← Chapters

" လိပ်ကြီး၏ လက်နက်အသစ် "

Vol. 13 Ch. 189

" လိပ်ကြီး၏ လက်နက်အသစ် "

Vol. 13 Ch. 189

ကျိုးယန် သိချင်စိတ်ရှိနေသော်လည်းမေးမြန်း၍ မရတဲ့ အရာများ ရှိတာကို သူသိထားသည်။

လျူယောင်ကလည်း မည့်သည့်ရည်ရွယ်ချက်ဖြင့် အသုံးပြုမယ်ဆိုတာကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

ဒါ့ကြောင့် ကျိုးယန်လည်း မေးမြန်းခြင်းမပြုတော့ဘဲ ချက်ချင်း လက်ခံလိုက်သည်။

“စိတ်မပူပါနဲ့ သူဋေး....ဒီကိစ္စကို ကျွန်တော် စီစဉ်လိုက်ပါ့မယ်... ၂ ရက်၊ ၃ ရက်လောက်ဆို....ရလောက်မယ် ...ထင်တယ်... "

“အင်း...”

“ပြီးတာနဲ့ ငါတို့ရဲ့ ဂိုဒေါင်နားက ပင်လယ်ထဲ ပစ်ချထားလိုက်....”

ကျိုးယန်က ထူးဆန်းတယ်လို့ ခံစားမိသည်။

" ခက်ခက်ခဲခဲ လုပ်ထားတာကို ပင်လယ်ထဲ ဘာကြောင့် ပစ်ချရမှာလဲ... သို့သော် သူအသေးစိတ် ထပ်မမေးတော့ဘဲ.... ခေါင်းညိတ်ကာ ... ပြောလိုက်သည်။

“ကောင်းပါပြီခင်ဗျား.... အားလုံးကို သူဋေးရဲ့ အမိန့်အတိုင်း လုပ်ထားပါ့မယ်..."

ဟွာဟိုင်းမြို့ရှိ ကြီးမားသည့် ပုံသွင်းစက်ရုံတစ်ခုတွင် ဖြစ်သည်။

ထိုစက်ရုံက ကြီးမားတဲ့ပုံသွင်းစက်ကိရိယာများဖြင့် တန်ရာနဲ့ချီသော သတ္တု့ များကို ပုံသွင်းနိုင်လေသည်။

စက်ရုံပိုင်ရှင် လီကန်းက ထိုအလုပ်ကိုလက်ခံလိုက်သည်။

ထိုအရာ၏ ဖွဲ့စည်းပုံမှာ ရိုးရှင်းသည်။ ချွန်ထက်သောအစွန်းတစ်ဖက်ရှိ ဆလင်ဒါသဏ္ဌာန် သံမဏိချောင်းကြီးဖြစ်ပြီး အလွန်အမင်းကြီးမားတာပဲ ဖြစ်သည်။

လုပ်ငန်းဆောင်ရွက်မှု့ ကုန်ကျစရိတ်မှာလည်း အတော်မြင့်မားသည်။

လီကန်း ဈေးနှုန်းတင်တဲ့အခါ တစ်ဖက်လူက လုံးဝမငြင်းဆန်ပေ။ သို့သော် လိုအပ်ချက်မှာ ထူးဆန်းနေသည်။ ၂ ရက်အတွင်း အပြီးလုပ်ပြီး ပင်လယ်ထဲ ပစ်ချခိုင်းခဲ့ခြင်းသာ ဖြစ်သည်။

ပစ္စည်းက သတ္တုစပ်သံမဏိဖြစ်ပြီး ထိပ်ဖျားအား မာကျောအောင် ပြုလုပ်ရန်သာ လိုအပ်သည်။

ပုံသွင်းရခြင်းမှာ သိပ်မခက်ခဲဟု လီကန်း ခံစားမိတဲ့အခါ အလုပ်လက်ခံပြီးနောက် ချက်ချင်းပင် ပြုလုပ်ခဲ့သည်။

တစ်ချိန်တည်းတွင် လွန်ခဲ့သော လအနည်းငယ်က အလားတူ ဖောက်သည်တစ်ဦးကလည်း ကြီးမားတဲ့အရာတစ်ခု လုပ်ခဲ့တာကို သူ သတိရသွားသည်။

ထိုအရာမှာ အလျား မီတာ ၂၀ ရှိပြီး အလေးချိန် ၁၇ တန်ရှိသော ဧရာမ လှံကြီးတစ်လက်ဖြစ်သည်။

ယခုတစ်ကြိမ်တွင်မူ အစွန်းတစ်ဖက်အား ထက်မြက်အောင် လုပ်ပြီး မာကျောအောင် ပြုလုပ်ရန်သာ လိုအပ်သည်။

ဖောက်သည်က ထိုကဲ့သို့ ကြီးမားသောအရာကို မည်သည့်အတွက် လိုချင်သနည်း။

သို့သော် ဒီ မေးခွန်းများ သူ မေးမြန်းခြင်း မပြုဘဲ အားလုံးကို ဖောက်သည်ရဲ့ လိုအပ်ချက်များအတိုင်း လုပ်ဆောင်ပေးခဲ့သည်။

၂ ရက်ကြာပြီးနောက် ဧရာမလှံကြီးအား ပြုလုပ်ပြီးစီးခဲ့ပြီး လျူယောင် တောင်းဆိုထားတဲ့အတိုင်း ပင်လယ်ရေပြင်ထဲတွင် ထားရှိကာ အလုပ် ပြီးမြောက်စေခဲ့သည်။

ကျိုးယန်က လျူယောင်အား ကိုယ်တိုင် လာရောက် အစီရင်ခံလိုက်သည်။

“သူဋေး .... လှံကြီးကို သူဋေးရဲ့ ...လိုအပ်ချက်အတိုင်း လုပ်ပြီးပါပြီ....ပြီးတော့ ကျွန်တော်တို့ ကမ်းဘေးဂိုဒေါင်နားက...... ပင်လယ်အောက်ကြမ်းပြင်မှာ ထားလိုက်ပါပြီခင်ဗျား...."

“ကောင်းပြီ...မင်းလည်း ပင်ပန်းသွားပြီ...”

ကျိုးယန် ရုံးခန်းထဲမှ ထွက်ခွာသွားတာကို ကြည့်ပြီးနောက် လျူယောင် သူ့ရဲ့အိမ်မွေးတိရစ္ဆာန်ချပ်ပြားမှ တဆင့် လိပ်ကြီးနဲ့ဆက်သွယ်လိုက်သည်။

“လိပ်ကြီးရေ...မင်းလိုချင်တဲ့ လက်နက်အသစ်ကို ငါ...လုပ်ပြီးသွားပြီ.. အရင်နေရာပဲ...ဂိုဒေါင်နားက ပင်လယ်အောက်ထဲမှာ....ထားထားတယ်.."

လိပ်ကြီး အလွန်ဝမ်းမြောက်သွားသည်။ဒီအချိန်တွင် သူက ဟွာဟိုင်းမြို့မှ ရေမိုင် ၄၀၀၊ ၅၀၀ ခန့် ကွာဝေးသော အရှေ့တရုတ်ပင်လယ်တွင် ရှိနေသည်။

ပြီးခဲ့သည့် အကြိမ်က ဂူအမ်ကျွန်းအနီးသို့ ရောက်ရှိခဲ့ပြီး အမည်မသိသော ရေအောက်ချောက်ထဲတွင် သရဲဆံပင်ရေခူ အုပ်စုကြီးနှင့် ကြုံတွေ့ခဲ့ရသည်။ လိပ်ကြီး ထပ်၍ မသွားတော့ဘဲ လက်ရှိ ပင်လယ်ပြင်သို့ ပြန်လာခဲ့သည်။

“ယေး...သခင်.... ကျွန်တော့်ရဲ့ လက်နက်အသစ်က ဒီလောက် မြန်မြန်ဆန်ဆန် ပြီးသွားတာလား....ကျွန်တော် အခုချက်ချင်း သွားလိုက်ပါ့မယ်....”

လိပ်ကြီး ဘာမှ မပြောတော့ဘဲ သူ့ရဲ့စွမ်းအားကို ဖွင့်ကာ ဟွာဟိုင်းမြို့သို့ အလျင်အမြန် ကူးခတ်သွားသည်။လိပ်ကြီး၏ အမြန်နှုန်းမှာ အနည်းဆုံး ၂၁၀ နူန်း ရှိပြီး လွန်ခဲ့သော ရက်အနည်းငယ်ကထက် အနည်းငယ် တိုးလာခဲ့သည်။

လျူယောင် သူ့ရဲ့ အိမ်မွေးတိရစ္ဆာန်ရဲ့ ပုံစံအား ကြည့်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

၂ ရက်အတွင်း လိပ်ကြီး အလေးချိန် မှာအနည်းငယ်ပို၍ တိုးလာခဲ့သည်။

ရေမိုင် ၄၀၀၊ ၅၀၀ ကို ၂ နာရီခန့်သာ ကြာသည်။

လိပ်ကြီးက မောပန်းခြင်း မရှိပဲတစ်လျောက်လုံး ကူးလာခဲ့တာပဲ ဖြစ်သည်။

ကမ်းဘေးဂိုဒေါင်နားရှိ ရေပြင်သို့ ရောက်လာပြီးနောက် လိပ်ကြီးက ရေအောက်မီတာ ဆယ်ဂဏန်းခန့် နက်တဲ့ ပင်လယ်အောက်ခြေတွင် ရှိသော ဧရာမလှံကြီးကို လျင်မြန်စွာ ရှာတွေ့ခဲ့သည်။

ထိုလှံက ပင်လယ်အောက်ခြေရှိ သဲနုများပေါ်တွင် အလျားလိုက် တင်နေသည်။ တန် ၈၀ လေးသော ဧရာမလှံကြီးတစ်လက် ဖြစ်သည်။

ထိုလှံရဲ့ အရွယ်အစားနှင့် အလေးချိန်မှာ လိပ်ကြီးလက်ထဲရှိနေသော လှံထက် အဆများစွာ ပိုလေးပေသည်။

ယခင် လှံအား ပင်လယ်အောက်ခြေ၌ ပစ်ချပြီးနောက် လိပ်ကြီးက ထိုလှံအသစ်ကို ဆုပ်ကိုင်ရန် မစောင့်နိုင်တော့ပေ။ လူတစ်ယောက်လို မျက်နှာအမူအရာ ရှိပါက ကျေနပ်အားရနေသည့် ပုံဖြစ်နေလိမ့်မည်။

" ဘယ်လိုလဲ...မင်း..အဆင်ပြေရဲ့လား..."

လျူယောင် စိုးရိမ်စွာ မေးလိုက်သည်။

တတိယအမြင်မှတစ်ဆင့် လိပ်ကြီးရဲ့အခြေအနေကို သူ ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

ထိုလှံက လိပ်ကြီး ခန္ဓာကိုယ်ထက် ရှည်ပြီး အလျားက သင့်တော်သလို အထူကလည်း သင့်တော်တယ်ဟု ထင်ရသည်။

လိပ်ကြီးက ဧရာမလှံအသစ်ကို ဆုပ်ကိုင်ကာ ပျော်ရွှင်စွာ ဝှေ့ယမ်းပြီး ဝမ်းမြောက်ဝမ်းသာဖြင့်

“သခင်...ဒါက ကျွန်တော့်လက်ထဲမှာ အဆင်ပြေတယ်လို့ ထင်တယ်...ကျွန်တော် ဝှေ့ယမ်းတဲ့အခါ ဘယ်လောက် လိုက်လျောညီထွေရှိလဲ ကြည့်ပါအုံး...”

ပြောပြီးနောက် ပင်လယ်အောက်ခြေ၌ ခဏတာအောင်ပွဲခံကာ ဝှေ့ယမ်းနေကာ လိပ်ကြီး၏ လှုပ်ရှားမှု့ များက ချောမွေ့လှသည်။

လျူယောင် အနည်းငယ် အံ့ဩသွားသည်။

ထိုနေရာက ပင်လယ်နဲ့ သိပ်မဝေးဘဲ ရေအနက်မှာ အများဆုံး မီတာ ၅၀ မှ ၆၀ အထိသာ ရှိသည်။ ရေအောက်ခြေတွင် မီတာ ၅၀ ရှည်သော ဧရာမလှံကို ကိုင်၍ ဝှေ့ယမ်းနေသည်မှာ အသံ အလွန်ကျယ်လောင်လွန်းသည်။

" ဗုန်း...ဗုန်း.."

လှိုင်းများက ရေပေါ်တွင် လှိမ့်နေပြီး ဧရာမလှံကိုပင် မှိန်ပြပြသာ မြင်ရ၏။

ထိုအချိန် အနီးနားတွင် ငါးဖမ်းထွက်နေသော လှေငယ်တစ်စင်း ရှိနေခဲ့သည်။

လှေပေါ်ရှိ လူများက လှုပ်ရှားမှု့အား သတိပြုမိပသွားကာ လူငယ်တစ်ဦးက အော်ဟစ်လိုက်သည်။

“အဖေ.... ဟိုဘက်မှာ ဘာဖြစ်နေလဲ ကြည့်ပါဦး.. လှိုင်းတွေ လှိမ့်နေတယ်...”

အလယ်အလတ်အရွယ် အမျိုးသားလည်း ကြည့်လိုက်ရာ ထိုကဲ့သို့ ကြီးမားတဲ့ လှုပ်ရှားပုံကို မြင်လိုက်သောအခါ လန့်သွားပြီး သူ့ရဲ့အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။

သူက လှေရဲ့ ဦးပိုင်းကို လျင်မြန်စွာ လှည့်လိုက်ပြီး အတင်းမောင်း ပြေးတော့သည်။

လိပ်ကြီးက အခြားသူများ ကြောက်လန့် သွားကြောင်းကို မသိလိုက်ပေ။

လျူယောင် လျင်မြန်စွာ သတိပေးလိုက်သည်။

“ရပ်...မြန်မြန် ရပ်လိုက်...တခြားသူတွေ မင်းကို မကြာခင် ရှာတွေ့လိမ့်မယ်....”

“ဘာ..."

" တခြားသူတွေက...ကျွန်တော့်ကို ရှာတွေ့သွားမှာလား..."

လိပ်ကြီး အံ့ဩသွားသည်။

သူက ဧရာမလှံကို ပင်လယ်အောက်ခြေတွင် ဆက်လက် မဝှေ့ယမ်းရဲတော့ဘဲလျင်မြန်စွာ ကူးခတ်သွားတော့သည်။

ရေမိုင်ဆယ်ဂဏန်းခန့်ကို တစ်ထပ်တည်း ကူးခတ်သွားပြီး ရေအနက် ရာနှင့်ချီ ရောက်တဲ့အခါ သက်ပြင်းချလိုက်သည်။

မည်သို့ပင်ဖြစ်စေ သူ အရင် ပျော်ရွှင်ရဦးမည်။လက်နက် အသစ်က သူ့ လက်ထဲတွင် ရှိနေပြီလေ။

ပင်လယ်အောက်ခြေရှိ ကြီးမားသော ကျောက်တန်းကို လိပ်ကြီး မြင်လိုက်ရာ ရေညှိနှင့် ခရုခွံများ ဖုံးလွှမ်းနေပုံပေါ်သည်။

ရုတ်တရက် လိပ်ကြီး အတွေးပေါ်လာပြီး ဧရာမလှံဖြင့် ဒီကြီးမားတဲ့ ကျောက်တန်းအား ထိုးချလိုက်သည်။

လိပ်ကြီးရဲ့ အားက အနည်းဆုံး တန် ၂၀၀ စွမ်းအားရှိပြီး တန် ၈၀ နီးပါးလေးသည့် ထိုဧရာမလှံရဲ့အမြန်နှုန်းနှင့်အကျိုးသက်ရောက်မှု့အောက်တွင် စွမ်းအားများ မြှင့်တက်လာသည်။

"ဘုန်း..."

ပင်လယ်အောက်ခြေတွင် ကျယ်လောင်သောအသံ ထွက်ပေါ်လာပြီး အနီးနားရှိ ငါးနှင့် ပုစွန်များမှာ ကြောက်လန့်တကြား ကျုံ့သွားကာ ထို့နောက် တတ်နိုင်သမျှ ဝေးရာသို့ အမြန်ဆုံး ပြေးကြတော့သည်။

"

ဟေး...အမြန်ဆုံးနည်းနဲ့.ပန်းကန်လုံးစီးပြီး ပြေးကြဟေ့...ဒီဘီလူးကောင်ကြီးက...ကြောက်စရာကြီး..."

ကြီးမားသော သတ္တဝါကြီးတစ်ကောင် ဧရာမလှံဖြင့် ကစားနေတာကို သူတို့ မြင်လိုက်ရတာကြောင့် ဖြစ်သည်။

အနည်းဆုံး တန်ပေါင်းများစွာ အလေးရှိတဲ့ ကျောက်တန်းမှာ ဧရာမလှံကြောင့် အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားခဲ့သည်။

“အရမ်း အစွမ်းထက်တာပဲ....”

လိပ်ကြီး ထိုမြင်ကွင်းကို မြင်လိုက်ရာ ပိုမိုကျေနပ်သွားပြီး လျူယောင်အား ကျေးဇူးတင်စကား ပြောလိုက်သည်။

“သခင်...လက်နက်အသစ် လုပ်ပေးတာ ကျေးဇူးတင်ပါတယ်..အရမ်းချစ်သွားဘီဂျာ.....”

လျူယောင်လည်း ခုနက မြင်ကွင်းကို ကြည့်ပြီး သူ့ရင်ထဲတွင် ဝမ်းမြောက်မှု့များ ပေါ်ထွက်လာခဲ့သည်။

“ဒီလက်နက်ကို ခဏလောက် အရင်သုံးနှင့်....မင်းရဲ့ အလေးချိန် တန်ရာပေါင်းများစွာအထိ ကြီးလာတဲ့အခါ တန် ၂၀၀၊ ၃၀၀ လောက်....ရှိတဲ့ ဧရာမလှံကို ငါ လုပ်ပေးပါ့မယ်....အဲ့ဒါက ဒီလှံထက်တောင် ပိုပျော်စရာကောင်းလိမ့်မယ်...”

“တကယ်လား.... ဒါဆို အရမ်းကောင်းတာပေါ့...ပိုချစ်သွားဘီ...သခင်ရေ...”

လိပ်ကြီး မျှော်လင့်တကြီး ပြောလိုက်သည်။

ပင်လယ်အောက်ခြေတွင် ဧရာမလှံဖြင့် ကစားပြီးနောက် လှံကြီးက သူ့လက်ထဲတွင် ပိုမိုသက်သောင့်သက်သာ ဖြစ်လာတာကို လိပ်ကြီး ခံစားမိသည်။

လိပ်ကြီး မကျေမနပ် ပြောလိုက်သည်။

“သခင်....ကျွန်တော် အဲ့ဒီ သရဲဆံပင်ရေခူတွေကို ထပ်ပြီး ဒုက္ခပေးတော့မယ်....ကျွန်တော်.... သူတို့ကို သွားသတ်ပစ်မယ်”

လိပ်ကြီး က လက်စားချေတတ်သူပဲ ဖြစ်သည်။

All Chapters