တပည့်များအတွက် လက်ဆောင်အဖြစ်ချန်လှပ်ထားခြင်
Vol. 25 Ch. 366
း
“ကျွန်မ...၊ ဒီနယ်မြေထဲက နေရာတွေကို ချင်းယီကို လှည့်ပတ်ပြသချင်သေးလို့...၊ ကောင်းကင်ကျားမျိုးနွယ်မှာ မတည်းတော့ပါဘူး...”
ကျစ်ဟန်ယွဲ့က ညင်သာသည့် လေသံနှင့် ငြင်းပယ်လိုက်သည်။ သူမက ကောင်းကင်ကျားမျိုးနွယ်တွင် မနေလိုပေ။
နယ်မြေဘုရင်ဟူက သူမကို မည်သည့် အကြံအစည်မျှ ထုတ်၍ မရနိုင်သော်လည်း ကောင်းကင်ကျားမျိုးနွယ်တွင် နေထိုင်ရန် သက်တောင့်သက်သာ မရှိပေ။
ထို့ကြောင့် ငြင်းဆန်လိုက်သည်။
“နယ်မြေဘုရင်ကျစ်...၊ မင်းကြည်ရှုလိုတဲ့ နေရာတွေကို ကျုပ်လိုက်လံပို့ဆောင်ပေးနိုင်တယ်...”
နယ်မြေသခင်ဟူက အလျော့မပေးချင်သောကြောင့် ထပ်မံဆိုလိုက်၏။
“အားနာစရာတွေ ဖြစ်ကုန်ပါပြီ...၊ ကျွန်မက ရှင်းယီကို နေရာအနှံ့ပို့ဆောင်ပေးချင်တာကြောင့် နယ်မြေဘုရင်ဟူကို ဒုက္ခပေးသလိုဖြစ်လိမ့်မယ်...၊ နယ်မြေဘုရင်ဟူမှာလည်း လုပ်ကိုင်စရာ လုပ်ငန်းစဉ်တွေ များပြားတယ်လေ...”
ကျစ်ဟန်ယွဲ့က ထပ်မံငြင်းဆိုလိုက်ပြန်၏။
ထိုသူ့ကို ရင်မဆိုင်ချင်သောကြောင့် ရှောင်ထွက်နေခြင်းမဟုတ်လော။
အဘယ်ကြောင့် အလိုက်ကမ်းဆိုး မသိ လိုက်လံပို့ဆောင်ရန်ပင် ကြိုးစားနေသနည်း။
သို့မှတော့ ကောင်းကင်ကျားမျိုးနွယ်တွင် အနားယူလိုက်သည်က အလုပ်ရှုပ် သက်သာပေလိမ့်မည်။
နယ်မြေဘုရင်ဟူက မတက်သာသောကြောင့် ကျစ်ဟန်ယွဲ့၏ အဆိုကို သဘောတူလိုက်ရ၏။
သူ၏ စိတ်တွင်းတော့ တစ်နေ့နေ့တွင် ကျစ်ဟန်ယွဲ့က သူ၏ လက်အောက်သို့ ရောက်ရှိလာရမည်ဟု ကြုံးဝါးနေမိ၏။
သက်ရှိများ၏ သဘာဝသည်တော့ မရနိုင်သည့် အရာကိုသာ တပ်မက် တက်ကြပြီး လက်ဝယ်ရှိထားသည့် အရာများကိုတော့ လျစ်လျုရှုမိထားတက်ကြသည်။
ကျစ်ရှင်းယီက ကောင်းကင်ကျားမျိုးနွယ်၏ အပြင်ဘက်သို့ ရောက်ရှိချိန်တွင် ကျစ်ဟန်ယွဲ့ကို မေးလိုက်၏။
“ဒေါ်လေး...၊ ဘယ်ကို သွားမလို့လဲ...”
ကျစ်ဟန်ယွဲ့က စဉ်းစားရခက်သွား၏။ သူမက ကောင်းကင်ကျားနယ်မြေတွင် မနေလိုသောကြောင့်သာ ထွက်ခွာလာခဲ့သော်လည်း မည်သည့်နေရာသွားမည်ကို မစဉ်းစားရသေးချေ။
သူမက အနည်းငယ်စဉ်းစားပြီးနောက် ကျစ်ရှင်းယီကို အဖြေပေးလိုက်၏။
“လျှပ်စီးနယ်မြေကို သွားရအောင်...”
နယ်မြေဘုရင်ဟူ၏ စကားအရ ရှင်းချန်ဖုန်းက လျှပ်စီးနယ်မြေရောက်ရှိနေသည်ဟု ဆိုသည်။ ထို့ကြောင့် သူမက လျှပ်စီးနယ်မြေကို သွားရောက်ရန် ဆုံးဖြတ်လိုက်၏။
လိပ်ပြာလေးကဲ့သို့ ပေါ့ပါးစွာ ပျံသန်း ထွက်ခွာသွားသည့် မိန်းကလေးနှစ်ဦးကို ကြည့်ရင်း နယ်မြေဘုရင်ဟူက သက်ပြင်းချမိသွား၏။
ထိုအချိန်တွင် ကျန့်မုလျန်က သူ၏ အနားချည်းကပ်လာကာဆိုလိုက်သည်။
“လူငယ်လေး ချင်းယွမ် ဘယ်မှာလဲ...၊ ငါ့သားနဲ့ လက်ရည်စမ်းခိုင်းရအောင်...”
နယ်မြေသခင်ဟူ “...”
နယ်မြေသခင်ဟူက ပြန်လည်တုန့်ပြန်တော့မည့်အချိန်တွင် လက်ယာရံ ကာကွယ်သူက အလောတကြီး ရောက်ရှိလာ၏။
“အရှင်...ပြသနာတက်ပြီ...”
“ဘာဖြစ်လာတာလဲ...”
လက်ယာရံကာကွယ်သူ၏ အသွင်ကြောင့် နယ်မြေသခင်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ ထိုသူက အမြဲလိုလို တည်ငြိမ်လေ့ရှိသူတစ်ဦးပင်။ ယခုသို့ ဖြစ်နေခြင်းက ထူးဆန်းလှ၏။
လက်ယာရံကာကွယ်သူက အသက်ပင် ဝအောင်မရှုပဲ ဆိုလိုက်သည်။
“လက်ဝဲရံရဲ့ အသက်မီးအိမ် ငြိမ်းသက်သွားပြီ...”
“ဘာ...”
နယ်မြေဘုရင်ဟူက ချက်ချင်းဆိုသလို ဟိန်းဟောက်မိသွား၏။
“ဝုန်း...”
သူ၏ ခန္ဓာကိုယ်မှ ကြမ်းတမ်းသည့် အရှိန်အဝါ ပေါ်ထွက်လာမှုကြောင့် အနီးအနားရှိ အဆောက်အဦးများပင် ပျက်စီးကုန်သည်။
“သေစမ်း...”
နယ်မြေဘုရင်ဟူက ဒေါသမထိန်းနိုင်တော့ပဲ သူ၏ ဘေးရှိ အရာများကို ရိုက်ချလိုက်၏။
“ဘုန်း...”
လျှပ်စီးနယ်မြေတွင် အကြောင်းအရင်း မယ်မယ်ရရ မသိရသေးပဲ သူ၏ မျိုးနွယ်မှ ဆုံးရှုံးမှုက အလွန်အမင်း များပြားနေပြီဖြစ်သည်။
တိတ်တဆိတ် စုံစမ်းခိုင်းစေလိုက်သည့် လက်ဝဲရံကာကွယ်သူပင် ဆုံးရှုံးသွားခဲ့ပြီဖြစ်၏။ ထိုသူ ဆုံးရှုံးသွားခြင်းက သူ့အတွက် ကြီးမားသည့် ဆုံးရှုံးမှုပင်။
ကျန့်မုလျန်က မျက်မှောင်ကြုတ်သွား၏။ လျှပ်စီးနယ်မြေကို မသိသော်လည်း လက်ဝဲရံကာကွယ်သူ၏ ခွန်အားကို သိရှိထားသည်။ နယ်မြေသခင်များအချင်းချင်းတောင် သူ့အား သတ်ဖြတ်ရန် မလွယ်ကူပေ။
ထိုသို့သူမျိုးပင် သတ်ဖြတ်ခံရသည်အထိ လျှပ်စီးနယ်မြေတွင် စွမ်းအားကြီး ကျင့်ကြံသူရှိနေလားဟု မေးခွန်းထုတ်မိ၏။
“အခုချက်ချင်း...၊ လျှပ်စီးနယ်မြေတစ်ခုလုံး ဖျတ်ဆီးဖို့ ပြင်စမ်း...”
နယ်မြေဘုရင်ဟူ၏ ဒေါသက ပေါက်ကွဲသွားပြီဖြစ်သောကြောင့် လျှပ်စီးနယ်မြေကို ဖျတ်ဆီးရန် အမိန့်ပေးလိုက်သည်။
သူ၏ အမူအယာများက ကြမ်းတမ်းနေကာ သတ်ဖြတ်လိုစိတ်များ ပြင်းထန်နေ၏။
“အမိန့်အတိုင်းပါ...အရှင်...”
လက်ယာရံ ကာကွယ်သူက ယခုအကြိမ်တွင် မတားဆီးတော့ချေ။ သူလည်း အလွန်ဒေါသထွက်နေခြင်း ဖြစ်သည်။ ထို့နောက် မျိုးနွယ်အတွင်းရှိ ကျင့်ကြံသူများကို အမိန့်ပေးရန် ထွက်ခွာသွား၏။
နယ်မြေသခင်ဟူက ကျန့်မုလျန်ကိုပင် အာရုံမထားမိတော့ချေ။ ဒေါကြီးမောကြီးနှင့် ထွက်ခွာသွားသည်။
“စိတ်ဝင်စားစရာပဲ...”
ကျန့်မုလျန်၏ မျက်ဝန်းများက လေးနက်သွား၏။ နယ်မြေဘုရင်ဟူကိုပင် ဂရုမစိုက်ပဲ ကောင်းကင်ကျားမျိုးနွယ်ကို ရန်စနေသူကို သိချင်မိသွားသည်။
ထို့ကြောင့် သူ၏ သားဖြစ်သူကို ညွှန်ကြားလိုက်၏။
“ကျင်းမော့...၊ အဖေတို့လဲ လျှပ်စီးနယ်မြေကို သွားဖို့ ပြင်ဆင်လိုက်...”
ထို့နေ့တွင်တော့ ကောင်းကင်ကျားနယ်မြေမှ ဒေါသမုန်တိုင်းကြီးက လျှပ်စီးနယ်မြေသို့ စတင်ချည်းကပ်လာတော့သည်။
ဟွမ်းရှန့်နန်းတော်၏ သခင်ဖြစ်သူကတော့ ထိုမုန်တိုင်းအကြောင်းကို မသိရှိသေးချေ။ လုရှင်းယန်၏ သတင်းပို့စကား ရောက်ရှိခဲ့ပြီးဖြစ်သော်လည်း နန်းတော်တပည့်များ ဆက်လက်ရှာဖွေရန်သာ ညွှန်ကြားခဲ့သည်။
“အရှင်...၊ ဂိုဏ်းကြီးတွေလွင့်ထားတဲ့ သတင်းက အတော်လေး ခရီးရောက်နေပြီ၊ ဒါပေမဲ့ နယ်မြေတစ်ခုလုံး ပြန့်နှံ့ဖို့ဆိုရင် နောက်ထပ် လအနည်းငယ်လောက်ကြာဦးမယ်...”
ဝမ်မုန့်ယွင်က လတ်တလောအကြောင်းအရာများကို တင်ပြလိုက်၏။ ဂိုဏ်းကြီးများက မြန်မြန်ဆန်ဆန်နှင့် စုဝေးက မဟာမိတ်အကြောင်း သတင်းထုတ်နေသော်လည်း လျှပ်စီးနယ်မြေက ကျယ်ပြန့်သည့် အတွက် နေရာအနှံ့ ရောက်ရှိရန် အချိန်လိုအပ်နေသည်။
ထျန်းဟုန်က ဝိညာဉ်နိုးထခြင်း သစ်သီးကို စုပ်ယူနေဆဲဖြစ်သောကြောင့် ထိုကိစ္စများကို သူမက ကိုင်တွယ်ထားခြင်းဖြစ်၏။
“ဒါက လောစရာမလိုဘူး...”
ဟွမ်းက ခေါင်းတညိတ်ညိတ်နှင့် ဆိုလိုက်၏။ သူ့အနေနှင့် လောစရာမလိုချေ။ ဟွမ်းရှန့်နန်းတော်က လူသိများလာသော်လည်း ခွန်အားအရာနှင့် ပတ်သတ်၍ မေးခွန်းထုတ်လိုသူများ ရှိနေကြသေးသည်။
ထို့ကြောင့် တဖြည်းဖြည်းနှင့်သာ တည်ဆောက်ရမည်ဖြစ်၏။
“အရှင်...ကောင်းကင်ကျားမျိုးနွယ်ကို ဘယ်လိုလုပ်ဖို့ စိတ်ကူးရှိလဲ...”
ဝမ်မုန့်ယွင်က အကြောင်းအရာပြောင်းကာ မေးလိုက်၏။ လုရှင်းယန်ထံမှ သတင်းရရှိသည်မှာ ရက်အနည်းငယ်ခန့်ရှိပြီဖြစ်သော်လည်း နန်းတော်သခင်ဖြစ်သူက သက်တောင့်သက်သာနှင့် ထိုင်နေဆဲပင်။
သူမ ကျင့်ကြံရာမှထွက်လာပြီးနောက် နန်းတော်သခင်ဖြစ်သူက အလုပ်လက်မဲ့ ဖြစ်သွားဟန်ရသည်။ ထိုကိစ္စကို ဆက်လက်၍ ကြည့်မနေနိုင်တော့ပေ။
“သူတို့ကို ရှင်းယန်တို့ ဖြေရှင်းခိုင်းဖို့ စိတ်ကူးထားတယ်...၊ ဒီနယ်မြေမှာ သူတို့ရဲ့ ကိုယ်ပိုင်နာမည်တစ်လုံးတည်ဆောက်ရလိမ့်မယ်...”
ဟွမ်းက ဖြေရှင်းချက်ထုတ်လိုက်၏။ ထိုအမျိုးသမီးက သူအေးဆေးသက်သာနေထိုင်နေသည်ကို မရှုစိမ့်ဟန်ရသည်။
သူကို သိရှိသူနည်းပါးလျှင်တောင် ကိစ္စမရှိသော်လည်း တပည့်များက ကျော်ကြားရပေမည်။ သို့မှသာ သူတို့တွင် ကိုယ်ပိုင်ရပ်တည်ချက်ရှိလာပေလိမ့်မည်။
သို့သော်လည်း လျှပ်စီးမျိုးနွယ်တစ်ခုလုံး ရိုက်နှက်ကာ လက်စဖျောက်ပြီးကတည်းက လျှပ်စီးနယ်မြေ၏ ထိပ်သီးပိုင်းများက မသိသူမရှိတော့သလောက်ပင်။
ဝမ်မုန့်ယွင်က နားလည်သွား၏။ ကောင်းကင်ကျားမျိုးနွယ်က ဟွမ်းအတွက် ရှင်းလင်းရန် မခက်ခဲပေ။
သို့သော်လည်း တပည့်များအတွက် လက်ဆောင်အဖြစ် ပေးအပ်လိုဟန်ရှိသည်။
ထိုအချိန်တွင် ကျီးဟူကျိက ခန်းမအတွင်းသို့ အလျှင်မြန် ဝင်ရောက်လာ၏။ ထို့နောက် ဟွမ်းကို အရိုသေးပေးကာ တင်ပြလိုက်သည်။
“အရှင်...၊ ရှောင်းမျိုးနွယ်ခေါင်းဆောင် ရောက်ရှိနေပါတယ်...”
က လေဟာနယ်ကို ကျော်ဖြတ်ကာ မုခ်ဝသို့ ကြည့်လိုက်၏။
ရှောင်းမျိုးနွယ်ခေါင်းဆောင်က ရှောင်းချန်နှင့် အတူရောက်ရှိလာခြင်းပင်။ ကောင်းကင်ကျားမျိုးနွယ်အကြီးအကဲနှင့် တိုက်ပွဲပြီးဆုံးသွားချိန်က ဟွမ်းရှန့်နန်းတော် အတွင်းသို့ ဖိတ်ခေါ်ခံရသည့် နယ်မြေသခင်များတွင် သူမပါဝင်ခဲ့ချေ။
သူ၏ အစေခံနှင့် ပတ်သက်၍ ဟွမ်းနှင့် အချင်းများခဲ့ဖူးသည်။ထို့ကြောင့် သူက မဖိတ်ခေါ်ပဲ လာရောက်ရန် တွေဝေနေခဲ့၏။
သို့သော် ယခုတွင်တော့ လာရောက်ရန်ဆုံးဖြတ်ချက်ချလိုက်သည်။ ဝင်ခွင့်ပေးခြင်း၊ မပေးခြင်းသည်တော့ ဟွမ်း၏ အပေါ်တွင်သာ မူတည်နေ၏။
သူက တိတ်တဆိတ်နှင့် မုခ်ဝတွင် စောင့်ဆိုင်းနေသည်။ လှုပ်လှုပ်ရှားရှား ဖြစ်နေသည့်စိတ်ကို အတင်း ထိန်းချုပ်ထားဟန်ရှိ၏။