← Chapters

ဒေါသထွက်သွားသော ရာဖယ်ရယ်

Vol. 72 Ch. 1145

ဒေါသထွက်သွားသော ရာဖယ်ရယ်

Vol. 72 Ch. 1145

ရာဖယ်ရယ်နှင့် ဂေဘရီယယ် နှစ်ဦးလုံး ဖိုက်သွန် ပြခဲ့သော ကြောက်မက်ဖွယ်ရာ စွမ်းအားကို မြင်တွေ့ခဲ့ကြလေသည်။ မိုက်ကယ် တမင် အလျှော့ပေးခဲ့ခြင်း မဟုတ်ပေ။ အကယ်၍ သူတို့နှစ်ဦးထဲမှ တစ်ဦးဦး တိုက်ခိုက်ရခဲ့ပါက သူတို့က မိုက်ကယ်လို အသာစီးမရနိုင်ပေ။ ၁၀မိနစ် အတွင်း ဖိုက်သွန်ကို အနိုင်ယူရန်ကိုမူ ပြောစရာပင် မလိုပေ။

ဖိုက်သွန်က တည်ငြိမ်စွာ ပွဲကြည့်စင်သို့ ပြန်သွားသည်ကို မြင်ရာ ဂေဘရီယယ် နှာခေါင်းရှုံ့လိုက်၏။ အစွမ်းထက်ပုဂ္ဂိုလ် နှစ်ဦး၏ ရင်ဆိုင်တိုက်ခိုက်မှု ပျောက်ကွယ် သွားပြီးနောက် အက်ကွဲနေသော မြေက အစီအရင်၏ စွမ်းအားအောက် ပြန်လည် ကောင်းမွန်သွားခဲ့သည်။

“၁၀မိနစ်လောက် ကြာမယ်လို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ ကံဆိုးချင်တော့ အချိန်မကုန်ပဲ ဒုတိယပွဲ ရောက်လာပြီ။” ချန်လွေ့ သက်ပြင်းချလိုက်ပြီး ပုလင်းထဲမှ ဝိုင်လက်ကျန်ကို သောက်လိုက်သည်။

“မင်း ဘာမှ ကံကောင်းမှာ မဟုတ်ဘူး။” ရာဖယ်ရယ်က သူ၏ခြေထောက်များကို တော့လိုက်ရာ ပြိုင်ကွင်းထဲ ရောက်ရှိနေပြီ ဖြစ်သည်။

ချန်လွေ့က ဖြည်းဖြည်းချင်း ဆင်းသက် လာခဲ့သည်။ “သက်ညှာပေးပါ။ ဆာ- ရာဖယ်ရယ် ခင်ဗျား ကျုပ်ကို မတော်တဆ သတ်မိခဲ့ရင် နှင်းဒဲလက်ပန်းပင်တွေ ပျောက်သွားလိမ့်မယ်။”

“စိတ်မပူပါနဲ့။ ငါ မင်းကို ၁၀မိနစ် နေခွင့်ပေးမယ်။” ရာဖယ်ရယ်၏ အသံက ဖုံးကွယ်မထားသော မုန်းတီးမှုများဖြင့် ပြည့်နှက်နေ၏။ ဒီကြွက်စုတ်က ငါ့ကို တစ်ခါမက လှည့်စားခဲ့တယ်။ ပြီးတော့ ငါ့ကို ကောင်းကင်တမန် သုံးပါးကြားမှာ ရယ်စရာတစ်ခု ဖြစ်အောင် လုပ်ခဲ့တယ်။ အမှောင် အကျဉ်းထောင် သဲကန္တာရမှာ ငါ့ရဲ့ ဆက်သွယ်ရေး စိတ်ပုံရိပ်ကိုလည်း ဒီမုန်းစရာကြွက်က ဂေဘရီယယ်ရှေ့မှာ ဖျက်ဆီးခဲ့တယ်!

ဒီတစ်ခါတော့ ငါ သူ့ကို ကောင်းကောင်း ‘ဧည့်ခံ’ပေးရမယ်!

နှင်းဒဲလက် ပန်းပင်တွေ အတွက် စိုးရိမ်ရတာ ရှိပေမယ့် သူ့ကို မသတ်ရင် အဆင်ပြေပါတယ်။ ‘လက်တွေ၊ ခြေတွေ ကျိုးပြီးတော့ ဝိညာဉ်ကို အပြင်းအထန် ပျက်စီးစေတာ...တွေလိုမျိုး ဘာပဲဖြစ်ဖြစ် စာချုပ်အရဆိုရင် သူ့ကို အနိုင်ရတာနဲ့ နှင်းဒဲလက်ပန်းပင်တွေ လွှဲပြောင်းရမှာပဲ။

နှင်းဒဲလက် ပန်းပင်တွေ လက်ထဲကို ရောက်တာနဲ့ သူ နေရာလွတ် စွမ်းအားနဲ့ ထွက်မပြေးနိုင်ခင်မှာ ဒီကြွက်စုတ်ကို လုံးဝ ဖျက်ဆီးပစ်ဖို့အတွက် သေစေနိုင်တဲ့ တိုက်ကွက်ကို ချက်ချင်း သုံးပစ်မယ်!

အဲဒီ အံ့ဩစရာ စွမ်းအားနဲ့တောင်မှ ဖိုက်သွန်က ကောင်းကင်တမန် သုံးပါးကို တစ်ချိန်တည်းမှာ ရင်ဆိုင်ရင်းနဲ့ ကြွက်ကို အသက်ရှင်လျက် ထားနိုင်မှာ မဟုတ်ဘူး!

ချန်လွေ့က စကားများ ပြောနေရင်း တဖြည်းဖြည်း လမ်းလျှောက်လာသည်။

“ဆာ-ရာဖယ်ရယ်။ သတိထားပါ။ ကျုပ် ခဏနေ တိုက်ခိုက်တော့မှာ။”

“ဒါနဲ့ ကျုပ် ပစ္စည်းတွေ သုံးလို့ရလား။ မသိဘူး။။”

“ကံဆိုးချင်တော့ ဆာ အရင်တစ်ခေါက် ချီးမြှင့်ခဲ့တဲ့ ‘မီးနဲ့လေချိပ်ပိတ်’က ချို့ယွင်းနေတဲ့ ပစ္စည်းတစ်ခု ဖြစ်နေတယ်။ ဆာ ဖျက်ဆီးလိုက်တော့ အဲဒါက လုံးဝ ပျက်စီးသွားခဲ့တယ်။”

“ကျုပ်သာ ကြိုသိခဲ့ရင် အကျိုးကျေးဇူး တချို့ ရဖို့ ဆာ့ရဲ့ နောက်ကို လိုက်ခဲ့မှာ... အဲဒါဆို ကောင်းမှာပဲ။”

၎င်းမှာ အဆက်မပြတ် ပါးရိုက်ခြင်းပင် ဖြစ်သည်။ ရာဖယ်ရယ်က လက်သီးကို ဆုပ်လိုက်သည်။ ဒီအားနည်းတဲ့ ကြွက်က စကားလုံးတွေကိုပဲ သုံးနိုင်တယ်။ ဒါကို နောက်ဆုံးစကားလို့ပဲ မှတ်လိုက်မယ်။

ချန်လွေ့ နောက်ဆုံး ကျောက်လှေကား အနည်းငယ်ကို ဆင်းတော့မည့် အချိန်တွင် ခရမ်းရောင် ကြယ်အလင်းတစ်ခု သူ၏ ကိုယ်ပေါ် လင်းလက်သွားပြီး ချပ်ကာ တစ်ခု ပေါ်လာခဲ့သည်။

မျိုးနွယ်စု - ကောင်းကင်တမန်

စွမ်းအားအကဲဖြတ်မှု - SSSS+

ခန္ဓာအမျိုးအစား - SSSS+

ခွန်အား - SSSS+

စိတ်ဝိညာဉ် - SSSS+

အမြန်နှုန်း - SSSS+

[စိစစ်ချက်] - အလင်းဂုဏ်သတ္တိ၊ လေဂုဏ်သတ္တိ၊ ထိန်းချုပ်၊ ဖယ်ရှား၊ [အလင်းပြန်လည်ကောင်းမွန်ခြင်းခန္ဓာ]၊ ဝိညာဉ်စွမ်းအား။

အန္တရာယ်အဆင့် - မြင့်မား။

လူများမှာ အသက်ရှိပြီး အချက်အလက် များမှာ သက်မဲ့ဖြစ်၏။ [သရုပ်ခွဲမျက်လုံး] ၏ ‘အန္တရာယ်အဆင့်’ ဆုံးဖြတ်ချက်မှာ လုံးဝ တိကျမည် မဟုတ်သော်လည်း စွမ်းအားအရဆိုလျှင် သူက အမှန်တကယ် တူညီသောအဆင့်သို့ ရောက်ရှိနေလေပြီ။

မကြာသေးခင်က သူသည် ဖိုက်သွန်နှင့် တစ်ကြိမ်မက လေ့ကျင့်ခဲ့သော်လည်း ၎င်းမှာ လေ့ကျင့်မှုသာ ဖြစ်သည်။ သူတို့ နှစ်ဦးစလုံး စွမ်းအားကို ချန်ထားခဲ့ကြ၏။ ယခုတိုက်ပွဲမှာ တကယ့် ဓားသွေးကျောက် ဖြစ်သည်။

လွန်ခဲ့တဲ့ ၂နှစ် ‘နှလုံးသားလမ်းစဉ်’ က လေ့ကျင့်မှု ရလဒ်တွေကို စမ်းသပ်ဖို့ အချိန်ကောင်း တစ်ခုပဲ။

ရာဖယ်ရယ်က ချန်လွေ့၏ [ဓူဝံကြယ်ခရမ်းအသွင်ပြောင်းခြင်း] ကို မြင်တွေ့ခဲ့ဖူးရာ အံ့ဩခြင်းမရှိ။ ထိုအစား သူက ကြောက်မက်ဖွယ် အပြုံး တစ်ခုကို ပြသခဲ့သည်။ ကျောက်လှေကားများမှ ပြိုင်ဘက် ထွက်လာသော အချိန်၌ ပြင်းထန်သော တိုက်ကွက် တစ်ခုကို ထုတ်လွှတ်ရန် အသင့် ဖြစ်နေလေပြီ။

ဒီကြွက်မှာ ထူးဆန်းတဲ့ လှည့်ကွက်တွေ ရှိပေမယ့် ထွက်ပြေးတဲ့ နေရာလွတ်တံခါး ကလွဲရင် လုံးဝ ပြောပလောက်စရာမျိုး မရှိဘူး! သူက အချိန်ဆွဲဖို့ ကြိုးစားနေရုံပဲ။ ဒါပေမဲ့ ကံဆိုးချင်တော့ အကြွင်းမဲ့ စွမ်းအားကို ရင်ဆိုင်တဲ့အခါ လှည့်ကွက် အားလုံးက ဖျော့တော့ပြီး အားမတန်ဘူး။

တစ်မိနစ်တောင် ခံနိုင်မှာ မဟုတ်ဘူး!

ခရမ်းရောင် ကြယ်အလင်း ချပ်ကာ ထွက်ပေါ်လာပြီးနောက် တခဏမှာပင် ကျောက်လှေကားများ မနင်းရသေးသော ချန်လွေ့က ရုတ်တရက် ပျောက်သွား၏။

ဒီလောက် မြန်တာလား! မိုက်ကယ်နှင့် ဂေဘရီယယ်တို့ တစ်ချိန်တည်းမှာတွင် မျက်မှောင်ကြုတ်လိုက်ကြသည်။

ရာဖယ်ရယ်တွင် ကြိုတင်၍ တွက်ဆချက်များ ရှိနေသောကြောင့် သူ၏ တုံ့ပြန်မှုမှာ တစ်ဝက် နှေးသွားခဲ့သည်။ အန္တရာယ်ကို အာရုံခံမိသည်နှင့် သူက ကမ္ဘာကြီး ချာချာလည် သွားသလိုမျိုး ခံစားလိုက်ရသည်။

သူ၏အမြင်အာရုံက အမှန်တကယ်တွင် ဒီဂရီ ဒါဇင်ပေါင်းများစွာ လည်သွားပြီး ပတ်ဝန်းကျင်မှ ရှုခင်းများ လျင်မြန်စွာ ပျောက်သွားခဲ့သည်။ ထို့နောက် သူ၏ နှာခေါင်းမှ စူးရှသော နာကျင်မှုတစ်ခုက သူ့ကို နိုးစေခဲ့သည်။ အကန်ခံလိုက်ရခြင်း ဖြစ်လေသည်!

မဖြစ်နိုင်ဘူး!

ရာဖယ်ရယ်က မယုံကြည်နိုင်ခဲ့ပေ။ သူက ခန္ဓာကိုယ်ကို တည်ငြိမ်အောင် မလုပ်နိုင်ခင်မှာပင် ဧရာမစွမ်းအားကြောင့် လေထဲသို့ မြှောက်တင်ခြင်း ခံလိုက်ရ၏။ ထိုစွမ်းအားက အလွန်ပင် ကြီးမားလှပြီး ဟိန်းဟောက်နေသော မုန်တိုင်းတစ်ခုလို ဖြစ်နေသည်။ သူက ဟန်ချက်ကို လုံးဝ မထိန်းသိမ်းနိုင်ခဲ့ပေ။

ခရမ်းရောင် ပုံရိပ်တစ်ခုက ကြယ်တံခွန် ကဲ့သို့ လျင်မြန်ပြီး လေထဲမှ ရာဖယ်ရယ် အနောက်သို့ လိုက်မီသွားခဲ့သည်။ အရှိန် မြင့်မားသော လက်သီးများက ရေတွက်၍ မနိုင်သော နိမိတ်ပုံရိပ်များ အဖြစ်သို့ ပြောင်းလဲသွားသည်။ အရှိန်မြင့်မားသော ရိုက်နှက်သံများ ထွက်ပေါ်လာခဲ့၏။

ကစားပွဲကို ကြည့်နေခဲ့သော မိုက်ကယ်လည်း မယုံနိုင်ခဲ့ပေ။ ဒါက လှည့်ကွက် မဟုတ်ဘူး။ တကယ့် စွမ်းအားပဲ! နတ်ဘုရား-ယောင် အဆင့် အထွတ်အထိပ် တကယ့်စွမ်းအား!

တကယ်လို့ ဖိုက်သွန်က ဆာရီယယ်ကို အနိုင်ပြီး သူ့ရဲ့ စွမ်းအားကို ဝါမျိုခဲ့လို့ လက်ရှိ စွမ်းအားကို ပိုင်ဆိုင်တာဆိုရင် ဒီကောင်ကရော ဘာဖြစ်ခဲ့တာလဲ။ သူ ဖိုက်သွန်နဲ့အတူ ငါ့ အရှေ့မှာ ပထမဆုံး ပေါ်လာတုန်းက နတ်ဘုရားတစ်ပိုင်း အဆင့် ပုရွက်ဆိတ်တစ်ကောင်ပဲ ဆိုတာ မှတ်မိတယ်! ဒီလောက် တိုတောင်းတဲ့ အချိန်အတွင်းမှာ သူ နတ်ဘုရားတစ်ပိုင်း အဆင့်ကနေ နတ်ဘုရား-ယော င်အဆင့် အထွတ်အထိပ်ကို ရောက်သွားခဲ့တယ်။ ဒါကို သာမန်အသိနဲ့ ရှင်းပြလို့ မရဘူး။

နှိုင်းယှဉ်ကြည့်လျှင် ဂေဘရီယယ်က အတော်လေးကို ပိုမို၍ တည်ငြိမ်သည်။ သူ၏ အမြင်အာရုံက အရှိန်မြင့် ရွေ့လျားနေသော ပုံရိပ်နှင့်အတူ လိုက်ပါ လှည့်ပတ်နေပြီး အားလုံးကို ထိုးထွင်း မြင်နိုင်ရန် ကြိုးစားနေသည့် အလားပင်။

ပြင်းထန်သော တိုက်ခိုက်မှုတစ်ပွဲ အပြီး ချန်လွေ့၏ ပုံရိပ်က ရာဖယ်ရယ်၏ အထက်တွင် ပေါ်လာခဲ့သည်။ သူက လက်သီးများကို ဆုပ်ကိုင်ကာ ရာဖယ်ရယ်၏ ခေါင်းကို ပြင်းထန်စွာ ထိုးနှက်ချလိုက်သည်။ ရာဖယ်ရယ်၏ ခန္ဓာကိုယ်က ကြယ်တံခွန် ကဲ့သို့ပင် ပြုတ်ကျသွားပြီး မြေပြင်ကို ပြင်းထန်စွာ ထိမှန်သွားခဲ့သည်။ ခိုင်မာသော အစီအရင် မြေပြင်ပေါ်တွင် အက်ကွဲကြောင်းများက ပေါ်လာခဲ့သည်။

ချန်လွေ့ လက်ခနဲ ဖြစ်သွားပြီး ရာဖယ်ရယ်၏ မျက်နှာချင်းဆိုင်တွင် ဆင်းသက်လိုက်သည်။

ရာဖယ်ရယ် တဖြည်းဖြည်း ထလာ၏။ သူ၏ နှာတံက ကောက်ကွေးနေပြီး ခန္ဓာကိုယ်၏ အစိတ်အပိုင်း များစွာတွင် မူမမှန်သော လိမ်ကောက်မှုများ ရှိနေ၏။ တစ်ခုတည်းသော ခြွင်းချက်မှာ သွေး မထွက်နေခြင်းပင်။ ထို့နောက်တွင် ထိုသို့ လိမ်ကောက်နေသော အစိတ်အပိုင်းများ မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် အလျင်အမြန် ပြန်ကောင်းမွန်လာခဲ့သည်။ ယခင်နှင့် ကွာခြားချက် တစ်ခုမှာ ဒေါသူပုန်ထနေသော အကြည့်ပင်။

ဒဏ်ရာမှ အပြည့်အဝ ပြန်လည် ကောင်းမွန်နိုင်သော [အလင်းပြန်လည် ကောင်းမွန်ခြင်းခန္ဓာ] ရှိနေသော်လည်း နာကျင်မှုမှာ အမှန်တကယ် ဖြစ်သည်။ ရိုက်နှက်ခံရခြင်း၏ နာကျင်မှုနှင့် ယှဉ်လျှင် မိုက်ကယ်နှင့် ဂေဘရီယယ်တို့ အရှေ့တွင် အမြဲ အထင်သေးခဲ့သော ‘ကြွက်’ကြောင့် ဖြစ်သည်မှာ သူ့ကို အရှက်ရဆုံးနှင့် ဒေါသအထွက်ဆုံး အရာ ဖြစ်သည်။

“ကျုပ် ခင်ဗျားကို သတိထားဖို့ သတိပေးခဲ့ပါတယ်။ ဆာ-ရာဖယ်ရယ်။” ချန်လွေ့ ခေါင်းခါလိုက်၏။ သူ့မျက်နှာက [ဓူဝံကြယ်ခရမ်းအသွင်ပြောင်းခြင်း] မျက်နှာဖုံးဖြင့် ဖုံးအုပ်၍ မထားခဲ့ပေ။ ၎င်းမှာ ရာဖယ်ရယ်ကို တမင်တကာ ရန်စခြင်းဖြစ်သည်မှာ အသေအချာပင်။ ကျုပ် ခင်ဗျား နှာခေါင်းကို ကောက်အောင် ထိုးခဲ့တယ်။ ကျုပ်ကို ပြန်ထိုးနိုင်လား။

“ကြွက်စုတ်!” ရာဖယ်ရယ်က ပို၍ပို၍ ဒေါသထွက်ပြီး ဟိန်းဟောက်လိုက်သည်။ ခြေထောက်များကို တော့လိုက်သည်နှင့် သူက ချက်ချင်းဆိုသလို ချန်လွေ့ ရှေ့တွင် လက်ခနဲ ရောက်လာပြီး မုန်တိုင်းကဲ့သို့ တိုက်ခိုက်မှုတစ်ခုက ချန်လွေ့ကို လွှမ်းခြုံ သွားခဲ့လေသည်။

“မိုက်မဲတဲ့ကောင်။” ဂေဘရီယယ်က ခေါင်းခါလိုက်သည်။ “သူက ဒီလိုမျိုး လှည့်ကွက်ထဲ တကယ်ကျသွားတယ်။”

မိုက်ကယ်လည်း ရာဖယ်ရယ်က ထိုအချိန် ဒေါသကြောင့် တည်ငြိမ်မှုကို ဆုံးရှုံးသွားသည်ကို မြင်တွေ့နိုင်သည်။ သူ၏ တိုက်ခိုက်မှုလမ်းကြောင်းကိုလည်း ပြိုင်ဘက်က ထိုးထွင်းမြင်နေပြီ ဖြစ်သည်။ သူက အသာစီးရနေပုံ ထင်ရသော်လည်း အမှန်တကယ်တွင် သူ၏ ခြေလှမ်းများကို တစ်ဆင့်ပြီးတစ်ဆင့် ဆုံးရှုံးနေလေပြီ။

ချန်လွေ့က ရာဖယ်ရယ်၏ တိုက်ခိုက်မှု လမ်းကြောင်းကို ထိုးထွင်းမြင်ပြီးနောက် အသေအချာပင် အခွင့်အရေး တစ်ခုကို မြင်သွားပြီး ရာဖယ်ရယ်ကို ပြင်းထန်သော ဒူးတိုက်ချက်ဖြင့် ထိမှန်သွားခဲ့လေသည်။ ရာဖယ်ရယ်က ခြေလှမ်း အနည်းငယ် ယိမ်းသွားပြီးနောက် ချန်လွေ့က ၎င်းကို လက်သီးတွဲလုံးများဖြင့် ဆက်လိုက်သည်။ နောက်ဆုံးတွင် သူက ရာဖယ်ရယ်ကို ပခုံးပေါ်မှ အဝေးသို့ ပစ်ချလိုက်၏။

ရာဖယ်ရယ် မြေပြင်ပေါ် လဲကျသွားရာ ဒေါသတကြီး မထခုန်ဘဲ သတိလစ် နေသကဲ့သို့ မလှုပ်မယှက် ကျောခင်းလျက် လဲလျောင်းနေခဲ့သည်။

ချန်လွေ့ မျက်မှောင်ကြုတ်လိုက်ပြီး သူ ရုတ်တရက် အန္တရာယ် အငွေ့အသက် တစ်မျိုးမျိုးကို အာရုံခံမိလိုက်သဖြင့် သူ ပိုမို၍ တိုက်ခိုက်ရန် အတွေးများကို ဖယ်ရှားလိုက်သည်။

ထိုအခိုက်အတန့်တွင် ရာဖယ်ရယ်ထံမှ ရယ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

မှန်ပေသည်။ ရယ်သံပင်။

လဲကျသွားခဲ့သော ရာဖယ်ရယ်က အမှန်တကယ်ပင် ရယ်မောနေ၏။

“ဒီလောက် ဒေါသမထွက်ခဲ့ရတာ အတော်လေး ကြာခဲ့ပြီပဲ။ ငါ ခုနက တကယ်ပဲ ထိန်းချုပ်မှု လွတ်သွားတယ်။”

“မင်းရဲ့ ဗျူဟာက အတော်လေးကို အောင်မြင်တယ်လို့ ပြောရမယ်။ အနည်းဆုံးတော့ အခုအထိပေါ့။”

“ငါ မင်းကို အမြဲတမ်း လျှော့တွက် ခဲ့တာပဲ။ မင်းရဲ့ စွမ်းအားက ဒီအဆင့်ကို ဘာလို့ခုန် တက်သွားလဲ မသိပေမယ့် ဒီလိုမျိုး ဖြစ်တာက ပိုကောင်းတယ်။ အနည်းဆုံးတော့ ဒါက ငါ့ကို တကယ့် တိုက်ပွဲတစ်ခုအတွက် တိုက်ခိုက်ချင်စိတ် ဖြစ်စေလိမ့်မယ်။ ပြီးတော့ မင်းကို မတော်တဆ မသတ်မိအောင် စွမ်းအားကို အစွမ်းကုန် ဖိနှိပ်စရာ မလိုတော့ဘူး။”

ရာဖယ်ရယ်၏ ခန္ဓာက တဖြည်းဖြည်း လွင့်မျောတက်လာ၏။ သူ၏ ဒဏ်ရာများ ပျောက်ကွယ် သွားပြီသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ မျက်လုံးများထဲမှ ဒေါသကိုပင် မမြင်နိုင်တော့ဘဲ အေးစက်သောအကြည့် အစားထိုးသွား၏။

၎င်းမှာ အခြားသော ဒေါသတစ်မျိုး၊ စစ်မှန်သော ကြောက်မက်ဖွယ်ရာ ဒေါသ ဖြစ်နိုင်ပေသည်။

ချန်လွေ့က အနည်းငယ် မျက်မှောင် ကြုတ်လိုက်သည်။ ရာဖယ်ရယ်က ထိုမျှ လျင်မြန်စွာ တည်ငြိမ်မှု ပြန်ရလာမည်ဟု မထင်ထားခဲ့ပေ။

အဖြူရောင် အတောင်ပံ ၆စုံက ရာဖယ်ရယ်၏ နောက်မှ ဆန့်ထွက်လာပြီး ခန္ဓာကိုယ်က လှပသော ပုံစံကွက်များ ပါဝင်သည့် ငွေရောင်ချပ်ကာ တစ်စုံဖြင့် ချက်ချင်း ဖုံးလွှမ်းသွားသည်။ ၎င်းသည်က မြင့်မြတ်ပြီး ခန့်ညားနေသည်၏။

“နောက်ဆုံးတော့ သူ စိတ်ရှင်းသွားပြီ။” မိုက်ကယ် တဖြည်းဖြည်း ခေါင်းညိတ်လိုက်သည်။ “ပြီးတော့ ရာဖယ်ရယ် အလေးအနက် ထားနေပုံပဲ။ ဒီတိုက်ပွဲက ထင်ထားတာထက် ပိုပြီးတော့ စိတ်ဝင်စားစရာ ကောင်းလာပြီ...”

ဂေဘရီယယ်၏ မျက်လုံးများက ချန်လွေ့ထံမှ လုံးဝ မခွာခဲ့ပေ။ လွန်ခဲ့သော ၃နှစ်က သူ၏ ခုတ်ချက်ကို ခံယူရန် လက်နက်စွမ်းအားသာ အားကိုးနိုင်ခဲ့သော ထိုအမျိုးသားက ရာဖယ်ရယ်ပင်လျှင် လျှော့တွက်၍ မရနိုင်သော အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

“လှည့်ကွက်တွေ စမ်းချင်သေးလား။” ရာဖယ်ရယ်က ချန်လွေ့ကို အေးစက်စွာ ကြည့်လိုက်ပြီး ကိုယ်တလျှောက်တွင် ဖြူစင်သော အလင်းများ ထွက်နေသည်။ “အကြွင်းမဲ့စွမ်းအားရဲ့ အရှေ့မှာ...”

“စစ်သားများက ဘယ်တော့မှ လှည့်စားတာကို မငြီးငွေ့ဘူး။” ချန်လွေ့ အနည်းငယ် ပြုံးလိုက်သည်။ “ဒါပေမဲ့ ခင်ဗျားက စွမ်းအားလို့ ပြောတယ်ဆိုတော့ စွမ်းအားသက်သက်ပေါ့!”

ထိုသို့ပြောပြီးနောက် ရာဖယ်ရယ်က လက်သီးတစ်ချက်ဖြင့် သူ၏မျက်လုံးရှေ့ ရောက်ရှိနေပြီ ဖြစ်လေသည်။ ထိုကဲ့သို့ ရိုးရှင်းပုံရသော လက်သီးက ကြီးမားသော စွမ်းအားဖြင့် ပြည့်နှက်နေရုံ သာမက အဆုံးမဲ့ နောက်ဆက်တွဲ တိုက်ကွက် များလည်း ပါဝင်နေလေသည်။ ၎င်းက ရှောင်တိမ်းရန် နေရာတိုင်းကို ပိတ်ဆို့ရန် လုံလောက်သည်။

သို့သော်လည်း ထိုသို့ နောက်ဆက်တွဲ တိုက်ကွက်များမှာ အသုံးမဝင်ခဲ့ပေ။ အကြောင်းမှာ ချန်လွေ့က လုံးဝကို မရှောင်တိမ်း နေ၍ပင်။ သူက လက်သီးကို ရင်ဆိုင်ရန် လက်ငါးချောင်း ဖြန့်လိုက်၏။

“ဘုန်း!”

ချန်လွေ့က ခြေတစ်လှမ်းခွဲ နောက်သို့ ဆုတ်ခွာသွားရသော်လည်း လက်သီးကို ခိုင်မာစွာ ခံယူလိုက်သည်နှင့် ခန္ဓာကိုယ်ကို ချက်ချင်း တည်ငြိမ်ရန် ထိန်းလိုက်သည်။

ထိုလက်သီးက အရှိန်အဝါ၏ စွမ်းအား ပါဝင်သော တိုက်ခိုက်မှု တစ်ခု ဖြစ်ပြီး အထွတ်အထိပ် အဆင့်၏ စစ်မှန်သော တိုက်ကွက်တစ်ခု ဖြစ်ကာ သူ ယခင်က တည်ငြိမ်မှု မရှိစဉ် အခြေအနေနှင့် လုံးဝ ကွဲပြားသည်။ သို့တိုင်အောင် ၎င်းကို အတင်းအကျပ် ခုခံခြင်း ခံလိုက်ရသည်။ ရာဖယ်ရယ် မျက်မှောင်ကြုတ်သည်နှင့် ပြိုင်ဘက်၏ လက်သီးတွင် ခရမ်းရောင် ကြယ်အလင်း လင်းလက်နေသည်ကို တွေ့လိုက်ရပြီး တူညီသော အင်အားနှင့် နည်းလမ်းဖြင့် သူ့ကို ထိုးနှက်လိုက်၏။

ရာဖယ်ရယ်က တွန့်ဆုတ်ခြင်း မရှိဘဲ လက်ကို ဆန့်တန်းလိုက်သည်။ သူတို့၏ လက်များ ထိတွေ့သည့် အခိုက်တွင် ခန့်ညားပြီး ကျယ်ပြန့်သော အင်အားတစ်ခု တန်းတန်းမတ်မတ် တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။ ၎င်းမှာ လုံးဝနီးပါး မခံနိုင်လောက်အောင်ပင် ဖြစ်၏။ သူ၏ ညာခြေထောက်က မြေဆွဲအားဗဟိုကို တည်ငြိမ်စေရန် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ရသည်။

နှစ်ဦးလုံးက တူညီသော အနေအထား၌ အကြိတ်အနယ် ဖြစ်နေပြီး ခရမ်းရောင် ကြယ်အလင်းနှင့် အဖြူရောင် အလင်းတို့ တစ်ချိန်တည်းတွင် တောက်လောင်နေ၏။ အထူး စွမ်းရည်များ မရှိဘဲ သန့်စင်သော စွမ်းအားများ တိုက်မိခြင်းသာ ဖြစ်သည်။ သူတို့က အံ့ဩဖွယ်ရာ ကောင်းအောင် တိုးမရဆုတ်မရ အခြေအနေ ဖြစ်နေ၏။

မြေပြင်ပေါ်တွင် အက်ကွဲကြောင်းများ စတင် ပေါ်လာသည်။ ကြီးမားသော အားစက်ကွင်းထဲ ကျောက်စရစ်ခဲများက မြေဆွဲအားမှ တဖြည်းဖြည်း တက်လာပုံ ရသည်။ ဂေဘရီယယ်၏ မျက်လုံး သူငယ်အိမ်များ လင်းလက်သွားပြီးနောက် အက်ကွဲကြောင်းများ ပြန်လည်၍ စတင် ကောင်းမွန်လာသော်လည်း ထို့နောက် တူညီသော မြင်ကွင်းက ထပ်ခါတလဲလဲ ထပ်မံဖြစ်ပွားခဲ့ပြန်သည်။

တုန်လှုပ်သော အကြည့် တစ်ခုက ရာဖယ်ရယ်၏ မျက်လုံးထဲ လင်းလက် သွားလေသည်။ ဒီအဆင့်စွမ်းအားနဲ့တောင် ငါဒီ ကြွက်ကို အပြီးမသတ်နိုင်သေးဘူး!

သူ့ဆီက ဖိအားတောင် ပိုပြီးတော့ တိုးလာနေတယ်။

ဒါက ‘ကြွက်’ မဟုတ်တော့ဘူး! ဒါက အလေးအနက် ထားရမယ့် သားရဲ တစ်ကောင်ပဲ!

All Chapters