ရှင်းချန်ဖုန်းကိုစောင့်ဆိုင်းခြင်း
Vol. 25 Ch. 365
“နယ်မြေဘုရင်ဟူ...”
“နယ်မြေဘုရင်ကျန့်...”
“ကျွန်မတို့ ရောက်လာတဲ့အချိန်က အနည်းငယ် နောက်ကျသွားတယ်...”
နယ်မြေဘုရင်ကျစ်ဆိုသည့် အမျိုးသမီးက ပြန်လည်နှုတ်ဆက်လိုက်ကာ အားတုံ့အားနာဟန်နှင့် ပြောလိုက်၏။
သူမက နတ်လိပ်ပြာမျိုးနွယ်၏ နယ်မြေဘုရင် ကျစ်ဟန်ယွဲ့ဖြစ်သည်။ သူမတွင် ထူးခြားသည့် ခရမ်းရောင်မျက်ဝန်းများကို ပိုင်ဆိုင်ထားသောကြောင့် အများနှင့်မတူ ထူးခြားသည့် အလှအပကို ပိုင်ဆိုင်ထား၏။
သူမ၏ ဟန်ပန်အမူအယာက ကန်ရေပြင်အလား တည်ငြိမ်နေကာ ညင်သာစွာနှင့် ရင်ပြင်ထက်ရှိ ခန်းမအတွင်းသို့ ဝင်ရောက်လာသည်။
လင်းထျန်းလုံမှ မျိုးနွယ်ကြီးများ၏ နယ်မြေများက တစ်ခုနှင့် တစ်ခု အလွန်ဝေးကွာလှ၏။ ထို့အတွက် နယ်မြေဘုရင်များက မကြာခဏတွေ့နိုင်ခြင်း မရှိသောကြောင့် ကြိုတင်သတ်မှတ်ကာ တွေ့ဆုံကြခြင်း ဖြစ်သည်။
“နောက်မကျသေးပါဘူး...နယ်မြေဘုရင်အန့်က အခုထိ ရောက်မလာသေးဘူးလေ...”
နယ်မြေဘုရင်ဟူက ဖော်ရွေလွန်းသည့်လေသံနှင့် ဆိုလိုက်၏။ သူ၏ မျက်ဝန်းအစုံတွင် ကျစ်ဟန်ယွဲ့ကို ရမက်ခိုးဝေနေသည့် အကြည့်က တခဏမျှ ဖြတ်ပြေးသွားသည်။
သို့သော် သူက အလျင်အမြန် ထိန်းချုပ်လိုက်နိုင်သောကြောင့် မည်သူမျှ သတိမထားမိခဲ့ပေ။
ယခင်အချိန်များတွင် သူက ကျစ်ဟန်ယွဲ့ကို လက်တွဲဖော်ဖြစ်ရန် အကြိမ်ကြိမ် ကမ်းလှမ်းခဲ့သော်လည်း ကျစ်ဟန်ယွဲ့က အကြိမ်တိုင်း ငြင်းပယ်ခဲ့၏။
ထို့အပြင် သူမက နယ်မြေဘုရင်တစ်ဦးဖြစ်လာသောကြောင့် နယ်မြေဘုရင်ဟူက ဖိအားမပေးနိုင်တော့ချေ။ စိတ်ပျက်မှုများစွာ ကြုံတွေ့ခဲ့ရသည်။
သူ၏ ဆန္ဒများကို နှစ်ပေါင်းများစွာ ချိုးနှိမ်ထားရသောကြောင့် ကျစ်ဟန်ယွဲ့ကို ထပ်မံတွေ့မြင်လိုက်ရချိန်တွင် အမူအယာကို မထိန်းနိုင်လိုက်ခြင်း ဖြစ်သည်။
နယ်မြေသခင်ဟူက သူ၏ မျက်ဝန်းများကို ထိန်းချုပ်လိုက်နိုင်သော်လည်း ထိုအချင်းအရာက ကျစ်ဟန်ယွဲ့၏ စိတ်အာရုံမှ လွတ်မြောက်ခဲ့ခြင်း မရှိချေ။
သူမ၏ စိတ်အတွင်း ရွံရှာမှုများနှင့်ပြည့်နှက်သွား၏။ နယ်မြေဘုရင်ဟူက တဏှာရာဂကြီးမားကာ လှပသည့် အမျိုးသမီးများကို အလွတ်မပေးတက်ချေ။
ထိုလူအိုကြီးက သူမထက် များစွာ ကြီးရင့်သော်လည်း နတ်လိပ်ပြာမျိုးနွယ်ထံ လက်တွဲဖော် ဖြစ်လိုသည်ဟု တောင်းဆိုခဲ့သည်။
သို့သော် သူမက ချက်ချင်းပင် ငြင်းဆန်ခဲ့၏။ ထိုစဉ်က သူမက နယ်မြေဘုရင်တစ်ဦး မဖြစ်သေးသောကြောင့် နယ်မြေဘုရင်ဟူ၏ ဖိအားပေးမှုကို ခံစားခဲ့ရသည်။
ထို့ကြောင့်ပင် သူမက ကျင့်ကြံခြင်းတွင် အပြင်းအထန် အာရုံစိုက်ကာ နယ်မြေဘုရင်အဆင့်ရောက်ရှိရန် ကြိုးစားခဲ့ရ၏။
သို့မှသာ နယ်မြေဘုရင်ဟူ၏ ဖိအားပေးမှုကို တွန်းလှန်နိုင်ခဲ့သည်။ သို့သော်လည်း သူမက နယ်မြေဘုရင်ဖြစ်သွားခဲ့သောကြောင့် ဤသို့ ဆွေးနွေးပွဲများကို မလွန်ဆန်နိုင်ချေ။
ကျစ်ဟန်ယွဲ့ အတွေးများနေစဉ် နယ်မြေဘုရင် ကျန့်ထံမှ စကားသံထွက်ပေါ်လာသည်။
“သူမက နတ်လိပ်ပြာမျိုးနွယ်ရဲ့ ပါရမီရှင်လား...၊ ကျင်းမော့နဲ့ တန်းတူ ရပ်တည်နိုင်လုနီးပါပဲ...”
“အခုမျိုးဆက်သစ်တွေက ကျုပ်တို့မျိုးဆက်ကိုတောင် ကျော်လွန်တော့မှာပဲ...”
နယ်မြေဘုရင်ကျန့် ဆိုသူက ကျစ်ဟန်ယွဲ့၏ နောက်ရှိ မိန်းကလေးကို ကြည့်ရင်း မှတ်ချက်ပေးလိုက်၏။ ချီးကျုးဟန်ရသော်လည်း သူ၏ လေသံက သာမန်ဆန်နေသည်။
သူက လင်းထျန်းဘုံရှိ နတ်ဓားဝိညာဉ်မျိုးနွယ်၏ နယ်မြေဘုရင် ကျန့်မုလျန်ဖြစ်၏။ သူ၏ အသွင်က စိတ်ဝိညာဉ်တွင်း ဓားတစ်လက် ဖုံးကွယ်ထားသည့် အလား ထက်မြက်နေသည်။
နတ်ဓားဝိညာဉ်မျိုးနွယ်ဝင်တိုင်းတွင် ထူးခြားစွာ ဓားဝိညာဉ်နှင့် မွေးဖွားလာကြ၏။
သူတို့၏ မျိုးနွယ်က လင်းထျန်းဘုံတွင် ဓားစွမ်းအင်ရေးရာများနှင့် ပတ်သက်လျင် ပြိုင်ဘက်ကင်းမျိုးနွယ်ဟု သတ်မှတ်ထားကြသည်။
ကျန့်မုလျန်က သူ၏ သားဖြစ်သူနှင့် နှိုင်းယှဉ်က ပြောဆိုလိုက်ခြင်းပင်။
နတ်လိပ်ပြာမျိုးနွယ်မှ ပါရမီရှင်က သူ၏သားဖြစ်သူ ကျန်းကျင်းမော့နှင့် နှိုင်းယှဉ်၍ မရသေးဟု ဆိုလိုခြင်းဖြစ်သည်။
ကျန့်ကျင်းမော့က လူငယ်မျိုးဆက်တွင် ပထမဆုံးနယ်မြေသခင်ဖြစ်လာသူဖြစ်၏။ ထို့ကြောင့်ပင် ကျန့်မုလျန်က သူ၏သားကို အစွမ်းထက်ဆုံးဖြစ်သူဟု ယူဆထားခြင်းဖြစ်သည်။
“နယ်မြေဘုရင်ကျန့်က အထင်ကြီးနေပါပြီ...၊ ရှင်းယီက အပျင်းထူပြီး အပျော်အပါးမက်တယ်...၊ နယ်မြေသခင်အဆင့်ရောက်ဖို့ နှစ်ပေါင်းသုံးရာလောက် အချိန်ယူခဲ့ရတယ်လေ...”
ကျန်ဟန်ယွဲ့က နှိမ့်ချသည့် အသွင်နှင့် ဆိုလိုက်သော်လည်း လေသံက ဂုဏ်ယူနေဟန်ရသည်။
ကျစ်ရှင်းယီက သူမ၏ တူမတော်စပ်သူဖြစ်ပြီး နတ်လိပ်ပြာမျိုးနွယ်၏ ပါရမီရှင်တစ်ဦးဖြစ်၏။
သူမတို့နှစ်ဦး၏ အသွင်က တူညီဟန်ရှိသော်လည်း ကျစ်ရှင်းယီက ပို၍ ကလေးဆန်သည့် အသွင်ပေါက်နေသည်။
ကျစ်ဟန်ယွဲ့၏ စကားကြောင့် သူမက ရှက်ရွံ့ဟန် ဖြစ်သွားသော်လည်း အသေအချာကြည့်ရှုပါက လုပ်ယူထားသည့် အသွင်မျိုးပင်။
နယ်မြေဘုရင်နှစ်ဦး၏ မျက်နှာက အနည်းငယ်လှုပ်ရှားသွား၏။ ထိုအမျိုးသမီးက နိမ့်ချမှု ဆိုသည့် စကား၏ အဓိပ္ပါယ်ကို တိတိကျကျနားလည်ဟန် မရချေ။
ထိုအမျိုးသမီးနှစ်ဦးက အတိုင်အဖောက်ညီလှ၏။
လင်းထျန်းဘုံမှ မည်သို့ ပါရမီရှင်ဖြစ်ပါစေ နယ်မြေသခင်ဖြစ်ရန် နှစ်ပေါင်း ငါးရာမှ ရှစ်ရာအတွင်း ကြာရှည်တက်၏။ ပါရမီအကောင်းဆုံးဆိုသူကို ရင်းမြစ်များ ပုံအောပေးလျှင်တောင် နှစ်ပေါင်းလေးရာခန့် ကြာရှည်ပေဦးမည်။
သို့သော် နှစ်ပေါင်းသုံးရာနှင့် နယ်မြေသခင်ဖြစ်လာသည်ကို ကျစ်ဟန်ယွဲ့က အလိုကျဟန် မရပေ။ အပျင်းထူသည်ဟုပင် ဆိုနေသေး၏။
လင်းထျန်းဘုံတွင် နှစ်ပေါင်းသောင်းချီကြာအောင် ကျင့်ကြံခဲ့ကြသော်လည်း နယ်မြေသခင်အဆင့်သို့ မရောက်ရှိနိုင်ကြသည့် ကျင့်ကြံသူများက ‘ဒုနဲ့ဒေး’ပင်။
နယ်မြေဘုရင်နှစ်ဦး၏ စိတ်ထဲ ‘စူးခနဲ’ ချဉ်သည့် အရသာကို ခံစားမိသွားသည်။ သို့သော် အမူအယာ မပေါ်အောင် ထိန်းထားကြ၏။
ထို့နောက် သူတို့နှင့် မျိုးဆက်တူပါရမီရှင် အကြောင်းကို တွေးတောမိသွားသည်။ ထိုပါရမီရှင်က နတ်လိပ်ပြာမျိုးနွယ်မှဖြစ်ပြီး နှစ်ပေါင်းနှစ်ရာခန့်နှင့် နယ်မြေသခင်တစ်ဦးဖြစ်လာခဲ့သူပင်။ သို့သော် ထိုပါရမီရှင်က လင်းထျန်းဘုံမှ ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။
“နယ်မြေဘုရင်အန့်က ဒီတွေ့ဆုံပွဲကို လာနိုင်မယ် မထင်ဘူး...”
ကျစ်ဟန်ယွဲ့က နယ်မြေဘုရင်နှစ်ဦးကို ကြည့်ကာ ပြောလိုက်၏။
“ဘာကြောင့်လဲ...”
နယ်မြေဘုရင်နှစ်ဦးက အံ့ဩသွားကာ ပြိုင်တူ မေးခွန်း ထုတ်လိုက်ကြသည်။
မျိုးနွယ်ကြီးလေးခုတွင် အမှောင်မျိုးနွယ်နှင့် နတ်လိပ်ပြာမျိုးနွယ်က နယ်မြေချင်း နီးကပ်ကာ အခြားမျိုးနွယ်များထက် ရင်းနှီးသည့် ဆက်ဆံရေး ရှိသောကြောင့် မေးလိုက်ခြင်းပင်။
“အတိအကျတော့ မသိပေမဲ့...၊ အမှောင်မျိုးနွယ်က ရှုပ်ထွေးတဲ့ ကိစ္စတစ်ချို့ ရှိနေပုံပဲ...၊ နယ်မြေပိတ်ထားတယ်လေ...”
ကျစ်ဟန်ယွဲ့က ဖြေရှင်းချက် ထုတ်လိုက်၏။ နယ်မြေဘုရင်နှစ်ဦးက ထိုကိစ္စထူးဆန်းနေသောကြောင့် အတွေးကြပ်သွားသည်။
ဤသို့နယ်မြေဘုရင်ဆွေးနွေးပွဲကို မတက်ရောက်နိုင်ဖြစ်ရအောင် မည်သို့ ကိစ္စကြီး ဖြစ်နေသည်ကို ခန့်မှန်းတွေးတောနေကြ၏။
ကျစ်ဟန်ယွဲ့ကလည်း တိတိကျကျ မသိဟုဆိုသောကြောင့် စဉ်းစားရခက်သွားသည်။ ထို့နောက် နယ်မြေသခင်ဟူက အတွေးများ ရုပ်သိမ်းလိုက်ပြီးနောက် ပြောဆိုလိုက်၏။
“ဒါဆိုရင် အချိန်မဆွဲပဲ ဆွေးနွေးပွဲကို စကြတာပေါ့...”
အမှောင်မျိုးနွယ်ကိစ္စကို ဆက်လက်၍ စိတ်မဝင်စားကြတော့ချေ။ သူတို့၏ လိုရင်းကို ဆွေးနွေးရန်သာ ဦးတည်လိုက်ကြသည်။
“နယ်မြေဘုရင်ဟူ...၊ အဲ့ဒီလူ ရောက်ရှိလာပြီလား...”
ကျန့်မုလျန်က စတင်မေးခွန်းထုတ်လိုက်၏။ နယ်မြေဘုရင်ဟူက ခေါင်းညိတ်ကာ ဆိုလိုက်သည်။
“လွန်ခဲ့တဲ့ လအနည်းငယ်လောက်က ပြန်ပြီးရောက်ရှိလာတာ...၊ ဒါပေမဲ့ လျှပ်စီးနယ်မြေကို အလည်အပတ်သွားနေလို့ ဒီမှာ မရှိသေးဘူး...”
နယ်မြေဘုရင်းများ ဆွေးနွေးလိုသည့် အရာက ကြယ်ပြာစံအိမ်မှ ရှင်းချန်ဖုန်း အကြောင်းပင်။
ရှင်းချန်ဖုန်းက လင်းထျန်းဘုံ၏ ပြင်ပမှ ရောက်ရှိလာသူဖြစ်သောကြောင့် ထိုသူ့အကြောင်းကို သိရှိချင်နေကြသည်။
ထို့အပြင် နယ်မြေဘုရင်ဟူ၏ သားဖြစ်သူ ဟူချင်းယွမ်ကို ကြယ်ပြာစံအိမ်သို့ ခေါ်ဆောင်သွားမည် ဖြစ်ကြောင်း သိရှိထားကြ၏။
ထို့ကြောင့် ကောင်းကင်ကျားမျိုးနွယ်အောက် နိမ့်ကျခြင်း မရှိစေရန် အကြောင်းစုံသိရှိချင်ကြခြင်း ဖြစ်သည်။
ကျန့်မုလျန်၏ မျက်နှာတွင် အနည်းငယ်စိတ်ပျက်သွားဟန်ရှိ၏။ ထိုသူ့ကို မည်သို့မျှ ဖမ်း၍ မမိခဲ့။ ရှင်းချန်ဖုန်းက လင်းထျန်းဘုံတွင် တခဏမျှသာ နေထိုင်းပြီး ထွက်ခွာသွားလေ့ရှိသည်။
ထို့ကြောင့် သူတို့နှင့် တွေ့ဆုံရန် အခွင့် အရေးမရသေးချေ။
သို့သော်လည်း ယခုအကြိမ်တွင် လင်းထျန်းဘုံတွင် ရှိနေဆဲ ဖြစ်သောကြောင့် ပြန်လည်အားတက်လာသည်။
“နယ်မြေဘုရင်ရှင်းချန်ဖုန်းကို ကျုပ်ရဲ့ နန်းတော်မှာပဲ တည်းပြီး စောင့်ဆိုင်းကြပေါ့...၊ ကျုပ်ပြင်ဆင်ထားတယ်...”
နယ်မြေဘုရင်ဟူက သဘောကောင်းသည့် အသွင်နှင့် ဆိုလိုက်၏။
ကျန့်မုလျန်က ပြသနာမရှိကြောင်း ခေါင်းညိတ်လိုက်သော်လည်း ကျစ်ဟန်ယွဲ့က အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။