← Chapters

" မဖြစ်နိုင်ဘူး.. "

Vol. 13 Ch. 193

" မဖြစ်နိုင်ဘူး.. "

Vol. 13 Ch. 193

လိပ်ကြီး၏ ဧရာမလှံက ကြီးမားတဲ့ ဦးခေါင်းအား ထိုးဖောက်သွားလုနီးပါးပင်။

ဒါက တတိယမြောက် သတ်ဖြတ်မှု့ ပင်။

တစ်ချိန်တည်းတွင် လိပ်ကြီးရဲ့ အာရုံခံနိုင်စွမ်းတွင် နောက်ထပ် ရေခူကြီးတစ်ကောင် ရောက်နေတာကို ခံစားမိသည်။

သူက ဒေါသတကြီး ချွန်ထက်တဲ့နူတ်ခမ်းမွှေးများအား လှုပ်ယမ်းနေပြီး လိပ်ကြီးအား ရစ်ပတ်ရန် ကြိုးစားနေသည်။

“နောက်ဆုတ်မယ်...”

“မြန်မြန် နောက်ဆုတ်ရမယ်....”

လိပ်ကြီး ရုတ်တရက် ရပ်လိုက်ပြီး အသင့် အနေအထားယူကာ ရေခူကြီး ရောက်လာရန် စောင့်နေသည်။

ဖြစ်ကောင်းဖြစ်နိုင်သည်မှာ ဧရာမလှံ ထိပ်ဖျားရှိ ရေခူအသေကောင်များက သူတို့အား ထိတ်လန့်စေခဲ့သည်။ ထို့ကြောင့် ရေခူများ တိုက်ရိုက် ပြေးမလာတော့ဘဲ မီတာ ၂၀၀ ကျော်အကွာတွင် လိပ်ကြီး နဲ့ မျက်နှာချင်းဆိုင် ရပ်နေသည်။

တစ်မိနစ်..

နှစ်မိနစ်...

သုံးမိနစ်...

လိပ်ကြီး ထိုသို့ ဆက်လက် ရပ်နေ၍ မရနိုင်တော့ကြောင်းကို သိလိုက်သည်။ သူ ဦးအောင်တိုက်ခိုက်ရန် လိုအပ်၏။ ထိပ်တိုက် ရပ်နေပါက ကျန်ရေခူသေး ၃ ကောင် ရောက်လာနိုင်ဖွယ်ရှိသည်။ ၁ ကောင်နဲ့ ၄ ကောင်ဖြင့် ရင်ဆိုင်ရပါက သူ့ အတွက် မကောင်းသည်မှာ သေချာသည်။

ပြေးနှုန်းမြှင့်တင်ခြင်းစွမ်းရည်ကို လိပ်ကြီး အသုံးပြုလိုက်သည်။

မီတာ ၂၀၀ ကျော် အကွာအဝေးက လိပ်ကြီး၏ ပြေးနှုန်းမြှင့်တင်နိုင်တဲ့ အကွာအဝေးအတွင်း လုံးဝ ရှိနေ၏။ သူ့ရဲ့ လက်ထဲရှိ မီတာ ၅၀ ဧရာမလှံက မမြင်နိုင်သော စွမ်းအားကို တိုးချဲ့ပေးလိမ့်မည်။

ယခင် မီတာ ၂၀ လှံဖြစ်နေပါက ရေခူမှာရှောင်တိမ်းသွားနိုင်ဖွယ်ရှိသော်လည်း မီတာ ၅၀ ဧရာမလှံရှေ့တွင် ထိုကဲ့သို့သော အခွင့်အရေးမျိုး မရနိုင်တော့ပေ။

" ဇွက်..."

လိပ်ကြီး၏ လှံကို ရှောင်တိမ်းတော့မည်ဟု လုပ်လိုက်ချိန်တွင် ဧရာမလှံက ရေခူရဲ့ကြီးမားတဲ့ ဦးခေါင်းထဲသို့ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်သွားပြီး အရည်အများအပြား ထွက်လာကာ မီတာ အနည်းငယ်အထိ ပျံ့နှံ့သွားသည်။

ကြီးမားသော ဦးခေါင်းမှာရှိတဲ့ ထို ချွန်ထက်တဲ့နူတ်ခမ်းမွှေးရှည်များဟာ ရုတ်တရက် အားနည်းစွာ တွဲလောင်းကျလာပြီး ရေခူက ချက်ချင်း သေဆုံးသွားသည်။

"ဟားဟား..ဒါ.. ငါ့ရဲ့ စတုတ္ထမြောက် သတ်ဖြတ်မှု့ပဲ... "

မီတာ ၅၀ ဧရာမလှံပေါ်တွင် သကြားဖြင့် သုတ်လိမ်းထားသော ဘူးသီးကင်များကဲ့သို့ ရေခူကြီး အသေကောင် ၂ ကောင်ကို အတူတကွ သီထားသည်။ လိပ်ကြီးက နေရာတွင် မရပ်ဘဲ ကျန်ရေခူ ၃ ကောင် လာရန်လည်း မစောင့်တော့ပေ။ သူ့တို့၏ ခန္ဓာကိုယ်အသေများကို ရေအောက်ချောက်နဲ့ မနီးမဝေးရှိ မြေပြန့်ပေါ်တွင် ခနထားထား သည်။

စုစုပေါင်း သရဲရေခူအသေ ၄ ကောင်ရှိပြီး သူတို့ရဲ့ခန္ဓာကိုယ်များက မြေပြင်ပေါ်တွင် ထိုသို့ ရှိနေကြသည်။

လိပ်ကြီး ထို‌နေရာမှာ ရပ်မနေတော့ပေ။

သူ့ရဲ့ ဧရာမလှံကို ရေအောက်ချောက်ထဲသို့ တစ်ဖန်ပြန်၍ ယူသွားပြီး မိနစ် ၃၀ မှ ၄၀ ကြာပြီးနောက် ထွက်လာခဲ့သည်။

ပိုသေးသည့် ရေခူ ၃ ကောင်ကိုလည်း သတ်ထားခဲ့ပြီး ဖြစ်သည်။ ရေခူ ၃ ကောင်ရဲ့ကိုယ်ခန္ဓာများကိုလည်း မီတာ ၅၀ လှံရှည်ပေါ်တွင် သကြားဖြင့် သုတ်လိမ်းထားသော ဘူးသီးကင်များကဲ့သို့ အတူတကွ သီထားသည်။

လိပ်ကြီးက ဝင်ခြင်းနှင့် ထွက်ခြင်းကို ရေတွက်နေသကဲ့သို လူပ်ရှားနေသည်။

တစ်ကြိမ်လျှင် ရေခူ ၁ ကောင် သို့မဟုတ် ၂ ကောင်ကို သတ်ပြီးနောက် ရေအောက်ချောက်မှ ထွက်လာခဲ့သည်။ သေဆုံးနေသော ရေခူအား မြေပြင်ပေါ်တွင် ထားပြီးနောက် ရေအောက်ချောက်ထဲသို့ ထပ်မံ ဝင်ရောက်သည်။

သူက လျူယောင် ပေးအပ်ထားသော နည်းဗျူဟာကို အပြည့်အဝ လိုက်နာခဲ့သည်။

တစ်ကောင်တည်းရှိသော သရဲရေခူကို ရွေးထုတ်လိုက်သည်။ ရေခူ ၂၊ ၃ ကောင် သို့မဟုတ် ၄၊ ၅ ကောင်နှင့် ကြုံတွေ့ပါက စွန်ပျံသန်းတဲ့ နည်း ဗျူဟာကို အသုံးပြုကာ အကွာအဝေး ထိန်းထားပြီးနောက် တစ်ကောင်ပြီးတစ်ကောင် အမဲလိုက်ခဲ့သည်။

“တော်ပြီ...လုံလောက်ပြီ...လုံလောက်ပြီ..."

လိပ်ကြီးက ဧရာမလှံပေါ်ရှိ သရဲဆံပင်ရေခူအလောင်းကို ချွတ်ပြီးနောက် ရေအောက်မြောင်းထဲသို့ ထပ်မံဝင်ရန် ပြင်ဆင်နေတာကို မြင်တဲ့ အခါ လျူယောင် နောက်ဆုံးတွင် တားလိုက်သည်။

------------

ထိုအချိန် ဟွာဟိုင်းမြို့တွင် နံနက် ၂ နာရီ ရှိနေပြီဖြစ်ရာ အလွန်နောက်ကျနေပြီ ဖြစ်သည်။

လျူယောင်လည်း အိပ်ချင်နေသည်။ မြေပြင်ပေါ်တွင် သေဆုံးနေသော ရေခူ အသေ၂၀ ကျော်ရှိနေပြီး လုံလောက်နေပြီဖြစ်သည်။

လိပ်ကြီးက ရေခူသတ်ခြင်းကို အပြည့်အဝ စွဲလမ်းနေပုံရသည်။

သူ့ရင်ထဲရှိ မကောင်းတဲ့ အသက်ရှူသံက ထွက်ပေါ်နေခဲသည်။ သခင်က တားလိုက်တာကြောင့် လိပ်ကြီးက ရေအောက်မြောင်းထဲသို့ ထပ်မံ မဝင်တော့ပေ။

လိပ်ကြီးကို လျူယောင် စကားအနည်းငယ် မှာလိုက် သည် "သရဲရေခူ တစ်ကောင်စီရဲ့ အဆိပ်အိတ်ကို ထုတ်ယူရန်၊ ၎င်းတို့ကို ပြန်ယူလာပြီး ပင်လယ်နားရှိ ဂိုဒေါင်ထဲတွင် ထားရန် "ပင်

ထိုသို့ မှာပြီးနောက် လျူယောင် အေးချမ်းစွာ အိပ်စက်ခဲ့သည်။

လိပ်ကြီးပထမဆုံး သရဲဆံပင်ရေခူ၏ ကြီးမားသော ဦးခေါင်းက ပါးဟပ်အား ဧရာမလှံဖြင့် စတင်ဖောက်လိုက်သည်။

မကြာမီတွင် ရေအိတ်ကဲ့သို့ အဆိပ်အိတ်တစ်အိတ်ကို လိပ်ကြီး တွေ့ရှိခဲ့သည်။ အလျား တစ်ပေခန့်ရှိပြီး အတွင်းမှ အဆိပ်များက၂ လီတာ သို့မဟုတ် ၃ လီတာခန့် ရှိမည်ဟု ခန့်မှန်းရသည်။

အဆိပ်အိတ်တစ်ခုလုံးက အစိမ်းပုပ်ရောင် ဖြစ်နေသည်။

လိပ်ကြီး ဧရာမလှံထိပ်ဖျားဖြင့် အဆိပ်အိတ်အား ညင်သာစွာ ထုတ်ယူလိုက်သည်။

သူ အင့်အား အလွန်အကျွံ အသုံးပြုမိပါက အဆိပ်အိတ် ပေါက်သွားမည်ကို ကြောက်သော်လည်း တဖြည်းဖြည်း စိတ်သက်သာရာ ရလာခဲ့သည်။

အဆိပ်အိတ်က အလွန် မာကျောပုံရပြီး လုံးဝ မပေါက်ခဲ့ပေ။ လိပ်ကြီး၏ လူပ်ရှားမူ့က တဖြည်းဖြည်း မြန်လာပြီး ပို၍ ကျွမ်းကျင်လာသည်။

အဆိပ်အိတ်က မာကျောတာကြောင့် ပေါက်သွားမည်ကို စိုးရိမ်ရန် မလိုတော့ပေ။ မိနစ်အနည်းငယ်ကြာပြီးနောက် ပထမဆုံး အဆိပ်အိတ်ကို လိပ်ကြီး လုံးဝ ထုတ်ယူနိုင်ခဲ့သည်။

အကယ်၍ လျူယောင်သာ ဒီအဆိပ်အိတ်အား မြင်ခဲ့ပါက

“ယွမ် ၁၀ သန်းမှာ သူ့လက်ထဲတွင် ရှိနေပြီပဲ ” လို့ သေချာပေါက် ပြောလိမ့်မည်။

အဆိပ်အိတ်တစ်အိတ်လျှင် ယွမ် ၁၀ သန်းဖြစ်သည်။

ထိုအဆိပ်အိတ်မှာ ဝူကျန်းဆေးဝါးအုပ်စုမှ ကျောက်ယိုဖန်းရဲ့ ကမ်းလှမ်းမှု့ပင် ဖြစ်သည်။

ပထမဆုံး အဆိပ်အိတ်ကို ထုတ်ယူခဲ့သည့် အတွေ့အကြုံဖြင့် လိပ်ကြီးက ဒုတိယ အဆိပ်အိတ်ကို ထုတ်ယူပြီးနောက် တတိယအိတ်ကိုလည်း အချိန်တိုအတွင်း ထုတ်ယူခဲ့သည်။

အချိန် တစ်နာရီကျော်အတွင်း စုစုပေါင်း အဆိပ်အိတ် ၂၇ အိတ်ကို လိပ်ကြီး ထုတ်ယူခဲ့သည် ။

၎င်းတို့က ထိခိုက်မှု့မရှိသည်မှာ သေချာပြီး အားလုံးက ကောင်းမွန်နေသည်။

မြေပြင်ပေါ်ရှိ အဆိပ်အိတ်ပုံကို ကြည့်ရင်း အနည်းငယ် ဒုက္ခရောက်နေတယ်လို့ လိပအကြီး ခံစားနေရသည်။

အားလုံးကို ပါးစပ်ထဲတွင် ထည့်ထားပါက သူ လုံခြုံမှု့မရှိသည်မှာ ရှင်းနေသည်။

အဆိပ်အိတ် တစ်အိတ်သာ ပေါက်သွားပါက အဆိပ်သင့်ပြီး သေဆုံးနိုင်ချေရှိသည်။ဒီနည်းလမ်းက မသင့်လျော်ပေ။

ထိုအိတ်များအား ဆုပ်ကိုင်ထားပါက အရေအတွက်မှာ အလွန်များနေသည်။

မျှော်လင့်ထားသည့်အတိုင်း လိပ်ကြီးက အသက် ၁၂ နှစ် သို့မဟုတ် ၁၃ နှစ်အရွယ် ကလေးတစ်ဦးရဲ့ အိုင်ကျူရှိနေနှင့်ပြီ ဖြစ်သည်။ ထိုနေရာမှ ယာယီထွက်ခွာပြီး ငါးဖမ်းပိုက်တစ်ဝက်ကို အချိန်တိုအတွင်း ရှာတွေ့ရန် နည်းလမ်းကို လျင်မြန်စွာ စဉ်းစားလိုက်သည်။

အဆိပ်အိတ်များအား ငါးဖမ်းပိုက်ဖြင့် ထုပ်ပိုးပြီးနောက် ငါးဖမ်းပိုက်ကို ခြေသည်းတစ်ချောင်းဖြင့် ဆုပ်ကိုင်ကာ လိပ်ကြီး ထိုနေရာမှ အလျင်အမြန် ထွက်ခွာလာခဲ့သည်။

.......

နောက်တစ်နေ့ နေ့နက် ၁၀ နာရီတွင် ဖြစ်သည်။

လျူယောင် တရုတ်အစားအစာ စားသောက်ပြီးကာစ ဖြစ်သည်။

သူက ရုံးခန်းထဲရှိ သူဋေးကုလားထိုင်တွင် ထိုင်ကာ ကော်ဖီတစ်ခွက် ဖျော်လိုက်သည်။ ကော်ဖီသောက်ရင်း ကွန်ပျူတာပေါ်ရှိ သတင်းများအား ကြည့်နေစဥ် လိပ်ကြီးရဲ့ အသံက သူ့ခေါင်းထဲတွင် ပေါ်လာသည်။

“သခင်ရေ... ပစ္စည်းတွေကို ပင်လယ်နားက ဂိုဒေါင်ထဲမှာ ထည့်ထားလိုက်ပါပြီ....”

ထိုအသံကို ကြားသောအခါ လျူယောင် အလွန်ဝမ်းသာသွားသည်။ ဒါကလုပ်ငန်းထိရောက်မှု့ပင်။

ရေမိုင် ၂,၀၀၀ ကျော်ကို ကူးခတ်ကာ လိပ်ကြီး ပြန်လာခဲ့ပြီး အဆိပ်အိတ်အားလုံးကို ပင်လယ်ဘေးရှိ ဂိုဒေါင်ထဲတွင် ထည့်ထားပေးခဲ့သည်။

“တော်တယ် ...လိပ်ကြီး မင်း ပင်ပန်းသွားပြီ..."

“သခင်…ကျွန်တော် တကယ်ပဲ ပင်ပန်းနေပါပြီ...အရင်စားပြီးမှ အိပ်ဖို့ နေရာရှာပြီး ကောင်းကောင်း အိပ်လိုက်ပါဦးမယ်....”

လိပ်ကြီး ချက်ချင်း .ပြန်ပြောလိုက်သည်။

“အင်း..အင်း..ကောင်းပြီ..သွားနားတော့...”

ကမ်းရိုးတန်းပင်လယ်ရေပြင်တွင် လိပ်ကြီး ရဲ့ ဘေးကင်းရေးကို လျူယောင် လုံးဝ စိုးရိမ်စရာ မလိုပေ။ထိုနေရာတွင် သူ့ကို ခြိမ်းခြောက်နိုင်တဲ့သည့်အရာ ဘာမှ မရှိပေ။လိပ်ကြီး က အလွန် ဘေးကင်းလှသည်။

လျူယောင် အဆိပ်အိတ်များကို ကြည့်ရူ့ရန် ပင်လယ်ဘေးရှိဂိုဒေါင် ကို သွားတော့မည်။ မထွက်ခွာခင် ကျောက်ယိုဖန်းအား သူ ဖုန်းခေါ်ဆိုလိုက်သည်။

......

ဝူကျန်းဆေးဝါးအုပ်စု…

လျူယောင် ဖုန်းခေါ်ဆိုမှု့ကို ဖြေကြားပြီးနောက် ကျောက်ယိုဖန်း မှင်တက်နေဆဲဖြစ်သည်။

" မဖြစ်နိုင်ဘူး…" လို့ သူ ခံစားနေရသည်။ Global က သရဲဆံပင်ရေခူရဲ့ အဆိပ်အိတ်ကို ရရှိရန် မည်မျှကြာခဲ့ပါသနည်း။

ကျောက်ယိုဖန်း သတိပြန်ဝင်လာပြီနောက် စိတ်လှုပ်ရှားမှု့များဖြင့် ပြည့်နေသည်။

“အလွန် ကောင်းတယ်...”

အဆိပ်အိတ်ရှိနေခြင်းကြောင့် ဆေးသုတေသနနှင့် တီထွင်မှု့တွင် ဆက်လက် လုပ်ဆောင်နိုင်သည်ဟု ဆိုလိုသည်။ ဖြစ်ကောင်းဖြစ်နိုင်သည်မှာ နောင်တွင် ထိုဆေးအများအပြား ထုတ်လုပ်သောအခါ ကုန်ကြမ်းရှားပါးမှု့ ရှိတော့မည်မဟုတ်ပေ။ Global company အား သရဲရေခူအဆိပ်အိတ်အား ထုတ်လုပ်ရန် ယုံကြည်စိတ်ချစွာ အပ်နှံခြင်းမှာ မှန်သွားပေသည်။

“မစ္စတာလျူ ပြောတဲ့ ပင်လယ်ကမ်းဘေး ဂိုဒေါင်ကို သွားကြရအောင်...”

သူက ဖုန်းကိုကောက်ယူပြီး အမိန့်ပေးလိုက်ရာ မိနစ်အနည်းငယ်ကြာပြီးနောက် ကျောက်ယိုဖန်း ကားက ရှေ့မှမောင်းပြီး နောက်တွင် ပစ်ကပ်ထရပ်ကားတစ်စီးဖြင့် ကား ၂ စီးမှာ ဝူကျန်းဆေးဝါးအုပ်စုမှ ထွက်ခွာလာကြသည်။

ဝူကျန်းဆေးဝါးအုပ်စု၏ အကြီးတန်းသုတေသီမှာ တွဲဖက်ယာဉ်မောင်းထိုင်ခုံတွင် ထိုင်နေသည်။ ထိုသုတေသီက တူညီသော မေးခွန်းကို တတိယအကြိမ်မြောက် မေးခြင်းဖြစ်သည်။

“သူဋေး...သရဲရေခူရဲ့ အဆိပ်အိတ်ကို တကယ် ရခဲ့တာလား...”

ကျောက်ယိုဖန်း ပြုံးပြီး ချက်ခြင်း ပြန်ဖြေလိုက်သည်။

“ဟုတ်တယ်.. ရခဲ့ပြီးပြီ... မကြာခင်မှာ...ငါတို့ မြင်ရတော့မယ်...”ဟု အတည်ပြု ပြောလိုက်သည်။

အကြီးတန်းသုတေသီ၏ မျက်နှာတွင် ပျော်ရွှင်မှု့က အလွန်သိသာလှပြီး သူ့စိတ်ထဲတွင် ရှိနေသော အလုံးကြီးက လုံးဝ မြေပေါ်သို့ ပြုတ်ကျသွားခဲ့သည်။

" သရဲရေခူရဲ့ အဆိပ်အိတ်ကို ငါတို့ ရပြီကွ "

သူ့စိတ်ထဲတွင် ဒီအတွေးတစ်ခုသာ ရှိတော့သည်။

All Chapters