မိုက်ကယ် နှင့် ဖိုက်သွန်
Vol. 72 Ch. 1143
“မိုက်မဲတဲ့မိန်းမ တကယ်ပဲ ကိုယ့် သေတွင်း ကိုယ်တူးနေတာ။” မိုက်ကယ်က ဖိုက်သွန် မျက်နှာချင်းဆိုင်တွင် ချက်ချင်း ပေါ်လာသည်။ “သတ္တိကို အသိအမှတ် ပြုပေမဲ့၊ ကံမကောင်းချင်တော့ မင်းမှာ နှင်းဒဲလက်ပန်းပင်တွေ မရှိဘူး။ ငါမင်းကို နောက်တစ်ခါ လွတ်မြောက်ဖို့ ဘာမှ အခွင့်အရေးမှပေးမှာ မဟုတ်ဘူး။ ငါ မင်းကို ခဏလေးနဲ့ အဆုံးသတ်ပစ်မယ်!”
ရွှေရောင် အတောင်ပံ ၆စုံက မိုက်ကယ်၏ အနောက်တွင် ပေါ်လာ၏။ တိုးညင်းသော အသံနှင့်အတူ သူ၏ ကိုယ်တလျှောက်မှ အငွေ့အသက်မှာ ချက်ချင်းပင် အလွန် ကြောက်မက်ဖွယ်ရာ ကောင်းသော အဆင့်သို့ မြင့်တက်သွား၏။
ဖိုက်သွန်၏ ဆံပင်နှင့် အဝတ်များက လှုပ်ခတ်နေခဲ့ပြီး ပြင်းထန်သော ဖိအားအောက်တွင် သူ၏ခန္ဓာကိုယ်မှာ တစ်လှမ်းချင်းစီ နောက်သို့ တွန်းပို့ခြင်း ခံနေရသည်။
တကိုယ်တည်း ထုတ်လွှတ်လိုက်သော အရှိန်အဟုန်က နတ်ဘုရား-ယောင် အထွတ်အထိပ်အဆင့် စွမ်းအားရှိသော ဖိုက်သွန်ကိုပင် မတည်ငြိမ် ဖြစ်စေသည်။ ၎င်းက သူ့ကို လုံးဝ ဖိနှိပ်ထားခဲ့သည်။
ထိုတိုက်ပွဲ၏ အဖြေမှာ အတော်လေး ခန့်မှန်းလွယ်ပုံ ရနေသည်။
“ဖိုက်သွန်လိုလူမျိုးကို ရင်ဆိုင်တဲ့အခါ မိုက်ကယ်က တကယ် အလေးအနက် သဘောထားနေတာပဲ။။” ရာဖယ်ရယ်က ခေါင်းခါလိုက်သည်။ “ငါ ၃မိနစ် မပြည့်ခင် တိုက်ခိုက်ရတော့မယ် ထင်တယ်။”
“နှမြောစရာပဲ။” ချန်လွေ့က နောက်မှီ ထိုင်နိုင်သည့် နေရာတစ်ခုကို ရှာလိုက်ပြီး အေးအေးဆေးဆေး ထိုင်ချလိုက်ကာ အဖုံးမာနှင့် ပုလင်းငယ်မှ သစ်သီးဝိုင်ကို တစ်ငုံ သောက်လိုက်၏။ “ခင်ဗျားရဲ့ ဆန္ဒဖြစ်ဖြစ်၊ မိုက်ကယ်ရဲ့ ဆန္ဒဖြစ်ဖြစ် အလကား ဖြစ်သွားမှာပဲ။”
ရာဖယ်ရယ်က မထီမဲ့မြင် အမူအရာကို ပြသခဲ့သည်။ သူက ပြန်လည်ချေပရန် ပြင်လိုက်စဉ်ပင် မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျုံ့သွား၏။ မိုက်ကယ်၏ အငွေ့အသက်ကြောင့် နောက်လွင့်ခဲ့သော ဖိုက်သွန်၏ ဆံပင်က ရုတ်တရက် လားရာပြောင်းပြီး ရှေ့သို့ လှုပ်နေ၍ပင်။
အလွယ်တကူ အနိုင်ရနိုင်မည် ဟူ၍ ယုံကြည်နေသော မိုက်ကယ်၏ မျက်နှာ အမူအရာ ပြောင်းလဲသွားသည်။ သူက အားကောင်းသော အင်အားတစ်ခု သူ့ထံ လာနေပြီး သူ၏ အငွေ့အသက်အား ခုခံနေကြောင်းကို ခံစားလိုက်ရသည်။ အင်အား နှစ်ခုက အမှန်တကယ်... ညီမျှနေ၏!
မျက်နှာချင်းဆိုင်မှ ဖိုက်သွန်၏ ခန္ဓာကိုယ်က နောက်သို့ မရွေ့တော့ဘဲ သူ၏နောက်တွင် အနက်ရောင်အတောင်ပံ တစ်စုံ ပေါ်လာခဲ့သည်။ သူ၏အနီရင့်ရောင် မျက်လုံးသူငယ်အိမ်မှ လောင်နေသော အလင်းရောင်တစ်ခု ထုတ်လွှတ်နေ၏။
“တိုက်ပွဲက ဒီလောက်မြန်မြန် ပြီးမှာ မဟုတ်ဘူးထင်တယ်။” ဂေဘရီယယ်၏ မျက်နှာက မျက်လုံးများ မှိတ်ထားလျက် လေးနက်နေပုံရသည်။
ရှေးဟောင်း ပြိုင်ကွင်းထဲ၌-
ဧရာမ စွမ်းအင်အစုအဝေး နှစ်ခုက တစ်ခုနှင့်တစ်ခု ခုခံနေကြသည်။ စွမ်းအင် ပျယ်ပြယ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ် လျှပ်စီးကြောင်းများ အဆက်မပြတ် ထွက်နေ၏။
အကယ်၍ ၎င်းမှာ နတ်ဘုရား-ယောင် အထွတ်အထိပ်အဆင့် ထိန်းသိမ်းထားပြီး အစီအရင်များဖြင့် ပြည့်နှက်နေသော ထိုပြိုင်ကွင်းတွင်မဟုတ်ဘဲ သာမန် ပတ်ဝန်းကျင် တစ်ခုတွင်သာ ဖြစ်ပါက နယ်မြေအလိုက်ငလျင်ထက် မလျော့သော ကြောက်မက်ဖွယ် ပြိုလဲမှု တစ်ခုကို သေချာပေါက် ဖြစ်ပေါ်စေလိမ့်မည်။
ဧရာမ ပြိုင်ကွင်းကြီးတွင် ထိုကဲ့သို့ ပြင်းထန်သော တိုက်မိခြင်းကို မျက်မြင် ကိုယ်တွေ့ ကြုံတွေ့နေရသော ကြည့်ရှုသူ သုံးဦးသာ ရှိသည်။
ဂေဘရီယယ်နှင့် ရာဖယ်ရယ်တို့၏ အံ့ဩမှုနှင့် နှိုင်းယှဉ်လျှင် ချန်လွေ့က ယုံကြည်မှု ရှိနေပုံရပြီး သူ၏လက်ထဲတွင် သစ်သီးဝိုင်ပုလင်း တစ်လုံးကို ကိုင်လျက် ပြိုင်ကွင်းပေါ်တွင် အေးအေးဆေးဆေး မှီနေလေ၏။
ခဏတာ အကြိတ်အနယ် ဖြစ်ခဲ့သော စွမ်းအား အငွေ့အသက် နှစ်ခုက မိုက်ကယ်နှင့် ဖိုက်သွန်တို့နှင့် အတူ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
ကောင်းကင်တွင် တောက်ပနေသော ရွှေရောင် အလင်းတန်းတစ်ခု ရှိနေသည်။ မျက်နှာချင်းဆိုင်တွင် ရေတွက်၍မရသော အနက်ရောင်မြူခိုးတိမ်များ လှည့်နေပြီး အလယ်တွင် မှိန်ပျနေသော အနီရောင် အလင်းတန်းတစ်ခု ပေါ်လွင်နေသည်။ စွမ်းအား အစုအဝေးနှစ်ခု နောက်တစ်ကြိမ် တိုက်မိသွားကြပြီး ကောင်းကင်ပင်လျှင် နှစ်ပိုင်းကွဲသွားသလို ထင်ရ၏။
ထိုအရာမှာ ယခင်ကလို ရိုးရှင်းသော စွမ်းအား အငွေ့အသက် မဟုတ်တော့ဘဲ အရှိန်အဝါများ တိုက်မိခြင်းပင်။
ရွှေရောင်အလင်းက အမှောင်တိမ်များ လွှမ်းခြုံနေသော အနီရင့်ရောင်စွမ်းအားကို မထိုးဖောက်နိုင်ခဲ့။ တိမ်နက်များကလည်း ရွှေရောင်အလင်းကို မဖုံးကွယ်နိုင်ခဲ့ပေ။
နောက်တစ်ကြိမ် အကြိတ်အနယ် ဖြစ်နေပြန်၏။
“ဒါက ဖိုက်သွန်ရဲ့ အသစ် ပေါင်းစပ် ထားတဲ့ ခန္ဓာကိုယ် ဖြစ်လောက်တယ်။ ဒါက သူရဲ့ အရင်ခန္ဓာထက် တကယ်ပဲ ပိုအစွမ်းထက်နေတယ်။” ရာဖယ်ရယ်က ဖိုက်သွန်၏ ခန္ဓာကိုယ်မှ ထူးဆန်းမှုကို တစ်ချက်ကြည့်ရုံဖြင့် မြင်တွေ့လိုက်ရပြီး သူ အံ့ဩစွာ ပြောလိုက်သည်။ “သူက မိုက်ကယ်နဲ့ တကယ် ယှဉ်နိုင်နေတာပဲ။”
“အစွမ်းထက်တာက ခန္ဓာကိုယ် တစ်ခုတည်း မဟုတ်ဘူး...” ဂေဘရီယယ် မျက်လုံးများ မှိတ်ထားလျက် အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ “ဒါက မျက်နှာချင်းဆိုင် ရင်ဆိုင်တိုက်ခိုက်တာပဲ။ အဆိပ်လှည့်ကွက်တွေ သုံးတဲ့ ဒီမိန်းမရဲ့ ခွန်အားက ထင်ထားတာထက် အများကြီး ပိုကောင်းနေတယ်။”
မိုက်ကယ်လည်း ထိတ်လန့်နေသည်။ လွန်ခဲ့သော သုံးလေးနှစ်က သိဒ္ဓိအလင်း တောင်သို့ ခိုးဝင်ခဲ့သော ဖိုက်သွန်ကို ရင်ဆိုင်စဉ် သူက အစွမ်းကုန် မထုတ်ဘဲ အသာစီးရခဲ့သည်။ ထိုအချိန် ဖိုက်သွန်က ဝိညာဉ် ဖြစ်တည်မှု တစ်ခုသာ ဖြစ်သည်။ ယခုမူ ဖိုက်သွန် သူ့ကို ယူလာပေးသော ဖိနှိပ်မှုက ထိုအဆင့်အထိ ရောက်ရှိသွားပြီ ဖြစ်သည်။
ဒါက ရိုးရှင်းတဲ့ ခန္ဓာ ပေါင်းစပ်မှုကြောင့် မဟုတ်တာ သေချာတယ်!
မိုက်ကယ်က ကောင်းကင်တမန်ချုပ် ဖြစ်သည်။ နတ်ဘုရားနှင့် အနီးစပ်ဆုံး ဖြစ်သည်ဟု သူ့ကိုယ်သူ ယုံကြည်သော ပုဂ္ဂိုလ်လည်း ဖြစ်ပေသည်။ ထို့အပြင် ယခုနေရာသည် သိဒ္ဓိအလင်းတောင်၏ အိမ်ကွင်းဖြစ်ပြီး သူက ထိုရှေးဟောင်း ပြိုင်ကွင်းထဲတွင်ပင် အလင်းဒြပ်စင်ကို အမြင့်ဆုံးအထိ အသုံးပြုနိုင်သေးသည်။
အကယ်၍ သူက ဖိုက်သွန်ကို ၁၀မိနစ် အတွင်း အနိုင်မယူနိုင်ပါက ရာဖယ်ရယ်၊ ဂေဘရီယယ် ထို့ပြင် ထိုပုရွက်ဆိတ်သာ မြင်တွေ့ခဲ့လျှင် အရှက်ရစရာပေ။
မိုက်ကယ် အသက်ကို ပြင်းပြင်းရှူပြီး လက်ထဲ ဓားတစ်ချောင်း ပေါ်လာသည်။ နီရဲရဲ ဓားသွားနှင့် ဓားလက်ကိုင်ကာက လက်ဝါးကပ်တိုင်ပုံစံ ဖြစ်သည်။ ၎င်းမှာ သိဒ္ဓိလက်ဝါးကပ်တိုင်ဓား ဖြစ်လေသည်။ အဆောင်ပစ္စည်းတစ်ခု ဖြစ်၏။ ဓားက နေကဲ့သို့ ကခုန်ပြီး မြူခိုးထဲမှ ဖိုက်သွန်ထံ ခုတ်ပိုင်းလိုက်သည်။
နေမင်း၊ သေခြင်းတရား။
ထိုအရာမှာ ချန်လွေ့၏ ခံစားချက် ဖြစ်သည်။ သူ ပြိုင်ကွင်း အပြင်ဘက်၌ ရှိနေသည့်တိုင် ထိုဓား၏ ကြောက်စရာ စွမ်းအားကို အာရုံခံနိုင်၏။
သူက သိဒ္ဓိအလင်း တောင်ထိပ်တွင် မိုက်ကယ်က သိဒ္ဓိလက်ဝါးကပ်တိုင်ဓားကို ပထမဆုံး အကြိမ် အသက်သွင်းသည်ကို မြင်တွေ့ခဲ့ရစဉ်က ထိုကဲ့သို့ ခံစားချက်မျိုး ရှိခဲ့သော်လည်း ယခု ချန်လွေ့က ယခင်လို မဟုတ်တော့ပေ။ တွန်းလှန်မရနိုင်သော မျှော်လင့်ချက်မဲ့ခြင်း အာရုံမျိုး မရှိတော့။ အကြောင်းမှာ ယခု သူက မိုက်ကယ်ကို မော့ကြည့်ရန် မလိုတော့၍ပင်။
[ဓူဝံကြယ်အသွင်ပြောင်းခြင်း] ကို အသက်မသွင်းဘဲ [သရုပ်ခွဲမျက်လုံးများ] ကို အသုံးမပြုဘဲ သာမန်အခြေအနေ၌ပင် သူ၏ အာရုံခံစားမှုက နတ်ဘုရား-ယောင် နှစ်ပါး၏ တိုက်ပွဲလမ်းကြောင်းကို အထူး ‘တည်ငြိမ်’သော အခြေအနေ တစ်ခုတွင် ဖမ်းယူနိုင်သည်။
‘စိတ်မျက်လုံး’ဟူ၍ ခေါ်ဆိုနိုင်သော ထိုပညာရပ်က ၂နှစ်ကြာ လေ့ကျင့်မှု၏ ရလဒ်များထဲမှ တစ်ခုပင်။
ထိုအခြေအနေတွင် သူက [ဓူဝံကြယ် အသွင်ပြောင်းခြင်း] မသုံးဘဲ ရာဖယ်ရယ် ထုတ်လွှတ်သော နတ်ဘုရား-ယောင် အရှိန်အဟုန်ကို လွတ်လွတ်လပ်လပ် ရင်ဆိုင်နိုင်သည်။ အကြောင်းရင်းမှာ အကြီးမားဆုံးရန်သူသည် ပြင်ပအရာများ မဟုတ်ဘဲ မိမိကိုယ်တိုင် ဖြစ်နေ၍ပင်။
စိတ်တွင် အစဆုံးနှင့် အဆုံးစွန်ဆုံး စွမ်းအား ရှိလေသည်။ လွန်ခဲ့သော ၂နှစ် အတွင်း သူက မိမိကိုယ်ကို ကျော်လွန်ရန် သွားလာရင်း စူးစမ်းရှာဖွေ ခဲ့သော်လည်း ကံမကောင်းစွာဖြင့် သူ အောင်မြင်ခဲ့ပေ။ [ဝင်ရိုးစွန်းကြယ်ခရမ်း အသွင်ပြောင်းခြင်း] ၏ ပိုမိုနက်ရှိုင်းသော နက်နဲမှုများကိုသာ သူ နားလည်လာခဲ့သည်။ အထူးသဖြင့် ‘နတ်ဘုရားလောက’နှင့် ပေါင်းစပ်ပြီး နောက်တွင် သူက အမြင့်ဆုံးသော တစ်ဆို့မှုနှင့် ထိတွေ့ပြီး ဖြစ်သည်။ ၎င်းမှာ ကြယ်၆ပွင့် ဆင့်ကဲပြောင်းလဲခြင်း တစ်ခုလုံး၏ အတားအဆီး ဖြစ်၏။
သေးငယ်တဲ့ငါက ကြီးမားတဲ့ငါနဲ့ တွေ့ဆုံပြီးတော့ ငါက စစ်မှန်တဲ့ စကြဝဠာ အဖြစ် ပြောင်းလဲသွားတယ်။
ထိုအရာမှာ အနာဂတ် လမ်းညွှန်နှင့် အဆင့်တက်ခြင်း၊ ဆင့်ကဲပြောင်းလဲခြင်း သော့ချက် ဖြစ်နိုင်ပေသည်။
ချန်လွေ့၏ လက်ရှိ [ဝင်ရိုးစွန်းကြယ်ခရမ်း အသွင်ပြောင်းခြင်း] စွမ်းအားက ပို၍ပို၍ အားကောင်းလာခဲ့ပြီး နတ်ဘုရား-ယောင် အထွတ်အထိပ်အဆင့် တည်ရှိမှုနှင့် ယှဉ်ပြိုင်ရန် လုံလောက်၏။ အကယ်၍ တစ်နေ့တွင် သူ ကြယ်၆ပွင့် ဆင့်ကဲပြောင်းလဲခြင်းကို တက်နိုင်ခဲ့ပါက သူ ကိုယ်တိုင်ပင် မည်သည့် အဆင့်သို့ တိတိကျကျ ရောက်ရှိမည်ကို မသိပေ။
အဲဒီနေ့က တကယ် ရောက်မရောက် မသိဘူး။ ရောက်လည်း ရောက်နိုင်တယ်။ ဒါမှမဟုတ် ငါ့တစ်ဘဝလုံးမှာ အောင်မြင်ဖို့ မဖြစ်နိုင်တာလည်း ဖြစ်နိုင်တယ်။
တကယ်လို့ အဲဒီလိုနေ့ ရောက်လာရင် ဖရိုဖရဲဘုံက ဧရာမ “အလောင်းတွေ”က လိုက်မှီရမယ့် ပစ်မှတ်တွေ ဖြစ်လာမယ်။
အနက်ရော အငွေ့များ ထုတ်နေသော အမှောင်ရွှေရောင် ကြာပွတ် တစ်ခုက ဖိုက်သွန်၏ လက်ထဲတွင် ပေါ်လာခဲ့သည်။ ၎င်းမှာ သူ၏လက်နက်ကို ချန်လွေ့ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ သိဒ္ဓိလက်ဝါးကပ်တိုင်ဓား၏ ဖိအားနှင့် နှိုင်းယှဉ်လျှင် ထိုကြိမ်လုံးတွင် တည်ရှိမှု အာရုံခံ လုံးဝနီးပါး မရှိပေ။ ထိုအရာမှာ အားအကောင်းဆုံးအချက် ဖြစ်နိုင်၏။
အရိပ်...
အမည် အတိုင်းပင် အရိပ်က တစ္ဆေများကဲ့သို့ပင် တိတ်ဆိတ်စွာဖြင့် ဝှေ့ယမ်းနေ၏။
ချန်လွေ့ စိတ်ထဲတွင် သေသေချာချာ မြင်ရသည်မှာ သိဒ္ဓိလက်ဝါးကပ်တိုင်ဓား မရေမတွက်နိုင်သော မရဏအလင်းများ အဖြစ်သို့ ပြောင်းသွားပြီး လွှမ်းမိုးနိုင်သော အင်အားဖြင့် ဖိုက်သွန်ထံသို့ လှိမ့်တက် သွားသော်လည်း ဖိုက်သွန်က စွန်လွှတ်နေ သလိုမျိုး ဖြစ်နေပြီး မိုက်ကယ်နှင့် အကွာအဝေး တစ်ခုကို အမြဲထိန်းထား နေခြင်းပင်။ ထိုတိုက်ခိုက်ရေး ပုံစံက မိုက်ကယ်အတွက် ကိုင်တွယ်ရန် အလွန် ခက်ခဲသည်။ သူ၏ စွမ်းအား ထုတ်ပြရန် နေရာမရှိပေ။ သိဒ္ဓိလက်ဝါးကပ်တိုင်ဓား၏ ပြင်းထန်သော အဆုံးသတ်တိုက်ကွက်များ အသုံးမဝင်ခဲ့ပေ။
အချိန်သည် တစ်မိနစ်ပြီး တစ်မိနစ် ကုန်လွန်သွားသော်လည်း တိုက်ပွဲမှာ အကြိတ်အနယ် ဖြစ်နေဆဲပင်။
မိုက်ကယ်က ဖိုက်သွန်နှင့် ထိုသို့ အကြိတ်အနယ် မယှဉ်ပြိုင်ချင်ပေ။ သူက အခွင့်အရေးတစ်ခုကို မြင်လိုက်ရာ သူ၏ ရွှေရောင်အတောင်ပံ၁၂ခု ပြန့်ကားသွားပြီး အနီးအနားမှ နေရာလွတ်က မှန်တစ်ချပ် ကဲ့သို့ပင် ချက်ချင်း အေးခဲသွားသည်။
ဖိုက်သွန် မည်သို့သော လျှို့ဝှက် ရွှေ့ပြောင်း ပညာရပ်ကို သုံးစေကာမူ စက်ဝိုင်းများတွင် လည်ပတ်နေသကဲ့သို့ ပြန်ကန်ခြင်းခံလိုက်ရ၏။ အကွာအဝေးက မိုက်ကယ်ကြောင့် ရုတ်တရက် ကျဉ်းမြောင်းသွားခဲ့သည်။
၎င်းက မိုက်ကယ်၏ နေရာလွတ် အရှိန်အဝါပင်!
သိဒ္ဓိလက်ဝါးကပ်တိုင်ဓား တောက်ပစွာ လင်းလက်လာခဲ့သည်။ ဖိုက်သွန်က ထိုအကွာအဝေးတွင် မရှောင်နိုင်တော့ပေ။ မရဏနေမင်း အစွမ်းကုန်ကို ရင်ဆိုင်ရင်း သူက ရုတ်တရက် ပြုံးလိုက်၏။
“မှတ်ဉာဏ်က ဘယ်လောက်ပဲ နက်ရှိုင်းပါစေ မေ့လျော့သွားမယ့် အချိန် တစ်ခု ရှိလာမှာပဲ။ ဘယ်လောက်ပဲ နက်ရှိုင်းနေပါစေ ထာဝရ ပိုင်ဆိုင်နိုင်မှာ မဟုတ်ဘူး။”
သေခြင်းတရား အနီရောင်တောက်ပမှု ချက်ချင်းမှေးမှိန်သွားပြီး သူ၏ပတ်လည်မှ ခဲနေသော ‘မှန်’သည် အခွံခွာထားသော အရေပြားသဖွယ် လျင်မြန်စွာ ခြောက်သွေ့ သွားပြီး ထပ်မံ အလုပ်မလုပ်နိုင်တော့ပေ။
ဖိုက်သွန်၏ [ပိတ်ပင်ခြင်း] အရှိန်အဝါက သိဒ္ဓိအလင်းတောင်ထိပ်တွင် ရှိနေစဉ်ကထက် များစွာ ပို၍ အစွမ်းထက် နေသည်။ မိုက်ကယ်၏ အရှိန်အဝါဖြင့် ချုပ်နှောင်ခံထားရသော နေရာလွတ်က အတော်လေးကို အားနည်းသွားရုံသာမက သိဒ္ဓိလက်ဝါးကပ်တိုင်ဓား စွမ်းအားလည်း ထိုနည်းအတိုင်း ဖြစ်နေခဲ့သည်။
သိဒ္ဓိလက်ဝါးကပ်တိုင်ဓား ရောင်ခြည် မှေးမှိန်သွားသည့် အခိုက်အတန့်မှာပင် ဖိုက်သွန်၏ လက်ထဲမှ ရှည်လျားသော ကြာပွတ် ပျောက်သွားပြီး အနက်ရောင် ဓားမြှောင်တိုတစ်စုံ အစားထိုးသွားသည်။ ဓားမြှောင်တိုများက မျက်စိတစ်မှိတ် အတွင်းတွင် မရေတွက်နိုင်လောက်သော ဝေဝါးဝါး ပုံရိပ်များအဖြစ် ပြောင်းသွားပြီး မိုက်ကယ်ကို အထူးအရှိန် မြင့်မားစွာဖြင့် ဝန်းရံလိုက်၏။
အဝေးမှ ကြည့်လျှင် အမှောင်ထု တိမ်များထဲမှ အနီရင့်ရောင်အလင်းက ရွှေရောင် အလင်းကို လျင်မြန်စွာ တိုက်စားသွားပြီး ရွှေရောင်အလင်းမှာ တဖြည်းဖြည်း မှေးမှိန်စပြုလာသည်။
မိုက်ကယ်က ကောက်ကျစ်ပြီး ရက်စက်သော ကြောက်စရာ တိုက်ခိုက်မှု တစ်ခုကို အာရုံခံမိလိုက်သည်။ သူက ဓားပညာတွင် ကျွမ်းကျင်သော်လည်း လုံးဝ ဖိနှိပ်ခြင်း ခံနေရသည်။
ဖိုက်သွန်မှာ ဒီလောက် အစွမ်းထက်တဲ့ အနီးကပ် တိုက်ခိုက်နိုင်စွမ်း ဘယ်တုန်းက ရှိသွားတာလဲ။ လွန်ခဲ့တဲ့ သုံးနှစ်ကတောင် သိဒ္ဓိအလင်းတောင်ထိပ်မှာ သူက ဒီလိုမျိုး မဟုတ်ခဲ့ဘူး!
မကောင်းဆိုးဝါးလို ကောက်ကျစ်တဲ့ ဒီမိန်းမက ငါ့ကို အနီးကပ်တိုက်ခိုက်မှုထဲ သွေးဆောင်နေခဲ့တာပဲ!
အာရုံ အနည်းငယ် ပျံ့လွင့်သွားသည်နှင့် မိုက်ကယ်၏ ပါးပြင်တွင် အနက်ရောင် သွေးစွန်းရာတစ်ခု ခြစ်မိသွားပြီး သူကက ရုတ်တရက် ထုံကျဉ်မှုကို ခံစားလိုက်ရ၏။ ဒီဓားမြှောင်က အဆိပ်ပါနေတယ်!
“ချီးပဲ!”
ငါ တကယ်ပဲ ဒဏ်ရာရသွားတာလား! ငါက ဒီကျရှုံးသူရဲ့ ဓားမြှောင်တွေကြောင့် ဒဏ်ရာရသွားတာလား! မိုက်ကယ်က အလွန် ဒေါသထွက်သွား၏။ ဖိုက်သွန်၏ ပတ်လည်မှ နေရာလွတ် နောက်တစ်ကြိမ် ခဲသွားပြီး သူ၏တိုက်ခိုက်မှု ရုတ်တရက် နှေးကွေးသွားသည်။ ချက်ချင်းဆိုသလိုပင် မိုက်ကယ်က အော်ပြောလိုက်၏။ “[ပင်လယ်သဖွယ်နတ်ဘုရားကျေးဇူးတော်]!”
နတ်ဘုရား-ယောင် အထွတ်အထိပ် အဆင့်အတွက်ပင် အရှိန်အဝါများကို ချက်ချင်း အဆက်မပြတ် အသက်သွင်း ရသည်မှာ အတော်လေး ခက်ခဲလှသည်။ အထူးသဖြင့် ဂုဏ်သတ္တိ မတူညီသော အရှိန်အဝါကို ပြောင်းလဲရာတွင် ဖြစ်သည်။ သို့တိုင် မိုက်ကယ်က ထိုကဲ့သို့ အရာကို အလွယ်တကူ လုပ်ဆောင်နိုင်ခဲ့၏။
မူလမှေးမှိန်နေသော ရွှေရောင်အလင်း ချက်ချင်း တောက်ပလာပြီး မိုက်ကယ်၏ မျက်နှာပေါ်မှ အနက်ရောင် သွေးများ လျင်မြန်စွာ ပျောက်ကွယ်သွားကာ သူ၏ ဒဏ်ရာ အပြည့်အဝ ပျောက်ကင်းသွား၏။ [ပင်လယ်သဖွယ်နတ်ဘုရားကျေးဇူးတော်] ၏ အဆုံးမရှိဟု ထင်ရသော အလင်း ပင်လယ်က ဖိုက်သွန်ထံသို့ တိုက်ခတ် သွားခဲ့လေသည်။
ဖိုက်သွန်က နေရာလွတ် အရှိန်အဝါ၏ ခဲသွားခြင်းကို ယခုမှသာ ဖြေဖျောက် နိုင်ခဲ့သည်။ သူ တုံ့ပြန်မှု မပြုနိုင်ခင်မှာပင် အနက်ရောင်တိမ်များ လွှမ်းခြုံနေသော အနီရင့်အလင်းက အလင်း ပင်လယ်၏ လုံးဝမျိုချခြင်း ခံလိုက်ရ၏။
အလင်းက ဖိုက်သွန်ကို လုံးဝ မျိုချလိုက်သည့် အခိုက်အတန့်တွင် နိမ့်ကျသော အမျိုးသမီး၏ အသံက ရှေးဟောင်း ပြိုင်ကွင်း တစ်ခုလုံးကို ဖြတ်သန်း၍ ထွက်ပေါ်လာသည်။ အလင်း ပင်လယ်ပင် ထူးဆန်းသော စွမ်းအားမျိုး ပါဝင်သည့် ထိုအသံကို မတားဆီးနိုင်ခဲ့။
“တကယ့် ရက်စက်မှုနဲ့ အဆိပ်က လူ့သဘာဝပဲ။ အဲဒါက လူ့နှလုံးသားပဲ။”
ပင်လယ် ကဲ့သို့သော အလင်းက ရုတ်တရက် ရပ်သွားပြီး အဆုံးပိုင်းမှာ လျင်မြန်စွာ အနက်ရောင်သို့ စတင်၍ ပြောင်းလဲလာ၏။ မျက်စိတစ်မှိတ်အတွင်း အလင်းပင်လယ်အားလုံး မည်းနက်သော အလွှာတစ်ခုဖြင့် အဆိုးခံလိုက်ရသည်။
အနက်ရောင် ပင်လယ်က လျင်မြန်စွာ အငွေ့ပျံသွားပြီး အဆုံးမဲ့ တိမ်တိုက်နက်က ပြိုင်ကွင်း အလယ်ကို ဖြန့်ကျက်သွား၏။ ပြိုင်ကွင်း တစ်ခုလုံးက အနည်းငယ် တုန်နေပြီး မြေပေါ်တွင် အက်ကြောင်းများ စတင်၍ ပေါ်ပေါက်လာခဲ့သည်။
ဂေဘရီယယ်က ရှေးဟောင်း ပြိုင်ကွင်းတွင် ကြီးမားသော ဖိနှိပ်မှုကို ခံစားလိုက်ရပြီး အရှိန်အဝါ ပို့လွှတ်မှုကို တိုးမြှင့်လိုက်ရာ ထိုအက်ကွဲကြောင်းများ ပြန်လည် ကောင်းမွန်လာသည်။
“[အကျဉ်းထောင်သဖွယ် နတ်ဘုရား အဟန့်အတား]!”
မိုက်ကယ်က ကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်ရာ အလင်းတန်းများသည် အနက်ရောင် တိမ်တိုက် ပင်လယ်ထဲတွင် ပေါ်လာပြီး အဆိပ်စွမ်းအားကို လျင်မြန်စွာ အငွေ့ပျံစေခဲ့၏။ သူတို့ အကြိတ်အနယ် ဖြစ်နေကြဆဲပင်။
ပွဲကြည့်စင်ပေါ်မှ ရာဖယ်ရယ်က တိတ်တဆိတ် တုန်လှုပ်သွား၏။ အနီးကပ် တိုက်ခိုက်နိုင်စွမ်း အပြင်ကို ဖိုက်သွန် ခုနက အရေးကြီး အခိုက်အတန့် တစ်ခုမှာ ပိတ်ပင်ခြင်း အရှိန်အဝါကနေ အဆိပ် အရှိန်အဝါကို ပြောင်းခဲ့ပြီးတော့ ချက်ချင်း အသာစီး ရသွားခဲ့တယ်။ ပြီးတော့ မိုက်ကယ်ကို ဖိနှိပ်နိုင်ခဲ့တယ်။ တကယ်လို့ မိုက်ကယ်မျာ သာလွန်သော စွမ်းအားနှင့် တုံ့ပြန်မှုမရှိခဲ့ရင် ဖိနှိပ်ခံခဲ့ရမှာပဲ။
တကယ်လို့ ငါသာ အခု ဖိုက်သွန်ကို ရင်ဆိုင်နေရရင် ငါလည်း အနိမ့်ဘက်မှာ ရှိနေလောက်မှာ စိုးရတယ်။
ဒါက သိဒ္ဓိအလင်းတောင်ပဲ။ ပြီးတော့ အလင်းဒြပ်စင် အတွက် အတက်ကြွဆုံး နေ့လည်း ဟုတ်တယ်!
ဒီမိန်းမ ဘယ်တုန်းက ဒီလောက် အစွမ်းထက်သွားတာလဲ။