ဟွားညီအစ်မ၏ရန်ငြိုး
Vol. 25 Ch. 372
ဟွားကျစ်ယင်က ထူးဆန်းသည့် မိန်းကလေးတစ်ဦး ရောက်ရှိလာမှုကြောင့် လုရှင်းယန်တို့ အဆင်ပြေလောက်မည်ဟု ယူဆကာ သူမ၏ တိုက်ပွဲကို အရှိန်မြင့်တင်လိုက်၏။
“ဒီနေ့မှာ မင်းတို့ကိုဘယ်သူကမှ မကယ်တင်နိုင်စေရဘူး...”
ကျန့်မုလျန်က ရက်စက်ကြမ်းကြုတ်သည့် စကားလုံးများနှင့် အတူ တိုက်ခိုက်မှုက ပြင်းထန်လာ၏။
ထို့ကြောင့် ဟွားကျစ်ယင်က တိုက်ပွဲကို ယွီလျန်မြို့နှင့် ဝေးရာကို ဆွဲခေါ်သွားသည်။
သူမက ကျန့်မုလျန်နှင့် အသေအကြေ တိုက်ခိုက်ရန် ဆုံးဖြတ်ထား၏။
ထိုသူက သူမတို့၏ မိသားစုကို သတ်ဖြတ်ကာ ဒုက္ခမျိုးစုံ ပေးအပ်ခဲ့သူပင်။
ဟွားရှီးယင်နှင့် ဟွားကျစ်ယင်တို့ နှစ်ဦးက နတ်ဓားဝိညာဉ်နယ်မြေရှိ ဟွားအိမ်တော်မှ ဖြစ်သည်။
ဟွားအိမ်တော်က နယ်မြေဘုရင်မရှိသည်ကလွဲ၍ နတ်ဓားဝိညာဉ်နယ်မြေတွင် ထိပ်သီးမျိုးနွယ်တစ်ခုဖြစ်ခဲ့၏။
ထို့အပြင် နတ်ဓားဝိညာဉ်နယ်မြေတစ်ခုလုံးနှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိကာ အေးချမ်းစွာနေထိုင်ကြသည့် မျိုးနွယ်တစ်ခုဖြစ်သည်။
ထူးခြားသည်မှာ ဟွားအိမ်တော်က မျိုးရိုးအစဉ်အဆက် ထိန်းသိမ်းရသည့် ရတနာတစ်ခုကို ပိုင်ဆိုင်ထားသည်။
ထိုအကြောင်းကို နတ်ဓားဝိညာဥ်နယ်မြေ တစ်ခုလုံးရှိ ကျင့်ကြံသူများက သိရှိသော်လည်း ဟွားအိမ်တော်၏ အဆင့်အတန်းကြောင့် မည်သူမျှ စူးစမ်းလိုခြင်း မရှိကြချေ။
မဟုတ်ပါက ဟွားအိမ်တော်၏ ဒေါသကို ရင်ဆိုင်ရပေမည်။ ဟွားအိမ်တော်တွင် နယ်မြေသခင်များစွာ ရှိသောကြောင့်ပင်။
ထို့ကြောင့် သူတို့နှင့် ရင်းနှီးမှုကိုသာ ထိန်းသိမ်းထားကြသည်။
သို့သော် ထိုအကြောင်းအရာများက ကျန့်မုလျန် နယ်မြေဘုရင်မဖြစ်ခင်သာ...။
ကျန့်မုလျန်က နယ်မြေဘုရင်ဖြစ်သွားပြီးနောက်တွင် ဟွားအိမ်တော်မှ ရတနာကို ရယူလိုခဲ့သည်။
အစပိုင်းတွင် သူက တောင်းဆိုမှုပြုခဲ့သော်လည်း ဟွားအိမ်တော်က ငြင်းဆန်ခဲ့၏။ သူမည်သို့ ကြိုးစားပါစေ ဟွားအိမ်တော်က လက်မခံခဲ့ပေ။
ဟွားအိမ်တော်က ဖုံးကွယ်လေလေ ကျန့်မုလျန်၏ သိချင်စိတ်က ထိန်းမရလေလေဖြစ်ခဲ့၏။
ထို့ကြောင့် အတင်းအကြပ် ဖိအားပေးကာ တိုက်ခိုက်လုယူရန် ကြိုးစားခဲ့သည်။
သို့သော် ဟွားအိမ်တော်၏ တုန့်ပြန်မှုက ပြင်းထန်သောကြောင့် မျိုးနွယ်နှစ်ခု၏ တိုက်ပွဲကြီး ဖြစ်ဖွားခဲ့၏။ သူတို့က ထိုရတနာကို မည်သူ့လက်ထဲမျှ အကျရောက်မခံလိုပေ။
ခေါင်းမာစွာနှင့် ခုခံ တိုက်ခိုက်မှုပြုခဲ့သည်။ မျိုးနွယ်နှစ်ခုကြား၏ ဆက်ဆံရေးက ပိုမိုတင်းမာလာပြီး တိုက်ခိုက်မှုများက ပို၍ ပြင်းထန်လာသည်။
နတ်ဓားဝိညာဉ်နယ်မြေ၏ အင်အားစုများက ဟွားအိမ်တော် ဘက်မှ ရပ်တည်မှု မပြုခဲ့ကြပေ။
နယ်မြေဘုရင်၏ အမျက်ကို ခံနိုင်ရည်မရှိသောကြောင့်ပင်။
မည်မျှပင် ရင်းနှီးခဲ့ပါစေ နယ်မြေဘုရင်တစ်ဦးကို ဆန့်ကျင်ဘက် မပြုနိုင်ချေ။
ထို့အပြင် သူတို့ကပါ ကျန့်မုလျန်ဘက်မှ နေ၍ ဝင်ရောက်တိုက်ခိုက်မှု တစ်ချို့ ရှိခဲ့သည်။
ကျန့်မုလျန်က နယ်မြေဘုရင်၏ အားသာချက်ကြောင့် ဟွားအိမ်တော်က အထိအခိုက် အကျအဆုံးများပြားခဲ့၏။
နောက်ဆုံးတွင် ဟွားအိမ်တော် တစ်ခုလုံးကို သုတ်သင်နိုင်ခဲ့သည်။ သို့သော် ဟွားအိမ်တော်၏ ရတနာကို မတွေ့ရှိခဲ့ရချေ။
ကျန့်မုလျန်က အသေအချာစစ်ဆေးပြီးချိန်တွင် ဟွားအိမ်တော်မှ သခင်မလေးနှစ်ဦး ပျောက်ကွယ်နေသည်ကို သိရှိလိုက်ရ၏။
သူ၏ ဒေါသများက အဆုံးစွန်အထိ ရောက်ရှိလာခဲ့သည်။ များစွာရင်းနှီး၍ ဟွားအိမ်တော်ကို နင်းခြေခဲ့သော်လည်း မည်သည့်အရာမျှ ပြန်မရခဲ့ချေ။
ချက်ချင်းပင် နတ်ဓားဝိညာဉ်တစ်ခုလုံးကို နေရာလပ်မကျန် စစ်ဆေးခိုင်းကာ ဟွားကျစ်ယင်တို့ ညီအစ်မနှစ်ဦးကို ရှာဖွေခဲ့ကြသည်။
သူမတို့နှစ်ဦးကိုပင် ဆုကြေးထုတ်ခဲ့၏။
ထို့အပြင် အခြားနယ်မြေများသို့ လူလွှတ်စုံစမ်းသော်လည်း မည်သို့မျှ ရှာမတွေ့တော့ချေ။
ဤသို့နှစ် နှစ်ပေါင်းများစွာကြာညောင်းသွားသော်လည်း ထိုနှစ်ဦး၏ သတင်းအစအနကိုပင် ရှာမတွေ့ချေ။
သို့သော်လည်း လက်မလျော့ခဲ့..။ ဆက်လက်ရှာဖွေနေဆဲပင်။ ဤနေ့တွင်တော့ သူ၏ ဆန္ဒများ ပြည့်ဝသွားရပြီဖြစ်သည်။
“သေစမ်း...”
သူ၏ ဓားနှင့် ဟွားကျစ်ယင်ကို ကြမ်းတမ်းစွာ ခုတ်ပိုင်းလိုက်၏။
“အဲ့လောက်မလွယ်ဘူး...”
ဟွားကျစ်ယင်က ပြန်လည်တုန့်ပြန်ကာ ကျန့်မုလျန်၏ ဓားချက်ကို တားဆီးလိုက်သည်။
သူမတို့နှစ်ဦးက ကျန်းရွှမ်လုတို့လင်မယား၏ ကယ်တင်မှုကြောင့်သာ ကျန့်မုလျန်၏ လက်မှ လွတ်မြောက်ခဲ့ရခြင်းဖြစ်၏။
ဟွားအိမ်တော်က ကျန့်မုလျန်၏ တိုက်ခိုက်မှုများ စတင်လာချိန်တွင် သူမတို့နှစ်ဦးကို တိတ်တဆိတ်နှင့် နတ်ဓားဝိညာဉ်နယ်မြေနှင့် ဝေးရာသို့ ပို့ဆောင်ခဲ့ခြင်းပင်။
သို့သော် ကျန့်မုလျန်၏ ခြေတံလက်တံများက ရှည်လျား၏။ ငယ်ရွယ်နုနုယ်သေးသည့် မိန်းကလေးနှစ်ဦးအတွက် ထိုသို့ တိမ်းရှောင်နေရခြင်းက မလွယ်ကူခဲ့ချေ။
ထိုစဉ်တွင် ကျန်းရွှမ်လုနှင့် ပင်းယီရှောင်းတို့ လင်မယားနှစ်ဦးနှင့် ဆုံစည်းခဲ့ကာ ကယ်တင်မှု ခံခဲ့ရသည်။
သူတို့လင်မယားနှစ်ဦး၏ ထူးခြားသည့် စွမ်းအင်များကြောင့် သူမတို့နှစ်ဦးက တိတ်တဆိတ်ပုန်းအောင်း နေနိုင်ခဲ့၏။ ထို့အပြင် ကျန့်မုလျန်အနေနှင့် အခြားနယ်မြေများကို စိတ်ရှိသလို ဝင်ရောက်ရှာဖွေနိုင်းခြင်း မပြုနိုင်ပေ။
ထိုသို့အကြောင်းအရာကို နယ်မြေဘုရင်များက ခွင့်ပြုမည်မဟုတ်ပေ။
ထို့ကြောင့် သူမတို့က လုံခြုံစွာနှင့် နေထိုင်နိုင်ခဲ့သည်။
ထို့အပြင် ကျန်းရွှမ်လုက နှင်ဓားဂိုဏ်းကို တည်ထောင်ကာ အကာအကွယ်တစ်ခု ပြုပေးခဲ့၏။
သို့သော် သူမတို့ အရွယ်ရောက်လာချိန်တွင် သူမတို့ကဲ့သို့ အခြေအနေမဲ့သည့် မိန်းမငယ်လေးများကို ကူညီလိုသောကြောင့် နှင်းဓားဂိုဏ်းမှ ထွက်ခွာလာခဲ့ခြင်းပင်။
ထို့နောက် မိဘမဲ့ကလေးများကို ခေါ်ယူကာ ဟွားမျိုးရိုးအဖြစ်သတ်မှတ်ပြီး ယွီလျန်မြို့ကို တည်ထောင်ခဲ့ခြင်းပင်။
ဟွားရှီးယင်က ကောင်းကင်ထက်မှ ဟွားကျစ်ယင်နှင့် ကျန့်မုလျန်၏ တိုက်ပွဲကို စိုးရိမ်တကြီး ကြည့်ရှုနေ၏။ ထိုတိုက်ပွဲက သူမ စွက်ဖက်နိုင်သည့် တိုက်ပွဲမျိုးဖြစ်မနေချေ။
သို့သော် တစ်ဖက်ရှိတိုက်ပွဲက ပို၍ စိုးရိမ်ဖွယ်ကောင်း၏။ နယ်မြေသခင်အဆင့် လူငယ်များက တိုက်ခိုက်နေသော်လည်း တစ်ဖက်က နယ်မြေဘုရင်တစ်ဦးဖြစ်သည်။
သူတို့အတွက် မလွယ်ကူလှပေ။
“သေစမ်း...”
နယ်မြေဘုရင်ဟူက ထပ်မံ ရောက်ရှိလာသည့် ယွဲ့ဝူယောင်ကိုလည်း ဂရုမစိုက်ပေ။
သူ၏ အမြင်တွင် အားနည်းနေကြဆဲပင်။
သူ၏ လက်နှင့် ကြမ်းတမ်းစွာ ရိုက်ချလိုက်သည်။ ကောင်းကင်ကျားပုံရိပ်က ထွက်ပေါ်လာပြီး ယွဲ့ဝူယောင်တို့ကို ဖိနှိပ်လိုက်၏။
ယွဲ့ဝူယောင်က ချက်ချင်းဆိုသလို လှုပ်ရှားလိုက်ကာ ထူထည်းသည့် ရေခဲအလွှာများကို ထုတ်ဖော်လိုက်သည်။
ခရမ်းရောင် ရေခဲများက ကောင်းကင်တစ်ခုလုံး ဖုံးလွှမ်းသွားပြီး နယ်မြေဘုရင်ဟူ၏ တိုက်ခိုက်မှုကို ခံယူလိုက်၏။
“ဝုန်း...”
သို့သော်လည်း နယ်မြေဘုရင်ဟူ၏ ရိုက်ချက်နှင့်ပင် တခဏအတွင်း ပြိုကွဲသွားရ၏။
ယွဲ့ဝူယောင်က သူမ၏ ခန္ဓာကိုယ်မှ နာကျင်မှုကို ခံစားလိုက်ရသည်။ သူမ၏ ကိုယ်တွင်းသွေးများ အပြင်း အထန်လှုပ်ခတ်သွားရ၏။
နယ်မြေဘုရင်တစ်ဦး၏ သာမန် တိုက်ခိုက်မှုက သူမတို့အတွက် များစွာ ခက်ခဲစေသည်။
နယ်မြေဘုရင်ဟူ၏ ရိုက်ချက်ကို ဒဏ်ရာ မရရှိပဲ ကာကွယ်လိုက်နိုင်သည့် မိန်းကလေးကြောင့် သူက အံ့ဩသွားရ၏။
သာမန်ရိုက်ချက်မျှသာ ဖြစ်သော်လည်း နယ်မြေသခင်များ ခံနိုင်သည့် အရာ မဟုတ်ချေ။
“ဓားရဲ့ အလျင်...”
“မီးတောက် မုန်တိုင်း...”
နယ်မြေဘုရင်ဟူက ယွဲ့ဝူယောင်ကို အာရုံစိုက်နေခိုက် သူ၏ ဘေးနှစ်ဖက်မှ ပြင်းထန်သည့် စွမ်းအင်နှစ်ခု ပေါ်ထွက်လာသည်။
ခန့်မှန်းရခက်ခဲသည့် ဓားစွမ်းအင်များစွာက ဦးတည်ရာအနှံ့မှ ထွက်ပေါ်လာပြီး နယ်မြေဘုရင်ဟူထံ တိုးဝင်လာ၏။ နယ်မြေဘုရင်ဟူ၏ ဘယ်ဘက်ရှိ လေထုက ဓားစွမ်းအင်များနှင့် ပြည့်နှက်သွားသည်။
ဓားစွမ်းအင်များ၏ အလျင်က မြန်ဆန်လွန်းပြီး များပြားလှသောကြောင့် နယ်မြေသခင်များဆိုပါက ခန္ဓာကိုယ်တွင် အပေါက်များစွာ ဖြစ်ပေါ်သွားနိုင်သည်။
ထို့အပြင် ‘တဟုန်းဟုန်း’ တောက်လောင်နေသည့် မီးတောက် မုန်တိုင်းကြီး တစ်ခုကလည်း ဝင်ရောက်လာသည်။
ပြင်းထန်လှသည့် မီးတောက်များကြောင့် နယ်မြေဘုရင်ဟူ၏ ညာဘက်ရှိ လေထုက လောင်ကျွမ်းနေပြီး ကောင်းကင်ထက်မှ မီးတောက်များနှင့် ဖုံးလွှမ်းထားသည့် အလားပင်။
ထိုတိုက်ခိုက်မှုနှစ်ခုက နယ်မြေဘုရင်ဟူကို ကန့်သတ်လိုက်ပြီး ရှောင်ရှားခွင့် မရအောင် တိုက်ခိုက်လိုက်ခြင်းပင်။
စွမ်းအင်နှစ်ခုက ရှုထောင့်အမျိုးမျိုးမှ ဝင်ရောက်လာသော်လည်း နယ်မြေသခင်ဟူက စိတ်လှုပ်ရှားမှု မရှိသည့် အလားပင်။
သူ၏ ကောင်းကင်ကျားပုံရိပ်နှင့် ၎င်းစွမ်းအင်များကို တစ်ချက်စီရိုက်ချလိုက်သည်။
ပုံရိပ်၏ လက်ဝါးကြီးက လုရှင်းယန်တို့၏ စွမ်းအင်နှစ်ခုကို ဖိနှိပ်သည့် အသွင်မျိုး ဖြစ်သွား၏။
သူတို့နှစ်ဦး၏ စွမ်းအင်များက နယ်မြေဘုရင်ဟူထံ မရောက်ရှိလိုက်ပေ။ ရုတ်ချည်းတားဆီးခံလိုက်ရသောကြောင့် စွမ်းအင်များ ပြိုကွဲကာ ပေါက်ကွဲသွားတော့သည်။
“ဝုန်း...”
“ဝုန်း...”