← Chapters

လင်ရှောင်းအသင်း

Vol. 16 Ch. 227

လင်ရှောင်းအသင်း

Vol. 16 Ch. 227

" ကျေးဇူးပဲ ညီနောင်ရှု " ယီယွင်က ရှုချင်းယွင်အား လက်သီးဆုပ်ပြလိုက်သည်။

ရှုချင်းယွင်က ခေါင်းယမ်းကာဆိုသည်.. " အသေးအဖွဲလေးပါ။ ချူတော်ဝင်အိမ်တော်က စက်ဆုပ်ဖို့ကောင်းတာတွေ လုပ်နေတာကို ငါက ထိုင်ကြည့်မနေနိုင်ရုံတင်ပါပဲ "

ရှုချင်းယွင်၏ အပူအပင်မဲ့သော သဘောထားကို ယီယွင် အတော်ပင် အထင်ကြီးမိသွားရသည်။

" ဝိညာဥ်စာချုပ်က ဘာလဲ " ယီယွင်က မေးလိုက်သည်။ တစ်ဖက်လူကို သတိထားသည်က အကောင်းဆုံးဖြစ်၏။ ထို့အပြင် သတင်းအချက်များကို စောစီးစွာကြိုသိထားခြင်းသည်က အမြဲတမ်းလိုပင် ပိုကောင်းလေ၏။

ရှုချင်းယွင်က ရှင်းပြလိုက်သည်..." ရှေးဟောင်း မိသားစုမျိုးနွယ်အချို့မှာ စာချုပ်အမျိုးအစားတွေ အများကြီးရှိတယ်။ စာချုပ်မှာ လက်မှတ်ထိုးပြီးသွားတာနဲ့ ဝိညာဥ်တွေက တစ်သားတည်း ပေါင်းစည်းသွားလိမ့်မယ်။ အဲ့ဒါကို ဖယ်ရှားပစ်လို့မရဘူး။ အဆင့်မြင့်တဲ့ စာချုပ်အချို့ဆိုရင် မင်းကို ကျွန်ပြုလို့တောင်ရတယ်။ မင်းရဲ့အသိစိတ်ကို ဆုံးရှုံးသွားရလိမ့်မယ်။ လန်ပိုင်က မင်းနဲ့ လက်မှတ်ထိုးချင်နေတဲ့ စာချုပ်က ပြောသလောက်အထိ ကြောက်ဖို့မကောင်းသေးဘူး။ စာချုပ် လက်မှတ်ထိုးမိသွားရင်လည်း တိုင်အာနတ်မြို့တော်ကလည်း ထိုင်ကြည့်နေမှာမဟုတ်ဘူး။ မင်းသာ စာချုပ်မှာ လက်မှတ်ထိုးမိသွားခဲ့ရင် ချူတော်ဝင်အိမ်တော်ရဲ့ အစေခံအဖြစ် နှစ်ပေါင်းများစွာ လုပ်ရလိမ့်မယ်။ စာချုပ်ထဲမှာ မမျှတတဲ့စည်းကမ်းချက်တွေ အများကြီးပါတယ် "

" ချူတော်ဝင်အိမ်တော်က မင်းရဲ့အလားအလာကို မျက်စိကျနေတယ်။ သူတို့က မင်းကို ကမ်းလှမ်းပေးလာတဲ့ အကျိုးအမြတ်တွေက အခုလက်ရှိမှာ ကောင်းနေပုံရပေမဲ့ မင်းရဲ့စွမ်းအားတွေ ထူးချွန်ပြောင်မြောက်တဲ့အဆင့်ကို ရောက်သွားချိန်ကျရင်တော့ ချူတော်ဝင်အိမ်တော်က မင်းကို ရာစုနှစ်နဲ့ချီပြီး စာချုပ်နဲ့ ချုပ်ကိုင်ထားလိမ့်မယ်။ သူတို့က မင်းကို အလုပ်တွေ အများကြီးခိုင်းကြလိမ့်မယ် "

" ညီနောင်ရှုရဲ့ အကြံပြုစကားအတွက် ကျေးဇူးတင်ပါတယ်။ ငါ အမြင်ကျယ်သွားရပြီ "

ယီယွင်အပြင် ကျိုးခွေ့နှင့် စုန့်ကျစ်ကျွင်းတို့ကလည်း အကျိုးအမြတ်ကြီးစွာ ရခဲ့သည်ဟု ခံစားကြရသည်။ အနာဂတ်တွင် သူတို့ စာချုပ်ချုပ်လျှင် များစွာသတိထားရပေမည်။ ထိုသို့သာမဟုတ်ပါက သူတို့ အကျိုးဆက်များကို ခံစားရပေလိမ့်မည်။

" ညီလေးယီ... ငါကလည်း ကျင်းလုံဝေ့ကဆိုတော့ မင်းရဲ့စီနီယာလို့ ပြောလို့ရတယ်။ နော​င်ကျ မင်း ပြဿနာတစ်ခုခု ရှိလာခဲ့ရင် ငါ့ကိုသာ လာရှာလိုက်ကွာ။ ဒီအစ်ကိုကြီးက မင်းကို လမ်းပြပေးမယ်။ မင်းရဲ့အနာဂတ်က အကန့်အသတ်မဲ့တယ်။ လက်ငင်းအကျိုးအမြတ်ကြောင့် မင်းကိုယ်မင်း ဈေးပေါပေါနဲ့ ရောင်းစားမပစ်နဲ့။ စာချုပ် လက်မှတ်ထိုးရင် အလောတကြီးမလုပ်နဲ့။ အထူးသဖြင့် မိသားစုမျိုးနွယ်ကြီးတွေနဲ့ ပတ်သတ်လာရင်ပေါ့ကွာ "

တပ်သားသစ်များထဲတွင် ယီယွင်က ထိပ်ဆုံးဖြစ်သည်။ တိုင်အာနတ်မြို့ထဲတွင် နောက်ငါးနှစ်အထိ နေထိုင်ရဦးမည့် ယီယွင်က ကောင်းကင်အဆင့် ထိပ်ဆုံးငါးယောက်ထဲသို့ပင် ဝင်ရောက်နိုင်သည်။

ကောင်းကင်အဆင့်တွင် ထိပ်ဆုံးငါးယောက်အတွင်း ဝင်နိုင်သည့် ကျင့်ကြံသူများအဖို့ အနာဂတ်တွင် ကံဆိုးမှုများမကြုံရပါက အတော်ဆုံး လူသားအရှင်သခင်များထဲမှ တစ်ဦး ဖြစ်လာနိုင်ခြေများလေသည်။

ထိုအဆင့်သို့ ရောက်သွားလျှင် တိုင်အာနတ်ပြည်ထောင်ထဲမှ အဖွဲ့အစည်းမျိုးစုံ၏ အာရုံစိုက်မှုကို ခံရပေလိမ့်မည်။ ​ချမ်းသာကြွယ်ဝမှုနှင့် မင်းမျိုးနွယ်ဂုဏ်ပုဒ်တို့က သူတို့၏ လက်ဖျားထိပ်တွင် ရှိနေပေလိမ့်မည်။

ဟုတ်သည်။ ထိုကဲ့သို့ ပါရမီရှင်များကို ချမ်းသာကြွယ်ဝမှု မင်းမျိုးနွယ်ဂုဏ်ပုဒ်များနှင့် တုတ်နှောင်၍မရပေ။ အဖွဲ့အစည်းများအနေဖြင့် ပါရမီရှင်များကို တုတ်နှောင်ရန်အတွက် ကျင့်စဥ်နည်းစနစ်များ သို့မဟုတ် အခြားအရင်းအမြစ်များ အသုံးပြုရပေလိမ့်မည်။

ရှုချင်းယွင်က ဆိုသည်..." မင်း ဂိုဏ်းဂဏတစ်ခုခုထဲ ဝင်တော့မယ်ဆိုရင် အဖွဲ့တွေကို စဥ်းစားသင့်တယ်။ အဖွဲ့တွေထဲမှာက အများကြီးပိုပြီး လွတ်လပ်တယ်။ ဒီအစ်ကိုကြီးက လင်ရှောင်းအဖွဲ့ကပဲ။ မင်း စိတ်ဝင်စားတယ်ဆိုရင် ငါ မိတ်ဆက်ပေးမယ် "

ရှုချင်းယွင်က ပေါ့ပေါ့ပါးပါးပင် ပြောခဲ့လေသည်။ နံဘေးမှ ကျိုးခွေ့နှင့် စုန့်ကျစ်ကျွင်းတို့က တိတ်တဆိတ်ပင် နားထောင်နေကြလေ၏။

လင်ရှောင်းအဖွဲ့က တိုင်အာနတ်မြို့ထဲတွင် စစ်မှန်သော နံပါတ်တစ်အသင်း ဖြစ်လေသည်။ လင်ရှောင်းအဖွဲ့၏ ဩဇာလွှမ်းမိုးနိုင်စွမ်းက လော့ဟော်အဖွဲ့ထက် များစွာသာလွန်လေသည်။

လော့ဟော်အဖွဲ့က လူအရေအတွက် များပြားသော်လည်း ပါရမီအရည်အသွေးအရာတွင် နိမ့်ကျလေသည်။

လော့ဟော်အာကြောင့် အဖွဲ့ဖြစ်ခဲ့ရသည်ဟုပင် ပြောရပေမည်။ လော့ဟော်အာ၏ အလွန်အမင်း ကျော်ကြားမှုကြောင့် လူငယ်လက်ရွေးစင်များစွာတို့သည် သူမ၏အမည်ကြောင့် အဖွဲ့ထဲသို့ ဝင်လာခဲ့ကြခြင်း ဖြစ်လေ၏။ နောက်ပိုင်းတွင်မူ လော့ဟော်အာက အဖွဲ့ကို ထိန်းချုပ်ခြင်းအား စွန့်လွှတ်ခဲ့ပြီး သူမဘာသာ ပျက်စီးခြင်းကောင်းကင်နည်းစနစ်များ လေ့လာခဲ့သည်။ နောက်ပိုင်းတွင် လော့ဟော်အဖွဲ့ကို အဓိကအဖွဲ့ဝင်များက လည်ပတ်ပေးခဲ့ကြလေ၏။

စစ်မှန်သော လက်ရွေးစင်အများစုကမူ လင်ရှောင်းအဖွဲ့သို့သာ သွားခဲ့ကြလေ၏။ လင်ရှောင်းအဖွဲ့က အတော်ဆုံး လက်ရွေးစင်များကိုသာ လက်ခံလေသောကြောင့် လူနည်းလေသည်။

ယီယွင်၏ လက်ရှိအနေအထားအရ လင်ရှောင်းအဖွဲ့သို့ ဝင်နိုင်ရန် အလွန်ခက်ခဲလိမ့်မည်ဟု ကျိုးခွေ့ ခံစားမိသည်။ ယီယွင်က အရည်အချင်းပြည့်မီရန် လိုအပ်နေသေးသည်။ ထို့ကြောင့် ရှုချင်းယွင်က ယီယွင်အား အလွန်ပင် အသိအမှတ်ပြုနေချိန်၌ သူ အံ့ဩနေခဲ့ရသည်။

" ညီနောင်ရှုက အသိအမှတ်ပြုပေးလို့ ကျေးဇူးတင်ပါတယ် " ယီယွင် လက်သီးဆုပ် ဂါရဝပြုလိုက်သည်။ စင်စစ်တွင် အဖွဲ့တစ်ခုထဲသို့ ဝင်ရသည်မှာလည်း မဆိုးလှပေ။ ငြင်းစရာမရှိပေ။ သူ့အား လူများစွာ ကျောထောက်နောက်ခံ ပြုပေးထားလျှင် အခြားအဖွဲ့များက သူ့အား အနိုင်ကျင့်ရဲမည်မဟုတ်တော့ပေ။

.........................

တပ်သားသစ် အဆင့်ချိတ်ပြိုင်ပွဲ၏ ငါးရက်မြောက်နေ့ ဖြစ်လေသည်။ ယနေ့တွင် တပ်သားသစ်ချင်း တိုက်ပွဲများ ပြီးဆုံးသွားခဲ့လေပြီ။ တပ်သားသစ်များက ကိုယ်ပိုင်စွမ်းအားကို နားလည်သွားကာ သင့်လျော်သော အဆင့်များ ချိတ်နိုင်ခဲ့ကြ၏။

လက်ရှိတွင် တပ်သားသစ်များစွာသည် အဆင့်တစ်သောင်းကျော်၌ ရှိနေကြလေ၏။ တပ်သားသစ်များ ကိုယ့်အဆင့်ကိုယ် သိကြလေသောကြောင့် မကျေမနပ် မဖြစ်ကြပေ။

တိုင်အာနတ်မြို့သို့ ရောက်ရှိသည်မှာ မကြာသေးသော သူတို့က လက်ရွေးစင်များနှင့် ယှဥ်ပြိုင်ခဲ့ရလေသည်။ တပ်သားသစ်များက အခြားသူများထက် ကျင့်ကြံချိန်တိုတောင်းပြီး အသက်လည်း ပိုငယ်ကြသည်။ တပ်သားသစ်များအနေဖြင့် ထိုခြားနားချက်ကို ကျော်လွှားနိုင်လျှင်ပင် အဘယ်သို့ဖြစ်လာမည်နည်း။ သူတို့အဖို့ တစ်ဆင့်ချင်းအား နှေးကွေးစွာဖြင့်သာ တက်လှမ်းနေရပေလိမ့်မည်။

သို့သော် တပ်သားသစ်များထဲတွင် ပါရမီထူးကြသည့် အကောင်ကြီးများလည်း ရှိလေ၏။ ထိုသူများက နေရာတွင် ရပ်မနေကြပေ။ သူတို့အတွက်မူ တပ်သားသစ်ပြိုင်ပွဲ ငါးရက်တာက သူတို့အတွက် အစပျိုးမျှသာ ဖြစ်လေ၏။

ယနေ့တွင် သူတို့ထက် အဆင့်ပိုမြင့်သည့် စီနီယာကျင့်ကြံသူများကို စိန်ခေါ်နိုင်ပေပြီ။ တိုင်အာနတ်မြို့တွင် နှစ်နှစ် ၊ သုံးနှစ်ခန့် နေထိုင်ပြီးသူများက သူတို့၏ပစ်မှတ်များ ဖြစ်လေ၏။

တပ်သားသစ်များအတွက်မူ ဤပြိုင်ပွဲများက တပ်သားသစ်ချင်းပြိုင်ပွဲများထက် များစွာပိုမိုကာ စိတ်လှုပ်ရှားရသာ်။ သူတို့က စီနီယာကျင့်ကြံသူများ ပိုင်ဆိုင်ထားသည့် စွမ်းအားများကို မြင်လိုကြသည်။

ထို့ကြောင့် စီနီယာကျင့်ကြံသူများနှင့် ရင်ဆိုင်ရသည့် စိန်ခေါ်တိုက်ပွဲများကို စတင်ခဲ့လေသည်။ ယှဥ်ပြိုင်ပွဲများ၏ အဆင့်များက လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က ယှဥ်ပြိုင်ပွဲများနှင့် လုံးဝကွာခြားနေလေ၏။

တပ်သားသစ်များထဲတွင် အဆင့် ၁၀၀ မှ ၂၀ အတွင်း ရှိကြသူများက အဆင့် ၈၀၀၀ နှင့် အဆင့် ၆၀၀၀ အတွင်းမှ စီနီယာကျင့်ကြံသူများကို စိန်ခေါ်ကြလေသည်။ တိုက်ပွဲများက မြိုင်ဆိုင်လှသည်။

သို့သော် တပ်သားသစ်များထဲမှ ကျွမ်းကျင်သူများက လှပစွာတိုက်ခိုက်ခဲ့ကြသော်လည်း လူအများအပြား ရှုံးနိမ့်ခဲ့ကြရသည်။

" ဂျင်းက ရင့်လေ စပ်လေ " ဟူသော ဆိုရိုးအတိုင်းပင် အဆင့် ၆၀၀၀ မှ စီနီယာကျင့်ကြံသူများက စိန်ခေါ်ပွဲများတွင် တစ်ခါမျှပင် မရှုံးခဲ့ကြပေ။ တပ်သားသစ်များ တစ်ဦးပြီးတစ်ဦး ရှုံးနိမ့်နေကြ၏။

" ဒီတပ်သားသစ်တစ်သိုက်က သူတို့ကိုယ်သူတို့ ထူးချွန်တယ်လို့ ထင်နေကြတယ်။ သူတို့က တိုင်အာနတ်မြို့ကို ရောက်လာတာ လအနည်းငယ်လောက်ပဲ ရှိသေးတာတောင် ငါတို့ကို ကျော်နိုင်ပြီလို့ ထင်နေကြတာလား။ အတော် တုံးအတာပဲ " စီနီယာကျင့်ကြံသူတစ်ဦးက အထင်သေးစွာ ဆိုလိုက်သည်။

တိုင်အာနတ်မြို့မှ နှစ်စဥ်နှစ်တိုင်း တပ်သားသစ်စုဝေးပွဲတွင် တပ်သားသစ်များ တပ်သားသစ်ပြိုင်ပွဲတွင် ကောင်းစွာစွမ်းဆောင်နိုင်လိမ့်မည်ဟု ဂုဏ်မောက်တတ်ကြလေ၏။ သူတို့က နှစ်ကြီးသမားများနှင့် တိုက်ခိုက်ကာ အမြင့်သို့တက်လိုကြသည်။ သို့သော် အချိန်အများစုတွင် ထိုသူများကသာ ကျရှုံးကြရလေသည်။

နှစ်ကြီးသမား အနည်းစုကသာ အားနည်းတတ်ကြလေ၏။

" ဒီတပ်သားသစ်တွေထဲမှာ ယီယွင်လို့ခေါ်တဲ့ ကောင်လေးလိုမျိုး အတော်ကို တော်ကြတဲ့သူအချို့လည်း ပါပါတယ်ကွာ။ ယီယွင်က ပါရမီရှိပေမဲ့ ငယ်လွန်းနေသေးတယ်။ ဒီကောင်သာ ငါ့ကို စိန်ခေါ်ဝံ့ရင် သင်ခန်းစာကောင်းတစ်ခု ပေးပစ်လိုက်မယ် " တိုင်အာနတ်မြို့တွင် နှစ်နှစ်နှင့် သုံးလကြာ နေထိုင်ခဲ့သည့် တပ်သားသစ်တစ်ဦးက သူ၏ဓားကို သုတ်နေရင်း ဝင့်ကြွားစွာ ဆိုလိုက်သည်။

သူက မြေဂုဏ်အဆင့်တွင် အဆင့် ၄၀၀၀ ဝန်းကျင်၌ ရှိလေသည်။ တိုင်အာနတ်မြို့ထဲမှ နှစ်နှစ်ကျော်ကြာ ကျင့်ကြံသူများထဲတွင် သူက ပိုတော်သူများထဲမှ လူတစ်ဦးဟု ဆိုနိုင်လေသည်။ သူက တပ်သားသစ်များထက် ပိုတော်သည်မှာ သိသာလေသည်။

ထိုစဥ်တွင် ဒိုင်က ကျယ်လောင်စွာ အော်လိုက်သည်..." နတ်အရိုင်းမြေစင်မြင့် ၊ ၃၇၈၀ ၊ ဖန်ကျိဟိုင်... စင်မြင့်ပေါ်ကို တက်ခဲ့ပါ "

ဒိုင်၏အော်သံကြောင့် ဓားကိုသုတ်နေသည့် ကျင့်ကြံသူမှာ အံ့အားသင့်သွားရသည်။ ဘယ်လို။ ၃၇၈၀ တဲ့လား။ ယင်းသည် မြေအဆင့် အဆင့် ၃၇၀၀ ဝန်းကျင်မှ လူတစ်ဦး မဟုတ်ပေလော။

ဖန်ကျိဟိုင်...။

ဓားသုတ်နေသူ လူငယ်၏ စိတ်ထဲတွင် လင်းခနဲဖြစ်သွားသည်။ သူက ဖန်ကျိဟိုင်ကို သိလေသည်။ သူတို့က တစ်သုတ်တည်း ရောက်လာခြင်းဖြစ်ပြီး တိုင်အာနတ်မြို့တွင် နှစ်နှစ်ကြာ နေထိုင်ခဲ့ရသည်။ သို့သော် ဖန်ကျိဟိုင်၏စွမ်းအားက သူ့ထက် ပိုမြင့်လေသည်။

တတိယနှစ်များထဲတွင် ဖန်ကျိဟိုင်က ပိုသန်မာသည့် လူများထဲမှ တစ်ဦးဟု ဆိုနိုင်လေသည်။ တစ်စုံတစ်ဦးက ဖန်ကျိဟိုင်ကို စိန်ခေါ်ခဲ့သည်တဲ့လား။ ထိုသူက သေချင်နေသည်သာ ဖြစ်ရပေမည်။

ဓားသုတ်နေသည့် လူငယ်သည် ထိုငတုံးက မည်သူဖြစ်သည်ကို လှမ်းကြည့်လိုက်လေ၏။

" စိန်ခေါ်သူ ၊ ၁၀၀၀၁... ချူ​ရှာင်းရန် "

ဓားသုတ်နေသော လူငယ် အေးခဲသွားရသည်။ ဖန်ကျိဟိုင်ကို စိန်ခေါ်ခဲ့သူ ချူရှောင်းရန် ဖြစ်နေလေ၏။ ချူရှောင်းရန် ဆိုလျှင်ပင် ဘာဖြစ်သေးသနည်း။ တိုင်အာနတ်မြို့တွင် နှစ်နှစ် ၊ သုံးနှစ်ခန့် နေထိုင်လာသည့် စီနီယာကျင့်ကြံသူများက ဘာမျှမလုပ်ကြဘဲ ထိုင်စားနေကြသည်ဟု သူမက ထင်နေလေသလော။

နှစ်ကြီးသမားများကို အလွယ်တကူ တက်နင်း၍ရသည်ဟု သူမက ထင်နေလေသလော။

တပ်သားသစ်များအကြားတွင် ချူရှောင်းရန်၏ ကျော်ကြားမှုက မြင့်မားလေသည်။ သူမ စင်မြင်ပေါ်တွင် ပေါ်လာသည်နှင့် ပြိုင်ကွင်းတစ်ခုလုံး ဆူညံသွားလေသည်။

" ချူရှောင်းရန်က သေချာပေါက် အနိုင်ရမှာပဲ " အော်သံများ တစ်လှိုင်းပြီးတစ်လှိုင်း ထွက်ပေါ်လာလေ၏။

စင်မြင့်အလယ်တွင် အပြာဝတ်လူငယ်တစ်ဦး ရပ်နေလျက်ရှိပြီး သူက အော်သံများကြောင့် စိတ်ယိမ်းယိုင်းခြင်းမရှိပေ။

" မင်းက ချူရှောင်းရန်ပေါ့ "

ဖန်ကျိဟိုင်က အသက် ၁၅ ၊ ၁၆ ခန့်ရှိပြီး လက်ထဲတွင် လှံရှည်တစ်ချောင်း ကိုင်ထားလေသည်။ သူက မတ်​ဖြောင့်စွာရပ်နေပြီး ကြီးမားသောအရှိန်အဝါတစ်ခု ရှိနေလေသည်။

" တပ်သားသစ်တွေထဲမှာဆို မင်းက တကယ်ကို မဆိုးလှပါဘူး။ ငါးနှစ်အတွင်းမှာ မင်းက ကောင်းကင်အဆင့်နှင့် မြေအဆင့်မှာ အဆင့် ၃ အတွင်း သေချာပေါက် ဝင်နိုင်လိမ့်မယ်။ မင်းက နံပါတ်တစ်တောင် ဖြစ်လာနိုင်တယ်။ အခုကတော့ စောလွန်းနေသေးတယ်။ ငါ မင်းကို အားကုန်ထုတ်ပြီး အနိုင်ယူမယ် " ဖန်ကျိဟိုင်က လှံကို ဆန့်ထုတ်လိုက်သည်။

အပူလှိုင်းတစ်ခုသည် ဆူနာမီလှိုင်းပမာ ပေါက်ကွဲထွက်လာ၏။ လှံပေါ်တွင် မီးတောက်တစ်ခု တောက်လောင်လာသည်။

မီးတောက် ထိန်းချုပ်မှုလား။

လူအများ အံ့အားသင့်သွားကြ၏။ ယီယွင်ပင် အာရုံစိုက်ကာ ကြည့်နေမိသည်။

လောကတွင် ကျင့်စဥ်နည်းစနစ်မျိုးစုံ ရှိလေသည်။ မီးတောက် ထုတ်ဖော်နိုင်သည့် ကျင့်စဥ်နည်းစနစ်တစ်ခု ရှိနေသည်မှာ အံ့ဩစရာမဟုတ်ပေ။

ဥပမာဆိုရသော် တိုင်အာနတ်ကျင့်စဥ် စုစည်းရသည် ယွမ်ချီအားကို နေအလင်းချီဟု ခေါ်လေသည်။ ယင်းက ချီပုံစံတစ်မျိုး ဖြစ်သော်လည်း ဓာတ်သဘာဝက မီးဓာတ်မဟုတ်လေဘဲ သန့်စင်သောယန်ချီ ဖြစ်လေ၏။ စွမ်းအင်အဆင့်အရ သန့်စင်သောယန်ဓာတ်သည် မီးဓာတ်ထက် ပိုမြင့်လေ၏။

" ဖန်ကျိဟိုင်က အတော်လေး သန်မာတယ်။ သူက ခရမ်းသွေးနယ်ပယ်နဲ့တင် ယွမ်ချီကို မီးတောက်အဖြစ် ဖွဲ့စည်းနိုင်နေပြီ။ ဒါက အတော်ကို အံ့ဩဖို့ကောင်းတယ်။ ဘယ်သူနိုင်မယ်လို့ ထင်လဲ "

" မိန်းကလေးချူပဲပေါ့ဟ။ ဒါပေမဲ့ ဖန်ကျိဟိုင်ကို နိုင်ဖို့အတွက်ဆိုရင် အားထုတ်မှုအချို့ လုပ်ဖို့လိုတယ် "

တပ်သားသစ်များက ချူရှောင်းရန်ကိုသာ အားပေးကြသည်။ သို့သော် ဖန်ကျိဟိုင် ထုတ်ပြသွားသည့် စွမ်းအားအရဆိုလျှင် ဤတိုက်ပွဲက မလွယ်ကူဖို့ရာသာ များလေသည်။

" ဂျူနီယာချူ... တိုက်ပွဲမှာ ညှာတာမှုမရှိဘူး။ အခု သတိထားပါ " ဖန်ကျိဟိုင် လှံကိုမြောက်ကာ ရှေ့တက်လာသည်။ သူ လှံကို ဦးခေါင်အထက်သို့မြောက်ကာ အောက်သို့ ရိုက်ချလိုက်လေ၏။

ဖောင်း...။

မီးတောက်များ ပြန့်ကျဲသွားပြီး မီးလှိုင်းများက နေရာတစ်ခုလုံး ရိုက်ခတ်သွားလေသည်။

" အဆင်ခြင်မဲ့မီးတောက် "

ချူရှောင်းရန်နှင့် ရင်ဆိုင်ရချိန်တွင် ဖန်ကျိဟိုင်က ပေါ့ပေါ့တန်တန် သဘောမထားပေ။ သူက စတင်ချိန်ကတည်းကပင် ကိုယ်ပိုင်အမှတ်သညာ သိုင်းကွက်ကို အသုံးပြုခဲ့လေ၏။ သို့မှသာ ချူရှောင်းရန်ကို အမြန်ဆုံး အနိုင်ယူနိုင်ပေမည်။ သူသာ တပ်သားသစ်တစ်ဦးနှင့် ရေရှည်စွဲကာ တိုက်ခိုက်ခဲ့ပြီး လွယ်ကူသောကိစ္စကိုပင် မရှုမလှရှုံးနိမ့်သွားခဲ့ပါက အလွန်တရာပင် ရှက်ဖွယ်ကောင်းသွားပေလိမ့်မည်။

All Chapters