← Chapters

အားနည်းလိုက်တာ

Vol. 25 Ch. 363

အားနည်းလိုက်တာ

Vol. 25 Ch. 363

လုရှင်းယန်တို့က နတ်ပင်လယ်မြို့သို့ ဝင်ရောက်ချိန်တွင် ကောင်းကင်ကျားမျိုးနွယ်၏ အငွေ့အသက်ကို ခံစားမိခဲ့ကြ၏။

ထို့ကြောင့် မြို့ထဲတွင် လျှိုမင်ယွမ်တစ်ဦးတည်းသာ ဝင်ရောက်ခဲ့သည်။

သူက လူငယ်များရှာဖွေနေရင်း ထိုသူ၏ အခြေအနေကို အကဲခတ်နေခဲ့ခြင်းပင်။ ကောင်းကင်ကျားမျိုးနွယ်က လျှပ်စီးနယ်မြေသို့ ထပ်မံရောက်ရှိလာခြင်းက ဟွမ်းရှန့်နန်းတော်ကြောင့် ဖြစ်မည်ကို ချက်ချင်း သိလိုက်၏။

“ဒါက...”

ဟိုင်တုယီက အလွန်မင်သက်နေရသည်။ ထက်မြက်လှသည့် အရှိန်အဝါနှင့် လူငယ် သုံးဦးက ရုတ်ချည်းပေါ်ထွက်လာပြီး ထိုအထဲမှ မိန်းမငယ်လေးက သူ့ထက်ပင် ငယ်ရွယ်ဟန် ရှိ၏။

သို့သော် သူမ၏ စွမ်းအင်အရှိန်အဝါကပင် အလွန်ကြောက်မက်ဖွယ်ကောင်းနေသည်။

‘ဟွမ်းရှန့်နန်းတော်က ဘယ်လို အဖွဲ့အစည်းမျိုးလဲ...’

သူ၏ စိတ်တွင်း အော်ဟစ်မိလိုက်၏။ လူငယ်များပင် အတော်ကြမ်းတမ်းနေပြီဖြစ်ရာ နန်းတော်သခင်ဆိုလျင် မည်သို့ အခြေအနေများ ဖြစ်နေမည်နည်း။

ဟိုင်တုယီက အလွန်မင်း စိတ်လှုပ်ရှားလာသည်။ သူအတွေးများကို ကောင်းကင်ထက်မှ တိုက်ပွဲက လှုပ်နှိုးလိုက်သည့် အလားပင်။

“ဝုန်း...”

လုရှင်းယန်၏ ရိုက်ချက်ကြောင့် လက်ဝဲရံကာကွယ်သူက ခြေလှမ်းများစွာ ဆုတ်ခွာလိုက်ရသည်။ သို့သော် လုရှင်းက အသက်ရှုခွင့် မပေးချေ။

မြန်ဆန်သည့် လှုပ်ရှားမှုနှင့် လက်ဝဲရံအနားသို့ ရောက်ရှိလာကာ လှံနှင့် ထိုးစိုက်လိုက်သည်။

“ငါ့ကို အနိုင်ကျင့်ရလွယ်ကူထင် တင်နေလား...”

လက်ဝဲရံကာကွယ်သူက သူ၏ စွမ်းအင်များကို မာန်ဟုန်ပြုကာ ထုတ်ဖော်လိုက်၏။

သူက လျှိုမင်ယွမ်ကို တိတ်တဆိတ် စုံစမ်းနိုင်မည်ဟု တွေးထင်သားသော်လည်း လျှိုမင်ယွမ်က သတိထားမိနေခဲ့သည်။ သို့သော်လည်း သူက တိတ်တဆိတ် ထွက်ခွာနိုင်မည်ဟု ထင်ထားခဲ့ပြန်၏။

ထပ်၍ မတွေးမိသည်မှာ နယ်မြေသခင်အဆင့် လူငယ်သုံးဦး ပါရှိနေခြင်းကိုပင်။ ထိုလူငယ်များကြောင့် သူ၏ တိတ်တဆိတ် ထွက်ခွာမည့် အကြံအစည်က မအောင်မြင်တော့ပေ။

ထို့ကြောင့် တိုက်ခိုက်ဖို့သာ ရွေးချယ်ရတော့ပေမည်။

သူ၏ စွမ်းအင်များ ရုတ်ချည်း ထွက်ပေါ်လာမှုကြောင့် လုရှင်းယန်၏ လှံက ရပ်တန့်သွားလေသည်။

“ကောင်လေး...၊ မင်းကို နယ်မြေသခင်တစ်ယောက်ရဲ့ စစ်မှန်တဲ့ ခွန်အားကို ပြသပေးမယ်...”

လက်ဝဲရံကာကွယ်သူ၏ ခန္ဓာကိုယ်မှ ရုတ်ချည်းဆိုသလို မီးတောက်များက အဆပေါင်းများစွာ သန်မာသွား၏။

“ကောင်းကင်ကျားရဲ့ မီးမုန်တိုင်း...”

နီညိုရောင်မီးလျှံများက တဟုန်ထိုး ထွက်ပေါ်လာကာ လုရှင်းယန်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားလေသည်။

“ငါက..တိတ်တဆိတ် ထွက်ခွာသွားဖို့ ရည်ရွှယ်ထားတာ...”

လက်ဝဲရံကာကွယ်သူက ဒေါသကြီးဆိုကာ သူ၏ လက်နှစ်ဖက်ကို ဖိကပ်တော့မည့်အသွင်ပြုလုပ်လိုက်သည်။

လုရှင်းယန်ကို လွှမ်းခြုံထားသည့် မီးလျှံများက တံတိုင်းနှစ်ခုသဖွယ်ဖြစ်တည်လာသည်။

ထိုတံတိုင်းနှစ်ခုက အဆုံးအစမဲ့သည့် အလား မြင့်မားလွန်းပြီး လုရှင်းယန်ကို ကန့်သတ်ထားလိုက်၏။

“ငါ့ရဲ့ လမ်းမှာ ပိတ်ရပ်ချင်မှတော့...သေလိုက်တော့...”

လက်ဝဲရံကာကွယ်သူက ကြမ်းတမ်းသည့် အသွင်နှင့် သူ၏ လက်နှစ်ဖက်ကို ဖိကပ်လိုက်၏။

ထို့ကြောင့်ပင် ‘ဖြောင်းခနဲ..’ မြည်သံနှင့်အတူ ချက်ချင်းဆိုသလို မီးလျှံတံတိုင်းနှစ်ခုက လုရှင်းယန်၏ ဘေးနှစ်ဖက်မှနေ၍ ညှပ်ချတော့မည်အသွင်နှင့် လှုပ်ရှားလာသည်။

မီးလျှံတံတိုင်းနှစ်ခုက အလျင်အမြန်နှင့် လှုပ်ရှားလာပြီး လုရှင်းယန်၏ ဘေးနှစ်ဖက်သို့ ရောက်ရှိလာကာ ကြမ်းတမ်းစွာ ဖိကပ်သွားတော့၏။

“ဘုန်း...”

ရိုက်ခတ်မှုက ကြမ်းတမ်းသောကြောင့် မီးတံတိုင်းထံမှ မီးလျှံအစအနများ ထွက်ပေါ်လာသည်။

“ဟမ့်...၊ လောင်ကျွမ်းလိုက်စမ်း...”

လက်ဝဲရံကာကွယ်သူက နှာမှုတ်လိုက်၏။ လုရှင်းယန်ကဲ့သို့ လူငယ်များနှင့် တိုက်ခိုက်ရသည်မှာ လွယ်ကူလွန်းသည်။

သို့သော် မျက်မှောင်ကြုတ်မိသွား၏။

လုရှင်းယန်က မီးတံတိုင်းနှင့် ဖိနှိပ်ခံလိုက်ရသော်လည်း သူနှင့် အတူပါရှိလာသည့် လူငယ်များက စိတ်လှုပ်ရှားချင်းမရှိကြချေ။

သူအကဲခတ်ကြည့်လိုက်စဉ် ထိုလူငယ်များက လှုပ်ရှားမှု ပြုလုပ်ရန် ဆန္ဒမရှိသည့် အလားပင်။

ထိုအချိန်တွင် မီးလျှံတံတိုင်းနှစ်ခု အတွင်းမှ လှောင်ပြောင်ဟန်ရသည့် အသံထွက်ပေါ်လာသည်။

“အားနည်းလိုက်တာ...”

ထိုအသံနှင့်အတူ ‘တဝုန်းဝုန်း’နှင့် ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာ၏။

ထို့ကြောင့် မီးလျှံတံတိုင်းကြီးက ယိုယွင်းက ပြိုပျက်သွားသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ...”

လက်ဝဲရံကာကွယ်သူက မယုံနိုင်သည့် အမူအယာ ဖြစ်သွား၏။ သူနှင့်အတူပါလာသည့် လူငယ်များ မလှုပ်ရှားမှုအပေါ် ယခုမှပင် နားလည်သွားတော့သည်။

ထိုလူငယ်က မီးတောက်သုံးနိုင်သည်ကို သိရှိသော်လည်း သူ၏ မီးစွမ်းအင်များကို အဆုံးစွန်အထိ ဖော်ထုတ်ကာ တိုက်ခိုက်ခဲ့ခြင်းပင်။

သို့သော် ထိုလူငယ်က မည်သို့မျှ ရုန်းကန်ရဟန် မဖြစ်ပေါ်ပဲ အသာယာနှင့်ပင် သူ၏ မီးလျှံတံတိုင်းများကို ဖြိုခွဲခဲ့သည်။

“မီးတောက် မီးလျှံတွေနဲ့ တိုက်ခိုက်မှုက ငါ့အပေါ် အလုပ် မဖြစ်ဘူးလို့ မပြောခဲ့ဘူးလား...”

မီးတောက်များ ငြိမ်သက်လာပြီးနောက် လုရှင်းယန်က ထီမထင်သည့် အမူအယာနှင့် ကောင်းကင်ထက်တွင် အသာလျှောက်လှမ်းလာ၏။

ချီဟူ ကောင်းကင်ကျားသွေးစက်ကို မစုပ်ယူခင်က တိုက်ခိုက်ခဲ့လျှင် လက်ဝဲရံကာကွယ်သူ၏ တိုက်ခိုက်မှုကြောင့် လုရှင်းယန်က အခက်တွေ့နိုင်လောက်ပေမည်။

သို့သော် ချီဟူက ကောင်းကင်ကျားသွေးစက်ကို စုပ်ယူပြီးနောက်တွင် ချီဟူ၏ သွေးမျိုးဆက်သည် ပြောင်းလဲလာကာ သူ၏ မွေးရာပါ မီးတောက်၏ စွမ်းအင်များက နောက်တစ်ဆင့်သို့ တိုးတက်လာခဲ့သည်။

ထို့နောက်တွင် ချီဟူ၏ မီးတောက်စွမ်းအင်နှင့် ငရဲကိုးဘုံမီးတောက်၏ စွမ်းအင်နှစ်ခုကို လုရှင်းယန်က ပေါင်းစည်းရန် ကြံရွယ်ခဲ့၏။

အရင်အချိန်များကတည်းက ငရဲကိုးဘုံမီးတောက်နှင့် ချီဟူ၏ မီးတောက်က သဟဇာတရှိခဲ့သောကြောင့် ပေါင်းစည်းမှု လုပ်ငန်းစဉ်က လုရှင်းယန်အတွက် အခက်အခဲကြီး မဖြစ်ခဲ့ပေ။

ထို့ကြောင့်ပင် လက်ဝဲရံကာကွယ်သူ၏မီးတောက်စွမ်းအင်များက သူ့အတွက် ကြီးမားသည့် ဖိအား မရှိတော့ချေ။

“ဟမ့်... သိပ်ပြီး မောက်မာမနေနဲ့...”

လက်ဝဲရံကာကွယ်သူက သူ့ကို အားနည်းသည်ဟု နှိမ့်ချခဲ့ခြင်းကြောင့် အလွန်ဒေါသထွက်သွား၏။

သူက ချက်ချင်းဆိုသလို လက်အသွင်ပြုလုပ်လိုက်ကာ သူ၏ နောက်တွင် ကောင်းကင်ကျားပုံရိပ်ကို ထုတ်ဖော်လိုက်သည်။

ထိုပုံရိပ်ထွက်ပေါ်လာသည့်နှင့် တပြိုင်နက် လုရှင်းယန်၏ မြင်ကွင်းများ ပြောင်းလဲသွားကာ ချော်ရည်ပင်လယ်ကြီးတစ်ခုအသွင်း ကျရောက်သွား၏။

ထိုအရာသည် လက်ဝဲရံကာကွယ်သူ၏ ပိုင်နက် ဖြစ်သည်ကို လုရှင်းယန်က ချက်ချင်းသိရှိလိုက်သည်။

သို့သော် သူ၏ အသွင်က တည်ငြိမ်နေသည်။ မည်သည့် ထိတ်လန့်မှုမျှ မရှိသည့် အလားပင်။

ထို့နောက် သူ၏ လှံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ကာ ချော်ရည်ပင်လယ်ကို ထိုးစိုက်သည့် အသွင်ပြုလုပ်လိုက်၏။

သူ၏ လှံက ချော်ရည်ပင်လယ်ကို ထိုးစိုက်မိသွားသော်လည်း ဖီးနစ်နှလုံးသားလှံက ချော်ရည်များ၏ ပူလောင်မှုကို လျစ်လျုရှုထားသည့်အလားပင်။

လှံ၏ ချော်ရည်ပင်လယ်ထဲသို့ ထိပ်ဖူးက နစ်ဝင်သွား၏။

ထိုသို့ တပြိုင်နက် လှံ၏ ထိပ်ဖျားမှ ငရဲကိုးဘုံ မီးတောက်က ချော်ရည်များကိုပင် စတင်လောင်ကျွမ်းလာသည်။

“ဝုန်း...”

ထို့နည်းတူ လုရှင်းယန်၏ နောက်တွင် မီးတောက်များက ‘တဟုန်းဟုန်း’ တောက်လောင်လာကာ မီးချော်ရည်ပင်လယ်ကြီးကို ပြန်လည်လွှမ်းမိုးရန်ကြိုးစားလိုက်၏။

‘ဘယ်လို..’

လက်ဝဲရံကာကွယ်သူ၏ မျက်ဝန်းများ မှေးကျဉ်းသွားသည်။ ထိုလူငယ်က ပိုင်နက်ပင် ထုတ်ဖော်နိုင်သည်ဟု မထင်ထားခဲ့မိပြန်ပေ။

ထို့အပြင် သူ၏ ပိုင်နက်ကိုတွန်းလှန်နေသည့်အပြင် ပြန်လည် ထိန်းချုပ်ရန် ကြိုးစားနေခြင်းပင်။

ပိုင်နက်နှစ်ခုအတွင်း အနီရောင်မီးတောက်များနှင့် နီညိုရောင်ချော်ရည်မီးတောက်များက အပြင်းအထန် အားပြိုင်နေကြသည်။

သို့သော်လည်း သူက သတိဝင်လာကာ သူ၏ ပိုင်နက်ကို အရှိန်အဟုန် မြင့်တင်လိုက်၏။

“သေစမ်း...”

လက်ဝဲရံကာကွယ်သူက ပိုင်နက်အတွင်း ကြီးမားသည့် ကောင်းကင်ကျား လက်ဝါးကြီးနှင့် လုရှင်းယန်ကို ဖိချလိုက်သည်။

“အဲ့လောက် မလွယ်ဘူး...”

လုရှင်းယန်က ပြန်လည် တုန့်ပြန်လိုက်ပြီးနောက် သူ၏ လှံနှင့် ၎င်းကို ပစ်ခွင်းလိုက်၏။

“ငရဲကိုးဘုံမီးတောက်...လောင်ကျွမ်းလိုက်စမ်း...”

“ဝှီး...”

မီးတောက်များနှင့် လောင်ကျွမ်းနေသည့် လှံက မြန်ဆန်လွန်းသည့် အရှိန်အဟုန်ကြောင့် တခဏအတွင်း လက်ဝါးကြီးနှင့် ထိခတ်သွားသည်။

“ဝုန်း....”

“မဖြစ်နိုင်တာ...”

လက်ဝဲရံကာကွယ်သူက အထိတ်ထိတ်အပြာပြာ ဖြစ်သွားရ၏။

အကြောင်းမှာ လုရှင်းယန်၏ လှံက အတားအဆီးမဲ့စွာနှင့် ကောင်းကင်ကျား၏ လက်ဝါးကို ဖောက်ထွက်သွားသောကြောင့်ပင်။

“အဟွတ်...”

လက်ဝဲရံကာကွယ်သူ၏ နောက်ရှိ ကောင်းကင်ကျား ပုံရိပ်က တဖြည်းဖြည်းနှင့် ကွယ်ပျောက်သွားကာ သွေးများလည်းအန်ထုတ်လိုက်ရသည်။

“အဆုံးသတ်စမ်း...”

လုရှင်းယန်က ကြုံးဝါးကာ လက်ဝဲရံကာကွယ်သူ၏ ပိုင်နက်ကို အဆုံးသတ်ရန် ကြိုးစားလိုက်၏။

All Chapters