← Chapters

လောကကြီးကို အုပ်စိုးဖို့ လက်မှာ အုတ်ခဲကိုင်မယ်

Vol. 16 Ch. 225

လောကကြီးကို အုပ်စိုးဖို့ လက်မှာ အုတ်ခဲကိုင်မယ်

Vol. 16 Ch. 225

ဓားပျံတွေလား။

သူ့ထံသို့ အရပ်မျက်နှာပေါင်းစုံမှ ပျံသန်းလာနေသည့် ဓားငယ်များကို ကြည့်ကာ ယီယွင် မှင်တက်မိသွားလေ၏။ သူသည် ကြယ်ခူးလက်ကို လက်သိုင်းတစ်မျိုးဟုသာ ထင်ထားခဲ့ပြီး ဓားသိုင်းတစ်ခု ထင်မထားခဲ့ပေ။

ဓားသိုင်းတစ်ခု ဖြစ်နေသော်လည်း ကြယ်ခူးလက်ဟု ခေါ်တွင်ထားချေ၏။

ပင်မဓားတစ်ချောင်းနှင့် ဓားငယ်ဆယ့်နှစ်ချောင်းဖြစ်ပြီး ကောင်းကင်တွင် ဓားဆယ့်သုံးချောင်း ရှိနေ​လေ၏။ ဓားအများစုက ယီယွင်၏ ဘေးပတ်လည်မှ နေရာလွတ်များဆီသို့ ပျံသန်းသွားနေသည်။ ဓားငယ်များက ယီယွင်၏နံဘေး နေရာများနှင့် နီးကပ်လာချိန်တွင်မူ လေထဲတွင်ပင် လမ်းကြောင်းပြောင်းသွားလေ၏။ ဓားဦးများက ယီယွင်ဆီသို့ အရပ်မျက်နှာပေါင်းစုံမှ ပြေးဝင်လာကြသည်။

ဓားပျံတွေက ဦးတည်ရာအရပ် ပြောင်းလဲနိုင်တာလား။

မြင်ကွင်းကြောင့် စစ်သည်များ ထိတ်လန့်သွား၏။

လက်နက်တစ်ခုကို လေထဲတွင် လမ်းကြောင်းပြောင်းစေရန် ထိန်းချုပ်သည်မှာ ယွမ်အုတ်မြစ်ချနယ်ပယ် စစ်သည်များ အသုံးပြုသည့် ယွမ်ချီနည်းစနစ် ဖြစ်လေ၏။

ဓားဆယ့်သုံးချောင်းက ယီယွင်ဆီသို့ အရပ်မျက်နှာပေါင်းစုံမှ လာနေလေပြီး ရှောင်တိမ်းစရာနေရာ မရှိချေ။ တဒင်္ဂလှုပ်ရှားမှုနှင့်ပင် ရှောင်တိမ်းရန် အလွန်အမင်း ခက်ခဲပေလိမ့်မည်။

လူတိုင်းက ယီယွင်နှင့် ဓားဆယ့်သုံးချောင်းကို စူးစိုက်ကြည့်နေကြသည်။ သူတို့သည် မရေရာမှုများပြည့်နေသည့် အံ့ဩဖွယ်ရာမြင်ကွင်းအား လွတ်သွားမည်ကို စိုးရွံ့နေကြလေ၏။

လူအားလုံး ဓားပျံများကို အာရုံစိုက်နေချိန်တွင် လျိုယွီရှင်း လက်ချောင်းချိတ်တံဆိပ်တစ်ခု တိတ်တဆိတ် ဖော်ဆောင်လိုက်လေ၏။ သူ ယွမ်ချီများကို အမြင့်ဆုံးအထိ လည်ပတ်စေပြီး စွမ်းအင်အားလုံးကို ညာလက်၏ လက်ညှိုးနှင့် လက်ခလယ်တို့တွင် စုစည်းစေသည်။

လျိုယွီရှင်းက ယီယွင်အား ဓားပျံဆယ့်သုံးချောင်း ဝန်းရံနေသည်ကို ကြည့်ကာ အရိုင်းဆန်ဆန် တွေးလိုက်လေသည်..." သေလိုက်စမ်း။ ဓားပျံတွေက ဟန်ပြပဲဖြစ်ပြီ ဒီကြယ်ခူးလက်ကမှ အစစ်ဆိုတာကို မင်း သိမှာမဟုတ်ဘူး "

" ကြယ်ခူးမရဏတိုက်ကွက် "

လျိုယွီရှင်း လက်ချောင်းများကို တန့်ထုတ်လိုက်လေရာ ယွမ်ချီသည် လေဟာနယ်နှင့် ပေါင်းစည်းသွားပြီး ယီယွင်ဆီသို့ ပြေးဝင်သွားလေ၏။

ထိုချီစွမ်းအားကို မမြင်ရပေ။ ၎င်းသည် သာမန်နှင့်မခြားလေဘဲ သေးငယ်သော လေထုလှုပ်ခတ်မှုသာ ရှိလေ၏။ ချီစွမ်းအားက လေဟာနယ်ကို စုတ်ဖြဲသွားကာ ယီယွင်ဆီသို့ ပြေးသွားလေ၏။ တစ်ချိန်တည်းမှာပင် ဓားပျံဆယ့်သုံးချောင်းက ယီယွင်အား ထိုးစိုက်လာသည်။

ကြယ်ခူးမရဏတိုက်ကွက်၏ လေခွင်းသံက ဓားပျံများ၏ အသံလှိုင်းများထဲတွင် နစ်မြုပ်နေလေ၏။ သတ်ဖြတ်လိုစိတ်ကိုလည်း ဓားအလင်းများက ဖုံးအုပ်ထားလေသည်။ လျိုယွီရှင်း၏ မရဏတိုက်ကွက်အစစ်က ဓားပျံဆယ့်သုံးချောင်းထဲတွင် ပြီးပြည့်စုံစွာ ဖုံးကွယ်နေလေ၏။

ထန်း...ထန်း...။

ယီယွင်က ကောင်းကင်ချုပ်နှောင်လက်နက်ကို ဝှေ့ယမ်းကာ ဓားပျံများကို ခုခံလိုက်သည်။

ဓားပျံများက ယီယွင်၏ တန်ပြန်တိုက်ခိုက်မှုအောက်တွင် ခြိမ်းခြောက်နိုင်စွမ်းမရှိပေ။ ကောင်းကင်ချုပ်နှောင်လက်နက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ဓားပျံအားလုံး ပြုတ်ကျသွားရသည်။ ပင်မဓားပျံသည်ပင် ကောင်းကင်ချုပ်နှောင်လက်နက်က ရိုက်ချသည်ကို ခံလိုက်ရလေ၏။

ပွဲကြည့်သူများ မျက်လုံးပြူးသွားရသည်။ လျိုယွီရှင်း အချိန်အတန်အကြာ ကြိုတင်ပြင်ဆင်ထားခဲ့သည့် သတ်ကွက်ဖြစ်သော ကြယ်ခူးလက်က ထို့အတိုင်း တားဆီးခံလိုက်ရသည်တဲ့လား။

ပရိတ်သတ်များ မှင်တက်မိနေချိန်တွက် လျိုယွီရှင်း၏ မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်လာသည်။ သူ၏ယွမ်ချီအားလုံးကို အပိုင်တိုက်ကွက်ထဲတွင် ထည့်သွင်းထားလေ၏။ ထို့ကြောင့် ဓားပျံအားလုံးက အားနည်းနေသည်ဖြစ်ပြီး ယီယွင်သည်လည်း ကျုံးသွင်းခံလိုက်ရချေပြီ။

အသေသတ်တိုက်ကွက်က ယီယွင်၏ နှလုံးဆီသို့ တည့်တည့်ပြေးဝင်နေသည်။ ယီယွင်အား သတ်ဖြတ်မှုကြောင့် အချိန်တစ်ခုအထိ ထောင်ကျရမည်ဆိုလျှင်ပင် လျိုယွီရှင်းက နောင်တရမည်မဟုတ်ပေ။

ထိစမ်း...။

လျိုယွီရှင်း စိတ်ထဲတွင် အော်ဟစ်နေချိန်တွင် ယီယွင် ပြုံးလိုက်သည်။ ယီယွင် လက်နှစ်ဖက် ပူးလိုက်လေရာ အလွန်မြန်ဆန်မှုကြောင့် ပုံရိပ်အကြွင်းအကျန်များ ဖြစ်လာရသည်။ သူ၏ခန္ဓာကိုယ်ထဲမှ ယွမ်ချီများ ပေါက်ကွဲထွက်လာ၏။ ကောင်းကင်ချုပ်နှောင်လက်နက်အား ရင်ဘက်တွင် ထားလိုက်လေ၏။

ဘုန်း...။

လျိုယွီရှင်း၏ တိုက်ကွက်က ကောင်းကင်ချုပ်နှောင်လက်နက်၏ အုတ်ခဲမျက်နှာပြင်ကို ထိမှန်သွားလေ၏။

ပြင်းထန်သော ပေါက်ကွဲအားကြောင့် လေစီးကြောင်းများ တုန်ခါသွားရသည်။ ယီယွင်၏ခန္ဓာကိုယ် အနည်းငယ် မြောက်တက်သွားကာ လက်မောင်းများ ထုံကျဥ်သွားရသည်။

လူတိုင်း တုန်လှုပ်သွားရသည်။

ဘာဖြစ်သွားတာလဲ။

ယီယွင်က ဓားပျံအားလုံးကို ခုခံတားဆီးထားခဲ့ပြီး ဖြစ်လေသည်။ အဆုံးသတ်မှ ယွမ်ချီပေါက်ကွဲမှုက မည်သည့်နေရာမှ ဖြစ်လာလေသနည်း။

အတုန်လှုပ်ရဆုံးလူက လျိုယွီရှင်း ဖြစ်လေသည်။ သူ နောက်ဆုံးမြင်ကွင်းကို ကြည့်ကာ မှင်တက်မိသွားလေ၏။ ထိုကောင်က ဓားပျံဆယ့်သုံးချောင်းနှင့် ကြယ်ခူးလက်ကို ခုခံနိုင်သည်အထိ အဘယ်သို့များ အလွန်မြန်ဆန်နေရလေသနည်း။

လျိုယွီရှင်း ထိုအရာကို လက်မခံနိုင်ပေ။ သူက ထိုတိုက်ခိုက်မှုထဲတွင် စွမ်းအားအကုန် ထည့်ထားသည့်တိုင်အောင် ယီယွင်က တားဆီးသွားခဲ့လေ၏။ သူ့အတွက်မူ ထိုအချင်းအရာက စော်ကားမှုတစ်ရပ်သာ ဖြစ်လေ၏။

ထိုအခိုက်တွင် သူ ကြည့်နေခဲ့သည့် ယီယွင်က ရုတ်ရက်ပင် ပျောက်သွားကြောင်း တွေ့လိုက်ရသည်။

လျိုယွီရှင်း မိုးကြိုးပစ်ခံလိုက်ရသည့်ပမာ ခံစားလိုက်ရသည်။ သူ၏ခြေလက်များ အေးခဲသွားက တုန့်ပြန်မှုများ နှေးကွေးသွားလေ၏။ သူ၏စိတ်ထဲတွင် မသက်မသာခံစားချက်တစ်ခု တိုးမြင့်လာသည်။

မဟုတ်ဘူး....။

လျိုယွီရှင်း စိတ်ထဲတွင် ဟစ်အော်လိုက်၏။ နောက်ဆုံးအချိန်တွင် သူ ရှေ့သို့ခုန်လိုက်သည်။ သို့သော် ကြယ်ခူးလက်ကို အသုံးပြုထားသည့် သူက ယွမ်ချီများစွာ ကုန်ခမ်းထားလေသည်။ ရုတ်တရက် လုပ်ဆောင်သော အမြန်နှုန်းက နှေးကွေးနေခဲ့ချေပြီ။

နောက်ကျလွန်းခဲ့ပြီဖြစ်ချေ၏။

ယီယွင်က လျိုယွီရှင်း၏ ကျောဘက်တွင် တစ္ဆေတစ်ကောင်ပမာ ပေါ်ထွက်လာသည်။ သူ၏ခန္ဓာကိုယ် လေထဲတွင်ရှိနေချိန်တွင် သူ၏လက်အား ဆန့်လိုက်လေ၏။ ထို့နောက်တွင် သူ၏လက်က...။

တောက်ပတဲ့အုတ်ခဲ...။

သူ၏လက်မြောက်လိုက်ခြင်းနှင့်အတူ အုတ်ခဲက အောက်သို့ထိုးဆင်းသွားလေ၏။

ဒေါင်...။

ယီယွင် ကျစ်လျစ်သော အုတ်ခဲက လျိုယွီရှင်း၏နောက်စေ့ကို ရိုက်မိသွားလေ၏။

လျိုယွီရှင်း၏ခန္ဓာကိုယ် တုန်ခါသွားရသည်။ သူ၏နောက်စေ့တွင် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပြီး မျက်စိများ ပျာဝေသွားလေသည်။ သူ ယီယွင်ကို ခက်ခဲမှုကြီးစွာဖြင့် ဖြည်းညင်းစွာ လှည့်ကြည့်လို​က်သည်။

လက်ရှိတွင် လျိုယွီရှင်း၏ မျက်လုံးများ အာရုံစိုက်၍ မရတော့ပေ။ သို့သော် သူက ယီယွင်ကို ရှင်းလင်းစွာ မြင်နိုင်ရန် ကြိုးစားနေဆဲပင်။ သူ အုတ်ခဲကြောင့် လဲကျမသွားချေ။

နောက်ဆုံးတွင် သူ ခက်ခဲစွာနှင့်ပင် အာရုံစိုက်လာနိုင်ခဲ့လေ၏။ သူ ယီယွင်အား ရီဝေဝေပုံရိပ်အဖြစ်သာ မြင်နေသည်။

ထိုစဥ်တွင် ယီယွင်က လက်ကို ထပ်မံကာမြောက်လိုက်သည်။

" ငါ မင်းကို သတ်..."

လျိုယွီရှင်းက ကျိန်ဆဲရန်အတွက် ပါးစပ်ဟလိုက်၏။ သို့သော် သူ စကားကို တစ်ဝက်ခန့်သာ ပြောရသေးချိန်တွင် ရွှေရောင်အလင်းတစ်ခု ရိုက်ချလာသည်ကို မြင်လိုက်ရလေ၏။

ဒေါင်...။

လျိုယွီရှင်း၏ မြင်ကွင်းများ ရုတ်တရ​က်ပင် မှောင်မိုက်သွားလေ၏။ သူ ​မည်သည့်အရာကိုမျှ မမြင်ရတော့ပေ။

သူ၏နှလုံးသားတွင် ဒေါသနှင့် အရှက်ရခြင်းများ ပြည့်နေလေ၏။ သူ မြေပြင်ပေါ်သို့ ခြေကားယား လက်ကားယား လဲကျသွားလေသည်။

လူတိုင်း မှင်တက်မိနေကြသည်။ သူတို့၏ နှလုံးသားများသည် ဦးချိုသားရဲတစ်သောင်းခန့် ဖြတ်ပြေးသည့်ပမာပင် တုန်ယင်နေကြရလေ၏။

မိုးနတ်မင်းရေ... ။

ဒါက ဟာသတစ်ခုပဲ ဖြစ်ရမယ်။

အုတ်ခဲတစ်ချပ်က ဒီသောက်ကျိုးနည်းကို လုပ်သွားတာလား။

" လမ်းကြောင်းမှာ နတ်ဘုရားတွေရှိရင် ငါ နတ်ဘုရားတွေကို သတ်မယ်။ ဗုဒ္ဓ ရှိနေရင် ဗုဒ္ဓကိုလည်း သတ်မယ် " ဆိုသည်မှာ ယခုမှသာ စင်စစ်ဖြစ်လေ၏။

လူအများသည် ပြိုင်ကွင်းထဲ၌ နောက်စေ့တွင် ဘုကြီးထွက်နေသည့် လျိုယွီရှင်းကို ကြည့်နေကြလေ၏။ သူတို့၏ မျက်ဝန်းများထဲတွင် သနားခြင်းများအပြည့်ပင်။ တိမ်ရိုင်းနယ်မြေထဲမှ တောသားတစ်ဦးက နယ်စားတစ်ဦး၏သားကို အုတ်ခဲတစ်ချပ်နှင့် အလဲထိုးသွားလေ၏။ မြို့တော်ထဲတွင် ထိုသတင်း ပြန့်သွားပါက မည်သို့ဖြစ်လာမည်ကို တွေးကြည့်၍ရလေသည်။

လျိုယွီရှင်းက မြို့တော်အသိုင်းအဝိုင်းတွင် ကျော်ကြားသူတစ်ဦး ဖြစ်လေ၏။ သူက သန်မာသည်သာမက ချောမောခံ့ညားလေ၏။ မြို့တော်မှ မိန်းကလေးများစွာတို့က လျိုယွီရှင်းကို အလွန်သဘောကျကာ အသက်ကိုပင် ပေးလိုကြသည်။ မိန်းကလေးများစွာ၏ နှလုံးသားများထဲတွင် လီယွင်ရှင်း​က နတ်ဘုံမှ ဆင်းသက်လာသော နတ်သားတစ်ပါးသာ ဖြစ်လေ၏။

ယခုတွင်မူ ထိုနတ်သားလေးမှာ ယီယွင်၏အုတ်ခဲကြောင့် မြေပြင်ပေါ်တွင် လဲကျနေရချေ၏။

ရှုပ်ထွေးနေသော ဆံပင်များနှင့် ခေါင်းမှ ကြီးမားသောဒဏ်ရာ...။

မည်သည့်နေရာတွင် နတ်သားတစ်ပါးနှင့် တူနေလေသနည်း။

လျိုယွီရှင်းကို မနာလိုဖြစ်ကြသည့် သခင်လေးအများစုက လျိုယွီရှင်း၏ လက်ရှိအခြေအနေကို မှတ်တမ်းတင်ရန် အစီအရင်ပြားများ ထုတ်လိုက်ကြသည်။ သူတို့က အစီအရင်ပြားများကို မြို့တော်ဆီသို့ပြန်ပို့က တိုင်အာနတ်မြို့တွင် လျိုယွီရှင်းက မည်သို့မည်ပုံ ကျတ်သရေရှိနေကြောင်း မိန်းကလေးများအား ပြသမည်ဖြစ်၏။

သခင်လေးများသည် မိန်းမလေး အစီအရင်ပြားထဲမှ ပုံရိပ်များကို ကြည့်နေကြသည့် မြင်ကွင်အား မြင်ယောင်ကြည့်ကာ ညစ်ကျယ်ကျယ် ပြုံးလိုက်ကြလေ၏။

ထိုပုံရိပ်များကို မြို့တော်ဆီသို့ ပြန်ပို့လိုက်မည်ဆိုပါက လျိုယွီရှင်းအဖို့ မြို့တော်၏ အသိုင်းအဝိုင်းထဲတွင် မည်သို့မျက်နှာပြမည်ကို သူတို့ သိလိုကြလေ၏။ သူတို့သည် ထိုအတွေးနှင့်ပင် အူမြူးနေကြလေ၏။

လက်ရှိတွင် ယီယွင်က သူ၏ထိုင်ခုံတွင် ပြန်ထိုင်နေပေပြီ။

ကျိုးခွေ့က ယီယွင်အား ရှေးခေတ်ဧကရာဇ်တစ်ပါးပမာ ကြည့်နေလျက်ရှိပြီး တံတွေးမျိုချကာ ဆိုလိုက်သည်... " မင်းက အရမ်းကို လွှမ်းမိုးလွန်းတယ် "

ယီယွင်က သာမန်ပင် ဖြေပေးလိုက်သည်..." အေးဆေးပါပဲ။ ငါ ဒီကောင့်ကို သတိလစ်အောင်ရိုက်ဖို့ အားထုတ်မှုအချို့ လုပ်လိုက်ရတယ်။ ထင်သလောက် လွယ်မနေဘူး..."

နေအလင်းချီကို အသုံးမပြုဘဲ အုတ်ခဲကို အသုံးပြုကာ လျိုယွီရှင်းအား ရင်ဆိုင်ရသည်မှာ အနိုင်ရရှိရန် ခက်ခဲကြောင်းကို ယီယွင် သိရှိခဲ့သည်။

သို့သော် ပွဲကြည့်သူများက ထိုစကားများကို ကြားရချိန်တွင် လဲပြိုကျရလုနီးပါး ဖြစ်သွားရလေ၏။

မင်းက နယ်စားတစ်ဦးရဲ့သားကို အုတ်ခဲနဲ့ရိုက်ပြီး သတိလစ်အောင် လုပ်ပြီးခဲ့တာတောင် ထင်သလောက်မလွယ်ဘူးလို့ ပြောနေသေးတာလား။ မင်းက လျိုယွီရှင်းကို ခွေးတစ်ကောင်လို ရိုက်နိုင်မှပဲ ကျေနပ်နိုင်မှာလား။

ကျိုးခွေ့က ပါးစပ်ပိတ်ထားရန် ဆုံးဖြတ်လိုက်လေ၏။ ယီယွင်နှင့် ထပ်မံစကားပြောရလျှင် အံ့အားသင့်လွန်းကာ အတွင်းဒဏ်ရာပင် ရလာနိုင်သည်ဟု သူ ခံစားရသည်။

" စကားမစပ် ညီနောင်ယီ... အပြီးသတ်အချိန်မှာ ပေါက်ကွဲမှုက ဘာဖြစ်တာလဲ " စုန့်ကျစ်ကျွင်းက ကြားဖြတ်ကာပြောလာသည်။ သူက အစောကတည်းကပင် သိချင်နေခဲ့လေ၏။

သူက လျိုယွီရှင်း၏ ကြယ်ခူးလက်ကို အသေအချာပင် ကြည့်နေခဲ့သည်။ သို့တိုင်အောင်ပင် သူ များစွာနားမလည်ပေ။ လျိုယွီရှင်းတွင် ဓားပျံများကို ထိန်းချုပ်နိုင်သည့် နည်းစနစ်တစ်ခု ရှိနေသည်ဟု သူ သိခဲ့ရလေသည်။

All Chapters