← Chapters

အိပ်မက်

Vol. 72 Ch. 1150

အိပ်မက်

Vol. 72 Ch. 1150

နေမရှိ လမရှိသော ကောင်းကင်က အုံ့ဆိုင်းပြီး တိမ်ထူနေ၏။

တစ်ခါတစ်ရံ တိမ်များ ပျောက်သွားရာ လျှို့ဝှက် ဆန်းကြယ်ပြီး ထည်ဝါသော အလင်းရောင် အမျိုးမျိုး ပေါ်လာသည်။ အကယ်၍ ကမ္ဘာမြေ၏ အခြားနေရာ တစ်ခုပေါ်တွင်သာ ဖြစ်ပါက လူများသည် ထိုဖြစ်စဉ်ကို ‘အရုဏ်ဦး’ ဟု ခေါ်ပေမည်။

ခြေဖဝါးအောက်တွင် မြေကြီး မရှိဘဲ ကျွန်းများသာ ရှိနေသည်။ အချို့သော ကျွန်းများသည် မြေသားဖြစ်ပြီး အချို့ ကျွန်းများသည် ရေခဲမြစ်များ ဖြစ်သည်။ ၎င်းတို့အားလုံး ဆွဲငင်အားကန့်သတ်ချက် မရှိသကဲ့သို့ လေထဲတွင် ဆိုင်းငံ့နေပြီး ဖြည်းညှင်းစွာ ရွေ့လျားနေကြ၏။

ဇိုလာသည် ထိုသို့ ထူးဆန်းသော နေရာလွတ်တွင် ပျံသန်းနေလေသည်။ အနီးနားမှ လွင့်မျောနေသော ကျွန်းများနှင့် ရင်းနှီးသည်ဟု ခံစားမိပြီး ပို၍ပင် ရင်းနှီးသည်မှာ ထိုလောကရှိ နေရာတိုင်း ရှိနေသော စွမ်းအားအငွေ့အသက်ပင်။

ဒြပ်စင်များ။

မှော်အသိပညာစနစ်တွင် ဒြပ်စင်များကို မှော်စွမ်းအား အဖြစ်သို့ ပြောင်းလဲရန် စိတ်စွမ်းအား အသုံးပြု၍ ပြောင်းလဲရန်နှင့် အထူး ရွတ်ဆိုမှုဖြင့် ထုတ်ဖော်ရန် လိုအပ်သည် (အစွမ်းထက် ပုဂ္ဂိုလ်များက မန္တာန်များကို ချုံ့နိုင်သည်၊ ရွတ်ဆိုခြင်း မရှိဘဲပင် မန္တာန်များကို ထုတ်နိုင်သည်)။ ထိုစွမ်းအားက မှော်ပညာပင် ဖြစ်သည်။ မသင့်လျော်သော ဥပမာတစ်ခု ပေးရလျှင် မှော်ပညာ လေ့ကျင့်သူများ အတွက် စိတ်စွမ်းအားက ‘ပုံး’တစ်လုံးနှင့် တူပြီး မှော်စွမ်းအားက ပုံးထဲမှ‘ရေ’နှင့် တူသည်။

စိတ်စွမ်းအား အား‌ကောင်းလေလေ၊ ‘ပုံး’ပိုကြီးလေလေ ဖြစ်ပြီး ‘ရေ’ပို၍များများ လောင်းထည့်နိုင်လေလေပင် ဖြစ်သည်။ မှော်စွမ်းအားက ‘ပုံး’ထဲမှ ‘ရေ’၏ အရည်အသွေးကို ဆုံးဖြတ်ပေးသည်။ အချို့‘ရေ’များမှာ အန္တရာယ် မရှိသော ကြည်လင်နေသည့် စမ်းရေမျှသာ ဖြစ်ပြီး အခြားအရာများမှာမူ ကြောက်မက်ဖွယ်ရာ ‘ဆာလဖျူရစ်အက်ဆစ်’များ ဖြစ်သည်။

ထိုလောကတွင် ဒြပ်စင်များ အသုံးချမှု သို့မဟုတ် ပြောင်းလဲမှုမှာ မည်သည့် အထူး နည်းလမ်းကိုမှ မလိုအပ်ပေ။ စားသောက်ခြင်းကဲ့သို့ပင် သဘာဝကျပြီး ရိုးရှင်းလှ၏။ အကြောင်းမှာ ထိုနေရာက ဒြပ်စင်ကုန်းမြေ (ဝါ) ဒြပ်စင်လောက ဖြစ်နေ၍ပင်။

ဒြပ်စင်လောကမှာ မှော်ပညာရှင် တစ်ဦး၏ ကောင်းကင်ဘုံ မဟုတ်ပေ။ သန့်စင်သော ဒြပ်စင်များ မဟုတ်သည့် အရာအားလုံးသည် ထိုလောကမှ တွန်းလှန်ခြင်းနှင့် ဖျက်ဆီးခြင်းခံရသည်။ သီဝရီအရ ပြီးပြည့်စုံသော ဒြပ်စင်များ ရှိနေသော သတ္တဝါများသာ ထိုလောက၌ ရှင်သန်နိုင်သည်။ နတ်မိမယ်နဂါးသည် ဒြပ်စင် စွမ်းအားနှင့် အရင်းနှီးဆုံးသော နဂါးအမျိုးအစား ဖြစ်သော်လည်း သူတို့က နောက်ဆုံး စစ်မှန်သော ဒြပ်စင်ခန္ဓာများ မဟုတ်ရာ ခြွင်းချက်မဟုတ်ပေ။

ဇိုလာက ‘ခြွင်းချက်’ တစ်ခု ဖြစ်လာခဲ့သော်လည်း ၎င်းမှာ နတ်ဘုရား တစ်ပိုင်းအဆင့် အထွတ်အထိပ်အဆင့်၏ ခွန်အားနှင့် မည်သို့မျှ မသက်ဆိုင်ပေ။ နတ်ဘုရား-ယောင် နတ်မိမယ်နဂါးကိုပင် ‘လောက’ မှ လက်ခံမည် မဟုတ်ပေ။

[ဒြပ်စင်၆ခုတိုင်းပြည်]က ဇိုလာ ဒြပ်စင် လောကတွင် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ပြီး ဒြပ်စင် စွမ်းအားကို စိတ်ရှိသလို သုံးနိုင်သည့် အကြောင်းရင်း များထဲမှ တစ်ခုဖြစ်သော်လည်း ၎င်းမှာ အရေးအကြီးဆုံး မဟုတ်ပေ။ သူ၏ ခေါင်းပေါ်မှ လှပသော သရဖူသည် အဓိက အချက် ဖြစ်သည်။

ဒြပ်စင်နတ်ဘုရားမသရဖူ။

ထိုအဆောင်ပစ္စည်းကို လူသားလောက၏ ကျောက်စိမ်းသစ်တောပင်လယ်မှ နတ်သူငယ်မျိုးနွယ်စု၏ ဒဏ္ဍာရီလာ ရှေ့ဖြစ်ကော အလူစီယာထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။ ခက်ခဲသော တိုက်ပွဲတစ်ခု အပြီးတွင် ချန်လွေ့ရရှိခဲ့သော ‘သစ်သား’ ဆုနှင့် နှိုင်းယှဉ်လျှင် ဇိုလာက မှော်ဖဲချပ် တစ်ချပ်ကို လှန်လိုက်ရုံဖြင့် ဒြပ်စင် နတ်ဘုရားမသရဖူကို အလွယ်တကူ ရရှိခဲ့သည်။

လွယ်လွန်းလှ၏။

အလူစီယာ တစ်ချိန်က ပြောခဲ့ဖူးသည်။ “‘မင်းက စွမ်းအားကို လက်ခံတဲ့အခါ အပ်နှင်းတဲ့ ကံကြမ္မာ တာဝန်ကိုလည်း လက်ခံရမယ်’”။ ချန်လွေ့နှင့် ဇိုလာတို့ ထိုအချိန်က သေချာ အာရုံမစိုက်ခဲ့ကြပေ။ မြေဒြပ်စင် ဘုရင်နှင့် အမှောင်ဒြပ်စင် ဘုရင်တို့ အမှောင်လသို့ ရောက်လာမှသာ ဇိုလာက တစ်စုံတစ်ခုကို ခပ်ရေးရေး နားလည်သွားခဲ့သည်။

ရှေးစကားပုံ အတိုင်းပင် မစိုက်ဘဲ ရိတ်သိမ်းခြင်း မရှိပေ။

ဒြပ်စင်နတ်ဘုရားမသရဖူ အသိအမှတ် ပြုခံရခြင်းတွင် အခြား အဓိပ္ပာယ်တစ်ခု ရှိပြီး ၎င်းမှာ ဒြပ်စင်သံတမန်ပင်။

[ဒြပ်စင်၆ခုတိုင်းပြည်]သည် ဒြပ်စင်ကို ‘ယုံကြည်သူများ’အဖြစ် အသုံးပြုပြီး ၎င်းကို မကုန်ခမ်းနိုင်ဟု ဖော်ပြနိုင်သည်။ ဒြပ်စင်သံတမန်က ဒြပ်စင်များကို အမိန့် ပေးသူ ဖြစ်ပြီး ဒြပ်စင်များ၏စွမ်းအားကို အမြင့်ဆုံးအထိ တိုးမြှင့်ကာ သာမန် အဆင့်ထက် ကျော်သော ကြီးမားသည့် စွမ်းအားကို ထုတ်ဖော်နိုင်သည်။ အမှန်မှာ ဇိုလာက တရားဝင်ဒြပ်စင်သံတမန် တစ်ဦး မဟုတ်သော်လည်း ထိုသို့ အခြေအနေ နှစ်ခုအောက်တွင် သူ၏ စွမ်းအားသည် အမှန်တကယ်ပင် ရွယ်တူထက် များစွာ သာလွန်ခဲ့လေသည်။

ဒြပ်စင်နတ်ဘုရားမသရဖူနှင့် တစ်ဆင့်ချင်း ပေါင်းစပ်လာသည်နှင့်အမျှ ဇိုလာ၏ စိတ်ထဲတွင် အသိစိတ်အပိုတစ်ခု အနည်းငယ် ပေါ်ပေါက်လာတတ်ပြီး သူကို အဆက်မပြတ် သက်ရောက်နေလေ၏။ ဆာရီယယ်၏ တိုင်းပြည်တွင် တိုက်ခိုက်စဉ်က ဇိုလာ၏ [လကြေးမုံ] အပေါ် နားလည်မှုက ထိုအသိစိတ် အစအနမှ လာခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ လာလာရီယာ၏ မိမိကိုယ်ကို အဆုံး စီရင်သည့် တိုက်ကွက်ကိုလည်း တားဆီး နိုင်ခဲ့သည်။

ထိုအသိစိတ်မှ ဇိုလာက စွမ်းအားနှင့် ကြွယ်ဝသော အသိပညာ အတော်များများ ရရှိခဲ့သည်။ ၎င်းမှာ သူ နတ်ဘုရားတစ်ပိုင်း အဆင့် အထွတ်အထိပ်သို့ လျင်မြန်စွာ ရောက်ရှိခဲ့သည့် အရေးပါသော အကြောင်းရင်း တစ်ခုလည်း ဖြစ်သည်။ သို့သော် ထိုအသိစိတ်က သူ့စိတ်ကိုလည်း သက်ရောက်နေသော်လည်း ဇိုလာက သူ ထိုအသိစိတ်ကို ထိန်းချုပ်နိုင်လိမ့်မည်ဟု ယုံကြည်နေသည်။ ပိုအရေးကြီးသည်မှာ ထိုအသိစိတ်က သူ့ကို ပိုမို၍ အစွမ်းထက် စေနိုင်ခြင်းပင်။ အနည်းဆုံးတော့ သူ၏ ချစ်သူအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ရန်ပင်။

ထိုစဉ်က သူ၏ စွမ်းအားမှာ ချန်လွေ့ကို များစွာ ကျော်လွန်ခဲ့ပြီး သူ အားကိုးရမည့် အင်အား ဖြစ်လာခဲ့သည်။ ထို့နောက် ချန်လွေ့က သူ့ကို မယုံနိုင်လောက်သော အရှိန်ဖြင့် ကျော်လွန်သွားရာ ဇိုလာကို စိတ်မသက်မသာ ဖြစ်စေခဲ့သည်။ ၎င်းမှာ မနာလိုခြင်းမဟုတ်ဘဲ သူက သူ့ကိုယ်သူ မကျေနပ်ခြင်းသာ ဖြစ်သည်။ ထို့ကြောင့် သူက အသည်းအသန် ကြိုးစား အားထုတ်ခဲ့ပြီး ဒြပ်စင်၆ခု ဇစ်မြစ် စွမ်းအားများကို အန္တရာယ်ကြားမှ အတင်းအကျပ် ပေါင်းစပ်ကာ [ဒြပ်စင်၆ခု တိုင်းပြည်]ကို အောင်မြင်ခဲ့ပြီး နတ်ဘုရား တစ်ပိုင်းအဆင့် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိခဲ့သည်။

ထိုကဲ့သို့သော တိုးတက်မှု အရှိန်မှာ အလွန်အမင်း အံ့ဩဖွယ်ကောင်းသည်။ သူက ပါရမီရှင်များထဲမှ ပါရမီရှင်တစ်ဦး ဖြစ်နေပြီ ဖြစ်သည်။ သူက ဆွေမျိုးများ အကြားတွင် ဒုတိယ မရှိပေ။ သို့သော် နတ်မိမယ်နဂါးသည် မကျေနပ်သေးပေ၊ အကြောင်းမှာ သူက ချန်လွေ့ အနောက်သို့ လိုက်မီခါနီးမှာပင် သူ နောက်တစ်ကြိမ် အလှမ်း ကွာသွား၍ပင်။ ချန်လွေ့သည် နတ်ဘုရားတစ်ပိုင်းအဆင့်မှ နတ်ဘုရား-ယောင်အဆင့်သို့ ရောက်သွားသော်လည်း သူကမူ နတ်ဘုရားတစ်ပိုင်း အဆင့် အထွတ်အထိပ်တွင် ပိတ်မိနေ၏။

ထိုတစ်ဆို့မှုက လူများစွာအတွက်မူ တစ်ဘဝလုံးတွင် မကျော်ဖြတ်နိုင်သော သဘာဝ အကာအရံတစ်ခု ဖြစ်သည်။

ထို့ကြောင့် မြေဒြပ်စင် ဘုရင်နှင့် အမှောင်ဒြပ်စင်ဘုရင်တို့က ‘ဒြပ်စင် နတ်ဘုရားမတောင်ဝှေး’ကို ကိုင်တွယ်ရန် ဒြပ်စင်လောကသို့ သွားရန် တောင်းဆိုပြီး သူ၏စွမ်းအားက နတ်ဘုရား-ယောင် အဆင့်သို့ တက်နိုင်ကြောင်း ရှင်းပြပြီး နောက်တွင် အန္တရာယ်နှင့် ကြုံတွေ့နိုင်ခြေ သို့မဟုတ် [ဒြပ်စင်၆ခုတိုင်းပြည်] ထာဝရ ဆုံးရှုံးနိုင်ခြေ ရှိသော်လည်း ဇိုလာက ချန်လွေ့၏ ကန့်ကွက်မှုကို လျစ်လျူရှုကာ တွန့်ဆုတ်ခြင်းမရှိဘဲ သဘောတူခဲ့၏။

ကံကောင်းစွာပင် ချန်လွေ့က သူ၏ရွေး ချယ်မှုကို ကောင်းစွာ နားလည်ပြီး အမှား အားလုံးကို သူ့အပေါ်သို့ ပုံချခဲ့သည်။ ထိုကြောင့် သူတို့နှစ်ဦး ဆက်ဆံရေးက ပိုမိုနက်ရှိုင်းသွားခဲ့၏။

သူ မည်သည်ကို ရွေးချယ်သည်ဖြစ်စေ သူ၏ နောက်တွင် သူ့ကို ထောက်ပံ့ရန် အစွမ်းထက်၊ နွေးထွေးသော လက်တစ်စုံ ရှိနေသည်။

ထို့နောက်တွင် ဇိုလာက ဒြပ်စင်ဘုရင် နှစ်ပါးနောက်သို့ လိုက်၍ ဒြပ်စင် လောကသို့ ဝင်ရောက်ခဲ့သည်။

ဒြပ်စင်လောက ဝင်ပေါက်က ဇစ်မြစ် အပိုင်းအစ၏ စွမ်းအားဖြင့် ဖွင့်ထားသော လမ်းကြောင်းတစ်ခုပင်။ ဝင်ရောက်သည့် အခိုက်အတန့်တွင် ဇိုလာသည် သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်က ရေတွက်၍ မရနိုင်သော ဒြပ်စင်များ အဖြစ်သို့ ပြိုကွဲသွားသည်ဟူ၍ ခံစားလိုက်ရသည်။ သူက ထိုအခြေအနေကို [ဒြပ်စင်အမျက်] ကဲ့သို့သော အဆုံးသတ် တိုက်ကွက်များကို ထုတ်လွှတ်သည့် အခါမှသာ ခပ်ရေးရေး ခံစားနိုင်သည်။ ယခုမူ သူက ထိုသို့ ခံစားချက်ကို အချိန်တိုင်း ခံစားနေရ၏။

ထိုသို့ဖြင့် ဒြပ်စင်အာရုံခံ စွမ်းအားက အမြဲတမ်း အသန့်စင်ဆုံး အဆင့်တွင် ထိန်းသိမ်းထားနိုင်ပြီး ၎င်းမှာ စွမ်းအား တိုးတက်မှု သို့မဟုတ် တစ်ဆို့မှုများကို ချိုးဖျက် နားလည်ရန် ကြီးမားသော အကျိုးကျေးဇူး ရှိလေသည်။

လူတိုင်းက ထိုသို့ ‘အကျိုးကျေးဇူး’ကို ‘ခံစား’နိုင်သည် မဟုတ်။ အကြောင်းမှာ အချိန် ကြာလာသည်နှင့်အမျှ လူတစ်ဦးက အမှန်တကယ် ဖျက်ဆီးခြင်း ခံရနိုင်ပြီး အခြေခံအကျဆုံး ဒြပ်စင် အဖြစ်သို့ ပြောင်းလဲသွားနိုင်၍ပင်။

ထိုအချိန် ဒြပ်စင်နတ်ဘုရားမသရဖူက ယခင် နားမလည် နိုင်ခဲ့သော အခန်း ကဏ္ဍမှ ပါဝင်ခဲ့သည်။ ၎င်းက ဇိုလာ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ခိုင်မာစွာ ကာကွယ်ပေးခဲ့သည်။ သူ ဖျက်ဆီးခြင်း မခံရရုံသာမက သူ၏ အစွမ်းအထက်ဆုံး [ဒြပ်စင်၆ခုတိုင်းပြည်]ကို ပို၍ပင် သန့်စင် စေခဲ့သည်။

ဇိုလာသည် မူလက သူ၏ [ဒြပ်စင်၆ခု တိုင်းပြည်]မျာ မကြုံစဖူးသော သန့်စင်မှု အဆင့်သို့ ရောက်သွားပြီထင်ခဲ့သော်လည်း ထိုကဲ့သို့ အခြေအနေသို့ ဝင်ရောက်ပြီး နောက်တွင် သူက တိုင်းပြည်တွင် ‘အညစ်အကြေးများ’ နှင့် ချို့ယွင်းချက်များ များပြားနေသေးကြောင်း သိရှိသွားသည်။

နောက်ရက်များတွင် ဇိုလာက အချိန်၏ ၄ပုံ ၃ပုံနီးပါးကို တိုက်ခိုက်ရင်း၊ ဒြပ်စင် အမျိုးမျိုး စုစည်းထားသော ထူးဆန်းသည့် သတ္တဝါများနှင့် တိုက်ခိုက်ရင်း ကုန်ဆုံး နေခဲ့သည်။ ထိုတိုက်ပွဲက [ဒြပ်စင်၆ခု တိုင်းပြည်]ကို ပို၍ သန့်စင်လာစေခဲ့သည်။ ဇိုလာနှင့် ဒြပ်စင်နတ်ဘုရားမသရဖူ အကြား ပေါင်းစပ်မှု အတိုင်းအတာလည်း တစ်ဆင့်ပြီးတစ်ဆင့် အားကောင်းလာ၏။ ဒြပ်စင်များ၏ ထိန်းချုပ်မှုနှင့် အာရုံခံစားမှု အမြင့်အသစ် တစ်ခုသို့ ရောက်ရှိခဲ့သည်။ သူလည်း တစ်ဆို့မှုကို ဖောက်ထွက်သည့် ခံစားချက်ကို မသဲမကွဲ အာရုံခံမိနေပြီ ဖြစ်သည်။

ထိုအတိုင်းအတာ အထိတွင် သူ့ကို ‘ဒြပ်စင်သံတမန်’ဟု အမှန်တကယ်ပင် ခေါ်ဆိုနိုင်ပေသည်။

ဇိုလာ ဒြပ်စင်လောကသို့ ဝင်ရောက် ပြီးနောက် မြေဒြပ်စင်ဘုရင်နှင့် အမှောင် ဒြပ်စင်ဘုရင်တို့သည် ဇိုလာ၏ ဒြပ်စင် ထိန်းချုပ်မှု ‘ဒြပ်စင်သံတမန်’ အဆင့်သို့ အမှန်တကယ် ရောက်ရှိသွားသည်အထိ လုံးဝ ပေါ်မလာခဲ့ပေ။ သူက နေရာလွတ်မှ သူ့ကို စိုက်ကြည့်နေသော လျှို့ဝှက် ဆန်းကြယ်ပြီး အားကောင်းသည့် အကြည့် ၄ခုထက် မကကို ခံစားမိခဲ့သည်။

အဝေး နေရာလွတ်တွင် ပြင်းထန်သော တုန်ခါမှုတစ်ခု ဖြစ်ပေါ်ခဲ့ပြီး ကြီးမားသော ဧရိယာတစ်ခု အမှန်တကယ် ပြိုလဲကာ အနီးအနားမှ လွင့်မျောနေသော ကျွန်းများကို အမှုန့် ဖြစ်သွားစေသည်။

ထိုသို့ တုန်ခါမှုမျိုး ပေါ်ပေါက် လာသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ အထူးသဖြင့် ဇိုလာက ဒြပ်စင်စွမ်းအားကို အမှန်တကယ် ထိန်းချုပ်နိုင်ပြီးနောက်တွင် ထိုတုန်ခါမှု၏ စွမ်းအားကို သေသေချာချာ အာရုံခံနိုင်သည်။ ၎င်းမှာ နေရာလွတ် ပြိုလဲနေရုံသာ မကဘဲ ပျံ့နှံ့နေလေ၏။ အကယ်၍ မရပ်တန့်ပါက မကြာမီတွင် ဒြပ်စင်လောက ပျက်စီးသွားပေမည်။

ထိုအရာမှာ ဘုရင်နှစ်ပါး ပြောခဲ့သော နိုးထလာသည့် ‘ကြမ္မာဆိုးကပ်ဘေး’၏ ဇစ်မြစ်ဖြစ်ပြီး ၎င်းမှာ သူ၏ နတ်ဘုရား-ယောင် အဆင့်သို့ ဖောက်ထွက်ရန် သော့ချက်လည်း ဖြစ်ပေသည်။ ဒြပ်စင် နတ်ဘုရားမ တောင်ဝှေးပင်!

ဇိုလာက အသက် ပြင်းပြင်းရှူလိုက်ပြီး [ဒြပ်စင်၆ခုတိုင်းပြည်] စွမ်းအားကို အမြင့်ဆုံးသို့ မြှင့်တင်ကာ သူကိုယ်သူ ရောင်စုံ အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလိုက်ပြီး ပြိုလဲနေသော အန္တရာယ် အရှိဆုံး နေရာလွတ်ထံသို့ ပြတ်သားစွာ ပြေးဝင်သွားခဲ့လေသည်။

ပြိုလဲမှုနှင့် နီးကပ်သွားသည့် အခိုက် [ဒြပ်စင်၆ခုတိုင်းပြည်] ရုတ်တရက် ဖရိုဖရဲ ဖြစ်သွားသည်။ ၎င်းမှာ မူလက ခိုင်မာပြီး အပြန်အလှန်ဖြင့် ဖြည့်ဆည်းပေးသော ဖွဲ့စည်းပုံ ဖြစ်သော်လည်း ယခုအခါတွင် ရောနှောသွားသည်။ ထိုအရာမှာ အလွန် အန္တရာယ်ရှိသော မြင်ကွင်း ဖြစ်သည်။ ဆန့်ကျင်ဘက် ဒြပ်စင် စွမ်းအားများ တစ်ခုနှင့်တစ်ခု တိုက်မိသည်နှင့် ၎င်းမှာ သူ၏ကို ယ်ထဲတွင် [ဒြပ်စင်အမျက်] ပေါက်ကွဲထွက်ခြင်း ဖြစ်လေသည်။ အကျိုးဆက်များမှာ စိတ်ကူးမမီနိုင်အောင် ဖြစ်လိမ့်မည်။

ဇိုလာက နောက်သို့ မဆုတ်ခွာဘဲ စွမ်းအားကို မထိန်းချုပ်ခဲ့ပေ။ သူသည် အံကြိတ်ကာ အစွမ်းကုန်ဖြင့် ရှေ့သို့ ဆက်လက် တိုးဝင်သွားခဲ့သည်။ ဖရိုဖရဲ ဖြစ်နေသော ဒြပ်စင်စွမ်းအား နောက်ဆုံး ပြိုလဲသွားခဲ့သည်။ ဒြပ်စင်၆ခု လုံးဝ ပေါက်ကွဲထွက်သည့် အချိန်တွင် ဒြပ်စင် နတ်ဘုရားမသရဖူ မူလအသိစိတ်က ချက်ချင်း ချဲ့ထွင်သွား၏။ ဇိုလာ တုံ့ပြန်ရန် အချိန်မရပင် သူ၏အသိစိတ် တစ်ခုလုံး လွှမ်းခြုံခြင်း ခံလိုက်ရသည်။

အချိန်နှင့် နေရာလွတ် ရပ်တန့်သွား၏။ နေရာလွတ်တွင် အသံ တစ်ခုတည်းသာ ကျန်တော့ပြီး သူ့ကို ဝိညာဉ်ထဲတွင် ခေါ်ဆိုနေ၏။

အသံသည် သူ၏ မှတ်ဉာဏ်ထဲတွင် ဝေဝါးနေသည်။ သူက အများစုကို မမှတ်မိ နိုင်ခဲ့ပေ။ သူ မသဲမကွဲ မှတ်မိနိုင်သည့် တစ်ခုတည်းသော အရာမှာ စကားလုံး နှစ်လုံးသာ ဖြစ်သည်။

တည်ရှိမှုရဲ့ အဓိပ္ပာယ်……

ဝေဝါးသော အခြေအနေက ဆက်လက် တည်ရှိနေခဲ့သည်။ ရှုပ်ထွေးမှု ကြားတွင် သူ၏ သေခြင်း ရှင်ခြင်း မသိရှိရသေးဘဲ ညာဘက်လက်ထဲ တစ်စုံတစ်ခု ရှိလာကာ ၎င်းမှာ ရှည်လျားသော တောင်ဝှေး တစ်ချောင်း ဖြစ်ပုံရသည်။

တောင်ဝှေးရှည်က သူ့အား သွေးသား ဆက်နွယ်မှု ခံစားချက်တစ်ခုကို ပေးနေပြီး သူ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့်အလား ထင်ရသည်။

သူ၏ အသိစိတ် နိုးလာသောအချိန် သူသည် ရှည်လျားသော တောင်ဝှေးကို ကိုင်ထားသောလက် ဖောက်ထွင်းမြင်နေရ သည်ကို ထိတ်လန့်စွာ တွေ့ရှိလိုက်ရ၏။ သူ၏ ကြွက်သားများ၊ အရိုးများနှင့် သွေးကြောများ အားလုံးကို မြင်နေရပြီး ထိုအရာအားလုံးက ရောင်စုံ အမှုန်များ အဖြစ်သို့ ပြောင်းလဲသွား၏။ ဒြပ်စင်များ!

‘အရောင်များ’သည် ထို့နောက် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ မျက်စိတစ်မှိတ် အတွင်းတွင် သူက ပြီးပြည့်စုံသော ဒြပ်စင်ကောင် အဖြစ်သို့ ပြောင်းလဲသွား၏!

“မဟုတ်ဘူး!”

ဇိုလာ အော်ဟစ်လိုက်ပြီး မျက်လုံးများ ဖွင့်လိုက်သည်။

ပြိုကျသွားသော နေရာလွတ်လည်းမရှိ၊ ပြိုကျသွားသော တိုင်းပြည်လည်း မရှိပေ။ ၎င်းမှာ ရင်းနှီးသော အခန်းသာ ဖြစ်ပြီး ပြတင်းပေါက်အပြင်ဘက်မှ အေးစက်စက် ခရမ်းရောင်လရောင်သာ ရှိနေသည်။

မစ်-နတ်မိမယ် နဂါး၏ ပထမဆုံး တုံ့ပြန်မှုမှာ ညာဘက်လက်ကို ကြည့်ရန် ဖြစ်သည်။ စိုးရိမ်နေလွန်း၍ အသက်ပင် အောင့်ထားနေမိသည်။

အရောင်မရှိ၊ ဖောက်ထွင်းမြင်နိုင်မှု မရှိ၊ ဒြပ်စင်များမရှိ။ ၎င်းမှာ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသောလက် ဖြစ်နေဆဲပင်။

နတ်မိမယ်နဂါး သက်ပြင်းချလိုက်၏။ ချန်လွေ့၏ စိုးရိမ်နေသော အသံက ဘေးမှ ထွက်ပေါ်လာလေသည်။ “ဘာဖြစ်လို့လဲ၊ ဇိုလာ။ အိပ်မက်ဆိုး မက်နေတာလား။”

“အင်း။”

“ကြည့်ဦး။ ချွေးစေးတွေတောင် ထွက်နေတယ်။” နူးညံ့သော မျက်နှာသုတ် ပုဝါတစ်ထည်က သူ၏ လက်ထဲတွင် မှော်ဆန်စွာ ပေါ်လာပြီး သူ၏နဖူးမှ ချွေးများကို ဂရုတစိုက် သုတ်ပေးလိုက်၏။ ဇိုလာက နွေးထွေးမှုနှင့် စဉ်းစားပေးမှုကို အလွန် နှစ်သက်သည်။ အကြောင်း တစ်ခုခုကြောင့် ချန်လွေ့ကို ဆုံးရှုံးရမည့် စိုးရိမ်စိတ် အနည်းငယ် ရှိနေသည်။ သူက ချန်လွေ့၏ လက်မောင်းများ ဆီသို့ ရွေ့လျားသွားခဲ့သည်။

“ဘာတွေ အိပ်မက် မက်နေတာလဲ။” ချန်လွေ့ သူ၏မျက်နှာကို နမ်းလိုက်သည်။ “ဒီတစ်ခေါက် သိဒ္ဓိအလင်းတောင်ကို မခေါ်သွားလို့ အပြစ်တင်နေတုန်းပဲလား။”

“နည်းနည်းပေါ့။” မစ်-နတ်မိမယ်နဂါး ရိုးသားစွာ ပြန်ဖြေလိုက်သည်။

“တောင်းပန်ပါတယ်။ ဒီတစ်ခေါက်က နတ်ဘုရား-ယောင် အထွတ်အထိပ်တွေ မို့လို့ပါ။ ပြီးတော့ မင်း အရင်တစ်ခေါက် သိဒ္ဓိအလင်းတောင်ဆီ သွားခဲ့ဖူးပါတယ်။ အဲဒီက အခြေအနေကို မင်း သိတယ်။ ကိုယ်တောင်...” ချန်လွေ့ စကား ပြောနေစဉ်မှာပင် ရုတ်တရက် ဇိုလာ၏ မျက်လုံးသူငယ်အိမ်များထဲမှ အရောင်စုံ ဖြစ်လာပုံရသည်ကို တွေ့လိုက်ရသည်။ သူ အံ့သြမိသွားသည်။

“ဘာဖြစ်လို့လဲ။” ဇိုလာက သူ၏ စကားတစ်ဝက်တစ်ပျက် ရပ်သွားသည်ကို အံ့အားသင့်သွားခဲ့သည်။

ချန်လွေ့ နောက်တစ်ခါ ကြည့်လိုက်ရာ မျက်လုံးသူငယ်အိမ်များက အသေအချာ ပုံမှန် ခရမ်းရောင် ဖြစ်နေဆဲပင်။ သူက အလင်းရောင်မကောင်း၍ အမြင်မှားသည် ဟူ၍သာ ထင်လိုက်သည်။ သူက ခေါင်းကို ခါလိုက်သည်။ “ဘာမှမဟုတ်ဘူး၊ မင်းရဲ့ မျက်လုံးတွေ... လှနေလို့ပါ။”

“အိုး” ဇိုလာက ပုံမှန်အတိုင်း ပြန်ဖြေပြီး သူ၏ နှလုံးသားက ချိုမြိန်မှုဖြင့် ပြည့်နှက် သွားခဲ့သည်။

(ထားပါ။ ကျွန်မ ရှင့်ကို ခွင့်လွှတ် ပေးလိုက်မယ်။)

“တကယ်တော့......”

ချန်လွေ့ ရှင်းပြရန် ပြင်လိုက်စဉ်မှာပင် ဇိုလာက ရုတ်တရက် သူ့အပေါ်သို့ တက်လာခဲ့သည်။ ပြည့်ဖြိုးသော တစ်စုံက သူ၏ရင်ဘတ်ကို ဖိလိုက်၏။

သူတို့ နှစ်ဦးသည် လွန်ခဲ့သောညက ရင်းနှီးသော အခိုက်အတန့်တစ်ခု ရှိခဲ့ပြီး အဝတ်ဗလာ ဖြစ်နေကြသည်။ တစ်ညတာ အနားယူပြီးနောက် သူတို့က သက်လုံများ ပြန်လည်ရရှိသွားပြီ ဖြစ်သည်။ ‘သာမန်’ ထက် ကျော်လွန်သော ယောက်ျားတစ်ဦး အနေဖြင့် ချန်လွေ့က ချက်ချင်းပင် သဘာဝတုံ့ပြန်မှုတစ်မျိုး ဖြစ်လာခဲ့သည်။

“ဘာပြောတာလဲ။” လှပသော မျက်လုံးပိုင်ရှင် အမျိုးသမီးက အကျင့်အတိုင်း ဟန်ဆောင်ငေးငိုင် နေသည်မှာ အသေအချာပင်။

“ဘာမှမဟုတ်ဘူး။ မင်း လုပ်ချင်တာ လုပ်လို့ရတယ်...”

“ဒါဆိုရင် အခုကစပြီး မိုးလင်းအထိ ကျွန်မ အပေါ်ကနေမယ်။”

“အာ...”

“မရဘူးလား။”

“အာ...ရတာပေါ့...”

All Chapters