ယွီလျန်မြို့တိုက်ခိုက်ခံရခြင်း
Vol. 25 Ch. 367
ရှောင်းမျိုးနွယ်ခေါင်းဆောင်၏ အရဲစွန့်ကာ လာရောက်ခြင်းက အကျိုးရှိသွားဟန်ရသည်။
ခဏအကြာတွင် မုခ်ဝရှိ လေဟာနယ်က အနည်းငယ်တုန်ခါမှုဖြစ်ပေါ်လာပြီးနောက် လူငယ်တစ်ဦး ထွက်ပေါ်လာ၏။
“အရှင်က...၊ ဝင်ခွင့် ပေးလိုက်တယ်...၊ ကျုပ်နောက်က လိုက်ခဲ့ပါ...”
“ကျေးဇူးတင်ပါတယ်...”
ရှောင်းမျိုးနွယ်ခေါင်းဆောင်က ပျော်ရွှင်သွား၏။
ကျီးဟူကျိက မလိုအပ်ကြောင်းဆိုကာ ထိုသားအဖကို လင်းရှန်တောင်ပေါ်သို့ ခေါ်ဆောင်သွားသည်။
“အရှင်...”
ခန်းမတွင်းသို့ ရောက်ရှိချိန်တွင် ရှောင်းမျိုးနွယ်ခေါင်းဆောင်က ဦးစွာနှုတ်ဆက်၍ အရိုအသေပြုလိုက်၏။ သူက ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို တောင်းပန်လိုခြင်းဖြစ်သည်။
ထိုအချိန်တွင် ရှောင်းချန်က အလောကြီးလေသံနှင့် တောင်းဆိုလိုက်သည်။
“အရှင်...၊ ကျုပ်ကို ဟွမ်းရှန့်နန်းတော်ရဲ့ တပည့်အဖြစ်လက်ခံပေးပါ...”
“မင်းက ဘာကြောင့် ဟွမ်းရှန့်နန်းတော်ရဲ့ တပည့်ဖြစ်ချင်တာလဲ...”
ဟွမ်းက တည်ငြိမ်သည့် လေသံနှင့် မေးခွန်းထုတ်လိုက်၏။
“ကျုပ်စီနီယာတို့ကိုအားကျပြီး သူတို့လိုဖြစ်ချင်လို့ပါ...”
ရှောင်းချန်က မတွေဝေပဲ ချက်ချင်းဆိုလိုက်၏။
သူက လုရှင်းယန်တို့ကိုပင် စီနီယာဟု ရည်ညွှန်းနေပြီဖြစ်သည်။ သို့သော် သူ၏ စကားက အမှန်ပင်။
လျှိုမင်ယွမ်တို့နှင့် ပြသနာဖြစ်ခဲ့စဉ်က စဦးအလွှာတွင်ရှိသေးကြသော်လည်း တစ်လကြာအပြီးတွင် နယ်မြေသခင်များကို အနိုင်ယူနိုင်သ ည့် နယ်မြေသခင်များပင် ဖြစ်နေကြသည်။
ထိုအကြောင်းအရာကို သူ၏ မျက်မြင်ကိုယ်တွေ့ မကြုံဖူးခဲ့သော်လည်း သူ၏ ဖခင်စကားမှ တဆင့် အကုန်ကြားသိခဲ့ရ၏။
ထိုသို့ကြားစတွင် ယုံပင် မယုံနိုင်ချေ။ သို့သော် ကျောက်စိမ်းအိမ်တော်က အတည်ပြုပြီးနောက်တွင် အံ့ဩလွန်း၍ ခြေမကိုင်မိလက်မကိုင်မိဖြစ်လာခဲ့သည်။
ထို့အပြင် လုရှင်းယန်တို့ကို အားကျသည့် စိတ်က ချက်ချင်း ဝင်ရောက်လာခဲ့၏။ တစ်လတာမျှ ကြာမြင့်ရံာနှင့်တင် ကွာခြားမှုက မိုးနှင့်မြေပင်။
ထို့ကြောင့်ပင် ဟွမ်းရှန့်နန်းတော် အတွင်းသို့ ဝင်ရောက်လိုခြင်းဖြစ်သည်။
“အကြီးအကဲဝမ်ရဲ့ စမ်းသပ်ချက်ကို ကျော်ဖြတ်နိုင်ရင် ဝင်ခွင့်ပေးမယ်...”
ဟွမ်းက အမူအယာ မပြောင်းလဲပဲ ဆိုလိုက်၏။ ရှောင်းချန်က ဝမ်မုန့်ယွင်ကို ကြည့်ရင်း တွေးတောနေသည်။
“ကျုပ်..ရအောင်ဖြတ်ကျော်မယ်...”
ရှောင်းချန်းက ပြတ်သားသည့် လေသံနှင့် ဆိုလိုက်၏။ ခိုင်မာသည့် ဆုံးဖြတ်ချက် ချထားပြီးဟန်ပင်။
ရှောင်းမျိုးနွယ်ခေါင်းဆောင်က မည်သည့်စကားမျှ ဝင်ရောက်ပြောဆို ခြင်း မရှိပဲ သူသား၏ လုပ်ရပ်များကို တိတ်တဆိတ်ကြည့်ရှုနေ၏။
ရှောင်းချန်က ဟွမ်းရှန့်နန်းတော်အတွင်း ဝင်ရောက်သွားနိုင်လျင် လွန်စွာ ကောင်းပေမည်။
ဝမ်မုန့်ယွင်က သာမန် အကြီးအကဲမဟုတ်မှန်းကို သိရှိသော်လည်း ရင်ဆိုင်ရပေမည်။ မဟုတ်ပါက ဟွမ်းရှန့်နန်းတော်သို့ ဝင်ရောက်နိုင်မည့် လမ်းစပျောက်ကွယ်သွားပေမည်။
“ကျုပ်အသင့်ဖြစ်ပြီ...၊ ဘယ်နေရာမှာ စမ်းသပ်မှာလဲ...”
ရှောင်းချန်က ဆိုလိုက်၏။ သူက ရင်ဆိုင်ရန် အသင့်ဖြစ်နေသည်။
“ဒီမှာ စမယ်...”
ဝမ်မုန့်ယွင်က သူမ၏ နေရာမှ မရွေ့ပဲ ဆိုလိုက်၏။
ရှောင်းချန် မျက်လုံးပြူးသွားလေသည်။ မည်သည့် တိုက်ခိုက်မှုမျိုးကြောင့် ခန်းမထဲမှ မထွက်ရသနည်း။
ခန်းမ ပျက်စီးမသွားနိုင်ပေဘူးလား..။
သို့သော် သူ၏ အတွေးများက မှားယွင်းသွားခဲ့သည်။
အကြောင်းမှာ သူ၏ မြင်ကွင်းများက ပြောင်းလဲ သွားပြီး ရမက်ခြောက်ပါး၏ ဆွဲဆောင်မှုက ပေါ်ထွက်လာ၏။
‘ဘယ်လို...’
ရှောင်းချန်တုန်လှုပ်သွား၏။
‘ဘယ်လို စမ်းသပ်မှုကြီးလဲ...’
သူ မလွန်ဆန်နိုင်သည့် စိတ်ဆန္ဒများက သူ၏ အာရုံတွင် အတင်းအကြပ် တွယ်ကပ်နေသည်။ သူ သတိမလွတ်စေရန် သတိကပ်ထားပြီးနောက် ရမက်များ၏ ညို့ငင်မှုအောက် မကျရောက်သွားစေရန် ထိန်းထား၏။
ဟွမ်းတို့က ရှောင်းချန်၏ ရုန်းကန်မှုကို အသာကြည့်ရှုနေသည်။ သို့သော် မိနစ်ပိုင်း အကြာတွင် ရှောင်းချန်က သတိလစ်ကာ မေ့မြောသွား၏။
“ဘုန်း...”
“ချန်အာ...”
ရှောင်းမျိုးနွယ်ခေါင်းဆောင်က သူ၏ သားကို အလျင်အမြန် ထွေးပွေ့လိုက်ရသည်။
သူ စိတ်မကောင်းဖြစ်သွား၏။ သူ၏ သားဖြစ်သူက ထိုစမ်းသပ်ချက်ကို ဖြတ်ကျော်နိုင်ခြင်း မရှိခဲ့ချေ။
“နန်းတော်သခင်...”
“ကျုပ်...သားရဲ့ အားနည်းမှုကြောင့် ခွင့်လွတ်ပေးပါ...”
သူက ခက်ခဲသည့်လေသံနှင့်ဆိုလိုက်၏။ ထို့နောက် သူ၏ လိုရင်းကို ထပ်မံ ပြောဆိုလိုက်သည်။
“ကျုပ်...အရင်က နန်းတော်သခင်ကို မထီမဲ့မြင်ပြုခဲ့တာတွေကို ခွင့်လွှတ်ပေးပါ...”
“ပြသနာမရှိဘူး...”
ဟွမ်းက အရေး အမှုမထားဟန်နှင့် ဆိုလိုက်သည်။ သူက ထိုကိစ္စများကို စိတ်ထဲမရှိတော့ချေ။ ရှောင်းမျိုးနွယ်အစေခံက သူ၏ တပည့်များ အတွက် တန်ရာတန်ကြေး ပေးဆပ်ခဲ့ပြီးဖြစ်သည်။
“ကျေးဇူးတင်ပါတယ်...”
ရှောင်းမျိုးနွယ်ခေါင်းဆောင်က ထပ်မံဦးညွှတ်လိုက်၏။ ထို့နောက် သူ၏ သားကို ပွေ့ချီကာ ဟွမ်းရှန့်နန်းတော်မှ ထွက်ခွာရန်ပြင်လိုက်သည်။
“နန်းတော်သခင်...၊ ကျုပ်ကို ခွင့်ပြုပါဦး...”
“ဟွမ်းရှန့်နန်းတော်ရဲ့ တပည့်ကို ပြန်ခေါ်သွားခွင့်မရှိဘူး...”
ဟွမ်း၏ တည်ငြိမ်သည့် အသံက ပေါ်ထွက်လာ၏။
ရှောင်းမျိုးနွယ်ခေါင်းဆောင်၏ ခြေလှမ်းများက ရပ်တန့်သွားရသည်။
“နန်းတော်..သခင်...တ..တကယ်ပြောတာလား...”
သူ၏ လေသံကပင် တုန်ယင်နေ၏။ ရှောင်းချန်ကို ဟွမ်းရှန့်နန်းတော်၏ တပည့်အဖြစ် သတ်မှတ်မည်ဟု မထင်ထားခဲ့ချေ။ သူအလွန် စိတ်လှုပ်ရှားနေသည်။
“ကျေးဇူးတင်ပါတယ်...”
ထို့နောက် သူ၏ စိတ်ကို ထိန်းချုပ်ပြီးနောက် ထပ်မံ အရိုအသေပြုလိုက်ပြန်၏။ သို့သော် သူ၏ လေသံက ရွှင်မြူးနေမှုကို ဖုံးကွယ်မထားနိုင်ချေ။
ခဏအကြာတွင် ကျီးဟူကျိက ရောက်ရှိလာပြီး သတိလစ်နေသည့် ရှောင်းချန်ကို သယ်ဆောင်သွား၏။
ထိုအချိန်တွင် ရှောင်းမျိုးနွယ်ခေါင်းဆောင်က ဆက်သွယ်ရေးအဆောင်၏ တုန်ခါမှုကို သတိထားမိသွားသည်။ ထို့ကြောင့် ထုတ်ယူကာ စစ်ဆေးလိုက်ချိန်တွင် အထိတ်တလန့်ဖြစ်သွား၏။
“ဒါ...ဒါ...”
“နန်းတော်သခင်...၊ ကောင်းကင်ကျားမျိုးနွယ်က နယ်မြေသခင်တွေအများကြီးက လျှပ်စီးနယ်မြေထဲကို ဝင်ရောက်လာပြီ...၊ သူတို့က ယွီလျန့်မြို့ကို တိုက်ခိုက်နေကြတယ်...”
ရှောင်းမျိုးနွယ်ခေါင်းဆောင်က အခြေအနေကို ပြန်ပြောပြလိုက်၏။ ထိုဆက်သွယ်မှုက ဟွားရှီးယင်ထံမှ ရောက်ရှိလာခြင်းဖြစ်သည်။
“ကျုပ်ကို ခွင့်ပြုပါဦး...”
ရှောင်းမျိုးနွယ်ခေါင်းဆောင်က ဟွမ်း၏ တုန့်ပြန်မှုကို စောင့်ဆိုင်း မနေတော့ပဲ အလျင်အမြန် ထွက်ခွာသွားသည်။ ရှောင်းအိမ်တော်က ယွီလျန်မြို့တွင်း တည်ရှိနေခြင်းကြောင့် သူက အချိန်မဆွဲလိုတော့ပေ။
“ကြည့်ရတာ...၊ ဒီတစ်ခေါက် သေဆုံးသွားတဲ့ ကောင်းကင်ကျားက သူတို့အတွက် အရေးကြီးတဲ့ပုံပဲ...”
ဟွမ်းက မှန်းဆချက်ကို ပြောဆိုလိုက်၏။
ထို့နောက် ဟွမ်းက ဝမ်မုန့်ယွင်ကို ညွှန်ကြားလိုက်သည်။
“ယောင်အာကို ယွီလျန်မြို့တော်ကို လွှတ်လိုက်...”
“ဟုတ်ကဲ့ပါ...အရှင်..”
ဝမ်မုန့်ယွင်က ချက်ချင်း လုပ်ဆောင်မှုပြုလိုက်သည်။
ထို့နောက် ဟွမ်းက ဆက်သွယ်ရေး အဆောင်ကို ထုတ်ကာ လုရှင်းယန်တို့ကို ဆက်သွယ်ကာ ယွီလျန်မြို့ကို သွားရောက်ရန် ညွှန်ကြားလိုက်၏။
‘ကြည့်ရတာ ကောင်းကင်ကျားမျိုးနွယ်ကို မဖြေရှင်းလို့ မရတော့ဘူးပဲ...’
သူက ထိုမျိုးနွယ်ကို မဖြေရှင်းလိုခြင်း မဟုတ်ပဲ ဖြေရှင်းရန် အချိန်မရသေးခြင်းဖြစ်သည်။
သို့သော် ထိုတိရိစ္ဆာန်များက တစ်ဆင့်ပြီးတစ်ဆင့် တိုးလာခဲ့၏။ ထို့ကြောင့် တစ်ခါတည်း ဖြေရှင်းရန် ဆုံးဖြတ်လိုက်၏။
သာယာငြိမ်းအေးစွာ တည်ရှိနေသည့် ယွီလျန်မြို့တော်က ယခုတွင် တိုက်ပွဲသံများနှင့် ဆူညံနေပြီး လှပသည့် အဆောက်အဦးများကလည်း ပျက်စီးကြေမွနေသည်။
ကောင်းကင်ကျားအသွင်နှင့် ကျင့်ကြံသူများက မြို့တော်အတွင်းရှိ ကျင့်ကြံသူများကို ကြမ်းကြုတ်စွာ တိုက်ခိုက်နေကြ၏။ ထိုသူများက နယ်မြေသခင်ငါးဦးဖြစ်ပြီး ကောင်းကင်အလွှာကျင့်ကြံသူများစွာပါဝင်နေသည်။
ဟွားရှီးယင်တစ်ဦးတည်းနှင့် တိုက်ခိုက်ရန် မစွမ်းသာသော်လည်း ဂိုဏ်းချုပ်သုံးဦး ရောက်ရှိလာမှုကြောင့် ကောင်းကင်ကျားများ၏ တိုက်ခိုက်မှုကို တင်းခံနိုင်ခဲ့သည်။
သို့သော်လည်း ကောင်းကင်ကျားများက အရေအတွက် များပြားနေသောကြောင့် သူမတို့အတွက် အခက်တွေ့နေရ၏။
ထို့အပြင် ကောင်းကင်ကျားမျိုးနွယ်မှ နယ်မြေသခင်ငါးဦးတွင် လက်ယာရံကာကွယ်သူ ပါဝင်နေသောကြောင့် ပိုမို အရေးနိမ့်နေရသည်။
“လျှပ်စီးနယ်မြေ...တစ်ခုလုံးကို ဖျတ်စီးစမ်း...၊ နေရာလပ် မကျန်ခဲ့စေနဲ့...”
လက်ယာရံကာကွယ်သူက ရုတ်ရင်းကြမ်းတမ်းစွာ အမိန့်ပေးလိုက်၏။ သူက ကောင်းကင်ထက်မှ တိုက်ပွဲ၏ အခြေအနေကို ကြည့်ရှုနေခြင်းပင်။
သူက လျှပ်စီးနယ်မြေတစ်ခုလုံး ဖျတ်စီးရန် မစောင့်နိုင်တော့သောကြောင့် နယ်မြေဘုရင်ဟူထက် ရှေ့ပြေး အနေနှင့် ဦးစွာ ရောက်ရှိလာခြင်းပင်။
ယွီလျန်မြို့တော်က သူတို့၏ လမ်းကြောင်းတွင် ဦးစွာ တွေ့မြင်ရသည့် မြို့ဖြစ်နေသောကြောင့် စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက်သူက ဟွားရှီးယင်တို့၏ တိုက်ခိုက်မှုကို ကြည့်ရှုနေရင်း စိတ်မရှည်တော့ပေ။
“သေလိုက်စမ်း...”