" မင်း လာနောက်နေတာလား.."
Vol. 13 Ch. 185
လျူယောင် ခေါင်းကိုမော့ကြည့်လိုက်ကာ စိတ်ထဲတွင် အနည်းငယ် အံ့အားသင့်သွားသည်။
စတိုင်ကျကျဝတ်စားထားတဲ့ အမျိုးသမီးငယ်တစ်ဦးက မြေအိုးထမင်းပွဲကို ကိုင်ဆောင်ထားပြီး သူ့ရဲ့မျက်နှာချင်းဆိုင်တွင် ထိုင်ချင်နေသည်။
သူမက လျူယောင်ကို ကြီးမားသောမျက်လုံးများဖြင့် ကြည့်နေပြီး အကြံဥာဏ်တောင်းခံနေသကဲ့သို့ ဖြစ်သည်။
လျူယောင် အနည်းငယ် ပြုံးလိုက်ပြီး
"ရပါတယ်" ဟု ပြောလိုက်သည်။
ထိုစတိုင်ကျသော အမျိုးသမီးက ပျော်ရွှင်စွာ ထိုင်ချလိုက်ပြီး လျူယောင်ကို စတင်စကားပြောလိုက်သည်။
" မောင်လေး...တစ်ယောက်တည်းလား.."
"အင်း"
လျူယောင် ခေါင်းညိတ်ပြလိုက်သည်။
"ကျွန်မ ခနနေ အိမ်ပြန်တော့မှာ...မောင်လေး လိုက်ပို့ပေးလို့ရမလား...မဝေးပါဘူး..ဆယ်မိနစ်ပဲ ကြာမှာပါ..."
"မဖြစ်နိုင်တာ..."
"အလှလေး... ငါတို့ တစ်ခါမှ မတွေ့ဖူးဘူးလေ.."
သူ့ကို ချမ်းသာပြီး ငယ်ရွယ်တာကြောင့် လာ ကပ်နေတာကို လျူယောင် သိလိုက်သည်။ မဟုတ်ရင် ဘယ်လိုထင်ရမည်နည်း။
အဲဒီတုန်းက မင်း အရမ်းဆင်းရဲပြီး တစ်နေ့တာအတွက် အစာသုံးနပ်ရှာဖွေဖို့ ရုန်းကန်နေရချိန်မှာ ဘာလို့ ဒီလိုအမျိုးသမီးတွေ မရှိခဲ့တာလဲ။ဒါက မင်း ဆင်းရဲပြီး ပိုက်ဆံမရှိလို့ပဲ။
လျူယောင် ပြုံးလိုက်ပြီး ခေါင်းခါကာ ငြင်းလိုက်သည်။
"တောင်းပန်ပါတယ်... ကျွန်တော့်မှာ အရေးကြီးတဲ့ ကိစ္စတွေ လုပ်စရာရှိသေးတယ်..ဒါကြောင့် မအားဘူး..."
ထိုစတိုင်ကျသော အမျိုးသမီးက အနည်းငယ် စိတ်ပျက်သွားသော်လည်း သူမက အရှုံးမပေးခဲ့ပေ။
"မောင်လေး... ရှင့် ရဲ့နာရီက ဗက်ချရွန် နာရီလား...တစ်သိန်းကျော် တန်တယ်နော်..."
လျူယောင်အတွက်တော့ သာမန်နာရီတစ်လုံးကိုသာ ဝတ်ဆင်ထားပြီး ဒါက ဈေးမကြီးလှပေ။
"ဟုတ်တယ်...ဗက်ချရွန်ပါ...ဒီနာရီကို ၁၆၈၀၀၀ နဲ့ ဝယ်ခဲ့တာ" လျူယောင် ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
ထိုစတိုင်ကျသော အမျိုးသမီး၏ မျက်လုံးများအနည်းငယ် တောက်ပလာပြီး သူမက လျူယောင်နှင့် ရင်းနှီးကျွမ်းဝင်နေသကဲ့သို့ စကားပြောဆိုပြီးနောက် လျူယောင်ရဲ့ WeChat ကို တောင်းဆိုတော့သည်။
လျူယောင် ထကာ ထွက်လာလိုက်သည်။
စိတ်ပျက်အားငယ်မှုအပြည့်ဖြင့် ထိုစတိုင်ကျသော အမျိုးသမီးကို ထားခဲ့လိုက်သည်။
သူ ထိုသို့သောအမျိုးသမီးအပေါ် စိတ်ဝင်စား မူ့ မရှိပေ။ သူမရဲ့ ရည်ရွယ်ချက်ကို သူ သိသည်။
အကယ်၍ သူသာ နှိမ့်ကျတဲ့လူ ဖြစ်ခဲ့လျှင် သူမက ဒီလိုလုပ်မှာလား။
သေချာပေါက် မလုပ်ပေ။
ဗိုက်ပြည့်ဝစွာဖြင့် လျူယောင် ထိုကားကြီးကို မောင်း၍ ထွက်လာခဲ့ပြီး မကြာမီ ချန်းလီ၏နေရာသို့ ရောက်လာကာ သူ၏ရုံးခန်းထဲသို့ ဝင်လိုက်သည်။
"ဗျူရိုချန်း...လေယာဉ်ပျက်ဗီဒီယိုအချို့ ရိုက်လာခဲ့တယ်...ခင်ဗျား ကြည့်လို့ရတယ်..."
ချန်းလီက ကင်မရာကို ယူပြီး ဗီဒီယိုအနည်းငယ်ကို တိုက်ရိုက် ကြည့်ရှုလိုက်သည်။ တစ်မိနစ်ပင် မကြာသေးမီတွင် သူ အနည်းငယ် ဂဏှာမငြိမ်ဖြစ်သွား၏။
ဗီဒီယိုအနည်းငယ်ကို ကြည့်ရှုပြီးနောက် သူ၏မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားမှု့က ပို၍သိသာလာသည်။
"ဘုရားရေ...ဒါက C-17 သယ်ယူပို့ဆောင်ရေးလေယာဉ် ဖြစ်ရမယ်..."
"M နိုင်ငံက C-17 သယ်ယူပို့ဆောင်ရေးလေယာဉ်ကို ပင်လယ်ထဲမှာ တကယ်ပျက်ကျခဲ့တာပဲ မယုံနိုင်စရာပဲ...ဟားဟား...ငါတို့အတွက် ပိုဈေးသက်သာတာပေါ့...."
ချန်းလီ ပျော်ရွှင်စွာ ရယ်မောလိုက်သည်။
သူက ကင်မရာမှ ဗီဒီယိုအနည်းငယ်ကို သူ့ကွန်ပျူတာသို့ ကိုယ်တိုင်ထဲ့ပြီး သိမ်းဆည်းပြီးနောက် သူ့မိုဘိုင်းဖုန်းတွင်လည်းကူးယူထားလိုက်သည်။
"မစ္စတာလျူ...ခင်ဗျားက နောက်ထပ် အကြီးစားအလုပ်တစ်ခုကို ထပ်လုပ်ခဲ့ပြန်ပြီ..."
လျူယောင် နှိမ့်ချစွာ ပြောလိုက်သည်။
"ကျွန်တော်...ကံကောင်းလို့..ဒီလေယာဉ်ကို မတော်တဆ တွေ့လိုက်ရတာပါ..."
"ဟုတ်တယ်.. မင်း...တကယ်.. ကံကောင်းတယ်.." ချန်းလီလည်း သဘောတူလိုက်သည်။
စကားအနည်းငယ်ပြောပြီးနောက် ချန်းလီ ပြောလိုက်သည်။
"အင်း..နောက်ခြေလှမ်းကတော့ ဒီလေယာဉ်ပျက်ကို ဆယ်ဖို့ပဲ..."
"ကျွန်တော့်ကုမ္ပဏီမှာ ကျွမ်းကျင်ရှာဖွေရေးသင်္ဘော ရှိပါတယ်...ဒီလေယာဉ်ကို ဆယ်ဖို့က မခက်ခဲပါဘူး... ရှာဖွေရေးရေးတာဝန်ကို ကျွန်တော်တို့ဆီ အပ်နှံနိုင်ပါတယ်...."
လျူယောင် လိုလိုလားလားနဲ့ ပြောလိုက်သည်။
"ကောင်းတဲ့ရေက အပြင်လူတွေရဲ့ လယ်ကွင်းထဲကို မစီးဆင်းဘူး"
လျူယောင် ဆက်ပြောလိုက်သည်။
" ဒီလေယာဉ်ကို ဆယ်ဖို့ဆိုရင် ရှာဖွေရေးစရိတ်တွေ အများကြီး ကုန်ကျမှာပဲလေ...ဘာပဲဖြစ်ဖြစ် ကျွန်တော့်မှာ ရှာဖွေရေး ...ကျွမ်းကျင်တဲ့...အကြီးစားသင်္ဘော ရှိတယ်..Global အတွက် ဒီတာဝန်ကို လုပ်ဆောင်ဖို့ အသင့်တော်ဆုံးပဲ ဖြစ်ပါတယ်… ""
လျူယောင် ပြောလိုက်သည်။
ချန်းလီ ခေါင်းညိတ် သဘောတူလိုက်သည်။
"ကောင်းပြီ... ဒါဆို မင်းတို့တွေ သင်္ဘောကို ဆယ်လိုက်ပါ... စစ်တပ်က မင်းတို့ကို အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပေးမယ်..."
ခဏထိုင်ပြီးနောက် လျူယောင် နှုတ်ဆက်ကာ ထွက်လာခဲ့သည်။
လျူယောင်ကို တံခါးဝအထိ ယဉ်ကျေးစွာ ချန်းလီ လိုက်ပို့ပြီးနောက် လျူယောင် ကားထဲသို့ ဝင်သွားသည်ကို ကြည့်ရှုကာ သူ့ရုံးခန်းသို့ ပြန်လာခဲ့သည်။
ပထမဆုံးလုပ်ရမည့်အရာမှာ ဖုန်းကိုယူပြီး ဆွန်ကျန့်ကို ဖုန်းခေါ်ဆိုခြင်းပင်။
"ဆွန်ဟောင်း...ဘာတွေ အလုပ်များနေလဲ..."
ဆွန်ကျန့် ချက်ခြင်း ပြန်ဖြေလိုက်သည်။
"ငါတို့က လေယာဉ်ကြီးတွေနဲ့ပတ်သက်တဲ့ ကိစ္စတွေနဲ့ အလုပ်များနေတုန်းပဲ... နည်းပညာပြဿနာများစွာကို တစ်ခုချင်းစီ ဖြေရှင်းရအူံးမယ်..."
"ဆွန်ဟောင်း... ငါ့မှာ မင်းအတွက် C-17 စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်ကြီးတစ်စင်း ရှိတယ်လို့ ပြောရင် မင်း ယုံမလား..."
"လောက်ချန်း...စနောက်မနေပါနဲ့... ဒီလိုကောင်းတာမျိုး မရှိဘူး...."
ချန်းလီ ကျေနပ်စွာ ရယ်မောလိုက်သည်။
"တစ်ယောက်ယောက်က ပင်လယ်အောက်ခြေမှာ ပျက်ကျနေတဲ့ C-17 သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်း တွေ့ခဲ့မယ်ဆိုတာ... ငါ အိပ်မက်တောင် မမက်ခဲ့ဘူး...အဲ့ဒါက ပျက်ကျခဲ့တယ်လို့ ပြောပေမဲ့ ပျက်စီးမှုက သိပ်မပြင်းထန်ဘူး..အရာဝတ္ထုအများအပြားက အကောင်းအတိုင်း ကျန်နေသေးတယ်...."
" ဘာ...တကယ်လား "
" မင်းလာနောက်နေတာလား..."
ဆွန်ကျန့်၏ အသံက သိသိသာသာ အနည်းငယ် ပိုမြင့်လာပြီး တုံ့ပြန်မှု့ ကြီးမားလှသည်။
သူ့အိပ်မက်ထဲတွင် C-17 သယ်ယူပို့ဆောင်ရေးလေယာဉ်ပေါ်တက်၍ ကြည့်ရှုချင်သော်လည်း ထိုကဲ့သို့ အခွင့်အရေး မရခဲ့ဘဲ ယခုတွင် C-17 သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်း ရှိနေတယ်လို့ သူ့သူငယ်ချင်းက ပြောနေသည်လေ။
ပျက်စီးနေသော အစိတ်အပိုင်းများပင်လျှင် သူ့အတွက် အလွန်တန်ဖိုးရှိသည်။
ထို့ကြောင့် ထိုမျှကြီးမားသော တုံ့ပြန်မှု့ ဖြစ်ပေါ်ခဲ့သည်မှာ အံ့ဩစရာမရှိပေ။
ချန်းလီ သေချာစွာ ပြန်ပြောလိုက်သည်။
"ဒီလိုကြီးမားတဲ့ကိစ္စကို ငါ ရယ်စရာလုပ်ရဲမှာ မဟုတ်ဘူး... ငါ့မှာ ဗီဒီယိုအချို့ ရှိတယ်...အခုပဲ မင်းဆီ ပို့လိုက်မယ်...."
မကြာမီ ဆွန်ကျန့်၏ မိုဘိုင်းဖုန်းထဲတွင် ဗီဒီယိုများကို လက်ခံရရှိခဲ့သည်။
သူ ထိုထဲမှ တစ်ခုကို မစောင့်နိုင်ဘဲ နှိပ်လိုက်သည်။
မကြာမီ သူ့ရဲ့မျက်နှာက နီရဲလာသည်။
အဲဒါက စိတ်လှုပ်ရှားမှုကြောင့် ဖြစ်လောက်မည်။
"အိုး ဘုရားရေ... ဒါက တကယ်ပဲ C-17 ရဲ့ ပျက်စီးနေတဲ့ အစိတ်အပိုင်းတွေပဲ..."
ဗီဒီယိုအနည်းငယ်ကို ကြည့်ရှုပြီးနောက် ချန်းလီ ဆက်သွယ်ရန် မစောင့်နိုင်ဘဲ ဖုန်းဆက် မေးလိုက်သည်။
"လောက်ချန်း....အဲဒီလေယာဉ်က ဘယ်မှာလဲ...ငါ အခုချက်ချင်း မြင်ချင်တယ်"
ချန်းလီ ချက်ခြင်း ပြန်ဖြေ လိုက်သည်။
"ဟွာဟိုင်းမြို့ကို လာခဲ့ပါ...လေယာဉ်ပျက်ကျတဲ့နေရာက အရှေ့တရုတ်ပင်လယ်မှာ ရှိတယ်... ဟွာဟိုင်းမြို့ကနေဆို ရေမိုင် ၅၀၀ ကျော် ဝေးတယ်... အဲဒီနေရာမှာ ရေအနက်က မီတာ ၁၀၀ ကျော်ပဲ ရှိတာမို့လို့ ... ဆယ်တာကို ချက်ချင်း လုပ်လို့ရတယ်..."
အပို ထပ်မံပြောဆိုခြင်းမရှိဘဲ ဆွန်ကျန့်က "ငါ လေယာဉ်လက်မှတ်ဝယ်ပြီး အခုပဲ လာခဲ့မယ်" လို့ ပြောပြီး ဖုန်းချသွားသည်။
သူ့လက်ထဲတွင် အလုပ်များစွာ ရှိနေသော်လည်း ၎င်းတို့က လေယာဉ်ပျက်နှင့် ယှဉ်လျှင် ဘာမှမဟုတ်ပေ။
လေယာဉ်ပျက်ကို သူ အခုချက်ချင်း မြင်ချင်နေသည်။ထို့ကြောင့် တခြားကိစ္စ အားလုံးကို ဘေးဖယ် ထားလိုက်သည်။
.....
အရှေ့တရုတ်ပင်လယ်..လေယဥ်ပျက်ကျရာနေရာ..
၎င်းက ဟွာဟိုင်းမြို့မှ ရေမိုင် ၅၀၀ သို့မဟုတ် ၆၀၀ ကွာဝေးသည်။
ပင်လယ်ရေပြင်တွင် ရှာဖွေရေးသင်္ဘောကြီးတစ်စင်း ရပ်ထားပြီး မနီးမဝေးတွင် စစ်သင်္ဘောနှစ်စင်းနှင့် အမြောက်တင်စက်လှေနှစ်စင်း ရှိနေသည်။
လျူယောင်၊ ချန်းလီ၊ ဆွန်ကျန့်နှင့် အခြားသူများက ရှာဖွေရေးသင်္ဘောပေါ်တွင် ရှိနေကြသည်။
ရေအောက်တွင် ရေငုတ်သမားများစွာက အလုပ်လုပ်နေကြသည်။
ဒီရေငုတ်သမားများအားလုံးက စစ်တပ်မှဖြစ်ပြီး အဆင့်မြင့်သူများ ဖြစ်ကြသည်။
ဤတစ်ကြိမ် ရှာဖွေရေး တာဝန်ခံမှာ Global မှဖြစ်ပြီး ထိုကြီးမားတဲ့ ရှာဖွေရေးသင်္ဘော၏ ကပ္ပတိန်မှာ ရမ်ဇီကွမ်း ဖြစ်သည်။
ခဏအကြာတွင် သူ သတင်းပို့ရန် ရောက်လာခဲ့သည်။
"သူဋေး...အစီအစဉ်ကို အခြေခံအားဖြင့် ဆုံးဖြတ်ပြီးပါပြီ... အခုပဲ သံမဏိကြိုးကို ချလို့ရပါပြီ..."
လျူယောင် လက်ကို ဝှေ့ယမ်းလိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
"သံမဏိကြိုးကို ချ...."
သံမဏိကြိုးများကို ရှာဖွေရေးသင်္ဘောမှ တစ်ချောင်းပြီးတစ်ချောင်း မီတာ 100 အနက်သို့ ချလိုက်သည်။
ရေငုတ်သမားများက ပင်လယ်အောက်ခြေတွင် အလုပ်လုပ်ကြပြီး သံမဏိကြိုးများကို လေယာဉ်၏ ပထမဆုံးအပိုင်းပျက်ထဲသို့ တစ်ချောင်းပြီးတစ်ချောင်း ဖြတ်သန်းစေကာ လွယ်ကူစွာ မတင်နိုင်ရန် ပြင်ဆင်နေကြသည်။
နေ့လယ်စာအချိန်တွင် အရာအားလုံးက အဆင်သင့်ဖြစ်နေသည်။
ပထမဆုံး လေယာဉ်ပျက်ကို မတော့မည်ကို မြင်သောအခါ ဆွန်ကျန့် ရုတ်တရက် အနည်းငယ် စိုးရိမ်လာပြီး များစွာ စဉ်းစားခဲ့သည်။
ဥပမာ-ပျက်စီးနေသော အစိတ်အပိုင်းများကို ပင်လယ်အောက်ခြေမှ မ တင်ခြင်းက အဆင်ပြေပါ့မလား၊ မတော်တဆမှု့များ ရှိလာမည်လား၊ ပျက်စီးနေသော အစိတ်အပိုင်းများ ပျက်စီးသွားမည်လား စသည်တို့ ဖြစ်သည်။
လျူယောင်ကတော့ တည်ငြိမ်နေပုံရသည်။
သူက သူ့ရဲ့လူများကို ယုံကြည်သည်။
ကပ္ပတိန်ရမ်ဇီကွမ်းက အရည်အချင်းရှိပြီး အတွေ့အကြုံရှိသူဖြစ်ပြီး ဒီလေယာဉ်ကို ဆယ်ရန် အဖွဲ့ကို ဦးဆောင်ခြင်းမှာ ကြီးမားသော ပြဿနာ မရှိပေ။ ထို့အပြင် သူတို့က ဂရုစိုက်သင့်သော အသေးစိတ်အချက်များကို ဂရုစိုက်ကြသည်။
ထိုအချိန်တွင် ရမ်ဇီကွမ်းက နောက်တစ်ခေါက် ရောက်လာပြီး ကျယ်လောင်စွာ သတင်းပို့လိုက်သည်။
"သူဋေး အရာအားလုံး အဆင်သင့်ဖြစ်ပါပြီ... ပထမဆုံး အစိတ်အပိုင်းကို မတင်နိုင်ပါပြီခဗျ.."
လျူယောင် သတိပေးလိုက်သည်။
"စတင်လို့ရပြီ.....ဖြည်းဖြည်းချင်း လုပ်ဖို့ သတိရပါ... မတင်တဲ့ဖြစ်စဉ်အတွင်း လေယာဉ်ပျက်ကို ပိုပျက်စီးစေတာမျိုး မဖြစ်အောင် ကြိုးစားပေး..."
"စိတ်ချပါ သူဋေး ကျွန်တော်တို့ ဂရုတစိုက် လုပ်ပါ့မယ်"
Global မှ ဝန်ထမ်းများက ယုံကြည်မှု့အပြည့်ဖြင့် ကျယ်လောင်စွာ ပြန်ဖြေလိုက်သည်။