မပြီးဆုံးသေး
Vol. 72 Ch. 1148
ရေတံဆိပ် (သို့မဟုတ်) ထင်ယောင်မှား နတ်ဆိုးဒိုင်းပင်။
အတိအကျ ပြောရလျှင် တစ်ခုချင်းစီ ဖြစ်နေသော အဆောင်ပစ္စည်း ၇ခုကို အဆောင်ပစ္စည်း-ယောင်များ အဖြစ်သာ မှတ်ယူနိုင်သော်လည်း အချို့သော ကဏ္ဍ၌ အဆောင်ပစ္စည်းများသည်လျှင် ၎င်းတို့ကို မယှဉ်နိုင်ပေ။
အသိအမှတ်ပြုထားသော ‘အဆောင်ပစ္စည်း၇ခု’ ၅ခုနှင့် ယှဉ်လျှင် (အရိပ်နက်ဝတ်ရုံမှာ ယခုအချိန်အထိ မအောင်မြင်သေးပေ) ထင်ယောင်မှား နတ်ဆိုးဒိုင်းတွင် လုပ်ဆောင်ချက် တစ်ခုတည်းသာ ရှိပြီး ၎င်းမှာ ခုခံခြင်းပင်။ အမျက်ဘုရင်ချပ်ကာ အကာအကွယ်နှင့် မတူဘဲ ၎င်းက စစ်မှန်သော အဓိပ္ပာယ်ဖြင့် အစွမ်းအကထ်ဆုံး ဒိုင်းကာ ဖြစ်သည်။ ၎င်းက ဝိညာဉ်တိုက်ခိုက်မှု အပါအဝင် တိုက်ခိုက်မှုပုံစံ အားလုံးကို ခုခံပြီး အားနည်းစေနိုင်သည်။
ထို့အပြင် ၎င်းတွင် ပြိုင်ဘက်၏ တိုက်ခိုက်မှု တန်ပြန်စေပြီး ပြိုင်ဘက်၏ တိုက်ခိုက်ရေး စွမ်းအားကို မိမိ၏ သက်လုံ အဖြစ်သို့ ပြောင်းလဲရန် အခွင့်အရေး ရှိသည်။ ထိုသို့ တန်ပြန်ခြင်း သို့မဟုတ် ပြောင်းလဲခြင်းက ပိုမိုအားကောင်းသော တိုက်ခိုက်မှုများ ရင်ဆိုင်ရာ ဖြစ်နိုင်ခြေ နည်းသော်လည်း ခုခံနိုင်စွမ်းမှာ ပိုမို၍ အားကောင်းသည်။
ချန်လွေ့ [သိဒ္ဓိစိတ်ဝိညာဉ်ဓမ္မတေး]ကို ကာကွယ်နိုင်ခဲ့သည်မှာ ထင်ယောင်မှား နတ်ဆိုးဒိုင်း ကျေးဇူးတစ်ခုတည်းကြောင့် မဟုတ်ဘဲ ကိုယ်ပိုင်ဝိညာဉ်၏ ခွန်အားမှာ အရေးအကြီးဆုံး ဖြစ်သည်။ ဟယ်လင်မှ မာယာရှင် နှလုံးသားကို ရရှိပြီးနောက် သူ၏ ဝိညာဉ်က ယခင်ကထက် နှစ်ဆ ပိုမိုအားကောင်းလာခဲ့သည်။
မာယာရှင်နှလုံးသား၏ ထူးခြားသော အကျိုးသက်ရောက်မှုမှာ ဝိညာဉ်တိုးမြှင့်မှု ဖြစ်သည်။ အခြေခံ ခိုင်မာလေလေ။ မာယာရှင် နှလုံးသားနှင့် ပေါင်းစပ်မှု အတိုင်းအတာ ပိုမို၍ မြင့်မားလေလေ ဖြစ်ပြီး သက်ရောက်မှု သိသာလေလေ ဖြစ်သည်။ ထိုကိစ္စတွင် ချန်လွေ့က မာယာရှင်မင်းသမီးလေးကို အမှန်တကယ် ကျေးဇူးတင်ရပေမည်။ သို့မဟုတ်ပါက သူ ကြက်သွေးရောင် သွားနှစ်ခွ ပင်လယ်ပြင်၌ ပျက်စီးသွားလောက်ပြီ ဖြစ်သည်။
ထို့အပြင် ချန်လွေ့တွင် အမျက်ဘုရင် ချပ်ကာနှင့် ဝိညာဉ်ထိန်းချုပ်မှုကို သီးခြား ခွဲထုတ်နိုင်သော နတ်ဘုရား ဝါးမျို မျက်နှာဖုံးလည်း ရှိနေသေးသည်။ ပစ္စည်းများအရ သူက အမှန်တကယ် အားသာချက် များစွာ ရှိ၏။ ရာဖယ်ရယ်က အရှိန်အဝါလောင်ကျွမ်း၍ အစွမ်းထက်ဆုံး တိုက်ကွက် အသည်းအသန် ထုတ်လွှတ် ခဲ့သော်လည်း ချန်လွေ့က ၎င်းကို ထိခိုက်မှုမရှိဘဲ ခံယူခဲ့လေသည်။
ချန်လွေ့၏လက်ထဲ ပျောက်သွားသော ဒိုင်းကာကို ကြည့်ရင်း ရာဖယ်ရယ်က မိုက်ကယ်သည် ဖိုက်သွန်နှင့်အတူ လေတံဆိပ်ကို ခိုးယူခဲ့သော နတ်ဆိုးက မြေတံဆိပ်ကို အသက်သွင်းနိုင်ကြောင်း မသဲမကွဲ ပြောခဲ့သည်ကို ရုတ်တရက် သတိရသွားသည်။ ငါ ခုနက မျက်မြင် ကိုယ်တွေ့ ကြုံခဲ့ရတယ်။ အဲဒီမတိုင်ခင် သူ အလင်းတံဆိပ်ကိုလည်း သုံးခဲ့တယ်။ အခု ရေတံဆိပ်ပဲ။
ဒါက...
“ခင်ဗျား အရင်က ကြားဖူးလား မသိဘူး။ အပြန်အလှန်ဆိုတာ မရှိလျှင် ရိုင်းရာကျတယ်တဲ့။”
ထိုအသံက ရာဖယ်ရယ်၏ သံသယကို ချက်ချင်းပင် အပြင်းအထန် သတိထား စေသွားသည်။ ချန်လွေ့က စတင်၍ လှုပ်ရှားလာ၏။
သူက ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ခန္ဓာကိုယ်ပေါ်မှ ကြယ်အလင်းရောင်မှာ ပို၍ တောက်ပလာ၏။ တစ်ချိန်တည်းပင် သူ ဖြတ်သန်းသွားသော နေရာတိုင်းက တောက်ပသော ကြယ်များ အဖြစ်သို့ ပြောင်းလဲသွားလေသည်။
သူ ရာဖယ်ရယ်ထံ မလျှောက်လှမ်းခင် နောက်တွင် ကြီးမား ကျယ်ပြန့်သော ကြယ်ပင်လယ်တစ်ခု ရှိနေပြီ ဖြစ်သည်။
ထိုကြယ်ပင်လယ်နှင့် ရင်ဆိုင်ရစဉ် ရာဖယ်ရယ်၏ တုန်လှုပ်မှုမှာ လုံးဝကို နှိုင်းယှဉ်၍ မရနိုင်ပေ။ အဆုံးမဲ့ ယုံကြည်မှု စွမ်းအား၊ ဖော်ပြလို့မရတဲ့ အစွမ်းထက် အသက်စွမ်းအား။ ဒါ ဖိုက်သွန် အရင်က အသက်သွင်းခဲ့သော ‘အမှောင်ကြယ်စင်စု’ ထက်ကို အများကြီး သာလွန်နေတယ်။
မှန်ပေသည်။ စွမ်းအားက အင်အားကြီး လှသော်လည်း ၎င်းက နတ်ဘုရား၏ စစ်မှန်သော စွမ်းအားနှင့် ရှင်းလင်းစွာ အလှမ်းဝေး နေသေးသည်။ သို့သော် ရာဖယ်ရယ်တွင် လုံးဝနီးပါး မဖြစ်နိုင်သော ‘စိတ်ထင်မှားမှု’ တစ်ခု ရှိနေသည်။ ဒါက နတ်ဘုရား တိုင်းပြည်ပဲ!
အစွမ်း အထက်ဆုံးသော ဝိညာဉ် အရှိန်အဝါနှင့်ပင်လျှင် ရာဖယ်ရယ်က သူ၏ဝိညာဉ်ထဲရှိ နက်ရှိုင်းသော အာရုံမှ တုန်လှုပ်မှုကို မထိန်းနိုင်ခဲ့ပေ။ ထို‘ကြွက်’ ပြသခဲ့သော မယုံနိုင်စရာ စွမ်းအားက ကောင်းကင်တမန် ဖြစ်သော သူ၏ မာနကို ခြေမွသွားစေပြီ ဖြစ်သည်။
ရာဖယ်ရယ် တစ်ဦးတည်း သာမက မိုက်ကယ်၊ ဂေဘရီယယ်နှင့် ဖိုက်သွန်တို့ သည်လည်း ထိုကြီးမား ကျယ်ပြန့်သော ကြယ်စင်စု၏ ကြောက်စရာကောင်းမှုကို ခံစားမိကြလေသည်။
မိုက်ကယ်သည် ယခင်က ဖိုက်သွန်၏ အမှောင်တေးသံကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့စဉ်က တုန်လှုပ်ခဲ့လျှင် ယခု တစ်ကြိမ်မှာမူ မကြုံစဖူး တုန်လှုပ်မှုပင်!
‘နတ်ဘုရားနှင့်အနီးစပ်ဆုံးသူ’က ငါ မဟုတ်ဘူး။ ဖိုက်သွန်လည်း မဟုတ်ဘဲ ‘သူ’ ဖြစ်နေပါလား!
ဟုတ်တယ်။ ‘သူ’ ပဲ ဖြစ်ရမယ်!
ပျောက်ကွယ်သွားသင့်တဲ့ ဒီပုဂ္ဂိုလ်က ငါ့ရှေ့မှာ နောက်တစ်ခါ ပေါ်လာတော့ တကယ်ပဲ ငါ့ကို အများကြီး ကျော်လွန် သွားပြီ။
နောက်ထပ်တစ်ကြိမ်!
မိုက်ကယ်သည် လက်သီးကို တင်းတင်း ဆုပ်ကိုင်လိုက်ရာ လက်မောင်း တစ်ခုလုံး အနည်းငယ် တုန်ခါစပြုလာသည်။
ဂေဘရီယယ်၏ အငွေ့အသက်သည် လောင်ကျွမ်းနေပုံရသော်လည်း သိဒ္ဓိတေးသံဓားက ဆန့်ကျင်ဘက်ပင် အေးစက်မှုကို ပြသနေ၏။
ဖိုက်သွန်၏ မျက်လုံးများ တောက်ပစွာ လင်းလက်နေသည်။ သူက ချန်လွေ့နှင့် ယခင်က တိုက်ခိုက်ဖူးသော်လည်း ၎င်းမှာ ချန်လွေ့ထံမှ ထိုသို့ တိုက်ကွက်မျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ ဒါ အဲဒီတုန်းက ဒီလော့စ်ရိုကို အနိုင်ယူခဲ့တဲ့ ‘လောကစွမ်းအား’ကို စုစည်းထားတဲ့ အစွမ်းအထက်ဆုံး အဆုံးသတ်တိုက်ကွက် ဖြစ်လောက်တယ်!
ဆာရီယယ်နဲ့ တိုက်ခိုက်ခဲ့တုန်းက ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေမှာ နတ်ဘုရားတစ်ပိုင်း အဆင့်အထက် စွမ်းအားကို သုံးလို့မရလို့ ချန်လွေ့က အဲဒါကို အသက်မသွင်းခဲ့ပေ။ ယခု ငါ နောက်ဆုံးတော့ နတ်ဘုရား-ယောင် အထွတ်အထိပ် အဆင့် စွမ်းအားရှိတဲ့ ‘သူ’က ဒီတိုက်ကွက်ကို အစွမ်းအထက်ဆုံး ပုံစံနဲ့ ထုတ်သုံးတာကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ရပြီ!
တိုက်ကွက်က ချန်လွေ့ကိုယ်တိုင်နှင့် ‘လောကများ’၏ စွမ်းအားတင် မကပေ။ ဖိုက်သွန်ကိုယ်တိုင် အပါအဝင် ‘လောက နတ်ဘုရား’ ၁၈ပါး၏ စွမ်းအားများလည်း ပါဝင်ပေသည်!
ကြယ်ပင်လယ်ထဲတွင် အတောက်ပဆုံး ဧရိယာ ဒါဇင်ပေါင်းများစွာ ဖျော့တော့စွာ ပေါ်လာပြီး အားလုံးမှာ ထူးခြားသော ကြယ်များဖြင့် ဖွဲ့စည်းထားလေသည်။ ၎င်းမှာ အထူးပုံစံကွက်အချို့ ဖြစ်ပုံရ၏။
ရာဖယ်ရယ်က ဖိုက်သွန် မိုက်ကယ်ကို တိုက်ခိုက်ရန် အသုံးပြုခဲ့သော တူညီသော ပုံစံကွက်လည်း ထိုထဲတွင် ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။
ပို၍ပြင်းထန်လာသော အကျပ်အတည်း အာရုံက ရာဖယ်ရယ်အား သူသည် ထိုတိုက်ကွက်ကို မခံနိုင်လောက်ကြောင်း ပြောပြနေသည်။ သူ့တွင် [အလင်းပြန်လည်ကောင်းမွန်ခြင်းခန္ဓာ] ရှိလျှင်ပင် မခံနိုင်ပေ!
ထွက်ပြေးရမယ်!
ရှက်စရာ ဖြစ်ရင်တောင် ငါ့အသက်ကို ကယ်တင်ရမယ်!
သို့သော် ရာဖယ်ရယ်က သူသည် ရှောင်တိမ်းရန် သို့မဟုတ် ရွှေ့ပြောင်းရန် စွမ်းရည် ဆုံးရှုံးသွားသည်ကို ထိတ်လန့်စွာ တွေ့ရှိလိုက်ရသည်။ ၎င်းမှာ ရိုးရှင်းသော အရှိန်အဝါ ချုပ်ကိုင်မှု မဟုတ်ဘဲ မလွန်ဆန်နိုင်သော ခံစားချက်နှင့် ဆင်တူသော ခံစားချက်တစ်ခု ဖြစ်သည်။ ၎င်းမှာ မိုက်ကယ် ယခင်က ပြသခဲ့သော စိတ်ပုံရိပ်နှင့် အနည်းငယ် တူသော်လည်း ထိုခံစားချက်ထက် များစွာသာလွန်၏။ ထိုကြယ်စင်စုမှာ ပါဝင်တဲ့ အရာက ‘အရှိန်အဝါ’အပြင် စစ်မှန်တဲ့ အန္တိမ ‘အာဏာ’နဲ့ နီးစပ်လုနီးပါး ဖြစ်နေပြီ!
ဒါက နတ်ဘုရားပဲ ပိုင်ဆိုင်နိုင်တဲ့ စွမ်းအား!
ချန်လွေ့က လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်သောအခါ ရာဖယ်ရယ်က နီးကပ်လာသော သေခြင်းတရားကို ခံစားလိုက်ရပုံရသည်။ ချွေးစေးများက နဖူးမှ ဖြည်းညှင်းစွာ စီးကျလာသည်။
သူ၏ မျက်လုံးတွင် ဒေါသ၊ တည်ငြိမ်မှု မရှိတော့ပေ။ ပထမဆုံးအကြိမ် အဖြစ် သူက ထိုရန်သူကို ကြောက်ရွံ့သွားလေပြီ။
ထိုအခိုက်အတန့်တွင် ဂေဘရီယယ်၏ သူတော်စင် တိုက်ခိုက်ရေး နှလုံးသား ပါဝင်သော ခန့်ညားသည့် အသံက ရုတ်တရက် ထွက်ပေါ်လာ၏။ “၁၀မိနစ် ပြည့်ပြီ!”
ချန်လွေ့၏ ခြေလှမ်း ရပ်တန့်သွား၏။ ခေါင်းကို လှည့်ကာ အသင့်အနေအထား ရှိနေသော ဂေဘရီယယ်နှင့် မိုက်ကယ်ကို ကြည့်လိုက်ပြီးနောက် သူက ဖိုက်သွန်ကို ကြည့်လိုက်သည်။ ခဏစဉ်းစားပြီးနောက် သူ၏ နောက်မှ ကြယ်စင်စု မြင်ကွင်းမှာ တဖြည်းဖြည်း မှေးမှိန်သွား၏။
ထိုတိုက်ကွက်ကို နောက်ဆုံးတွင် မထုတ်လွှတ်ခဲ့ပေ။
ရာဖယ်ရယ် တိတ်တဆိတ် သက်ပြင်း ချလိုက်ပြီး သူ၏ကိုယ်က ချွေးစေးများဖြင့် စိုစွတ်နေသည်ကို တွေ့ရှိလိုက်ရသည်။ သူ၏ ပထမဆုံး တုံ့ပြန်မှုမှာ ယခုအခါ ဒေါသ မဟုတ်ဘဲ စိတ်သက်သာရာရခြင်း ဖြစ်သည်။ အကယ်၍သာ ၁၀မိနစ် အချိန် ကန့်သတ်ချက် မရှိခဲ့ပါက သူကိုယ်တိုင်ပင် မည်သို့သော ရလာဒ်ဖြစ်မည် မသိနိုင်ပေ။
ချန်လွေ့၏ ကိုယ်ပေါ်မှ အက်နေသော ကြယ်ချပ်ကာ လုံးဝ ပျောက်ကွယ်သွားပြီး မူလ ‘ပုရွက်ဆိတ်အဆင့်’ စွမ်းအားသို့ ပြန်ရောက်ရှိသွားသော်လည်း မည်သူမျှ သူ့ကို လျှော့တွက်ရဲခြင်း မရှိတော့ပေ။
“အခု ကျုပ်တို့ အလဲအလှယ် လုပ်လို့ ရပြီလား။” ချန်လွေ့ ဂေဘရီယယ်ကို မေးလိုက်သည်။ အမှန်တကယ်၌ လက်ရှိ [ဓူဝံကြယ်ခရမ်းအသွင်ပြောင်းခြင်း] အတွက် နားလည် သဘောပေါက်မှု အဆင့်ဖြင့် စွမ်းအား ရှိသရွေ့ သူက ၎င်းကို အချိန်မရွေး နောက်တစ်ကြိမ် သုံးနိုင်ရာ ကောင်းကင်တမန်သုံးပါး နောက်တစ်ကြိမ် ရန်လိုလာမည်ကို သူ မကြောက်ပေ။
“မင်းပဲ။” မိုက်ကယ်က ပွဲကြည့်စင်ပေါ် တစ်လှမ်းချင်းစီ တက်လှမ်းလာသော ချန်လွေ့ကို စိုက်ကြည့်ရင်း ပြောသည်။ “မင်း တကယ် ပြန်ပေါ်လာတာပဲ!”
“ကျုပ်လား။” ချန်လွေ့က မိုက်ကယ်၏ အမူအရာကို ကြည့်ရင်း တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ “ရှင်းပြရတာ အလကားပေမယ့် ပြောချင်သေးတယ်။ ခင်ဗျားတို့ တခြားလူ တစ်ယောက်နဲ့ ကျုပ်ကို မှားနေပြီ။”
“အခု ဘယ်သူ့ကိုလှည့်စားချင်တာလဲ။” ရာဖယ်ရယ်က ခါးသီးစွာ ပြောလိုက်သည်။ “အလင်းတံဆိပ်၊ လေတံဆိပ်၊ မြေတံဆိပ်၊ ခုနက ရေတံဆိပ်။ အဲဒါတွေ အားလုံးက ထင်ယောင်ထင်မှား ဖြစ်တာလား။”
ဂေဘရီယယ် ချန်လွေ့ကို မျက်လုံးချင်း ဆိုင်ကြည့်လိုက်သည်။ “ဒါမှမဟုတ် ရှင်က ဘယ်ကို ထွက်ပြေးဖို့ ကြိုးစားနေတာလဲ။”
“ဘာ ထွက်ပြေးတာ... တကယ်တော့ ရှင်တို့ လူမှားတာလည်း ဖြစ်နိုင်တယ်။” ဖိုက်သွန်၏ အသံ ထွက်လာသော်လည်း အသံနေ အသံထားက အလျင်အမြန်ပင် ပြောင်းလဲသွားသည်။ “နောက်ဖြစ်နိုင်ခြေ တစ်ခုက ဒီလူ အတိတ်ကို မေ့သွားတာပဲ။ အနည်းဆုံးတော့ သူက အခုထိ မမှတ်မိသေးဘူး။”
ဖိုက်သွန် ‘ဖြစ်နိုင်ခြေနှစ်ခု’ အကြောင်း ပြောနေသော်လည်း သူက နောက်ပိုင်း အဆိုကို ချန်လွေ့အပေါ် တိုက်ရိုက် တံဆိပ်တုံး ထုလိုက်သည်မှာ ထင်ရှား၏။ ‘လူမှားခြင်း’နှင့် ယှဉ်လျှင် ဒုတိယ ယူဆချက်မှာ အသေအချာပင် ပိုမို၍ ‘ကျိုးကြောင်းဆီလျော်’၏။ အထူးသဖြင့် မိုက်ကယ်နှင့် ဂေဘရီယယ်တို့ အတွက် ထိုသို့သော စွမ်းအား ‘ပြန်လည်ရရှိခြင်း’ ၏ အကြောင်းရင်းက လေ့ကျင့်ခြင်းထက် လက်ခံရန် ပိုမို လွယ်ကူပြီး ၎င်းက ထိုရန်သူ စွမ်းအားကို အဘယ်ကြောင့် အလျင်အမြန် တိုးမြှင့်နိုင်ကြောင်းနှင့် သူ၏ စွမ်းအားသည် အရေးမပါသော ပုရွက်ဆိတ် တစ်ကောင်မှ လူတိုင်းကို ခပ်ရေးရေး ကျော်လွန်သွားသည် အထိ ကြီးထွားလာခဲ့ခြင်းကို ရှင်းပြနိုင်သည်။
“သူ့ရဲ့မှတ်ဉာဏ် ယာယီဆုံးရှုံးသွားတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူ့ရဲ့စွမ်းအားတော့ မဟုတ်ဘူး။” ဖိုက်သွန်က လျစ်လျူရှုစွာ ပြောလိုက်သည်။ “အရည်အချင်းလိုမျိုး ပျင်းစရာ အကြောင်းတွေ ငြင်းခုံစရာ မလိုတော့ဘူး ထင်ပါတယ်။”
မိုက်ကယ်က နှာခေါင်းရှုံ့လိုက်သည်။ တခြားအချက်တွေ ထည့်မစဉ်းစားတောင် ဖိုက်သွန်နဲ့ ချန်လွေ့တို့ ပြခဲ့တဲ့ စွမ်းအားနဲ့ ကောင်းကင်တမန်သုံးပါး ပေါင်းရင်တောင် သူတို့ကို မသတ်နိုင်ဘူး။ အလွန်ဆုံး နှစ်ဦးလုံး ရှုံးနိမ့်တဲ့ အခြေအနေ ဖြစ်မှာ။ နှင်းဒဲလက် ပန်းပင်တွေကို သူ့ဆီကနေ ပြန်လုယူတာက ဟာသတစ်ခုပဲ။ ပြီးတော့ စာချုပ်တစ်ခုလည်း ရှိနေသေးတယ်။
အားလုံး အချည်းနှီးပဲ။ ချန်လွေ့က သူ တစ်စုံတစ်ယောက် မဟုတ်ကြောင်း ရှင်းပြရန်ပင် စိတ်မဝင်စားတော့ဘဲ စကား စလိုက်သည်။ “ဒါဆို အခု ကျုပ်တို့ အပေးအယူ လုပ်လို့ရပြီလား။”
ကောင်းကင်တမန်သုံးပါး လျင်မြန်စွာ မျက်လုံးချင်း ဖလှယ်လိုက်ကြလေသည်။ ဂေဘရီယယ်၏ လက်ထဲတွင် အပြာရောင် ဖောက်ထွင်း မြင်နိုင်သော ပုလင်းငယ် တစ်လုံး ရှိနေပြီး ၎င်းကို ချန်လွေ့ထံသို့ ပစ်ပေးလိုက်သည်။ “ဒါက တစ္ဆေ ရေခဲစမ်းပဲ။ ကျွန်မ သိချင်တာက ရှင် ဒါနဲ့ ဘာလုပ်မလို့လဲ။”
“လွန်ခဲ့တဲ့ ၃နှစ် ရေဒြပ်စင်ဘုရင်က ဒီလော့စ်ရိုရဲ့ အဓိက ယဇ်ပလ္လင်ကို တိုက်ခိုက်တုန်းက ကျုပ်ကို ကူညီခဲ့တယ်။ အဲဒီအချိန်တုန်းက အဓိက ယဇ်ပလ္လင် နောက်ဆုံးပုံစံနဲ့ နီးစပ်နေပြီ။ အဲဒါကြောင့် ရေဒြပ်စင်ဘုရင်ရဲ့ ဒြပ်စင် နှလုံးသားက ကွဲအက်သွားခဲ့တယ်။ ကျုပ်က သူ့ရဲ့ ဒြပ်စင်နှလုံးသားကို ပြုပြင်ဖို့ တစ္ဆေ ရေခဲစမ်းကို လိုအပ်တယ်။”
“ရေဒြပ်စင်ဘုရင်... ရေဒြပ်စင်သံတမန် လား...” မိုက်ကယ်က ရုတ်တရက် ထူးဆန်းသော အပြုံးတစ်ခု ပြသခဲ့သည်။ “မင်းက ဒြပ်စင်သံတမန် တစ်ယောက် အတွက် ငါတို့နဲ့ အလောင်းအစား လုပ်တာ ရယ်စရာပဲ။ ကံကြမ္မာက တကယ်ပဲ ရယ်စရာကောင်းတယ်...”
“ခင်ဗျား ဘာတွေ ပြောနေလဲဆိုတာ ကျုပ် နားမလည်ဘူး။” ချန်လွေ့က ပုလင်းငယ်ကို ယူလိုက်ပြီး သိုလှောင်ရုံ ထဲသို့ ထည့်လိုက်သည်။
“ရှင် တကယ် ဘာမှ မမှတ်မိတော့ဘူး ထင်တယ်။” ဂေဘရီယယ် ခဏတာ စဉ်းစားပြီး မေးလိုက်သည်။ “တကယ်လို့ သိပ်မကြာခင် ဒြပ်စင်သံတမန်နဲ့ ဒြပ်စင် လောကက ရှင့်ရဲ့ အကြီးမားဆုံးရန်သူ ဖြစ်လာမယ်လို့ ကျွန်မ ရှင့်ကို ပြောခဲ့ရင် ဒါကို ဆက်လုပ်ဦးမှာလား။”
“ဘာလို့ မလုပ်ရမှာလဲ။ ကျုပ်က အခု လုပ်သင့်တယ်လို့ပဲ ထင်တယ်။ တခြား ရှုပ်ထွေးတဲ့ အကြောင်းရင်းတွေကိုတော့ ကျုပ် ထည့်မစဉ်းစားထားဘူး။” ချန်လွေ့ ပခုံးတွန့်လိုက်သည်။ “ပြီးတော့ ကျုပ်က ‘ကံကြမ္မာ’လိုမျိုးအရာကို မကြိုက်ဘူး။”
“အရှက်မရှိဘူး။” ဂေဘရီယယ်က သူ၏ မျက်လုံးများကို နောက်တစ်ကြိမ် မှိတ်လိုက်၏။ “အခု နှင်းဒဲလက် ပန်းပင်တွေကို လွှဲပေးပါ။”
ချန်လွေ့၏ ဘေးနားတွင် အလင်းတန်း တစ်ခု လင်းလက်သွားခဲ့ပြီး ၅မီတာ မြင့်သော သစ်ပင် နှစ်ပင် ပေါ်လာခဲ့သည်။ ၎င်းတို့က ဖျော့တော့သော မြူခိုးများဖြင့် ဝန်းရံထားပြီး အစိမ်းရောင်အရွက်များနှင့် ကြည်လင်နေသော အဖြူရောင်ပန်းများ ရှိနေသည်။ ၎င်းတို့က အမှန်တကယ်ပင် နှင်းဒဲလက်ပန်းပင်များပင်။
“နှစ်ပင်ပဲလား...” မိုက်ကယ်၏ မျက်နှာ အမူအရာ အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။ “နောက်ထပ် တစ်ပင် ကျန်သေးတယ်!”
“ကျုပ်တို့ရဲ့ စာချုပ်ထဲမှာ နှင်းဒဲလက် ပန်းပင်လို့ပဲ ဖော်ပြထားတယ်။ တိကျတဲ့ အရေအတွက်ကို မပြထားဘူး။” ချန်လွေ့ ခဏ စဉ်းစားလိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “တကယ်တော့ အဲဒီ သစ်ပင်ကို ကျုပ် သုံးပြီးတာ ကြာပြီ။ အဲဒီအချိန်တုန်းက စွမ်းအား ပြန်ရဖို့ ကျုပ် အဲဒါကို သုံးဖို့ လိုခဲ့တယ်။ ဒါက ကျုပ် ကောင်းကင်ချိပ်ပိတ်တောင်ထွတ်ကို ခိုးဝင်ခဲ့တဲ့ တကယ့် အကြောင်းရင်းပဲ။”
နှင်းဒဲလက် ပန်းပင်က S-အဆင့် ယုံကြည်မှု သက်ရှိဖြစ်ပြီး ကြယ်အပ်နှင်း စင်မြင့်ပေါ်မှ ကြယ်ရာထူး အားလုံး၏ လိုအပ်ချက်ကို ၃၀% လျော့ကျစေနိုင်ပြီး သက်ရောက်မှုကို ၃၀% တိုးမြှင့်နိုင်ကာ တိုင်းပြည်မှ ယုံကြည်မှု သလင်းကျောက် နေ့စဉ်ထုတ်လုပ်မှုကို ၃၀% တိုးစေသည်။
သစ်ပင် တစ်ပင်သည်ပင် တူညီသော အကျိုးသက်ရောက်မှုရှိရာ ချန်လွေ့သည် တမင်တကာ တစ်ပင်ကို ချန်ထားခဲ့သည်။ ကောင်းကင်တမန်သုံးပါးက သူ့ကို နှင်းဒဲလက်ပန်းပင်များကို ခြွင်းချက်မရှိ လွှဲပြောင်းရန် အတင်းအကျပ် ကြိုးစားရင်း ‘အရည်အချင်း’ကို တမင် အသုံးပြု၍ အခက်အခဲ ဖြစ်စေခဲ့သည်။ ချန်လွေ့၏ နည်းလမ်းမှာလည်း ‘ပြန်ပေးခြင်း’ဟု မှတ်ယူနိုင်ပေသည်။
စာချုပ်တွင် ‘သစ်ပင်သုံးပင်’ ဟူ၍ မသတ်မှတ်ထားရာ မိုက်ကယ်သည် နှင်းဒဲလက် ပန်းပင်နှစ်ပင် လက်ခံခဲ့ရ၏။ အမှန်မှာ ၎င်းက ချန်လွေ့နှင့် ဖိုက်သွန်တို့ ပြသခဲ့သော စွမ်းအားကြောင့် ဖြစ်သည်၊ သို့မဟုတ်ပါက သူတို့ ဘေးကင်းကင်း ထွက်ခွာရန်မှာပင် ပြဿနာဖြစ်မည်ဖြစ်ပြီး ဈေးဆစ်ရန်ကို မဆိုထားဘိ။
သူတို့က အနည်းငယ် မကျေမနပ် ဖြစ်နေသော်လည်း နှင်းဒဲလက်ပန်းပင် ဆုံးရှုံးမှုနှင့် ပြန်ရရှိမှုက နောက်ဆုံးတွင် သိဒ္ဓိ ကျောင်းတော်၏ အရှုပ်ထွေးဆုံး ပြဿနာကို ဖြေရှင်းပေးခဲ့လေသည်။ မိုက်ကယ်က ညစ်ညူးသော မျက်နှာဖြင့် ပြောလိုက်သည်။ “အခု သဘောတူညီချက် ပြီးသွားပြီဆိုတော့ မင်းတို့ သွားလို့ရပြီ။ နောက်တစ်ခါ တွေ့ရင်တော့ ဒီလောက် ယဉ်ကျေးမှာ မဟုတ်ဘူး။”
“ပထမဆုံး အကြိမ်အနေနဲ့ ကျွန်မတို့မှာ တူညီတဲ့ စိတ်ကူးတစ်ခု ရှိလာပြီပဲ။” ဖိုက်သွန်က လက်ကို လျစ်လျူရှုစွာဖြင့် ဝှေ့ယမ်းလိုက်သည်။ “သွားတော့မယ်။ နတ်ဘုရားရဲ့ ‘သစ္စာအရှိဆုံး’ လက်အောက်ငယ်သားတို့။”
“ဟမ့် လူတိုင်းက ပါးနပ်ကြတာပဲ။ ဒီလှောင်ပြောင်မှုက မင်းရဲ့သေးသိမ်မှုကိုပဲ ပြလိမ့်မယ်။” ရာဖယ်ရယ်က စိတ်ထဲ ကြောက်ရွံ့မှုအချို့ ရှိနေသေးသော်လည်း သူ၏ အရှိန်အဟုန်က အားနည်းကြောင်း သေချာပေါက် ပြသမည် မဟုတ်ပေ။ သူက ချန်လွေ့ကို လက်ညှိုး ထိုးလိုက်သည်။ “ငါတို့က ဘုရားသခင်ကို စော်ကားသူတွေ ဆိုရင် သူကရော ဘာလဲ။”
“ကျုပ်လား။” ချန်လွေ့ ရှင်းပြမရဘဲ နှုတ်ဖြင့် တိုက်ခိုက်ခြင်း ခံလိုက်ရသည်။
ကံကြမ္မာ နတ်ဘုရားမနဲ့ အိပ်မယ်လို့ ပြောတဲ့ စကားလုံးတွေကို ရာဖယ်ရယ် ကြားသွားတာလား။
မိုက်ကယ်က ထိုအကြောင်းအရာတွင် ရပ်မနေဘဲ အေးစက်စွာ ပြောလိုက်သည်။ “ပါးစပ်နဲ့ တိုက်ခိုက်နေရတာ အဓိပ္ပာယ် မရှိဘူး။ နောက်တစ်ခါ လက်သီးနဲ့ပြော။”
ဂေဘရီယယ်က သူ၏ မျက်လုံးများကို မှိတ်ထားပြီး တိတ်ဆိတ် နေခဲ့သည်။ [ကြယ်ဂိတ်]ထဲသို့ ခြေလှမ်းလှမ်းသည့် နောက်ဆုံး အခိုက်တွင်ပင် ချန်လွေ့က သူ့ကို ဂေဘရီရယ် အမြဲတမ်း‘ကြည့်’ နေသည်ကို ခံစားမိနိုင်သည်။
၎င်းမှာ ထူးဆန်းသော ‘အကြည့်’တစ်ခု ဖြစ်ပြီး မုန်းတီးခြင်းလည်း မဟုတ်ပေ။ ပရောပရည်လုပ်သည့် ခံစားချက်လည်း မဟုတ်။ ချန်လွေ့ ထိုခံစားချက်ကို မဖော်ပြနိုင်ခဲ့ပေ။ သူက ဝမ်းနည်းမှု အငွေ့အသက် တစ်ခုကိုသာ မသဲမကွဲ ခံစားမိခဲ့လေသည်။