" C 17 စစ်ဘက် သယ်ယူပို့ဆောင်ရေး လေယဥ်ပျက် "
Vol. 13 Ch. 183
ဆွန်ကျန့် ခေါင်းကို ညင်သာစွာ ခါလိုက်သည်။
"ပထမဆုံး ပျံသန်းမှု့က နှစ်နှစ်အကြာမှာ အောင်မြင်ခဲ့ပြီး အခုတော့ အသေးစားထုတ်လုပ်မှု့တွေ လုပ်နေပြီ.... ဒါပေမဲ့ တိုးတက်ဖို့နဲ့ ပြုပြင်ပြောင်းလဲဖို့ နေရာတွေ အများကြီး ရှိသေးတယ်.... နောက်ထပ် ဆယ်နှစ်လောက်... တိုးတက်ပြည့်စုံအောင် ဆက်ပြီး လုပ်ရအုံးမယ်...."
"နောက်ထပ် ဆယ်နှစ်လောက် ဆက်ပြီး တိုးတက်ပြည့်စုံအောင် လုပ်ရဦးမှာလား..."
ချန်းလီ တိတ်တိတ်လေး အံ့အားသင့်သွားသည်။
ကောင်းမွန်သော စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်ကြီးကို ထုတ်လုပ်ရန်မှာ လွယ်ကူတဲ့ အလုပ် မဟုတ်သည်မှာ သေချာသည်။ မျိုးဆက်တစ်ခု သို့မဟုတ် မျိုးဆက်နှစ်ခု၊ သုံးခုအထိ ဆက်လက်ကြိုးစားအားထုတ်ရန် လိုအပ်သည်။
ဆွန်ကျန့်ကို လေးစားစွာ ချန်းလီ ကြည့်လိုက်သည်။
ဤဇွဲနှင့် ခံနိုင်ရည်ရှိသော စိတ်ဓာတ်က တကယ် လေးစားစရာကောင်းလှ၏။
"ဆွန်ဟောင်း... ငါတို့ရဲ့ စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်ကြီး တိုးတက်ပြီး ပြည့်စုံလာပြီးရင် M နိုင်ငံရဲ့ C-17 သယ်ယူပို့ဆောင်ရေးလေယာဉ်နဲ့ ယှဉ်နိုင်မှာလား..."
"အင်း"
"ယှဉ်လို့မရဘူး..."
ဆွန်ကျန့် ညင်သာစွာ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
"ငါတို့ရဲ့ အခြေခံက အရမ်းအားနည်းတယ်...နည်းပညာစုဆောင်းမှု့က မလုံလောက်ဘူး...ဒီစစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်ကြီးကို ထုတ်လုပ်ဖို့ဆိုတာ မလွယ်ကူဘူး...M နိုင်ငံရဲ့ C-17 နဲ့ ယှဉ်ရင်တော့ ငါတို့ရဲ့ နည်းပညာကွာဟချက်က အတော်လေး လိုနေသေးတယ်..."
"ကွာဟချက်က ...အတော်လေး ...လိုနေသေးတယ်..."
ချန်းလီ အနည်းငယ် အံ့အားသင့်သွားသည်။
သူက ဤနယ်ပယ်တွင် ကျွမ်းကျင်သူမဟုတ်ပေ။ စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်ကြီးတွင် ကျွန်တော် တို့နှင့် M နိုင်ငံကြား နည်းပညာကွာဟချက်က ထိုမျှမကြီးလောက် ဟု ထင်ခဲ့သည်။
" M နိုင်ငံက... စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်ကြီးမှာ ဒီလောက်ကောင်းတဲ့ နည်းပညာတွေ... ရှိတာဆိုတော့ ....သူတို့ရဲ့ နည်းပညာတွေကို လေ့လာနိုင်မယ်ဆိုရင် ....ကောင်းမှာပဲ..."
ချန်းလီ အကြံပြုလိုက်သည်။
"ခက်တယ်....ဒါက အရမ်းခက်တယ်...."
"လုံးဝမဖြစ်နိုင်ဘူး...."
ဆွန်ကျန့် ပြန်ဖြေလိုက်သည်။
"ဒါက အခြေခံအားဖြင့် မဖြစ်နိုင်ဘူး...လေ့လာနိုင်ဖို့ဆိုတာ ...ဘယ်လိုမှ... မဖြစ်နိုင်သလောက်ပဲ...."
"ငါ အမြဲတမ်းတွေးနေတာက အမ်နိုင်ငံကနေ C-17 သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်း ရနိုင်မယ်ဆိုရင် ဖြုတ်ပြီး သေချာလေ့လာနိုင်မယ်ဆိုရင် ကောင်းမှာပဲ...ဒါပေမဲ့ ဒါက ဆန္ဒတစ်ခုပဲ"
"C-17 သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်းကို သုတေသနလုပ်ဖို့ ဖြုတ်ပြီး တည်ဆောက်ဖို့ မပြောနဲ့... C-17 သယ်ယူပို့ဆောင်ရေးလေယာဉ်ပေါ် တက်ရောက်ပြီး လည်ပတ်နိုင်ရင်တောင် ငါ ကျေနပ်ပြီကွာ..."
ဆွန်ကျန့် ခေါင်းခါပြီး ဝမ်းနည်းစွာ ပြုံးလိုက်သည်။
"C-17 သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်း ရှိရင်တော့ ကောင်းတာပေါ့…"
ဒါက အသင့်ပြုလုပ်ထားတဲ့ အိမ်စာများကို ကူးယူခြင်းကို ဆိုလိုသည်။
မူရင်းဗားရှင်းမှ ကူးယူခြင်းမရှိလျှင်တောင် ၎င်းမှ လေ့လာနိုင်သည်။
သူက ခက်ခဲမှာကို သိသော်လည်း ဒီလောက်ခက်ခဲလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပေ။
သူများ နိုင်ငံ၏ စစ်လေယာဉ်ပေါ်တက်ရောက်ပြီး လည်ပတ်နိုင်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ပေ။
........
လျူယောင် ကော်ဖီတစ်ခွက်ဖျော်ကာ သူဋေးကုလားထိုင်ပေါ်တွင် ထိုင်၍ စဉ်းစားနေသည်။
"C-17 စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်ကို လိပ်ကြီးက ရေတိမ်ပိုင်းပင်လယ်ကို ရွှေ့ထားပြီးခဲ့သည်။ ရေအနက်က မီတာ ၁၀၀ ကျော်ပဲ ရှိတာကြောင့် ဆယ်ဖို့အတွက် အခက်အခဲ မရှိလောက်ပေ။
"ပြန်ဆယ်သင့်လား....."
"ဆယ်ပြီးနောက် ကိုယ့်လက်ထဲမှာ ခေတ္တသိမ်းဆည်းထားရမလား ဒါမှမဟုတ် စစ်တပ်ကို ပေးအပ်ရမလား..."
လျူယောင် သူကိုယ်တိုင် တိတ်တိတ်ဆိတ်ဆိတ် များစွာ စဉ်းစားခဲ့သည်။
"သူဋေး...လိုချင်တဲ့ကားကို စီစဉ်ပြီးပါပြီ...ကျွန်တော်တို့ အချိန်မရွေး ထွက်နိုင်ပါတယ်.."
လျူယောင် ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။
ခုနက တံခါးခေါက်ပြီး ဝင်လာသူက ဟီချန်းဖြစ်သည်။ သူနှင့် ကျိန့်ကန်းတို့က သတင်းပို့ပြီးတာကြောင့် အခု သူတို့က လျူယောင်၏ ကိုယ်ရံတော်နှင့် ယာဉ်မောင်း ဖြစ်နေသည်။
ချန်းလီထံသို့ လျူယောင် သွားရောက်လည်ပတ်တော့မည်။
လွန်ခဲ့သော နာရီဝက်က ချန်းလီ ကိုယ်တိုင် ဖုန်းခေါ်ဆိုကာ စစ်တပ်မှ ထုတ်ပေးတဲ့ ဆုချီးမြှင့်လက်မှတ် ရောက်ရှိလာပြီဖြစ်ကြောင်းနှင့် လာယူရန် ပြောလိုက်သည်။
ဟွာဟိုင်းမြို့၏ လုံခြုံရေးဌာနမှ လျူယောင်ကို ဆုချီးမြှင့်ခံရရုံသာမက ထိုကိစ္စကို စစ်တပ်သို့လည်း သတင်းပို့ခဲ့သည်။
စစ်တပ်မှ ဆုချီးမြှင့်မှု့က အနည်းငယ် နောက်ကျခဲ့သော်လည်း နောက်ဆုံးတွင် ရောက်ရှိလာကာ ချန်းလီက လျူယောင်အား လက်မှတ်ပေးအပ် မည် ဖြစ်သည်။
ကျိန့်ကန်းက ကားကြီးကို မောင်းနှင်ကာ ဟီချန်းနှင့်အတူ တွဲဖက်ယာဉ်မောင်း ဖြစ်သည်။
ချန်းလီ၏နေရာသို့ လျူယောင် ရောက်သွားခဲ့သည်။
လျူယောင်ရဲ့ ရောက်ရှိလာမှု့ကို ချန်းလီ စောင့်ဆိုင်းနေပြီး လက်ဖက်ရည်ပူပင် ကြိုတင်ဖျော်ထားခဲ့သည်။
နှစ်ယောက်သား တွေ့ဆုံပြီး ယဉ်ကျေးစွာ နှုတ်ဆက်စကား ပြောခဲ့ကြသည်။
ချန်းလီက စစ်တပ်မှ ချီးကျူးဂုဏ်ပြုလွှာကို လျူယောင်အား ပေးအပ်ပြီး သူ့ကို များစွာ ချီးကျူးခဲ့သည်။ ထို့နောက် နှစ်ယောက်သား ဆိုဖာပေါ်တွင် ထိုင်ကာ ပေါ့ပေါ့ပါးပါး စကားပြောကြသည်။
နှစ်ယောက်သားက တစ်ယောက်နှင့်တစ်ယောက် မစိမ်းကြတော့ဘဲ ဆွေးနွေးစရာ အကြောင်းအရာများစွာ ရှိနေကြသည်။
လွန်ခဲ့သောနှစ်ရက်က ပြည်တွင်းလေယာဉ်စက်ရုံသို့ ချန်းလီသွားရောက်လည်ပတ်ခဲ့တာကို ပြောပြလိုက်သည်။
"ငါတို့ ယန်နိုင်ငံက .... ပြုလုပ်ထားတဲ့ စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်ကြီး အသစ်အကြောင်း သွားရောက်လည်ပတ်ခဲ့ပြီး.... စိတ်သက်သာရာရသလိုတော့... ခံစားရတယ် ဒါပေမဲ့ နည်းပညာမှာ ကွာဟချက်ရှိနေတယ်..."
သူက စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်ကြီးအကြောင်း မိတ်ဆက်ပေးခဲ့သည်။
ထို့နောက် ညင်သာစွာ သက်ပြင်းချလိုက်ကာ ဆက်ပြောလိုက်သည်။
"အင်း...ငါတို့က လမ်းရှည်ချီတက်ပွဲရဲ့ ပထမဆုံးခြေလှမ်းကိုပဲ လှမ်းနိုင်သေးတယ်... M နိုင်ငံကို အမီလိုက်ဖို့ဆို...နောက်ထပ် အနှစ်နှစ်ဆယ်...သုံးဆယ်လောက် ကြာနိုင်တယ်...."
ချန်းလီက ထိုစစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်ကြီးအကြောင်း ပြောနေတာကို မြင်သောအခါ လျူယောင်ရဲ့ နှလုံးသားသည် အနည်းငယ် လှုပ်ရှားသွားသည်။
"M နိုင်ငံက C-17 စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်း ကျွန်တော် တို့မှာ ရှိမယ်ဆိုရင် M နိုင်ငံနဲ့.... နည်းပညာကွာဟချက်ကို ....များစွာ ကျဉ်းမြောင်းစေနိုင်မလား...."
လျူယောင် စမ်းသပ်မေးမြန်းလိုက်သည်။
"သေချာတာပေါ့"
"မစ္စလျူ ...ငါတို့မှာ C-17 စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်း ရှိမယ်ဆိုရင်...အဲဒါကို ကိုးကားပြီး သုတေသနလုပ်နိုင်တယ်.... ငါတို့ လမ်းလွဲတွေ အများကြီး ရှောင်နိုင်ပြီး နည်းပညာဆိုင်ရာ စိတ်ကူးစိတ်သန်းတွေ အများကြီး ရနိုင်တယ်... အကူအညီက ကြီးမားလိမ့်မယ်...."
"ကံမကောင်းစွာပဲ...ငါတို့အတွက် C-17 စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်း ရဖို့ဆိုတာ မဖြစ်နိုင်ဘူး... ဒါက ဆန္ဒတစ်ခုပဲ...M နိုင်ငံက လူတွေက C-17 သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်းကို ....ငါတို့ဆီ ရောင်းမှာ မဟုတ်ဘူး...."
"ဝယ်ချင်ရင်တောင် သူတို့က ရောင်းမှာ မဟုတ်ဘူး...."
ချန်းလီက ခါးသီးသောမျက်နှာဖြင့် ပြောလိုက်ပြီး ခေါင်းကို ညင်သာစွာ ခါလိုက်သည်။
လျူယောင် ဖြည်းညှင်းစွာ ပြောလိုက်သည်။
"ဒါရိုက်တာချန်း... ကျွန်တော်... ပင်လယ်ထဲမှာ စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်ကြီးတစ်စင်း တွေ့ခဲ့တယ်... အဲဒါ C-17 သယ်ယူပို့ဆောင်ရေးလေယာဉ်ပျက်တစ်စင်း ဖြစ်နိုင်တယ်... အခြေအနေ ကောင်းကောင်းနဲ့ ရှိနေတယ်...."
"ဘာ...."
"C-17 သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်းလား..."
ချန်းလီ၏မျက်နှာတွင် အံ့အားသင့်သော အမူအရာ ပေါ်လာပြီး သူ့အသိစိတ် ပြန်ဝင်လာပြီးနောက် သေချာအောင် ထပ်မေးလိုက်သည်။
"ဟာသလုပ်မနေပါနဲ့....မစ္စတာလျူ...ဘယ်လိုလုပ်လို့ C-17 သယ်ယူပို့ဆောင်ရေးလေယာဉ် ဖြစ်နိုင်မှာလဲ...ငါတို့သိသလောက်တော့ C-17 သယ်ယူပို့ဆောင်ရေးလေယာဉ်ပျက်ကျမှု့ မှတ်တမ်းမရှိလောက်ဘူး...."
လျူယောင် လေးနက်စွာ ပြောလိုက်သည်။
" M နိုင်ငံဘက်က ...အများပြည်သူကို....ဒီကိစ္စ ကြေညာမထားတာ ဖြစ်နိုင်ပါတယ်...ကျွန်တော် ထင်တာကတော့ C-17 သယ်ယူပို့ဆောင်ရေးလေယာဉ်ပဲ...."
"တကယ်လား"
"တကယ်ပဲ C-17 သယ်ယူပို့ဆောင်ရေးလေယာဉ်လား"
ချန်းလီ အနည်းငယ် စိတ်လှုပ်ရှားသွားပြီး ခဏစဉ်းစားပြီးနောက် မေးလိုက်သည်။
" မစ္စတာလျူ ...ဒီလေယာဉ်ကို ဘယ်မှာတွေ့ခဲ့တာလဲ...ဓာတ်ပုံတချို့ ရနိုင်မလား..."
အနီးစပ်ဆုံး တည်နေရာနဲ့ လေယာဉ်အခြေအနေကို လျူယောင် ပြောပြလိုက်သည်။
"ဓာတ်ပုံတချို့ ရိုက်ဖို့ မခက်ခဲပါဘူး...ကျွန်တော့်ကို ရက်အနည်းငယ်လောက် အချိန်ပေးပါ..."
"ကောင်းပြီ....မစ္စတာလျူဆီက...သတင်းကို စောင့်နေပါ့မယ်..."
ချန်းလီ ဆက်ပြောလိုက်သည်။
"တကယ်လို့ C-17 စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်ဆိုရင် .....မစ္စတာလျူ... တကယ့်ကို အကြီးစားအလုပ်တစ်ခု လုပ်ခဲ့တာပဲ....."
ချန်းလီ၏ ရုံးခန်းမှ ထွက်လာပြီးနောက် ဓာတ်ပုံအချို့ မည်သို့ရိုက်ရမလဲဆိုတာကို လျူယောင် စဉ်းစားနေသည်။
ရေအနက် မီတာ ၁၀၀ ကျော်က မခက်ခဲလောက်ပေ။
အကြီးမားဆုံးပြဿနာမှာ လေယာဉ်ထားရှိတဲ့ ရေတိမ်ပိုင်းပင်လယ်က အရှေ့တရုတ်ပင်လယ်တွင် တည်ရှိပြီး ဟွာဟိုင်းမြို့မှ ရေမိုင် ၅၀၀ မှ ၆၀၀ အထိ ဝေးလှသည်။
အပျော်စီးသင်္ဘောဖြင့် သွားလျှင် အနည်းဆုံး တစ်နေ့တစ်ည ကြာလိမ့်မည်။
"ကိုယ့်ဘာသာ ရေကူးသွားရမလား...."
ဒီလိုအတွေးမျိုး သူ့စိတ်ထဲ ဝင်လာသည်နှင့် လျူယောင် စမ်းသပ်ကြည့်ရန် အသင့်ဖြစ်နေခဲ့သည်။
"လိပ်ကြီးက တန်ချိန် ၁၀၀ ကျော်ရှိနေတာကြောင့် ပင်လယ်ထဲမှာဆို... ရေကူးနှုန်းက ....ရေမိုင် ၂၀၀ ကျော် ရောက်နိုင်ပြီဆိုတော့ ငါဆိုရင်ရော...ဘယ်လောက်မြန်မြန် ရောက်နိုင်မလဲ"
လျူယောင် စိတ်ထဲကနေ တွေးလိုက်သည်။
အပျော်စီးသင်္ဘောနဲ့ မသွားပဲ ကိုယ့်ဘာသာ ရေကူးသွားရန် သူ ဆုံးဖြတ်လိုက်သည်။
မထွက်ခွာမှီ ကြိုတင်ပြင်ဆင်မှု့အချို့ လျူယောင် စတင်လုပ်ဆောင်တော့သည်။