမ်းသာတော့မယ်...နောက်ဆုံးတော့ ...ငါတို့ ဘဝပြောင်းလဲတော့မယ်ကွ..."

ကျိန့်ကန်း ခုနက ဖုန်းပြောခဲ့တဲ့ ကိစ္စကို အတိုချုပ် ပြောပြလိုက်သည်။

"ယောကျ်ား၊ ကျွန်မ..."

သူ့ရဲ့ဇနီးမှာ ပျော်ရွှင်စွာဖြင့် မျက်ရည်ကျလာပြီး ခက်ခဲသောအချိန်များကို သည်းခံခဲ့ရပြီး ယခု နောက်ဆုံးတွင် သူမ၏နေ့ကို ရောက်ရှိလာခဲ့ပြီလေ။

ကျိန့်ကန်း သူ့ဇနီး၏ ပါးပြင်ပေါ် မျက်ရည်များကို ညင်သာစွာ သုတ်ပေးလိုက်ပြီး သူက စိတ်ထဲတွင် သက် ပြင်း ချလိုက်ကာ

"ဟူး...ဘဝဆိုတာ တကယ်တော့ ဒီလိုမျိုး ဇာတ်လမ်းတွေနဲ့ ပြည့်နေတာပဲ..." လို့ တွေးလိုက်သည်။

……

လျူယောင်နှင့် လီချန်လဲ့တို့က ရိုးရိုးသားသား ချစ်သူစုံတွဲများကဲ့သို့ လက်ချင်းတွဲ၍ ဈေးဝယ်နေကြသည်။

လီချန်လဲ့က ခန္ဓာကိုယ်လှပပြီး ရုပ်ရည်ကောင်းမွန်သဖြင့် ပြန်လှည့်ကြည့်သူနှုန်းမှာ အလွန်မြင့်မားသည်။

"ကြည့်ပါဦး... အလှလေးပါလား..."

"ရည်းစားရှိနေတာကတော့.. စိတ်မကောင်းစရာပဲ..."

သူမက အမြဲတမ်း လူငယ်လေးအချို့၏ အာရုံကို ဖမ်းစားနိုင်ကာ လီချန်လဲ့၏ အလှကို အံ့ဩရင်း ခိုးကြည့်လေ့ရှိသည်။

"လဲ့လဲ့... တစ်ယောက်ယောက်က မင်းကို အမြဲတမ်း တိတ်တိတ်လေး ကြည့်နေတယ်ကွာ..."

လီချန်လဲ့ ရယ်လိုက်ပြီး ပြောလိုက်သည်။

"ဟီး…အစ်ကိုယောင်...ရှင် သဝန်တိုနေတာ မဟုတ်လား..."

"ငါ့ရည်းစားက လှနေတော့ ငါပျော်တာပေါ့...လာဦး...အရင်နမ်းလိုက်ဦးမယ်...မင်းက ငါ့ရဲ့ပိုင်ဆိုင်မှု့ဆိုတာ...သူတို့ သိစေရအောင်..."

လီချန်လဲ့ကို ညင်သာစွာ ဆွဲလိုက်ကာ လျူယောင် ညင်သာစွာ နမ်းလိုက်သည်။

"အို... လူတွေ အများကြီးပဲဟာ" လီချန်လဲ့

ရှက်ရွံ့စွာဖြင့် ညင်သာစွာ တွန်းလိုက်သည်။

အဝေးတွင် လီချန်လဲ့ကို တိတ်တိတ်လေး စိုက်ကြည့်နေသော ထိုလူများက ဒဏ်ရာများစွာ ရရှိခဲ့ကြသည်။

"လဲ့လဲ့...ကိုယ်တို့.... ဒီည ဟီလ်တန်ဟိုတယ်ကို သွားရအောင်..အဲဒီက သမ္မတခန်းက ..အရမ်း..လှတယ်..."

"အို... တိုးတိုးပြောပါ..တခြားသူတွေ ကြားကုန်လိမ့်မယ်...."

"လဲ့လဲ့... မင်း သဘောတူလား.." လျူယောင် တိုးတိုးလေး ပြောလိုက်သည်။

"အဲဒီအချိန်ကျမှ ပြောကြတာပေါ့...ကျွန်မစိတ်ခံစားချက်ပေါ် မူတည်ပြီးတော့လေ...."

လီချန်လဲ့ ပြုံးပြီး ပြန်ပြောလိုက်သည်။

နှစ်ယောက်သား အနီးကပ် ထိုင်လိုက်ကာ အချိန်တိုင်း စကားပြောပြီး ရယ်မောနေကြသည်။

ရည်းစားမရှိသောသူများအတွက် ဒါက ခွေးစာ ကျွေးနေသလိုအချစ်တွေ ပြည့်နှက်‌နေတာကြောင့် အချို့လူများက သေလုနီးပါး အားကျနေကြသည်။

.....

တရုတ်နိုင်ငံရှိ လေယာဉ်စက်ရုံတစ်ခုတွင်....

စက်ရုံ၏ အင်ဂျင်နီယာချုပ် ဆွန်ကျန့်နှင့် အခြားသူများ လိုက်ပါလာပြီးနောက် စစ်သားအုပ်စုတစ်စုလည်း လာရောက်လည်ပတ်နေကြသည်။

သူတို့၏ရှေ့တွင် ယန်နိုင်ငံက ပြုလုပ်ထားတဲ့ စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ် အသစ်တစ်စီး ရှိနေသည်။

ဟွာဟိုင်းမြို့လုံခြုံရေးဌာန၏ တာဝန်ခံ ချန်းလီလည်း ထိုလူအုပ်စုတွင် ပါဝင်ပေသည်။

စစ်သားများကလည်း ရာထူးနိမ့်သူများ မဟုတ်ဘဲ အများစုမှာ ကျောင်းအရာရှိများ ဖြစ်ကြသည်။

ဆွန်ကျန့် က လူတိုင်းကို လိုက်လံပြသပြီး ဤစစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်ကြီး၏ အခြေအနေကို ကိုယ်တိုင် မိတ်ဆက်ပေးခဲ့သည်။

ဘေးနားမှ လူများက ဂရုတစိုက် နားထောင်ကြပြီး သူတို့၏စိတ်ထဲတွင် ဂုဏ်ယူဝံ့ကြွားမှု့များ ရုတ်တရက် တိုးလာခဲ့သည်။

ချန်းလီအတွက်လည်း အလားတူပင် ကျွန်ုပ်တို့နိုင်ငံတွက် ထိုကဲ့သို့သော စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်ကြီးကို ကိုယ်တိုင်ဒီဇိုင်းဆွဲကာ ထုတ်လုပ်နိုင်ခဲ့ခြင်းကို ဂုဏ်ယူမိသည်။

ကျွန်ုပ်တို့တွင် ကိုယ်ပိုင်ဒီဇိုင်းဆွဲပြီး ထုတ်လုပ်သော သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်ခု နောက်ဆုံးတွင် ရှိလာခဲ့တာကြောင့် ပြည်ပမှတင်သွင်းမှု့အပေါ် မှီခိုနေရန် မလိုတော့ပေ။

လည်ပတ်ပြီးနောက် လူအများအပြား ထွက်ခွာသွားကြပြီး စစ်တပ်သို့ ပြန်သွားခဲ့ကြသည်။ ချန်းလီက အလျင်စလို ထွက်ခွာမသွားခဲ့ပေ။

သူနှင့် ဆွန်ကျန့်တို့က သူငယ်ချင်းဟောင်းများဖြစ်ကြကာ ဆက်ဆံရေးကောင်းမွန်သည်။

အမှန်ပါပဲ သူတို့ နှစ်ယောက်တည်း ထိုင်ပြီး စကားပြောချင်ခဲ့ကြသည်။

ရုံးခန်းထဲတွင်....

ဆွန်ကျန့် အလွန်စိတ်အားထက်သန်ပြီး ပြောလိုက်သည်။

"လောက်ချန်း... ငါတို့ ဒီလို အတူထိုင်ပြီး စကားပြောဖို့ အခွင့်အရေးရတာ ရှားတယ်ကွ..."

ဆွန်ကျန့်လည်း သက်ပြင်းချပြီး ပြောလိုက်သည်။

"ဟုတ်တယ်... ငါတကယ်အလုပ်များနေတယ်... ငါ တစ်နေ့ကို နှစ်နာရီအဖြစ် နားနိုင်ရင် ကောင်းမယ်လို့ ဆုတောင်းမိတယ်... နှစ်ပေါင်းများစွာ ကြိုးစားပြီးနောက် ငါတို့ရဲ့ စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်ကြီးက နောက်ဆုံးတော့ အခြေခံအားဖြင့် အောင်မြင်သွားပြီ..."

ချန်းလီ သက်ပြင်းချပြီး ပြန်ပြောလိုက်သည်။

"မပြည့်စုံသေးတဲ့ နယ်ပယ်တွေ အများကြီးရှိနေတာကို တိုးတက်အောင် လုပ်ရမလား...ငါတို့နိုင်ငံရဲ့ နည်းပညာက အခြေခံအားဖြင့် ရင့်ကျက်နေပြီလို့ ငါထင်ထားတာ...."

All Chapters