“ ဗီလာ အသစ်တစ်လုံး ဝယ်ခြင်း “
Vol. 13 Ch. 194
လျူယောင် ပင်လယ်ကမ်းခြေနားက ဂိုဒေါင်ကို ရောက်လာခဲ့သည်။
ကျိန့်ကန်းက ကားကို ဂိုဒေါင်ကြီးထဲသို့ မောင်းကာ ဗလာဖြစ်နေသော ဂိုဒေါင်ကြီးရဲ့ အလယ်တွင် ရပ်ထားလိုက်သည်။
အရှေ့ဘက်ကွင်းပြင်တွင် လိပ်ကြီး ထားခဲ့သော ငါးဖမ်းပိုက်အိတ်ကြီးရှိနေသည်။
"သူဋေး... ဂိုဒေါင်တံခါး ပိတ်ဖို့လိုလား...ခဗျ.."
လျူယောင် အချိန်ကိုကြည့်ရန် လက်ကိုမြှောက်လိုက်ပြီး ပြန်ဖြေလိုက်သည်။
"မလိုဘူး...မစ္စတာ ကျောက်နဲ့ တခြားသူတွေ မကြာခင် ရောက်လာတော့မှာ..."
ထိုအချိန် အပြင်ဘက်မှ လှုပ်ရှားသံများကြားရ၍ ကျိန့်ကန်းက ဂိုဒေါင်ထဲမှနေ၍ အပြင်သို့ ထွက်သွား၏။ သူက ကားနှစ်စီးကို ဂိုဒေါင်ထဲသို့ မောင်းဝင်ရန် လမ်းညွှန်ပေးလိုက်သည်။
လျူယောင် ခေါင်းကို အသာအယာညိတ်လိုက်သည်။
"ဒီကျိန့်ကန်းက သိပ်မဆိုးပေ... အနည်းဆုံးတော့ သူက ဉာဏ်ပိုကောင်းပြီး အခြေအနေကိုလိုက်၍ ပြုမူဆောင်ရွက်တတ်သည်။ ထို့ပြင် သူ၏ကိုယ်ပိုင်သတိပေးခြင်းနှင့် အမိန့်ပေးခြင်းတို့ကိုလည်း မလိုအပ်ဘူး"လို့ လျူယောင် တွေးလိုက်သည်။
ကျောက်ယိုဖန်းနှင့် အခြားသူများ ရောက်လာခဲ့ကြသည်။
ကားထဲမှ ဆင်းလာတာနဲ့ သူက လျူယောင်ကိုပျော်ရွှင်စွာ လက်ဆွဲနှုတ်ဆက်ပြီး ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။
"မစ္စတာလျူ... ခင်ဗျားက သရဲဆံပင်ရေခူအဆိပ်အိတ်ကို ဒီလောက်မြန်မြန်ရနိုင်တာ... မယုံနိုင်စရာပဲဗျာ..."
ဒါက တစ်ရက်ကျော်လေးပဲ ကြာသည်။
သူ မနေ့က Global ကုမ္ပဏီသို့သွားရောက်ပြီး သူ၏ လိုအပ်ချက်ကို ပြောပြခဲ့ရာ ယနေ့တွင် လျူယောင်က အဆိပ်အိတ်ရခဲ့ကြောင်း သတင်းပို့လာခဲ့သည်။
ဒီရေခူအဆိပ်အိတ်များကို ရရှိရန် အလွန်ခက်ခဲတယ်လို့ ကျောက်ယိုဖန်း ထင်ခဲ့ဖူးသည်။
တစ်ခုရလျင်ပင် ကောင်းလှပြီဟု သူအမြဲထင်ခဲ့သည်။ လျူယောင်ရရှိသည်မှာ အဆိပ်အိတ်တစ်ခုတည်းသာဖြစ်မည်ဟု သူ တွေးခဲ့ပြီး ၂၇ ခုဆိုသည်မှာ အံ့ဩဖွယ်ရာဖြစ်သည်။
လျူယောင် ရွှင်မြူးစွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။
"မစ္စတာကျောက်... အဆိပ်အိတ်က တစ်ခုမကပါဘူး... ခင်ဗျားကြည့်ကြည့်ပါဦး... အကုန်လုံး အဲ့ဒီမှာရှိတယ်...."
ကားက မြင်ကွင်းကို ပိတ်ဆို့နေသောကြောင့် ကျောက်ယိုဖန်းနှင့် အခြားသူများက ထိုအဆိပ်အိတ်များကို မမြင်ရပေ။ လျူယောင် လက်ညှိုးထိုးပြလိုက်ရာ သူတို့ ချက်ချင်းလျှောက်သွားလိုက်သည်။
" ဘုရားရေ..."
ကျောက်ယိုဖန်း အလွန် အံ့အားသင့်သွားသည်။
ခေါင်းဆောင်သုတေသီ ကတော့ ပို၍ပင် ရက်စက်စွာ သူ့ကိုယ်သူ အားဖြင့်ဆိတ်ကြည့်ပြီး အိပ်မက်ဖြစ်နေတာလားလို့ အလေးအနက်ထင်နေသည်။
နိုင်ငံတကာဈေးကွက်တွင် ရေခူအဆိပ်မှာ အလွန်ဈေးကြီးပြီး တစ်ဂရမ်လျှင် အမေရိကန်ဒေါ်လာ ၁၀၀၀ ဖြင့်ပင် ဝယ်ရန်ခက်ခဲလှသည်။
အခုတော့ ဘာဖြစ်သွားပြီလဲ။
သူ့ရှေ့တွင် အနည်းဆုံး အဆိပ်အိတ် ၂၀၊ ၃၀ လောက်ပုံနေသည်။
"မယုံနိုင်စရာပဲ...."
"အံ့ဩစရာကောင်းလိုက်တာ..."
ခေါင်းဆောင်သုတေသီက သူ့ရဲ့မျက်လုံးများကို ပြင်းပြင်းထန်ထန် ပွတ်သပ်ပြီး စိတ်လှုပ်ရှားစွာဖြင့် ထိုအဆိပ်အိတ်များရှေ့သို့ လျှောက်သွားသည်။
ထို့နောက် လူတိုင်းတစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။
ကျောက်ယိုဖန်းက အစတွင် တုန်လှုပ်သွားပြီးနောက် အံ့ဩသွားကာ နောက်ဆုံးတွင် လျူယောင်ရဲ့လက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။
"မစ္စတာလျူ... ခင်ဗျားတော်လိုက်တာဗျာ.. တစ်ရက်တည်းနဲ့ ဒီလိုအရာမျိုးကို ရအောင်လုပ်နိုင်ခဲ့တယ်...အဆိပ်အိတ်တွေ အများကြီးပဲ....ကျေးဇူးတင်ပါတယ်... တကယ်ပဲ ကျေးဇူးတင်ပါတယ်....ဗျာ..."
"အနာဂတ်မှာ ...ခဗျား...လိုအပ်တယ်ဆိုရင်တော့ ဈေးနှုန်းဟောင်းအတိုင်း 10 သန်း ဖြစ်ပြီး အရေအတွက်ကလည်း.... လုံလောက်ပါတယ်..."
လျူယောင် ပြုံးပြီး ပြန်ပြောလိုက်သည်။
"ကောင်းပြီး... ကောင်းပြီ..သေချာပေါက်ပါပဲ.."
ကျောက်ယိုဖန်း လျင်မြန်စွာ ပြောလိုက်သည်။
နောက်ဆုံးတော့ သူ့စိတ်ကို လုံးဝလွှတ်ချလိုက်သည်။
ထိုမတိုင်မီက သူ ဒီဆေးကို အောင်မြင်စွာဖန်တီးနိုင်ခဲ့လျှင်တောင် အနာဂတ်တွင် အမြောက်အများထုတ်လုပ်တဲ့အခါ ရေခူအဆိပ်၏ကုန်ကြမ်းပစ္စည်းများ ပြတ်လပ်သွားနိုင်မှာကို စိုးရိမ်နေခဲ့သည်။
အခုတော့ လုံးဝပြတ်လပ်စရာ အကြောင်း မရှိတော့ပေ။
ဆေး အမြောက်အများထုတ်လုပ်ခဲ့လျှင်တောင် တစ်နှစ်လျှင် အဆိပ်အိတ် သုံးခု၊ ငါးခု၊ သို့မဟုတ် အများဆုံး ခုနစ်ခု၊ ရှစ်ခုက လုံလောက်၏။
ဘာကြောင့်လည်းဆိုတော့ ရေခူအဆိပ်မှာ အလွန်ပြင်းထန်တာကြောင့် ဆေးအဖြစ်အသုံးပြုနိုင်ရန် ရေ အဆတစ်သောင်း ရောစပ်ရန်လိုအပ်သည်။ အဆိပ်တစ်စက်ကို ဆေးရည်ထောင်ပေါင်းများစွာအဖြစ် အသုံးပြုနိုင်ပေသည်။
ပျော်ရွှင်ခြင်းနှင့် အံ့အားသင့်ခြင်းတို့အပြင် ကျောက်ယိုဖန်းက သူ့ရဲ့လူများကို ထရပ်ကားမှ အထူးပလတ်စတစ်ပုံးအများအပြားကို ထုတ်ယူခိုင်းပြီး ဆေးဘက်ဆိုင်ရာလက်အိတ်များဝတ်ဆင်၍ အဆိပ်အိတ်များကို ပလတ်စတစ်ပုံးများထဲသို့ တစ်ခုပြီးတစ်ခု ဂရုတစိုက်ထည့်ကာ ထရပ်ကားထဲသို့ တင်ခိုင်းလိုက်သည်။
စုစုပေါင်း အဆိပ်အိတ် ၂၇ ခုရှိသည်။
အရွယ်အစားမည်သို့ပင်ရှိစေကာမူ တစ်အိတ်လျှင် 10 သန်းပဲ ဖြစ်သည်။
အဆိပ်အိတ်အားလုံးကို ကားထဲသို့ တင်ပြီးနောက် ကျောက်ယိုဖန်း ထွက်ခွာမသွားမီ လျူယောင့်ရဲ့လက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး ကျေးဇူးတင်စကား ထပ်ခါ ထပ်ခါ ပြောကြားခဲ့သည်။
" တင်.. "
လျူယောင်ရဲ့အကောင့်တွင် သန်း ၂၇၀ ရောက်ရှိလာလေသည်။
.......
ဒီနေ့က စနေနေ့ဖြစ်သည်။
လျူယောင် စူပါကားကို မောင်းကာ လိီချန်လဲ့ကို ခေါ်ပြီး သူတို့နှစ်ဦးရဲ့ အိမ်အသစ်ကိုကြည့်ရှု့ရန် ဒီနေ့ချိန်းဆိုထားသည်။
ဟွာဟိုင်းမြို့တွင် ဗီလာရှိသော်လည်း လက်ထပ်ပြီးနောက် လျူယောင်က သူ၏မိဘများနှင့်အတူ အတူနေမည်မဟုတ်ပေ။
သန်း ၂၀ ကျော်ဖြင့် ဝယ်ယူခဲ့သောဗီလာကို သူ့မိဘများ နေထိုင်ရန် ပေးခဲ့မည်။
"လဲ့လဲ့... ကိုယ်တို့ ... 'ဖီးနစ်တောင်အိမ်ရာ' ကိုသွားကြည့်ကြစို့....ကိုယ် ကြားတာတော့ အဲဒါက ဟွာဟိုင်းမြို့မှာ အကောင်းဆုံးနဲ့ အခမ်းနားဆုံး ဗီလာပြခန်းတဲ့... ." လျူယောင် အကြံပြုလိုက်သည်။
ဖီးနစ်တောင်အိမ်ရာက အလွန်နာမည်ကြီးသည်။
လျူယောင် ထိုအကြောင်းကို ကြားဖူးသော်လည်း တစ်ခါမှမရောက်ဖူးပေ။
ဗီလာတစ်လုံးကို ဝယ်လိုသည်ဖြစ်သောကြောင့် ဟွာဟိုင်းမြို့တွင် အကောင်းဆုံးဗီလာကို ဝယ်ရမည်ဖြစ်သည်။
အဆင့်မြင့်ဗီလာဧရိယာတစ်ခုဖြစ်သော ဖီးနစ်တောင်အိမ်ရာတွင် အသွားအလာအလွန်ကောင်းပြီး ကျယ်ပြန့်သော ကတ္တရာလမ်းက ဗီလာရဲ့ ဂိတ်ပေါက်သို့ ဦးတည်နေ၏။
ဗီလာပြခန်းမှာဖန်ဟွမ်းကျောင်းတော်ရဲ့ အောက်ခြေတွင် တည်ရှိသည်။
ဗီလာပြခန်း ဂိတ်ပေါက်မှာ ကျယ်ဝန်းပြီး ကားရပ်နားရန်နေရာများစွာရှိသည်။ လျူယောင်ကားကိုရပ်ပြီး လီချန်လဲ့ကို အရောင်းဌာနသို့ ခေါ်သွားခဲ့သည်။
အရောင်းဌာနက မကြီးမားသော်လည်း အရည်အသွေးမြင့်ပြီး ဇိမ်ခံပစ္စည်းများကို ထုတ်ဖော်ပြသထားသည်။
သူတို့နှစ်ဦးသား လက်ချင်းချိတ်၍ အရောင်းဌာနထဲသို့ လျှောက်ဝင်သွားကြ၏။ ဝတ္ထုထဲကလို ခွေးက လူများကို ကြည့်နေသည့် ဇာတ်လမ်း ပေါ်မလာဘဲ ဝင်လိုက်တာနဲ့ သူတို့နှစ်ဦးကို ချက်ချင်းနွေးထွေးစွာ ကြိုဆိုခြင်း ခံခဲ့ရသည်။
"ဟိုင်း... ဆရာတို့နှစ်ယောက်ကို ကျွန်မ ဘာကူညီပေးရမလဲရှင့်...."
ဝန်ထမ်းအမျိုးသမီးက ဖော်ရွေစွာမေးလိုက်သည်။
"ဒီက ဗီလာတွေအကြောင်း ကျွန်တော်တို့ကို မိတ်ဆက်ပေးပါဦး...."
အရောင်းခန်းမ၏ အလယ်ဗဟိုတွင် ဗီလာပုံစံငယ်လေးတစ်ခုရှိပြီး ဗီလာတစ်ခုလုံးရဲ့ အခြေအနေကို တစ်ချက်ကြည့်ရုံဖြင့် ရှင်းရှင်းလင်းလင်းသိနိုင်သည်။
"ကျွန်မတို့ ....ဗီလာက ဖီးနစ်တောင်အမျိုးသားသစ်တောအပန်းဖြေစခန်းတွင် တည်ရှိပြီး လပြည့်ဝန်းအိုင်ကို နီးနီးကပ်ကပ်ဝိုင်းရံထားပါတယ်...
ဗီလာဧရိယာတစ်ခုလုံးရဲ့ အသံအတိုးအကျယ်အချိုးအစားက ၀.၁ သာရှိပြီး စိမ်းလန်းစိုပြေမှု့နှုန်းက ၈၄.၇% အထိရောက်ရှိပါတယ်...ရေကန်က...စတုရန်းမီတာ ၆၀,၀၀၀ ကျော်ရှိပါတယ်...ရှင်
ဗီလာ ၇၂ လုံးက ပျမ်းမျှ ၆ မူ ဧရိယာရှိပြီး အကြီးဆုံးမှာ ၄၀ မူ ဧရိယာရှိပါတယ်...၎င်းတို့ကို စတုရန်းမီတာ ၆၀,၀၀၀ ကျော်ရှိသော ကြီးမားသည့် ဂေဟစနစ်အိုင်ရှိ ကျွန်းငယ်လေး ၂၀ နီးပါးပေါ်တွင် ဖြန့်ဝေထားပြီး တံတားများဖြင့် ဆက်သွယ်ထားပါတယ်....."
အရောင်းအမျိုးသမီးမှာ သူမရှေ့မှ ပုံစံကို လက်ညှိုးထိုးပြပြီး လျူယောင်နှင့် လီချန်လဲ့တို့ကို အသေးစိတ်မိတ်ဆက်ပေး၏။
သူမက အလွန်စိတ်အားထက်သန်နေသည်။
သူမက လျူယောင်ရဲ့ လက်ကောက်ဝတ်တွင် သန်းပေါင်းများစွာတန်တဲ့ အကန့်သတ်ထုတ်လုပ်ထားသည့်နာရီကို ဝတ်ဆင်ထားတာကို သတိထား မြင်လိုက်သောအခါ မျှော်လင့်ချက်များပြည့်နှက်သွားပြီး ဒီလူကအရည်အသွေးမြင့် ဖောက်သည်ဖြစ်ကြောင်း သိလိုက်သည်။
"ဟေး...ဟိုမှာကြည့်ပါဦး... ရှောင်ဟူ က တော်တော်ကံကောင်းတာပဲ..."
"အဲ့ဒီဖောက်သည်နှစ်ယောက်က အသက်အရမ်းငယ်တာပဲ...."
"မင်းသတိမထားမိဘူးလား... အဲ့ဒီလူငယ်လေးက သူ့လက်ကောက်ဝတ်မှာ သန်းပေါင်းများစွာတန်တဲ့နာရီကို ဝတ်ထားတာ... တကယ့်လူချမ်းသာပဲ...."
ဒီအခြေအနေကို သိသွားတော့ တခြားအရောင်းဝန်ထမ်းအမျိုးသမီးတွေက ရှောင်ဟူကို မနာလိုတဲ့မျက်လုံးနဲ့ ကြည့်ပြီး အနည်းငယ်နောင်တရနေကြသည်။
သူတို့သာ အစောပိုင်းက ပိုမြန်မြန်လုပ်ခဲ့လျှင် ဒီဖောက်သည်နှစ်ယောက်က ရှောင်ဟူရဲ့ဖောက်သည်များ မဟုတ်ဘဲ သူတို့ရဲ့ဖောက်သည်များ ဖြစ်နေလိမ့်မည်။
မိတ်ဆက်ပေးတာကို နားထောင်ပြီးနောက် လျူယောင် အတော်လေးကျေနပ်သွားသည်။
"ကောင်းပြီ...ဒီဗီလာက ကောင်းပုံရတယ်...ကျွန်တော်တို့ကို လိုက်ပြပေးလို့ရမလား..."
"ဆရာတို့ နှစ်ယောက်က ဘယ်တစ်ခုကို ကြည့်ချင်တာလဲ...." အရောင်းဝန်ထမ်း အမျိုးသမီးက မေးလိုက်သည်။
ဗီလာများစွာပါတဲ့ ပုံစံကြီးကိုကြည့်ပြီး လျူယောင် လက်ညိုးထိုးပြလိုက်သည်။
"ဒီ အိမ်အမှတ် ၁၆ ကို လိုက်ပြပေးပါလား"
"ကောင်းပါပြီ... ကျွန်မနောက်က လိုက်ခဲ့ပါရှင့်..."
အရောင်းဝန်ထမ်းအမျိုးသမီးက သူတို့နှစ်ဦးကို အရောင်းဌာနမှ အပြင်ဘက်သို့ ခေါ်သွားခဲ့သည်။