← Chapters

လွဲမှားမှု

Vol. 25 Ch. 371

လွဲမှားမှု

Vol. 25 Ch. 371

ဟွားရှီးယင်က သူမ၏ ခန္ဓာကိုယ်ကို ထိန်းရခက်ခဲသည်အထိ တုန်လှုပ်လာသည်။ သူမ စိုးထိတ်နေ့သည့် အရာက တကယ်ပင် ဖြစ်လာခဲ့ပြီ..။

“နယ်မြေဘုရင်ဟူ...၊ ဒီအမျိုးသမီးကို ကျုပ်ထိန်းထားပေးမယ်...၊ ခင်ဗျား လုပ်စရာရှိတာ ဆက်လုပ်တော့...”

ကျန့်မုလျန်က သင်္ဘောထက်မှ ဆင်းသက်လာရင်းဆိုလိုက်၏။

သူက တိတ်တဆိတ် စောင့်ကြည့် နေသော်လည်း ထိုအမျိုးသမီးက သူ၏ စိတ်အာရုံကို ဆွဲဆောင်သွားခဲ့သည်။

“ကျန့်မုလျန်...”

ဟွားကျစ်ယင်က အံကြိတ်ကာ ရေရွတ်လိုက်၏။ သူမက ကျန့်မုလျန်၏ အငွေ့အသက်ကို ခံစားမိပြီးဖြစ်သည်။

ထို့ကြောင့်သူမက ရည်ညွှန်းပြောဆိုခဲ့သူမှာ ကျန့်မုလျန်ဖြစ်နိုင်၏။

ရုတ်ချည်းဆိုသလို သူမ၏ ခန္ဓာကိုယ်မှ သတ်ဖြတ်လိုသည့် အရှိန်အဝါများ ပေါ်ထွက်လာ၏။

သူမက ကျန့်မုလျန်ကို သတ်ဖြတ်ချင်နေခြင်းပင်။

“စွမ်းအင်တွေနဲ့ ရင်းနှင်းပါတယ်လို့ ခံစားမိနေတာ ငါ့ခံစားချက်က မမှားဘူးပဲ...”

“ဟားဟား...၊ ဒီနယ်မြေကို လိုက်လာခဲ့တာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုပဲ...”

ကျန့်မုလျန်က ပျော်ရွင်နေသည့်အလား ရယ်မောကာဆိုလိုက်၏။

သို့သော် သူ၏ လေသံက တင်းမာနေပြီး လုပ်ယူထားသည့် လေသံမျိုးဖြစ်နေသည်။

“အဲ့ဒီတုန်းက အရာကို ထုတ်ပေးလိုက်စမ်း...”

ကျန့်မုလျန်၏ အသံက ကောင်းကင်ထက်သို့ပင် စူးနစ်သွားစေ၏။

ထို့နောက် ချက်ချင်းဆိုသလို ဓားစွမ်းအင်ကို ဟွားကျစ်ယင်ထံ ပစ်လွတ်လိုက်သည်။ အဖြူရောင်ဓားစွမ်းအင်လှိုင်းက မြန်ဆန်သည့် အလျင်နှင့် ဟွားကျစ်ယင်ထံ တိုးဝင်လာ၏။

“ဝုန်း...”

ဟွားကျစ်ယင်က မြန်ဆန်စွာနှင့် ကြာပန်းတစ်ခုကို ထုတ်ဖော်ကာ ကျန့်မုလျန်၏ တိုက်ခိုက်မှုကို တားဆီးလိုက်သည်။

ကျန့်မုလျန်က ဟွားကျစ်ယင်များစွာ တိုးတက်လာသည်ကို လက်ခံလိုက်သည်။ ယခင်က သူ၏ တိုက်ခိုက်မှုကို မည်သို့မျှ မခုခံနိုင်သော်လည်း ယခုတွင်တော့ တားဆီးနိုင်စွမ်းရှိနေ၏။

“ရှင့်ကို ဒီနေရာမှာပဲ မြှုပ်နှံပေးမယ်...”

သူမက စိတ်မထိန်းနိုင်တော့ပဲ ကြီးမားသည့် ကြာပန်းတစ်ခုကို ချက်ချင်းထုတ်ကာ ကျန့်မုလျန်ထံ ပစ်ပေါက်လိုက်သည်။

၎င်းတွင် သူမ၏ ဒေါသများကို ထည့်သွင်းထားခြင်း ဖြစ်၏။

“နှစ်အနည်းငယ်လောက် မတွေ့လိုက်ရရုံနဲ့ အတော်တိုးတက်လာတာပဲ...၊ ဒါပေမဲ့ မလုံလောက်သေးဘူး...”

ကျန့်မုလျန်က ကြာပန်းကိုကြည့်ရင်း အေးဆေးသက်သာစွာဆိုလိုက်၏။ သူ၏ အမူအယာက တည်ငြိမ်နေဆဲပင်။

ထို့နောက် ချက်ချင်း သူ၏ ဓားကို ဝှေ့ယမ်းလိုက်သည်။ ကြမ်းတမ်းလွန်းသည့် ဓားစွမ်းအင်လှိုင်းများက တဟုန်ထိုး ထွက်ပေါ်လာပြီး ကြာပန်းထံဝင်ရောက်သွား၏။

“ရွှစ်...”

သူက ဓားချက်တစ်ချက်မျှသာ ထုတ်ဖော်ခဲ့သော်လည်း များပြားလှသည့် ဓားစွမ်းအင်များက ကြာပန်းကို အချက်ပေါင်းများစွာ ပိုင်းဖြတ်သွားသည်။

“ခရက်...”

“ဝုန်း...”

ကြာပန်းက ကျန့်မုလျန်ထံ မရောက်ရှိလိုက်ပဲ ပြိုကွဲသွားရ၏။

ဟွားကျစ်ယင်၏ မျက်ဝန်းများလေးနက်သွားသည်။ မထင်မှတ်စွာနှင့် နယ်မြေဘုရင်နှစ်ဦးရောက်ရှိလာခဲ့ခြင်းပင်။

ထို့အပြင် တစ်ဦးက သူမနှင့် မကြေလည်နိုင်သည့် ရန်ငြိုးများ ရှိနေသူဖြစ်၏။

သူမက နယ်မြေဘုရင်ဖြစ်လာသော်လည်း ကျန့်မုလျန်ကဲ့သို့ မြေခွေးအိုကြီးကို အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက်မရှိသေးချေ။

ထိုသူက နယ်မြေဘုရင်ဖြစ်နေသည်မှာ နှစ်ပေါင်းသောင်းချီ၍ ကြာမြင့်နေပြီဖြစ်သည်။

နယ်မြေဘုရင်ဟူက သက်တောင့်သက်သာဖြစ်သွား၏။ ထိုနှစ်ဦးက ရင်းနှီးဟန် ရပြီး အတိတ်မှ မပြေလည်နိုင်သည့် အငြိုးများ ရှိနေသည့် အသွင်ပင်။

ထို့အပြင် သူ့အတွက် ပို၍ပင် အဆင်ပြေသွား၏။ သူက အနှောက်အယှက်ကင်းကင်းနှင့် ပိုင်ကျန့်ယွီတို့ကို သတ်ဖြတ် နိုင်တော့မည်ဖြစ်သည်။

မဟုတ်ပါက နယ်မြေဘုရင်တစ်ဦးကို ထိန်းထားရသည်မှာ အတော်ပင်အလုပ်များပေမည်။ ကျန့်မုလျန်ကို အကူအညီတောင်းပါက နယ်မြေဘုရင်တစ်ဦးနှင့် အချင်းမများလိုသည်မှာ ကျိန်းသေပင်။

ယခုတော့ သူ့သဘောနှင့်သူ ဝင်ရောက်လာသောကြောင့် သူ့တွင် စိတ်ပူစရာမရှိတော့ချေ။

“မင်းတို့ကို ဘယ်သူက ကူညီပေးနိုင်ဦးမလဲကြည့်မယ်...”

နယ်မြေဘုရင်ဟူက ကြမ်းကြုတ်စွာနှင့် ဆိုလိုက်၏။ ထို့အပြင် သူတို့၏ မောက်မာမှုက ထိုနယ်မြေဘုရင်အမျိုးသမီးထံမှ ရောက်ရှိလာသည်ဟု တွေးထင်မိသွားသည်။

“သေလိုက်စမ်း...”

နယ်မြေဘုရင်ဟူက လက်ဟန်ပြုလုပ်လိုက်ချိန်တွင် အနီရောင်လက်သည်းများစွာ ပေါ်ထွက်လာ၏။

လုရှင်းယန်တို့က မျက်မှောင်ကြုတ်မိသွားသည်။ သူတို့တွေ့ဆုံဖူးသည့် ကောင်းကင်ကျားများက မီးစွမ်းအင်နှင့် ခန္ဓာကိုယ်တိုက်ခိုက်ရေး စွမ်းအင်နှစ်မျိုး ထုတ်သုံးနိုင်သူကို မတွေ့ခဲ့ရချေ။

လက်ဝဲရံက မီးစွမ်းအင်များနှင့် တိုက်ခိုက်ခဲ့သူဖြစ်ပြီး လက်ယာရံက ခန္ဓာကိုယ်ကိုအားပြုကာ တိုက်ခိုက်မှုများ ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

သို့သော် နယ်မြေဘုရင်ဟူက အဖက်ဖက်မှ ပြည့်စုံနေ၏။

သူတို့က အတွေးများကို ဆက်လက် မတွေးနိုင်တော့ချေ။

အကြောင်းမှာ နယ်မြေဘုရင်ဟူက ကြမ်းတမ်းလှသည့် အနီရောင်လက်သည်းများကို ပစ်လွှတ်လိုက်သောကြောင့်ပင်။

“သွားစမ်း...”

“ဝှစ်...”

လက်သည်းများက လျှပ်စီးတမျှမြန်ဆန်လွန်းက တခဏအတွင်း လုရှင်းယန်တို့ အနားရောက်ရှိလာသည်။

“ထန်..”

သထ္တုချင်စ ထိခတ်သံများ အဆက်မပြတ် ပေါ်ထွက်နေ၏။

လုရှင်းယန်တို့ နှစ်ဦးက သူတို့၏ လက်နက်များနှင့် ထိုလက်သည်းများ လာရာ လမ်းကြောင်းကို ဖျက်ဆီးနေကာ နောက်တွင်ရှိသည့် လျှိုမင်ယွမ်နှင့် ကျောက်ဝမ်အာကို ကာကွယ်ပေးလိုက်သည်။

လျှိုမင်ယွမ်ကလဲ သူ၏ စိတ်စွမ်းအင်များနှင့် ကျောက်ဝမ်အာကို ရစ်ပတ်ပေးထားကာ လက်သည်းများမထိမှန်စေရန် တားဆီးပေးထား၏။

လုရှင်းယန်က ချက်ချင်းဆိုသလို သူ၏ လှံအား နာရီလက်တံအတိုင်း လှည့်ပတ်စေကာ လက်သည်းများဝင်ရောက်လာမှုကို တားဆီးနေရသည်။

ပိုင်ကျန့်ယွီက သူ၏ ဓားစွမ်းအင်များကို အဆက်မပြတ် ထုတ်ဖော်ကာ လက်သည်း၏ လာရာလမ်းကြောင်းကို ပိတ်ဆို့ထား၏။

များပြားသည့် လက်သည်းများကြောင့် သူတို့၏ စွမ်းအင်များကို မြင့်မားစွာသုံးစွဲထားရသည်။

ထို့အပြင် လက်သည်းများကို ကာကွယ်လိုက်နိုင်သော်လည်း လက်သည်းတစ်ခုကို တားဆီးလိုက်တိုင်း သူတို့၏ လက်များက ထုံကျဉ်နေ၏။

နယ်မြေဘုရင်ဟူက လုရှင်းယန်တို့ကို အခွင့်အရေး မပေးတော့ပဲ သူတို့အနားအလျင်အမြန် ရောက်ရှိလာ၏။ ထို့နောက် ချက်ချင်းဆိုသလို လုရှင်းယန်နှင့် ပိုင်ကျန့်ယွီကို သူ၏ ခက်နှစ်ဖက်နှင့် တပြိုင်တည်း ရိုက်ချလိုက်သည်။

“သေလိုက်ကြတော့...”

လုရှင်းယန်တို့က စိုးထိတ်သွား၏။ နယ်မြေဘုရင်ဟူ၏ လက်ဝါးကို မတားဆီးနိုင်တော့သော်လည်း သူတို့တွင်ရှိသမျှ စွမ်းအင်များကို ထုတ်ဖော်ကာ တက်နိုင်သမျှ တားဆီးရန် ကြိုးစားလိုက်သည်။

သို့သော် နယ်မြေဘုရင်ဟူက တုန့်ဆိုင်းသွား၏။

အကြောင်းမှာ ခရမ်းရောင်အလင်းတန်းတစ်ခုက လေထုကို ခွင်းက အလျင်အမြန်နှုန်းနှင့် သူ့ထံ ဝင်ရောက်လာသောကြောင့်ပင်။

နယ်မြေဘုရင်ဟူက သူ၏ လက်ဝါးကို လမ်းကြောင်းပြောင်းကာ ထိုအလင်းတန်းကို တားဆီးလိုက်၏။

ခရမ်းရောင်အလင်းတန်းက အနီးအနားရောက်ရှိချိန်တွင် ဓားတစ်လက်ဖြစ်နေပြီး နယ်မြေဘုရင်ဟူက ကြမ်းတမ်းစွာ ရိုက်ချလိုက်သည်။

“ဝုန်း...”

နယ်မြေဘုရင်ဟူက တားဆီးလိုက်နိုင်သည်။ သို့သော် သူ၏ လက်က ခရမ်းရောင်ရေခဲအလွှာများနှင့် အေးခဲသွား၏။

ထိုဓားထံမှ အေးစက်သည့် စွမ်းအင်များစွာ ပါဝင်နေပြီး ဖြတ်သန်းလာရာ လမ်းကြောင်းတစ်လျှောက်တွင် ရေခဲအလွှာများ ဖြစ်တည်ကုန်သည်။

နယ်မြေဘုရင်ဟူက ဂရုမစိုက်ဟန်နှင့် နှာတစ်ချက်မှုတ်လိုက်၏။

“ဟမ့်...”

သူက လက်သီးကို ကြမ်းကြမ်းတမ်းတမ်းဆုပ်လိုက်ရာ ၎င်းရေခဲအလွှာများက ချက်ချင်း ဆိုသလို ကြေမွသွားတော့သည်။

ထိုစွမ်းအင်များက အတော်လေးကြမ်းတမ်းသော်လည်း သူအလေးအနက် စဉ်းစားရသည်အထိ မမြင့်မားချေ။

မြန်ဆန်လွန်းသည့် အလျှင်နှင့် ပုံရိပ်တစ်ခုက လုရှင်းယန်တို့ အနားသို့ ရောက်ရှိလာသည်။

“အစ်မကြီး...”

လုရှင်းယန်တို့က ယွဲ့ဝူယောင် ရောက်ရှိလာခြင်း အနည်းငယ် ပျော်ရွှင်သွား၏။ သို့သော် တစ်ဖက်က နယ်မြေဘုရင် တစ်ဦးဖြစ်နေသည်မို့ အပြည့်အဝ မပျော်ရွှင်နိုင်ပေ။

“မကုန်နိုင်တော့ဘူးလား...”

နယ်မြေဘုရင်ဟူက ဒေါသတကြီး ရေရွတ်မိသွား၏။

တစ်ယောက်ပြီး တစ်ယောက်ရောက်ရှိလာကြသည်။ တစ်ခုခုလွဲမှားနေသည်ကို ခံစားမိ၏။ သို့သော် မည်သည့်နေရာက လွဲချော်နေသည်မှန်း စဉ်းစား၍ မရချေ။

ဤအတိုင်းဆိုလျင် သူ၏ တိုက်ပွဲက အဆုံးသတ်နိုင်တော့မည်မဟုတ်ပေ။

ထပ်မံရောက်ရှိလာသည့် မိန်းကလေးက သာလွန်သည့် စွမ်းရည်များ ရှိဟန်ရပြီး သူမ၏ အသွင်က ထူးခြားကာ အေးစက်နေသည်။

ထို့အပြင် သူမ၏ ဓားကလည်း ထူးခြားနေကာ သူ့ကိုပင် အေးခဲမှုကို လုပ်ဆောင်နိုင်ခဲ့၏။ တစ်ခဏမျှ ဆိုသော်လည်း မည်သည့် နယ်မြေသခင်မျှ ထိုသို့ မလုပ်ဆောင်နိုင်ပေ။

သို့သော် နယ်မြေသခင်သာ ဖြစ်နေသောကြောင့် ဂရုစိုက်ခြင်းတော့မရှိပေ။

နယ်မြေသခင် မည်မျှပင်များပြားပါစေ နယ်မြေဘုရင်တစ်ဦးကို အံတုနိုင်မည်မဟုတ်ဟု ယုံကြည့်ထားသည်။

All Chapters