← Chapters

" လိပ်ကြီး vs သရဲဆံပင်ရေခူ "

Vol. 13 Ch. 192

" လိပ်ကြီး vs သရဲဆံပင်ရေခူ "

Vol. 13 Ch. 192

လိပ်ကြီး ချောက်အောက်သို့ ဆင်းလာရာ အဝေးမှ ရေခူကြီး နှစ်ကောင်ကို တွေ့လိုက်ရသည်။တစ်ကောင့်နဲ့တစ်ကောင်မှာ အတော်လေးဝေးသည်။ရေခူအကြီးတစ်ကောင်နှင့်အသေးတစ်ကောင်ပင် ဖြစ်သည်။

ထိုရေခူနှစ်ကောင်ကို သတ်နိုင်လျှင်ပင် အားထုတ်မှုများစွာ လိုအပ်မှာ သေချာသည်။

ထိုစဥ် ရေခူအကြီးက လိပ်ကြီး အားတွေ့သွားပြီး အားကုန် လိုက်လာသည်။

လိပ်ကြီးက ရှေ့မှာ မျှားခေါ်သွားပြီး မိနှစ်အတော်ကြာ ပြေးသွားပြီးနောက်လိပ်ကြီး ရဲ့အာရုံခံမှုတွင် ရေခူတစ်ကောင်သာ ရှိပြီး ကျန်ရေခူတစ်ကောင်ကို လုံးဝ ကျန်နေခဲလေသည်။

လိပ်ကြီးရဲ့ အမြန်နှုန်းမှာ ရုတ်တရက် တိုးလာကာ ရေအောက်ချောက် ထိပ်သို့ ရောက်ရှိနေသလို ဖြစ်သည်။

ရေခူကြီးက လက်မလျော့ပဲ အရှိန်အပြည့်ဖြင့် လိုက်လာသည်။

နောက်ဆုံးတော့ လိပ်ကြီး၏ အခွင့်အရေး ရောက်လာခဲ့သည်။

ထို အခွင့်အရေးကို ဖမ်းဆုပ်လိုက်ပြီး အပေါ် ကနေ အောက်သို့ ရောက်လာကာ ရေခူကြီးရဲ့ ကြီးမားသော ဦးခေါင်းအား ပစ်မှတ်ထားပြီး အရှိန်မြှင့်တင်လိုက်သည်။ မီတာ ၅၀ ရှည်သော လှံက လျင်မြန်စွာ တိုက်ရိုက် ထိုးဖောက်သွားသည်။

" ဇွက်..."

ဒါက မျက်တောင်တစ်ခတ်အတွင်း ဖြစ်ပျက်နေတာ ဖြစ်သည်။ ဧရာမလှံရဲ့ ထိပ်ဖျားကကြီးမားသော ဦးခေါင်းထဲအား တိကျစွာ ထိုးဖောက်သွားရာ သရဲဆံပင်ရေခူ တုံ့ပြန်ရန် အချိန်မရလိုက်ပေ။

" ပွက်..."

အစိမ်းရောင် အရည်များက တိုက်ရိုက် ပန်းထွက်လာခဲ့သည်။

ပင်လယ်ရေပြင်ရှိ နေရာကျယ်ကြီး တစ်နေရာ က အစိမ်းရောင်သို့ ပြောင်းသွားခဲ့သည်။

လိပ်ကြီး၏ ဧရာမလှံဖျားက အနည်းဆုံး ၁၀ မီတာထိ ထိုးဖောက်ဝင်ရောက်သွားပြီး ဧရာမရေခူ လှုပ်ယမ်းနေသည့် နူတ်ခမ်းမွှေးများက အားအင်မရှိစွာဖြင့် အောက်သို့ ကျသွားကာ ပျော့ခွေသွားတော့သည်။

သရဲဆံပင်ရေခူကြီးတစ်ချက်တည်းနဲ့ သေဆုံးသွားတာပဲ ဖြသ်သည်။

လိပ်ကြီး တစ်ကြိမ်ပြေးသွားခြင်းဖြင့် ဧရာမရေခူရဲ့ အသက်ကို နှုတ်ယူသွားခဲ့သည်။

" ဝိူး အမိုက်စားပဲ...ငါအရမ်းတော်တာပဲ...

လိပ်ကြီးလက်စားချေရန် ထိုနေရာသို့ လာခဲ့ခြင်းဖြစ်ပြီး သူ ဒီနေရာကို လမ်းတစ်လျှောက်လုံး မနားတမ်း ကူးခတ်လာခဲ့ကာ ရင်ထဲမှ ဒေါသကို မမျိုချနိုင်ခဲ့ပေ။ ယခုတော့ သူ အများကြီး ပိုကောင်းလာတယ်လို့ ခံစားရသည်။

ရေခူ၏ အသေအား မီတာ ၅၀ ရှည်တဲ့ ဧရာမလှံပေါ်တွင် တင်လိုက်ပြီး လိပ်ကြီး အလျင်အမြန် ကူးခတ်သွားခဲ့သည်။ မကြာမီ ရေအောက် ချောက်ထဲမှ ထွက်လာကာ ရေခူရဲ့ အလောင်းအား ရေအောက်ချောက်နဘေးရှိ မြေပြန့်တွင် ယာယီ ထားလိုက်သည်။

လိပ်ကြီး ရေအောက် ချောက်ထဲသို့ နောက်တစ်ကြိမ် ပြန်ဝင်သွားခဲ့သည်။ မကြာမီပင် အနည်း ငယ် ပိုသေးတဲ့ ရေခူအား သူ တွေ့ရှိခဲ့သည်။

ထိုရေခူအသေးက ဒီနေရာကို ရောက်လာခဲ့ပေမဲ့ ရေခူကြီးကို မမြင်ရတာ ထူးဆန်းတယ်လို့ မခံစားရပေ။ ၎င်းက အိုင်ကျူ နိမ့်သော သတ္တဝါဖြစ်သည်မှာ တကယ်ပင်။

ရေခူအသေးက သူ့ နူတ်ခမ်းမွှေးရှည်များအား လိပ်ကြီး ဘက်သို့ ဝှေ့ယမ်းနေသည်။

လိပ်ကြီးက ကလှံကို ကိုင်လျက် ထိုနေရာတွင် စောင့်နေသည်။ ရေခူအသေးလေး နီးကပ်လာတာကို ကြည့်နေ၏။

အကွာအဝေးမှာ ပို၍ နီးကပ်လာပြီး ရေခူအသေး ရောက်ရှိလာခဲ့သည်။ ရိုင်းစိုင်းစွာ ဝှေ့ယမ်းနေသော နူတ်ခမ်းမွှေးများက လိပ်ကြီးအား ရစ်ပတ်လုနီးပါး ဖြစ်နေသည်။

“သေစမ်း....”

“ငါ့ရဲ့ ဝှေ့ယမ်းမှု့ ကို ကြည့်လိုက်.....”

လိပ်ကြီး လက်ထဲရှိ မီတာ ၅၀ ရှည်သော ဧရာမလှံကို ဝှေ့ယမ်းလိုက်ရာ ကြီးမားသော ပန်ကာပုံသဏ္ဌာန် မျက်နှာပြင်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သိပ်မထူသော အမွှေးများက ဧရာမလှံရဲ့ ဝှေ့ယမ်းမှု့အောက်တွင် ပြတ်တောက်သွားခဲ့သည်။

ထိုရေခူ ချက်ချင်း နူတ်ခမ်းမွှေး ပြတ်သွားသည်။

မူလက ကြီးမားသော ပါးစပ်တွင် နူတ်ခမ်းမွှေးရှည်များစွာ ရှိခဲ့သော်လည်း ယခုမူ ကရုဏာသက်ဖွယ်နှင့် မညီမညာသော နူတ်ခမ်းမွှေးအနည်းငယ်သာ ကျန်တော့ပြီး အားလုံးနီးပါး ပြတ်တောက်သွားပြီ ဖြစ်သည်။

နူတ်ခမ်းမွှေးများ မရှိတော့ပါက. ဒီ ရေခူဟာ ငါးလှီးခုံပေါ်မှ ငါးတစ်ကောင်လို သတ်ဖြတ်ခြင်းခံရတော့မည်သာ ဖြစ်သည်။

လိပ်ကြီး သူ့ရဲ့ ပြေးနှုန်းမြှင့်တင်ခြင်းစွမ်းရည်ကိုပင် ဖွင့်ရန် စိတ်မကူးတော့ဘဲ လှံဖြင့် တိုက်ရိုက် ထိုးလိုက်သည်။ သူ့ရဲ့ကြီးမားသော ဦးခေါင်းအား လွယ်ကူစွာ ထိုးဖောက်ပြီးသည်နှင့် တစ်ချိန်တည်းမှာပင် အစိမ်းရောင် အရည်များစွာ ထွက်ပေါ်လာခဲ့သည်။

"ဟားဟား ဒုတိယတစ်ကောင်ပဲ "

လိပ်ကြီးက ဧရာမလှံဖြင့် ရေခူအား ကောက်ယူပြီး ရေအောက်မြောင်းမှ အလျင်အမြန် ထွက်လာခဲ့သည်။ သူ့ရဲ့ကိုယ်ခန္ဓာအား ရေခူကြီးဘေးတွင် ထားလိုက်သည်။

“သခင်.. ကျွန်တော် နောက်ထပ်အနည်းငယ်ကို ထပ်သတ်ချင်တယ်”

လိပ်ကြီးက ခွင့်ပြုချက် တောင်းခံလိုက်သည်။

လိပ်ကြီး လုံလောက်ခြင်း မရှိသေးပုံရသည်။

သို့မဟုတ် လိပ်ကြီးက ထိုရေခူများအား သတ်ဖြတ်ခြင်းကို စွဲလမ်းနေပြီး ရပ်တန့်ရန် မခံနိုင်သေးပေ။

“ရပါတယ်၊ သတိထားပြီး ဘေးကင်းရေးကို ဂရုစိုက် ” လျူယောင် ပြောလိုက်သည်။

ခွင့်ပြုချက် ရရှိပြီးနောက် လိပ်ကြီးက ဧရာမလှံဖြင့် ရေအောက်မြောင်းထဲသို့ တစ်ဖန်ပြန်ဝင်ကာ မီတာ ၃,၀၀၀ ခန့်အနက်သို့ ဆင်းသွားပြီးရှာဖွေမှု့ စတင်ခဲ့သည်။

သိပ်မကြာလိုက်ပေ၊ အများဆုံး ၁၀ မိနစ်အတွင်း လိပ်ကြီးမှာ သရဲရေခူများကို ထပ်မံတွေ့ရှိခဲ့သည်။ သို့သော် တစ်ကောင်တည်း မဟုတ်ပေ ၅ ကောင် ဖြစ်နေသည်။

နှစ်ကောင်က ကြီးပြီး သုံးကောင်က သေးသည်။

ကြီးမားသော ရေခူ နှစ်ကောင်ရဲ့ ဦးခေါင်းအချင်းများမှာ 10 မီတာ ကျော်ရှိပြီး သေးငယ်သော ရေခူ သုံးကောင်ထဲတွင် အသေးဆုံးက အချင်း 5 မီတာ သာရှိပြီး ကျန် 2 ကောင်မှာ အချင်း 6 မီတာ သို့မဟုတ် 7 မီတာ ရှိသည်။

လျူယောင်ရဲ့ အမိန့်မရှိဘဲ သူက ယခင်နည်းလမ်းအတိုင်းပင် ။

ပထမဆုံး ရည်ရွယ်ချက်ရှိရှိ ရေခူများကို အရိပ်အယောင်ပြပြီး မျှားခေါ်လိုက်သည်။ရေခူများက လိပ်ကြီးကို မြင်သွားပြီး လိုက်တော့သည်။လိပ်ကြီးက ရှေ့တွင် အလျင်စလိုမလုပ်ဘဲ ပုံမှန် ကူးခတ်နေပြီး ရေခူများက နောက်တွင် အသည်းအသန် လိုက်နေကြသည်။

မကြာမီတွင် ကြီးမားသော ရေခူ နှစ်ကောင်သာ လိပ်ကြီးရဲ့ အာရုံခံနိုင်စွမ်းနယ်ပယ်တွင် ရှိတော့သည်။ ပိုသေးတဲ့ ရေခူ သုံးကောင်ကတော့ အဝေးမှာ ကျန်ခဲ့ ပြီ ဖြစ်သည်။

ဒီ ကြီးမားသော ရေခူ နှစ်ကောင်ရဲ့ အမြန်နှုန်းများမှာလည်း ကွဲပြားလှသည်။ တစ်ကောင်ရဲ့ အမြန်နှုန်းက အနည်းငယ် ပိုမြန်သည်။

လိပ်ကြီး မိနှစ်အနည်းငယ် ကူးခတ်ပြီးနောက် ရေခူ နှစ် ကောင်မှာ မီတာ ၃၀၀၊ ၄၀၀ ခန့် ကွာသွားခဲ့သည်။

" ကောင်းပြီ ""

လိပ်ကြီး ဆက်လက် ကူးခတ်မသွားဘဲ နောက်ပြန်လှည့်လိုက်သည်။ ဧရာမလှံကိုကိုင်ကာ ရေခူ ၂ ကောင်နှင့် ထိပ်တိုက် တွေ့လိုက်ပြီး မကြာမီ ရှေ့မှ ရေခူကြီးဆီသို့ ရောက်ရှိသွားသည်။

ယခင်က ဧရာမရေခူ နှစ် ကောင်ကို သတ်ပြီးနောက် လိပ်ကြီးတွင် အတွေ့အကြုံအချို့ ရှိနေနှင့်ပြီ ဖြစ်သည်။

ပြေးနှုန်းမြှင့်တင်ခြင်းစွမ်းရည်ကိုတောင် လိပ်ကြီး အသုံးမပြုတော့ပေ။သူ့ ရှေ့သို့ ရေခူကြီး ရောက်လာတဲ့အခါ ချွန်ထက်တဲ့ နူတ်ခမ်းမွှေးများစွာက သူ့ဆီသို့ ဝှေ့ယမ်းလာတာကို မြင်လိုက်ရသည်။

လိပ်ကြီး အကွာအဝေးကို ထိန်းချုပ်လိုက်ပြီး ဧရာမလှံဖြင့် ဝှေ့ယမ်းလိုက်သည်။

တောက်လျှောက် ပန်ကာပုံသဏ္ဌာန် ဝှေ့ယမ်းမှု့ ၂ ကြိမ် ၃ ကြိမ်ပြီးနောက် ရေခူကြီးတွင် နူတ်ခမ်းမွှေးရှည်များ မရှိတော့ဘဲ လုံးဝ တုံးတိဖြစ်သွားသည်။

သရဲဆံပင်ရေခူကြီးက တစ်ခုခု မှားနေတယ်လို့ ခံစားရပြီး ထွက်ပြေးရန် စဉ်းစားခဲ့သော်လည်း အလွန်နောက်ကျသွားခဲ့ပြီလေ။

လိပ်ကြီး၏ ဧရာမလှံက သူ့ရဲ့ ကြီးမားတဲ့ ဦးခေါင်းကို တိုက်ရိုက် ထိုးဖောက်သွားခဲ့သည်။

All Chapters