← Chapters

နယ်မြေဘုရင်တစ်ဦးပေါ်ထွက်လာခြင်း

Vol. 25 Ch. 370

နယ်မြေဘုရင်တစ်ဦးပေါ်ထွက်လာခြင်း

Vol. 25 Ch. 370

“မဖြစ်နိုင်ဘူး...”

တီးတိုးရေရွတ်သံတစ်ခုပေါ်ထွက်လာ၏။ ထိုအသံတွင် တုန်လှုပ်မှုများစွာ ပါဝင်နေသည်။

ဤစကားကိုရေရွတ် ဟွားရှီးယင်ပင်။

‘မဟုတ်ဘူး...မဟုတ်ဘူး...’

သူမ၏ ရင်တွင်းကျယ်လောင်စွာ အော်ဟစ်လိုက်မိ၏။

သူမက ကောင်းကင်ကျားမျိုးနွယ်၏ သင်္ဘောပေါ်မှ ပေါ်ထွက်လာသည့် ပုံရိပ်နှစ်ခုကို ကြည့်ရင်း အလွန်ပင် တုန်လှုပ်နေမိ၏။

သူမ၏ အရှိန်အဝါကို တိတ်ဆိတ်ရုပ်သိမ်းကာ ထိုပုံရိပ်က သတိမထားမိစေရန် ဖုံးကွယ်လိုက်သည်။

ထိုစဉ်တွင် နယ်မြေဘုရင်ဟူက အသိဝင်လာကာ ကြမ်းတမ်းသည့် လေသံနှင့် ဆိုလိုက်၏။

“မင်းတို့ကို...ငါသတ်မယ်...”

သူက ထိုနေရာမှ ထလာကာ လုရှင်းယန်တို့ ရှိရာ နေရာကို သူ၏ အရှိန်အဝါနှင့် ဖိနှိပ်လိုက်သည်။

သူက ပိုင်ကျန့်ယွီ၏ ဓားစွမ်းအင်ကို သတိထားမိသော်လည်း နယ်မြေသခင်တစ်ဦး၏ တိုက်ခိုက်မှုက သူစွက်ဖက်ရန် အဖက်မတန်ချေ။

ထို့အပြင် ဟူချင်းယွမ်က ဖြေရှင်းလိုက်နိုင်မည်ဟု တွေးထင်ထားသည်။

သူ၏ အထင်က မှားသွားခဲ့ကာ ပိုင်ကျန့်ယွီ၏ တိုက်ခိုက်မှုကို မတားဆီးနိုင်ခဲ့ချေ။

သူ့တွင် ဇနီးမယားနှင့် ကိုယ်လုပ်တော်များစွာရှိသော်လည်း သားဖြစ်သူက ဟူချင်းယွမ်တစ်ဦးတည်းသာရှိ၏။

ထို့အပြင် သူ၏ ခေတ်က ညီအစ်ကိုများစွာ ရှိခဲ့သောကြောင့် ခေါင်းဆောင်နေရာတွက် အချင်းချင်း လုပ်ကြံသတ်ဖြတ်ကာ နေရာတစ်နေရာစာ အတွက် လုယူကြရသည်။

ထိုသို့ လုယူပြီးနောက် သူက အနိုင်ရသူဖြစ်လာခဲ့၏။ ဟူချင်းယွမ် မွေးဖွားပြီးနောက်တွင် သူတုန်းကကဲ့သို့ ရင်မဆိုင်လိုစေသောကြောင့် သူ၏ ဇနီးများကို နောက်ထပ်မည်သူ့မျှ မွေးဖွားခွင့် မပြုခဲ့ချေ။

သူက ဟူချင်းယွမ်အပေါ်တွင်သာ အားလုံးပုံအောခဲ့သည်။ သို့သော် သူ၏ အချစ်ရဆုံးသားက မျက်စိတစ်မှိတ်အတွင်း သတ်ဖြတ်ခံခဲ့ရသည်။

သူ၏ ဒေါသရန်ငြိုးက မပြေငြိမ်းနိုင်တော့ပေ။

“မင်းတိုးရဲ့ အရိုးတွေကို တစ်ချောင်းချင်းစီချိုးပြီး...ငါ့ရဲ့သားအတွက် ဒေါသကို ဖြေဖျောက်ပေးမယ်..”

ဒေါသမီးများလောင်ကျွမ်းနေသည့် လေသံနှင့် အတူ ပြင်းထန်သည့် ဖိအားက လုရှင်းယန်တို့အပေါ် ကျရောက်လာ၏။

“ဝုန်း...”

လျှိုမင်ယွမ်က ချက်ချင်းဆိုသလို ကျောက်ဝမ်အာကို ဆွဲခေါ်ကာ ထိုဖိအားစက်ဝန်း၏ ဝေးရာသို့ ဆုတ်ခွာသွား၏။

ထိုအရာအတွက် လုရှင်းယန်နှင့် ပိုင်ကျန့်ယွီတို့က မည်သို့မျှ သဘောမထားပေ။ လျှိုမင်ယွမ်က မကူညီချင်၍ မဟုတ်ပဲ သူတို့၏ ဂျုနီယာညီမလေးက အားနည်းသွားသောကြောင့်ပင်။

ကျောက်ဝမ်အာ ဘေးကင်းရေးက သူတို့သုံးဦး၏ ဦးစားပေး အရာပင်။

လုရှင်းယန်က ချက်ချင်းဆိုသလို သူ၏ ရှိသမျှ စွမ်းအင်များကို ဖော်ထုတ်ကာ ထိုဖိအားကို တွန်းလှန်လိုက်၏။ သူ၏ စွမ်းအင်များကို မထိန်ချန်ထားပေ။

တစ်ဖက်သူတွင် ကြောက်မက်ဖွယ်စွမ်းအင်များ ရှိနေသည်။

သူ၏ ဖီးနစ်နှလုံးသားလှံကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားကာ အကာအကွယ်စက်ဝန်းတစ်ခု ထုတ်ဖော်လိုက်၏။

၎င်းတွင် ငရဲကိုးဘုံမီးတောက်၏ စွမ်းအင်များ ပါဝင်နေပြီး သူနှင့် အတူ ပိုင်ကျန့်ယွီကို ကာကွယ်ထားသည်။

ပိုင်ကျန့်ယွီလည်းအလားတူပင်။ သူ၏ ဓားအရှိန်အဝါကို လုရှင်းယန်၏ အကာအကွယ်တွင် ဖြည့်စွက်လိုက်၏။

ငရဲကိုးဘုံမီးတောက်နှင့် အတူ ဓားစွမ်းအင်များက သူတို့နှစ်ဦးကို လွှမ်းခြုံထားကာ နယ်မြေဘုရင်ဟူ၏ ဖိအားများကို အံတုလိုက်ကြသည်။

သူက ဟူချင်းယွမ်ကို သတ်ဖြတ်ခဲ့ခြင်းအတွက် နောင်တမရပေ။ စွမ်းအားမရှိပဲ အာချောင်သည့် ကောင်ဟုသာ သတ်မှတ်လိုက်၏။

သူ၏ လက်က စိတ်ထက် မြန်ဆန်လွန်းသည်။

ထို့အပြင် ဟူချင်းယွမ်ကို မသတ်လျင်တောင် နယ်မြေဘုရင်ဟူက သူတို့ကို အလွတ်ပေးမည် မဟုတ်ချေ။

ထို့ကြောင့် အမှိုက်များကို ဦးစွာ ရှင်းထုတ်လိုက်သည်။

ယခုတွင်တော့ နယ်မြေဘုရင်တစ်ဦး၏ စွမ်းအင်များက ဟာသမဟုတ်မှန်း သိရှိသွားရပြီဖြစ်၏။

သူတို့က နယ်မြေဘုရင်ဟူ၏ ဖိအားအောက်တွင် လှုပ်ရှားရန်ပင် ခက်ခဲနေသည်။

လျှိုမင်ယွမ်က ကျောက်ဝမ်အာကို ထိန်းထားရင်း အံကြိတ်လိုက်မိ၏။

နယ်မြေဘုရင်ဟူက သူတို့နှစ်ဦး၏ ခုခံမှုကို ကြည့်ရင်း ထပ်မံတိုက်ခိုက်လိုက်သည်။

သူ၏ ခန္ဓာကိုယ်တွင် စွမ်းအင်များ လည်ပတ်လာပြီးနောက် တဖြည်းဖြည်းနှင့် ကောင်းကင်ထက်သို့ ပျံသန်းလာ၏။

“လာစမ်း...”

နယ်မြေဘုရင်ဟူက ကောင်းကင်ထက်မှ ကြယ်ခူးဆွတ်သည့် အသွင်ပြုလုပ်လိုက်သည်။

ထိုအချိန်တွင် ကောင်းကင်ထက်တွင် ကြီးမားသည့် မီးများ လောင်ကျွမ်းနေသည့် ဂြိုဟ်တစ်ခု အသွင်နှင့် မီးလုံးကြီး ပေါ်ထွက်လာ၏။

၎င်းက လုရှင်းယန်နှင့် ပိုင်ကျန့်ယွီတို့အပြင် ယွီလျန်မြို့တော်တစ်ခုလုံး၏ ဦးခေါင်းထက်တွင် ရောက်ရှိနေခြင်းပင်။

“ဒါက...”

လျှပ်စီးနယ်မြေမှ ကျင့်ကြံသူများပင် လှုပ်ရှားရန် စွမ်းသာတော့ချေ။ သူတို့၏ ခွန်အားများ ကုန်ဆုံးသွားသည့်အလား ခံစားမိလိုက်၏။

၎င်းမီးလုံးကြီး၏ မြင့်မားလှသည့် အပူချိန်ကြောင့် လေဟာနယ်ပင် လောင်ကျွမ်းလာသည်။

နယ်မြေဘုရင်ဟူက သူ၏ ကြီးမားသည့် လက်နှင့် ၎င်းမီးလုံးကြီးကို ဆုပ်ကိုင်ကာ အရှိန်ဟုန် ပြင်းပြင်း ပစ်ပေါက်တော့မည့်အလားပင်။

သူက ယွီလျန်မြို့တော်တစ်ခုလုံးကို မီးမြိုက်ပစ်ပေတော့မည်။

သူ၏ သားသေဆုံးမှုက ဒေါသကို အထွတ်ထိပ်သို့ ရောက်ရှိစေခဲ့၏။ ထို့အပြင် သူ၏ နှလုံးသားကို ကြိတ်ချေလိုက်သည့် အလား ခံစားနေရသည်။

ထို့ကြောင့် သူ၏ ဒေါသမီးနှင့် လျှပ်စီးနယ်မြေတစ်ခုလုံး ဖြိုခွဲပစ်ရန် သံဓိဌာန်ချလိုက်သည်။

ထို့နောက် ရုတ်ရင်းကြမ်းတမ်းစွာ အော်ဟစ်လိုက်၏။ သူ၏ အသံက ကမ္ဘာမြေကိုပင် တုန်ဟီးသွားစေနိုင်သည်။

“သေလိုက်စမ်း...”

ဂြိုဟ်တစ်လုံးအသွင် မီးလုံးကြီးက ယွီလျန်မြို့တော်နှင့် တဖြည်းဖြည်း နီးကပ်လာသည်။

“သွားပြီ...”

ယန်ကျီးဝေ့တို့က သေဆုံးပြီဟု မှတ်ယူလိုက်ကြ၏။ သူတို့တွင် တွန်းလှန်နိုင်စွမ်း ရှိမနေတော့ချေ။

“ငါ့ရဲ့ ယွီလျန်မြို့တော်ကနေ ထွက်သွားစမ်း...”

ကြည်လင်သည့် အသံနှင့် အတူ ကြီးမားလှသည့် ကြာပန်းတစ်ခု ပေါ်ထွက်လာသည်။

၎င်းက မီးလုံးကြီး ကျဆင်းလာချိန်တွင် လျှပ်စီးနယ်မြေမှ ကျင့်ကြံသူများကို လွှမ်းခြုံသွားတော့၏။

ကြာပန်းဖွင့်ချပ်များက စုစည်းသွားပြီး မြို့တော်တစ်ခုလုံးကို ကြာဖူးတစ်ခုအတွင်း ထည့်သွင်းလိုက်သည့်အလားပင်။

“ဝုန်း...”

“ဝုန်း...”

မီးလုံးကြီးက ကြမ်းတမ်းစွာ ကျဆင်းနေပြီး ကျင့်ကြံသူများက ကြာပန်း၏ ကာကွယ်ခြင်းကို ခံထားရ၏။

သို့သော်လည်း မီးလုံးကြီး၏ ကြမ်းတမ်းစွာ ပေါက်ကွဲမှုကြောင့် ယွီလျန်မြို့တော်တစ်ခုလုံး ခါယမ်းနေသည်။

ထိုသို့ ခါယမ်းမှုကြောင့် ကျင့်ကြံသူများ၏ ဟန်ချက်များကို ပျက်ယွင်းသွားစေ၏။

စွမ်းအင်ပေါက်ကွဲမှုကြောင့် ကြာပန်းက ပျက်ပြယ်သွားသော်လည်း ယွီလျန်မြို့တော်မှ မည်သူမျှ မထိခိုက်ခဲ့ပေ။

ထို့နောက်တွင် စွမ်းအင်လှိုင်းတစ်ခုကပေါ်ထွက်လာပြီး ဖိနှိပ်ခံထားရသည့် လုရှင်းယန်တို့ကို ဖြေလျော့ပေးလိုက်သည်။

“ဘယ်သူလဲ...ထွက်လာခဲ့စမ်း...”

နယ်မြေဘုရင်ဟူက ဒေါသတကြီး အော်ဟစ်လိုက်၏။ သူ၏ ဒေါသများက မုန်တိုင်းအလား ခက်ထန်လွန်းနေသည်။

ထိုလူငယ်များကို ကျိန်းသေပေါက် သတ်ဖြတ်မည်ဖြစ်သည်။ သူ၏ လမ်းကို တားဆီးပါက ထိုသူကိုပင် အလွတ်ပေးမည်မဟုတ်ချေ။

သူ၏ အဖိုးတန်သား ဆုံးရှုံးထားရခြင်းဖြစ်သည်။

ထိုအချိန်တွင် နယ်မြေဘုရင်ဟူက ထွက်ပေါ်လာသည့် ပုံရိပ်ကြောင့် မျက်မှောင် ကြုတ်မိသွား၏။ သူ၏ တိုက်ခိုက်မှုကိုပင် ကာကွယ်လိုက်နိုင်သူမှာ အမျိုးသမီးတစ်ဦး ဖြစ်နေသည်။

ထို့အပြင် သူမကို ရင်းနှီးနေ၏။

‘ဒီမိန်းမက နယ်မြေဘုရင်အဆင့်ကို ဘယ်လိုရောက်ရှိသွားတာလဲ...’

သူမက ဟွားကျစ်ယင်ဖြစ်သည်။ ဝိညာဉ်နိုးထခြင်းသစ်သီးကို အပြည့်အဝ စုပ်ယူနိုင်ခဲ့ပြီးနောက် နယ်မြေဘုရင် တစ်ဦးဖြစ်လာခဲ့သည်။

လျှပ်စီးနယ်မြေမှ ကျင့်ကြံသူများက ကယ်ဆယ်ခြင်း ခံလိုက်ရသောကြောင့် သက်ပြင်းချမိသွား၏။

ထို့အပြင် ဟွားကျစ်ယင်၏ နယ်မြေဘုရင် အဆင့်ရောက်နေခြင်းက သူတို့အားလုံးကို မှင်သက်သွားစေသည်။

သူမ မည်သို့ ရောက်ရှိသွားမှန်း မသိကြပေ။ ထိုအမျိုးသမီးက သူတို့ထက်များစွာ ငယ်ရွယ်သူဖြစ်၏။

သို့သော် လုရှင်းယန်တို့ ထွက်ပေါ်လာပြီးနောက်ပိုင်းတွင် ကျင့်ကြံမှုအဆင့်အတန်းကို အသက်အရွယ်နှင့် ခွဲခြား၍ မရတော့မှန်း လက်ခံထားပြီးဖြစ်သည်။

မည်သို့ပင်ဖြစ်စေ သူတို့နယ်မြေတွင် နယ်မြေဘုရင်တစ်ဦး ထွက်ပေါ်လာပြီဖြစ်သည်။

ကျင့်ကြံသူများက ပျော်ရွင်နေသော်လည်း ဟွားရှီးယင်ကတော့ လွန်စွာ တုန်လှုပ်နေမိ၏။ သူမ၏ အတွေးများပင် ကရောက်ကယက်ဖြစ်နေရသည်။

ဟွားကျစ်ယင် ထွက်ပေါ်လာပြီးချိန်တွင် သူမက ညှင်သာသည့် ခြေလှမ်းများနှင့် လှမ်းလာကာ နယ်မြေဘုရင်ဟူကို ဆိုလိုက်၏။

“ရှင့်က လျှပ်စီးနယ်မြေကို ရောက်မလာခဲ့သင့်ဘူး...”

သူမ၏ အရှိန်အဝါက ပေါ်ထွက်လာသည်။ နယ်မြေဘုရင်အဆင့်သို့ ရောက်ရှိသည်မှာ မကြာသေးသော်လည်း သူမ၏ အရှိန်အဝါက သန့်စင်နေ၏။

ထိုအချိန်တွင် သင်္ဘောထက်မှ ကြောက်မက်ဖွယ်ရာ စွမ်းအင်တစ်ခုက ပေါ်ထွက်လာသည်။ ၎င်းနှင့် အတူ စူးရှသည့် အသံက လိုက်ပါလာ၏။

“နောက်ဆုံးတော့ မင်းတို့ကို တွေ့ပြီ...”

All Chapters