" သရဲဆံပင်ရေခူ "
Vol. 13 Ch. 190
လျူယောင် ဒီကောင်လေးအကြောင်း ကောင်းကောင်းသိသည်။
ဒီကောင်လေး လက်စားချေရန် စဉ်းစားနေတာ ကို သိထားသည်။ ယခုအခါ လက်နက်အသစ်ရှိနေပြီဖြစ်ရာ ပြဿနာရှာရန်နှင့် ထိုသရဲဆံပင် ရေခူများအား သွား၍ ဒုက္ခပေးတော့မည်ဖြစ်သည်။
“ပြဿနာမရှိပါဘူး... မင်း အဲ့ဒီ ရေခူတွေကို သတ်တာကို ငါ မကန့်ကွက်ပါဘူး... ဒါပေမဲ့ သတိထားရမှာက တစ်ကောင်တည်းရှိတဲ့ ရေခူကို ရွေးပြီး တိုက်တာ အကောင်းဆုံးပဲ...အုပ်စုလိုက်နဲ့ ကြုံရင် ရှောင်နိုင်သလောက် ရှောင်ပါ...”
လျူယောင် မှာလိုက်သည်။
ဒါကပုံမှန် မြေအောက်စစ်ပွဲ နည်းဗျူဟာပင် ဖြစ်သည်။
နိုင်လျှင်တိုက်၊ မနိုင်လျှင် ပြေးရမည်။
ယခုအခါ လိပ်ကြီးတွင် လက်နက်ကောင်းတစ်ခု ရှိနေပြီ ဖြစ်တာကြောင့် ရေခူ ၂၊ ၃ ကောင်နှင့် ကြုံတွေ့ပါက. လိပ်ကြီး ပြဿနာမရှိဘူးလို့ လျူယောင် ခံစားရသည်။ အကယ်၍ အရေအတွက် အလွန်များပါက အတင်းအကျပ် တိုက်လို့ မရပေ။
" အိုခေဘာ..သခင်.."
လိပ်ကြီးက လက်ထဲတွင် ဧရာမလှံတစ်လက်ကို ကိုင်လျက် ဂူအမ်ကျွန်းဘက်သို့ ဦးတည် ထွက်ခွာသွားတော့သည်။
-------
ဝူကျန်းဆေးဝါးအုပ်စု .....
ထိုအုပ်စုက ဟွာဟိုင်းမြို့ရှိ အကြီးဆုံးနှင့် အကျော်ကြားဆုံး ဆေးဝါးကုမ္ပဏီဖြစ်ပြီး နှစ်စဉ်ဝင်ငွေ ၁၀ ဘီလီယံကျော်ရှိကာ ကမ္ဘာပေါ်တွင် ထိပ်ဆုံး ၁၀ ခုတွင် ပါဝင်သည်။
ထိုကုမ္ပဏီက အနောက်တိုင်းဆေးဝါးများတီထွင်ထုတ်လုပ်ရုံသာမက မူပိုင်ဆေးဝါးများကိုလည်း တီထွင်ထုတ်လုပ်သည်။
လက်ရှိတွင် သူတို့က အဆစ်အမြစ်ရောင်ရောဂါကုသရန် မူပိုင် ဆေးပလာစတာတစ်မျိုးကို တီထွင်နေသည်။ ထိုအတွက် သရဲဆံပင်ရေခူရဲ့ အဆိပ်တစ်မျိုးကို အသုံးပြုရန် လိုအပ်နေသည်။
ကုမ္ပဏီ၏ အကြီးတန်းသုတေသီက ကျောက်ယိုဖန်းအား အစီရင်ခံနေသည်။
“သူဋေး ... ကျွန်တော်တို့ အသုံးပြုဖို့ လိုအပ်တဲ့ ရေခူအဆိပ်တွေ ကုန်ခါနီးပါပြီ... ဒီဆေးကို ဆက်ပြီး တီထွင်မယ်ဆိုရင် အဆိပ်တွေက မရှိမဖြစ်လိုအပ်ပါတယ်...”
ကျောက်ယိုဖန်းက သူ့ရဲ့လက်ချောင်းများဖြင့် စားပွဲပေါ်တွင် ညင်သာစွာ စည်းချက်ညီညီ ခေါက်နေသည်။
သူ့အား ရင်းနှီးသူများက ထိုအပြုအမူမှာ စဉ်းစားနေခြင်းဖြစ်ကြောင်းကို သိသည်။
ဒီဆေးဝါးကို လုံးဝ သူ လက်လျှော့၍မရပေ။
ဆက်တိုက် ရင်းနှီးမြှုပ်နှံခဲ့သည့် ငွေမှာ ယွမ် သန်း ၁၀၀ ကျော်ရှိနေတာက တစ်ကဏ္ဍဖြစ်သည်။
အရေးအကြီးဆုံးအချက်မှာ ပလာစတာက စတင်အကျိုးသက်ရောက်မှု့ ပြသနေပြီး စျေးကွက်တွင် ရှိသော အခြား အဆစ်အမြစ်ရောင်ဆေးဝါးများထက် ပိုမို ထိရောက်မှု့ရှိခြင်းပင် ဖြစ်သည်။
သုတေသနအတွက် ဝူကျန်းဆေးဝါးမှ ဝယ်ယူထားသော သရဲဆံပင်ရေခူအဆိပ်က ဈေးကြီးပြီး ရွှေထက်ပင် ဈေးပို၍ကြီးကာ တစ်ဂရမ်လျှင် အမေရိကန်ဒေါ်လာ ၁,၀၀၀ အထိရှိသည်။ သူတို့က ဂရမ် ၁၀၀ သာ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ကျောက်က်ယိုဖန်းမှာ ပို၍ ဝယ်ယူလိုသော်လည်း သူတို့ကလုံးဝ များများစားစား မရောင်းပေ။ ဂရမ် ၁၀၀ က အကန့်အသတ်ဖြစ်ပြီး ထိုထက် ပို၍ မရနိုင်ပေ။
ခဏတာ စဉ်းစားပြီးနောက် ကျောက်ယိုဖန်း ဖြည်းညှင်းစွာ ပြောလိုက်သည်။
“တခြား ရေခူအဆိပ်တွေ... ဥပမာ- ဘောက်စ်ရေခူအဆိပ်တွေနဲ့... အစားထိုး ..အသုံးပြုလို့ ရမလား....”
“မရပါဘူးသူဋေး... သရဲဆံပင် ရေခူအဆိပ်ပဲ ဖြစ်ရပါမယ်...”
ကျောက်ယိုဖန်း သက်ပြင်း ချပြီး ပြောလိုက်သည်။
“ဟူး...သရဲရေခူတွေက မီတာ ၂,၀၀၀ ကျော်နက်တဲ့ ရေအောက်မှာ နေထိုင်ကြတာ.... ဖမ်းရတာ အရမ်းခက်တယ်... ငါတို့ရဲ့ ဆေးကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ရင်တောင် နောင်တစ်ချိန်မှာ အများအပြား ထုတ်လုပ်တဲ့အခါ သရဲရေခူအဆိပ်တွေ ပိုလိုအပ်လာလိမ့်မယ်... ကုန်ကြမ်းအတွက်က မေးခွန်းထုတ်စရာ ဖြစ်လာလိမ့်မယ်....”
“သူဋေး...ကုန်ကြမ်းတွေ ရဖို့ ခက်ခဲပေမဲ့ အကျိုးအာနိသင်ကတော့ ကောင်းပါတယ်... နောင်တစ်ချိန် စျေးကွက်ထဲ ထည့်သွင်းလိုက်တဲ့အခါ ဒီထုတ်ကုန်က အရမ်းနာမည်ကြီးလာမှာ သေချာပါတယ်...”
ကျောက်က်ယိုဖန်း ခေါင်းညိတ်ပြလိုက်သည်။
သူက ကုသမှု့အကျိုးအာနိသင်ကို စိတ်ဝင်စားသည်။
ကုသမှု့အကျိုးအာနိသင် ကောင်းမွန်တာကြောင့် သရဲဆံပင်ရေခူအဆိပ်ကဲ့သို့ ရှားပါးတဲ့အရာကို အသုံးပြုရန် လိုအပ်သည်။ ထို့ကြောင့် သူ့ နှာခေါင်းကို ညှစ်ကာ မျက်စိမှိတ်ပြီး အသုံးပြုခဲ့ရသည်။
ကုသမှု့အကျိုးအာနိသင်က ကောင်းမွန်တာကြောင့် အခြားနည်းလမ်းမရှိတော့ပေ။
သရဲဆံပင်ရေခူရဲ့ အဆိပ်ကို ရရှိရန် ခက်ခဲလှသည်။
ထိုဆေး အစုလိုက်ထုတ်လုပ်မှု့က နောင်တစ်ချိန်တွင် များပြားမည်မဟုတ်ဟု မျှော်လင့်ရသည်။
ထို့ကြောင့် ဈေးနှုန်းကို မြင့်မြင့် သတ်မှတ်ထားရမည်။ လူနာအနည်းငယ်သာ မြင့်မားတဲ့ဈေးကို တတ်နိုင်ပေမည်။ မည်သို့ပင်ဖြစ်စေ ကုသမှု့အကျိုးအာနိသင်က ရှိနေသည်။
ယခု အဓိကပြဿနာမှာ သရဲဆံပင်ရေခူ၏ အဆိပ်ကို မည်သို့ ရယူရမည်နည်းဟူ၍ပဲ ဖြစ်သည်။
ကျောက်ယိုဖန်း ခဏ စဉ်းစားပြီးနောက် သူ ကိုယ်တိုင် ဖုန်းခေါ်ဆိုပြီး နိုင်ငံခြားအဖွဲ့အစည်းရဲ့ တာဝန်ရှိသူအား ဆက်သွယ်ခဲ့သည်။ သူက သရဲဆံပင်ရေခူ အဆိပ်အား အနည်းဆုံး ဂရမ် ၁၀၀ ဝယ်ယူမည်ဖြစ်ကြောင်း ပြောခဲ့သည်။
မကြာခင်မှာပင် သူ စိတ်ပျက်သွားရသည်။
တစ်ဖက်လူက ရောင်းလိုအားမှာ ကျပ်တည်းနေတာကြောင့် လက်ရှိတွင် ရောင်းပေးဖို့ သရဲဆံပင်ရေခူအဆိပ် မရှိကြောင်း ရှင်းရှင်းလင်းလင်း ပြန်ဖြေခဲ့သည်။
မည်သို့လုပ်ဆောင်ရမည်နည်း။
ကျောက်ယိုဖန်း အနည်းငယ် စိုးရိမ်မိသည်။
ထိုအချိန် အကြီးတန်း သုတေသီက စမ်းသပ် မေးမြန်းလိုက်သည်။
“သူဋေး... Global ကို ကြားဖူးပါသလား...”
ကျောက်ယိုဖန်းက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။
“ကြားဖူးတာပေါ့ကွ...”
သူ အနည်းငယ် နားမလည်ခဲ့ပေ။
ရုတ်တရက် Global ဘာလုပ်နေတာလဲကို ဒီအကြီးတန်းသုတေသီက. မေးလာသည်။ ၎င်းက စုစုပေါင်း တန်ပေါင်းများစွာရှိတဲ့ သမုဒ္ဒရာရေကြောင်းပို့ဆောင်ရေးကုမ္ပဏီတစ်ခုပဲ ဖြစ်သည်။
အကြီးတန်းသုတေသီက ရှင်းပြလိုက်သည်။
“သူဋေး ဒီကုမ္ပဏီရဲ့ လုပ်ငန်းတွေက သမုဒ္ဒရာသယ်ယူပို့ဆောင်ရေးအပြင် ရေနက်ပိုင်း ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေလည်း ရှိပါတယ်... သူတို့မှာ သရဲဆံပင်ရေခူအဆိပ်ကို ရဖို့ နည်းလမ်းရှိကောင်း ရှိနိုင်ပါတယ်....”
“အော်...တကယ်လား....”
ကျောက်က်ယိုဖန်းရဲ့မျက်လုံးများ အနည်းငယ် အရောင်တောက်သွားပြီး မျှော်လင့်ချက်ကို မြင်လိုက်ရသလို ဖြစ်သွားသည်။
ခဏတာ စဉ်းစားပြီးနောက် ကျောက်က်ယိုဖန်းက ပြောလိုက်သည်။
“ဟောင်းထောင်....မင်း Global ကုမ္ပဏီကို ကိုယ်တိုင် သွားလိုက်ပါ....”
ဒီလို ပြောပြီးတာနဲ့ သူကိုယ်တိုင်ပင် ထိုအစီအစဉ်ကို ပယ်ဖျက်ပြီး လက်ဝှေ့ယမ်းလိုက်သည်။
“ထားလိုက်ပါတော့....ငါကိုယ်တိုင် သွားလိုက်မယ်....”
ကိစ္စက အလွန်အရေးကြီးတာကြောင့် ကျောက်ယိုဖန်း ကိုယ်တိုင် သွားရောက်ရန် ထိုက်တန်သည်။
........
Global ရုံးခန်းထဲတွင်.....
လျူယောင်က ဆိုဖာပေါ်တွင် ထိုင်နေပြီး ဝူကျန်းဆေးဝါးအုပ်စုမှ ကျောက်ယိုဖန်းက မနီးမဝေးရှိဆိုဖာပေါ်တွင် ထိုင်နေသည်။
“ဘာ....”
“ခင်ဗျားက သရဲဆံပင်ရေခူအဆိပ်ကို လိုချင်တာလား...”
လျူယောင် တိတ်တဆိတ် အံ့ဩသွားပြီး စိတ်ထဲကနေ အော်ဟစ်လိုက်သည်။
“ရေခူအဆိပ်ကို ဆေးဝါးအဖြစ် အသုံးပြုလို့ ရတယ်လို့ ငါ ပထမဆုံးအကြိမ် ကြားဖူးတာပဲ.... တကယ်ကို အံ့ဩစရာပဲ....”
သူဋေးကိုယ်တိုင် လာရောက်တာကို ကြည့်ပြီး အဆိပ်ကို သူတို့ အလျင်အမြန်လိုအပ်နေတယ်ဆိုတာ လျူယောင် ခန့်မှန်းနိုင်သည်။
လျူယောင် ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ကျွန်တော်တို့အတွက် သရဲဆံပင်ရေခူအဆိပ်ကို ရဖို့က ကြီးမားတဲ့ ပြဿနာမဟုတ်ပါဘူး....ဒါပေမဲ့... ဆုကြေးက ဘယ်လောက်လဲဆိုတာ ကျွန်တော် မသိတာပါ....”
ကျောက်ယိုဖန်း အလွန်ဝမ်းမြောက်သွားသည်။
Global သူဋေးက သရဲဆံပင်ရေခူအဆိပ်ကို ရနိုင်သည်ဟု ရှင်းရှင်းလင်းလင်း ပြောခဲ့သည်။
အံ့ဩစရာကောင်းသည်မှာ ရုတ်တရက် ပေါ်ပေါက်လာခဲ့ခြင်းပင် ဖြစ်သည်။
ကျောက်ယိုဖန်းက ချက်ချင်း ပြန်ဖြေလိုက်သည်။
“မစ္စတာလျူ...ခင်ဗျားက သရဲရေခူရဲ့ အဆိပ်အိတ်တစ်အိတ်ကို ရနိုင်ရင်တောင် ကျွန်တော်တို့က ယွမ် ၁၀ သန်းပေးပါ့မယ်.... ဆုကြေးက ....ပြောရတာ လွယ်ပါတယ်.....”
“ xxxxသား သရဲဆံပင်ရေခူရဲ့ အဆိပ်အိတ်တွေက ဒီလောက်တောင် ဈေးကြီးတာကိုး ”
တစ်အိတ်လျှင် ယွမ် ၁၀ သန်း တန်သည်။
လျူယောင် စိတ်ထဲ အံ့သြစွာ ဆဲလိုမိကာ ဝမ်းသာအားရ. မေးလိုက်သည်။
“ယွမ် ၁၀ သန်းဆိုလည်း ယွမ် ၁၀ သန်းပေါ့...စ္စတာကျောက်…ခင်ဗျား ဘယ်နှစ်အိတ် လိုချင်ပါသလဲ....”
လျူယောင်ကို ကျောက်ယိုဖန်း မှင်သက်စွာ စိုက်ကြည့်နေသည်။
“ ဘယ်နှစ်အိတ်လိုချင်လဲ… ဟုတ်လား..”
သူက အဆိပ်အိတ်တစ်အိတ်ရလျှင် ကောင်းတယ် ဟု ယူဆခဲ့သည်။ သို့သော် လျူယောင်ကမူ ဘယ်နှစ်အိတ် လိုချင်လဲ ဟု မေးနေသည်။ သရဲဆံပင်ရေခူရဲ့ အဆိပ်အိတ်ကို ရရန် လွယ်ကူပါသလား။
တကယ်လို့ လွယ်ကူခဲ့မယ်ဆိုရင်လည်း ဒီလောက်ဈေးကြီးနေမှာ မဟုတ်ဘူး။ နိုင်ငံခြားအဖွဲ့အစည်းက တစ်ဂရမ်လျှင် ဒေါ်လာ ၁,၀၀၀ ပေးသည်။ ရွှေထက်ပင် အများကြီး ဈေးပို၍ကြီးသည်။
အချိန်အတော်ကြာပြီးမှ ကျောက်က်ယိုဖန်းသတိပြန်ဝင်လာခဲ့သည်။
“ဒီတစ်ခေါက် လာရတာ တကယ် မှန်ကန်တာပဲ....Global ကုမ္ပဏီက သရဲဆံပင်ရေခူရဲ့ အဆိပ်အိတ်ကို ရနိုင်ရုံသာမက အများအပြားကိုလည်း ရနိုင်ပုံရတယ်....”
သူ့စိတ်ထဲတွင် တစ်ဖန်ပြန်၍ ပြောလိုက်သည်။
သတိပြန်ဝင်လာပြီးနောက် ကျောက်ယိုဖန်း ပြန်ဖြေလိုက်သည်။
“မစ္စတာလျူ.... ခင်ဗျားရနိုင်သလောက် ကျွန်တော် လိုချင်ပါတယ်... တစ်အိတ်ကို ယွမ် ၁၀ သန်း ဈေးနဲ့ပေါ့....”
သရဲရေခူရဲ့ အဆိပ်အား ဆေးအဖြစ် အသုံးပြုသောအခါ စျေးမှာ တန်ဖိုးရှိသော်လည်း အများအပြား ထုတ်လုပ်ပြီးနောက် လိုအပ်ချက်မှာ များပြားနေသေးပြီး တစ်နှစ်လျှင် အဆိပ်အိတ် ၂ အိတ် ၃ အိတ် အမြဲတမ်း လိုအပ်နေမည်ဖြစ်သည်။
"တစ်အိတ်လျှင် ယွမ် ၁၀ သန်း ပွတာပဲ..."
၃ အိတ် သို့မဟုတ် ၅ အိတ် ရပါက သန်းပေါင်းများစွာ ဖြစ်လာလိမ့်မည်။
လိပ်ကြီးက လမ်းတွင်ရှိနေသည်။ ထိုသရဲဆံပင်ရေခူများနှင့် စာရင်းရှင်းရန် သွားနေသည်။
အဆိပ်အိတ်အချို့ကို ရယူခြင်းက. လျူယောင်အတွက် လွယ်ကူသော အရာပဲ ဖြစ်သည်။ ဘာကြောင့် မလုပ်ရမည်လဲ။ ယွမ်သန်းပေါင်းများစွာက နည်းပါးသော ပမာဏမဟုတ်ပေ။
နှစ်ဦးသား သဘောတူညီချက်ကို လျင်မြန်စွာ ဆွေးနွေးခဲ့ကြသည်။
ကျောက်ယိုဖန်း ပြန်သွားပြီးနောက် လျူယောင်က သူ့ရဲ့ အိမ်မွေးတိရစ္ဆာန်ချပ်ပြားမှတဆင့် လိပ်ကြီးနဲ့ ချက်ချင်း ဆက်သွယ်ခဲ့သည်။
“ငါ့ကောင်ကြီး...မင်းကို.....အလုပ်တစ်ခု ပေးရမလား....”
အလုပ်ဆိုတာနဲ့ လိပ်ကြီး ချက်ခြင်း ဝမ်းသာအားရ ပြန်ဖြေလိုက်သည်။
“သခင်... ဘာလုပ်စေချင်တယ်ဆိုတာ...ကျနော့ကို... ပြောပြလိုက်ပါ....”
သရဲဆံပင်ရေခူ၏ အဆိပ်အကြောင်းကို လျူယောင် အတိုချုပ် ပြောပြလိုက်ရာ လိပ်ကြီးက ရင်ဘတ်ကိုပုတ်ကာ ပြောလိုက်သည်။
“ဒါက....သေးနုပ်တဲ့ ကိစ္စလေးပါ သခင်ရာ.... ကျွန်တော် ခင်ဗျားအတွက်....အများအပြား ပြန်ယူလာခဲ့မယ်....”
လိပ်ကြီးက အများအပြားဟု ပြောနေခြင်းဖြစ်ပြီး အနည်းငယ်ကို ပြောခြင်းမဟုတ်ပေ။
လက်နက်အသစ် လဲပြီးနောက် လိပ်ကြီးက ယုံကြည်မှု့များဖြင့် ပြည့်နှက်နေပုံရသည်။