" ပျားအုံကို တုတ်နဲ့ ထိုးမိခြင်း "
Vol. 13 Ch. 188
ဒီ ချောက်နက်ကြီးက အောက်ခြေမရှိပေ။
တတိယအမြင်ဖြင့် သရဲဆံပင်ရေခူအလောင်း ကျသွားတာကို လျူယာင် မြင်လိုက်ရသည်။
ဒီအလောင်းက သူ့မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။ ဆိုလိုသည်မှာ ဒီချောက်နက်ကြီး ရဲ့အနက်က အနည်းဆုံး မီတာတစ်ထောင်လောက် ရှိသည်။
လျူယောင်၏ မြင်ကွင်းထဲတွင် ချောက်နက်ကြီးရဲ့ အောက်ခြေက မည်းမှောင်နေပြီး လုံးဝမမြင်ရပေ။
လိပ်ကြီးက တဖြည်းဖြည်းနစ်မြုပ်သွားသော သရဲဆံပင်ရေခူ၏ ကိုယ်ထည်ကို စိုက်ကြည့်နေပြီး ရုတ်တရက် ပြောလိုက်သည်။
"သခင်....ဒီရေခူရဲ့အရသာက ဘယ်လိုလဲ.... အရသာရှိလား.... ဒီလို နစ်မြုပ်သွားတာ နည်းနည်း နမြောစရာပဲ...."
"ပေါက်ကရကွာ...."
လျူယောင် အလွန်အံ့အားသင့်သွားသည်။
စားကောင်းသောက်ဖွယ်ကို ကြိုက်နှစ်သက်သော သတ္တဝါတစ်ကောင်ဖြစ်သည့်အတိုင်း သူက. ဒီ ရေခူကိုပင် လက်လွှတ်မခံချင်ပေ။
"အဲဒီ့အကောင်က အဆိပ်ပြင်းတယ်...မင်း...အဆိပ်မိပြီး သေမှာ မကြောက်ဘူးလား...."
လျူယောင် ပြုံးရယ်ကာ ဆူပူလိုက်သည်။
"မင်း တကယ်ပဲ...အဆိပ်ရှိတာကို မကြောက်ဘူးလား....အဆိပ်သင့်မှာကို သတိထားအုံး...."
လိပ်ကြီး လျှာသပ်ကာ ပြန်ဖြေလိုက်သည်။
"ကျွန်တော် အဆိပ်ရှိတဲ့နေရာကို မစားဘူးလေ.... သူ့ရဲ့ကြီးမားတဲ့ ပါးဟပ်က အဆိပ်မရှိလောက်ဘူး....သူ့ရဲ့ပါးဟပ် ပဲ အရသာခံချင်တာ...အဲဒါက တောက်ပပြီး အဆီပြန်နေတယ်....အရသာရှိလောက်မယ် သခင်ရ...."
"ငါ...."
လျူယောင် ခဏတာ စကားမပြောနိုင်ဖြစ်သွားသည်။
အစားအသောက်ကြိုက်သူက အစားအသောက်ကြိုက်သူပင်။ သူတို့ကအရာအားလုံးကို အရသာခံချင်ကြသည်။
အဆိပ်ရှိသည်ဖြစ်စေ၊ အန္တရာယ်ရှိသည်ဖြစ်စေ၊ ၎င်းက ဒုတိယဖြစ်သည်။အရသာရှိခြင်းကသာ အရေးအကြီးဆုံး ဖြစ်နေသည်။
ရုတ်တရက် လိပ်ကြီး၏ အမူအရာက တင်းမာလာသည်။
လျူယောင် ၎င်းကို ခံစားမိပြီး ချက်ချင်းမေးလိုက်သည်။
"ဘာဖြစ်တာလဲ... အန္တရာယ်ရှိနေတာလား....."
လိပ်ကြီးက အမည်မသိသော ချောက်နက်ကြီး၏ နက်ရှိုင်းသောအပိုင်းကို ကြည့်လိုက်ပြီး အလွန်သတိထားကာ ပြောလိုက်သည်။
"သခင်....ကျွန်တော့်မှာ မကောင်းတဲ့ ကြိုတင်ခံစားချက်တစ်ခု ရှိတယ်.....မသိရသေးတဲ့ အန္တရာယ်တစ်ခု ရောက်လာတော့မလိုပဲ....."
လိပ်ကြီး စကားပြောပြီးတာနှင့် ချက်ခြင်းလှည့်ထွက်သွားတော့သည်။
ချောက်နက်ကြီးထဲရှိ အခြေအနေကို လျူယောင် မြင်လိုက်ရပြီး ချက်ချင်းပင် ဘာတွေဖြစ်နေလည်းဆိုတာကို နားလည်သွားသည်။
ထိုချောက်နက်ကြီးထဲမှ သရဲဆံပင်ရေခူ အနည်းဆုံး ဒါဇင်နဲ့ချီ၍ ပြေးထွက်လာခဲ့သည်။ အကြီးဆုံးတစ်ကောင်က ခုနကအကောင်ထက် အနည်းငယ် ပိုကြီးသည်။နူတ်ခမ်းမွှေးများမှာ မီတာ ၁၀၀ နီးပါး ရှည်လျားသည်။
"လခွမ်း...ဒါက ပျားအုံကို တုတ်နဲ့ ထိုးမိတာပဲ..."
ခုနက သရဲဆံပင်ရေခူ၏ အလောင်းက ချောက်နက်ကြီးထဲသို့ နစ်မြုပ်သွားပြီး ရေခူအများအပြား ဂဏှာမငြိမ်ဖြစ်ကာ သေဆုံးသွားတဲ့ ရေခူအတွက် လက်စားချေရန် ထွက်လာကြတာလို့ ခန့်မှန်းရသည်။
"သွား...သွား....မြန်မြန်သွား..."
သရဲဆံပင်ရေခူ တစ်ကောင်နှစ်ကောင်ဆိုရင် လိပ်ကြီး စမ်းတိုက်နိုင်သေးသည်။
အစုလိုက်အပြုံလိုက် ထွက်လာတဲ့ ရေခူ ဒါဇင်နဲ့ချီပြီး ရင်ဆိုင်ရသောအခါ သူရှောင်တိမ်းနိုင်ယုံသာ ရှိတော့ သည်။
လျူယောင် လိပ်ကြီးကို စိတ်ချသည်။
ဒီသရဲဆံပင်ရေခူ၏ အမြန်နှုန်းမှာ သိသိသာသာမြန်မနေဘဲ လိပ်ကြီးကို လုံးဝမီနိုင်ခြင်းမရှိပေ။
ပို၍ထူးဆန်းသည်မှာ ၎င်းတို့က ရေမိုင်အနည်းငယ်သာ လိုက်ဖမ်းပြီးနောက် ရပ်တန့်သွားကြသည်။ ထို့နောက် ကြီးမားသော သရဲဆံပင်ရေခူက ဦးဆောင်၍ အမည်မသိသော ချောက်နက်ကြီးဆီသို့ ပြန်သွာတော့သည်။
ဒီသရဲဆံပင်ရေခူများက ချောက်နက်ကြီးမှ ဝေးကွာမှာကို မလိုချင်ကြပုံရသည်။
လိပ်ကြီးကို လိုက်ဖမ်းခြင်းမှာ ရပ်တန့်သွားသည်။ လျူယောင်လည်း သက်ပြင်းချလိုက်၏။
ထိုမျှရေခူအများအပြား လိုက်ဖမ်းပါက လိပ်ကြီးတွင် အမြန်နှုန်းအားသာချက် ရှိသော်လည်း ပြဿနာ ဖြစ်လာပေလိမ့်မည်။
"အိုး.... ခုနက တုန်လှုပ်သွားတာ...သခင်ရေ..."
လိပ်ကြီး အမောတကော ပြောလိုက်သည်။
"သေမလောက် ကြောက်သွားတယ်မို့လား.... မင်း နောင်တစ်ချိန်မှာ ပိုပြီး သတိထားရမယ်.... သမုဒ္ဒရာက လျှို့ဝှက်ဆန်းကြယ်ပြီး ကျယ်ပြောတယ်.... မင်း မကိုင်တွယ်နိုင်တဲ့ အရာအချို့ ရှိနိုင်တယ်....ကွ .."
လျူယောင် နောက်လိုက်သည်။
လိပ်ကြီးက ယခုအခါ တန် ၁၁၂ ကျော်ရှိပြီး သူက နေ့တိုင်း တစ်တန်ကျော် ပုံမှန်တက်နေသည်။
တန် ၂၀၀ အထိတော့ မရောက်ပေ။ အကယ်၍ သူ တန် ရာပေါင်းများစွာအထိ ကြီးလာပါက ပင်လယ်ထဲတွင် လုံခြုံလိမ့်မည်လို့ ခန့်မှန်းရသည်။
ခုနက သရဲဆံပင်ရေခူများသာ တန် ရာပေါင်းများစွာ အလေးချိန်ရှိတဲ့ လိပ်ကြီးကို ရင်ဆိုင်ရလျင် ထိုရေခူများ အနိုင်ကျင့်ခံရလောက်တယ် လို့ ခန့်မှန်းရသည်။
သူတို့ အဆိပ်များက တန် ရာပေါင်းများစွာ အလေးချိန်ရှိတဲ့ လိပ်ကြီးအပေါ် သက်ရောက်နိုင်မှာ မဟုတ်တော့ပေ။
အဆိပ်က မည်မျှပင် အစွမ်းထက်စေကာမူ ပမာဏ လိုအပ်သည်။
ခန္ဓာကိုယ်အလေးချိန် တန် ရာပေါင်းများစွာရှိသော သတ္တဝါတစ်ကောင်က နူတ်ခမ်းမွှေးများဖြင့် အကြိမ်များစွာ အထိုးခံရပါက ကြီးမားသောပြဿနာ ဖြစ်မည် မဟုတ်ပေ။
"သခင်....ကျွန်တော် အစက တောင်ပစိဖိတ်ဒေသကို သွားပြီး ...အရသာရှိတဲ့ အစားအသောက်တွေ ရှိလား မြည်းချင်ခဲ့တာ.... ဒါပေမဲ့ အခုတော့ ကျွန်တော့်စိတ်ပြောင်းသွားပြီ.... လောလောဆယ် ဒီကနေ သွားတော့မယ်...."
ဟွာဟိုင်းမြို့မှ ဂူအမ်ကျွန်းသို့ ရေမိုင် ၂၀၀၀ နီးပါး ဝေးသည်။
လိပ်ကြီး ဂူအမ်ကျွန်းကို ဖြတ်ကျော်ခဲ့သည်။ထို မျှရှည်လျားသော ခရီးကို လိပ်ကြီး ပထမဆုံးအကြိမ် သွားရောက်ခြင်းပဲ ဖြစ်သည်။
"မင်းသဘောပါပဲ... ဒီရက်အနည်းငယ် မှာ ဘာတာဝန်မှ မရှိဘူးလို့ ငါ ထင်တယ် ... မင်း ကြိုက်တဲ့နေရာ သွားလို့ရတယ်.. ဒါပေမဲ့ သတိရပါ...လုံခြုံရေးကို အာရုံစိုက်ရမယ်...."
"မင်း မကိုင်တွယ်နိုင်တဲ့ အကြီးစားတစ်ကောင်နဲ့ တွေ့ရင် မင်း မနိုင်ဘူးဆိုရင် ပြေးလိုက်...ပြိုင်ဘက်နဲ့ တိုက်ဖို့ ကိုယ့်ကိုယ်ကို အတင်းအကျပ် မလုပ်ပါနဲ့"
လျူယောင် သေချာ မှာလိုက်သည်။
"သခင်ရ...ကျွန်တော် ဒီအမှန်တရားကို နားလည်ပါတယ်... လုံခြုံရေးကို ကျွန်တော် ဂရုစိုက်ပါ့မယ်...ဒါပေမဲ့ ကျွန်တော့်ရဲ့လက်နက်က အရမ်းသေးနေတယ်...ပိုကြီးတဲ့တစ်ခုနဲ့ ပြောင်းလို့ရမလား"
လိပ်ကြီး လက်ထဲမှ လှံကို ကြည့်ပြီး အားမလို အားမရ ပြောလိုက်သည်။
လိပ်ကြီးရဲ့လက်ထဲက ဧရာမလှံမှာ မီတာ ၂၀ ရှည်ပြီး အလေးချိန် ၁၇.၅ တန် ရှိသည်။
လိပ်ကြီး တန် ၂၀ ကျော် အလေးချိန်ရှိစဉ်က လျူယောင် အထူး လုပ်ပေးခဲ့တာ ဖြစ်သည်။ အဲဒါကို အချိန်အတော်ကြာ အသုံးပြုခဲ့ရာ လိပ်ကြီးက ယခုအခါ တန် ၁၁၀ ကျော် အလေးချိန်ရှိနေပြီ ဖြစ်သည်။
ပိုကြီးတဲ့လက်နက် ပြောင်းလဲရန်မှာ တကယ်ဖြစ်သင့်သည်။
လျူယောင် ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
"ဟုတ်တယ်...ငါ့ကို ရက်နည်းနည်းလောက် အချိန်ပေးပါ...မင်းရဲ့လက်နက်အသစ်ကို ငါ ပြီးအောင်လုပ်ပေးမယ်..."
ခုနက တိုက်ပွဲမှကြည့်လျှင် လိပ်ကြီးလက်ထဲရှိ လှံမှာ အနည်းငယ် တိုနေသည်ကို သတိထားမိသည်။ထိုလှံက မီတာ လေးဆယ်မှ ငါးဆယ်အထိ ရှည်ပါက ပို၍ကောင်းမွန်ပေမည်။
လိပ်ကြီးလက်ထဲတွင် မီတာ လေးဆယ်မှ ငါးဆယ် ရှည်သော ဧရာမလှံတစ်ချောင်း ရှိနေပါက သရဲဆံပင်ရေခူ၏ နူတ်ခမ်းမွှေးများ လှုပ်ယမ်းလာလျင် လိပ်ကြီး တစ်ချက်တည်း ဖြတ်နိုင်ပေသည်။
လိပ်ကြီးကို လွတ်လပ်စွာ သွားရန်အမိန့်ပေးပြီးနောက် မည်သည့်ဧရာမလှံ လုပ်ပေးရမလဲ ဆိုတာကို စတင်စဉ်းစားတော့သည်။
.......
ရုံးခန်းထဲတွင်....
လျူယောင် သူဋေးကုလားထိုင်ပေါ်တွင် ထိုင်နေပြီး သူ့လက်ထဲတွင် ခဲတံတစ်ချောင်း၊ ဘေးတွင် ခဲဖျက်နှင့် A4 စာရွက်ဖြူတစ်ရွက် ရှိနေပြီး သူ စဉ်းစားကာ ပုံဆွဲနေသည်။
ခဏအကြာတွင် လျူယောင် ဒီဇိုင်းကို ရေးဆွဲလိုက်သည်။
လိပ်ကြီး ရဲ့ အနာဂတ်လက်နက်က အလွိုင်းသံမဏိဖြင့် ပြုလုပ်ထားသော ဆလင်ဒါတစ်ခု ဖြစ်ပြီး လှံထိပ်မှာ အလွန်ထက်မြသည်။
ထိုဧရာမလှံမှာ မီတာ ၅၀ ရှည်ပြီး အချင်း စင်တီမီတာ ၅၀ ရှိကာ အလေးချိန် တန် ၇၈ ခန့် ရှိသည်။
ဧရာမလှံ၏ ဒီဇိုင်းပုံစံပြီးစီးပြီးနောက် လျူယောင် ကျိုးယန်ကို ခေါ်လိုက်သည်။
" သူဋေး ကျွန်တော့်ကို ခေါ်တာလား ခဗျ.."
လျူယောင် ခေါင်းညိမ့်ပြပြီး ပြောလိုက်သည်။
"ငါ ဒါ လုပ်ချင်တယ်... မင်း ... ပြီးခဲ့တဲ့အကြိမ်က လုပ်တာ ကောင်းတယ်... မင်း သူတို့နဲ့ ဆက်သွယ်ပြီး ငါ လိုချင်တဲ့ဟာကို အမြန်ဆုံး လုပ်ခိုင်းလိုက်ပါ"
ကျိုးယန်က ပုံစံစာရွက်ကို လှမ်းကြည့်လိုက်ရာ ထိပ်ချွန်နေသော ဆလင်ဒါကြီးတစ်ခု ဖြစ်နေသဖြင့် သူ အနည်းငယ် ထူးဆန်းနေသည်။
သူဋေးက ပုံကို ရိုးရှင်းအောင် ဒီဇိုင်းဆွဲထားသည်။
ဒါက. အရင်ကထက် ပိုကြီးရုံသာ ဖြစ်သည်။
"သူဋေးက ဒီလောက်ကြီးတဲ့ ဟာကို ဘာအတွက်သုံးဖို့ လုပ်ခိုင်းတာလဲ...မသိဘူး..."
ကျိုးယန် စိတ်ထဲကနေ တွေးလိုက် မိသည်။