← Chapters

နယ်မြေဘုရင်များစုဝေးခြင်း

Vol. 25 Ch. 364

နယ်မြေဘုရင်များစုဝေးခြင်း

Vol. 25 Ch. 364

လုရှင်းယန်က လက်ဝဲရံကာကွယ်သူ၏ သွေးအန်ကာ တွေဝေနေချိန်ကို အသက်ရှုခွင့် မပေးတော့ချေ။

လက်ဝဲရံကာကွယ်သူ၏ ပိုင်နက်ကို သူ၏ မီးတောက်ပိုင်နက်က စတင်လောင်ကျွမ်းစေလိုက်၏။

မြန်ဆန်လွန်းသည့် လောင်ကျွမ်းမှုကြောင့် လက်ဝဲရံကာကွယ်သူ၏ ပိုင်နက်က ပြိုလဲလုနီးပါး ဖြစ်သွားလေသည်။

သို့သော်လည်း လက်ဝဲရံကာကွယ်သူက ချက်ချင်း သတိကပ်လိုက်ကာ သူ၏ သွေးစွမ်းအင်များကိုပင် လောင်ကျွမ်းပစ်လိုက်၏။

“မီးချော်ရည်..မုန်တိုင်း...”

သူ၏ သွေးစွမ်းအင်များကြောင့် ပိုင်နက်က ပြန်လည်ရုန်းကန်လာသည်။ လက်ဝဲရံကာကွယ်သူက ဒေါသတကြီး ကြုံးဝါးလိုက်၏။

“သေစမ်း...”

မီးချော်ရည်များက မုန်တိုင်းသဖွယ် ကြမ်းတမ်းစွာ လှုပ်ရှားလာသည်။ ထို့နောက် လုရှင်းယန်ရှိရာသို့ ဦးတည်၍ မြင့်တက်လာကာ သူ့ကို နစ်မြုပ်စေရန် ကြိုးစားလိုက်၏။

“ပျက်စီးသွားလိုက်စမ်း...”

လုရှင်းယန်က တိုးဝင်လာသည့် မီးချော်ရည်များကို သူ၏ လှံနှင့် အားကုန်လွှဲရိုက်လိုက်သည်။

“ဝုန်း...”

လှံ၏ ကြမ်းတမ်းသည့် ထိုးခွင်းမှုကြောင့် မီးချော်ရည်များက ဝရုန်းသုံးကား ဖြစ်ကုန်ကာ ဦးတည်ချက်မဲ့ ပျံ့နှံ့ကုန်၏။

ထိုမျှ မကသေး၊ ငရဲကိုးဘုံမီးတောက်က ချော်ရည်များကိုပင် လောင်ကျွမ်းသွားစေတော့သည်။

“မဟုတ်ဘူး...”

လက်ဝဲရံကာကွယ်သူက အလွန်အမင်း စိုးထိတ်သွား၏။ လုရှင်းယန်၏ လှံချက်ကြောင့် သူ၏ ပိုင်နက်က အစိတ်စိတ်အမွှာမွှာ ပြိုပျက်သွားသည်။

ထို့အပြင် သူ့ထံသို့ လုရှင်းယန်က အလျင်အမြန် ရောက်ရှိလာကာ လှံနှင့် ထိုးစိုက်လိုက်၏။

“ငါ့ကို သတ်ချင်တာလား...၊ အဲ့ဒီလောက်မလွယ်ဘူးကွ...”

လက်ဝဲရံကာကွယ်သူက သွေးစွမ်းအင်များကို ထပ်မံ လောင်ကျွမ်း ပစ်လိုက်ပြန်သည်။ သွေးစွမ်းအင်များ အလွန်အကျွံလောင်ကျွမ်းစေမှုကြောင့် သူ၏ ခန္ဓာကိုယ်တွင် အက်ကြောင်းများ စွာပေါ်ထွက်လာ၏။

သို့သော် မတက်နိုင်ပေ။ လုရှင်းယန်ကို တားဆီးရမည်ဖြစ်သည်။

သူ၏ ရှေ့တွင် သန်မာလွန်းသည့် အကာကွယ်လွှာတစ်ခု ပေါ်ထွက်လာ၏။

“ခလွမ်း...”

သို့သော်လည်း လုရှင်းယန်၏ လှံက ဝင်ရောက်လာသည်နှင့် တပြိုင်နက် အကာကွယ်အလွှာက ကြေမွသွားလေ၏။

“ဘယ်လို...”

လက်ဝဲရံကာကွယ်သူက အံ့ဩသွားချိန်တွင် ကြမ်းတမ်းသည့် လှံတစ်စင်းက သူ၏ ဝမ်းဗိုက်ကို ထိုးဖောက်သွားတော့သည်။

“အာ့...”

တရကြမ်း ထိုးစိုက်ခံရမှုကြောင့် သူ၏ ခန္ဓာကိုယ်က ဖီးနစ်နှလုံးသား လှံ၏ ခေါ်ဆောင်ရာသို့ လိုက်ပါသွားရ၏။

သူ၏ ပိုင်နက်ပြိုပျက်သွားမှုနှင့် အတူ ကောင်းကင်ထက်မှ တဟုန်ထိုး ကျဆင်းလာသည်။

လက်ဝဲရံကာကွယ်သူက သူ၏ ခန္ဓာကိုယ်ဟန်ချက်ကို ထိန်းချုပ်ရန် ကြိုးစားနေသော်လည်း အချည်းအနှီးဖြစ်နေရသည်။

ထို့အပြင် လှံမှတဆင့် ငရဲကိုးဘုံမီးတောက်က သူ၏ ခန္ဓာကိုယ်တွင်းသွေးကြောများဆီသို့ ဝင်ရောက်ကာ လောင်ကျွမ်းပစ်နေ၏။

“မဟုတ်ဘူး...”

လက်ဝဲရံကာကွယ်သူက သွေးပျက်စွာ ဟစ်အော်လိုက်ရသည်။ သွေးကြောများက ထိန်းချုပ်မရနိုင်အောင် ပျက်စီးနေပြီး သူ၏ ခန္ဓာကိုယ်ကို စတင်လောင်ကျွမ်းလာ၏။

“ဘုန်း...”

ဖီးနှစ်နှလုံးသားလှံက မြေလွှာသို့ စိုက်ဝင်သွားချိန်တွင် လက်ဝဲရံကာကွယ်သူ၏ ခန္ဓာကိုယ် ပါမလာတော့ချေ။

ငရဲကိုးဘုံမီးတောက်၏ စွမ်းအင်နှင့်ပင် သူ၏ ခန္ဓာကိုယ်က လောင်ကျွမ်းသွားခဲ့ရသည်။

ကြမ်းတမ်းလှသည့် နယ်မြေတစ်ဦးက ဤသို့နှင့် သေဆုံးသွားခဲ့ရ၏။

လုရှင်းယန်က လက်ဟန်တစ်ခု လုပ်လိုက်ချိန်တွင် မြေလွှာတွင် စိုက်ဝင်နေသည့် လှံက သူ၏ လက်ထဲ ပြန်လည်ရောက်ရှိလာသည်။

ထို့နောက် တီးတိုးရေရွတ်လိုက်၏။

“နှမြောစရာပဲ...၊ ချီဟူအတွက် သွေးစွမ်းအင် မကျန်ခဲ့ဘူး...”

လုရှင်းယန်က လက်ဝဲရံကာကွယ်သူကို ဟူကျောင်းယွမ်လောက်ပင် အဖြစ်မရှိဟု ထင်မှတ်လိုက်သည်။

သို့သော် လက်ဝဲရံကာကွယ်သူက အဖြစ်မရှိခြင်း မဟုတ်ပေ။ ငရဲကိုးဘုံမီးတောက်က ဟေးယန်ကဲ့သို့ အသိဉာဏ် မရှိသေးသောကြောင့် သွေးအဆီအနှစ်ကို ဆွဲထုတ်ရန် မကြိုးစားနိုင်ခဲ့ခြင်းပင်။

ဟိုင်တုယီက တံတွေးကို ခက်ခက်ခဲခဲနှင့် မြိုချလိုက်ရသည်။

ဖြစ်ပွားခဲ့သည့် တိုက်ပွဲက သူ၏ လက်ရှိအင်အားနှင့် နားမလည်နိုင်သော်လည်း မီးတောက်လှံနှင့် လူငယ်၏ စွမ်းအင်များက ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။

လုရှင်းယန်က စွမ်းအင်များ ရုပ်သိမ်းကာ သူ၏ ဂျုနီယာများ ရှိရာသို့ ဆင်းသက်လာချိန်တွင် ပိုင်ကျန့်ယွီက ဦးစွာမေးမြန်းလိုက်သည်။

“ဒုတိယအစ်ကို...၊ ကျုပ်တို့ နန်းတော်တပည့်ရှာဖို့ အခြားမြို့တွေ ဆက်သွားဦးမလား...”

“နန်းတော်တပည့်ရှာဖို့က ဆရာပေးလိုက်တဲ့ တာဝန်ပဲ..၊ ပျက်ကွက်လို့ မဖြစ်ဘူး...၊ ဒါ့ကြောင့် ဒီဖြစ်ရပ်ကို ဆရာ့ဆီတင်ပြပြီး...၊ ငါတို့ရဲ့ တာဝန်ကို ဆက်လုပ်ကြမယ်...”

လုရှင်းယန်က တွေးတွေးဆဆနှင့် ဆိုလိုက်၏။ ကောင်းကင်ကျားမျိုးနွယ်များက တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာမှုကိုလည်း လျစ်လျုရှုထားလို့ မရချေ။

“ဟုတ်ကဲ့ပါ...၊ ဒုတိယအစ်ကို...”

ပိုင်ကျန့်ယွီတို့က မည်သူမျှ မကန့်ကွက်ချေ။ သူတို့၏ စီနီယာအစ်မပြီးလျင် လုရှင်းယန်၏စကားကိုလည်း နားထောင်ကြသည်။

ထိုအရာက ကြောက်ရွံ့ခြင်းကြောင့်မဟုတ်ပဲ သူတို့၏ စီနီယာများအပေါ် ရိုသေလေးစားခြင်းဖြစ်၏။

“သခင်လေးတို့...”

ဟိုင်တုယီက တုန်လှုပ်နေမှုမှ အသိဝင်လာကာ အလျင်အမြန် အရိုသေပြုကာ နှုတ်ဆက်လိုက်သည်။ ထိုသူများက လျှိုမင်ယွမ်၏ စီနီယာများနှင့် ဂျုနီယာတို့ဖြစ်သည်ကို ရိပ်စားမိသွားခဲ့၏။

“ငါတို့ကို စီနီယာအစ်ကိုလို့ပဲခေါ်...၊ တရားဝင်အသိအမှတ်မပြုရသေးပေမဲ့ မင်းက ဟွမ်းရှန့်နန်းတော်ရဲ့ တပည့်တစ်ဦးဖြစ်လာလိမ့်မယ်...”

လုရှင်းယန်၏ လေသံက နွေးထွေးသွားသည်။ တိုက်ပွဲတွင် ထုတ်ဖော်ခဲ့သည့် အမူအယာနှင့် မည်သို့မျှ မသက်ဆိုင်သည့်အလားပင်။

ထို့အပြင် ဟိုင်တုယီက မသန်မာသော်လည်း စိတ်ထားလေးက မဆိုးလှချေ။ ထို့ကြောင့် သူတို့ နန်းတော်တပည့်အဖြစ် ခေါ်ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်းပင်။

ပါရမီလား..၊ အရေးမပါပေ..။

ကောင်းမွန်သည့် စိတ်ထားနှင့် ကြိုးစားအားထုတ်လိုစိတ်သာ လိုအပ်ခဲ့၏။

ဟွမ်း၏ တပည့်အားလုံးတွင် လုရှင်းယန်က သာမန်ကျင့်ကြံသူမျှပင်။ ခရမ်းလမျိုးနွယ်ဝင်မဟုတ်သလို ဓားသ‌န္ဓေလည်းမရှိခဲ့..၊ အမှောင်ဝိညာဉ်လည်း မပိုင်ဆိုင်ခဲ့သလို နတ်ဝိညာဉ်နှင့် မွေးဖွားလာသူလည်း မဟုတ်ခဲ့ချေ။

သို့သော် ဟွမ်း၏ တပည့်ဖြစ်လာခဲ့ပြီးနောက် အားလုံးနှင့် တန်းတူ ရပ်တည်နိုင်သည့် လူငယ်တစ်ဦးဖြစ်ခဲ့ရပြီ။

ထိုသို့ဖြစ်အောင် အားလုံးထက် ပို၍ ကြိုးစားခဲ့ရသည်။ ထို့ကြောင့် ဟွမ်းရှန့်နန်းတော်အတွက် ကြိုးစားချင်စိတ်ရှိမည့်သူများကိုသာ ဦးစားပေး ရွေးချယ်မည်ဖြစ်၏။

“ဟုတ်ကဲ့ပါ...စီနီယာတို့...”

ဟိုင်တုယီက သူတို့လေးဦးအကြားတွင် အနည်းငယ် သက်တောင့် သက်သာ ဖြစ်လာ၏။ ထိုသူများ၏ ဆက်ဆံမှုက နွေးထွေးလှသည်။

သူက လျှိုမင်ယွမ်ပေးအပ်ခဲ့သည့် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်နိုင်ခဲ့သောကြောင့် အလွန်ပင် ပျော်ရွှင်သွားမိ၏။

“ဂျုနီယာလေး...၊ ဒီအနီးအနားက မြို့တွေအကြောင်းသိထားလား...”

ပိုင်ကျန့်ယွီက အနက်ရောင်ယာဉ်ပျံကို ထုတ်ယူရင်း ဟိုင်တုယီကို မေးလိုက်၏။ တဖက်ရှိ လုရှင်းယန်က သတင်းပို့ အဆောင်တစ်ခုသုံးကာ ဟွမ်းကို ဆက်သွယ်နေသည်။

“ဟုတ်ကဲ့ ဒီအရှေ့မှာ...၊ နဂါးအရိပ်မြို့ ရှိတယ်...”

ဟိုင်တုယီက ညွှန်ပြကာ ဆိုလိုက်၏။ သူက နတ်ပင်လယ်မြို့မှ ပြင်ပမြို့များသို့ ထွက်ခွာဖူးခြင်း မရှိသော်လည်း အနီးအနားမြို့များကို သိရှိထားသည်။

ထို့နောက် သူတို့ငါးဦးက အနက်ရောင်ယာဉ်ပျံနှင့် အတူ နဂါးအရိပ်မြို့သို့ ဦးတည်သွားကြတော့၏။

သူတို့နှင့် ဝေးကွာလွန်းလှသည့် နန်းတော်ကြီးတစ်ခုတွင် ကျင့်ကြံသူများစွာ ဝင်ရောက်နေပြီး စည်ကားသက်ဝင်နေသည်။

လုရှင်းယန်တို့ တည်ရှိရာနေရာမှ ထိုနေရာသို့ ရောက်ရန် ရက်သတ္တပတ်မျှ ကြာညောင်းပေမည်။

ထိုနေရာက ကြီးကျယ်ခမ်းနားလွန်းသည့် ဗိမာန်တစ်ခုအသွင်တည်ရှိနေ၏။ ၎င်းက ကောင်းကင်ကျားမျိုးနွယ်၏ တည်နေရာပင် ဖြစ်သည်။

ယနေ့တွင် အခြားနယ်မြေဘုရင်များက ကောင်းကင်ကျားနယ်မြေထံရောက်ရှိလာကာ တွေ့ဆုံမည့် နေ့ရက်ဖြစ်၏။

ဗိမာန် အတွင်းသို့ လမ်းညွှန်ကာ ခေါ်ဆောင်လာသူများက နယ်မြေသခင်ကျင့်ကြံသူများ ဖြစ်နေကြသည်။ သူတို့က နယ်မြေဘုရင်များကို လေးစားမှုပြသ ရမည်ဖြစ်သောကြောင့်ပင်။

နယ်မြေသခင်ကျင့်ကြံသူ၏ လမ်းညွှန်မှုနှင့် အတူ ကျော့ရှင်း လှပလွန်းသည့် မိန်းကလေးနှစ်ဦးက ခမ်းနားသည့် ဗိမာန်တွင်းသို့ ဝင်ရောက်လာ၏။

“နတ်လိပ်ပြာနယ်မြေဘုရင်...ရောက်ရှိလာပါပြီ...”

ဗိမာန်အတွင်းရှိ ရင်ပြင်သို့ ရောက်ရှိချိန်တွင် နယ်မြေသခင် ကျင့်ကြံသူက အသံပေးလိုက်သည်။

သူ၏ အသံက မကျယ်လောင်သော်လည်း ရင်ပြင်အတွင်း ရောက်ရှိနေသည့် ကျင့်ကြံသူများက ရှင်းလင်းပြတ်သားစွာ ကြားလိုက်ရ၏။

ထို့နောက် မိန်းကလေးနှစ်ဦးက ရင်ပြင်အတွင်းသို့ ဝင်ရောက်လျှောက်လှမ်းလာချိန်တွင် ကောင်းကင်ကျားနယ်မြေဘုရင်နှင့် ရောက်ရှိနေပြီဖြစ်သည့် အခြားနယ်မြေဘုရင်များက နှုတ်ဆက်စကားဆိုလိုက်သည်။

“နယ်မြေဘုရင်ကျစ်...”

All Chapters