" ရေအောက်တိုက်ပွဲ "
Vol. 13 Ch. 184
ရာဘာရေငုပ်ဝတ်စုံ ၊ရေအောက်မှာထွန်းနိုင်တဲ့ ဓာတ်မီး နဲ့ လုံခြုံရေးအတွက် လျူယောင် ဆုန်ခေတ် သယ်ယူပို့ဆောင်ရေးသင်္ဘောပေါ်တွင် သူတွေ့ရှိခဲ့သော ဓားမြှောင်ကို ကိုယ်တိုင်ကာကွယ်ရန် ယူဆောင်လာခဲ့ပြီး မလိုလားသောလူများနှင့် တွေ့ဆုံပါက သူတို့ကို သင်ခန်းစာအချို့ ပေးနိုင်ပေမည်။
"အရာအားလုံး အဆင်သင့်ဖြစ်နေပြီ...သွားဖို့ အသင့်ပဲ..."
နောက်တစ်နေ့ နံနက်စောစောတွင် လျူယောင် Big- G ကားကြီးကို မောင်း၍ ကုမ္ပဏီကို မဟုတ်ဘဲ ပင်လယ်ဘေးနားရှိ ဂိုဒေါင်ကြီးတစ်ခုသို့ သွားနေသည်။ နံနက် ကိုးနာရီ မတိုင်မီ ဂိုဒေါင်သို့ လျူယောင် ရောက်လာခဲ့သည်။
ကားကို ဂိုဒေါင်ထဲသို့ မောင်းသွင်းကာ တံခါးပိတ်ပြီးနောက် အောက်ဆီဂျင်ဘူးမပါဘဲ ရာဘာရေငုပ်ဝတ်စုံနှင့် ရေငုပ်မျက်မှန်ကို လျူယောင် ပြောင်းလဲဝတ်ဆင်လိုက်သည်။
ရေအောက်မှာ ထွန်းနိုင်တဲ့ ဓာတ်မီး ၊ ရေစိုခံကင်မရာနှင့် ဓားမြှောင်တစ်ချောင်းကို ယူဆောင်လာပြီး ဂိုဒေါင်မှ ပင်လယ်ထဲသို့ ဆင်းလိုက်သည်။
လျူယောင် ပင်လယ်ရေထဲသို့ ဆင်းပြီးနောက် ပစ်မှတ်ပင်လယ်ဧရိယာသို့ ဦးတည် ကူးခတ်လိုက်သည်။
"အံ့ဩစရာပဲ..."
လျူယောင် အားအနည်းငယ်စိုက်ရုံဖြင့် အကွာအဝေးများစွာကို ရေကူးနိုင်ပြီး နိုင်ငံတကာ နာမည်ကြီးရေကူးသမားများထက် များစွာမြန်နေတာကို တွေ့ရှိခဲ့သည်။
ဆက်လက်၍ အားအပြည့်ဖြင့် ရေကူးလိုက်ရာ လျူယောင်၏အမြန်နှုန်းသည် ရုတ်တရက် 100 နူန်းကျော်သွားပြီး ဓားငါးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။
လူ အချို့သာ ပင်လယ်ထဲတွင် ၁၀၀ နူန်း ဖြင့်ရေကူးနိုင်သည် ။
အခြားသူများသိရှိပါက သေချာပေါက် မယုံကြပေ။
လျူယောင်က ဒီအမြန်နှုန်းကို တကယ်ရောက်ရှိခဲ့သော်လည်း ဒါက သူ့ရဲ့အကန့်အသတ်လည်း ဖြစ်သည်။
လိပ်ကြီးကဲ့သို့ ၂၀၀ နူန်း ကျော် အမြန်နှုန်းသို့ ရောက်ရှိရန် မဖြစ်နိုင်ပေ။ လိပ်ကြီးက ဗီဇပြောင်းလဲသွားတဲ့ လိပ်တစ်ကောင်ပဲ ဖြစ်သည်။
"ဝိူး..မိုက်တယ်ဟ.."
"သခင်...ခဗျား.. ရောက်တော့မှာလား" ဟူသော လိပ်ကြီးရဲ့ အသံက လျူယောင့် စိတ်ထဲကနေ ပေါ်လာခဲ့သည်။
လိပ်ကြီးကို ဟွာဟိုင်းမြို့မှ ရေမိုင်ဆယ်နှင့်ချီဝေးသောနေရာတွင် စောင့်ဆိုင်းနေရန် လျူယောင် မှာထားတာကြောင့် လိပ်ကြီးက ထိုနေရာတွင် စောင့်ဆိုင်းနေပြီးသား ဖြစ်သည်။
လျူယောင် အရှိန်အပြည့်ဖြင့် ရှေ့သို့ တိုးသွားသည်။
ရေမိုင် ဆယ်မိုင်ကျော် ရေကူးပြီးနောက် လျူယောင် အန္တရာယ်ကို ခံစားမိပြီး အရှိန်ကို လျှော့ချလိုက်သည်။သူ့ရှေ့ လေးငါးမီတာခန့်တွင် ငါးမန်းကြီးတစ်ကောင် ရှိနေသည်။
"ဒီကောင်က ငါ့လမ်းကို လာပိတ်နေတာပဲ...."
"အရှိန်အားသာချက်ကို အသုံးပြုပြီး ဒီကောင့်ကို ရှောင်ရှားရမလား..."
"ဒါထက်စာရင် တိုက်ခိုက်ပြီး ရေထဲက ငါ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို စမ်းသပ်ကြည့်တာ ပိုကောင်းမယ်...."
ထိုငမန်းကြီးက လျူယောင်ကို အစားအစာအဖြစ် သတ်မှတ်ခဲ့ပုံရသည်။
"သေချင်နေတာပဲ...."
လျူယောင် ဓားမြှောင်ကို ထုတ်ယူကာ လက်ထဲတွင် ကိုင်ထားပြီး လျင်မြန်စွာ ရေကူးလာသော ငါးမန်းကို စိုက်ကြည့်နေသည်။
ပင်လယ်ရေ၏ ခုခံအားကြောင့် လျူယောင်ရဲ့ တုံ့ပြန်မှု့မှာ မနှေးကွေးပေ။ သူ လျှပ်တစ်ပြက်အတွင်း ငါးမန်းကြီး ကိုက်တာကို ရှောင်တိမ်းပြီး လက်ထဲရှိ ဓားမြှောင်ဖြင့် ငါးမန်းကြီးကို ခုတ်လိုက်သည်။
လျူယောင် မကောင်းမှု့ကို မယုံကြည်သဖြင့် အားအနည်းငယ် ထပ်ထည့်လိုက်သည်။
သူ၏လက်ထဲရှိ ဓားမြှောင်က အပိုင်းအစများစွာ ကွဲသွားပြီး လက်ကိုင်တစ်ချောင်းနှင့် ဓားကိုယ်ထည်၏ သုံးပုံတစ်ပုံသာ သူ့လက်ထဲမှာကျန်တော့သည်။
"ဟာ ...ဆုန်ခေတ်....ပစ္စည်းကတော့ အရည်အသွေးမကောင်းတုန်းပဲ..."
အမှန်ပါပဲ သူက ငါးမန်းကြီးကိုလည်း ထိမှန်ခဲ့သည်။
ငမန်းကြီးက စိတ်တိုသွားပြီး အမြီးတစ်ချက်လှုပ်လိုက်ကာ လျူယောင်ကို ကိုက်ရန် ပြန်လှည့်လာသည်။ လျူယောင် ငါးမန်းကြီးကို ရှောင်တိမ်းလိုက်ပြီး အော်လိုက်သည်။
"ငါ့အလှည့်ပဲ...."
" ရော့ကွာ..." " ဖုန်း..."
ငါးမန်းကြီး၏ ဦးခေါင်းကို သူ့ရဲ့အားအပြည့် လက်သီးဖြင့် ထိုးလိုက်ရာ အသံတိတ်ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ အားက အလွန်အစွမ်းထက်သည်။
အကယ်၍ ပင်လယ်ရေ၏ ခုခံအား မရှိပါက ထို လက်သီးချက်ကြောင့် ငါးမန်းကြီးတိုက်ရိုက် သတိလစ်သွားစေနိုင်တယ်ဟု ခန့်မှန်းရသည်။
ငါးမန်းကြီး မူးဝေသွားအောင် ထိုးကြိတ်ခံလိုက်ရသည်။
"မင်းမူးနေတုန်း ငါ မင်းကို သတ်ပစ်မယ်..."
လျူယောင် သူ့လက်ထဲရှိ ဆုန်ခေတ်မှဓားမြောင်တစ်ဝက်ကို ဆုံးရူံးသွားတာကြောင့် လက်ဗလာနဲ့ ဘယ်ညာ တလှည့်စီ လက်သီးဖြင့် ဆက်တိုက် ထိုးလိုက်သည်။
လက်သီးချက် ဒါဇင်ကျော်အပြီးတွင် ငါးမန်းကြီး သေဆုံးသွားပြီး ဦးခေါင်းတွင် သွေးများစွာ ထွက်နေသည်။
"ဟေ့ကောင်.... ငါ့ကို လွယ်လွယ်နဲ့ နှောင့်ယှက်လို့မရဘူးဆိုတာ မင်းသိလား...."
သေနေတဲ့ ငါးမန်းကြီးကို လျူယောင် ကြည့်လိုက်ပြီးနောက် လိပ်ကြီးနှင့် တွေ့ဆုံရန် အရှိန်မြှင့်လိုက်ပြီး မကြာမီ လိပ်ကြီး၏ ပုံသဏ္ဌာန်ကို မြင်တွေ့လိုက်ရသည်။
လိပ်ကြီးက ရေအနက် မီတာ ၁၀၀ ခန့်ရှိ ပင်လယ်ထဲတွင် သူ့ရဲ့ခြေလက်များကို ညင်သာစွာ လှုပ်ခါနေပြီး လျူယောင့်ကို ထိုနေရာတွင် စောင့်ဆိုင်းနေသည်။
လျူယောင် ရောက်လာတာမြင်တော့ လိပ်ကြီး ဝမ်းသာသွားသည်။
" သခင်...လာ..ကျနော့ ..ကျောပေါ်တက်..."
"အင်း" လျူယောင် ပြန်ဖြေလိုက်ပြီး ကိုယ်တိုင်ရေကူးရန် စိတ်မဝင်စားဘဲ လိပ်ကြီး၏ ကြီးမားသော ကျောပေါ်တွင် ထိုင်ကာ လက်နှစ်ဖက်ဖြင့် ချွန်ထွက်နေတဲ့ ကျောရိုးများထဲမှ တစ်ခုကို ကိုင်ထားပြီး
"သွားကြစို့...သွားကြစို့" ဟု အမိန့်ပေးလိုက်သည်။
"တစ်နာရီကို ရေမိုင် ၂၀၀ ကျော်.... ဒီအရှိန်က တကယ့်ကို မိုက်တာပဲ... ငါ့ထက် နှစ်ဆ မြန်တယ်..."
လိပ်ကြီး၏ ကျောပေါ်တွင် ထိုင်နေစဉ် လျူယောင် စဉ်းစားမိသည်။
နှစ်နာရီခွဲခန့်အကြာတွင် ပန်းတိုင်နေရာသို့ သူတို့ ရောက်လာခဲ့သည်။
"မင်းပတ်ဝန်းကျင်မှာ စားစရာ တစ်ခုခုရှာစားလိုက်အုံး... ငါ အလုပ်စတော့မယ်...မင်းကို လိုအပ်တဲ့အခါကျမှ ငါ ခေါ်လိုက်မယ်..."
လိပ်ကြီး ခေတ္တထွက်ခွာသွားပြီး ရေအောက်ထွန်းနိုင်တဲ့ ဓာတ်မီးဖြင့် C-17 လေယာဉ်ပျက်အနီးသို့ လျူယောင် လျင်မြန်စွာ ရောက်လာကာ ဓာတ်ပုံရိုက်ရန် အလျင်မလိုခဲ့ပေ။
လျူယောင် လေယာဉ်ပိုင်းပျက်နှစ်ခုကို ပတ်ပတ်လည် ကြည့်လိုက်ပြီး ကျေနပ်မိသည်။
၎င်းတို့မှာ နှစ်ပိုင်းကွဲနေသော်လည်း အစိတ်အပိုင်းများစွာက ပျက်စီးခြင်းမရှိပေ ။ ဥပမာ-လေယာဉ်၏ အင်ဂျင်၊ လေယာဉ်၏တောင်ပံများနှင့် လေယာဉ်မှူးအခန်း စသည်တို့သည် အတော်လေး ပြည့်စုံနေသေးသည်။
အပြင်ဘက်ကို ကြည့်ပြီးနောက် လျူယောင် လေယာဉ်ပျက်ထဲသို့ တစ်ဖန် ဝင်ရောက်သွားသည်။
၎င်းက တကယ်တော့ စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်ကြီး ဖြစ်ပြီး တင့်ကားများနှင့် စစ်ကားများကို ထည့်နိုင်သော အမျိုးအစား ဖြစ်သည်။
အတွင်းပိုင်းတွင် နေရာများစွာ ရှိပြီး ဒီဇိုင်းလည်း အလွန်ကောင်းမွန်လှသည်။
သယ်ယူပို့ဆောင်ရေးခန်းထဲတွင် ပတ်ပတ်လည် ကြည့်ရှုပြီးနောက် လျူယောင် လေယာဉ်မှူးခန်းထဲသို့ ဝင်လာခဲ့သည်။
လေယာဉ်မှူးခန်းက အကောင်းဆုံးထိန်းသိမ်းထားတဲ့ အစိတ်အပိုင်းဖြစ်သင့်သည်။ မှန်ပင်လျှင် မပျက်စီးဘဲ အတွင်းရှိ ကရိယာများနှင့် လျှပ်စစ်စနစ်များမှာ အခြေခံအားဖြင့် ပြည့်စုံနေသည်။
လျူယောင် အနည်းငယ် အံ့အားသင့်သွားသည်။ လေယာဉ်မှူးခန်းထဲတွင် လေယာဉ်မှူးအလောင်း ရှိမနေပေ။ ထိုနေရာက လုံးဝလွတ်နေသည်။
"မတော်တဆမှု့ မဖြစ်မှီ လေထီးဖြင့်ခုန်ချသွားခဲ့တာ ဖြစ်နိုင်သလား..."
M နိုင်ငံ၏ လေယာဉ်မှူးတစ်ဦးဖြစ်သည့်အတိုင်း ပထမဦးစားပေးမှာ သူ့အသက်ကို ကယ်တင်ရန် လေထီးဖြင့်ခုန်ချခြင်း ဖြစ်လောက်မည်။
လေယာဉ်မှူးရဲ့အလောင်း မရှိတာက ပိုကောင်းသည်။ အလောင်းကို မြင်ရခြင်းက အနည်းငယ် ထိတ်လန့်စရာကောင်းနိုင်တာကြောင့် ဖြစ်သည်။
ခဏအကြာတွင် လျူယောင် အလုပ်ကို စတင်လုပ်ဆောင်တော့သည်။
လက်တစ်ဖက်တွင် ဓာတ်မီးနဲ့ အခြားတစ်ဖက်တွင် ကင်မရာကို ကိုင်ဆောင်ထားပြီး သူ လေးနက်စွာ ဓာတ်ပုံရိုက်တော့သည်။
အတွင်းနှင့်အပြင်ဘက်၊ လေးဖက်လေးတန်မှ ရိုက်ကူးပြီး ဗီဒီယိုများစွာကိုလည်း ရိုက်ကူးခဲ့သည်။ ဗီဒီယိုတစ်ခုစီမှာ သုံးမိနစ်မှ ငါးမိနစ်အထိ ကြာမြင့်ပြီး ဆယ်မိနစ်အထိ ရှည်လျားသည်။
"ဒါဟာ C-17 သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြစ်တာ သံသယမရှိပါဘူး.... ဒီအတိုင်းဆိုရင် ချန်းလီကို ကျွမ်းကျင်ပညာရှင်တစ်ဦး ရှာပြီး ကြည့်ခိုင်းရမယ်...."
လျူယောင် ကင်မရာကို ပိတ်လိုက်ပြီးနောက် လိပ်ကြီးကို ခေါ်လိုက်သည်။ လိပ်ကြီး၏ ကျောပေါ်တွင် အချိန်တိုင်း ထိုင်နေခဲ့ပြီး ညနေ သုံးနာရီခန့်တွင် ပင်လယ်ကမ်းဘေး ဂိုဒေါင်သို့ လျူယောင် ပြန်ရောက်ခဲ့သည်။
အဝတ်အစားလဲပြီးနောက် လျူယောင် ကားမောင်းထွက်ခွာလာခဲ့သည်။
ထိုမျှကြာအောင် အလုပ်လုပ်ပြီးနောက် သူအနည်းငယ် ဆာနေပြီး နေ့လယ်စာလည်း မစားရသေးပေ။
လမ်းပေါ်တွင် မြေအိုးထမင်းဆိုင်တစ်ဆိုင် ကောင်းစွာရောင်းချနေတာကို မြင်သောအခါ လျူယောင် ရိုးရှင်းစွာ ကားရပ်လိုက်ပီး ဆိုင်တွင် ထိုင်ကာ ဝက်အူချောင်းမြေအိုးထမင်းတစ်ပွဲနှင့် ဟင်းချိုတစ်ပွဲ မှာလိုက်သည်။
"ဟေး..မြင်လား... သူက ကားကြီး မောင်းလာတာ... ပိုက်ဆံအများကြီးရှိပေမဲ့ ဒီမှာ မြေအိုးထမင်း စားနေတယ်..."
လျူယောင်၏ အကြားအာရုံက ကောင်းမွန်သဖြင့် သူ ရှင်းရှင်းလင်းလင်း ကြားခဲ့ရသည်။ ထို့ကြောင့် သူ ပြုံးရယ်မိကာ ရေရွတ်လိုက်မိသည်။
"ကားကြီး မောင်းလာရင် မြေအိုးထမင်း မစားနိုင်တော့ဘူးလား....."
ဒီလိုတွေးနေတုန်း သူ့နားထဲတွင် ကြည်လင်တဲ့ အသံတစ်ခု ကြားလိုက်ရသည်။
" မောင်လေး.....ဒီမှာ ....ထိုင်လို့ရမလား..."