← Chapters

ရှုချင်းယွင်

Vol. 16 Ch. 226

ရှုချင်းယွင်

Vol. 16 Ch. 226

မည်သည့်အရာက ကြယ်ခူးလက်၏ သတ်ကွက်အစစ်ဖြစ်ကြောင်းကို စုန့်ကျစ်ကျွင်း မပြောနိုင်ပေ။ လူငယ်အများစုသည်လည်း မပြောနိုင်ကြပေ။

ယင်းအဖြစ်ကြောင့် စုန့်ကျစ်ကျွင်းမှာ ကျရှုံးရသည့်ပမာ ခံစားနေရလေ၏။ ဘေးမှကြည့်သူက အကွက်ပိုမြင်သည်ဟု ဆိုရိုးရှိသော်လည်း ဘေးမှကြည့်နေသည့် သူ့အဖို့မူ မည်သို့ဖြစ်သွားကြောင်းကိုပင် နားမလည်ပေ။

ယီယွင်က ဆိုသည်..." ကြယ်ခူးလက်က ဓားပျံတွေထဲမှာ ပုန်းအောင်းနေတဲ့ လက်ချောင်းသိုင်းတစ်ခုပဲ။ ဓားသိုင်းက အယောင်ပြသက်သက်ပဲ "

ကြယ်ခူးလက်၏ အနှစ်သာရက ယွမ်ချီများကို သိပ်သည်းစေခြင်း ဖြစ်သည်။ ထိုယွမ်ချီက အရာဝတ္ထုများကို ရွေ့လျားစေပြီး ရန်သူများကို သတ်ပစ်နိုင်သည်။

" ကြယ်ခူး " ဟူသည့် စကားနှစ်လုံးက ကြယ်ခူးလက်သိုင်းအား အပြင်းအထန် လေ့ကျင့်မှုရလဒ်ကို ဖော်ညွှန်းလေသည်။

မမျှော်လင့်သော အခြေအနေအောက်တွင် ကြယ်ခူးလက်က အံ့ဩဖွယ်ရာကို အမှန်တကယ်ပင် လုပ်ဆောင်နိုင်၏။ သို့သော် ပြိုင်ဘက်ကသာ ကြိုတင်ပြင်ဆင်လာကာ ရင်ဆိုင်မည်ဆိုပါက ကြယ်ခူးလက်၏ ထိရောက်မှုများ ကြီးစွာကျဆင်းသွား ပေလိမ့်မည်။

ထို့ကြောင့်ပင် လျိုမိသားစုက ကြယ်ခူးလက်၏ စွမ်းရည်ကို တိုက်ကွက်ထဲတွင် ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်လေ၏။ ယင်းကြောင့် အတွေ့အကြုံမရှိသော လူငယ်စစ်သည်များအဖို့ ကြယ်ခူးလက် မည်သို့အလုပ်လုပ်ကြောင်း မသိခဲ့ခြင်း ဖြစ်လေသည်။

လျိုယွီရှင်းက ယီယွင်ကို ချောင်းမြောင်းတိုက်ခိုက်ခဲ့သည်မှာ ကဏ္ဍအလုံးစုံတွင် ပြည့်စုံခဲ့သည်။ ကံမကောင်းစွာဖြင့်ပင် ယီယွင်တွင် နတ်မျက်လုံးဆံ ရှိနေသည်သာမက ခန္ဓာကိုယ်ထဲတွင်လည်း ခရမ်းရောင်သလင်းကျောက် ရှိနေချေသည်။ ယီယွင်က စွမ်းအင်များကို အာရုံခံနိုင်စွမ်း မြင့်မားလေ၏။

" ဒါကြောင့်ကိုး...." ယီယွင်၏စကားနှင့် ယီယွင် ကြယ်ခူးလက်အား တိုက်ခိုက်ခဲ့သည့် မြင်ကွင်းများကို ပြန်တွေးကြည့်ပြီးနောက်တွင်မူ စုန့်ကျစ်ကျွင်းသည် ကြယ်ခူးလက်၏ နောက်ကွယ်မှ နိယာမများကို နားလည်သွားလေ၏။

စင်စစ်တွင်မူ ချောင်းမြောင်းတိုက်ခိုက်ရသည့် သိုင်းနည်းစနစ်များက အကောင်းဆုံးမဟုတ်ပေ။ ပညာရှိအဆင့်သို့ ရောက်ရှိသွားပြီး နတ်မျက်လုံး အပြည့်အဝပွင့်သွားပါက အာရုံခံနိုင်စွမ်းများ ထက်မြက်လာမည်ဖြစ်ပြီး ချောင်းမြောင်းတိုင်လိုက်ရန် လွယ်ကူမည်မဟုတ်တော့ပေ။

ယီယွင်က နေရာတွင်သာ ထိုင်နေခဲ့၏။ နောက်ပြိုင်ပွဲများတွင် မည်သူကမျှ ယီယွင်ကို စိန်ခေါ်ဝံ့ခြင်းမရှိကြပေ။

လျိုယွီရှင်းသည်ပင် ယီယွင်၏ အုတ်ခဲတစ်ချပ်ကြောင့် ရှုံးခဲ့ရလေ၏။ သူတို့က မည်သည်အတွက် တိုက်ခိုက်ရပါမည်နည်း။ ယီယွင်နှင့်အတူ စင်ပေါ်သို့တက်သည်မှာ အရိုက်ခံရရန် တောင်းဆိုနေခြင်းသာ ဖြစ်လေသည်။

ယီယွင်က နေရာတွင်သာ ထိုင်နေခဲ့သည်။ သူ့ ရှေ့ထွက်ရန် အလှည့်ကျလာချိန်တိုင်းတွင် မတ်တက်ရန်ပင် မလိုခဲ့လေဘဲ ပြိုင်ဘက်က ချက်ချင်းအရှုံးပေးသွားခဲ့သည်။

လျိုယွီရှင်းအား အနိုင်ယူပြီးနောက်တွင် ယီယွင်က ၁၅ ပွဲဆက်တိုက် အနိုင်ရခဲ့လေ၏​။ ထို့နောက်တွင် ၁၆ ပွဲ ၊ ၁၇ ပွဲ...။

သံသယမရှိစွာဖြင့်ပင် ယီယွင်က ပွဲနှစ်ဆယ်ဆက်တိုက် အနိုင်ရသွားကာ ဟုန်တောက်အဖွဲ့နှင့် လောင်း​ကြေးကိုလည်း နိုင်သွားခဲ့သည်။

လီဟုန်၏မျက်နှာ အေးခဲ​နေချေပြီ။

တပ်သားသစ်များထဲတွင် ယီယွင်က ထိပ်သို့ ရောက်ရှိသွားချေပြီ။ ယီယွင်အား ယှဥ်နိုင်သည်မှာ ချူရှောင်းရန်နှင့် ချိုးနျိုသာ ဖြစ်ဖို့များလေသည်။

လီဟုန်အဖို့ အရှုံးကိုသာ ဝန်ခံရပေတော့မည်။

" အစ်ကိုဟုန်...ဒီတစ်ခေါက်တော့ ငါတို့တွေ ဆိုးဆိုးရွားရွား ရှုံးသွားခဲ့ပြီ "

ဟုန်တောက်အဖွဲ့ဝင်တစ်ဦးက သုန်မှုန်စွာဆိုလိုက်သည်။ သူ မှော်နဂါးကြေးပြား ၁၂၀၀ ရှုံးခဲ့ရ၏။ သူ၏ ပစ္စည်းများကို ပေါင်နှံခြင်းနှင့် အသိမိတ်တ်ဆွေများထံမှ ချေးငှားခြင်းများဖြင့် ထိုငွေများကို ရရှိလာခဲ့ခြင်း ဖြစ်လေသည်။

လီဟုန် ငြိမ်နေလေ၏။ ယီယွင်က မှော်နဂါးကြေးပြားတစ်သိန်းခန့် စုဆောင်းမိထားသည်ဟု သူ မှန်းဆထားသည်။ တပ်သားသစ်တစ်ဦးအနေဖြင့် တိုင်အာနတ်မြို့ထဲတွင် လအနည်းငယ်ခန့်အတွင်း မှော်နဂါးကြေးပြားတစ်သိန်း စုဆောင်းမိခဲ့သည်မှာ အံ့မခန်းဖြစ်ရပ်တစ်ခုပင်။

လီဟုန်၏ မှန်းဆချက်က မှန်ကန်ခဲ့သည်။ သုံးရက်မြောက်နေ့ အပြီးတွင် ယီယွင်က မှော်နဂါးကြေးပြားတစ်သိန်းကျော် စုဆောင်းနိုင်ခဲ့သည်။ ထိုပမာဏကြောင့် သူ လူသား​အဆင့်ထဲ ဝင်နိုင်ခဲ့သည်။ ယခင်က သူ အသုံးပြုခဲ့သည်များကိုပါ ထည့်တွက်ပါက မှော်နဂါးကြေးပြား ၁၂၀၀၀၀ ကျော်ရှိလေသည်။

လူသားဂုဏ်အဆင့်၏ တွက်ချက်နည်းက တပ်သားသစ်များတွင် ရှိနေသည့် မှော်နဂါးကြေးပြားများနှင့်အတူ သောင်းတန်စေတီနှင့် အခြားကျင့်ကြံရေးနယ်မြေများတွင် အသုံးပြုခဲ့သည်များကို တွက်ချက်ခြင်းဖြစ်သည်။ စုစုပေါင်းပမာဏဖြင့် လူသားဂုဏ်အဆင့်တွင် အဆင့်သတ်မှတ်ပေမည်။

လူသားဂုဏ်အဆင့်တွင် ဂုဏ်အမှတ်ကို ထည့်မတွက်ပေ။ အကြောင်းကမူ လူသားဂုဏ်အဆင့်က ကျင့်ကြံသူတစ်ဦး၏ အနာဂတ်တွင် ကြွယ်ဝချမ်းသာလာနိုင်သည့် ငွေရှာနိုင်စွမ်းကိုသာ တွက်ချက်လေသောကြောင့်ကင်။ ဂုဏ်အမှတ်ကိုမူ စစ်သည်များ တစ်စုံတစ်ခု စွမ်းဆောင်နိုင်မှသာ ဆုလာဘ်အဖြစ် ချီးမြင့်လေသည်။

လူသားဂုဏ်အဆင့်က ကြွယ်ဝမှုစုစုပေါင်းကိုသာ တွက်ချက်သည်ဖြစ်၍ တိုင်အာနတ်မြို့ထဲတွင် နှစ်နှစ် ၊ သုံးနှစ်ခန့် နေထိုင်လာခဲ့သူများအတွက် ပိုမိုအရေးသာသည်မှာ သိသာလေသည်။

တိုင်အာနတ်မြို့တွင် နှစ်နှစ် ၊ သုံးနှစ်ခန့် နေထိုင်ဖူးပြီး သာမန်စွမ်းရည်သာရှိသည့် သာမန်စစ်သည်တစ်ဦးအဖို့ တစ်ရက်လျှင် မှော်နဂါးကြေးပြား ၁၀၀ ၊ ၂၀၀ ခန့် ဝင်ငွေရှာနိုင်သည်။ တစ်နှစ်ဆိုလျှင် မှော်နဂါးကြေးပြား ၄၀၀၀၀ ၊ ၅၀၀၀၀ ခန့် စုမိပေလိမ့်မည်။

တပ်သားသစ်များအကြားတွင် ယီယွင်၏ မှော်နဂါးကြေးပြား ၁၂၀၀၀၀ က ထိပ်ဆုံးဖြစ်နေမည်မှာ သံသယဖြစ်ရန် မလိုအပ်ပေ။

လက်ရှိတွင် ယီယွင်က လူသားဂုဏ်အဆင့်၌ အဆင့် ၆၀၀၀ ဝန်းကျင်၌ ရှိနေလေသည်။ တိုင်အာနတ်မြို့တွင် လအနည်းငယ်သာ နေခဲ့ရပြီး အဆင့် ၆၀၀၀ အတွင်း ရလာသည်မှာ ပထမဆုံးအကြိမ် ဖြစ်လေသည်။

တိုင်အာနတ်မြို့ထဲတွင် ယီယွင်၏ဂုဏ်သတင်းက ပိုမိုကျော်ကြားလာခဲ့လေ၏။ စီနီယာကျင့်ကြံသူများ ယီယွင်ကို စတင်ကာ အာရုံစိုက်လာခဲ့ကြသည်။

" မင်းက ယီယွင်လား "

သုံးရက်မြောက်နေ့ ညပိုင်းတွင် ယီယွင် ၊ ကျိုးခွေ့ ၊ စုန့်ကျစ်ကျွင်းတို့က အတူတူ ညစာစားနေကြ၏။ ယီယွင်ရှေ့သို့ ဆံပင်ကောက်သော လူငယ်တစ်ဦး ရောက်လာသည်။

ယီယွင်က လူငယ်အား ကြည့်လိုက်သည်။ လူငယ် ခပ်ရေးရေးပြုံးနေလေပြီး အလွန်တရာပင် ရင်းနှီးဖော်ရွေသည်။

" ငါပါ " ယီယွင်က ဆိုလိုက်သည်။

" တွေ့ရတာဝမ်းသာပါတယ် "

လူငယ်က ယီယွင်ကို လက်သီးဆုပ်ဂါရဝပြုကာ ဆိုလေသည်...." ငါ့အမည်က လန်ပိုင်ပါ။ ငါက ချူတော်ဝင်အိမ်တော်ကပါ။ မကြာသေးခင်က ညီနောင်ယီရဲ့ သတင်းတွေကို မိသားစုဆီ တင်ပြပေးခဲ့တယ်။ ငါတို့ရဲ့ အကြီးအကဲက ညီနောင်ယီကို အတော်လေး စိတ်ဝင်စားနေတယ်။ နောက်လအနည်းငယ်လောက်ဆိုရင် တပ်သားသစ်တွေ ခရီးတိုတစ်ခု ထွက်ရလိမ့်မယ်။ ညီနောင်ယီက ငါတို့ ချူတော်ဝင်အိမ်တော်ကို အလည်လိုက်ချင်လား မသိဘူး "

လူငယ်က ယီယွင်အား ကျောက်စိမ်းစာလိပ်တစ်ခု ပေးလိုက်လေ၏။

ယီယွင် မှင်တက်မိနေလေ၏။ သူ ကျောက်စိမ်းစာလိပ်ထဲသို့ စိတ်စွမ်းအား ထိုးသွင်းလိုက်သည်။ ထိုလူငယ်၏ ရည်ရွယ်ရင်းကို ယီယွင် ချက်ချင်းနားလည်သွားခဲ့သည်။ လူငယ်က ချူမိသားစု၏ ကိုယ်စားအနေဖြင့် သူ့အား လာရောက်သိမ်းသွင်းဖြင်း ဖြစ်လေသည်။

နှစ်တိုင်းတွင် ချူမိသားစုက ယီယွင် ထိုက်သင့်သောပမာဏရှိသည့် အရင်းအမြစ်နှင့် အမတေများ ထောက်ပံ့ပေးမည်ဖြစ်၏။ ယီယွင် ၁၅ နှစ်ပြည့်လျှင် မိန်းမလှတစ်ဦးအား ကိုယ်လုပ်တော်အဖြစ် ပေးအပ်မည်ဟုပင် ချူတော်ဝင်အိမ်တော်က ဆိုထားသည်။ အခြေအနေကမူ ယီယွင်က ချူတော်ဝင်အိမ်တော်၏ ​ဧည့်သည်တော်အဖြစ် ဖြစ်လာစေရေးပင်။

ယီယွင်၏ နံဘေးတွင် ထိုင်နေလေသည့် ကျိုးခွေ့နှင့် စုန့်ကျစ်ကျွင်းတို့က ကျောက်စိမ်းစာလိပ်ထဲမှ အကြောင်းအရာများကို မမြင်ရသော်လည်း တစ်ဖက်လူက ယီယွင်အား သိမ်းသွင်းနေကြောင်း သိသာလှသည်။

ဤသည်ကား ထိပ်တန်းပါရမီရှင်နှင့် သာမန်ပါရမီရှင်တို့၏ ကွာခြားချက် ဖြစ်လေသည်။

" ဘယ်လိုလဲ။ ကျေနပ်ရဲ့လား " လူငယ်ကာ လက်ချင်းပွတ်ကာ ယီယွင်၏ တုန့်ပြန်စကားကို စောင့်နေသည်။

ထိုစဥ်တွင် ယောက်ျားအသံတစ်ခု ထွက်ပေါ်လာသည်။

" လန်ပိုင်.... ငါ မင်းကို မတွေ့ရတာ အတော်ကြာပြီ။ မင်း ဘာကြောင့် တိုးတက်မလာရတာလဲ။ မင်းက တပ်သားသစ်တွေကို ထပ်ပြီးတော့ လှည့်စားနေတာလား "

ယီယွင် လှည့်ကြည့်ကာ အံ့အားသင့်သွား၏။ ထိုလူငယ်က အစိမ်းရောင်ဝတ်ထားကာ အသက် ၁၈ ခန့် ရှိလေသည်။ လူငယ်၏ မျက်ခုံးများက ထက်မြက်လေပြီး သူရဲကောင်းဆန်သောအသွင် ရှိလေသည်။

လူငယ်၏မျက်နှာ အရုပ်ဆိုးသွားရကာ ခြောက်ကပ်ကပ် ဆိုလိုက်သည်။

" ရှု... ရှုချင်းယွင် "

အိုး...။ ရှုချင်းယွင်တဲ့လား။

ယီယွင် အံ့အားသင့်သွားရသည်။ ကောင်းကင်ဂုဏ်အဆင့်တွင် အဆင့် ၄ ဖြစ်သည့် ရှုချင်းယွင်ပေလော။ ယီယွင်က ရှုချင်းယွင်ကို ထင်မြင်ချက်ကောင်း ရှိလေသည်။ ရှုချင်းယွင်က ကောင်းကင်နှင့် မြေကြီး ဂုဏ်အဆင့်များတွင် ထိပ်ဆုံးငါးယောက်ထဲ၌ ရှိလေသည်။

ရှုချင်းယွင် တိုင်အာနတ်မြို့သို့ ရောက်လာသည်မှ ငါးနှစ်ရှိပြီဖြစ်ပြီး ယခုနှစ်က နောက်ဆုံးနှစ် ဖြစ်လေသည်။

စုန့်ကျစ်ကျွင်းနှင့် ကျိုးခွေ့တို့ မှင်တက်မိနေကြသည်။ သူတို့ကဲ့သို့ တပ်သားသစ်များအတွက် ရှုချင်းယွင်၏ အဆင့်အတန်းက မြင့်မားလွန်းနေသည်။ သူတို့က ရှုချင်းယွင်နှင့် ပတ်သတ်ရန်ပင် အခွင့်အရေးမရပေ။

ဆံပင်ကောက်သော လူငယ်က ပြုံးကာဆိုသည်... " အစ်ကိုရှုက ဟာသလုပ်နေပါပြီ။ ငါက ဘယ်တပ်သားသစ်ကို မလှည့်စားပါဘူး "

" အမ်..." ရှုချင်းယွင်က ယီယွင်၏ လက်ထဲမှ ကျောက်စိမ်းစာလိပ်ကို တစ်ချက်ကြည့်ကာ စက္ကန့်အပိုင်းတွင်မှာပင် အကြောင်းအရာများကို ဖတ်ရှုပြီးသွားခဲ့သည်။

သူ မကျေမချမ်းခေါင်းယမ်းကာ..." ထပ်လုပ်ပြန်ပြီ။ တပ်သားသစ်တွေကို လှည့်စားပြီးတော့ မင်းတို့ရဲ့ ချူတော်ဝင်အိမ်တော်နဲ့ ဝိညာဥ်စာချုပ် ချုပ်ဖို့အတွက် အကျိုးအမြတ်သေးသေးလေး ပေးနေပြန်ပြီ။ မင်းတို့က အတော်ကို အတွက်အချက်ကောင်းတာပဲ "

" ဝိညာဥ်စာချုပ်တဲ့လား "

ယီယွင် အမြန်စဥ်းစားလိုက်သည်။ ၎င်း၏အမည်နှင့်ပင် သူ အကြမ်းဖျင်း ခန့်မှန်းမိနေချေ၏။ ဆံပင်ကောက်သော လူငယ် ပေးလာသည့် အကျိုးအမြတ်များက ဝိညာဥ်စာချုပ်အတွက် အခြေအနေတစ်ရပ် ဖြစ်နေပုံပင်။

ဆံပင်ကောက်သော လူငယ်က ရှင်းမပြသော်လည်း ယီယွင် ပိုတော်နေလေ၏။ သူ့တွင် ရင့်ကျက်သော တွေးခေါ်နိုင်စွမ်းနှင့် ကြီးမားသော ရည်မှန်းချက်တို့ ရှိလေသောကြောင့် အလွယ်တကူ အရူးလုပ်ခံရမည်မဟုတ်ပေ။ ၁၃ ၊ ၁၄ နှစ်အရွယ် တပ်သားသစ်များက တွေးခေါ်နိုင်စွမ်း နည်းကြသည်။ ကျင့်ကြံရေး လိင်အစေခံတစ်ဦးနှင့် မျိုးစုံသော ဖြားယောင်းမှုများနှင့်သာဆိုပါက နှပ်ချရန်အတွက် မဖြစ်နိုင်သည်မဟုတ်ပေ။

" တိုင်အာနတ်မြို့မှာ တိုက်ခိုက်တာကလွဲပြီး ကျန်တာတွေက မကောင်းမှုတွေပဲ " ယီယွင် စိတ်ထဲတွင် ခေါင်းယမ်းလိုက်၏။

" ဒီနေရာက အမြန်ထွက်သွားတာ ပိုကောင်းလိမ့်မယ်။ ဒီလိုမှ မဟုတ်ရင်တော့...."

ရှုချင်းယွင်၏စကား မဆုံးသေးမီတွင် ဆံပင်ကောက်သော လူငယ်က ရယ်စရာမရှိဘဲ ရယ်မောကာ..." ညီနောင်ရှု... ငါ့အမှားပါ ညီနောင်ရှု။ ငါ အခုပဲ ထွက်သွားမယ် "

စကားဆုံးသည်နှင့် ဆံပင်ကောက်သော လူငယ်က ဂါရဝပြုကာ ထွက်ခွာသွားလေ၏။

ယီယွင်က ရှုချင်းယွင်အား အံ့အားသင့်စွာ တစ်ချက်ကြည့်လိုက်သည်။ ရှုချင်းယွင်တွင် ကျွမ်းကျင်သူတစ်ဦး၏ ဟန်ပန်သွင်မျိုး ရှိပုံမရချေ။

All Chapters