" အေဒင်ပင်လယ်ကွေ့ "
Vol. 13 Ch. 195
အရောင်းအမျိုးသမီး၏ လမ်းညွှန်မှု့အောက်တွင် လျူယောင်နဲ့လီချန်လဲ့တို့ အရောင်းဌာနမှ ထွက်ခွာလာကာ ဗီလာနေရာသို့ ဝင်ရောက်လာကြသည်။
ဗီလာဧရိယာရဲ့ စိမ်းလန်းစိုပြေမှု့တစ်ခုတည်းကပင် ၉၅ မှတ်အနည်းဆုံး ပေးနိုင်သည်။ ထို့အပြင် ဒီဇိုင်းအပြင်အဆင်ကောင်းမွန်ပြီး လှပသောလမ်းသစ်များက နေရာတိုင်းသို့ ဦးတည်နေသည်။
ဗီလာက အလွန်ကြီးမားသော်လည်း ဧရိယာထဲတွင် ဗီလာ ၇၂ လုံးသာရှိသည်။
အိမ်အမှတ် ၁၆ သို့သွားရန် ကားစီးဖို့လိုအပ်သည်။ အရောင်းဌာနမှ အိမ်အမှတ် ၁၆ ၏ ဂိတ်ပေါက်သို့သွားရန် အပန်းဖြေကားကို ပံ့ပိုးပေးထားသည်။
"ဝိုး... အရမ်းလှလိုက်တာ...."
အရောင်းအမျိုးသမီးက လျင်မြန်စွာ မိတ်ဆက်ပေးလိုက်သည်။
- "အိမ်အမှတ် ၁၆ က ဧက ၅ ဧက ကျယ်ဝန်းပြီး ရှေ့နှင့်နောက် ဥယျာဉ်များနှင့် သီးသန့်ရေကူးကန်ပါရှိပါတယ်..ရှင့်"
သူမက လျူယောင်နဲ့ လီချန်လဲ့တို့ကို ဒီဗီလာမိတ်ဆက်ပေးရာတွင် နာရီဝက်ကြာသည်။
လျူယောင် ပတ်ပတ်လည်ကြည့်ပြီးနောက် အလွန်ကျေနပ်သွားသည်။
ဗီလာကို ဇိမ်ခံ ပစ္စည်းများဖြင့် အလှဆင်ထားသည်။ ထို့ပြင် အလှဆင်ပုံမှာလည်း အလွန်သေသပ်ပေသည်။ ထိုဗီလာကို ဝယ်ယူပြီးတာနဲ့ ချက်ချင်း ပြောင်းရွှေ့နေထိုင်နိုင်သည်။ အိပ်ရာခင်းများပင် အသစ်ဖြစ်တာကြောင့် ဗီလာတွင် ဘာတစ်ခုမှ မပျက်မယွင်း ရှိနေသည်။
"ဆရာ... ဒီဗီလာကို ဘယ်လိုသဘောရပါသလဲ..ရှင့်... " အရောင်းဝန်ထမ်းအမျိုးသမီးက မျှော်လင့်ချက်များဖြင့် မေးလိုက်သည်။
လျူယောင် ညင်သာစွာပြုံးလိုက်ပြီး ကျေနပ်စွာဖြင့် ပြန်ဖြေလိုက်သည်။
" ကြိုက်ပါတယ်... စျေးဘယ်လောက်လဲ..ခဗျ "
"ဒီမှာ ဈေးနှုန်းကို ရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်...ဒီဗီလာရဲ့ ဈေးနှုန်းက သန်း ၂၅၀ ပါရှင့်..."
အရောင်းအမျိုးသမီးသန်ထမ်းက ဝမ်းသာအားရဖြင့် အလျင်စလိုပြောလိုက်သည်။
ဈေးနှုန်းက မပေါ့ပေ။
ဈေးကြီးလေ အကောင်းစားဖြစ်လေဆိုတာ ဒါပါပဲ။
သန်း ၂၅၀ တန် အကောင်းဆုံး ဇိမ်ခံအိမ်များသာ ထိုဈေးနှုန်းရှိနိုင်သည်။
သူ့ရဲ့ရှေ့မှ အိမ်အမှတ် ၁၆ မှာ အကောင်းဆုံး ဇိမ်ခံအိမ်ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
ဒါက နက္ခတ်ဗေဒဆိုင်ရာ ကိန်းဂဏန်းများပင် ဖြစ်သည်။
သို့သော် ဒီစျေးနူန်းက ဖိအားမရှိကြောင်း လျူယောင် ပြောနိုင်သည်။ သူက သန်း ၂၇၀ ကို လတ်လတ်ဆတ်ဆတ်ရရှိခဲ့ပြီး ထိုငွေကို အလွန်လွယ်ကူစွာရရှိခဲ့သည်။
လိပ်ကြီးက အမည်မသိချောက်ထဲသို့ သွားရောက်ပြီး သရဲဆံပင်ရေခူ ၂၇ ကောင်ကို သတ်လိုက်ရာမှ ရရှိခဲ့ခြင်းဖြစ်သည်။
"ဟုတ်ပြီလေ...ဒီဗီလာကို ဝယ်လိုက်ပြီ...အခုပဲ စာချုပ်မှာ လက်မှတ်ထိုးလိုက်မယ်...."
"အာ..."
အရောင်းဝန်ထမ်းအမျိုးသမီး၏ ပါးစပ်က အို ပုံသဏ္ဍန်ဖြစ်သွားသည်။ သူမက ဒီလုပ်ငန်းကို နှစ်နှစ်၊ သုံးနှစ်ကြာ လုပ်ကိုင်ခဲ့ပြီး ဖြစ်သည်။ ဒါပေမဲ့ ဖောက်သည်များစွာမှာ ချီတုံချတုံဖြစ်နေကြပြီး သူမကိုပင် စျေးလျော့ပေါ့ ရောင်းရန် တောင်းဆိုခဲ့ကြသည်။
လျူယောင်ကဲ့သို့သော ချမ်းသာတဲ့ ဖောက်သည်ကို တွေ့ရခဲပေသည်။
"လူကြီးမင်း...ကျွန်မတို့ တကယ်ပဲ ... စာချုပ်ကို...အခု ...လက်မှတ်ထိုးလို့ရပါပြီလားရှင့်.."
မယုံကြည်နိုင်စွာ သူမ ပြန်မေးလိုက်သည်။
"သေချာပေါက်ပဲ..."
"ဟုတ်ကဲ့ရှင့်.... ဒါဆို အခုပဲ အရောင်းဌာနကို ပြန်သွားကြစို့....."
အမျိုးသမီးငယ်က အလွန်ပျော်ရွှင်စွာပြောလိုက်သည်။
ခဏအကြာတွင် သူတို့သုံးယောက်ငါး အရောင်းဌာနသို့ အတူပြန်လာပြီး စာချုပ်ကိုလက်မှတ်ထိုးခဲ့ကြသည်။
ထိုအချိန်မှစ၍ အိမ်အမှတ် ၁၆ က လျူယောင်နဲ့လီချန်လဲ့တို့ရဲ့ပိုင်ဆိုင်မှု့ ဖြစ်လာခဲ့သည်။
သူတို့နှစ်ဦးသား အလွန်ပျော်ရွှင်ကြပြီး လက်ချင်းချိတ်၍ အရောင်းဌာနမှ ထွက်လာခဲ့ကြသည်။
အိမ်ခြံမြေရောင်းချတဲ့ အမျိုးသမီးငယ်က ထိုနှစ်ဦးကို ဂိတ်ပေါက်အထိ ကိုယ်တိုင်ပို့ပေးခဲ့သည်။
" ဘုတ်..ဘုတ်.."
အရောင်းဌာနတွင်ရှိနေတဲ့ အရောင်းအမျိုးသမီးလေးများရဲ့ မျက်မှန် အလက်ပေါင်းများစွာဟာကြမ်းပြင်ပေါ်ကို ပြုတ်ကျသွားကြသည်။
သူတို့က ဗီလာတစ်လုံး ဒီလို လွယ်ကူစွာဝယ်ယူတာကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။ ဒါက ဟင်းသီးဟင်းရွက်ဈေးတွင် ဟင်းရွက်တစ်စည်းဝယ်ယူသကဲ့သို့ လွယ်ကူလွန်းသည်။
"အဲ့ဒီ ချောမောတဲ့လူငယ်က.... တကယ်ချမ်းသာတာပဲဟယ်.... သူ့ရည်းစားကလည်း အရမ်းပျော်နေတာပဲ......"
"ငါ အခုပဲ သူ ပိုက်ဆံပေးတုန်းက သူ့မျက်နှာကို အထူးဂရုစိုက်ကြည့်လိုက်တယ်.... သန်း ၂၅၀ တောင်... မျက်တောင်မခတ်ဘူး...အရမ်းစမတ်ကျလိုက်တာ..."
"ငါ ရှောင်ဟူကို မနာလိုလိုလိုက်တာဟယ်....အော်ဒါတစ်ခုကို ဒီလောက်လွယ်လွယ်လေးလုပ်ရတာ....ငွေကောက်ရသလိုပဲ..."
ထိုအရောင်းအမျိုးသမီးများက အများကြီးဆွေးနွေးနေကြပြီး လူများစွာက သူတို့နှစ်ဦးကို မနာလိုစွာကြည့်နေကြသည်။ သို့သော် လျူယောင်နှင့် လိီချန်လဲ့တို့ကတော့ ထိုနေရာမှ ကားဖြင့်ထွက်ခွာသွားခဲ့လေသည်။
.....
အနာဂတ် မင်္ဂလာဆောင်ပြီးရင် နေဖို့အခန်းလည်း ရှိသွားပြီမို့ ဒါကို အရေးကြီးသောကိစ္စတစ်ခုအဖြစ် မှတ်ယူနိုင်ပေသည်။
လျူယောင် စိတ်ကောင်းဝင်နေသည်။ ကားမောင်းနေစဉ်တွင် လီချန်လဲ့ဘက် ကြည့်ပြီး မေးလိုက်သည်။
"လဲ့လဲ့....မင်းမှာ... ယာဉ်မောင်းလိုင်စင်ရှိတယ်မလား...."
လီချန်လဲ့လည်း အလွန်ပျော်ရွှင်နေသည်။ ဖီးနစ်တောင်အိမ်ရာရှိ အိမ်အမှတ် ၁၆ မှာ သူမနှင့် လျူယောင်ရဲ့ အနာဂတ်အိမ်ဖြစ်လာတော့မည် ဖြစ်သည်။
ဒီလိုကြီးမားသော ဗီလာတွင် နေထိုင်ရသည်မှာ အနာဂတ်တွင် ပျော်ရွှင်စရာနေ့ရက်များစွာကို ဖြစ်ပေါ်စေမည်မှာ သေချာပေသည်။
"အစ်ကိုယောင် ကျွန်မ တက္ကသိုလ်တက်တုန်းက ယာဉ်မောင်းလိုင်စင်စာမေးပွဲ ဖြေခဲ့တာ...အကုန်အောင်ပါတယ်... နှစ်လမပြည့်ခင်မှာပဲ ...C1 ယာဉ်မောင်းလိုင်စင်ရခဲ့တယ်...."
"ဝိူး....မင်းတော်တာပဲ..."
ယဥ်မောင်းစာမေးပွဲအောင်သူများက ဆရာများဖြစ်ကြသည်။
ထိုအချိန်က လျူယောင်ပင် ယာဉ်မောင်းလိုင်စင်စာမေးပွဲကို နှစ်ခါဖြေခဲ့ရသည်။
ဘာသာရပ် ၂ ဖြစ်စေ၊ ဘာသာရပ် ၃ ဖြစ်စေ ကျရူံးခဲ့သည်။နောက်ဆုံးတော့ သူ့ရဲ့ယာဉ်မောင်းလိုင်စင်ကို ရရှိခဲ့သည်။
"လဲ့လဲ့...သွားကြစို့...ကိုယ်မင်းအတွက် ကားသစ်တစ်စီးဝယ်ပေးမယ်...အဲ့တာမှ....မင်း..အနာဂတ်မှာ သွားလာဖို့ ပိုအဆင်ပြေလိမ့်မယ်...."
လိီချန်လဲ့ အနည်းငယ် ချိတုံချတုံဖြစ်နေပြီး ပြန်ပြောလိုက်သည်။
"အစ်ကိုယောင်....ဒါမကောင်းပါဘူး....ဒီလက်ဆောင်က...ဈေးအရမ်းကြီးတယ်...."
လျူယောင် လက်ကိုဝှေ့ယမ်းပြီး ဂရုမစိုက်စွာ ပြန်ဖြေလိုက်သည်။
"ဈေးကြီးတာ... မကြီးတာဆိုတာ ကိုယ့်အတွက် ဘာမှမဟုတ်ဘူး... ဒါ့ အပြင် လဲ့လဲ့ က ကိုယ့် အနာဂတ်ဇနီးပဲလေ...ဇနီးအတွက် ကားတစ်စီးဘာလို့ မဝယ်ပေးနိုင်ရမှာလဲ..."
လိပ်ကြီးကြောင့် တစ်ရက်တည်း လျူယောင် သန်း ၂၇၀ ရရှိခဲ့သည်။ ဗီလာကို ဝယ်ယူရာတွင် သန်း ၂၅၀ သုံးစွဲခဲ့ပြီး သန်း ၂၀ ကျန်သေးသည်။ ကားကမည်မျှပင်ဈေးကြီးစေကာမူ လျူယောင်တွင် ဖိအားမရှိကြောင်း ပြောနိုင်သည်။
လျူယောင် စူပါကားကို မောင်းပြီး အမျိုးမျိုးသောနာမည်ကြီးကားများ အထူးရောင်းချသည့် 4S ဆိုင်သို့ တိုက်ရိုက်သွားခဲ့သည်။
သူနှင့် လီချန်လဲ့တို့ ဝင်လိုက်တာနဲ့ဆိုင်ထဲတွင် ရပ်ထားတဲ့ နာမည်ကြီးကားအမျိုးမျိုးကို တွေ့လိုက်ရသည်။
ဆိုင်ထဲရှိ အရောင်းသမားများစွာက လျူယောင် စူပါကားမောင်းလာတာကို ကြည့်နေကြသည်။
ကားက ဆိုင်တံခါးဝတွင် ရပ်ထားဆဲဖြစ်၏။ သူတို့နှစ်ယောက် ဝင်လိုက်တာနဲ့ အရောင်းသမားများစွာ၏ နွေးထွေးစွာ ကြိုဆိုမှု့ကို ခံရသည်။
လျူယောင် ပြောလိုက်သည်။
"လဲ့လဲ့... မင်း ဘယ်ကားကိုကြိုက်လဲ...မင်းကြိုက်တဲ့ကားကို ရွေးနိုင်တယ်..."
သူ့ဘေးရှိ အရည်အချင်းရှိသော အရောင်းသမားတစ်ဦးက ကားများကို မိတ်ဆက်ပေးခဲ့သည်။
"အလှလေး.... ကျွန်တော်တို့မှာ အားကစားကား...ကွင်းပြင်ကား.. ဆွီဒင်ကား... မော်ဒယ်အမျိုးမျိုးရှိပါတယ်....ဘယ်လိုမျိုးကြိုက်လဲ....ကျွန်တော် မိတ်ဆက်ပေးပါ့မယ်...."
လီချန်လဲ့ ကားများကိုလည်း တကယ်ကြိုက်သည်။
သူမ ကိုယ်ပိုင်ကားတစ်စီးပိုင်ဆိုင်ရန် အိပ်မက် မက်ခဲ့ဖူးသည်။
သူမရဲ့မျက်လုံးများမှာ ထိုနာမည်ကြီးကားများပေါ်သို့ ကျရောက်သွားပြီး မကြာမီပင် သူမ၏ အကြည့် များက အနီရောင် ပေါ့ရှေးကားတစ်စီးပေါ်တွင် ရပ်တန့်သွားသည်။
ထိုကားက လီချန်လဲ့ရဲ့အာရုံကို လုံးဝဆွဲဆောင်သွားသည်။
"အစ်ကိုယောင် ...အဲ့ဒီကားကို ဘယ်လိုထင်လဲ....ဒါပေမဲ့ အရမ်းဈေးများနေမလား..."
ဒါက အနီရောင်" ပေါ့ရှေး"ကားပဲ ဖြစ်သည်။
လျူယောင် စကားမပြောမီတွင် အရောင်းသမားက ချက်ချင်းပင် ချီးကျူးလိုက်သည် ။
"အလှလေး...ခင်ဗျားက... တကယ် အမြင်ကောင်းတယ်.. ဒီ ပေါ့ရှေး ကားက ခင်ဗျားရဲ့ စိတ်နေစိတ်ထားနဲ့ အရမ်းကိုက်ညီတယ်လို့ ကျွန်တော်ထင်ပါတယ်..."
လျူယောင် ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။
"လဲ့လဲ့... ဒါဆို ဒီကားကို ဝယ်လိုက်ကြစို့"
ဆိုင်ထဲသို့ ဝင်ရောက်ချိန်မှစ၍ လျူယောင်နဲ့ လိီချန်လဲ့ ဆိုင်မှ ကားမောင်းထွက်သွားချိန်အထိ တစ်နာရီပင်မကျော်ခဲ့ပေ။
ကားနှစ်စီး လမ်းပေါ်တွင် မောင်းနှင်နေကြသည်။ လျူယောင်ရဲ့ စူပါကားက ရှေ့တွင် မောင်းနှင်နေပြီး လီချန်လဲ့ရဲ့ ပေါ့ရှေးကားမှာ မီတာ ၂၀ မှ ၃၀ အကွာ နောက်မှလိုက်နေသည်။
ကားနှစ်စီး အကွာအဝေးမဗာ မနည်းပါသော်လည်း မည်သူမှ ဒီနှစ်စီး ကြားထဲကို ဝင်ရဲခြင်းမရှိပေ။
" နောက်နေတာလား... ဒီလိုဈေးကြီးတဲ့ကားနှစ်စီး ကို ..မတော်တဆထိမိရင်.... ဘယ်လိုလျော်ကြေးပေးနိုင်မှာလဲ..."
........
အိန္ဒိယသမုဒ္ဒရာတွင်....
တန်ချိန် ၇၀,၀၀၀ ကျော်ရှိပြီးကွန်တိန်နာ အပြည့်တင်ထားတဲ့သင်္ဘောတစ်စီး ခုတ်မောင်းနေသည်။ ဒါက universal ရေကြောင်းကုန်စည်ပို့ဆောင်ရေးအဖွဲ့ရဲ့ သင်္ဘောကြီးတစ်စီးပင်ဖြစ်သည်။
ကွန်တိန်နာများ အပြည့်တင်ဆောင်ထားပြီး ဥရောပသို့ ဦးတည်သွားမည်ဖြစ်သည်။
Global မှာ မနေ့က ကုမ္ပဏီအမည်ပြောင်းလဲခဲ့ပြီး တရားဝင်အားဖြင့် Universal ဟု လျူယောင် ပြောင်းလဲခဲ့သည်။
ကပ္ပတိန်ခန်းထဲတွင် ကပ္ပတိန်ဝေကျန်းရှန်က ဖန်သားပြင်မှနေ၍ ကျယ်ပြောလှသောပင်လယ်ကို ကြည့်ပြီး ဖြည်းဖြည်းချင်းပြောလိုက်သည် ။
" ငါတို့ မကြာခင်... အေဒင်ပင်လယ်ကွေ့ထဲကို... ဝင်တော့မယ်.... အားလုံးသတိထားကြပါ...."
သူ့ဘေးနားရှိ အင်ဂျင်နီယာက စိတ်အေးလက်အေး ပြန်ပြာလိုက်သည်။
"လူအိုကြီးဝေ.... ဒါက ကျွန်တော်တို့ အာဒင်ပင်လယ်ကွေ့ကို ဖြတ်တာ သုံးကြိမ်မြောက်ရှိပြီ... အရင်နှစ်ကြိမ်လုံး အဆင်ပြေခဲ့တယ်.... ဒီတစ်ခါလည်း အဆင်ပြေမှာပါဗျာ...ဘာတွေ... စိုးရိမ်နေတာလဲ...."
"သတိထားတာ ပိုကောင်းတယ်.... အေဒင်ပင်လယ်ကွေ့မှာ ပင်လယ်ဓားပြတွေ မကြာခဏပေါ်လာတတ်တယ်..."
ကပ္ပတိန်ဝေကျန်းရှန် စိုးရိမ်ပူပန်စွာ ပြန်ပြောလိုက်သည်။