← Chapters

လက်ရွေးစင်များ စုစည်းစေသူ

Vol. 16 Ch. 230

လက်ရွေးစင်များ စုစည်းစေသူ

Vol. 16 Ch. 230

ပိုင်မင်းဝူ၏မျက်နှာ နီရဲနေသည်။ ဤနှစ်များထဲတွင် သူ တိုက်ပွဲပေါင်းများစွာ ဆင်နွှဲခဲ့သော်လည်း ယခုကဲ့သို့ အခြေအနေမျိုးကို မကြုံဖူးပေ။ ဤသည်က လုံးဝရှက်စရာပင်။

ချိုးနျို၏ နည်းလမ်းများက ခန့်မှန်း၍မရပေ။

ပိုင်မင်းဝူ အံကျိတ်လိုက်ပြီး လက်အား တုတ်လုံးရိုးအတိုင်း ဆက်ခနဲ လျောဆင်းသွားစေပြီး ချိုးနျိုဆီသို့ တိုးဝင်သွားလေသည်။ ဆန်းကြယ်ကျောက်စိမ်းနှလုံးကျင့်စဥ်ကို လည်ပတ်စေပြီး ယွမ်ချီအားလုံးကို ခြေထောက်တွင် စုစည်းစေလိုက်သည်။ သူ ချိုးနျို၏ဦးခေါင်းအား လှမ်းကန်လိုက်လေ၏။

သို့သော် ချိုးနျိုက လှောင်ရယ်ကာ ဒိုင်းကို ပင့်မြောက်လိုက်သည်။

ဒေါင်...။

ပိုင်မင်းဝူ၏ခြေထောက်က ဒိုင်းကာပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားလေသည်။ ဆန်းကြယ်ကျောက်စိမ်းနှလုံးကျင့်စဥ်ထံမှ ယွမ်ချီပေါက်ကွဲမှုကြောင့် ပိုင်မင်းဝူ၏ခြေထောက် ထုံကျဥ်သွားရလေ၏။ သို့သော် ချိုးနျိုကိုမူ လုံးဝသက်ရောက်ခြင်းမရှိပေ။ ထူထဲလေးလံသော ဒိုင်းကာက တိုက်ခိုက်မှုမျိုးစုံကို တောင့်ခံနိုင်လေ၏။

ပိုင်မင်းဝူ စိတ်ပျက်နေသည်။ သူ တုတ်လုံးကို အသုံးပြုကာ တိုက်ခိုက်ခဲ့သော်လည်း ချိုးနျို၏ဒိုင်းကာက တားဆီးသွားခဲ့သည်။ သူ၏ခြေထောက်ကို အသုံးပြုချိန်တွင်လည်း အတူတူသာဖြစ်ပျက်ခဲ့၏။

ချိုးနျို ပြုံးလိုက်သည်။ သူ၏ညာလက်က တုတ်လုံးကို ဆုပ်ကိုင်ထားပြီး ဘယ်လက်တွင် ဒိုင်းကို ကိုင်ထားလျက်ဖြင့် ခန္ဓာကိုယ်သည် ဆက်ခနဲပင် ရှေ့သို့တက်သွားလေ၏။

ဒိုင်းကာရိုက်ချက်...။

ဖောင်း...။

ဒိုင်းကာရိုက်ချက်ကြောင့် ပိုင်မင်းဝူ လွင့်စဥ်သွားရသည်။ သူ၏ခန္ဓာကိုယ် လေထဲတွင် တုန်ယင်နေပြီး​နောက် မြေပြင်ပေါ်သို့ ကျသွားလေ၏။ ပြင်းထန်သော ကန်အားကြောင့် သူ ခြေဆယ်လှမ်းခန့် ဆုတ်ခွာပြီးမှာ ခန္ဓာကိုယ်ကို ဟန်ချက်ထိန်းနိုင်ခဲ့သည်။ သူ၏ခန္ဓာကိုယ်ထဲမှ သွေးစီးဆင်းမှုများ ဗြောင်းဆန်နေလေ၏။

သူ ရင်ဘက်ကို လက်နှင့်ဖိကာ ချိုးနျိုအား ကြည့်လိုက်သည်။ ချိုးနျိုက မူလနေရာ၌သာ ရပ်နေဆဲပင်။ တိုက်ပွဲတစ်ခုလုံးတွင် ချိုးနျိုက လှုပ်ရှားမှုအနည်းငယ်သာ လုပ်ခဲ့လေသည်။ ပိုင်မင်းဝူ နောက်သို့လွင့်သွားရလေသောကြောင့် တုတ်လုံးက ချိုးနျို၏လက်ထဲတွင် ရှိနေဆဲသာဖြစ်သည်။ သူ၏လက်နက် လုယူခံလိုက်ရချေပြီ။

ပိုင်မင်းဝူ၏စိတ်ထဲတွင် မည်သို့ဖြစ်ပျက်နေကြောင်းကို ဖော်ပြ၍မရနိုင်ပေ။ ဤတိုက်ပွဲတွင် သူက လှုပ်ရှားမှုတစ်ခုသာ လုပ်ခဲ့ရသည်။ သူ၏လက်နက်ကို ပြိုင်ဘက်က ဖမ်းဆုပ်သွားပြီးနောက်တွင် သူ လက်နက်ကို ပြန်လုယူနိုင်ခြင်းမရှိခဲ့ပေ။ ယခုတွင်မူ သူ အရှက်ကွဲရသော အခြေအနေသို့ ရောက်သွားချေပြီ။

သူ အသုံးမပြုရသေးသည့် တိုက်ကွက်များစွာ ရှိနေသေးလေ၏။ သို့သော် ထိုတိုက်ကွက်များအတွက် တုတ်လုံးကို လိုအပ်လေသည်။ သူ၏သိုလှောင်လက်စွပ်ထဲတွင် အဆင့်နိမ့် တုတ်လုံးတစ်ခု ရှိနေသေးသည်။ သို့သော် သူ၏ အလားအလာကို အကြီးမားဆုံးဖြစ်စေသည့် တုတ်လုံးကို ပြန်မယူနိုင်သည်သာမက ချိုးနျိုကလည်း ထိုတုတ်လုံးကို ပြန်ပေးလိမ့်မည်မဟုတ်ပေ။

ပိုင်မင်းဝူ ဘေးကျပ်နံကျပ် ဖြစ်နေရလေ၏။

ချိုးနျိုက လေးလံသောချပ်ဝတ် ဝတ်ဆင်ထားပြီး ကြီးမားသော ဒိုင်းတစ်ခုလည်း ရှိသည်။ ပိုင်မင်းဝူအဖို့ ၎င်းတို့ကို ခြေလက်များသုံးကာ ချိုးဖျက်ရန်မှာ မဖြစ်နိုင်ပေ။

" မင်းရဲ့တုတ်လုံးကို ငါ ပြန်ပေးမယ် " ချိုးနျိုက လက်ထဲမှ တုတ်လုံးကို အသာအယာပင် ချိန်ဆကြည့်လိုက်သည်။ ထို့နောက်တွင် သူက ညာခြေကို မြေပြင်တွင်ချကာ ဘယ်ခြေကိုမြောက်ကာ တုတ်လုံးအား ပြန်ပစ်ပေးလိုက်သည်။

ဝီး...။

တုတ်လုံးသည် မြည်ဟီးသံပေးကာ လေထုအားထိုးဖောက်ပြီး ပိုင်မင်းဝူထံသို့ ပျံသန်းသွားလေ၏။ ချိုးနျို၏ခွန်အားကြောင့် တုတ်လုံး၏ အမြန်နှုန်းက အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသည်။

ပိုင်မင်းဝူ သူငယ်အိမ်များ ကျဥ်းမြောင်းသွားသည်။ သူ့ထံသို့ တည့်တည့်ပြေးဝင်လာသည့် လက်နက်ကို ကြိုးစားကာ ဖမ်းယူဝံ့ခြင်းမရှိပေ။ ပိုင်မင်းဝူအား တုတ်လုံး ထိမှန်တော့မည့်အချိန်တွင် သူ အံကျိတ်ကာ လှုပ်ရှားမှုနည်းစနစ်ကို အသုံးပြုပြီး ရှောင်တိမ်းလိုက်သည်။

ဒေါင်...။

မြည်ဟီးသံတစ်ခုနှင့်အတူ တုတ်လုံးသည် နတ်အရိုင်းမြေစင်မြင့်၏ ဘေးဘက်မှ ခရမ်းရောင်အဖြိုက်နက်နံရံထဲ စိုက်ဝင်သွားလေ၏။

သုံးပေခန့်ထူသော ခရမ်းရောင်အဖြိုက်နက်နံရံ တုန်ခါနေပြီး မြေပြင်မှ အခင်းပြားများပင် အက်ကွဲသွားရသည်။ တုတ်လုံးသည်လည်း အဆက်မပြတ် တုန်ခါနေလေ၏။.

လူအများ ပြောစရာမဲ့နေရသည်။ ချိုးနျိို၏စွမ်းအားက ကြောက်မက်ဖွယ်ကောင်းလှချေသည်။

ပိုင်မင်းဝူက စင်မြင့်ပေါ်တွင် မျက်နှာဖြူလျော်စွာဖြင့် ရပ်နေလေ၏။ သူ မည်သို့လုပ်ရမည်ကို အမှန်ပင်မသိတော့ပေ။ သူ စင်ပေါ်မှာဆင်းကာ တုတ်လုံးကို သွားယူရပေမည်လော။

ထိုကိစ္စက အရှက်ကွဲရသည်သာမက သူ တုတ်လုံးကို ယူပြီးလျှင်ပင် ချိုးနျိုကို အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက်မရှိပေ။ ထို့အပြင် သူ တုတ်လုံးကို ရယူပြီးချိန်တွင် ချိုးနျို တိုက်ခိုက်လာပါက မည်သို့ရှိမည်နည်း။

ပိုင်မင်းဝူ အံကျိတ်ကာ ခေါင်းယမ်း၍ ဆိုလိုက်သည်..." ငါ အရှုံးပေးတယ် "

သူက ဆိုးရွားသော အရှုံးသမားတစ်ဦး မဟုတ်ပေ။ သူ ဤအခြေအနေသို့ ရောက်နေပြီဖြစ်ရာ စင်မြင့်ပေါ်တွင် ပေကပ်နေရန် အကြောင်းမရှိတော့ပေ။

" ကျေးဇူးတင်ပါတယ် " ချိုးနျို လက်သီးဆုပ်လိုက်သည်။

လူအများသည် စင်ပေါ်မှ စိတ်ပျက်လက်ပျက် ဆင်းသွားပြီး ခရမ်းရောင်အဖြိုက်နက် နံရံပေါ်မှ တုတ်လုံးကို ဆွဲထုတ်နေသည့် ပိုင်မင်းဝူကိုကြည့်ကာ ခံစားချက်မျိုးစုံ ဖြစ်နေရလေသည်။

ဤတိုက်ပွဲက အတော်ပင် ရယ်စရာကောင်းလှသည်။ ချိုးနျို၏ တိုက်ပွဲဗျူဟာက အခြားသူများနှင့် အလွန်ကွာခြားသော်လည်း ထိရောက်မှုရှိလှသည်။ ချိုးနျိုသည် ပိုင်မင်းဝူကိုယ်တိုင် အရှုံးပေးရသည်အထိ လုပ်နိုင်သည်။

" ပိုင်မင်းဝူက အရှုံးပေးသွားပြီ။ မြေအဆင့် အဆင့် ၃၉၀၀ ဝန်းကျင်မှာရှိတဲ့ လူတစ်ဦးက ချိုးနျိုကြောင့် ဒီအတိုင်းပဲ ရှုံးသွားရပြီလား "

" အခြားနည်းလမ်း မရှိတော့ဘူးလေ။ ခွန်အားကွာခြားချက်က ကြီးမားလွန်းနေတယ်။ ပိုင်မင်းဝူက လက်နက် အလုခံလိုက်ရပြီးတဲ့နောက်မှာ ယုံကြည်မှု ဆုံးရှုံးသွားပြီ။ အဲ့ဒါသာ မဖြစ်ခဲ့ရင် ပိုင်မင်းဝူက အကွက်နည်းနည်းလောက် တိုက်ခိုက်လောက်ဦးမယ်။ တကယ်တော့ ယွမ်အုတ်မြစ်ချနယ်ပယ်ကို ရောက်ပြီးသွားရင် စစ်သည်တစ်ဦးနဲ့ လက်နက်အကြားမှာ ချိတ်ဆက်မှုက ပိုပြီးတိုးပွားလာတယ်။ လက်နက် အလွယ်တကူ အလုခံရတဲ့ အခြေအနေမျိုးကို ရောက်မှာမဟုတ်တော့ဘူး "

ယွမ်အုတ်မြစ်ချနယ်ပယ် သို့မဟုတ် ထို့ထက်ကျော်လွန်နေသော စစ်သည်တစ်ဦးက လက်နက်များ ကြီးထွားလာစေရန် သူတို့၏ ယွမ်ချီများ အသုံးပြုနိုင်သည်။ လက်နက်များကို သူတို့၏ တန်းထျန်ထဲတွင် ထည့်ထားနိုင်လေ၏။ ထို့ကြောင့် အခြားသူတစ်ဦး၏ လက်နက်ကို လုယူရန်မှာ မဖြစ်နိုင်ပေ။

" ချိုးနျိုက သေချာပေါက်ကို ကိုင်တွယ်ရခက်တယ်။ သူသာ မင်းတို့ရဲ့လက်နက်ကို ဖမ်းဆုပ်မိသွားခဲ့ရင် ပွဲသိမ်းပြီပဲ "

လူအများစုမှာ ချိုးနျို၏ ဝတ်စားပုံကိုကြည့်ကာ စွမ်းအားမဲ့သကဲ့သို့ ခံစားနေရလေ၏။

ချိုးနျို၏ ခုခံနိုင်စွမ်းက အလွန်တရာပင် အားကောင်းသည်။ သူက ချပ်ဝတ်များနှင့် ဒိုင်းကာတို့နှင့်သာဆိုပါက အခွံထူသော လိပ်တစ်ကောင်ပမာ ဖြစ်နေသည်။ အားနည်းသော တိုက်ခိုက်မှုများက ချိုးနျိုအတွက် ကုတ်ပေးနေသကဲ့သို့သာ ဖြစ်နေပေမည်။

ချိုးနျို၏ တိုက်ခိုက်မှုစွမ်းအားကိုလည်း ငြင်းချက်ထုတ်၍မရပေ။ ချိုးနျို တုတ်လုံးကို ပစ်လိုက်ချိန်တွင် လက်နက်ပိုင်ရှင်ဖြစ်သည့် ပိုင်မင်းဝူသည်ပင် ဖမ်းယူရဲခြင်းမရှိခဲ့ပေ။ ချိုးနျို၏ တိုက်ခိုက်ရေးစွမ်းရည်က မည်သို့များ အားနည်းပါမည်နည်း။

ထိုကောင့်အား မည်သို့ ကိုင်တွယ်ရပါမည်နည်း။

" ဒီတစ်ခေါက် တပ်သားသစ်အသုတ်က ရူးလောက်စရာပဲ။ ချိုးနျိုနဲလ ချူရှောင်းရန်တို့က တစ်နှစ်အတွင်း အဆင့် ၁၀၀၀ အတွင်းဝင်ဖို့ အရမ်းကို အခွင့်အရေးများပုံပဲ " နှစ်ကြီးသမား ကျင့်ကြံသူတစ်ဦးက ခံစားချက်ရောထွေးစွာ ဆိုလိုက်သည်။

အခြားသော နှစ်ကြီးသမား ကျင့်ကြံသူတစ်ဦးက ခေါင်းယမ်းကာ..." မင်းကတော့ အရမ်းကို အခွင့်အရေးများတယ်ဆိုပြီး ချဲ့ကားပြောနေပြန်ပါပြီ။ ထိပ်ဆုံးတစ်ထောင်အတွင်းက ရောက်ဖို့မလွယ်ကူဘူး။ ထိပ်ဆုံးတစ်ထောင်အတွင်းဆိုတာ အခြေခံအရဆိုရင် ယွမ်အုတ်မြစ်ချနယ်ပယ်တွေရဲ့ လောကတစ်ခုပဲ။ ယွမ်အုတ်မြစ်ချနယ်ပယ်မှာ ရှိမနေရင် နေရာတစ်နေရာရဖို့ဆိုတာ မဖြစ်နိုင်ဘူး။ တပ်သားသစ်တွေသာ အဲ့ဒီအဆင့်ကို ရောက်သွားခဲ့မယ်ဆိုရင် နှစ်ကြီးသမားအများစုက အဲ့ဒီတပ်သားသစ်ကို အာရုံစိုက်လာလိမ့်မယ်။ တပ်သားသစ်တစ်ဦးက ကြီးစိုးနေတာကို ဘယ်သူက လက်ခံနိုင်မှာတဲ့လဲ။ အဲ့ဒီအချိန်ကျရင် အဲ့ဒီတပ်သားသစ်ကို ဖြုတ်ချချင်တဲ့သူတွေ အများကြီးရှိနေလိမ့်မယ်။ အဆင့်တစ်ထောင်အတွင်းမှာ ရပ်တည်နိုင်ဖို့က အရမ်းခက်တယ် "

ချိုးနျိုနှင့် ချူရှောင်းရန်တို့က တစ်နှစ်အတွင်း အဆင့် ၁၀၀၀ အတွင်း ရပ်တည်နိုင်ကြောင်းကို ထိုနှစ်ကြီးသမားက ဝန်မခံလိုသော်လည်း ချိုးနျိုနှင့် ချူရှောင်းရန်တို့က မွန်းစတားများထဲမှ မွန်းစတားများဖြစ်သည်ကို သူ ကောင်းစွာပင်သိလေသည်။ သူတို့၏ အလားအလာက ချင်ဟောင်ထျန်းထက် အားနည်းခြင်းမရှိပေ။

တပ်သားသစ်တစ်သုတ်ထဲတွင် ထိုကဲ့သို့လူနှစ်ဦး ပေါ်လာသည်မှာ အလွန်တရာပင် ရှားပါးလှလေ၏။

.........................

ငါးရက်မြောက် တပ်သားသစ်အဆင့်သတ်မှတ်ခြင်း ပြီးဆုံးသွားခဲ့သည်။ ချိုးနျိုနှင့် ချူရှောင်းရန်တို့က ပြောင်မြောက်စွာ စွမ်းဆောင်နိုင်ခဲ့ကြ၏။ မကြာမီတွင် ထိုသတင်းက တိုင်အာနတ်မြို့တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့လေ၏။ သူတို့က တပ်သားသစ်များထဲတွင်သာမက နှစ်ကြီးသမား ကျင့်ကြံသူများအကြားတွင်ပင် ကျော်ကြားလာခဲ့သည်။

အဖွဲ့အစည်းအားလုံးက ချိုးနျိုနှင့် ချူရှောင်းရန်ကို စတင်ကာ အာရုံစိုက်လာကြလေ၏။ သို့သော် ထိုနှစ်ဦးကို ခေါ်ယူရန်မှာ မဖြစ်နိုင်ပေ။ ၎င်းတို့နှစ်ဦးတွင် ကိုယ်ပိုင်မိသားစုမျိုးနွယ်များရှိပြီး မိသားစုမျိုးနွယ်များကို အလုပ်အကျွေးပြုရမည့် ကံကြမ္မာ ရှိလေသည်။

တိုင်အာနတ်မြို့မှ ကျင့်ကြံသူများသာ် ထိုနှစ်ဦးတွင် မည်သူက ပိုမိုသန်မာကြောင်း အငြင်းအခုံဖြစ်နေကြ၏။ နှစ်ဦးစလုံးတွင် အားပေးသူများရှိပြီး သူတို့၏ ထင်မြင်ယူဆချက်များကို ပြောကြားကြသည်။ အငြင်းအခုံပွဲများ ပိုမိုပြင်းထန်လာခဲ့၏။

အချို့အဖွဲ့များက တပ်သားသစ် ပထမနေရာအတွက် မည်သူက ရရှိလိမ့်မည်ကို လောင်းကြေးပင် ဖွင့်ပေးခဲ့လေ၏။ ထိုနှစ်ဦးအကြားမှ အလေးသာမှုက အလွန်နီးစပ်လေသည်။ ချူရှောင်းရန်က အနည်းငယ်ခန့် အားပေးသူ ပိုများလေ၏။ လှပသော မိန်းကလေးတစ်ဦးက တောင့်တင်းသော ယောက်ျားသားတစ်ဦးထက် အဘယ်သို့များ ကျော်ကြားမှုနည်းပါမည်နည်း။

လောင်းကြေးဖွင့်ရာတွင် ယီယွင် အပါအဝင် လူများစွာလဲ ပါခဲ့လေသည်။ ယီယွင်အား ငါးရက်မြောက်နေ့တွင် လူတိုင်း အံ့အားသင့်ရအောင် လုပ်ဆောင်ခဲ့သည့် ကုမူနှင့် ယှဥ်ပေးထားသည်။

ယီယွင်နှင့်ကုမူက နောက်ခံတူညီသည်။ နှစ်ဦးလုံးက သန်မာကြပြီး ဖျက်မြင်းများ ဖြစ်ကြလေ၏။ ထိုနှစ်ဦးအနက်တွင် မည်သူက ပိုသန်မာကြောင်းကို လူအများစု သိလိုနေကြသည်။

.................

" ဟားဟား... သူတို့က နောက်ထပ်လောင်းကြေး ထပ်ဖွင့်လိုက်ပြန်ပြီ။ ညီနောင်ယီ... ငါ မင်း အနိုင်ရမဲ့ဘက်ကနေ လောင်းခဲ့တယ် " ကျိုးခွေ့က စိတ်လှုပ်ရှားစွာ ဆိုလိုက်သည်။ ညစာစားချိန်တွင် သူ စားဖိုဆောင်ထဲတွင် ယီယွင်နှင့် တွေ့နေလေ၏။ သူသည် ယီယွင်က ကုမူကို သေချာပေါက်ပင် အနိုင်ယူနိုင်သည်ဟု လုံဝဥဿုံ ယုံကြည်ထားလေ၏။

ယီယွင် ပြုံးလိုက်ပြီး ဘာမျှမပြောခဲ့ပေ။ ပြီးခဲ့သည့် ငါးရက်အတွင်းမှ ပွဲစဥ်များအားလုံးကို သူ ကြည့်ရှုခဲ့သည်။ ကုမူက အမှန်တကယ်ပင် ပြိုင်ဘက်ဖြစ်ထိုက်သော်လည်း ချိုးနျိုနှင့် ချူရှောင်းရန်တို့ထက် များစွာနိမ့်လေသည်။

ယီယွင်က ချိုးနျိုနှင့် ချူရှောင်းရန်တို့ကိုသာ အာရုံအထူးထားလေသည်။ ထိုနှစ်ဦးတွင် ကိုယ်ပိုင်ထူးခြားချက်များ ရှိလေ၏။ ချူရှောင်းရန်တွင် နည်းစနစ်ရှိကာ ချိုးနျိုတွင်မု အကြွင်းမဲ့ခွန်အား ရှိလေသည်။ နှစ်ဦးလုံး၏ စွမ်းအားများက အခြားတပ်သားသစ်များထက် လုံးဝပင် အဆင့်ကွာခြားနေသည်။

" ဘယ်လိုလဲ ညီနောင်ယီ။ မင်းကိုယ်မင်း လောင်းကြေးတင်မှာလား " ကျိုးခွေ့က စိတ်လှုပ်ရှားစွာ မေးလိုက်လေသည်။

ယီယွင် ခေါင်းယမ်းလိုက်၏။ သူ ထိုလောင်းကြေးအကြောင်းကို ကြားထားလေသည်။ ယီယွင်ကြောင့် ဟုန်တောက်အဖွဲ့ ကြီးမားစွာဆုံးရှုံးခဲ့ရလေသောကြောင့် အဖွဲ့​​ပေါင်းများစွာက သင်ခန်းစာယူထားကြသည်။ လောင်းကြေးအား မှော်နဂါးကြေးပြား ၅၀၀ အထိသာ ထည့်နိုင်သည်။

သူ ကုမူကို အနိုင်ယူနိုင်မည့် ကံအလေးသာမှုက မမြင့်လှပေ။ တိုင်အာနတ်မြို့၏ လောင်းကြေးအခွန်ကိုပါ ထည့်တွက်ပါက များစွာရနိုင်မည်မဟုတ်ချေ။ ယီယွင်က လောင်းကြေးကို စိတ်မဝင်စားပေ။ ကျိုးခွေ့ကဲ့သို့ ဆင်းရဲသော တပ်သားသစ်များကသာ လောင်းကြေးငယ်များကို စိတ်ဝင်စားကြသည်။

" လုပ်လိုက်စမ်းပါ ညီနောင်ယီရာ။ တိုင်အာနတ်မြို့က ပထမရတဲ့သူကိုပဲ ဂုဏ်အမှတ်နဲ့ အခြားကျင့်ကြံရေး အခွင့်ထူးတွေကို ပေးတယ်ဆိုပေမဲ့ မင်းအနေနဲ့ တတိယဆုကို ရနိုင်ပါသေးတယ်။ ငါ မင်းကို အားပေးနေမယ် ညီနောင်ယီ "

All Chapters