" C 17 စစ်လေယဥ်ပျက်ကို ဆယ်ယူခြင်း "
Vol. 13 Ch. 186
ဆယ်ယူရေး သင်္ဘောကြီး အလုပ်စပါပြီ။
သံမဏိကြိုး ဒါဇင်နဲ့ချီ၍ တဖြည်းဖြည်း တင်းလာပြီးနောက် လေယဥ်ပျက်က ဖြည်းညှင်းစွာ တက်လာခဲ့သည်။
သင်္ဘောပေါ်တွင် အနီးအနားရှိ စစ်သင်္ဘောနှစ်စင်းအပါအဝင် အားလုံး တိတ်ဆိတ်သွားသည်။
စစ်သင်္ဘောပေါ်ရှိ ရေတပ်အရာရှိအချို့က ထိုနေရာကို ကြည့်နေကြပြီး တစ်ဦးမှာ မှန်ပြောင်းဖြင့် သေချာကြည့်နေသည်။
ထိုနေရာတွင် C-17 လေယာဉ်တစ်စင်း ရှိနေတာကို စိတ်ကူးဖို့ပင် ခက်ခဲ၏။
"ဒီ C-17 လေယာဉ်ကို နည်းပညာကိုးကားချက်အနေနဲ့ အသုံးပြုပြီး ကျွန်တော်တို့နိုင်ငံအနေနဲ့ C-17 နဲ့ အခြေခံအားဖြင့် တူညီတဲ့ လေယာဉ်တစ်စင်းကို အမြန်ဆုံး ဖော်ဆောင်နိုင်မယ်လို့ မျှော်လင့်မိတယ်.."
စစ်တပ်မှ လူများက မျှော်လင့်ချက်အပြည့်ရှိနေတာကို တွေ့မြင်နိုင်သည်။ သူတို့က ခေတ်မီတဲ့ စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်ကြီးများကို အရေးတကြီး လိုအပ်နေကြသည်။
ဆွန်ကျန့်၏ မျက်နှာအသွင်အပြင်မှာ တည်ငြိမ်နေပုံရသော်လည်း တကယ်တော့ သူက အခြားသူများထက် ပိုမိုတည်ငြိမ်ပြီး သူ့နှလုံးသားထဲတွင် မျှော်လင့်ချက်များ၊ စိတ်လှုပ်ရှားမှုများ၊ အံ့အားသင့်မှုများနဲ့ အခြားသော စိတ်ခံစားမှုများဖြင့် ပြည့်နှက်နေသည်။
လေယာဉ်ကိုယ်ထည်၏ ပထမဆုံးအပိုင်းမှာ နောက်ဆုံးတွင် ရေထဲမှ တဖြည်းဖြည်း ပေါ်ထွက်လာသည်။ ကိုယ်ထည်ကို မြင်သောအခါ လူများစွာမှာ သက်ပြင်းရှည်ကြီး ချလိုက်ကြပြီး အချို့ကပျော်ရွှင်စွာ အော်ဟစ်လိုက်ကြ၏။
"ဟားဟား....မြင်ပြီ...မြင်ရပြီ..."
"ဒါက တကယ်ပဲ C-17 စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်ကိုယ်ထည်ပဲ..."
"အရမ်းကြီးတာပဲ...."
မူလက တိတ်ဆိတ်နေတဲ့ သင်္ဘောပေါ်တွင် ဝမ်းမြောက်ဝမ်းသာမှု့နှင့် စိတ်လှုပ်ရှားမှု့များ ပေါ်ပေါက်လာသည်။
ဆွန်ကျန့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတာကို မည်သူမျှ သတိမထားမိပေ။ဒီအချိန် မှာသူ အရမ်းစိတ်လှုပ်ရှားနေခဲ့သည်။
သူ အိပ်မက်မက်ခဲ့တဲ့ C-17 သယ်ယူပို့ဆောင်ရေးလေယာဉ်က သူ့ရှေ့တွင် ရှိနေသည်လေ။
ထိုလေယာဉ်ဖြင့် သူတို့က M နိုင်ငံမှ သယ်ယူပို့ဆောင်ရေးလေယာဉ်နည်းပညာကို နားလည်နိုင်ပြီး ထိုလေယာဉ်မှတဆင့် နည်းပညာဆိုင်ရာ စိတ်ကူးစိတ်သန်းများ ရရှိနိုင်ပေမည်။
ကရိန်းက လေယဥ်ပျက်ကို ဖြည်းဖြည်းချင်း မတင်လိုက်သည်။
ကိုယ်ထည် အပိုင်းက ရေမျက်နှာပြင်ပေါ်တွင် တဖြည်းဖြည်း ပိုမိုပေါ်ထွက်လာသည်။
ခဏအကြာတွင် ၎င်းက ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ လုံးဝပေါ်လာပြီး ပင်လယ်ရေအထက် ဆယ်မီတာကျော်အမြင့်သို့ ရောက်ရှိတဲ့အထိ တ ဖြည်းဖြည်း မြင့်တက်လာသည်။
ထိုကြီးမားသော ကိုယ်ထည်ကို လူတိုင်းရှေ့တွင် မချွင်းမချန် ပြသလိုက်သည်။
လေယဥ်ပျက်၏ကိုယ်ထည်မှ ပင်လယ်ရေအချို့က တစိမ့်စိမ့်စီးကျနေတုန်းပင်။
မြင်ကွင်းမှာ လုံးဝ ဆူညံသွားသည်။
"ဘုရားရေ..C-17 စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်ကို ဒီလောက်နီးနီးကပ်ကပ် မြင်ဖူးတာ ဒါပထမဆုံးပဲ..."
"ကြည့်စမ်း... ကိုယ်ထည်က အတော်လေး အကောင်းအတိုင်းပဲ..."
ထိုကိုယ်ထည်အပိုင်းကို နေရာမရွေ့ဘဲ ဆွန်ကျန့်စိုက်ကြည့်နေသည်။
သူ မူလက တည်ငြိမ်နေပုံရသောလည်း အခုတော့ မျက်နှာတွင် သိသိသာသာ စိတ်လှုပ်ရှားမှု့များ ပေါ်လာသည်။
အနည်းငယ်ပင် နီမြန်းနေသည်။
စိတ်လှုပ်ရှားစွာဖြင့် ကိုယ်ထည်အပိုင်းကို ကြည့်ပြီးနောက် ရုတ်တရက် ဆွန်ကျန့်က လျူယောင်၏ လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး ကျေးဇူးတင်မှုအပြည့်ဖြင့် ပြောလိုက်သည်။
"မစ္စတာလျူ...ကျေးဇူးတင်ပါတယ်...တကယ်ကို အများကြီးကျေးဇူးတင်ပါတယ်ဗျာ..."
"ဒါက ကျွန်တော့်ရဲ့ အိပ်မက်တွေထက် ကျော်လွန်နေတာပါပဲ...တစ်နေ့မှာ C-17 သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်း ငါတို့မှာတကယ်ရှိလာပြီ... အဲဒါက ပျက်စီးနေတဲ့ အစိတ်အပိုင်းတွေ ဖြစ်ပေမဲ့ ...အကောင်းအတိုင်း ထိန်းသိမ်းထားနိုင်တုန်းပါပဲ.... ဒါက တန်ဖိုးအရမ်းရှိပါတယ်ဗျာ..."
လျူယောင်က နှိမ့်ချသောပုံစံဖြင့် ပြန်ဖြေလိုက်သည်။
"ကျွန်တော် ကံကောင်းလို့..ပင်လယ်အောက်ခြေမှာ C-17 လေယာဉ်ပျက်ကို မတော်တဆ တွေ့လိုက်ရတာပါဗျာ..."
အဝေးတွင် သယ်ယူပို့ဆောင်ရေးသင်္ဘောကြီးတစ်စင်း ချဉ်းကပ်လာသည်။
နောက်ဆုံးတွင် ကိုယ်ထည် အပိုင်းကို သယ်ယူပို့ဆောင်ရေးသင်္ဘောပေါ်သို့ မ တင်လိုက်ပြီး စစ်သင်္ဘောတစ်စင်းနှင့် အမြောက်တင်စက်လှေတစ်စင်း၏ အစောင့်အရှောက်နဲ့အတူ လျင်မြန်စွာ သယ်ယူသွားခဲ့သည်။
စုစုပေါင်း အပိုင်းနှစ်ပိုင်း ရှိသည်။
တစ်နေ့အတွင်း ချောချောမွေ့မွေ့ ဆယ်နိုင်ခဲ့ပြီး လေယဥ်ပျက်ကိုယ်ထည် အပိုင်းနှစ်ပိုင်းကို သယ်ယူသွားခဲ့ပြီး ဖြုတ်ချ၍ လေ့လာ ကြတော့မည်။
အပျော်ရွှင်ဆုံးနဲ့ စိတ်အလှုပ်ရှားဆုံးသူက ဆွန်ကျန့် ပင်ဖြစ်သည်။
သူက လျူယောင်ရဲ့လက်ကို အကြိမ်များစွာ ညှစ်၍ ကျေးဇူးတင်စကားကို ထပ်ခါတလဲလဲ ပြောခဲ့သည်။
အထူးသဖြင့် လေယာဉ်ကိုယ်ထည်၏ အစိတ်အပိုင်းနှစ်ခုပေါ်ရှိ လျှပ်စစ်စနစ်များ.. ကရိယာများနှင့် အင်ဂျင်များက အခြေခံအားဖြင့် အကောင်းအတိုင်းရှိနေတာကို မြင်တဲ့အခါ သူ ပိုလို့ပင် စိတ်လှုပ်ရှားလာခဲ့သည်။
"တာဝန်ပြီးဆုံးသွားပြီ..."
"ပြီးဆုံးသွားပြီ..."
လျူယောင် စိတ်သက်သာရာရသွားသည်။
စဉ်းစားစရာမလိုတော့ပေ မကြာမီ သူ ဆုချီးမြှင့်ခံရလိမ့်မည်မှာ သေချာသည်။
.......
ကျယ်ပြန့်သော ပစိဖိတ်သမုဒ္ဒရာတစ်နေရာ…
ဤတစ်ကြိမ်တွင် လိပ်ကြီးက ပို၍ဝေးဝေးသို့ ရေကူးသွားခဲ့သည်။ ရေမိုင် ၂၀၀၀ ကျော် ရေကူးခဲ့ပြီး ဂူအမ်ကျွန်းကို ကျော်ဖြတ်ခဲ့သည်။ စားကောင်းသောက်ဖွယ်ကို ကြိုက်နှစ်သက်သော သတ္တဝါတစ်ကောင်အတွက် အရှေ့တရုတ်ပင်လယ်ရှိ ပင်လယ်စာက စိတ်ကျေနပ်စရာ မရှိတော့ပေ။
အဝေးတွင် ပေါင်ရာပေါင်းများစွာ အလေးချိန်ရှိသော ငါးကြီးတစ်ကောင်ကို လိပ်ကြီး မြင်လိုက်ရသည်။
ဤငါးကြီးမျိုးကို လိပ်ကြီး တစ်ခါမျှ မမြင်ဖူးပေ။ ၎င်းက အပူပိုင်းဒေသ ငါးကြီးတစ်ကောင်ဖြစ်ပြီး သူ့မျက်စိရှေ့တွင် ရှိနေတာကြောင့် အလွယ်တကူ လက်လွှတ်မခံပေ။
ဒီကောင်ကြီးက တစ်ရာမီတာ ! နှစ်ရာမီတာ အကွာအဝေးတွင် ရှိနေတုန်းပင် လိပ်ကြီး တစ်ခဏလေးနှင့် ထိုနေရာကို ရောက်ရှိသွားသည်။
ပြီးနောက် ထိုငါးကြီးကို တစ်ကိုက်တည်းနဲ့ ကိုက်ပစ်လိုက်သည်။
"အွန်း...အရသာရှိလိုက်တာ...ငါကြိုက်တယ်..."
ငါးတစ်ကောင်လုံးစားပြီးနောက် လိပ်ကြီးက ကျေနပ်မှု့အပြည့်ဖြင့် ပြောလိုက်သည်။
"ပင်လယ်နက်ထဲမှာ.. ဘာတွေရှိအူံးမလဲ"
လိပ်ကြီး ပင်လယ်၏ ပိုမိုနက်ရှိုင်းသောအပိုင်းသို့ ရေကူးသွားလိုက်သည်။ မီတာ ၁၀၀ အနက်တွင် အလင်းရောင်မှာ လက်ခံနိုင်ဖွယ်ရှိသော်လည်း ပိုမိုနက်ရှိုင်းသောနေရာသို့ ရောက်သောအခါ အလင်းရောင်က မှိန်လာပြီး မီတာ ၄၀၀ မှ ၅၀၀ အနက်တွင် လုံးဝမှောင်မိုက်သွားသည်။
လိပ်ကြီး၏ အစွမ်းထက်သော အာရုံခံနိုင်စွမ်းက အလွန်ကောင်းမွန်လှသည်။
မီတာ ၅၀၀ အချင်းဝက်အတွင်းရှိ အရာအားလုံးကို ရှင်းလင်းပြတ်သားစွာ မြင်ရပြီး ရေကူးနေတဲ့ မည့်သည့်သတ္တဝါမဆို သူ့ရဲ့အာရုံခံနိုင်စွမ်းမှ မလွတ်မြောက်နိုင်ပေ။
မီတာ ၂၀၀၀ ခန့်အကွာတွင် လိပ်ကြီး ပင်လယ်အောက်ခြေသို့ ရောက်ရှိခဲ့သည်။
ပင်လယ်အောက်ခြေတွင် ကြီးမားသော လွင်ပြင်တစ်ခု ဖြစ်သည်။ အမှန်ပါပဲ.. ထိုနေရာမှာမှောင်မိုက်ပြီး တိတ်ဆိတ်နေသည်။
ရံဖန်ရံခါ အလင်းအစက်အပြောက် အချို့သာ ရှိပသည်။ ၎င်းတို့က ကိုယ်တိုင်အလင်းထုတ်နိုင်သော ပင်လယ်ငါးအချို့ ပဲ ဖြစ်ကြသည်။
ရုတ်တရက် လိပ်ကြီးက ကြီးမားသောအရာတစ်ခု လျင်မြန်စွာ ရောက်ရှိလာသည်ကို ခံစားမိသည်။
၎င်းသည် ဧရာမရေဘဝဲကြီးတစ်ကောင်ပဲ ဖြစ်သည်။
"ရေဘဝဲဘုရင်ပဲ "
ဒီကောင်က ပင်လယ်၏ အရှင်သခင်၊ အစာကွင်းဆက် ထိပ်ဆုံးမှာရှိတဲ့ သတ္တဝါပဲ ဖြစ်သည်။
၎င်းက လိပ်ကြီးကို ရှာတွေ့သွားပြီး အစာအဖြစ် သတ်မှတ်ခဲ့ပုံရသည်။ လျင်မြန်စွာ ရောက်ရှိလာပြီးနောက် မီတာဆယ်နှင့်ချီရှည်သော သူ့လက်မောင်းများနှင့် ခြေထောက်များကို လှုပ်ယမ်း၍ လိပ်ကြီးကို ဖမ်းဆုပ်လိုက်၏။
လိပ်ကြီး၏ မျက်လုံးများ တောက်ပလာသည်။
ပြီးခဲ့သည့်အကြိမ်က ဧရာမပြည်ကြီးငါးကြီးမည့်သည် အရသာရှိခဲ့တာကို အမှတ်ရနေဆဲဖြစ်ပြီး နောက်တစ်ကြိမ် အရသာခံချင်နေသည်။
သို့သော် ဧရာမပြည်ကြီးငါးကြီးတစ်ကောင်နှင့် တွေ့ဆုံရန် ခက်ခဲလှသည်။ လွန်ခဲ့တဲ့ ရက်အနည်းက ကံကောင်းစွာနဲ့ တစ်ကောင်တွေ့ခဲ့သည်။
"မင်းအဘိုးက ...ဘယ်လောက်အစွမ်းထက်တယ်ဆိုတာ.... မင်းကို သိစေရမယ်...."
လိပ်ကြီး ဧရာမလှံကို ကိုင်ဆောင်ပြီး အရှိန်ပြင်းပြင်းဖြင့် ပြေးဝင်သွားသည်။ ကံမကောင်းသောဘုရင်ရေဘဝဲမှာ တုံ့ပြန်နိုင်ခြင်းမရှိဘဲ ထိုးဖောက်ခံလိုက်ရသည်။
"ပွပ်"
လိပ်ကြီး တစ်ချက်တည်းနှင့် သတ်ပစ်လိုက်သည်။
"ဝိူး...အရသာရှိလိုက်တာ...."
ရေဘဝဲ၏ကိုယ်မှ ဧရာမလှံကို လိပ်ကြီး ဆွဲထုတ်လိုက်ပြီး ချက်ချင်းပင် အကြီးအကျယ် စားသောက်တော့သည်။ မိနစ်နှစ်ဆယ်အကြာတွင် ရေဘဝဲဘုရင်တစ်ကောင်လုံး သူ့ဗိုက်ထဲသို့ ရောက်သွားခဲ့သည်။
စားသောက်ပြီးနောက် လိပ်ကြီးမှာ ဧရာမလှံကို ကိုင်ဆောင်ပြီး ပင်လယ်အောက်ခြေတွင် လှည့်လည်သွားလာနေသည်။
"ဟေး... ဟိုဘက်မှာ အရမ်းနက်တယ်ဟ..."
လိပ်ကြီး အနည်းငယ် ထပ်သွားသောအခါ ဆင်ခြေလျှောမှာ ပို၍ကြီးလာတာကို တွေ့ရှိခဲ့သည်။
မီတာ ရာပေါင်းများစွာ ရှေ့သို့သွားကြည့်ပြီးနောက် ဆင်ခြေလျှောက အပေါ်မှ အောက်သို့ ဒေါင်လိုက်နီးပါးရှိပြီး သူ့ရှေ့တွင် ကြီးမားသော ချောက်နက်ကြီးတစ်ခု ရှိနေသည်။
လိပ်ကြီး၏ အာရုံခံနိုင်စွမ်းအတွင်း ထိုချောက်ရဲ့ အနက် ကို လုံးဝ မသိနိုင်ပေ။
"အမ်...အောက်ခြေမရှိဘူး....ဘယ်လောက်နက်လဲ မသိဘူး...."
အနံကတော့ မီတာ ၅၀၀ ကျော်တာ သေချာသည်။
"ငါဆင်းပြီး ကြည့်ရမလား..."
လိပ်ကြီး အနည်းငယ် တွေဝေသွားသည်။ သူ၏ဆဋ္ဌမအာရုံက ထိုချောက်နက်ကြီးမှာ အလွန်အန္တရာယ်များကြောင်း ပြောပြနေပြီး သူ အလွယ်တကူ စွန့်စားဖို့ မသင့်ပေ။
သူ နောက်ဆုတ်ရမလား သို့မဟုတ် ဆက်သွားရမလားဆိုတာ တွေဝေနေခဲ့သည်။
ရုတ်တရက် အန္တရာယ် ကျရောက်လာသည်။
လိပ်ကြီး လျင်မြန်စွာ နောက်ဆုတ်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်း မီတာ ရာပေါင်းများစွာ နောက်ပြန်ဆုတ်သွားသည်။
ထို့နောက် လိပ်ကြီး ပါးစပ်အဟောင်းသားဖြင့် ရှေ့သို့ မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
ချောက်နက်ကြီးထဲမှ လိပ်ကြီးထက် အဆများစွာကြီးမားသော ဧရာမအကောင်ကြီး ထွက်လာတာကို သူ မြင်လိုက်ရသည်။
"ဘုရားရေ....ဒီလောက်ကြီးတဲ့ အကောင်ကြီး"
" တာ့တာ့ "
"ပြေးပြီ...နေခဲ့တော့..သားကြီးရေ..."
လိပ်ကြီးက ဉာဏ်ကောင်းလှသည်။
သူ့ရှေ့မှာရှိတဲ့ ထိုအကောင်ကြီး၏ ပြိုင်ဘက်မဖြစ်နိုင်ကြောင်း သိတာကြောင့် အကောင်းဆုံးနည်းဗျူဟာမှာ ထိုအကောင်ကြီး သူ့ကို မတွေ့မှီ အဝေးဆုံးအထိ ပြန်ဆုတ်ခွာခြင်းပဲ ဖြစ်သည်။